.

AlinShin

Sunday, July 20, 2014

နွားအိုကမျက်နုလိုက် ၊ခရိုနီကမော်ဒယ်ဖိုက်

သတင်းနဲ့အလင်းပေးတာ ၊ အတင်းရေးတာမဟုတ်။ရခဲတဲ့လူ့ဘ၀မှာ ပြည်
သူပြည်သားတွေအတွက် အပ္ပမာဒစကားတွေဝေငှတာပါ။ သဒ္ဒါဝေါဟာရ
မတူညီတော့သော ခေတ်ရေစီးကြောင်းပေါ်မှာ အတ္ထောအနက်တော့တူမျှ
နေအောင်တော့ ကြိုးစားပါတယ်။
ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်ကရယူဖို့ပေးလိုက်ရတဲ့အချိန်၊ ပူးတွဲစပ်ချုပ်
ရတဲ့ နာရီတွေနဲ့ အခုလိုရေးသားရတဲ့ စကားလုံးတွေအတွက် စားရေးသူ
တစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို စာဖတ်သူအတွက်ပေးဆပ်
လိုက်ရတယ်ဆိုတာလောက်များသဘောပေါက်မိရင် စာရေးသူအတွက်
ရေးသားဝေငှရမှုအကျိုးကျေးဇူးရှိသည်ဟု ယုံကြည်မိပါသည်။
Sexy တွေ ချက်စီတွေဆိုတဲ့ “တဏှာအရည်ထွက်ဖို့” စာရေးသူမရည်ရွယ်
ပါ။သန်းခြောက်ဆယ်ရဲ့ နံက်ခင်းမှာ ဘယ်လောက်“အတိဒုက္ခ”ရောက်နေ
သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်စေတက်ဖို့ ငါးစားငါးညှီနံ့များ
ပေးမိတယ်ဆိုရင်တော့ ငြင်းမနေတော့ပါဘူး။ 
Photo: နွားအိုကမျက်နုလိုက် ၊ခရိုနီကမော်ဒယ်ဖိုက်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ 
သတင်းနဲ့အလင်းပေးတာ ၊ အတင်းရေးတာမဟုတ်။ရခဲတဲ့လူ့ဘ၀မှာ ပြည်
သူပြည်သားတွေအတွက် အပ္ပမာဒစကားတွေဝေငှတာပါ။ သဒ္ဒါဝေါဟာရ
မတူညီတော့သော ခေတ်ရေစီးကြောင်းပေါ်မှာ အတ္ထောအနက်တော့တူမျှ
နေအောင်တော့ ကြိုးစားပါတယ်။
ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်ကရယူဖို့ပေးလိုက်ရတဲ့အချိန်၊ ပူးတွဲစပ်ချုပ်
ရတဲ့ နာရီတွေနဲ့ အခုလိုရေးသားရတဲ့ စကားလုံးတွေအတွက် စားရေးသူ
တစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို စာဖတ်သူအတွက်ပေးဆပ်
လိုက်ရတယ်ဆိုတာလောက်များသဘောပေါက်မိရင် စာရေးသူအတွက်
ရေးသားဝေငှရမှုအကျိုးကျေးဇူးရှိသည်ဟု ယုံကြည်မိပါသည်။
Sexy တွေ ချက်စီတွေဆိုတဲ့ “တဏှာအရည်ထွက်ဖို့” စာရေးသူမရည်ရွယ်
ပါ။သန်းခြောက်ဆယ်ရဲ့ နံက်ခင်းမှာ ဘယ်လောက်“အတိဒုက္ခ”ရောက်နေ
သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်စေတက်ဖို့ ငါးစားငါးညှီနံ့များ
ပေးမိတယ်ဆိုရင်တော့ ငြင်းမနေတော့ပါဘူး။ 
• တဏှာကြိုက်တဲ့ . . . ငမိုက်တွေရယ် . . . 
• သြော် . တဏှာလိုက်တဲ့ . . ငမိုက်တွေရယ်  .. 
• မိုက်မပြေ  ..  နိုင်ရှာကြသေး  .. ။
• တဏှာပူးတဲ့  . . အရူးတွေ  .. 
• သြော်  .. တဏှာပူးတဲ့  ..အရူးတွေရယ်  .. . .
• အရူးမပြေ  ..  နိုင်ကြသေး  . .. 
• တဏှာဖမ်းတဲ့  . . အကဏ်းတွေရယ်  .. 
• သြော်  .. တဏှာဖမ်းတဲ့ အကဏ်းတွေရယ်  .. 
• လမ်းမမြင်နိုင်ကြ သေး  ..  . ။
ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ တေးထပ်အတိုင်း  .  စာရေးသူ
အလင်းရှင်သည်စာဖတ်သူများအတွက် . . 
• တဏှာကြိုက်ဖို့ ရေးသည်မဟုတ်  . ။
• တဏှာနောက်လိုက်ဖို့ တွေးချသည်မဟုတ်  .. ။
• သံသရာစက်ဒုက္ခချားရဟတ်မှာ အာဏာရူးအဆက်ဆက်တို့ကြောင့်
• ကုသလနဲ့သုခကိုသိခွင့်မသာခဲ့ကြသော သန်းခြောက်ဆယ်အတွက်
• စကားအပ္ပမာဒသာဖြစ်ပါတယ်။
ကဲ  ..  အလင်းရှင်စကားရှည်နေမည်ကိုစိုးသည်၊ထို့ကြောင့် အောက်ပါ
လင့်တွင် ၀င်ကြည့်ခြင်းဖြင့် သန်းခြောက်ဆယ်ရဲ့ဘ၀နှင့် ခရိုနီတစ်
ယောက်မော်ဒယ်မလေးကိုကိုက်ခါ လကမ္ဘာကိုချီဦးမယ်ဆိုတာဟာ
အတင်းများအလင်းများလားလို့ ဆုံးဖြတ်ပေးလိုက်ကြပါဦး  .. 
ဖတ်ရှု့ရန်လင့်  .. . 
http://aungminkhoung.blogspot.com/2014/07/blog-post_4376.html
█ ░ အလင်းရှင် ░ █
Shareခြင်းဖြင့် အလင်းဒါနကုသိုလ်ယူနိုင်ကြပါသည်

လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်း ကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။

Photo: လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော
Wednesday, June 11, 2014

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက ဒေါ်လာ ၁၅ သန်း (မြန်မာကျပ်ငွေ ၁၅ ဘီ လီယံခန့်) ကုန်ကျမည် ဖြစ်သည်။ဇွန်လ ၉ ရက်သည် သရုပ်ဆောင် ချမ်းမီမီကို၏ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ် သည့်အတွက် ယင်းနေ့တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ချမ်းမီမီကို နှင့် ဦးစိုးထွန်း ရှိန်တို့၏ ချစ်သူသက်တမ်း သုံးနှစ်ခွဲတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ပျားရည်ဆမ်းခရီးအနေနဲ့ လကမ္ဘာကိုသွားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တိတိကျကျပြောလို့ မရသေးပါဘူး။ ဂျပန်နိုင်ငံကို သူတို့အရင်သွားမယ်။ ပြီးရင် ဘန်ကောက်၊ လန်ဒန်၊ သြစတြေးလျ၊ အမေရိ ကန်နဲ့ ရုရှနိုင်ငံတွေကို သွားမယ်။ (လကမ္ဘာ)ကိုသွားရင် အစားအသောက်ပိုင်းတွေ၊ စာရင်းသွင်းရတာတွေ ကအစ တန်းစီပြီး စောင့်ရပါတယ်” ဟု ယင်းမင်္ဂလာပွဲ၏ wedding planner အဖြစ် ဆောင်ရွက်ခဲ့သည့် နဒီစိုးက ပြောသည်။

၎င်းတို့စုံတွဲသည် လကမ္ဘာပျားရည်ဆမ်းခရီးတွင် ကုန်ကျမည့် ကုန်ကျစရိတ်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ သန်း (မြန်မာကျပ်ငွေ ၂၅ ဘီလီယံ) ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အာကာသ ခရီးသည် ကိုးဦးရှိပြီး ပထမဆုံးခရီးသည်သည် အမေရိကန်နိုင်ငံသား ဒန်းနစ်တီတို (Dennis Tito) ဆိုသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်မှ မေလ ၆ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လည်ပတ် ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ကုန်ကျခဲ့သည်။

နောက်ဆုံးခရီးသည်ဖြစ်သည့် ကနေဒါနိုင်ငံသား ဂီလာလီဗယ်တေ (Guy Lali-berte) ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၁ ရက်ကြာသွားရောက်ခဲ့ပြီး အမေရိကန် ဒေါ် လာ သန်း ၄၀ ကုန်ကျခဲ့သည်။

၁၀ ရက်မှ ရက်ပေါင်း ၆၀ ကြာ အာကာသခရီးစဉ်တစ်ခုအတွက် လက်ရှိ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၂၅ သန်းမှ ၃၆ ဒသမ ၇၅ သန်း ကုန်ကျလိမ့် မည်ဟု အမေရိကန်နိုင်ငံ လားစ်ဗီးဂပ်စ် အခြေစိုက် Bigelow Aerospace ကုမ္ပဏီ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းခရီးစဉ်များကို ရုရှပြည်ထောင်စု အာကာသအေဂျင်စီ(Roscosmos)၊ ရုရှ အခြေစိုက် အာကာသယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေးကုမ္ပဏီ RSC Energia နှင့် Space Adventures ကုမ္ပဏီတို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အာကာသအတွင်းသို့ ခရီးသည်များပို့ဆောင်ပေးခြင်းလုပ်ငန်းကို ရပ်တန့်လိုက်ပြီဟု ၂၀၁၀ပြည့် နှစ် မတ်လ အစောပိုင်းတွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာကာသခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ရုရှနိုင်ငံမှ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့် မှန်းထားသည်။ ယင်းခရီးစဉ်ကို သွားရောက်မည် ဆိုပါက ခြောက်လကြာ လေ့ကျင့်မှုသင်တန်းကို တက် ရောက်ရ မည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

ပုံစာအညွှန်း - ဇွန်လ ၉ ရက် Sule Shangrila ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဦးစိုးထွန်းရှိန်။ ဓာတ်ပုံ - လွင်မောင်မောင်

Mizzima

အလင်းရှင်

အာဇာနည်အတွက်အမှတ်တရ . .

Photo: အာဇာနည်အတွက်အမှတ်တရ . . 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ 
သြော်  ..  ငါတို့ ဗမာပြည်မယ်  .. မိဘတိုင်းကကွယ် ၊
ငသန်းရွှေလို ၊ လူပြိတ္တာတွေ မမွေးကြဖို့ရယ်  .. .
တန့်ဒူနန့်ဒူ့နန့်  ..  ငါတို့ဗမာပြည်ဝယ်  .. မိဘတိုင်းကကွယ်၊
ငသိန်းစိန်လို လူ့ငနွားတွေ မမွေးကြဖို့ရယ်  .. .
တန့်တူ့နန့်နန့်  ..  ငါတို့ဗမာပြည်မယ်  မိဘတိုင်းကကွယ်  . 
ဂဠုန်ငစောလို  ..  လူ့ငနွားမမွေးကြဖို့ရယ်  .. . 
ဘဒ္ဒန္တကောဝိဒ

ဥသျှစ်သီးကျွေကျတာကိုတော့ ကမ္ဘာပျက်ပြီလိုမပြောမိစေနဲ့

Photo: ဥသျှစ်သီးကျွေကျတာကိုတော့ ကမ္ဘာပျက်ပြီလိုမပြောမိစေနဲ့
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
မန္တလေးမုဒိန်းပြဿ နာက လိမ်စဉ်ကြီးဖြစ်ကြောင်း
ပြည်ထဲရေးက သတင်းထုတ်ပြန်လိုက်ပြီ။
ကဲ .. ပြည်တွေရေ ..
အပ္ပမာဒတော့ လက်မလွှတ်မိကြစေနဲ့လို့
သတိပေးရင်း .. ဒီမှာသာဝင်ဖတ်ကြည့်ပေတော့။
ဒါ့ကြောင့် ..
အများက ကုလားကုလားလို့အော်တိုင်းလည်း မအော်မိစေနဲ့
အများက တရုတ်တရုတ်လို့ညှော်တိုင်းလည်းအညှော်မခံမိစေနဲ့
ဗာရဏသီပြည်တောအုပ်ထဲကလို ဥသျှစ်သီးကျွေကြတာကို
ကမ္ဘာပျက်ပြီလိုမပြောမိကြပါစေနဲ့ ..
ဒါ့ကြောင့် အလင်းရှင်သတင်းတွေတွေ့တိုင်း ရမ်းမ Like ပါဘူး
ဟုတ်သည်မဟုတ်သည် ၊ အကြောင်းအကျိုးကို ကိုငဲ့ပြီးမှသာ
လျှင် Like ပါတယ်။
http://aungminkhoung.blogspot.com/2014/07/blog-post_20.html
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

မိဘပြည်သူများ ခင်ဗျာ . . . .

လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ ပြောနေတာဟာ မေတ္တာဝါဒီကို
ရည်ညွှန်းတာပါ။ လူဖြစ်လာရင် ထိုလူဖြစ်လာတဲ့အတွက် လူတစ်ယောက်
ရဲ့အခွံင်းအရေးဆိုတာရှိကိုရှိရပါလိမ့်မယ်။
ထိုလူနဲ့ယှဉ်တွဲနေထိုင်သော တရိစ္ဆာန်တွေအတွက်လည်းပဲ အခွင့်အရေး
ဆိုတာရှိရမှာပါပဲ။ ဒါမေတ္တာကိုရည်ညွှန်းတာပဲ။ ဒီလိုနားလည်တဲ့အဖွဲ့အစည်း
ကို မေတ္တာဝါဒီအဖွဲ့အစည်းလို့ သမုတ်လို့ရတယ်။
အဲလိုမှမဟုတ်ဘဲ . .. 
Photo: မိဘပြည်သူများ ခင်ဗျာ . . . .
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ 
လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ ပြောနေတာဟာ မေတ္တာဝါဒီကို
ရည်ညွှန်းတာပါ။ လူဖြစ်လာရင် ထိုလူဖြစ်လာတဲ့အတွက် လူတစ်ယောက်
ရဲ့အခွံင်းအရေးဆိုတာရှိကိုရှိရပါလိမ့်မယ်။
ထိုလူနဲ့ယှဉ်တွဲနေထိုင်သော တရိစ္ဆာန်တွေအတွက်လည်းပဲ အခွင့်အရေး
ဆိုတာရှိရမှာပါပဲ။ ဒါမေတ္တာကိုရည်ညွှန်းတာပဲ။ ဒီလိုနားလည်တဲ့အဖွဲ့အစည်း
ကို မေတ္တာဝါဒီအဖွဲ့အစည်းလို့ သမုတ်လို့ရတယ်။
အဲလိုမှမဟုတ်ဘဲ  . .. 
• ဘုရားအသားရေတော်ခြုံလွှမ်းထားရုံမျှ
• စေတီပုထိုးရှေ့ ပုတီးထိုင်စိတ်နေရုံမျှ 
• ရိပ်သာထိုင် တရားဆိုင်နေရုံမျှ 
• မိဘပြည်သူများခင်ဗျာ  ..  ဟုရုပ်မြင်သံကြားကပြောနေရုံမျှ
ပီသသောလူ့အဖွဲ့အစည်းဝင်တစ်ယောက်မဟုတ်နိုင်ပါဘူး။
ဒီအကြောင်းအ၇ာနဲ့ပတ်သတ်လို့လည်း ပိဋတကက်မှာ ဘုရား
ရှင်ပြောခဲ့တာတွေ အောတိုက်ပါ။ အခုပေးထားသောလင့်တွင်
ဝင်ဖတ်နိုင်ပါသည်။
http://aungminkhoung.blogspot.com/2014/07/blog-post_4308.html

ရိုးသားခြင်းတရား၏ နောက်ကွယ်

ငါ ကိုရင်အရွယ်ဘ၀က ရွာကိုပြန်ရင် ရွာကလူတွေကမေးကြတယ်။
“ ကိုရင် ”
“ ဒီနှစ်စာမေးပွဲအောင်လား”

“ဟင့်အင်း ” “ အောင်ဘူး ”
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ

“ဒီကိုရင်ကတော့လေ”
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။
Photo: ရိုးသားခြင်းတရား၏ နောက်ကွယ်
◄►✂•••× ✂•••× ◄►✂•••×✂•
ငါ ကိုရင်အရွယ်ဘ၀က ရွာကိုပြန်ရင် ရွာကလူတွေကမေးကြတယ်။
“ ကိုရင် ”  
“ ဒီနှစ်စာမေးပွဲအောင်လား”

“ဟင့်အင်း ” “ အောင်ဘူး ” 
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ

“ဒီကိုရင်ကတော့လေ” 
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။

အဲဒီတုန်းကတော့ ငါ့ဦးရီးတော်ပြောတာ အမှန်လို့ထင်ခဲ့မိတယ်။ 
အခုလိုအရွယ်ရောက်လာတော့မှ  .. 
“ သြော် ” “ ငါဟာ”
“အမှန်တရားကိုဖုံးကွယ်ထားခြင်းကိုအလိုမရှိသော သစ္စာသမားတစ်ယေက်”
ပါလားရယ်လို့ မိမိရဲ့ပွင့်လင်းရိုးသားမှုကို ကြည်ညိုတက်ခဲ့ပါတယ်။
ပြောချင်တာကတော့  . . 
ဒီကနေ့အထိ မြန်မာနိုင်ငံရေးသမိုင်းမှာ အဲလို အမှန်တရားကိုလိုလားသူတွေ
အုပ်ချုပ်ခွင့်မရခဲ့လို့ မြန်မာနိုင်ငံဟာ  ..  သူဆင်းရဲနိုင်ငံဖြစ်နေရတာပါပဲ။
ခေါင်းဆောင်တွေဟာ လိမ်နေတယ် ညာနေတဲ့အပြင် ပြည်သူတွေလုပ်ကိုင်
စားသောက်နေတဲ့ လယ်ယာမြေတွေကိုပါ “တပ်ပိုင်” “ခရိုနီပိုင်” အဖြစ်သိမ်း
ယူနေတာတွေဟာ ခိုးခြင်း(၂၅)ပါးထဲက “ကဗျည်းပြောင်း၍ခိုးခြင်းပဲ” 
တကယ်တော့ ခိုးတာတင်မကပါဘူး ဓားပြတိုက်သလိုပါပဲ။
ဒီတော့က ဒီလိုဟိရိသြတ္တပ္ပတရားတွေမရှိတဲ့ ကောင်တွေ ကြီးစိုးမင်းမူနေမှ
တော့  . .. 
• ဘုရားစေတီတွေလည်း ဖျက်တော့တာပဲ
• သံဃာတော်တွေကိုလည်း သတ်တော့တာပဲ
• ကျောင်းသားပြည်သူလူထုတွေကိုလည်း သတ်တော့တာပဲ
ဒါ့ကြောင့် ထိုကဲ့သို့ သစ္စာမဲ့သော အရှက်အကြောက်ကင်းမဲ့သောအာဏာရှင်
လူတစ်စုတို့ ပျက်ဆီးမှသာလျှင် အနာဂါတ်မြန်မာနိုင်ငံတော်နှင့်ဗုဒ္ဓဘာသာ
သာသနာတော်ကြီးသည် နေလိုလလိုထွန်းကားမည်ဆိုတာကို  .. ဘယ်သူ
ငြင်းရဲပါသနည်း။
ကဲ  . .. 
ပိဋကတ်မြန်မာပြန်များဖတ်ရှု့လို့ပါက အောက်ပါလင့်တွင်ဝင်ဖတ်ပါဒေါင်းပါ။
http://aungminkhoung.blogspot.com/2014/05/blog-post_7909.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျဉ်တိုက်၊ 
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်

သံဃာတော်တွေကိုလည်း . .. ဂိုဏ်းခွဲ ..

Photo: သံဃာတော်တွေကိုလည်း . ..  ဂိုဏ်းခွဲ  .. 
ကျောင်းသားကိုလည်း . . . မိုင်းခွဲ  ..  .
လယ်သမားကိုလည်း  . . .လယ်ဖြဲ .. . 
သဘင်သည်များကိုလည် . . . .ဇာတ်ခေါင်းခွဲ  .. .
ကဲ  .. . .
အာဏာရူးစစ်ခွေးကြံ့ဖွတ်တို့ရေ  .. 
နော်ထပ်ခွဲဖို့ကတော့  .. 
မင်းတို့ဘဘကြီးနေတဲ့ နေပြည်တော်ကြီးပဲကျန်တော့မယ်။
█ ░ အလင်းရှင် ░ █
သံဃာတော်တွေကိုလည်း . .. ဂိုဏ်းခွဲ ..
ကျောင်းသားကိုလည်း . . . မိုင်းခွဲ .. .
လယ်သမားကိုလည်း . . .လယ်ဖြဲ .. .
သဘင်သည်များကိုလည် . . . .ဇာတ်ခေါင်းခွဲ .. .
ကဲ .. . .
အာဏာရူးစစ်ခွေးကြံ့ဖွတ်တို့ရေ ..
နော်ထပ်ခွဲဖို့ကတော့ ..
မင်းတို့ဘဘကြီးနေတဲ့ နေပြည်တော်ကြီးပဲကျန်တော့မယ်။
█ ░ အလင်းရှင် ░ █

၁ဝ နှစ်သမီးကို အစာအငတ်ထားတဲ့ မွေးစားဖခင်ကို ထောင် ၃ နှစ်ချ

မွေးစားဖခင်တယောက်ဟာ ၁ဝ နှစ်အရွယ် ကျောင်းသူတဦးကို အစာ အငတ်ထားတာ အပြစ်ရှိကြောင်း သိသာထင်ရှားလို့ ဗြိတိန်နိုင်ငံ Minshull Street Crown တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ် လိုက် ပါတယ်။ 

Minshull Street Crown  တရားရုံး၊ ဓာတ်ပုံ- Google Street View

မိသားစုက အသားငါးတွေ စားနေချိန်မှာ မွေးစားသမီး ကျောင်းသူလေးဟာ သူတို့တွေနဲ့ အတူစားခွင့်လည်း မရှိခဲ့သလို စားရတော့လည်း အာလူးပြုတ် လောက်ပဲ ကျွေးခဲ့တာကို စားခဲ့ရပါတယ်တဲ့။ ဒီအပြင်  အခု 
ထောင်ဒဏ်ပေးခံလိုက်ရတဲ့ အသက် ၃၂ နှစ် အရွယ် မွေးစား ဖခင်ကလည်း သူ့ကို နှိပ်စက်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ 

၂ဝ၁၃ ခုနှစ် က ရေချိုးခန်း ကြမ်း ပြင် ကျွံကျသွားလို့ အတော်လေး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တဲ့ ၁ဝ နှစ်အရွယ်ကျောင်းသူလေးကို အရေးပေါ် လူနာ တင်ယာဉ်နဲ့ ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ 

မွေးစားသမီးလေး ဆေးရုံရောက်မှ ဆရာဝန်တွေက ကလေးမလေးမှာ အတော်ပဲ အာဟာရချို့တဲ့နေပြီး ဝမ်းဟောက်ပက် ဖြစ်နေတာကို တွေ့ရှိခဲ့တာပါဘဲတဲ့။ 

တရားရုံး ကြားနာမှုမှာ သူ့ရဲ့ အိမ်တွင်းဘဝ လျှို့ဝှက်ချက်အသေးစိပ်ကို ထိမ်းသိမ်းခဲ့မယ်ဆိုရင် ၁၀ နှစ် သမီးလေးရဲ့ အမေ ဖြစ်သူကတော့ နေ့တိုင်း အစာကျွေးမှာပါလို့ ကတိပေးပြီး ပူတင်းနဲ့ တခြားအာဟာရ ရှိတာတွေလည်း ကျွေးပါမယ် တဲ့။ 

မွေးစားသမီးလေးဟာ အခြား မောင်နှမတွေ ဆော့ကစားကြတဲ့ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေကိုလည်း ယူကစားခွင့် မရ ပါ ဘူးတဲ့။ အစားအသောက် စားရာမှာတင် ခွဲခြားထားတာ မဟုတ်ပဲ မိသားစုထဲမှာပါ အစစအရာရာ ခွဲခြားဆက်ဆံခံခဲ့ရ တာ လို့ ဆိုပါတယ်။ 

 မွေးစား သမီးလေးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ခွဲခြား နှိပ်စက်ခြင်းတွေကို တအိမ်ထဲနေမိသားစုတွေက လုပ်ဆောင်ခဲ့တာဟာ အတော်ဝမ်းနည်ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပဲလို့ အဲဒီအမှုကို ကိုင်တွယ်တဲ့ စုံထောက်ကလည်း မှတ်ချက်ပေးထားပါတယ်။ 

အခုလို အိမ်တွင်း ခွဲခြားမှု၊ အစာအငတ်ထားမှုတွေရဲ့ အဓိက တရားခံ ဖြစ်သူ မွေးစားဖခင်ကို ထောင်ဒဏ် ၃ နှစ်အပြစ် ပေးတယ်လို့ တရားရုံးက အမိန့်ချပြီးနောက်မှာတော့ မွေးစားသမီးလေးဟာ သူ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ ချစ်ခင်နွေးထွေး တဲ့ ပတ်ဝန်းကျင်မှာ အစာအဟာရလည်း အပြည့်စားရမယ့် ရပ်ဝန်းမှာ ရောက်ရှိနေပါပြီလို့ သတင်းက ဆိုပါတယ်။ 

ဒီသတင်းဟာ ယဉ်ကျေးတဲ့ လူ့ဘဝကြီးထဲမှာ မယဉ်ကျေးတဲ့ အိမ်တွင်း လူအများ မမြင်နိုင်တဲ့ နေရာတွေ မှာ ခွဲခြားမှုနဲ့ လူ မဆန်စွာ ပြုမူမှုတွေကို ဖော်ညွှန်းနေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ် ဆိုးမျိုးတွေ မရှိစေရေး အသိစိတ်နဲ့ ကာကွယ်တားဆီး ကြဖို့ လိုပါတယ်။

အိမ့်သံစဉ် ~
http://blog.irrawaddy.org/2014/07/blog-post_2412.html

မန္တလေး ပဋိပက္ခစတင်စေခဲ့သည့် မုဒိန်းမှုသည် လိမ်ညာတိုင်တန်းမှုဟု အစိုးရ သတင်းထုတ်ပြန်

ဇူလိုင်လ ၁ ရက်နေ့ညက စတင်ဖြစ်ခဲ့တဲ့ မန္တလေး ပဋိပက္ခကို ဖြစ်ပွားစေခဲ့တဲ့ မွတ်စလင်အမျိုးသား ၂ ဦး က ပြုကျင့်တယ်ဆိုတဲ့ မုဒိန်းမှုဟာ တရားလို လုပ်သူအမျိုးသမီးရဲ့ လိမ်ညာ တိုင်တန်းမှု ဖြစ်တယ် လို့ 
ပြည်ထဲရေး ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ 

သတင်းအပြည့်အစုံကို ပြည်ထဲရေး ဝန်ကြီးဌာနက ဖော်ပြချက်အတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။ 

MH 17 လေယာဉ် ပစ်ချမှုမှာ အဓိက လက်သည်ဟု ဆိုသူ

ယူကရိန်းနိုင်ငံမှာ တနေ့က ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်း MH 17 လေယာဉ် ကို ပစ်ချမှုမှာ အဓိက လက်သည်လို့ သံသယဖြစ်ခံရသူကတော့ ရုရှားသမ္မတ ပူတင်နဲ့ အချိတ်အဆက်ရှိတဲ့ ဗြိတိန် ကျောင်းသားတဦးဖြစ်တယ်လို့ သိရပါတယ်။ 

 Beness Aijo ဆိုသူ (အလယ်) ၊ ဓာတ်ပုံ- The Mirror

အသက် ၂၉ နှစ်ရှိ Beness Aijo ဆိုတဲ့ ဗြိတိန်ကျောင်းသားကို လပ်ဗီးယား လုံခြုံရေးတပ်ဖွဲ့တွေ က အလွန် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ပြီး နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ The Mirror သတင်း တပုဒ် မှာ ရေးပါတယ်။ 

အပြစ်မဲ့တဲ့ လူပေါင်း ၂၉၈ ဦး သေဆုံးစေခဲ့တဲ့ မလေးရှား လေယာဉ် MH 17 ကို ပစ်ချခဲ့တဲ့ ယူကရိန်း အရှေ့ ဘက် ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးသမား စစ်သွေးကြွအုပ်စုရဲ့ အဓိက ဇာတ်ကောင်လို့ လည်း သိရပါ တယ်။ 

သူဟာ ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွခေါင်းဆောင် Igor Girkin နဲ့လည်း အနီးကပ်ဆက်ဆံရေး ရှိပါတယ် တဲ့။ 

Aijo နဲ့ ရုရှား တာဝန်ရှိသူတဦး  Kovelenko 
Beness Aijo ဟာ လန်ဒန်ကောလိပ်တခုကနေ မိုက်ခရို ဇီဝဗေဒဘာသာရပ်ကို လေ့လာခဲ့သူဖြစ်ပြီး 
aနာက် ပိုင်းမှာ လန်ဒန် ဟီသရိုးလေဆိပ်၊ တာမင်နယ် အမှတ် ၂ မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါ တယ်တဲ့။ 

Beness Aijo ဟာ ဗြိတိန်ကနေ ထွက်ခွာသွားခဲ့တာ ၆ နှစ်လောက်ရှိပြီး ယူကရိန်းနိုင်ငံ ခရိုင်းမီးယား အရေးဖြစ်တုန်းက စီးနင်းမှုမှာ ပူတင်လိုလားသူ ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွ အဖွဲ့နဲ့ ပူးပေါင်းပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွများ ခရိုင်းမီးယားကို တိုက်ခိုက်စီးနင်းအပြီး သူတို့ရဲ့ တင့်ကား တစီး နဲ့ နောက်ခံရိုက်ထားတဲ့ Aijo

MH 17 လေယာဉ်ပစ်ချမှုဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ Beness Aijo က သူ့ဖေ့စ်ဘုတ်စာမျက်နှာ မှာ တော်
တော် မိုက်ရိုင်းတဲ့ ယူကရိန်းအစိုးရရဲ့ လုပ်ရပ်လို့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လုပ်ရပ်ကို လမ်းလွှဲတဲ့ အနေနဲ့ ပို့စ် တင်ခဲ့ပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပျက်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ရုရှားလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက ဖျောက်ဖျက်ဖို့ လုပ်နေတဲ့သတင်းတွေ ဆက်တိုက်ထွက် လာနေပါတယ်။ 

ယူကရိန်းခွဲထွက်ရေးသမားများနဲ့ လေယာဉ်ပျက်က ကျန်ရှိပစ္စည်းတချို့
ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက ခရီးသည်တွေရဲ့ အလောင်းတွေ၊ ပစ္စည်းတွေ၊ လေယာဉ်ပျက် အပိုင်း အစတွေကို စုံစမ်းရေးသမားတွေ လာတဲ့အခါ အဖြေမှန်မထွက်ရေး၊ ရှုပ်ထွေးမှုတွေ ဖြစ်သွားအောင် မူလ အနေ အထားတွေပျက်ယွင်းအောင် လုပ်နေပြီး ဒီကိစ္စအပေါ် ဥပရောပနိုင်ငံတွေနဲ့ နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ 

အိမ့်သံစဉ် ~
http://blog.irrawaddy.org/2014/07/mh-17_20.html

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget