.

AlinShin

Monday, November 3, 2014

စင်္ကာပူမှာ နာမည်ပျက်နေတဲ့ဆိုင်

စင်္ကာပူမှာ ဈေးဝယ်ရင် နာမည်ပျက်တဲ့ဆိုင်တွေမှာ မဝယ်မိဖို့ လိုပါလိမ့်မယ်။
လောလောဆယ် မီဒီယာမှာ ရေးနေကြတဲ့ ဆိုင်တဆိုင်အကြောင်း ဖောက်သည်ချလိုက်ပါတယ်။
 
  • ဆိုင်ပိုင်ရှင် Jover Chew ဓာတ်ပုံကို  The New Paper ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ (PHOTOS: The New Paper)

Sim Lim Square မှာ ရှိတဲ့ တယ်လီဖုန်းရောင်းတဲ့ဆိုင်ပါ။ ဆိုင်နာမည်က Mobile Air ဖြစ်ပါတယ်။

တရုတ်ပြည်က ကျောင်းသူတယောက်က အဲဒီဆိုင်မှာ iPhone 6 Plus ကို စင်္ကာပူဒေါ်လာ ၁,၆ဝဝ ပေးဝယ်ခဲ့တယ်။
ပိုက်ဆံပေးလိုက်ပေမယ့် ဖုန်းက လက်ထဲ ရောက်မလာဘူး လို့ ဆိုတယ်။

ဆိုင်က  အာမခံကြေး ၂,၄ဝဝ ထပ်တောင်းပါတယ် တဲ့။
ငြင်းခုန် ဈေးဆစ်အပြီးမှာ အာမခံကြေး ၁,၄ဝဝ ဆိုတာကို ပေးမှ ဖုန်းက လက်ထဲ ရောက်တယ်။ (ဆိုင်ရှင်က ၁,ဝဝဝ လျှော့ပေး)

 ဝယ်တဲ့သူက သက်ဆိုင်ရာကို တိုင်တယ်။ ဆိုင်ရာက ၁,ဝ၁ဝ ပြန်လျော်ဖို့ အမိန့်ချပါတယ်။

ဒါနဲ့ ... အဲဒီကျောင်းသူလည်း  အဲဒီဆိုင် အကြိမ်ကြိမ်သွားပြီး  ငွေပြန်တောင်းရာမှာ ငွေ တဝက် ပြန်ရပါတယ်။

သက်ဆိုင်ရာရဲ့အမိန့်စာ ပြတာတောင် အဲဒီလို အနိုင်ကျင့်ခံရခြင်းပါ။

တဝက် ပေးတယ် ဆိုရာမှာလည်း ဆိုင်က ငွေစက္ကူ မပေးဘဲ ငွေအကြွေစေ့တွေပဲ ပေးလိုက်တာပါ။ အဲဒီအကြွေစေ့ကို ကြမ်းပြင်ပေါ် ပစ်ချတယ်။

ဒီလိုဆက်ဆံရေးကြောင့် အမျိုးသမီးက ရဲကို တိုင်ပါတယ်။ ရဲရောက်လာတယ်၊  အကြွေစေ့ ရေတွက်တယ် ဆိုတဲ့ သတင်းကြောင့် လူတွေအုံလာ၊ သတင်းသမားတွေ ရောက်လာတဲ့အတွက် ရေတွက်ရလွယ်ကူတဲ့ ကိုင်တွယ်ရကျစ်လျစ်တဲ့ ငွေစက္ကူ ပေးတယ်လို့ ဆိုတယ်။

The New Paper မှာတော့ ဒီအကြောင်း ၂ ရက်ဆက် ထည့်ပါတယ်။

ဆိုင်ရှင်က အဲဒီ တရုတ်ပြည်က ကျောင်းသူက ပြောရဆိုရခက်တယ်၊ သူနဲ့သူ့ဝန်ထမ်းတွေက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းခဲ့ရတယ်လို့ပြောကြောင်း ရေးပါတယ်။
အကြွေစေ့ ဘာကြောင့် ကြမ်းပေါ် ပစ်ချသလဲ ဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက်မဖြေပါဘူး၊ အကြွေစေ့ မရချင်ရင် မယူနဲ့ပေါ့ လို့ပဲ ဆိုပါတယ်။

စင်္ကာပူမှာ အကြွေစေ့ အင်မတန် သုံးပါတယ်။
အင်မတန်လည်း
အကြွေစေ့  အသုံးတည့်တဲ့ နေရာတွေ ရှိပါတယ်။

သို့သော်လည်း ငွေပေးချေတဲ့အခါ   ဆယ်ဂဏန်း ရာဂဏန်း ငွေပမာဏများများ ဆိုရင် ငွေစက္ကူ ပေးရမယ်၊
 အကြွေစေ့နဲ့ပေးချေဖို့ ခွင့်မပြုပါဘူး လို့
ဥပဒေမှာ ပြဋ္ဌာန်းထားတယ် တဲ့။ (ဒီဥပဒေကို ပြည်ပက လာတဲ့ ဧည့်သည်တွေ သိချင်မှ သိကြလိမ့်မယ်ဆိုပြီး စာဖတ်သူတယောက်က မှတ်ချက်ပေးပါတယ်)

ဥပဒေက အဲဒီလို သတ်မှတ်မထားရင်တောင်မှ ဆိုင်ရှင်က လူလို သိဖို့ လိုအပ်ပါလိမ့်မယ်။
အခုက အတော်လေး စော်ကားတဲ့ဖြစ်ရပ်ပါပဲ။

ဝယ်သူက အကြွေထုတ်ထမ်းလာပြီး ငွေချေရင် သူတို့ လက်ခံနိုင်မလား ဆိုတဲ့သဘော မှတ်ချက်ပေးတဲ့ စာဖတ်သူလည်း ရှိပါတယ်။

အဲဒီကုန်တိုက်မှာ ဒီလိုမျိုး ဆက်ဆံတဲ့ ဆိုင်တွေ အရေအတွက် ဘယ်လောက် ရှိမလဲ ဆိုပြီး မေးခွန်းထုတ်ထားသူလည်း ရှိပါတယ်။

အချိန်ရမယ်ဆိုရင် ...  စိတ်ချရတဲ့ဆိုင်မှာ ၀ယ်ဖို့ မိတ်ဆွေတွေဆီက စုံစမ်း၊ မိတ်ဆွေမရှိရင်လည်း အွန်လိုင်းမှာ ရှာဖွေဖတ်ရှု စုံစမ်းသင့်ပါတယ်။

ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဧည့်သည်ကို နှိပ်ကွပ်တဲ့ ဈေးဆိုင်ကြီးငယ်တွေ ရှိတတ်ကြောင်း ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

အလွတ်သတင်းထောက်ကိုပါကြီးအသတ်ခံရလို့ အိုဘားမားရဲ့သတင်းထောက်တွေကြောက်ကြဘူးလား

 ဒီလထဲ  မြန်မာ အပါအဝင် အာရှဒေသတချို့ကို လာရောက်မယ့် အိုဘားမားရဲ့ ခရီးစဉ်မှာ လိုက်ပါလိုတယ်ဆိုရင်ဖြင့် သတင်းသမားတဦးကို ဒေါ်လာ ၆ဝ,ဝဝဝ  (ခြောက်သောင်း) ကျသင့်မယ်လို့ ဆိုတယ်။

အိုဘာမား(ဓာတ်ပုံ-Eric Lalmand/AFP/Getty Images)

ဒါဟာ လေယာဉ်စရိတ်ပဲ ရှိပါသေးတယ်။ တည်းခိုစရိတ်၊ စားစရိတ်တွေ၊ တခြားစရိတ်တွေ မပါသေးဘူး တဲ့။
တခြားစရိတ်ဆိုတာ ဟိုဟိုဒီဒီ သွားရေးလာရေး၊  သတင်းခန်းအဖြစ်သုံးမယ့် ဟိုတယ်ခန်းမ ငှားရမ်းရေး စသဖြင့်ပေါ့။

ဒီတော့... အိုဘားမားရဲ့ အာရှ အသွားအပြန် ၉ ရက်ခရီးမှာ လိုက်ပါမယ့် သတင်းသမားတဦးအတွက်   ဒေါ်လာ ၇ဝ,ဝဝဝ ကုန်ကျဖွယ်ရှိကြောင်း အိမ်ဖြူတော်သတင်းသမားတချို့က ခန့်မှန်းပါတယ်။

လေယာဉ်စရိတ် တယောက်  ၆ဝ,ဝဝဝ ဆိုတော့ သတင်းသမားတွေ အိုးမိုင်ဂေါ့ ဖြစ်နေကြပါပြီ။
ကမ္ဘာမှာ ငွေအရှာတတ်ဆုံးက အမေရိကန်အစိုးရ ဖြစ်လိမ့်မယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။
ဟုတ်လည်း ဟုတ်ပါလိမ့်မယ်။
သို့သော်လည်း ဒီခရီးစဉ်လိုက်ပါမယ့် သတင်းသမားတွေအတွက် လေယာဉ်တစီး သီးသန့် ငှားရမ်းရတာဖြစ်တဲ့အတွက် အကုန်အကျ သိပ်များနေရခြင်းလို့ ဆိုတယ်။

အိုဘားမားက သူ့လေယာဉ်နဲ့သူလာမယ်၊ သတင်းသမားတွေအတွက်က အဲဒီလို လေယာဉ်တစီး  စီစဉ်ငှားရမ်း။

ကုန်ကျစရိတ်လျှော့ချနေကြတဲ့ခေတ်မှာ အမေရိကန်သမ္မတခရီးစဉ်လိုက်ပါမှုကို ဆက်မလုပ်တော့တဲ့ သတင်းဌာန များသည်ထက် များလာပါပြီ။

အိုဘားမားတို့ မြန်မာပြည်ဘက်လာမယ့် ဒီခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းသွင်းထားတဲ့ သတင်းသမားအရေအတွက်က ၅၁ ဦးပဲ ရှိပါသေးတယ် တဲ့။
ဒါက ကြာသပတေးနေ့ စာရင်းပါ။ အိုဘားမားရဲ့ ယခင့်ယခင်ခရီးစဉ်တွေမှာ ပုံမှန်လိုက်ပါလေ့ရှိတဲ့ သတင်းသမားအရေအတွက်ရဲ့ ထက်ဝက်ပဲ ရှိတယ်လို့ ဆိုတယ်။
ထပ်လည်း တိုးလာမယ့်သဘော သိပ်မရှိလို့ ယူဆရပါတယ်။
ရလဒ်ကတော့ ဒီ ၅၁ ဦးက လေယာဉ်ငှားရမ်းခ ကုန်ကျစရိတ်ကို စုပြီး ကျခံရခြင်းပါပဲ။

သတင်းစာ ဂျာနယ်လိုမျိုး ပုံနှိပ်မီဒီယာ နဲ့ အွန်လိုင်းမီဒီယာဌာနတွေက သတင်းသမား ၁ ယောက် သို့မဟုတ် ၂ ယောက်စီ စေလွှတ်ဖွယ် ရှိပါတယ်။
ရုပ်မြင်သံကြားဌာနဆိုရင်တော့ ၁ ယောက် ၂ ယောက်နဲ့ မရတော့ပါဘူး။
The New York Times အပါဝင် သတင်းဌာနတချို့ကတော့ တတ်နိုင်သမျှ လူအင်အား နည်းနည်းပဲ သုံးကြပါလိမ့်မယ်။
The Washington Post သတင်းစာက ၁ ယောက် ထည့်မယ်လို့ ဆိုတယ်။

AP,  Bloomberg, Reuters, AFP, the Wall Street Journal နဲ့ Tribune သတင်းစာတိုက်တို့ကလည်း သူတို့သတင်းသမားတွေကို ထည့်ပါမယ်။

အိုဘားမားရဲ့သမ္မတသက်တမ်းကလည်း သိပ်အများကြီးမကျန်တော့တဲ့အချိန်ဖြစ်တဲ့အတွက် သတင်းဌာနတချို့က အိုဘားမားလှုပ်ရှားမှုကို သိပ်ပြီး စိတ်မ၀င်စားတော့လာ ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော် သတင်းသမားတချို့က ဆိုပါတယ်။

ခရီးစဉ်အတွင်း တရုတ်နဲ့မြန်မာ ၂ နိုင်ငံမှာ အစိုးရ အရာရှိကြီးတွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ ခက်ခဲတာကြောင့် တချို့က ဒီခရီးစဉ်မှာ သူတို့သတင်းသမားကို မလွှတ်ကြခြင်း ဖြစ်ပါလိမ့်မယ်။
ဒီ ၂ နိုင်ငံဟာ သတင်းသမားနဲ့ သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိလှပါ။

သို့သော်လည်း ဒီခရီးစဉ်က အိုဘားမားအတွက် အရေးပါပါတယ်။
တရုတ်၊ အမေရိကန်ရဲ့ အာရှဆိုင်ရာ မူဝါဒ၊ ထွန်းသစ်လာတဲ့မြန်မာပြည် စတာတွေအကြောင်း သမ္မတခရီးစဉ်မှာ တိုက်ရိုက် သတင်းပို့ကြဖို့ဆိုရင်တော့ အမေရိကန် နဲ့ နိုင်ငံတကာမီဒီယာအဖွဲ့တွေဟာ ငွေအကုန်ခံရပါလိမ့်မယ်။
နေရာတိုင်းမှာ ကိုယ့်သတင်းသမား အလုံအလောက် မထားနိုင်ရင်တော့ ဒီခရီးစဉ်မှာ ဒီလိုပဲ အကုန်အကျ ခံရမှာ ဖြစ်ပါတယ်။

အိုဘားမားက မနှစ်တုန်းက ဒီအချိန်မှာ ရန်ကုန်ကို လာခဲ့ပါသေးတယ်။
အခု မြန်မာပြည်ကို ဒုအကြိမ် လာပါမယ်။
အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာပြည်ဟာ အာဆီယံနဲ့မိတ်ဘက်များရဲ့ထိပ်သီးဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အတွက် အိုဘားမားက ထိပ်သီးအစည်းအဝေးတခုကို တက်ဖို့ မြန်မာပြည်ကို ထပ်ပြီး လာရောက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

ဇာနည်ဝင်းကိုးကား -

 The Washington Post
http://blog.irrawaddy.org/2014/11/60000.html

သန်းရွှေ သေမိန့်

----------------------------------------------------------------------------------------------------

 သံတော်ဆင့်ဂျာနယ်ပါ ယခင် တပ်ချုပ်ကြီး(ငြိမ်း)ရဲ့ သား 

ထွန်းနိုင်ရွှေအကြောင်း(ပေးစာ)

ဒီမိုဝေယံ Sunday, September 15, 2013
Photo: ဒီမိုဝေယံသို့ ပေးကပို့လာတဲ့ တိုင်ကြားစာ မဟုတ်တဲ့ အမှန်တရားစာလို့ ... ဆိုတဲ့ သံတော်ဆင့်ဂျာနယ်ပါ ယခင် တပ်ချုပ်ကြီး(ငြိမ်း)ရဲ့ သား ထွန်းနိုင်ရွှေအကြောင်း(ပေးစာ)

ဒီမိုဝေယံ Sunday, September 15, 2013

သံတော်ဆင့်ဂျာနယ်တို့ လုပ်ချလိုက်ပုံကတော့ လွန်တယ်။
မယားကြီးနဲ့ မကွာရသေးတဲ့ ယခင်တပ်ချုပ်ကြီး(ငြိမ်း)ရဲ့သား ထွန်းနိုင်ရွှေနဲ့ ဇနီးဆိုပြီး သံတော်ဆင့် (စက်တင်ဘာ (၁၄ - ၂၀ ။ ၂ဝ၁၃) မှာ မျက်နှာဖုံး ထိပ်ဆုံးမှာ ဖေါ်ပြထားတာ ကျန်လူကြီးတွေကို စော်ကားလိုက်တာဘဲ။ မယားကြီးနဲ့  ကွာရှင်းထားတာ မလုပ်ရသေးတဲ့ မယားငယ်ပုံကို အောက်က ရဲမေဒေါ်ကြည်ညွှန့်  ရဲ့ အထက်မှာ။ နောက်ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက်မှာ။ အလိုတော်ပြည့်ဆရာတော်ရဲ့ ဘွဲ့  အထက်မှာတင်ပြီး ယတြာချေထားတယ်လို့  ယူဆ ရပါတယ်..။

မယားကြီးက ဒေါ်ခင်သန္တာ(ခ) မတူးမာနဲ့က မကွာရှင်းရသေးဘူး။ မတူးမာရဲ့ပထမ အိမ်ထောင်က လားရှိုးစော်ဘွားကြီး စဝ်ခွန်မိန်းရဲ့ သားအငယ်ဆုံး စဝ်ခွန်မိန်းနွှုက် (ခ)JERRY ဖြစ်ပါတယ်။ ထွန်းနိုင်ရွှေမှ လင်ကြီးငုတ်တုတ် ရှိလျက် အတင်းအဓမ္မလိုက် ကြိုက်နစ်သက်ပြီး ပတ်သက်နေလို့  လင်မယား ကတောက်ကဆ ဖြစ်ပြီး ၁၉၉၁ မှာ ကွာရှင်းလိုက်ကြရပါတယ်။ ကွာရှင်းပြီးထွန်းနိုင်ရွှေ နဲ့ယူလိုက်ကြတာပေါ့။

ပထမအိမ်ထောင်ဖြင့် သမီးတစ်ယောက်နဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ (နာမည်တွေ မဖေါ်ပြတော့ပါ)။

ထွန်းနိုင်ရွှေနဲ့ သားတစ်ယောက် ကျော်ကျော်နို်င်ရွှေ (ခုစင်ကာပူတွင်ကျောင်းတက် - အသက် ၁၉ နှစ်) နင့် သမီးတစ်ယောက် (ခင်ခင်ဝတီနိုင်ရွှေ - ယခု အသက် ၁၄ နစ် တို့ ထွန်းကားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မယားပြိုင် စံနစ်ကို ၁၉၇၆ မှာ ဆြာနေဝင်း စကျင့်သုံးခဲ့တာပဲ။ ၁၉၇၄ ခုနှစ် မှာ အခြေခံဥပဒေ အသစ်ရေးဆွဲ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကြီးကျယ်စွာကျင်းပပြီး အတည်ပြုခဲ့တာပေါ့။ အတည်ပြုအပြီး တစ်နှစ်ခွဲအကြာမှာ အဲဒီ လမ်းလျှောက်သင်ခါစ အရွယ်ဥပဒေလေးကို မောင်နေဝင်း ရာဂစိတ် ထကြွသောင်းကျန်းလို့  ဥပဒေနှစ်ခု ပြင်လိုက်ပါတယ်။

ပထမ ပြင်တာက အီတလီနိုင်ငံသူ ခံယူထားတဲ့ ရတနာနတ်မယ် (ခ) John Rose ကို ဦးနေဝင်း ဘောတ်ာခွေ့ နေလို့  ပြင်တဲ့ဥပဒေ။

မူလဥပဒေက မြန်မာနိုင်ငံကနေ အပြီးအပိုင် ပြည်ပထွက်ခွာသွားသူတွေ မြန်မာနိုင်ငံကို အလည်အပတ်ပင် ပြန်လာခွင့် မပြုရ ။ အလွတ် တင်းကြပ်လှသည့် ဥပဒေကို (နောင်တရပြီး အမိနိုင်ငံတော်သို့  အပြီးအပိုင်ပြန်လာလိုပီး အသနားခံ လျှောက်ထားလာပါက လူပုဂ္ဂိုလ် တစ်ဦးခြင်းအလိုက် နိုင်ငံတော်မှ သီးသန့်  လက်ခံစဉ်းစားပေးမည်) လူတိုင်းအတွက်မဟုတ်။ ဦးနေဝင်း သဘောတ်ာခွေ့ သူများသာ လို့ မရေးထားရုံတမယ်ပါ။

ဒုတိယ ပြင်လိုက်တာက ဆြာနေဝင်းရဲ့  စတုတ္ထ မယား ဒေါ်နီနီမြင့်က ကွာရှင်းစာ လက်မှတ်ထိုး မပေးတဲ့အတွက် အရေးအခင်းကာလက သမ္မတ တစ်လ လုပ်ခွင့်ရခဲ့သည့် ဥပဒေပညာရှင် ဆြာဒေါက်တာမောင်မောင် ကနေပြီး မယားပြိုင် ဆိုတဲ့ဝေါဟာရကို တီထွင်ပေးလိုက်ရပါတယ်။

အဲဒီလိုလဲ ဥပဒေကိုပြင်လို်က်တော့ FAR EASTERN ECONOMIC REVIEW ဂျာနယ်က ကာတွန်းလေးနဲ့ ဖဲ့ပါလေရော။ ပုခက်ပေါ်က ဆံပင်ကောက်ကောက် ၁၅ -လ သမိးအရွယ် ဗိုလ်မလေး က မျက်လုံးလေး ပြူးပြီး ပုခက်ပေါ်က ဆင်းပြေးဖို့  ဟန်ပြင်နေပြီး ဆြာနေဝင်းက ဗိုက်ပူပူ ဖွားဖက်တော်က ပျော့ပျော့နဲ့  ပါးစပ်က ပြုံးဖြဲပြ ပြီး တဏှာရာဂဝေနေတဲ့ မျက်နာနဲ့  ပုံပေါ့။

ရေးထားတာက နာတတ်ရင်လဲသေလောက်အောင်ရေးထားတာ။
Ne Win plot to rape it's own infant law. နေဝင်း သူကိုယ်တိုင်ရေးဆွဲထားတဲ့ မွေးကင်းစ ဥပဒေလေးကို မုဒိန်းကျင့်ရန် ကြံစည်နေပုံ တဲ့။

တကယ်က ရတနာနတ်မယ်က နိုင်ငံတော်ကို ပြန်သာလာတယ်။ နိုင်ငံခြားသားပတ်စပို့  ကိုင်ထားလျှက်ဘဲ။ အဲဒီတုန်းက လူဝင်မှုဥပဒေက ဘယ်နို်င်ငံခြားသားမဆို ဗွီဇာကို (၇ ) ရက်ဘဲပေးပါတယ်။ ဘယ်လိုအကြောင်းနဲ့ မှ သက်တမ်းတိုးခွင့်မပေးပါဘူး။ ခြွှင်းချက် နိုင်ငံတော် စီမံကိန်းများမှာ တာဝန်ထမ်းဆောင်နေသူကိုတော့ ချွင်းချက်ပေးထားပါတယ်။
ထိုစဉ်က လူတွေက ပြောကြတယ်။ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသူကြီး အတွက်ဆိုတော့ ဗွီဇာ မဟုတ် ဆာဗွီတိုတဲ့။

ရတနာနတ်မယ်နဲ့  ပေါင်းနေစဉ်က ဒေါ်နီနီမြင့်ကို မြစ်ကြီးနား ကောလိပ် မဲဇာ ပို့ထားပြီး ဒေါ်နီနီမြင့်ရဲ့ မောင်နဲ့ ညီမတို့ ကို နိုင်ငံတော်ပိုင်ပစ္စည်းအလွှဲ သုံးစားမှုတွေ နဲ့ မဟုတ်တမ်းတရားစွဲ။ သတင်းစာ မျက်နာဖုံးတွေပေါ်မှာ အမြဲဖေါ်ပြ။ ရတနာနတ်မယ်နဲ့က ရက်တစ်ရာ မပြည့်ခင်ကွဲကြပါတယ်။

အဲဒီတော့ ဒေါ်နီနီမြင့်ကို ပြန်ပေါင်းဖို့  သံတော်ဆင့်တွေလွှတ် အခေါ်တော် ပင့်စေပါတယ်။ ဒေါ်နီနီမြင့်က အမှုတွေ မေးတော့ သတင်းစာတွေထဲ အမြဲထည့် ဖေါ်ပြနေတဲ့ အမှုတွေကို ဗိုလ်နေဝင်း တန်ခိုးနဲ့  ပျောက်စေ ဖြစ်သွားပါလေရော။ scrap with the balls .ကောင်းတွေမှာ ပြောသလိုပေါ့။ ဘောဖျက် ဘောဖျက် ဆရာမက ခိုင်းလိုက်လျှင်ပေါ့။

ဆြာနေဝင်းတို့ ကတော့ နိုင်ငံတော်အပေါ် အဲဒီလို သစ္စာရှိခဲ့ပြသည်။ အခုလဲ ဥာဏ်တော်မြင့်ပါတဲ့ သံတော်ဆင့်က ယတြာချေလေသလားမသိ။ ဂျာနယ်ထိပ်ဆုံးမှာ ထွန်းနိုင်ရွှေနဲ့ မယားငယ်ပုံကို ဦးစားပေးတင်ထားတယ်။ ဆရာတော်ပုံက ဘေးရောက်နေတယ်။ ဆရာတော်ရဲ့  ဘွဲ့ တော်ကိုတောင် အောက်မှာ ယောင်လည်လည်။ အဖြစ်သည်းပြနေတယ် ။ ခိုးပေါင်းရဲသူက ပေါင်းတာ မပြောလိုပေမည့်။ သံတော်ဆင့်က ဒီဇါတ်လမ်းဘယ်လိုရှိနေတယ် ကောင်းကောင်းသိတာပေါ့ ။ မယားကြီးရှိနေမှန်းလဲ သိနေတာဘဲ။

မယားကြီးက ကွာမပေးတာ မဟုတ်ဘူး။ လင်မယားနှစ်ဦး လုပ်ခဲ့တဲ့ စီးပွားရေးမှာ လက်ရှိ ထွန်းနိုင်ရွှေနဲ့  နှစ်ဦးသားဆိုင်နေတာက ပွားများပိုင်ဆိုင်ထားတဲ့ ဓန အင်အားက အမေရိကန်ဒေါ်လာ -၂ ဘီလျံ ( US$ TWO Billion) လောက်ရှိပါတယ်။ ကွာရှင်းမယ်ဆိုလျင် ထက်ဝက်ပေးဖို့ တောင်းဆိုနေတာပါ။
ဒါကို မယားငယ်က တပြားတစ်ချပ်မှ မပေးရ အကျပ်ကိုင်နေပါတယ်။
ထွန်းနိုင်ရွှေက ဦးသန်းရွှေတို့အိမ်နဲ့ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး
ဒါတောင် ဒေါ်လာ၂ ဘီလျံလောက်ရှိတယ်။ သန္တာရွှေတို့ဘာတို့
အမ တွေ ညီမတွေက ဘယ်ပြောကောင်းမလဲ
၁-ယောက် စီကကို ၃ - ၅ ဘီလျံလောက်ချမ်းသာ နေတာ..။

ဒါနဲ့  တဆက်ထဲပေါ့။ ထွန်းနိုင်ရွှေနဲ့  ခင်သန္တာ (မတူးမာ)တို့  ၁၉၉၁ မှာ လက်ထပ်တယ်။ ၁၉၉၂ ..ဧပြီလ ၂၃ -ရက်နေ့ မှာ ဦးသန်းရွှေ အာဏာသိမ်းတယ်။ အာဏာသိမ်းပြီး နှစ်လလောက်အရမှာ မတူးမာရဲ့ ပထမ ခင်ပွန်း ဦးဂျယ်ရီ ဟာ ညဦးပိုင်း အိမ်အပြန် ပြည်လမ်းပေါ်မှာ လိုက်ပို့တဲ့ ကားပေါ်က အဆင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။

အဲဒီတော့ သူ့ ညီအကိုမောင်နှမတွေ အခုရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး (ညီအကိုဝမ်းကွဲ တော်) တို့တတွေပါ အလောင်းရှာကြတဲ့အထိ အလုပ်ရှုပ်ကုန်ပါတယ်။ ရဲစခန်းလူပျောက်တိုင်ကြ။ ရင်ခွဲရုံကို ရှာကြရ။ နှစ်ပတ်ခန့် နေမှ ပြန်ရောက်လာပါတယ်။
မေးတော့ အဖေါ်နဲ့ တွေ့ လို့  တာချီလိတ်ဘက်ကနေ ယိုးဒယားဖက်အထိ ရောက်သွားနေလို့ ပါပေါ့။ ဟိုတွေကလဲ လူအ တွေမှတ်လို့။ တာချီလိတ်ဖက်တွေက ဆွေမျိုးတွေကိုမေးတော့။ သူပြောတဲ့ သူ့အဖေါ်ဆိုသူက ဂျပန်ရောက်နေတာ။

အဲဒီတော့မှ ကိုဂျယ်ရီက ဝန်ခံတယ်။ သူ့ ကိုထောက်လှမ်းရေးက ဆွဲ သွားတာ။ မတူးမာနဲ့  ကွာရှင်းစာချုပ်မှာ ပါတဲ့သူ့ လက်မှတ်က (အင်)- လက်မှတ်ဖြစ်နေလို့  ထပ်အသစ်ထိုးခိုင်းတာ။ ထွန်းနိုင်ရွှေကို မယားခိုးမှုနဲ့  တရားဆွဲမယ် သတင်းရထားလို့  ကာကွယ်တဲ့သဘော။ န . ဝ ..တ အဖွဲ့ ထဲက အရေးပါတဲ့ လူကြီးတစ်ယောက် ကိုယ်တိုင် သူ့ ကို တွေ့ တယ်။ လိုတာရှိပြော ကူညီမယ်ပေါ့။ လက်မှတ်တေ့ ထိုးပေးပါပေါ့။
တကယ်လို့ သာ မထိုးပေးလျင် ဘယ်လိုလုပ်လေမလဲ လို့ လဲတွေးကြည့် ပေးကြပါဦး။

လက်မှတ်အစစ်ကို ပြန်ထိုးပေးခဲ့ရပါတယ်။ မယားခိုးမှု မဆွဲပါဘူးပါ ဆိုတဲ့တိခံဝန်ချုပ်ပါ ထိုးခဲ့ရပါတယ်။ အဲဒီတော့ သူများမယားကို ခိုးတယ် မခိုးဘူးဆိုတာကို ဖြစ်စဉ်ကိုသာကြည့် သုံးသပ်ကြပေတော့။

မယုံလျင် ဦးခွန်ထွန်းဦးနဲ့  သူ့ ဘော်ဒါအဟောင်းတွေသာ မေးကြည့်ကြလို့ ရပါတယ်။ ဦးခွန်ထွန်းဦးကို ပြသနာထဲ ဆွဲထဲ့ရတာကို တောင်းပန်ပါရစေ။ တိုင်ကြားစာ မဟုတ်တဲ့ ပြည်သူတွေ သိသင့်တဲ့ အမှန်တရားစာ ဖြစ်ပါကြောင်း..။

(အခင်းအကျင်းသိတဲ့ အတွင်းသိ)
https://www.facebook.com/photo.php?fbid=580201288687969&set=a.333476536693780.68811.271775222863912&type=1&theater
အေးချမ်းမွန် Credit To > General Knowledge < Thanks
Re-posted By ACM 15-9-2013 
https://www.facebook.com/excellencemedia

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် 

အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု
စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်

Photo: ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု
စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အ ရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရ သည်ကို မသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများ အပါအ၀င် လူစုစုပေါင်း (၈၁) ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကို တင်ပြ လိုပါသည်။

၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေ ပိုင်နက် ကော့သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော် ၊ ကေအင်ယူ အဖွဲ့များသည်အိန္ဒိယအစိုးရအားဆန့်ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခိုများ ထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့

စစ်ဆင်ရေးဗဟိုကွပ်ကဲမှုအဖွဲ့ သည် ဇာဒတ်ကြီးကျွန်း ရေတပ်စခန်းတွင် အခြေပြု ပြီး စစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါသည်။

၁။ ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) (အဖွဲ့ခေါင်းဆောင်) စစ်ဦးစီးအရာရှိချုပ်(ရေ)
(နောင် ဒုတိယဗိုလ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ လက်ရှိ ထားဝယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
၂။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ)
(နောင်ဗိုလ်ချုပ်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဥိးနေ၀င်း၏မြေးများအာဏာသိမ်းအမှုနှင့်ပတ်သက်၍အဖြုတ်ခံရ)
၃။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူး (ဘုတ်ပြင်း) (နောင် တပ်မ(၂၂)တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှနုတ်ဖြင့် လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီး အာခံ ခဲ့သောကြောင့် အဖြုတ်ခံရသူ)

ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲရေးအဖွဲ့

ရှေ့တန်းစစ်ဆင်ရေးတာဝန် အဖြစ် ခရစ္စတီးကျွန်း တွင် အောက်ပါ အရာရှိများတာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁။ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာအဖွဲ့
(နောင် မကွေးတိုင်း နအဖ ဥက္ကဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုး အသင်းတွဲဘက် အတွင်းရေးမှူး ၊ လျှပ်စစ်(၁) ၀န်ကြီး)
၂။ ဒုတိယဗိုလ်မှူးကြီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု(၁) ညွှန်ကြားရေးမှူး)
၃။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ တပ်ရင်းမှူး အမှတ်(၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ
၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး(၁)တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)

ဦးစီးအရာရှိအဖွဲ့များ

ဗဟိုအဖွဲ့နှင့်အတူဇာဒတ်ကြီးကျွန်းတွင် အခြေပြုခဲ့ပါသည်။အောက်ပါအရာရှိများအနီးကပ်တာဝန် ထမ်းဆောင်ခဲ့ ပါသည်။

၁။ ဗိုလ်မှူးတင့်ဆန်း ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးမောင်မောင်လတ်(ရေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) စစ်ဆင်ရေးဌာနခွဲ
၃။ဗိုလ်မှူးမောင်မောင်သန်း(လေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ်ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)
၎။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့
၅။ ဗိုလ်မှူးအောင်လင်းထွဋ် ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး (စာရေးသူ)
၆။ ဒုဗိုလ်မှူးကြီးမောင်မောင်သစ် (ရေ) ဇာဒတ်ကြီးရေတပ်စခန်းမှူး
ရ။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးများ

စစ်ဆင်ရေးစတင်၍၀င်ရောက်ချိန်တွင်တပ်မတော်ကြည်းစစ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်း များကိုဖြန့်ခွဲရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၀ှက်ထားသောလက်နက်(၄၀)ကျော် ကို အလောင်းများနှင့်အတူ သိမ်းဆီးရမိခဲ့ပါသည်။ တစ်ပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်း ရှာစားနေသော မိသားစုများကို မသင်္ကာမှုဖြင့် ခရစ္စတီးကျွန်း ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။

ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား(၅၉)ဥိးဖြစ်ပါသည် ။ ၄င်းတို့အားစစ်ဆေးမေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှု မရှိဘဲ နှစ်ပေါင်း ကာလများစွာကတည်းက ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင် စားသောက် ရသော ဆင်းရဲသားများ ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ အနေဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ ခရစ္စတီးကျွန်းတွင် ဆက် လက်နေထိုင်ခွင့်ပြုပြီး ခွင့်ပြုချက်မရဘဲ ကျွန်းမှထွက်မသွားရန်သာ ဗိုလ်မှူးကြီးဇော်မင်း(ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာ အဖွဲ့အား ညွှန်ကြားခဲ့ပါသည်။

စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းခရစ္စတီးကျွန်းကို (၂)ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန်တွင်လဲ အဆိုပါခလေးငယ်များ နှင့် အရပ်သားများကိုတွေ့မြင် ခဲ့ဘူးပြီး ပါသွားသော မုန့်များကိုပင် ခလေးများသို့ပေးခဲ့ကြပါ သည်။ ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအနေ များ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေး ငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် (၅၉)ဥိးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ( နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး (ရန်ကုန်တိုင်း) ၊ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်) မှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ အစီရင်ခံတင်ပြခဲ့ကြပါသည်။

ဗဟိုကွပ်ကဲရေးအဖွဲ့ ကြည်း၊ရေ၊လေ ခေါင်းဆောင်များအနေဖြင့်လည်း အဆိုပါအပြစ်မဲ့ အရပ်သူအရပ်သား များ ကို ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး ရလိမ့်ဟု ထင်မြင်ခဲ့ကြပါသည်။ သို့သော်(၁)လ ကျော်ကြာ မှ မေလ ၏ ညတစ်ည (၉)နာရီ ခန့်တွင် ကက (ကြည်း)မှ ညွှန်ကြားချက် အမိန့် ကြေးနန်း တစ်စောင် စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့ သို့ ပေးပို့ခဲ့ ပါသည်။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ)သည် ဇာဒတ်ကြီးရေတပ်စခန်းရုံးခမ်းမ တွင် အဖွဲ့ဝင်များနှင့်ဦးစီးအရာရှိများ ကိုခေါ်၍ ကြေးနန်းအကြောင်းအရာကိုရှင်းပြခဲ့ပါသည်။

စာပါအကြောင်းအရာမှာ ထိန်းသိမ်းထားသော အရပ်သားအားလုံးကို ရထားပုလဲ(ရှင်းပစ်) (သတ်ပစ်) ရန်ဖြစ်ပါသည်။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) မှအပ ကျန် ရေနှင့်လေ ဗိုလ်ချုပ်များ အတော်တုံလှုပ်သွားကြပါသည်။ အထူးသဖြင့် ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ) သည် စိတ်ပုတီးကိုင်လျက်သားနှင့် အပစ်မဲ့ခလေးငယ်များနှင့် အရပ်သား များ ကို ထပ်ဆင့်သတ်မိန့်ပေးရမည့် အခြေအနေမျိုးဖြစ်၍နေပါသည်။

ထိုကြောင့် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် မှအမိန့်အတိုင်း လုပ်ရန်ပြောသော လည်းကျန် ဗိုလ်ချုပ်များမှ ညအချိန် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာဖြစ်နိုင်သောကြောင့် နောက်တစ်နေ့နံနက်တွင် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

နောက်တစ်နေ့နံနက် (၉)နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့် စကားပြောပြီးနောက် `အဘကြီးထံကလာသောအမိန့်´ ဖြစ်သည် ဗိုလ်ချုပ်ကြီးမောင်အေး အရက် မူး မူးနှင့်အမိန့်ပေးတာမဟုတ် ဆက်လက်ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရပါ သည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ရေး တာဝန်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား (၅၉) ဦးကို ရှင်းပစ်ရန် ထပ်ဆင့် အမိန့်ပေးခဲ့ပါသည်။

ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့ဝင်များကိုခေါ်၍ အားလုံးကို သတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအားဆက်လက်အမိန့်ပေးခဲ့ပါသည်။ နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးမှတာဝန် ပေးထားသော အရာရှိ စစ်သည်များ သည် ခလေး၊မိန်းမပါမကျန် အပစ်မဲ့ အရပ်သား ၅၉ ဦးစလုံးကို ပင်လယ် သောင်ပြင်စပ်သို့ လှည့်ဖျားခေါ်လာပြီး တန်းစီထိုင် ခိုင်ပြီး ရုတ် တရက် သေနတ်များဖြင့်အတွဲလိုက် မသေမချင်း ပစ်သတ် ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်း များကိုမြုပ်နှံခဲ့ကြပါသည်။ (စာရေးသူ သတင်းရသည် ကတော့ အဆိုပါအလောင်း အရိုးစု များကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြု လုပ်ပြီးနောက် ချက်ချင်းဆို သလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အမိန့်ပေးခဲ့သည် ဟုသိရပါသည်။ စစ်သည်များကိုအရပ်ဝတ်ဖြင့် ခရစ္စတီးကျွန်း သို့စေလွှတ်ပြီး အလောင်းများ ကိုဖျောက်ဖျက်ပစ် ခဲ့ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါ သည်။)

ကျွန်းပေါ်ရှိအရပ်သားများကိုသတ်ပြီး မကြာခင် ၄/၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မင်း ၏ ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ - ၄၄၅ (တရုတ်နိုင်ငံလုပ်ကမ်းခြေစောင့်သင်္ဘော) မှ ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီး ကို စစ်ဆင်ရေး နယ်မြေအတွင်းဝင်ရောက်လာ၍ ထိုင်း၊မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီး ခဲ့ပါသည်။ စစ်ဆေးမေးမြန်း ချက်အရ တရားဝင် မှတ်ပုံတင်ထာသော ထိုင်း ငါးဖမ်းစက်လှေ သည်ဖမ်းမိ လာ သော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ရန် ယခင်သွားနေကြ လမ်းကြောင်းအတိုင်း သွားခြင်းဖြစ်ကြောင်း စစ် ဆင်ရေး လုပ်နေမှန်းလည်း၎င်းတို့မသိကြောင်း သိရပါသည်။ စစ်ဆေးမေးမြန်းချက်အစီရင်ခံစာကို ကကကြည်း သို့ဆက်လက်တင်ပြရာတွင် ယခင် အရပ်သား များအတိုင်းရှင်းပစ်ရန် အမိန့်ပေးခဲ့ပါ သည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲမှု မှ ဗိုလ်မှူးကြီးဇော်မင်း ကို ဆက်လက်ညွှန်ကြားခဲ့ပြီး ဗိုလ်မှူးကြီးဇော်မင်း မှ ၄င်းစက်လှေ နှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူး အားအမိန့်ပေးခဲ့ပါသည်။ စစ်ရေယာဉ်မှူး သည် ရေတပ်စစ်သည်များကို လှေသားများ အား သေနတ်နှင့်ပစ်သတ်ခိုင်းပြီး လှေကို မီးရှို့ပြီး ပင်လယ်တွင်းမြုပ် ပစ်ရန် အမိန့်ပေးခဲ့ပါသည်။ စက်လှေသည်မီးလောင်ပြီး တစ်ပတ် ခန့်ကြာမှ ပင်လယ်တွင်မြုပ်သွားခဲ့ပါသည်။

စာရေးသူအနေဖြင့် ထိုစဉ်ကဖြစ်ပျက်ခဲ့သောဖြစ်စဉ်များကို မတားဆီးနိုင်ခဲ့၍လည်း ကိုယ်ကို ကိုယ်အ ပစ်တင်နေ မိခဲ့သည်။ သတ်ချင်ဖြတ်ချင်သရဲစီးနေသော ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) ၊ ဗိုလ်မှူးကြီးဇော်မင်း တို့လို လက်မရွံ့လူသတ်သမားများကို မလှန်နိုင်၍ ရေ၊လေ ဗိုလ်ချုပ်များ ပင်ငြိမ်နေကြ ၍ စာရေးသူလိုအရေးမပါ သူတစ်ဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ။ သို့သော်စာရေးသူအနေဖြင့် လည်း ဒီအဖွဲ့ထဲပါနေ၍အပစ်မကင်းပါ။ ဘာမျှမတတ်နိုင်ခဲ့ပါ။

စစ်ရုံးချုပ်ပြန်ရောက်တော့ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးမြင့်ဦး လျှို့ဝှက် ရိုက်ထားသည့် အရပ်သားတွေကိုသတ်သည့် ဓါတ်ပုံတွေကိုင်ပြီး နေ့စဉ်ထောက်လှမ်းရေးညှိနှိုင်းအစည်းအဝေး မှာ ခရစ္စတီးကျွန်းလူသတ်ပွဲကို ဗိုလ်ချုပ်ကြီးခင်ညွန့် ကို တင်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် က ဘာမှတ်ချက်မှ မပေးဘူးဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ပြောချင်တာတွေ ကုန်အောင် မတင်ပြလိုက်ရပါ။

စာရေးသူ၏စိတ်ထဲတွင် ငါတစ်နေ့နေ့လုပ်ပေးနိုင်ရင် ခရစ္စတီးကျွန်းတွင် အပစ်မဲ့သေသွားကြ ရသော ခလေးလူကြီးများအတွက် အရိုးကပြန်တွန်အောင်တာဝန်ရှိသူတွေ ကို ပြန်အရေး ယူနိုင်အောင် လုပ်ရ မည် ဟုသံဓိတ်ဌါန်ချထား ပါသည်။

စာရေးသူအနေဖြင့်စစ်ရုံးချုပ်တွင် တာဝန် ထမ်းစဉ် အလားတူဖြစ်စဥ်များ ကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တင်္နသာရီတိုင်း တို့ တွင်ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သော်လည်း တပ်မတော် သည်ဒီလောက်မဆိုးလောက် ဘူး ပါဘူး ချဲ့ကားပြောနေသည်ဟုထင်မြင်မိခဲ့ပါသည်။ ကိုယ်တွေ့ကြုံရသောအခါမှပင် ဒီထက်တောင်ပို ဆိုးနေ သေးသည်ဟုမှတ်ချက်ပြုမိပါသည်။

စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှ ထွက် လာသော အရပ်သားတွေ ပြောတာခိုင်းတာ မလုပ်ရင် `အစိပ်သားတောင်မချန်နဲ့´ စကားကိုတစ်ကယ် ဘဲ တပ်မတော်သည်ထိုစဉ်က အမှန် တကယ်ကျင့်သုံးနေမှန်းသိရတော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခရစ္စတီးကျွန်းစစ်ဆင်ရေး ကပြန်လာပြီးနောက်စစ်တပ် ထဲနေချင်စိတ်မရှိတော့ဘူး။

လက်ရှိ မြန်မာ့တပ်မတော် အနေဖြင့်အတိတ်မှအမွေဆိုးများကို ပစ္စုပ္ပန် ကိုမယူလာဘို့လိုပါသည်။ တိုင်းရင်းသား ပြည်သူတွေ ရဲ့ အားကိုးယုံကြည်ရသည့် စစ်တပ်ဖြစ်ဘို့လိုပါသည်။ `တပ်မတော်သာအမိ တပ်မတော်သာအဖ´ မဟုတ်ပါ `ပြည်သူသာလျှင်အမိပြည်သူသာလျှင်အဖ´ ဆိုတာမမေ့ဘို့လိုပါသည်။

၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့

Ref: http://aunglynnhtut.blogspot.co.uk/

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အ ရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရ သည်ကို မသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေး အပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများ အပါအ၀င် လူစုစုပေါင်း (၈၁) ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကို တင်ပြ လိုပါသည်။

၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေ ပိုင်နက် ကော့သောင်မြို့၏ အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။

http://8888goldfingers.blogspot.com/2013/09/blog-post_4985.html

အဆိုတော် ဖြူဖြူကျော်သိန်း စာနယ်ဇင်း အကြို ဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေနေဟန်

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/p480x480/64756_383957495103809_6540085320011650965_n.jpg?oh=92b38dc72241edacc0591f3739b10367&oe=54E1BD39&__gda__=1420466354_8941f7792c750d4c19a1aec02e836419

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget