.

AlinShin

Saturday, July 5, 2014

တောင်သမန်ကိုချစ်နေဆဲ . .ပါလား

မှန်ရာကို ၀န်ခံရပါရင် .. ကျနော်သည် နှလုံးသားနူးညံ့သူပါ ၊
သစ္စာတရားနှင့် မေတ္တစကားကို ရင်ဝယ်ပိုက်ရင်း ပဋိသန္ဓေခ-
လာရာသူလားမသိ . . .
လောကကို အဓိပ္ပါယ်ဆေးစက်တွေနဲ့ ချယ်မှုန်းလိုက်ချင်သည်။
ထို့ကြောင့် ကဗျာသမားဖြစ်လာသည် .. . ။
လောကကို ကဗျာအဖြစ်တွေးတက်လေတော့သည် . . . ။
ကဗျာကို ချစ်မြတ်နိုးခဲ့သောကျနော့အား ကဗျာကလည်း
ချစ်မြတ်နိုးသူတို့ရဲ့ နှလုံးသားအဘိဓာန်ကို ရွတ်ဆိုပြခဲ့သည် . . ။
ဤသို့နှင် ကျနော်သည် . . . 
Photo: တောင်သမန်ကိုချစ်နေဆဲ . .ပါလား
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

ကဗျာလောကထဲတွင် ကဗျာဆိုသူနှင့်ချစ်သူဖြစ်လာခဲ့သည် . . .။
ညဟာ အခြားသူအတွက် အိပ်စက်အနားယူခြင်းဆိုသော်လည်း  . .
ကျနော့အတွက်တော့ ကဗျာရေးခြင်းပါ။
အိပ်မက်ဟာ ဖမ်းဆုပ်ချုပ်ကိုင်ခြင်းမရဟုဆိုသော်လည်း  .. 
ကျနော့်အတွက်တော့ နတ်သမီးတစ်ပါးပါ။
အခုလည်းကြည့်လေ  ..  .  
မအိပ်သေးဘဲ  .. နွေနေမှာ ရင်ပူပူနဲ့ ရေတွေကိုကုန်အောင်သောက်ပစ်
တဲ့ .  ဦးပိန်အကြောင်းကိုတွေးမိသည် ၊ ယင်းနောက် ချစ်သောငယ့်ကို
သတိရမိသည် . . ။
တန်ခူးနွေအဆုံးမှာ ကျနော်နှင့်ငယ်တို့ အမှတ်မထင်ချစ်သူဖြစ်ခဲ့ကြသည်
ယင်းနောက်  . . .အချစ်ချောက်ကမ်းပါးတစ်ဘက်ကို နှစ်ယောက်တူကူး
ခပ်ခဲ့ကြသည် . . . ။ 
ချစ်သော ငယ်လည်း မူးခဲ့  . .မေ့ခဲ့သလို  ..  
ကျနော်ကိုယ်တိုင်လည်း ရူးခဲ့ . . ယဲ့ခဲ့ရပါသည်  . . .။
သည်လိုနှင့်  အမြဲဆိုသလို ရွှေတိဂုံအခြေမှာဆုံခဲ့ကြသည် ၊ အထုအထ-
ထည်ကြီးမားသော စေတီတော်မြတ်ကြီးရဲ့ ရွှေရောင်တဖိတ်ဖိတ်အောက်
မှာ ကျနော် ချစ်သောငယ်အတွက်  သစ္စာပန်းတွေ သီကုံးပြသခဲ့ပါသည်။
အဲဒီနောက်  . . .
ငယ် LA ကိုကျောင်းတက်ရင်းအလုပ်ထွက်လုပ်သည်  .. ကျနော်ကဇတိ
မြေ မြို့ငယ်လေးတစ်မြို့သို့ပြန်ရင်းမိဘလက်ငုတ်လက်ရင်းအလုပ်ကို
ယုံကြည်ချက်အပြည့်နှင့်လုပ်ခဲ့သည်။ 
သုံးလအတွင်းမှာ  . . 
ငယ့်ထံက စာလာတယ် ၊ ဖုန်းပြောဖြစ်တယ်  ၊  ကျနော်ငိုတယ် ၊
UsA မှာ 9/11 ဖြစ်တယ် ၊ ငယ်usa မှာအိမ်ထောင်ပြုလိုက်ပြီလို့ စာလာ
တယ် ၊ ကျနော့အဖေဆုံးခဲ့တယ် ၊ ကျနော်မငိုဖြစ်တော့ဘူး ။ 
ဒီလိုနဲ့ ကျနော်ဟာ ညတိုင်း ကဗျာဖတ်ဖြစ်တယ်  .. ။ ကြယ်တွေကိုကြည့်
တယ်  . ဖိုးလမင်းကြီးနဲ့စကားပြောတယ်  .. ။
နောက်ဆုံးတော့ ကျနော့်ဘ၀ကိုနားလည်သွားတယ်  . . .။
ကျနော်ဟာ  .. .
ဦးပိန်လို  မခိုင်ခံ့ခဲ့ဘူးနော် . . . ။
ကျနော်ဟာ  ..  .
ဦးပိန်လို မရှည်လျှားခဲ့ရဘူး  ..  .။
ဦးပိန်ဟာ  .. 
နွေကိုမကြောက်ပေမဲ့ ၊ ကျနော်ကတော့  .. 
နွေဆိုရင် ကြောက်တက်လာတယ် . . ။
ဒါပေမယ့် 
ကျနော်နဲ့ဦးပိန်တူတာတစ်ခုတော့ရှိပါသေးတယ်  
ဦးပိန်ဟာ တောင်သမန်မြေကို ချစ်တက်သလို  . .
ကျနော်ဟာလည်း . . . ငယ့်ကို ချစ်နေဦးမယ်ဆိုတာပါပဲ  .. ။
█ ░ အလင်းရှင် ░ █

2015 နှင့်အရူးချေးပန်း

Photo: 2015 နှင့်အရူးချေးပန်း 
☭ ✖ ✿ ☭ ✖ ✿ 
2015   နီးလာသည်နှင့်အမျှ “ နေမြင့်လေ အရူးရင့်လေ” ဆိုသောစကား
ပုံသည် ကြံ့ဖွတ်စစ်ခွေးခရိုနီများအတွက် ထိမှန်လေပြီ  .. ။ လယ်သူခိုး၊
ယာသူခိုး ၊ မြေသူခိုးများက ခရိုနီများက နတ်ကတော်ကြီးတမျှ အလား
တူနေပြီ ၊ ပိဋကတ်သုံးပုံကို သူ့အိမ်ကမယားလိုသဘောထားသလားမ
ပြောတက် ၊ ဒီလောက်သန်းခြောက်ဆယ်ထံက ခိုးစားနေတဲ့ခရိုနီစစ်ခွေး
များသည် ဘယ်လိုနည်းနှင့်မျှ ဥပသကာကြီးဖြစ်မှာတုန်း။ 
တို့ထင်တယ် ၊ ဒီစစ်ခွေးကြံ့ဖွတ်တွေ ၂၀၁၅ အတွက် အရူးဇာတ်စကနေ
ကြပြီလို့ သုံးသပ်မိပါတယ်။

အသုဘရှု့လား ? သင်္ကြန်ယိမ်းလား ?

သက်သေခံ ဓါတ်ပုံကိုလိုင်းမကောင်းလို့ တင်လို့မရဘူးကွာ။ပြောချင် တာက ကိုထွန်းဆိုတဲ့လူတစ်ယောက်ရဲ့ ဈာပနမှာဘုန်းကြီးကလော်ကြီးနဲ့
အော်နေတယ် ပေတရာလမ်းနဘေးကလူတွေကလက်ခုတ်တီးနေတယ်။
အဲဒါဘာလဲ . .ဟင် . .။
Photo: အသုဘရှု့လား ? သင်္ကြန်ယိမ်းလား ?
☤✩☤✩☤✩☤✩☤✩☤✩☤✩☤
သက်သေခံ ဓါတ်ပုံကိုလိုင်းမကောင်းလို့ တင်လို့မရဘူးကွာ။ပြောချင် တာက ကိုထွန်းဆိုတဲ့လူတစ်ယောက်ရဲ့ ဈာပနမှာဘုန်းကြီးကလော်ကြီးနဲ့
အော်နေတယ် ပေတရာလမ်းနဘေးကလူတွေကလက်ခုတ်တီးနေတယ်။ 
အဲဒါဘာလဲ  . .ဟင်  . .။
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတဲ့စကားပုံကိုဖျက်ဆီးပစ်ကြ
တာလား အဲဒီမသာက မင်းတို့ရဲ့ နိုင်ငံရေးကစားကွက်မှာ စတေးခံလိုက်
ရတာလား ?
ကဲ  ..ရှု့ကြစမ်းပါဦး ၊ ဒီကိုထွန်းရဲ့အသုဘရှု့က လက်ခုတ်လက်ဝါးတီး
တဲ့ သင်္ကြန်ယိမ်းအဖွဲ့မဟုတ်ဘူးနော်  . .။ “ အသုဘပို့နေတာ” ကာယ
ကံရှင်တွေမှာ “ သေခွဲခွဲရတဲ့ ဒုက္ခအပူမီးကြီးလောင်မြို့က်နေချိန်မှာ နိုင်ငံ
ရေးအမြတ်ထုတ်တဲ့ ပွဲကြီးဖြစ်နေတယ်နော်  .. ။
အင်း  . .စာမတက်တဲ့ သူတွေနဲ့ စစ်ခွေးတွေနဲ့ အံကိုက်ပဲ ။ Key ကိုက်
ဖြစ်နေပြီ။ 
တို့တော့ ဘာပြောလို့ဘာဟောရမှန်းတော်မသိဖြစ်နေပြီ  .. ကွာ။
ကိုထွန်းရဲ့အသုဘရှု့က စစ်ခွေးလောဘီကြံ့ဖွတ်တို့ စွမ်းအားရှင်တို့အ
တွက် သင်္ကြန်ယိမ်းလှည့်သလိုဖြစ်နေတယ်နော်  . .
သြော်  . . ဖြစ်မှဖြစ်ရလေ  . . မန္တလေးရယ်  .. ။

ဂါထာပေးလို့ … တေးမဖြစ်စေချင် . .

အလင်းရှင်ဟူသည် ပါရမီကုသိုလ်တစ်ယောက်ပီပီ အားသည်နှင့် လိုင်း -
ကောင်းသည်နှင့် ဖေ့ဘွတ်စာမျက်နှာတွင် ကုသိုလ်စကားတို့ကိုမမောနိုင်
မပန်းနိုင်အောင် ပြောပြနေတက်သည်။ ဘ၀ကို ၀ဋ်ကျွေးအဖြစ်သဘော
ထားဘဲ ပါရမီအဖြစ်သာနှလုံးသွင်းဆင်ခြင်မိသည်။ထို့ကြောင့် အလင်းရှင်
အတွက် နံက်ခင်းတိုင်း တေးသီငှက်တို့ရဲ့ သံစဉ်အသစ်စက်စက်လေး -
တွေကို ကြားနေရတက်ပါသည်။
Photo: ဂါထာပေးလို့  … တေးမဖြစ်စေချင် . . 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥    
အလင်းရှင်ဟူသည် ပါရမီကုသိုလ်တစ်ယောက်ပီပီ အားသည်နှင့် လိုင်း -
ကောင်းသည်နှင့် ဖေ့ဘွတ်စာမျက်နှာတွင် ကုသိုလ်စကားတို့ကိုမမောနိုင်
မပန်းနိုင်အောင် ပြောပြနေတက်သည်။ ဘ၀ကို ၀ဋ်ကျွေးအဖြစ်သဘောမ
ထားဘဲ ပါရမီအဖြစ်သာနှလုံးသွင်းဆင်ခြင်မိသည်။ထို့ကြောင့် အလင်းရှင်
အတွက် နံက်ခင်းတိုင်း တေးသီငှက်တို့ရဲ့ သံစဉ်အသစ်စက်စက်လေး -
တွေကို ကြားနေရတက်ပါသည်။ 
ကဲ  . .အခုလည်း “နမော အဂ္ဂဿ” ဆိုတဲ့ ဂါထာလေးကို ဝေငှမိပါသည်။
ဒီဂါထာရဲ့သမိုင်းကြောင်းတွေကို ပြန်ပြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့
နှစ်(၁၀၀၀)တစ်ထောင်ကျော်လောက်ကို ပြန်သွားရလိမ့်မည်ဖြစ်သလို
ထိုဂါထာကိုပေးသော ပုဂံပြည်ရဲ့ နေတစ်ဆူလတစ်ပါး ရှင်မထီးဆရာ-
တော်ကြီးကိုလည်း ထုတ်ဖေါ်ရဦးမည် ။ နောက် ဒီဂါထာကို ရှင်မထီးဆ
ရာတော်ထံမှ အလင်းရှင်နှုတ်ဝယ်သို့ ယခုလိုရေးနိုင်အောင် လက်ဆင့် 
ကမ်း ပေးသနားချီးမြှင့်တော်မူခဲ့သော “ဘဒ္ဒန္တ ဉာဏောဘာသ” ဆရာ
တော်ဘုရားကြီးနှင့် “ဘဒ္ဒ န္တ သာသန” ဆရာတော်ဘုရားကြီးတို့ရဲ့ အထု
တ်ဇာတ်ကို နှုတ်မြွတ်ရခြေဦးတော့မည်။ 
ထိုသို့သော အဓိကရဆရာတော်ကြီးနှစ်ပါးရဲ့ သီတင်းသုံးရာနေရာ၊
ကြည်ညိုဖွယ်ရာ ရုပ်ပုံတော်မြတ်များကို ပူးတွဲတင်ပြပါကလည်း အလင်း
ရှင်အားစစ်ခွေးတွေက ခြေရာကောက်ကာ ထောင်ထဲသို့တစ်ဖန်ပြန်သွင်း
ပေဦးမည်။ ရိပ်ဖန်းသံဖမ်းလေးပြောခဲ့မယ်  .. 
ဘဒ္ဒန္ဆဉာဏောဘာသာဆရတော်ကြီးက နေပြည်တော်အဂ္ဂတောင်မှာ 
အဓိဋ္ဌာန်ဝင်ရင်း ရှင်မထီးဆရာတော်ကြီးကပေးခဲ့တာဖြစ်သလို ထိုအရှင်
ဘဒ္ဒန္တဉာဏောဘာသနှင့် ဘဒ္ဒန္တသာသနတို့ဟာ လိုင်းတူအကျင့်တူဆရာ
တော်များဖြစ်ပါတယ်။
ဒီထက်ပြောရပါရင်လည်း မိမိအတွက်လည်းလုံခြုံမှုကိုထားရပါသေးတယ်
စစ်ခွေးဆိုတာ ဘုရားလည်းဖျက်တယ်၊ စေတီလည်းဖျက်တယ်၊ သိမ်လဲ
ဖျက်တယ်။ သံဃာတော်တွေလည်းသတ်တယ်။ ကဲ  .. အခုစာရေးသူ
အလင်းရှင်ဆိုရင်တော့ အမှုတ်ထောင်းမှာသေခြာတယ်။
ဒါ့ကြောင့်  ဂါထာသမိုင်းနဲ့ ဆရာတော်များမှ အထက်ဝိဇ္ဇာကြီးများထံမှရ
ရှိပုံတို့ကို မြှုတ်နှံထားလိုက်ရခြင်းဖြစ်ပါသည်။ အကယ်၍ သင်တို့နှင့်
ထိုက်တန်ပါကလည်း ထိုဆရာတော်နှစ်ပါးကို ဖူးမြှော်နိုင်ဦးမည်ဖြစ်ပါ
သည်။ “လူထွင်းသော ခံတွင်းမဟုတ် နတ်ထွင်းသောခံတွင်း” ဖြစ်သော
ကြောင့်  .. သမဏေန သမဏော စကားအတိုင်း ၀ိဇ္ဇာအကျင့်ကိုကျင့်
သောသင့်အား ထိုဝိဇ္ဇာဆရာတော်များနှင့်တွေ့နိုင်ရန်အခွင့်အရေးသည်
အထူးကြောင့်ကြစိုက်ရန်မလိုပါ။
သာဓကဆောင်ရခြေသော်  . .
အလင်းရှင်သည် ယင်းဂါထာတော်တို့အား အလွယ်တကူပင်ရလာခဲ့ခြင်း
ဖြစ်သည် ။ ဆိုလိုသည်ကား  .  ၀ိဇ္ဇာမှန်လျှင် ၀ိဇ္ဇာနှင့်သာဆုံမည်။ ပြိတ္တာ
မှန်လျှင် ပြိတ္တာဖြင့်သာ ကြုံမည်။ 
ကဲ  ..  စာရှည်ပြီ။ ဂါထာကို တစ်နေ့ သုံးကြိမ် သက်စေ့ထက်တစ်ခေါက်ပို
ရွတ်လော့  .. . ။
Share ခြင်းဖြင့်ထပ်ဆင့်ကုသိုလ်ယူကြပါကုန်လော့  . .

သဘောပေါက် ..မပေါက်ရင် မင်းတို့ကြောတွေကို ကျည်ဆံတွေ ဖေါက်သွားလိမ့်မယ် .. နော်

သိတိုင်း .. ပြောလို့မရဘူး .. ကွ။
မြင်တိုင်း .. ပြလို့မရဘူး .. ကွ ။
ပြောတိုင်းလည်း .. မယုံနဲ့ .. ကွ။
ရှိတိုင်းလည်း . .မကြွားနဲ့ ..
ထိုတိုင်းလည်း . .. မနာနဲ့ ..
အလင်းရှင်းလို့ နာမည်ပေးကတည်းက အလင်းရောင်ကို ကိုယ်
တိုင်ဒိဋ္ဌဓမ္မမြင်ထားလို့ ပေးတာပေါ့ကွာ။
အာဏာရှင်နေ၀င်းသန်းရွှေသိန်းစိန် ဒီကောင်တွေလုပ်ကွက်မှန်
သမျှ ပိဋကတ်ထဲမှာ အကုန်ရှိတယ်။ ဒီလူမိုက်တွေရဲ့ မိုက်ကန်း
ပုံမိုက်ကန်းနည်းတွေ ပိဋကတ်ထဲမှာ ဘုရားက သာဓကဆောင်
ထားပြီးသားပါ။ ဒါ့ကြောင့် . .
အလင်းရှင် . . အထိုက်အလျှောက် သိတယ် .. . မြင်တယ် ..
နားလည်တယ် ..
သို့သော်လည်း စာဖတ်သူမှာ အသိဉာဏ်ကာရကတွေအားနည်း
နေရင် မသိတက်ဘူး။ဒါ့ကြောင့် .. အချို့ကိစ္စလေးတွေ မှာ
အလင်းရှင် ဒီရက်ထဲ နှုတ်ဆိတ်နေတာပါ။
စစ်ခွေးတွေရဲ့ မွတ်ဆလင်ဘင်္ဂါလီဂိမ်းမှာ ဗမာတစ်ယောက်နဲ့
ကုလားတစ်ယောက်တော့ ရခဲ့တဲ့လူ့ဘ၀ကိုစွန့်ခွာသွားခဲ့ရရှာတယ်။
စိတ်မကောင်းဘူးကွာ။
Photo: သဘောပေါက်  ..မပေါက်ရင် မင်းတို့ကြောတွေကို
ကျည်ဆံတွေ ဖေါက်သွားလိမ့်မယ်  .. နော်
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
သိတိုင်း  .. ပြောလို့မရဘူး  .. ကွ။
မြင်တိုင်း  ..  ပြလို့မရဘူး  .. ကွ ။
ပြောတိုင်းလည်း  ..  မယုံနဲ့  .. ကွ။
ရှိတိုင်းလည်း  . .မကြွားနဲ့  .. 
ထိုတိုင်းလည်း  . .. မနာနဲ့  .. 
အလင်းရှင်းလို့ နာမည်ပေးကတည်းက အလင်းရောင်ကို ကိုယ်
တိုင်ဒိဋ္ဌဓမ္မမြင်ထားလို့ ပေးတာပေါ့ကွာ။
အာဏာရှင်နေ၀င်းသန်းရွှေသိန်းစိန် ဒီကောင်တွေလုပ်ကွက်မှန်
သမျှ ပိဋကတ်ထဲမှာ အကုန်ရှိတယ်။ ဒီလူမိုက်တွေရဲ့ မိုက်ကန်း
ပုံမိုက်ကန်းနည်းတွေ ပိဋကတ်ထဲမှာ ဘုရားက သာဓကဆောင်
ထားပြီးသားပါ။ ဒါ့ကြောင့်  . . 
အလင်းရှင်  . . အထိုက်အလျှောက် သိတယ်  .. . မြင်တယ်  .. 
နားလည်တယ်  ..  
သို့သော်လည်း စာဖတ်သူမှာ အသိဉာဏ်ကာရကတွေအားနည်း
နေရင် မသိတက်ဘူး။ဒါ့ကြောင့်  .. အချို့ကိစ္စလေးတွေ မှာ
အလင်းရှင် ဒီရက်ထဲ နှုတ်ဆိတ်နေတာပါ။
စစ်ခွေးတွေရဲ့ မွတ်ဆလင်ဘင်္ဂါလီဂိမ်းမှာ ဗမာတစ်ယောက်နဲ့
ကုလားတစ်ယောက်တော့ ရခဲ့တဲ့လူ့ဘ၀ကိုစွန့်ခွာသွားခဲ့ရရှာတယ်။
စိတ်မကောင်းဘူးကွာ။
သေဆုံးခြင်းဆိုတဲ့ အနိဋ္ဌာရုံဟာ  ..  အဟိတ်တရိစ္ဆာန်လေးတွေကို
တောင်မှ မြင်ရတာ မသက်သာဘူးနော်  ..  လူတွေဆိုတော့ပိုခံစားရ
တာပေါ့။ 
ဒီလိုသာ တိုင်းပြည်ကို ဆူပူအောင်ဖန်တီးနေဦးမယ်ဆိုရင်  . ..  စစ်ခွေး
တွေရဲ့ သမိုင်းစာမျက်နှာမှာ စကာလုံးအဖြူတောင်ရှိပါ့မလား။
https://www.facebook.com/photo.php?fbid=535022999957898&set=a.153025728157629.30701.100003506093022&type=1
အသုဘရှု့တဲ့ ပွဲက ၊ သင်္ကြန်းယိမ်းအကလို ပျှော်ရွှင်နေပုံဟာ ကာယကံ
ရှင်မိသားစုများအတွက် တစ်ပူထက်နှစ်ပူပေါ့နော်  .. ။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget