.

AlinShin

Thursday, December 4, 2014

ထင်လင်းဦး NLD ကို စွဲဆိုထားသော အမှုအားခြေပလွှာလိုရင်း

(၁)
ထင်လင်းဦး ။ ။ “အခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက
မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန်၊ 
ငါပြောတာလုပ်လို့ပြောနေတာ မှန်သလား”
(၂)
ထင်လင်းဦး။ ။ “အခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက
မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန်၊ ငါပြော
တာလုပ်လို့ပြောနေတာ မှန်သလား” ဟုလည်းကောင်း၊ “မြတ်စွာဘုရား 
ဘာလူမျိုးလဲ၊ ရှမ်း/ကချင်/ကယား/ကရင်/ချင်း စတဲ့ အဲဒီလူမျိုးတွေရော
ဟုတ်လား၊ မဟုတ်ဘူးနော်၊သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်
တို့နိုင်ငံထဲက တိုင်းရင်းသားလူမျိုး ဟုတ်လို့လား၊ မဟုတ်ဘူးနော် ကောင်းပြီ 
ကျွန်တော်တို့ ဒီကနေ့ကစပြီး မကိုးကွယ်ကြနဲ့ ဗျာ၊ မကိုးကွယ်နဲ့ ခင်ဗျားတို့ 
အမျိုးချစ်ရင် မြတ်စွာဘုရားကို မကိုးကွယ်နဲ့၊ကျုပ်တို့ အမျိုးမဟုတ်ဘူး”
(၃)
ထင်လင်းဦး ။ ။
“ကတုံးကြီးတုံးလားပြီး သင်္ကန်းပတ်လာတိုင်း ဖင်ကုန်းဦးချကြတာပဲ”
“ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်”
“အဲဒီကတုံးနဲ့ သင်္ကန်းပတ်လာတဲ့သူကပြောတိုင်း မင်းတို့ ယုံစရာလား”
“သင်္ကန်းကြီးပတ်လာပြီးတော့ ပြောနေတိုင်း ခင်ဗျားတို့က အမှန်လို့ ယုံမှာလား”
အထက်ပါ နံပါတ်(၃) တွင် ထင်လင်းဦးပြောသောစကားများက ၀ါကျတာ
ကွဲပြားတာပါ။အဓိပ္ပါယ်ကတော့ တူနေပါတယ်။ ဒါ့ကြောင့် နံပါတ်စဉ် 
(မခွဲ)တော့တာပါ။

ထင်လင်းဦးအတွက်အလင်းရှင်မှ ထုချေလွှာ (၁) . . .
(၁) မြတ်စွာဘုရားကိုယ်တော်တိုင် အရာရာကို မိမိသဘောကျခွဲခြမ်းစိတ်ဖြာ၍
နားလည်နိုင်ပါရန် ၀ိဘဇ္ဇ၀ါဒကိုလက်ကိုင်ပြုခဲ့သည်ဟု ဆိုသည်။
“ထိုရဟန်းကြီးပြောတိုင်းအမှန်ဟု မယူဆသင့်” ကြောင့် ဗုဒ္ဓစာပေကိုလေ့
လာဖူးသူတိုင်းကေသမုတ္တိသုတ်တွင် ဗုဒ္ဓမြတ်စွာဟောထားသည့်အတွက်
မျက်မှောက်ခေတ်ဖြစ်စေ နောက်လာတ္တံ့သောကာလတွင်ဖြစ်စေ ရဟန်း
တိုင်းပိဋကတ်ကိုမကျွမ်းကျင်သောကြောင့် ရဟန်းတိုင်းပြောသောဟော
သောစကားရပ်တို့ကို ပိဋကတ်စာပေဖြင့်ညှိနှိုင်းတိုက်ဆိုင်ပြီးမှသာ
မှန်သည်/မှားသည်ဟု ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။ ဓမ္မပဒတွင်
လာသောစိတ္တသူကြွယ်ရဲ့အကြောင်းကိုလေ့လာရင်ဒီအဖြေကိုသိနိုင်
ပါတယ်။ ရဟန်းတို့သည် စိတ္တသူကြွယ်ထံလာ၍ ပိဋကတ်ကိုသင်ကြား
ရသည်။ထို့ကြောင့် ထင်လင်းဦးပြောသော စကားသည် ကြမ်းသ
ယောင်ယောင်ရှိသော်လည်း သင်္ကန်းဝတ်/ဘုရားသားတော်ဟုအမည်ခံ/
ကတုံးတုံးထားသော်လည်းထိုရဟန်း၏ ပြောဆိုဆုံးမမှုကို ပိဋကတ်ဖြင့်ဝေ
ဖန်ရဦးမည်ဖြစ်သည် ။
မဝေဘန်လောသော် ဘုရားရှင်၏ အလိုကိုဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရာ
ရောက်သည်။ကေသမုတ္တိသုတ်ကို ခြေဖျက်ရာရောက်သည်။
(အကျယ်ဝိတ္ထာရနှင့် အခြားကျမ်းများ၊သုတ်ထောက်သုတ်ကိုးလုပ်ရမည်။)
ထင်လင်းဦးအတွက် အလင်းရှင်၏ ထုခြေလွှာ(၂) . .
(၂) အပိုဒ်(၂) ပါထင်လင်းဦးရဲ့စကားရပ်သည်လည်း ယထာဘူတကျသည်။ ရိုင်း
သည်ဟူ၍ မယူဆနိုင်ပါ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် 
နိပေါနိုင်ငံသားဗုဒ္ဓမြတ်စွာမပါဝင်ပါ။ မပါဝင်တဲ့အတွက် ဒီကနေ့မျက်မှောက်ခေတ်
နိုင်ငံရေးကို သာဓကဆောင်၍ပြောခြင်းသာဖြစ်သည်။
ဥပမာ။ ဗုဒ္ဓကိုယ်တော်တိုင်သည်ပင် နိဗ္ဗာန်ကို မဟာသမုဒ္ဒရာကြီးနှင့်
ခိုင်းနှိုင်းပုံပြုလေ့ရှိသည်။ တစ်ဖန် သတ္တလောကအစရှိသောလောက
သုံးပါးသတ္တ၀ါအများတို့၏ ဘ၀ဖြစ်စဉ်အနမတဂ္ဂခရီးစဉ်ကိုလည်း
မဟာသမုဒ္ဒရာနှင့်ပင်ပုံခိုင်းပြန်ပါသည်။
ဗုဒ္ဓမြတ်စွာသည် ရံခါတွင် သူ့ကိုယ်သူ ကေသရာဇာခြင်္သေ့မင်းနှင့်
ပုံနှိုင်းသည်။ကရ၀ိတ်ငှက်နှင့်လည်းပုံပြုသည်။ စသည်ဖြင့်  . ..
ထို့ကြောင့် ထင်လင်းဦးပြောသောစကားသည် လုံးဝမှလွန်ကျူးသော
စကားမပါအသံထွက်ပြင်းထန်ခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာကိုကိုး
ကွယ်ကြသောသူတို့အား မကိုးကွယ်နဲ့ဟု တိုက်ရိုက်ဆော်ကားဟန့်တား
သည်မဟုတ်။ လူမျိုး(၁၃၅)မျိုးကိုသာ တိုင်းရင်းသားဟု ဆိုလျှင် ၊
ဗုဒ္ဓမြတ်စွာသည် တိုင်းရင်းသာလူမျိုးစာရင်းတွင်မပါဝင်သောကြောင့်  .. ဟုသောပြယုဂ်ကိုထောက်ခြင်းသာဖြစ်သည်။
အကယ်၍ ထင်လင်းဦးက မကိုးကွယ်ပါနှင့်ဦးပြောတိုင်း လက်ခံ
ရမည်လော။ထင်လင်းဦးက ကိုးကွယ်ပါဟုဆိုတိုင်း လက်ခံရမည်လော။
ထို့ကြောင့် ထိုစကားရပ်သည် ဗုဒ္ဓဘာသာအားပြင်ထန်စွာဆော်ကား
သည်မမည်ဗုဒ္ဓနှင့် ယနေ့မျက်မှောက်ခေတ်နိုင်ငံရေး/တိုင်းရင်းသားအရေး/
ကို သာဓကဆောင်ခြင်းသာဖြစ်သည်။
(အကျယ်ဝိတ္ထာရနှင့် အခြားကျမ်းများ၊သုတ်ထောက်သုတ်ကိုးလုပ်ရမည်။)
ထင်လင်းဦးအတွက် အလင်းရှင်၏ထုခြေလွှာ (၃)
အပိုဒ် (၃)သည်လည်း တကယ်ဖတ်ကြည့်တော့ အဓိပ္ပါယ်ဝိသေသသည်
အပုဒ် (၁)နှင့်မထူးပါဘူး။
“ကတုံးကြီးတုံးလားပြီး သင်္ကန်းပတ်လာတိုင်း ဖင်ကုန်းဦးချကြတာပဲ”
“ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်”
“အဲဒီကတုံးနဲ့ သင်္ကန်းပတ်လာတဲ့သူကပြောတိုင်း မင်းတို့ ယုံစရာလား”
“သင်္ကန်းကြီးပတ်လာပြီးတော့ ပြောနေတိုင်း ခင်ဗျားတို့က အမှန်လို့ ယုံမှာလား”
ဒီမေးခွန်းတွေပါပဲ . .။
ဖြည့်စွပ်ပြီး ထုခြေရရင် ၊ အခုလက်ရှိ အပြင်မှာမြင်နေရတဲ့ သင်္ကန်းဝတ်ပြီး
မတော်တရော်လုပ်နေတဲ့ လမ်းမှအလှူခံနေတဲ့ သင်္ကန်းဝတ်တွေကို
ဓာတ်ပုံရိုက်ရမည်။ Vdo ရိုက်ရမည်။
တရားရုံးတော်တွင် ယင်းဓာတ်ပုံဗွီဒီယိုဖိုင်များကိုပြပြီး ဒီသင်္ကန်းဝတ်ကြီး
တွေကိုရည်ရွယ်၍ပြောခြင်းသာဖြစ်သည်ဟု ခြေပရမည်။ သောနုတ္ထိုရ်မုဆိုး
သင်္ကန်းပတ်ကို ဖင်ကုန်းဦးချမထိုက်သကဲ့သို့  .. စသည်ြ့ဖင့် ကိုးကား
ရမည်။ အဓကကတော့သမုတိပရမတ်နှစ်ရပ်သောသံဃာကိုရည်ရွယ်၍
ပြောဆိုခြင်းမဟုတ်ဘဲ မတော်တရော်လုပ်နေပြောနေသော ယင်းဓာတ်ပုံ
ပါရုပ်သံပါတို့ကိုရည်ရွယ်၍ ပြောဆိုမိခြင်းသာဖြစ်သည်ဟု ထွက်ဆိုရမည်။
ထိုသို့ဆိုလျှင် ထင်လင်းဦးပြောဆိုသော အထက်ပါသုံးခွန်းသောစကားရပ်တို့
သည် သမုတိပရမတ်နှစ်ရပ်သောထေရ်သံဃာတို့ကိုတိုက်ရိုက်လက်ညှိုးထိုး
ဆော်ကားသည်မဟုတ်သောကြောင့် လုံးဝ လုံဝ ကွင်းလုံးကျွတ်လွတ်နိုင်ပါ
သည်။ သို့သော် နောက်နောင် ထိုကဲ့သို့ အစွန်းနှစ်ခွဖြစ်သော ဂိုဏ်းသံဃာ
တို့နှင့်နွယ်သောစကားများကိုမပြောဆိုရန် ခံဝန်ကတိတော့ဖြင့် ထိုးရနိုင်
သည်။ဒီကနေ့ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာသည် အားကြီးသူနိုင်သည်/
မှန်သည်ဝိနိစ္ဆယခုံရုံးဆိုတာလည်း အများသိကြတဲ့အတိုင်းပါပဲ။
ဒါ့ကြောင့် ထင်လင်းဦးကဲ့သို့ “မမှားသို့သော် မမှန်” စကားမျိုးကိုမပြောမိ
မရေးမိကြစေရန် ဆင်ခြင်သင့်ပါသည်။
ထင်လင်းဦးကို တရားစွဲဆိုလို့ရရင်  . . .. 
လယ်တီသိမ်တွေစေတီတွေဖျက်တဲ့ မီးလောင်ဗုံးနဲ့ပစ်သတ်တဲ့
သူတွေကိုတော့ ဘာလို့တရားစွဲဆိုလို့မရတာလဲ။
ထင်လင်းဦးမှန်သည်မှားသည်ဟု မခြေပါဘူးနော်။ အလင်းရှင်
ကမေးခွန်းလေးပဲ မေးတာပါ။ ဖြေကြည့်ပါ။ 
ထင်လင်းဦးက သံဃာကို ပါးစပ်နဲ့စော်ကားတယ်၊ဒါ့ကြောင့်တရား
စွဲဆိုတယ်။ ဒါဆိုရင် သံဃာကို မီးလောင်ဗုံးနဲ့ပစ်သတ်တဲ့ ကိစ္စကြ
တော့ ဘာလို့တရားစွဲဆိုလို့မရတာလည်း  . .
ကဲ  .. . ဒါဆိုရင် ထင်လင်းဦးမှားသလား မမှားဘူးလားဆိုတဲ့အဖြေ
ထက် အလင်းရှင်မေးလိုက်တဲ့မေးခွန်းလေးကြောင့်သည်ပင် 

စာဖတ်သူများ အလင်းမှန်ရနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူဟူသော မြန်မာစစ်အာဏာရှင်တို့၏ လက်သုံးအရ 
င်လင်းဦးသည်  . . ထောင်ကျနိုင်ဖွယ်ရာရှိပါသည်။
မှတ်ချက်။ 
ထင်လင်းဦးရုပ်သံဖိုင်ကိုမကြည့်ရ၍ အပြည့်အစုံအတိအကျမချေပနိုင်ပါ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget