.

AlinShin

Tuesday, March 19, 2013

ဆ န္ဒ အို အို


န္ဒ အို အို
မိုးလင်းတာနဲ့
ဆန္ဒကိုမျက်နှာသစ်ပြီး
လောကဓံနဲ့ နပန်းလုံးဖို့အတွက်
အရောင်မျိုးစုံကို
ချွေးနီနီနဲ့ ပြုံးပြခဲ့ရတယ်။

နေ၀င်ချိန်မှာ
ပဲ့ရွဲ့ဆန္ဒကို တို့ပတ်ရိုက်ပြီး
နောက်ကျနေတဲ့ အိမ်အပြန်ခြေလှမ်းကို
မနက်ဖန်ဆိုတဲ့ အရုံသစ်အတွက်
သက်ပြင်းသံ အိပ်မော့ကျခဲ့ရပြန်တယ်။
                                       မောင်ဇရာ

(2010) ကို ချစ် တယ်


(2010) ကို ချစ် တယ်
ကမ္ဘာ
လည်နေပုံတွေကငါဖြစ်ချင်တာတွေပေါ့။
အဒီထဲကမှ
နာရီကို“မလည်”စေချင်ဘူး။
အမေရယ် . . ၊အဖေရယ် . . .
စကားလုံးနဲ့
ကိုးကွယ်ယုံကြည်မှုတစ်ခုတည်းအပြင်
(Model) လှလှလေးနဲ့အတူ
(2010) ပေါ်မှာပဲ
“ရပ်” တည်ချင်တယ်။
                                        မောင်ဇရာ

လတစ်စင်း မောင်းသွင်းချင်သူ


တစ်စင်း မောင်းသွင်းချင်သူ
အဖေရေ . . .
ရာသီဆိုးတွေရောက်လာရင်
အဖေ့ခြေရာတွေအရောင်ပြောင်းတော့မယ်။

တစ်နေ့
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကို သိပါတယ်။

ဒါပေမယ့်လေ
သား “နေ” တစ်စင်းမောင်းမသွင်းခဲ့ပါဘူး။

အဖေရေ . . . . .
လေပြေလေညှင်းလေးတွေရောက်လာရင်
ရေခိုးရနံသင်းသင်းလေးတွေပါလာကြလိမ့်မယ်
အဖေ့လက်ရာဟောင်းလေးတွေကို ထုံမွှေ့ရင်းပေါ့။

တစ်နေ့ . . . .
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကိုသိပါတယ်။

ဒါ့ကြောင့်လေ
သား “လ” တစ်စင်းမောင်းသွင်းရင်းပေါ့။
                                        မောင်ဇရာ
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget