“ပွဲမတောင်းနဲ့!”
စစ်ခွေးနောက်လိုက်များ ၈၈တွေ ထောင်ကထွက်ကတဲက တချို့ ပွဲလေးများ တောင်းနေခဲ့ကြသည်။
ပုသိမ်ခရီစဉ်တွင် သိသိသာသာပင် ပွဲတောင်းလာကြသော ကြံဖွတ်များနှင့် နိုင်ငံတော် ချဉ်ဖတ်များအား မင်းကိုနိုင်က လက်တတောင်ခေါက်တင်ကာစိန်ခေါ်ပြဘူ
အသံဌာန်မာန်ပါပါဖြင့် ဟောက်ပြဟောချခဲ့ပြီး ၄င်းတို့ ပျော့ကျသွားဘူးသည်။
ဒါတင်မပြီးသေးပါ ပွင့်လင်းလူ့အဖွဲ့စည်း သွားလေရာ ကျားချောင်းနေသလို လိုက်နေကြသော
ထောက်လှမ်းရေးများအဖို့ အနေခက်အစားခက်နေသည်ကို ၄င်းတို့သိလာကြပြီး လွတ်တော် ဥက္ကဌ ရွှေမန်းကြီးနှင့် ငြိမ်းချမ်းရေးပွဲစားကြီး အောင်မင်းတို့ ကျားချောင်းချောင်သလို မလုပ်ကြပဲ ပွင့်လင်းစွာ ဆောင်ရွက်ကြဖို့ ၈၈တို့ သြ၀ါဒချွေခဲ့ဘူးသည်။
ခုကိစ္စက ဒေါသထွက်ဖို့အလွန်ကောင်းသော လူ့နပိန်းတုံးမှတ်ချက်တခုကြောင်
ကိုမင်းကိုနိုင်က ဥရောပတွင် ပရောဂျက်တခုအတွက် သိုက်တူးထွက်ရန် ခရီးဆက်လာသူမဟုတ်၊
ဘတ်ဂျက်ကောင်းအတွက် ပရိုပိုဆယ်ပိုက်လျှက် ခွက်ပက်လက်လှန်ထွက်လာသူမဟုတ်၊
ကိုမင်းကိုနိုင်က အင်္ဂလိပ်စာမဟာဂုဏ်ထူးတန်းအတွက် ပွဲတက်ဖို့ လာခဲ့သူမဟုတ်၊
သူလာခဲ့တဲ့ ခရီးစဉ်မှာ သူက ဘယ်သူ့ကိုမှ သူသာလျှင် အဂ္ဂမဟာ အင်္ဂလိပ်စာ
အင်္ဂလိပ်စကား ဖြင့် ဘိသိပ်ခံရန် ထွက်လာသည်ဟု မကြွားခဲ့ပါ။
ကိုမင်းကိုနိုင် ထွက်လာခဲ့သောထိုခရီးသည် အရင်က သာမန်လူနပိန်းတုံးမပြောနှင့်
အထင်ကရ ပညာရှင်ဆိုသူတွေတောင် လားလားမျှမတွေးခဲ့ မမြင်ခဲ့ဘူးသော ခရီးလမ်းပင်ဖြစ်၏၊
သူသည်၊ သည်ခရီးအား မည်သို့ ရောက်အောက် လျောက်ခဲ့ပါသနည်း၊ သူ၏ သာမန်မဟုတ်သော
ပြောနေကြမဟုတ်သော သတ္တိ နှင့် ယှဉ်ပြီးပြောသော စကားများကြောင့် ယနေ့ ၈၈
ပြည်တွင်းပြည်ပ ကျောင်းသားထုအတွက် ယုံကြည်ချက် အသက်ကို ဆယ်စုနှစ်အပြန်ပြန်
ရှင်သန်နိုင်ခဲ့ကြပါသသည်။
သူ့အားဖမ်းဆီးသွားပြီးနောက် ကိုမင်းကိုနိုင်နှင့် ပတ်သက်သော သတင်းအချက်လက်တို့
သူချစ်သောကျောင်းသား ၊သူမြတ်နိုးသောပြည်သူများဆီသို့
ပြတ်တောက်လင့်ကစား သူဖြတ်သန်းသွားသော အရေးတော်ပုံအုံကြွမှုခရီးတထောက်
ယခုမိုင်ထောင်သောင်း ၇ှည်သော နှစ်ပေါင်းများစွာထိ ၇ှင်သန်ပြီး စစ်အစိုးရအား နဘေ တီးကာ
တစခန်းပြောင်းစေခဲ့သည်မဟုတ်ပါလာ
“ဟင်းမယူလာနဲ့ သတင်းယူလာပါ၊ ကျနော်တို့ကျောင်းသားတွေ ဘာလုပ်နေကြလဲ?”
ဆိုသောသူ့၏စကား ကျောင်းသားထုကို တက်ကြွစေခဲ့တဲ့ ၁၉၉၆ က ပထမဆုံး သူ့ဆီက
ရတဲ့ နိုင်ငံအနှံ့ကျောင်းသားထုနဲ့ ပြည်ပနိုင်ငံရောက် ကျောင်းသားများအတွက်
မျှော်လင့်ချက် အာရုံထဲသို့ ထုတ်ချင်းပေါက် ထိုးဝင် တစို့ထိုးခဲ့သည့် သူ့၏ဆန္ဒကို
ပြန်စဉ်းစားနိုင်ပါသည်။
သူ့ကို အင်္ဂလိပ်စကားကောင်းကောင်းမပြောနိ
သိသာအောင်ပြောချင်သည်။ လောဘမလိုင်ထပြီး လူသားစစ်စစ်ကနေ အစွယ်ထွက်သော
ဘီလူးသဘက် အာဏာရှင်၏ အကျဉ်းထောင်ဆိုတာ မကောင်းတဲ့အရပ် အဲဒီထဲမှာ
ပုဏ္ဏကဇတ်သွင်းပြီး လူလူချင်း တရိစ္ဆာန်ဖြစ်အောင် လုပ်တဲ့နေရာ၊ အကျဉ်းထောင်ဆိုတာ
အပယ်၎ ပုံထဲက တပုံ အဲဒီထဲမှာ နံရံအထပ်ထပ်နဲ့ လူသားဂုဏ်သိက္ခါကို သံချဉ်း လက်ထိပ်
ခတ်ချိတ် နှောင်ပိတ်တဲ့နေရာ၊ အကျဉ်းထောင်ထဲက အစား အစာ ဆိုတာ
အခွင့်ထူးခံလူတန်းစားတွေရဲ့ မျိုဆို့ပြီး အစာပျို့လို့ အန်ထုတ်လိုက်တဲ့ အန်ဖတ်တွေထက်
ဆယ်ခါပြန်ခါးသက် အသက်ထွက်မလောက် ဆိုးတဲ့ အစာ၊ အကျဉ်းထောင်ထဲက
ကျန်းမာရေးဆိုတာ နေရောင်မရတဲ့ေ၇စိမ်ပျော့ဖတ်ထက်ဆိုးလွန်းလို့
ယုံကြည်ချက်နဲ့ တုပ်နှောင် ရုပ်ဆောင်ရတဲ့နေရာ၊ အကျဉ်းထောင်ထဲက လူ့အခွင့်ရေးဆိုတာ
ဝိဥာင်မဲ့ရုပ်ကလပ်ကို ဒုက္ခမီးနဲ့ မြိုက်ကင် တာထက်ဆိုးသော မိုးနဲ့မြေ နှစ်ခုအကြားမှာ
ပြေးစရာမရှိပဲ ညှပ်ရိုက်ခံရတဲ့နေရာ….
အဲဒီနေရာ အကျဉ်းထောင်ထဲမှာ ကိုမင်းကိုနိုင်ဟာ
တရားမဖက် မိစ္ဆာလက်ကို သူ့ယုံကြည်ချက်နဲ့ တိုင်းပြည်အနာဂတ်အတွက် ရိုက်ချိုးပြခဲ့သူ၊
ကို မင်းကိုနိုင်ဟာ အကျဉ်းထောင်ထဲမှာ သေသော်မှသေ ၀ီဇိမ်ကြွေလဲ သန္ဓေမဖေါက်
ဒူးမထောက်စွန့်ခဲ့သူ၊ ကိုမင်းကိုနိုင်ဟာ အကျဉ်းထောင်ထဲမှာ ထဆိုရင်ထိုင်၊ ထိုင်ဆိုရင်ထ
သူ့ရှိရှိသမျှ အင်အားနဲ့ ဆန့်ကျင် စစ်အာဏာရှင်ရဲ့ အဓမ္မ နဲ့ လောဘအိမ်မက်တွေကို
စက္ကန့်မလပ် ဓမ္မသတ်နဲ့ဖျက်ခဲ့သူပါ ၊ သူလို့လူ သူ့လိုသူရဲကောင်းဟာ အခွင့်ထူးကို
မတောင်းစားခဲ့ဘူး မရောင်းစားခဲ့ဘူး၊ မလဲလှယ်ခဲ့ဘူးဆိုတာ ကုလသမဂ္ဂရဲ့
လူယုံတော်ကြီးတွေ ဖြစ်ခဲ့ကြတဲ့ ရိုဇိုရိုကိုတာ၊ ရာဇာလီအစ်မေးလ် နဲ့ ဂမ်ဘာလီ အပြင်
အချို့သော အမေရိကန် ဆီးနိတ်အမတ်တွေရဲ့ မှတ်ချက်က သက်သေဖြစ်ခဲ့တယ်။
သူ့ဘ၀ရဲ့ ထက်ဝက်ကျော် အတွက် အကျဉ်းသားဘ၀နဲ့ ပေးဆပ်ခဲ့တဲ့ ဒီကနေ့ ပြည်တွင်းပြည်ပက
ကျောင်းသား၊ ပြည်သူ ရဟန်း စတဲ့ ၇ ရက်သားသမီးများအတွက် ဘယ်လောက်ရက်ရောခဲ့တယ်၊ အဲဒီနေရာမှာ သူဟာ အင်္ဂလိပ်စာတတ်ချင်လို့ သွားနေတာမဟုတ်ဘူး၊ အင်္ဂုလိမာလထက်ဆိုးတဲ့
အကောင်တွေကို မာန်သွားချိုးချနေတာ။ ကိုမင်းကိုနိုင်က အင်္ဂလိပ်စကား ကောင်းကောင်းမပြောနိုင်လောက်အော
ဖြတ်သန်းခြင်းကို ကန့်လန့်လာတိုက်ပြနေခြင်းဖြစ်သည
ဘောင်းဘီချွတ် စစ်အစိုးရအလိုကျ အဲဒီပါစပ်ပိုင်၇ှင်တားမရလို့ ပြောမယ်ဆိုရင် အသိစိတ်နဲ့ယှဉ်
သတိနဲ့မြင်ပြီးပြောသင့်သည်။
ဥပမာ ပြောမည်ဆိုရင်တောင် “မင်းကိုနိုင်က အင်္ဂလိပ်လို ကျိုးစားပမ်းစားပြောသွားတယ်”
ဆိုတာလောက်ဆိုရင်တော့ အဆင်ပြေမည်။
ခုကတော့ဖြင့် ဘ၀င်္ဂလေဟတ်နေတဲ့ အနောက်တိုင်းနောက်လိုက်ခွေးတွေရ
၈၈ကျောင်းသားထုကို ဆွပေးသလိုဖြစ်လာပါပြီ ၊ မီဒီယာအချို့က ဒါကိုပဲ အပြန်ပြန်ထပ်ထပ်
သူတို့ သခင်အားရဖို့ ထုတ်ထုတ်ပြပြီးရေးလာကြတာမို့ “ပွဲတောင်းရင် အသဲကောင်းမှ
ဖြစ်လိမ့်မယ်”လို့ စစ်တပ်အားရမှ ထမင်းစားဝကြရမည့်သူများကို စိန်ခေါ်ပါကြောင်း……..
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
၂၂ ရက် ၂လ ၂၀၁၃ ခုနှစ် ညနေ ၅ နာရီ ၂၀ တွင်ရေးသည်။

![ဘုန်းကြီးလည်း တိုင်းပြည်အတွက် ထောင်အကျခံ အလုပ်လုပ်ခဲ့တာဘဲ။ ဘုန်းကြီးက ရေမြုပ်မိုင်းတွေလည်း မရှင်းခိုင်းပါဘူး။ ဂျီဟဒ်လည်း မလုပ်ခိုင်းဘူး။ ကလျာဏမိတ္တ သမ္မာဒိဋ္ဌိတွေကို သာသနာကို စောင့်ရှောက်ဖို့ လက်ဆင့်ကမ်းဖို့ ဆုံးမသွားတာ။
သူဟောသွားတဲ့အထဲမှာ မုသားတစ်ရွေးပါရင် အဲဒါကို ထောက်ပြပြီး ဝေဖန်လိုက်ကြစမ်းပါ။
တစ်ခုတော့ရှိတယ်ဗျာ အုတ်တံတိုင်းအမြင့်ကြီးတွေကာထားတဲ့ ဓမ္မာရုံလိုအဆောက်အဦးမျိုးမှာ ကိုယ့်ပရိတ်သတ်နဲ့ကိုယ် တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ဟောရမှာ လူတွေရှေ့ ဟောလိုက်တယ် ဆိုတော့ လူကြီးလူကောင်း ခေတ်ပညာတတ် အမည်ခံ ကြိတ်ပုန်းတွေက ရှက်သွားကြတယ်။
အမှန်တရားဆိုတာ ရှေ့ပြောပြော ကွယ်ရာပြောပြော တိုးတိုးပြောပြော ကျယ်ကျယ်ပြောပြော အမှန်တရားပါဘဲ။
ဘုရားသားတော်ဆိုတာ သာသနာကို စောင့်ရှောက်ရမှာပဲ။ ဒါ နံပါတ်တစ်အလုပ်ပဲ။ သံဃာဆိုတာ ဘုရားရှင်နဲ့ တရားတော် အပေါ်မှာ သစ္စာရှိကြတယ်။ ဘုန်းကြီးက သူ့အလုပ် သူလုပ်သွားတာဘဲ။
[Photo: Myanmar Buddhist monks hold a banner as they take part in a demonstration against the Organisation of the Islamic Conference in Yangon on October 15, 2012. (Soe Than WIN/AFP/Getty Images)]](http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/s480x480/26319_249742851828637_402949476_n.jpg)








