.

AlinShin

Monday, February 25, 2013

သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ......။ ♠



" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...
အတွင်းကမ္ဘာ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် .....
..........................................................................................
( သီတဂူဆရာတော်ကြီး )
မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့ လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။ ကမ္ဘာ ဆိုတာဘာလဲ ....... စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ .......
 ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။
စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ......
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။ အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်...... သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
 ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....

ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ " သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆  မှတ်ချက်။

ဇွန်ပွင့်စာပေ မှ ၂၀၁၁ အောက်တိုဘာလတွင် ပထမအကြိမ်ထုတ်ဝေသော “လူငယ်နှင့် ဓမ္မတန်ဖိုး” စာအုပ်
စာအုပ် မှ ကူးယူဖော်ပြပါသည်ခင်ဗျာ။Maung Nyan Man and Pathan Boylay shared  
သတင်းလေးများဆုံဆည်းရာ's photo. မှကူးယူဖေါ်ပြပါသည် www.alinshin.com
မှ ကူးယူဖော်ပြပါသည်ခင်ဗျာ။

နိုင်ငံရေးဗွက်ထနေအုံးမဲ့ အော်စလို

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
သမတ ဦးသိန်းစိန် အော်စလိုလာမယ်။ ညပိုင်းမှာ သမတညစာစားပွဲတက်ဖို့ မြန်မာတချို့ ကို တိတ်တိတ်လေးခေါင်းခေါက်ပြီး ဖိတ်ထားတယ်။ သမတကိုထောက်ခံတဲ့ NLD(LA)ကလူကြီးလူကောင်းတချို့၊ ပြည်ပမှာတသွေးတမွေးနဲ့ စိုပြေနေတဲ့ တိုင်းရင်းခေါင်းဆောင် အမည်ခံတချို့နဲ့ တော်လှန်ရေး နိုင်ငံရေးသမား မျက်နှာဖုံးစွပ်တွေ အဲဒီသမတညစာစားပွဲတက်ပြီး ၀ိုင်တခွက်နဲ့ သိက္ခာတသက်စာ လဲကြလိမ်မယ်။ ပွဲကကြည့်ကောင်းတယ်။
အဲဒီအချိန်.. ညနေခင်းမှာတော့ သမတ ဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြကြအုံးမဲ့ လူတွေလည်းအများကြီး။ ဗုဒ္ဓဟူးနေ သမတက မြန်မာတွေအားလုံးနဲ့ တနာရီလောက် အချိန်ပေးတွေ့မယ်လို့ပြောတယ်။ မေးစရာမေးခွန်းလဲဖြေမယ်တဲ့ ဘယ်နှစ်ခွန်းပဲဖြေမလဲမသိဖူး။
အဲဒီအချိန်…ရိုဟင်ဂျာတွေကလည်း အပြင်မှာဆန္ဒပြကြမယ်တဲ့.. အာဖဂန်နစ္စတန်တို့၊ ပါကစ္စတန်တို့နဲ့ အစ္စလမ်မစ် မွတ်စလင်အဖွဲ့က လူတွေလည်းဖိတ်ထားသတဲ့။
အော်စလိုမှာဗွက်ပေါက်မဲ့ နေ့တွေပဲ။- (Ko Nyo
)
ခွန် ဒီးယမ်မှကူးယူဖေါ်ပြပါသည် www.alinshin.com
 

ဆရာတော်ဝီရသူရရှိတဲ့ Freedom of Religion ဆု ဆက်ကပ်ချီးမြှင့်ပွဲကို


RELATED POST
ဆရာတော်ဝီရသူရရှိတဲ့ Freedom of Religion ဆု ဆက်ကပ်ချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်းမှာ ကျင်းပပါတယ်။ အင်္ဂလန်နိုင်ငံ The NOX & Nan Amara Music Group က ပေးအပ်ချီးမြှင့်တာဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနရံသီကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရက ကိုယ်တိုင် ဆုတံဆိပ်ကို ဆက်ကပ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ဒီ Freedom of Religion ဆုရရှိကြောင်း ၂၀၁၀ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ကြေငြာခဲ့တာဖြစ်ပြီး ယခုမှသာ ဆုတံဆိပ်ကို ချီးမြှင့်တာ ဖြစ်ပါတယ်

(သတင်းဓာတ်ပုံ - ချစ်ကို)
— in Mandalay, Myanmar.
Photo
Yee Yee Cho likes DVB TV News's album ဆရာတော်ဝီရသူကို Freedom of Religion ဆုတံဆိပ်ဆက်ကပ်.
Like · ·

“ဦးဝီရသူအားဘာသာရေးလွတ်လပ်ခွင့် ဆုချီးမြှင့်ပွဲ”

ဗဟုသုတ ဟင်းပေါင်းအိုးကြီး's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

FREEDOM OFRELIGION.ဆု The NOX & Nan Amara Music Group. အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှ ချီးမြှင့်သည်။ 2010-ခုနှစ်ဧပြီလ(၁၈)ရက်နေ့က လန်ဒန်မြို့ သာသနရံသီကျောင်းမှာ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ပြီး ဆရာတော်ဦးဥတ္တရကဦးဝီရသူကိုယ်စား ဆုယူထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုချီမြှင့်စဉ်တွင် ဦးဝီရသူသည် မန္တလေးမြို့၊ အိုးဘိုထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။ ယခုအခါအင်္ဂလန်နိုင်ငံမှဆရာတော်ဦးဥတ္တရ (၂၅)နှစ်အတွင်းပထမဦးဆုံးအကြိမ် အမိမြေကိုပြန်ရောက် လာခြင်းကြောင့် ဆုပေးပွဲကျင်းပခြင်းဖြစ်သည်။ 24.2.2013-ညနေ(4း00)နာရီ မစိုးရိမ်တိုက်သစ်၌ ဆုပေးပွဲကျင်းပမည်ဖြစ်သည်။ ဆုတံဆိပ်နှင့်အတူဆုတော်ငွေကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။
----------------------------------------------------------------

အယ်ကိုင် ဒါ စစ်သွေးကြွ အမာခံ တပ်စွဲမဲ့ အ ရေးကိုတော့အစိုးရအ နေနဲ့ အ သေးစိပ် စီစစ်ဖို့ သင့်နေပါပြီ။


အဖွဲ့သားတစ်ဦး၏ အတွေးအမြင်ကို လက်ဆင့်ကမ်းပေးလိုက်ပါသည်။ 
Soe Soethu
၇၈၆တွေ ယခုခေတ်မှာ မြို့တိုင်းလိုလိုမှာ အစ္စလမ် ဘာသာရေး ကျောင်းတွေဖွင့် ပြီး စစ်သင် တန်းတွေပေး
အမာခံ ခြေကုတ်ယူဖို့ ကြိုးစားနေကြပါတယ် ဘာသာရေးကို 
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတာမပြောလိုပေမဲ့ အယ်ကိုင် ဒါ
စစ်သွေးကြွ အမာခံ တပ်စွဲမဲ့ အ ရေးကိုတော့အစိုးရအ နေနဲ့
အ သေးစိပ် စီစစ်ဖို့ သင့်နေပါပြီ။
အစွန်းရောက် ဝါဒသမားတွေ ကိုလက်သင့်မခံသင့် ကြောင်းနှင့် မြန်မာ ဘုန်းတော်ကြီးများ လဲ အ လေးပေး
အာရုံ စိုက်ပေးကြပါရန် လျှောက်တင် အပ်ပါသည်။
သက်သေ အ ခိုင် အလုံရရှိ ပါက ဓါတ်ပုံနှင့်တကွ ဖေါ်ပြ ပေး
သွားပါမည်။
အဖွဲ့သားတစ်ဦး၏ အတွေးအမြင်ကို လက်ဆင့်ကမ်းပေးလိုက်ပါသည်။
Soe Soethu
၇၈၆တွေ ယခုခေတ်မှာ မြို့တိုင်းလိုလိုမှာ အစ္စလမ် ဘာသာရေး ကျောင်းတွေဖွင့် ပြီး စစ်သင် တန်းတွေပေး
အမာခံ ခြေကုတ်ယူဖို့ ကြိုးစားနေကြပါတယ် ဘာသာရေးကို
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတာမပြောလိုပေမဲ့ အယ်ကိုင် ဒါ
စစ်သွေးကြွ အမာခံ တပ်စွဲမဲ့ အ ရေးကိုတော့အစိုးရအ နေနဲ့
အ သေးစိပ် စီစစ်ဖို့ သင့်နေပါပြီ။
အစွန်းရောက် ဝါဒသမားတွေ ကိုလက်သင့်မခံသင့် ကြောင်းနှင့် မြန်မာ ဘုန်းတော်ကြီးများ လဲ အ လေးပေး
အာရုံ စိုက်ပေးကြပါရန် လျှောက်တင် အပ်ပါသည်။
သက်သေ အ ခိုင် အလုံရရှိ ပါက ဓါတ်ပုံနှင့်တကွ ဖေါ်ပြ ပေး
သွားပါမည်။
Maung Nyan Man and True Line Human shared
 Myanmar Defense League - MDL's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

သွားပါမည်။

နိုင်ငံတကာ ကုလားရံပုံငွေများဖြင့် ခိုးဝင်ဘင်္ဂါလီများအား ဒေသခံတိုင်းရင်းသားများ၏


(၀ဲပုံ) နိုင်ငံတကာ ကုလားရံပုံငွေများဖြင့် ခိုးဝင်ဘင်္ဂါလီများအား ဒေသခံတိုင်းရင်းသားများ၏ သဘောတူညီချက်မရဘဲ လာရောက်ကူညီအားပေးနေကြသော နိုင်ငံတကာ ကုလားကူညီထောက်ပံ့သူများ စစ်တွေမြို့ Noble ဟိုတယ်အား အ၀င်အထွက်ပြုနေကြပုံ နှင့် (ယာပုံ) ထိုကုလားထောက်ပံ့ရေးသမားများ အသုံးပြုသော ၀ိုင်ယာလက်စ် အင်တာနက်လိုင်း Muslim Aid Myanmar အားစစ်တွေမြို့ထဲတစ်ဝိုက်တွင် လွှင့်ထားကြောင်း screen shot ကို တွေ့ရပုံ။ 

စစ်တွေမြို့တွင် Muslim Aid , MSF (Holland) အစရှိသော ကုလားတစ်ဖက်သတ် အကူအညီပေးရေး အဖွဲ့အစည်းများသည် ဟိုတယ်များတွင်တည်းခို၍ သော်လည်းကောင်း  အိမ်နေရာများငှားရမ်းကာ ဆိုင်းဘုတ်မတင်ဘဲသော်လည်းကောင်း ကုလားအားပေးအလုပ်များလုပ်နေကြသည်ကို သိထားကြပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် လောလောဆယ် ဘာမှလုပ်ရန် အစီအစဉ်မရှိသေး ဟု စစ်တွေ စောင့်ကြည့်သူများထဲမှ တစ်ဦးက Coral Arakan အားပြောကြားသည်။
‎(၀ဲပုံ) နိုင်ငံတကာ ကုလားရံပုံငွေများဖြင့် ခိုးဝင်ဘင်္ဂါလီများအား ဒေသခံတိုင်းရင်းသားများ၏ သဘောတူညီချက်မရဘဲ လာရောက်ကူညီအားပေးနေကြသော နိုင်ငံတကာ ကုလားကူညီထောက်ပံ့သူများ စစ်တွေမြို့ Noble ဟိုတယ်အား အ၀င်အထွက်ပြုနေကြပုံ နှင့် (ယာပုံ) ထိုကုလားထောက်ပံ့ရေးသမားများ အသုံးပြုသော ၀ိုင်ယာလက်စ် အင်တာနက်လိုင်း Muslim Aid Myanmar အားစစ်တွေမြို့ထဲတစ်ဝိုက်တွင် လွှင့်ထားကြောင်း screen shot ကို တွေ့ရပုံ။

စစ်တွေမြို့တွင် Muslim Aid , MSF (Holland) အစရှိသော ကုလားတစ်ဖက်သတ် အကူအညီပေးရေး အဖွဲ့အစည်းများသည် ဟိုတယ်များတွင်တည်းခို၍ သော်လည်းကောင်း အိမ်နေရာများငှားရမ်းကာ ဆိုင်းဘုတ်မတင်ဘဲသော်လည်းကောင်း ကုလားအားပေးအလုပ်များလုပ်နေကြသည်ကို သိထားကြပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် လောလောဆယ် ဘာမှလုပ်ရန် အစီအစဉ်မရှိသေး ဟု
စစ်တွေ စောင့်ကြည့်သူများထဲမှ တစ်ဦးက Coral Arakan အားပြောကြားသည်။
Ashin Kawwida shared Coral Arakan News's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com
စစ်တွေ စောင့်ကြည့်သူများထဲမှ တစ်ဦးက Coral Arakan အားပြောကြားသည်။

မြန်မာနိုင်ငံမှာကုလားတွေဘာကြော င့်ဒီလောက်ဆိုးလာရသလဲ???

မြန်မာနိုင်ငံမှာကုလားတွေဘာကြောင့်ဒီလောက်ဆိုးလာရသလဲ???
...............................
ကျနော်တို့မြန်မာနိုင်ငံက အခြားနိုင်တွေနဲ့မတူထူးတယ်ဗျာ့ အဲဒါကအခြားမဟုတ်ဘူး ထောက်ခံစာမရှိပဲ မှတ်ပုံတင်ရတာ ဘာသက်သေမှမလိုဘူးပေါ့ဗျာ နောက်ပြီး မှတ်ပုံရင်ရရုံနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာပါ အခြားနိုင်ငံတွေရဲ့ဥပဒေကို လက်လှန်းမမှီလို့လား ဒါမှမဟုတ်ဘာကြောင့်လည်းတော့ကျနော်မသိဘူး အဲဒီထက်စိတ်မကောင်းဖြစ်ရတာ/ ဘင်္ဂလီကုလားခေါင်းထောင်လာတာ တစ်ခုရှိသေးသဗျာ့ အဲဒါက ဒီလိုပါ ဗိုလ်သန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့သားသမီးတော်တော်များများဟာ အဲဒီခိုးဝင်လာသူ (ပိတ်ဆံရှိတဲ့) ဘင်္ဂလီကုလားတွေ တရုပ်တွေနဲ့ပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြား ကုမ္ပဏီတွေကိုထူထောင်ပြီး တိုင်းပြည်ရဲ့ ငွေဝင်ပေါက်တွေကို အပီအပိုင်ကိုင်နေခြင်းပဲဖြစ်ပါတယ် ဒါကို လူတိုင်းလိုလိုသိကြမှာပါ အဲဒီတော့ လူကြီးသားသမီးကို လက်ကိုင်ရထားတဲ့ ဘင်္ဂလီကုလားတွေက ဘယ်သူ့ကိုမှုတော့မှာလဲဗျာ ဘယ်သူ့ကိုခေါင်းထဲထည့်တော့မှာလဲ ဒီလိုနဲ့ ဘင်္ဂလီကုလားတွေတစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်သောင်းကျန်းလာကြတာပေါ့ဗျာ တစ်ဘက်မှာလည်း အစိုးရရဲ့အတိုက်အခံဆိုတာ တိုင်းရင်းသားတွေလောက်ပဲလို့ အစိုးရရဲ့မူဝါဒထဲမှာပါနေ တိုက်နေတော့ ဟိုးး....လွတ်ထွက်နေတဲ့ ဘင်္ဂလီကုလားနဲ့ တရုတ်က စီးပွားရေးလုပ်ငန်းတွေကို စစ်ဗိုလ်သားသမီးတွေနဲ့အကျိုးတူမောင်ပိုင်စီးပြီး စီးပွားရေးအာဏာတွေရနေကြတာပေါ့ဗျာ စီးပွားရေးအာဏာရမှတော့ ကျန်တဲ့အာဏာတွေလည်းရတော့တာပေါ့ ကျနော်ထင်တယ် ဒီဟာတွေကိုရော စစ်ဆေးဖို့လိုအပ်နေပြီဆိုတာပါ တစ်ခုပဲ ၂၀၀၈ ဥပဒေနဲ့ငြိနေတယ်ဗျာ့ ၂၀၀၈ ဥပဒေကို အစိုးရဘက်တော်သားတွေရေးခဲ့တာပါ လိုအပ်ရင်ပြင်လို့ရရမှာပါဆိုတာကိုတော့မမေ့ကြပါနဲ့ဗျာ။

မှတ်ချက်။   ဒါဟာ ကုလားတရုတ် ဦးမော့်လာခြင်းရဲ့အဓိကကျတဲ့အရာလို့ကျနော်မပြောလိုပါဘူး ဒါပေမယ့် ဒါလည်းအဓိကကျတဲ့တစ်နေရာမှာပါနေတယ်ဆိုတာတော့သေချာတယ်လို့ ကျနော်ပြောလိုပါတယ်ခင်ဗျာ။

ဓါတ်ပုံ။ ဗိုလ်သန်းရွှေမြေး ဖိုးလပြည့် ခေါ် နေရွှေသေးအောင်

ကျနော်တို့မြန်မာနိုင်ငံက အခြားနိုင်တွေနဲ့မတူထူးတယ်ဗျာ့ အဲဒါကအခြားမဟုတ်ဘူး ထောက်ခံစာမရှိပဲ မှတ်ပုံတင်ရတာ ဘာသက်သေမှမလိုဘူးပေါ့ဗျာ နောက်ပြီး မှတ်ပုံရင်ရရုံနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာပါ အခြားနိုင်ငံတွေရဲ့ဥပဒေကို လက်လှန်းမမှီလို့လား ဒါမှမဟုတ်ဘာကြောင့်လည်းတော့ကျနော်မသိဘူး အဲဒီထက်စိတ်မကောင်းဖြစ်ရတာ/ ဘင်္ဂလီကုလားခေါင်းထောင်လာတာ တစ်ခုရှိသေးသဗျာ့ အဲဒါက ဒီလိုပါ ဗိုလ်သန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့သားသမီးတော်တော်များများဟာ အဲဒီခိုးဝင်လာသူ (ပိတ်ဆံရှိတဲ့) ဘင်္ဂလီကုလားတွေ တရုပ်တွေနဲ့ပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြား ကုမ္ပဏီတွေကိုထူထောင်ပြီး တိုင်းပြည်ရဲ့ ငွေဝင်ပေါက်တွေကို အပီအပိုင်ကိုင်နေခြင်းပဲဖြစ်ပါတယ် ဒါကို လူတိုင်းလိုလိုသိကြမှာပါ အဲဒီတော့ လူကြီးသားသမီးကို လက်ကိုင်ရထားတဲ့ ဘင်္ဂလီကုလားတွေက ဘယ်သူ့ကိုမှုတော့မှာလဲဗျာ ဘယ်သူ့ကိုခေါင်းထဲထည့်တော့မှာလဲ ဒီလိုနဲ့ ဘင်္ဂလီကုလားတွေတစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်သောင်းကျန်းလာကြတာပေါ့ဗျာ တစ်ဘက်မှာလည်း အစိုးရရဲ့အတိုက်အခံဆိုတာ တိုင်းရင်းသားတွေလောက်ပဲလို့ အစိုးရရဲ့မူဝါဒထဲမှာပါနေ တိုက်နေတော့ ဟိုးး....လွတ်ထွက်နေတဲ့ ဘင်္ဂလီကုလားနဲ့ တရုတ်က စီးပွားရေးလုပ်ငန်းတွေကို စစ်ဗိုလ်သားသမီးတွေနဲ့အကျိုးတူမောင်ပိုင်စီးပြီး စီးပွားရေးအာဏာတွေရနေကြတာပေါ့ဗျာ စီးပွားရေးအာဏာရမှတော့ ကျန်တဲ့အာဏာတွေလည်းရတော့တာပေါ့ ကျနော်ထင်တယ် ဒီဟာတွေကိုရော စစ်ဆေးဖို့လိုအပ်နေပြီဆိုတာပါ တစ်ခုပဲ ၂၀၀၈ ဥပဒေနဲ့ငြိနေတယ်ဗျာ့ ၂၀၀၈ ဥပဒေကို အစိုးရဘက်တော်သားတွေရေးခဲ့တာပါ လိုအပ်ရင်ပြင်လို့ရရမှာပါဆိုတာကိုတော့မမေ့ကြပါနဲ့ဗျာ။

မှတ်ချက်။ ဒါဟာ ကုလားတရုတ် ဦးမော့်လာခြင်းရဲ့အဓိကကျတဲ့အရာလို့ကျနော်မပြောလိုပါဘူး ဒါပေမယ့် ဒါလည်းအဓိကကျတဲ့တစ်နေရာမှာပါနေတယ်ဆိုတာတော့သေချာတယ်လို့ ကျနော်ပြောလိုပါတယ်ခင်ဗျာ။
Ashin Kawwida shared Ar Mrat Khine's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com


ဓါတ်ပုံ။ ဗိုလ်သန်းရွှေမြေး ဖိုးလပြည့် ခေါ် နေရွှေသေးအောင်

ကိုမျိုးချစ် မောင်မျိုးချစ် မမျိုးချစ် မောင်သာကီ မသာကီတို့ရေ . . .



ကဲ ဘာတွေဆက်လုပ်ကြမလဲ ?
ကိုမျိုးချစ် မောင်မျိုးချစ် မမျိုးချစ် မောင်သာကီ မသာကီတို့ရေ  . . .

မြို့တော်ခန်းမထိတောင် နေရာယူနေပြီ
 သိရသလောက်ကတော့ မြန်မာပြည်အလယ်ပိုင်းတစ်ပိုင်းလုံး ကုန်သလောက်ဖြစ်နေပီလေ 50%=50%
မြန်မာပြည်အလယ်ပိုင်းက ကျောက်ပန်းတောင်းကလွဲလို့ ဘယ်မြို့ကြည့်ကြည့် ဒို့လူတွေ မရှိတော့ပါဘူး။ 
တောရွာတွေမှာလဲ သူတို့ရွာတွေချည်းဖြစ်ကုန်ပီ။
အညာသားဆိုတာ ကုလားကိုခေါ်တာဖြစ်တော့မယ်။
တဖြုတ်ဖြုတ်နဲ့ကြွေ တဖျောက်ဖျောက်နဲ့ ပျောက်နေကြတဲ့ ဒို့လူတွေ။

ခုအခြေနေအတိုင်း  သွားကြရင် နောက်နှစ်နှစ်ဆယ်လောက် အခြေအနေကို တွေးကြည့်ကြစမ်းပါ ။
ရာခိုင်နှုံးလျော့လာတဲ့ ဒို့တစ်တွေ ဘယ်သူတွေကို ဘာမျှော်လင့်ချက်နဲ့ မဲပေးကြမလဲ ?
မျိုးချစ်ပါတယ်ဆိုတဲ့ အမျိုးသားရေးသမားတွေ ဘယ်သူတွေကို အမျိုးသားရေးတရားတွေ သွားဟောလို့ ရတော့မှာလဲ ?
ဘယ်လို စည်းရုံးလို့ ရပါတော့မလဲ ?
နိဗ္ဗာန်ရောက်ကြောင်း ဟောချင်ပါတယ်ဆိုတဲ့ ဆရာတော်တွေ နာယူတဲ့သူ ဖျာတစ်ချပ်စာဦးရေတောင်
ရှိပါဦးမလား ?

အမုန်းတရားကို ရှေ့တန်းတင်နေတာမဟုတ်။ ဘက်ပေါင်းစုံ အားနည်းလာတဲ့ ဒို့တစ်တွေအတွက် အခြေနေမှန်ကိုလေ့လာပြီး တိုးတက်ရာတိုးတက်ကြောင်းကို ခပ်မြန်မြန်လုပ်ကြဖို့ ဆော်သြရခြင်းဖြစ်ပါတယ်။
* * * * * * * * * * * * * * * * * *
http://m.facebook.com/media/set/?set=a.493540610685459.110853.209933505712839&type=1&refid=13&m_sess=c2VzczoxMDAwMDQxOTA3OTczMzc6MTIxOjRkc0x3dThCYWZyWU9ROjA6MTM2MTM4NTAwNw&_ft_=fbid.133262023512204
ကဲ ဘာတွေဆက်လုပ်ကြမလဲ ?
ကိုမျိုးချစ် မောင်မျိုးချစ် မမျိုးချစ် မောင်သာကီ မသာကီတို့ရေ . . .

မြို့တော်ခန်းမထိတောင် နေရာယူနေပြီ
သိရသလောက်ကတော့ မြန်မာပြည်အလယ်ပိုင်းတစ်ပိုင်းလုံး ကုန်သလောက်ဖြစ်နေပီလေ 50%=50%
မြန်မာပြည်အလယ်ပိုင်းက ကျောက်ပန်းတောင်းကလွဲလို့ ဘယ်မြို့ကြည့်ကြည့် ဒို့လူတွေ မရှိတော့ပါဘူး။
တောရွာတွေမှာလဲ သူတို့ရွာတွေချည်းဖြစ်ကုန်ပီ။
အညာသားဆိုတာ ကုလားကိုခေါ်တာဖြစ်တော့မယ်။
တဖြုတ်ဖြုတ်နဲ့ကြွေ တဖျောက်ဖျောက်နဲ့ ပျောက်နေကြတဲ့ ဒို့လူတွေ။

ခုအခြေနေအတိုင်း သွားကြရင် နောက်နှစ်နှစ်ဆယ်လောက် အခြေအနေကို တွေးကြည့်ကြစမ်းပါ ။
ရာခိုင်နှုံးလျော့လာတဲ့ ဒို့တစ်တွေ ဘယ်သူတွေကို ဘာမျှော်လင့်ချက်နဲ့ မဲပေးကြမလဲ ?
မျိုးချစ်ပါတယ်ဆိုတဲ့ အမျိုးသားရေးသမားတွေ ဘယ်သူတွေကို အမျိုးသားရေးတရားတွေ သွားဟောလို့ ရတော့မှာလဲ ?
ဘယ်လို စည်းရုံးလို့ ရပါတော့မလဲ ?
နိဗ္ဗာန်ရောက်ကြောင်း ဟောချင်ပါတယ်ဆိုတဲ့ ဆရာတော်တွေ နာယူတဲ့သူ ဖျာတစ်ချပ်စာဦးရေတောင်
ရှိပါဦးမလား ?

အမုန်းတရားကို ရှေ့တန်းတင်နေတာမဟုတ်။ ဘက်ပေါင်းစုံ အားနည်းလာတဲ့ ဒို့တစ်တွေအတွက် အခြေနေမှန်ကိုလေ့လာပြီး တိုးတက်ရာတိုးတက်ကြောင်းကို ခပ်မြန်မြန်လုပ်ကြဖို့ ဆော်သြရခြင်းဖြစ်ပါတယ်။
* * * * * * * * * * * * * * * * * *
http://m.facebook.com/media/set/?set=a.493540610685459.110853.209933505712839&type=1&refid=13&m_sess=c2VzczoxMDAwMDQxOTA3OTczMzc6MTIxOjRkc0x3dThCYWZyWU9ROjA6MTM2MTM4NTAwNw&_ft_=fbid.133262023512204
Ashin Kawwida shared ရဲရင့် ဇာနည်'s photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com
 

အဆိပ်လည်း အစာ၊ အစာလည်း အဆိပ်


စားသုံးရန် လုံးဝ မသင့်တော်သော အစားအစာများကို ခန္ဓာကိုယ်အတွင်းသို့ မလွှဲသာ မရှောင်သာ မြန်မာတို့ သွတ်သွင်းနေကြရသည်
လူတိုင်း အသက်ရှည်လိုကြသည်။ အသက်ရှည်ခြင်း၏ အကြောင်းတရား ၄ ပါး အဖြစ် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဟု ပြဌာန်းထားရာ အစားအစာဟု ဆိုရမည့် အာဟာရသည် မည်မျှ အရေးကြီးကြောင်း သိနိုင်သည်။ “အစားမတော် တလုပ်” ဆိုသော စကားနှင့်လည်း သတိပေးထား သေး သည်။ မြန်မာလူမျိုးများ သည် ရှေးယခင်အခါများကပင် ဓာတ်စာဟူ၍ ရာသီ စာကို ကြည့်ကာ ချင့်ချိန်စားသောက်လာကြသော ဓလေ့ရှိသည်။ ဒါကြောင့် “ဆေးလည်းအစာ အစာလည်းဆေး” ဟု ဆိုရိုး စကားရှိခဲ့သည်။ ယခုတော့ ထိုစကားကို “အဆိပ်လည်း အစာ အစာလည်း အဆိပ်”ဟု ပြောင်းလဲရမည့် အခြေ အနေ ရောက်နေသည်။ ကျနော်တို့သည် အကြောင်း အမျိုးမျိုးကြောင့် (ကျနော် အပါအ၀င်) စားသုံးရန် လုံးဝ မသင့်တော်သော အစားအစာများကို ပါးစပ်မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ မလွှဲသာ မရှောင်သာ သွတ်သွင်းနေကြရသည်။
မနက်မိုးလင်းလျှင် လူအများစုမှာ လက်ဖက်ရည်ဆိုင် ထိုင်ကာ လက်ဖက်ရည် တခွက်နှင့် အီကြာကွေး တချောင်းတော့စား သောက်လေ့ရှိသည်။ အီကြာကွေး ကြော်သော ဆီမှာ စားသုံးရန် မသင့်တော်သော စားအုန်းဆီ ဖြစ်ရုံသာမက အထပ်ထပ်ကြော်ထားသဖြင့် မည်းနက်၍ပင်နေသည်။ တခါကြော်ပြီးဆီကို ထပ်မသုံးသင့်၊ သွန်ပစ်ရမည် ဆိုသော အသိ မရှိ။ သိလျှင်လည်း စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် လိုက်နာမည် မထင်။ မကြာခင်ကပင် ထိုဆီထဲ၌ ပလပ်စတစ် ရေသန့်ဗူးခွံတွေ ထည့်သွင်း အသုံးပြုနေတာ ကြားလိုက်ရသေးသည်။ အကြော် ကြာရှည် မာကျွတ်နေဖို့ ထည့်ကြော်တာဟု ဆို၏။
ရက်ပိုင်းကပင် ထန်းခြောက်ပင်က စားသုံးသူ တဦးက သူစားသော အီကြာကွေးမှာ “သေး”စော်နံနေသည်ဟု လာတိုင်ကြားသဖြင့် စားသုံးသူ ကာကွယ်ရေး အသင်းက စစ်ဆေးကြည့်ရာ အီကြာကွေးထဲတွင် ပွဆေးအဖြစ် မိုးနီးယား (Mxs gas) တွေ ပါဝင်နေတာ တွေ့ရသည်။ ထို ဂက်စ်မှာ အဲယားကွန်း၊ ရေခဲသေတ္တာများတွင်သာ သုံးရသည့် gas ဖြစ်သည်။ ကျနော်သည် ဆိုင်တွင် ရှယ် ခေါ် ဗူးနို့ဆီ လက်ဖက်ရည်သာ သောက်လေ့ရှိသည်။ ကိန်းခန်းကြီးသော ကြောင့် မဟုတ်။ ချက်နို့ဆီဖြင့် ဖျော်သော ရိုးရိုးလက်ဖက်ရည် သောက်လျှင် မကြာခဏ ကြွက်သေပုပ်စော် အနံ့ရသောကြောင့် ဖြစ်သည်။ ချက်နို့ဆီ ကြာရှည်ခံအောင် ဖော်မလင်ဆေး ထည့်သွင်းထားသောကြောင့် ဟုဆိုသည်။
လက်သုပ်စာ စားမည် ဆိုလျင်လည်း အသုံးပြုသော ငရုတ်ရည်မှာ ဆန်ကွဲဆန်ကျိုးကို ကြိုကာ အသိုးခံ အချဉ်ဖောက်ထား ပြီး အနီရောင်ဆေး ဆိုးထားသော အချဉ် ဖြစ်နေ၏။ ထိုအထဲတွင် အချိုမှုန့်ကို အစိမ်းလိုက် ဖြူးလိုက်သေးသည်။ အချိုမှုန့် ဆိုသည်မှာ ပွက်ပွက်ဆူနေသော ရေထဲတွင် အနည်းငယ်မျှသာ ခပ်သုံးရသော အရာ ဖြစ်သည်။ (ကျနော် ငယ်ငယ်က အချိုမှုန့် မရှိ။ ဟင်းချိုချက်လျှင် ပုဇွန်ခြောက်ကောင်း လက်တဆုပ်လောက် ထည့်လိုက်ရုံသာ။ အခုခေတ် တော်ရုံလူ မသုံးနိုင်တော့။ အများစုမှာ လွယ်ကူ သက်သာရာကိုပင် မရှောင်သာ မလွှဲသာ သုံးနေရသည့်အခြေ ရောက်နေသည်။)
ဆင်းရဲသားသုံး ငပိမှာ ဖွဲနုများကို အရောင်ဆိုးထားခြင်းသာ။ ငံပြာရည်မှာလည်း အရောင်ဆိုးထားသော ဆားရည်ကျိုသာ။ မှိုတက်နေသော ငရုတ်သီးတောင့်များနှင့် ချည်ဆိုးဆေး ဆိုးထားသော မျှစ်များ၊ ပြီးတော့ ငှက်ပျောသီး၊ သရက်သီး ဆိုတာ လည်း နုနုလေးတွေ ခူးကာ ဆေးအုပ်၍ ရင့်မှည့်စေသဖြင့် မူလ အရသာမရှိ။ မကြာခင်က ပင် စားသုံးရန် မသင့်သော တဖက်နိုင်ငံမှ တင်သွင်းသည့် ကြက်သား၊ အမဲသား (ရေခဲရိုက် အေးခဲထားသည့်) များကို ရှာဖွေ ဖမ်းဆီးနေရသော သတင်း ဖတ်လိုက်ရသည်။ ပုဇွန်လည်း ပါသည်။ ပညာပေး ကာလ ၂ လ အတွင်းမှာ သိန်း ၂၆၀ ဖိုး ဖမ်းမိသည်ဟု ဆိုသည်။ နယ်စပ်ကုန်သွယ်ရေးက ဖမ်းဆီးခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ဟုမ္မလင်း ယက်ဖ ကျေးရွာတွင် သစ်ပါးလွှာစက်ရုံမှ ၀န်ထမ်းများ မနက်စာ စားရင်း အစာအဆိပ်သင့် သဖြင့် လူ ၃၂ ဦး (ကျား ၁၇၊ မ ၁၅) ဆေးရုံတင်ရရာ (မ) ၂ ဦး သေဆုံးသွားသည်။ သူတို့ စားသည့် ဂေါ်ဖီထုပ် တွင် ပိုးသတ်ဆေးများ အလွန်အကျွံ ပါဝင်နေသောကြောင့် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ က သုဝဏ္ဏဈေးတွင် ကိုက်လံနှင့် ပန်းဂေါ်ဖီထုပ် များကို စမ်းသပ် စစ်ဆေးရာ ပိုးသတ်ဆေးများ တွေ့ရသဖြင့် သိမ်းဆည်းခဲ့ရသည်။ ဆေး သုတေသနဦးစီးဌာန၏ ပြောကြားချက် အရမူ ဆေးဖြန်းပြီး ၇ ရက်ကြာသည်အထိ လူကို အန္တရာယ် ပေးနိုင်သည့် အာနိသင် ရှိနေသည်ဟု ဆို၏။ ယခုတော့ ချက်ချင်းခူး၊ ချက်ချင်း ဈေးကွက်ထဲရောက်၊ ရေနဲ့ စင်အောင် မဆေးကြသဖြင့် ယခုလို အန္တရာယ် ကြုံရ ခြင်း ဖြစ်သည်။
မကြာခင်က ပိုးသတ်ဆေး အန္တရာယ်ကို သတိထားရန် မင်းထင်ကိုကိုကြီးက “အင်းသီး” ဆိုသော မှတ်တမ်းတင် ကားတိုလေး ရိုက်ကာ ပညာပေးဖူးသည်။ တောင်သူများသည် ကန့်သတ်ထားသော  ပိုးသတ်ဆေးများ (ဥပမာ- အင်ဒရင်း၊ ဒီဒရင်း)၊ သုံးစွဲခွင့် ပြုမထား မှတ်ပုံတင်မထားသော (ကလိုဒိန်း၊ ဟိုင်းရပ်စ်၊ တော့စ်ဖိန်း) တွေကို အကြောင်းကြောင်း ကြောင့် သုံးစွဲနေရသည်။ မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေး၊ အသင်း တချို့ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်။ မြန်မာနိုင်ငံတွင် FDA  ခေါ်  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ရှိသော်လည်း ထိရောက်အောင် ဆောင်ရွက်ဖို့ လူအင်အား ငွေအင်အားကြောင့် ခက်ခဲနေပုံ ရသည်။ ထို အဖွဲ့က ၂၀၁၂ ခုနှစ် အတွင်း ဈေးကွက်ထဲ၌ ရောင်းချနေသော ငရုတ်သီးမှုန့် နမူနာ ၅၄၃ ကို စစ်ဆေးခဲ့ရာ ၁၇၅ ခုတွင် စားသုံးသူကို ကင်ဆာဖြစ်စေနိုင်၊ မျိုးရိုးဗီဇ ထိခိုက်စေနိုင်သော ဓာတုဆိုးဆေး (Auramnine – O နှင့် Rhodamine B) များ ထည့်သွင်းထားတာ တွေ့ရသည်။ ထိုအထဲမှ အမှတ်တံဆိပ် ၂၀ ကို အရေးယူခဲ့သည်။ ဒါဆို တခြား ၁၅၅ မျိုးကို အရေးမယူတော့တဲ့ သဘော ဖြစ်နေသည်။ (တမျိုးမှာ အမည်မပါ၊ အမည်ပါသော်လည်း လိပ်စာမပါ။) ဘာကြောင့်ပါလဲ။
ဖမ်းဆီးရမိသူများကို အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က)အရ အရေးယူသည်။ ထို ဥပဒေအရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ၃ သောင်း ချမှတ်နိုင်၏။ ဒီ ပြစ်ဒဏ်လောက်ကို ၀ိသမသား လုပ်ငန်းရှင်တွေက ဖြုံမယ် မထင်။ ပြင်းထန် ထိရောက်သော အပြစ်ဒဏ် စီရင်ပေးဖို့ လိုသည်။ တရုတ်ပြည်တွင် အားလုံးအသိပင်၊ ဒီလို ကိစ္စမျိုး ဖြစ်လာလျှင် သေဒဏ် ပေးလေ့ရှိသည်။ (နို့မှုန့်ထဲတွင် မယ်လမင်း ဓာတ်ပါဝင်မှု ကိစ္စ ကြည့်ပါ။)
မကြာခင်က (စက်တင်ဘာ ၄ ကစ၍) မြန်မာနိုင်ငံတွင် ချောကလက်၊ ဝေဖာ၊ ကိတ်နှင့် ပီကေ (ချွင်းဂမ်း) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တရားဝင် တင်သွင်းခွင့် ပြုလိုက်သည်ဟု သတင်းကြားရသောအခါ ကျနော် အံအားသင့်သွားသည်။ အံအားသင့်ရခြင်းမှာ ထို ပစ္စည်း ၄ မျိုးကို ရှေ့နှစ်ပေါင်းများစွာကပင် ဆိုင်များ၌ ထင်ရှားပေါ်လွင်စွာ ရောင်းချနေခဲ့တာ မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ (ဤ အချက်က ကျနော်တို့ နိုင်ငံတွင် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းကြောင်း ဖော်ပြနေ ပေသည်။) နှစ်ပေါင်းများစွာ ခိုးသွင်းကာ ရောင်းချနေခဲ့ကြသည်။ ဒီလို ခိုးသွင်းကြတော့ ကျန်းမာရေး ထောက်ခံချက် မရှိ။ တိုင်းပြည် ၀င်ငွေ ထိခိုက်၏။ တရားဝင် တင်သွင်းခွင့် ပိတ်ပင်ထားသော အရက် ဘီယာနဲ့ စီးကရက်တွေလည်း ဒီလိုပဲ ရောင်းချနေကြတာ တွေ့ရသည်။
သူများ နိုင်ငံများတွင် အစိုးရ ဌာနများကသာ မက NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများကပါ စားသုံးသူကို ကာကွယ်စောင့်ရှောက် ပေးကြသည်။ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတွေကလည်း ကိုယ်ကျိုးစီးပွား တခုတည်းကို မကြည့်ကြ။ ရက်ပိုင်းအတွင်းကပင် ကမ္ဘာ့အကြီးဆုံး စားသောက်ကုမ္ပဏီကြီး ဖြစ်သော Nestle က စပိန်နှင့် အီတလီတွင် ရှိသော သူတို့ ဖြန့်ဖြူးထားသည့် စည်သွတ်ဗူးတွေကို လိုက်လံသိမ်းဆည်းခဲ့သည်။ ဂျာမနီမှ စစ်ဆေးရေးအဖွဲ့က ထို အမဲသားဗူး တချို့ကို စစ်ဆေးကြည့်ရာ မြင်း၏ ဒီအင်အေ (DNA) ကို တွေ့ရသောကြောင့်ဟု ဆိုသည်။ ကျနော်တို့ နိုင်ငံက စားသုံးသူတွေကတော့ ဗူးပေါ်က ရက်လွန်နေ့စွဲကလေးကိုပင် ဖတ်ကြည့်လေ့ မရှိကြ။ စက်ရုံထုတ် ပစ္စည်းများမှာ ရက်လွန်နေပါက စားသုံးရန် မသင့်။
ရက်လွန် နေ့စွဲကို ကြည့်ကာ တမင် စားသုံးသူ တယောက်တော့ ရှိသည်။ ကိုးရီးယား Girl’s Generation အဖွဲ့က အဆိုတော် ဟိုယွန်း ဆိုတဲ့ ကောင်မလေး ဖြစ်သည်။ သူက အလုပ်သိပ်များကာ ပင်ပန်းနေပြီး လူတွေနဲ့ မတွေ့ချင်တော့ဘူး အနားယူချင်တယ် ဆိုရင် ရက်လွန်နေတဲ့ နွားနို့ဗူးတဗူး သောက်လေ့ရှိသည်။ သူ ၀မ်းပျက် ၀မ်းလျော ဖြစ်တော့ အနားယူရတာပေါ့။ ကိုးရီးယား လုပ်သမျှ လိုက်တုပသူတွေကို သတိပေးချင်သည်။ ဒီလို ကိစ္စမျိုးမှာတော့ မတုပကြပါနှင့်။ အန္တရာယ် ရှိသဖြင့် တားရခြင်း ဖြစ်ပါသည်။
သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။
Hits:4,63
မှကူးယူဖေါ်ပြပါသည် www.alinshin.com

ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ.


ယခုဘာသာရေးကူးပြောင်းပွဲတော်ကို ဦးဆောင်သော ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ..ကုလားလူမျိုးဗုဒ္ဓဘာသာများက အထူးကြည်ညိုလေးစားကြသော ဆရာတော်ကြီးဖြစ်ပါတယ်..သွားလေရာရာ ဖိနပ်မစီး၊ သင်္ကန်းသုံးထည်၊ သပိတ်ပရိက္ခာများနှင့် ကြည်ညိုစရာကောင်းလှသလို ဘာသာရေးစိတ်ဓာတ်ပြင်းပြထက်သန်လှတာကို တရားဟောရင်း သတိထားမိတယ်၊ အိန္ဒိယသာသနာရေးအတွက် အားတက်စရာများပါ..
ယခုဘာသာရေးကူးပြောင်းပွဲတော်ကို ဦးဆောင်သော ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ..ကုလားလူမျိုးဗုဒ္ဓဘာသာများက အထူးကြည်ညိုလေးစားကြသော ဆရာတော်ကြီးဖြစ်ပါတယ်..သွားလေရာရာ ဖိနပ်မစီး၊ သင်္ကန်းသုံးထည်၊ သပိတ်ပရိက္ခာများနှင့် ကြည်ညိုစရာကောင်းလှသလို ဘာသာရေးစိတ်ဓာတ်ပြင်းပြထက်သန်လှတာကို တရားဟောရင်း သတိထားမိတယ်၊ အိန္ဒိယသာသနာရေးအတွက် အားတက်စရာများပါ..
Ashin Kawwida shared Pann Gabar's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

Professional ဆန်ပါမှ...















စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု၊ သူ့ရဲ့  ပထမဆုံး လစာကို.. သူကိုယ်တိုင် proposed လုပ်တော့ ကျန်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက '' မများလွန်းဘူးလား '' လို့ ၀ိုင်းပြောကြတယ်..။
'' မလောက်မငှ လစာလေးပေးပြီး ငါ့ကို လာဘ်စားစေချင်တာလား '' လို့ လီကွမ်ယုက တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်..။  
အဲဒီစကားမှာ '' တန်အောင် ယူမယ်- ယူတာနဲ့တန်အောင် ပြန်ပေးဆပ်မယ် '' ဆိုတဲ့ သူ့စိတ်ပိုင်းဖြတ်မှု၊ သူ့ခံယူချက်ပေါ်လွင်နေခဲ့တယ်..။ အဲဒါဟာ professional စိတ်ဓါတ်ပဲ..။ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ တိုးတက်စေချင်တဲ့ စေတနာ အရင်းခံသည့်တိုင် ပြည်သူ့ဝန်ထမ်း၊ အစိုးရ၀န်ထမ်းတွေ professional စိတ်ဓါတ် ရှိဖို့ လိုကြောင်း လီကွမ်ယုက မီးမောင်းထိုးပြခဲ့တယ်..။ 
တိုင်းပြည်က အခုမှ ထူထောင်စ..။ ဘယ်မလဲ ဘတ်ဂျက်..။ ဒီလိုပဲ နည်းနည်းနဲ့ ကျဲကျဲဝိုင်းကြရမှာပေါ့..။ လိုအပ်ရင် အိပ်စိုက်.. စေတနာနဲ့ ကြီးတော်နွားကိုကျောင်းကြပါ..။ 
ဆိုတဲ့ ပေါ်လစီဟာ.. ကြားလို့တော့ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒီစိတ်ဓါတ်မျိုး လူတကာဆီက မျှော်လင့်ပြီး တိုင်းပြည်ထူထောင်ဖို့ဆိုတာ အိပ်မက်ဆန်လွန်းပါတယ်..။ 
နောက်ဆုံးတော့.. 
ငါလည်း တတ်နိုင်သလောက် လုပ်တာပဲ..။ မှားတာတော့လဲ ဘယ်တတ်နိုင်မလဲ..။ မင်းတို့က အပြစ်ပြော၊ ဝေဖန်ရအောင်.. ငါ့နေရာမင်းတို့လုပ်နိုင်လို့လား။ ငါလဲ မလွှဲသာလို့ လုပ်နေရတာ..။ 
ဆိုတာမှာ ဂိတ်ဆုံးတာပဲ..။ 
လုပ်မှားကိုင်မှားဆိုတာတော့ ရှိတတ်တာချည်းပဲ..။ အမှားနည်းအောင်.. မှားနေရင် တာဝန်ယူတတ်ဖို့ ဆိုတာ.. professional စိတ်ဓါတ်ရှိမှ ဖြစ်မှာ..။ စေတနာအရင်းခံတဲ့ လူတော်တော်များများဟာ အမှား လုပ်မိသည့်တိုင်.. အဲဒီအမှားကို.. သူတို့စေတနာနဲ့ ချေတွေး..တွေးတတ်ကြတယ်..။ 
ကာယကံရှင် မဆိုနဲ့..။ ဘေးက လူတွေကတောင်..

ဟိုက စေတနာနဲ့ လုပ်ပေးနေတာ.. လခလဲ လောက်လောက်လားလား ရတာမဟုတ်ဘူး.. ဒီကြားထဲ မင်းတို့ကမှားတယ်-မှန်တယ် ဝေဖန်ရအောင် မင်းတို့က ဘာကောင်လဲ၊ သူတို့စေတနာကို မင်းတို့ စော်ကားလိုက်တာပဲ..။ 
လို့ စွဲချက်တင်တတ်ကြတယ် မဟုတ်လား..။ 
တကယ်က.. စေတနာနဲ့လုပ်လုပ်၊ professional ဆန်ဆန်လုပ်လုပ် မှားတာဟာ- မှားတာပဲ။ စေတနာနဲ့ လုပ်တိုင်း မမှားဘူးဆိုတာ မရှိဘူး..။ မှားမှာပဲ..။ အရေးကြီးတာက အဲဒီအမှားကို ဘယ်လိုပြုပြင်မလဲ-ဘယ်လိုတာဝန်ယူမလဲ ဆိုတဲ့ စိတ်ရှိကြဖို့ပဲ..။ 
အထူးသဖြင့်.. ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူထားကြသူတွေ.. စေတနာအရင်းခံတဲ့ professional စိတ်ဓါတ်တွေ ထုံမွှန်း နေဖို့ လိုပါတယ်..။ 
လီကွမ်ယု.. သူ့လစာကို လောက်လောက်ငှငှ ယူခဲ့စဉ်က စင်ကာပူဆိုတာ မလေးရှားက အတင်းကန်ထုတ်လိုက် လို့ မရေမရာအနာဂါတ်နဲ့ တိုင်းပြည်မွှားစနောက်ဆိုတာ မမေ့သင့်ပါ..။ 
အခု ကျွန်တော်တို့ တိုင်းပြည်အခြေအနေက လီကွမ်ယုရဲ့ စင်ကာပူ '' စလုံးရေစ'' အခြေအနေထက် အများကြီး သာပါတယ်..။ 
ဒါကြောင့်.. 
မလွှဲသာလို့ပဲဖြစ်ဖြစ်-နည်းနည်းနဲ့ကျဲကျဲဝိုင်းရတာပဲဖြစ်ဖြစ်- စေတနာကိုအရင်းခံလို့ပဲဖြစ်ဖြစ်.. ဘယ်လိုပဲဖြစ်ဖြစ်.. တိုင်းရေးပြည်ရာကို professional ဆန်ဆန် လုပ်ကြပါမှ.. တာဝန်ယူကြပါမှ.. ရွှေမြန်မာတို့ ကမ္ဘာ့အလယ် ဆောလျင်စွာ  ပွဲလယ်တင့်နိုင်မယ် လို့ ယုံကြည်ရင်းစွဲနဲ့ ဒီစာလေး ရေးမိပါတယ်။
by Ko Navana on Monday, 25 February 2013 at 23:00 ·
မှကူးယူဖေါ်ပြပါသည် www.alinshin.com

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget