ညသိပ်ရေနွေးရဲ့ လက်တွေ့ ဘ၀ပေး သင်ခန်းစာ
===============================
တောင်ကြီးမှာ နေတုန်းက ကျနော်တို့လူမျိုးတွေက ရေနွေး သိတ်
တောင်ကြီးမှာ နေတုန်းက ကျနော်တို့လူမျိုးတွေက ရေနွေး သိတ်
သောက်ကြတယ်။ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ်။
ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့၊ အဒီဲအခါးရည်ကို အိမ်လာတဲ့
လူတိုင်းကိုတိုက်တယ်အိမ်မှာနေရင်းလည်းသောက်ကြတယ်။
မပါမဖြစ်… အိမ်တအိမ်တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့
တိုက်ကြတာကြီးပဲ၊
ကျနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ်
ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက်တယ် …
ရေဆာလဲသောက်တယ်… ထမင်းစားလဲသောက်တယ် … အားနေရင်းကို
သောက်နေတော့တာပဲရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူးကုန်ပြီ
တနေကုန်လဲ ရေနွေးတည်နေတယ်အဲမှာစတာပဲ ရေနွေးစွဲနေတော့ မနက်
မျက်စိနှစ်လုံးဖွင့်တာနဲ့ သောက်တော့တာပဲ ညသိပ်ရေနွေးတွေကို သူကတ
ဝကြီးထိုင်သောက်ပြီးမှ လုပ်စရာရှိတာလုပ်တယ်။
တနေ့မှာတော့ ကျနော့် အဒေါ်က ဗိုက်အောင့်အောင့်လာတယ်ဒါနဲ့ပဲ တောင်ကြီးက
စိန်အထူးကု ဆေးခန်းမှာပြတော့ဆရာဝန်ကသိပ်များများပြားပြား
မစစ်ဘူးဗိုက်အောင့်တာနဲ့ပဲ အစာအိမ်လို့ပြောပြီး ခွဲစိတ်ကုသရမယ်လို့ပြောတယ်၊
ကံကောင်းချင်တော့ တောင်ကြီးမှာ ပစ္စည်းမစုံတာကြောင့်မန္တလေးကို ပြောင်းရ
ပါလေရောမန္တလေးကလည်းမစစ်ဘူး တောင်ကြီးက ရမ်းတုတ်ထားတဲ့အစာအိမ်ဆို
တာနဲ့ပဲ အစာအိမ်ခွဲဖို့ပြင်ရော၊ အဒေါ်ကံကောင်းသွားတာက မန္တလေးရောက်နေတဲ့
အသည်းဆရာဝန်ကြီးတယောက်နဲ့ တွေ့လိုက်ရတယ်၊
ကျနော့အဒေါ်က ကျောင်းအုပ်ဆိုတော့ ဖောင်ကြီးသင်တန်း တက်တုန်းက
ခင်ခဲ့တာလို့ပြောပြတယ်။
ဆရာဝန်ကြီးက အစောရေ ဘာဖြစ်တာလဲ မေးတော့ အဒေါ်က ဗိုက်အောင့်နေ
ကြောင်းပြောပြတယ်။
ဆရာဝန်ကြီးက အောင့်တဲ့နေရာ သေသေချာချာပြ ဆိုပြီး ဓါတ်မှန်တွေရိုက်ခိုင်း
အာထှာဆောင်းတွေရိုက်ခိုင်းပြီး မခွဲဖို့ ဆရာဝန်နဲ့ တိုင်ပင်တယ် ….
အဖြေ သိရတာကတော့ အဒေါ်က အသည်းမှာ စကာပေါက်ဖြစ်နေတယ်တဲ့
မပေါက်တဲ့အပိုင်းက ခြောက်နေတယ်ဆိုပဲ၊
ဆရာဝန်ကြိးက အဒေါ်ရဲ့ တနေ့တာ စားသောက်မှုတွေကိုစစ်မေးပြီးတာနဲ့
အဒေါ်ကညသိပ်ရေနွေးကို နှစ်နဲ့ချီအောင် သောက်ခဲ့လို့ဖြစ်တာလို့ရှင်းပြတယ်။
လက်ဖက်ခြောက်ကို 6နာရီကျော်ကြာအောင် စိမ်ထားတာဟာအဆိပ်ထက်တောင်
ပြင်းတယ်လို့ဆိုပါတယ်။
လက်ဘက်ရည်ကို စတင်သောက်သုံးကြတဲ့ တရုတ်တွေကတော့ တခါသောက်လေး
သာ လက်ဘက်ခြောက်ခတ်သောက်တာပါတဲ့၊ ဒီမှာလို ရေနွေးအိုးထဲ ထည့်ပြီး
မစိမ်ပါဘူးတဲ့၊ ရေနွေးဖြူကိုသာထည့်ထားပြီးသူတို့သောက်မှသာခွက်ထဲကိုလက်
ဖက်ခြောက်ထည့်ုပြီးရေနွေးအဖြူကိုရောတာပါတဲ့
ဒိကလူတွေကတော့ ရေနွေးကို ဓါတ်ဗူးနဲ့ ထည့်တည်ပြီးသောက်ကြပါတယ်၊
အဲမှာ လက်ဖက်ခြောက်ရယ် ဓါတ်ဗူးက ဓါတ်သားမှာပါတဲ့ ပြဒါးတွေရယ်ကြောင့်
အသဲကို ပျက်စီးစေတာပါတဲ့…..
Golden Triangle
No comments :
Post a Comment