.

AlinShin

Monday, April 21, 2014

လောကကိုဒီကောင်တွေပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။

Photo: လောကကိုဒီကောင်တွေပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀   ✂•••× ☀ ✂•••×✂•••× ☀  
တစ်ချို့တွေ စာပေလေ့လာမှုအားနည်းတော့ နယ်ပယ်အသီးသီးမှာသူနဲ့ငါ
ဆိုသလိုတိုင်းကြထွာကြတယ်။ ဒါ စာမတက်လို့ ပေတံတိုင်းနေကြတာ။
သတ္တ၀ါဆိုတာအနန္တ စိတ်ဆိုတာလည်းအနန္တဖြစ်ပျက်နေတာ။ 
ဥပမာကွာ။ အလင်းရှင်ကို သီတဂူနဲ့ခိုင်းနှိုင်းပြီးမပြောကောင်းဘူး။ သီတဂူက
သီတဂူပဲ။ သူလည်းသူစွမ်းတာသူဝါသနာစရိုက်ပါရမီအထိုက်အလျှောက်လုပ်
တာပဲ။ အလင်းရှင်လည်း ကိုယ်စွမ်းရာကိုယ့်ဝါသနာစရိုက်ပါရမီအထိုက်အ
လျှောက်လုပ်တာပဲ။ ဒီလိုခွဲခြားနားလည်ရမယ်။ သတ္တ၀ါတွေဟာဘ၀အနန္တ
မှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေကြတာပါ။ ဒါကိုသိတဲ့ရှေးသူတော်
ကောင်းကြီးများက “ ဗြဟ္မာ့ပြည်မှာတစ်ဝင်းဝင်း ၀တ်စားကျင်းတစ်ရှုတ်ရှုတ်”
စကားပုံလေးနဲ့ပြောဆိုတက်ကြတယ်။ 
အခုဘ၀ ဗြဟ္မာဖြစ်နေပေမယ့် နောက်ဘ၀မှာ ၀က်ဘ၀ရောက်ပြီး ချေးကျင်း
ထဲမှာ နှာထိုးကော်စားနေရတဲ့ဇာတ်လမ်းဟာ ပိဋကတ်မှာရှိတယ်လေ။ဒါကို
ရှေးလူကြီးသူများက ထုံးပုံပမာပြုကာ သံဝေဃယူတက်ကြတယ်။အကယ်၍
သူနဲ့ငါ ထိုသူနှင့်ဤသူ စသသည်ဖြင့် ခိုင်းနှိုင်းတိုင်းထွာကြမယ်ဆိုရင် ပွင့်တော်
မူခဲ့ပြီးသော ဘုရားအဆူဆူတောင် မတူညီတဲ့ ကံသတ္တိအကျိုးပေးတွေရှိတယ်။
သတ်တမ်းခြင်းလည်းမတူဘူး။ အကျိုးပေးပုံခြင်းလည်းမတူဘူး။ ဒါအကြမ်းစား
သာဓကထုတ်ပြတာ။
ဒါ့ကြောင့် စာပေများမနှံ့စပ်ရင်ဖြင့် လောကဟာ ငြင်းစရာခုံစရာ ခိုင်းစရာနှိုင်းစ
ရာတွေနဲ့ အလုပ်ရှုပ်နေကြမယ်။ အေး စာပေများများနှံ့စပ်လာပြီဆိုရင် ခေါင်း
ညိတ်တက်လာတယ်။ အရာရာကို ယောနိသောမနသိကာရအဖြစ်နှလုံးသွင်း
တက်သွားတယ်။ အချို့ နွားလားပိန်းတုံးကောင်တွေက ဒီလိုမတွေးယူဆတက်
ကြဘူး။ ယူဆနိုင်တဲ့စာပေကိုလည်းသူတို့မဖတ်ထားမသင်ကြားထားရသေးဘူး
ဒါ့ကြေင့် လောကကိုဒီကောင်တွေ ပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။
ဒီတော့ အလင်းရှင်ရဲ့ ဓမ္မမာမကတို့ . .  ဒီလိုဗာလနံစရင်းမ၀င်ရလေအောင်
စာဖတ်ကြပါ။ www.alinshin.co.vu မှာအလင်းရှင်ရေးထားတင်ထားတာ
(၁၇၀၀)ကျော်နေပြီ။ အဲဒါတွေဝင်ဖတ်ကြ။ ဒါ့အပြင် ပိဋကတ်မြန်မာပြန်တွေ
လည်းတင်ထားတယ်။ ၀င်ပြီးဒေါင်းကြ။ ဖတ်ကြ။ စာဖတ်မှ စာမငတ်မှာ။
စာမငတ်မှ မင်းတို့တွေ အလင်းနဲ့အမှောင်ရဲ့သရုပ်သကန်ကိုခွဲခြားနိုင်မှာ။
ကဲ ဒါပဲနော်။
█ ░ အလင်းရှင် ░ █

Kaw Lin သို့ပြန်စာ (၁)

https://www.facebook.com/phyo.thu.31?fref=ufi
Kaw Lin ရေ .. .
မင်းမျက်လုံးက ပေတံကိုမကြည့်ဘဲ တဏှာထကြွရာနေရာကိုကြည့်တာကိုကွ။
ဒါတော့ ငါ့ဘက်ကမတက်နိုင်ဘူးလေကွာ။ ငါကမင်းတို့ကိုပေတံကို ကိုင်ထား
တာကိုပြတာ မင်းတို့က ပေတံကိုမကြည့်ဘဲ ကိလေသာဆာနာကြီးကိုကြည့်တာ
ကိုကွ။ အေး .. မင်းတို့အဲလို စာပေရသကိုမသိမမြင်သေးသရွေ့ တဏှာရဲ့စေ့
စားရာကျွန်သဘောက်ပဲဖြစ်မှာပဲ။
စားတာတောင်တဏှာနဲ့စားတာမစားတာကွာသလို ကြည့်တာလည်းတဏှာနဲ့
ကြည့်တာမကြည့်တာကွာပါတယ်။ငါက တဏှာအကြွအထပုံတင်ပြတာမဟုတ်
ဘူး အွန်လိုင်းပေါ်မှာလူအများစိတ်ဝင်စားမယ့် ပေတံပါတာကိုရှာရင်းတွေ့လို
တင်ပြတာပါ။ မင်းမျက်လုံးကပေတံမမြင်ဘဲ မာတုဂါမကိုကိလေသာကိုမြင်တာ
ကတော့ငါလည်းမတက်နိုင်ဘူးကွာ
https://www.facebook.com/photo.php?fbid=495729257220606&set=a.153025728157629.30701.100003506093022&type=1&comment_id=1422418&offset=0&total_comments=1&ref=notif&notif_t=photo_comment
အလင်းရှင်

Kaw Lin သို့ပြန်စာ (၂)

Photo: https://www.facebook.com/phyo.thu.31?fref=ufi
Kaw Lin ရေ .. .
မင်းမျက်လုံးက ပေတံကိုမကြည့်ဘဲ တဏှာထကြွရာနေရာကိုကြည့်တာကိုကွ။
အကယ်၍ ငါပေတံပါတဲ့ ဒီပုံကိုသာတင်မိရင် မင်းငါ့ကို ဆဲတောင်ဆဲဦးမယ်နဲ့
တူတယ်။ ငါတို့က ဗုဒ္ဓစာပေကိုလူအများစိတ်ဝင်စားလာအောင် စာပေနေရာ
မှာဆီလျှော်ရာပုံလေးတွေရှာပြီး တင်ပြတာပါကွာ။ ငါသာ ဓာတ်ပုံကို ပေတံ
ပါလို့ဆိုပြီးတင်မိရင် ဟေ့ကောင် Kaw Lin မင်းငါ့ကို ဆဲမှာသေချာတယ်
ဒါ့ကြောင့် ငါပြောလိုတာက ဆောင်းပါးရေးသူရဲ့စေတနာလေးကိုတော့
ငဲ့ကွက်သင့်ပါတယ်ကွာ။ ငါရေးခဲ့တဲ့၊ောဆင်းပါး ၀တ္ထုတို ကဗျာပေါင်းအပုဒ်
ရေ (၁၇၀၀)ကျော်ခန့်ရှိတယ်။ မင်းရောဘယ်လောက်အထိ အမျိုးဘာသာ
သာသနာအတွက် ရေးမှတ်ခဲ့ပြီးပြီလဲ။ ဒီလိုမေးတော့ ရိုင်းသလား။မရိုင်းဘူး
လား မင်းကိုယ်ပိုင်ဉာဏ်နဲ့တွေး။ စာရေးတာစာလိုဖတ် ၊ ဇနီးမယားနဲ့ ကိလေ
သာခန်းဖွင့်ပြတဲ့ စာငါမရေးမိသေးဘူးကွ။

သာအေးမျက်စေ့ကန်းတော့မယ်

Photo: သာအေးမျက်စေ့ကန်းတော့မယ်
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
လယ်တီသိမ်စေတီတော်အတွက် အားကျိုးမာန်တက် 
သတင်းတွေတင်နေတဲ့ဒကာတော် Kyaw Aung နဲ့ချက်ဘောက်စ်မှာစကားပြောဖြစ်တယ်။လယ်တီသိမ်မပြိုသေးဘူး  ..  အခုသားအေးတော့ မျက်စေ့ကန်းတော့မယ်
လို့ သတင်းရကြောင်းပြောတယ်။
ကဲ သိပ့်ရယ်လိုသူများ 
ဝါး ဟား ဟား  .. 
ဝါးဟားဟား  . .လို့ ရယ်ချင်သူများ  ..  comment မှာဝင်ရယ်ကြပါ။
ဗုဒ္ဓသာသနာ လယ်တီသိမ်စေတီမဟာ ကြာမြင့်စွာတည်တံ့ပါစေကုန်သတည်း။
လယ်တီစေတီ စီရံ တိဋ္ဌတု

အဓိပ္ပါယ်

Photo: အဓိပ္ပါယ်
✩ ✩ ✩ ✩ 
ဦးဝင်းတင် မသေဘူး အနားယူအပန်းဖြေသွားတာပါ။
သူ့ကို ဘ၀တစ်လျှောက်လုံး စစ်ခွေးတွေနှိပ်စက်တဲ့ဒါဏ်ကို
ကမ္ဘာသိအောင် အခုထုတ်ဖေါ်ပြသသွားတာပါ။
ဆိုလိုတာကတော့  .. 
ဦးဝင်းတင် အနားယူသွားတဲ့အတွက် လူတွေဟာပိုပြီးစိတ်ဝင်
စားသွားကြတယ်။ အဲဒီအခါ သူအနားမယူခင်ကပြောခဲ့အသံ
တွေ စကားတွေဟာ အခုမှပိုပြီး ကမ္ဘာကသိလာမှာပါ။
ဒါ့ကြောင့် 
ဦးဝင်းတင်မသေပါဘူး  .. အနားယူသွားတာပါ။

စာဖတ်တက်အောင် စာများများဖတ်ကြပါ

တစ်ချို့တွေ ဘာသာရေးစာပေတွေရေးကြတာကိုအလင်းရှင်မျက်စေ့တစ်မှိတ်သာ
သာလောက်ဖတ်ဖတ်ကြည့်မိတယ်။ တယ်မဟန်ကြဘူး။ သူတို့ပြောချင်တာကို
တိုက်ရိုက်ပြောချလိုက်ကြတယ်။ ပိဋကတ်ကိုသုံးသပ်ရာမှာ ကထာအနေနဲ့ခွဲ
ခြားနားလည်ထားရမယ်။ ဘုရားရှင်က (၄၅)၀ါလုံးဟောခဲ့တဲ့နေရာမှာ ပုဂ္ဂိုလ်ရဲ့
အစ္ဇျာသယကိုလိုက်ပြီး ကထာတစ်ဆီတစ်မျိုးစီအဖြစ် ဟောဟောသွားတာပါ။
စရိုက်ကိုလိုက်ပြီး ကထာတစ်မျိုးစီဟောဟောသွားတာပါ။
ကထာအကြောင်းကိုသိချင်ရင် ဒီလင့် 
လစ်ခေါက်ဖတ်ကြပေတော့ ငါရေးတာတော့မဟုတ်ဘူး
ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ)ရဲ့ဆောင်းပါလေးပါ။ ကြိုက်လွန်းလို့ငါ့ဘလော့မှာသိမ်းထားတာ။
ကဲ .. ပြောချင်တာကတော့ စာရေးတက်ဖို့ထက် စာဖတ်တက်အောင်လုပ်ကြပါဦး
စာများဖတ်တက်မှစာရေးတက်တာပါ။ ကာလဒေသ၊ ပုဂ္ဂလကိုလိုက်ပြီးဘုရားရှင်
ဟောခဲ့တာကို တို့တွေကတိုက်ရိုက်ဘာသာပြန်လို့မရဘူး။ကာလကိုလည်းထည့်
သုံးသပ်ရမယ်၊ ဒေသကိုလည်းထည့်ပြီးစဉ်းစားရမယ် နောက်ပုဂ္ဂိုလ်ရဲ့စရိုက်ကို
လည်းချန်လှပ်ထားလို့မရဘူး။ ဒါ့ကြောင့် စာဖတ်တက်အောင် စာများများဖတ်ကြ
ပါဖို့တိုက်တွန်းပါသည်။
ကထာကိုလွဲမှားစွာဘာသာပြန်ခြင်း
ရေးသားသူ ဦးသုဓမ္မ (ဗုဒ္ဓ၀ါဒီ)
ဖတ်ရန်လင့်
http://www.alinshin.co.vu/2014/01/blog-post_8008.html
█ ░ အလင်းရှင် ░ █

ဝင်းတင်သို့အမှတ်တရများ

ဟေ့ကောင် သေမင်း
ဦးဝင်းတင်ကိုပြန်ပေးပါ။

ဟေ့ကောင် တရုတ်ကြီး
လယ်တီသိမ်ကိုပြန်ပေးပါ။

ဟေ့ကောင် ၀မ်ပေါင်
လက်ပတောင်းတောင်ကြီးကိုပြန်ပေးပါ။

ဟေ့ကောင်စစ်ခွေး
ပြည့်သူ့ဘဏ္ဍာတွေပြန်ပေးပါ။

ဟေ့ကောင်သန်းရွှေ
၁၁ဘီလျှံပြန်ပေးပါ။

█ ░ အလင်းရှင် ░ █

ရပ်ကွက်ထဲမှာပြောနေကြတယ်(ဦးဝင်းတင်အမှတ်တရ)

ရပ်ကွက်ထဲမှာပြောနေကြတယ် . .
အဘကြီးဦးဝင်းတင်က နတ်ရွာသုဂတိသို့လားရောက်သွားပြီတဲ့။
နတ်ပြည်ကနေ မဟာအ၀ီစိကို Connent လုပ်ပြီး သန်းရွှေခေါင်းဆောင်တဲ့
စစ်ခွေးတွေကို သလာစီပြီးငရဲစားကျွေးမှာ .. တဲ့။
ဒီစကားတွေက ဟုတ်နိုင်လောက်တယ် ..
တကယ်ဟုတ်ခဲ့ရင်တော့ ပြည်သူတွေ
ထတောင်ကဦးမယ် . .
အလင်းရှင်

အင်း . .သြော် .. (ဦးဝင်းတင်အမှတ်ရ)

Photo: အင်း  ..  သြော်  ..  ဟုတ်လား  .. 
ဘာတဲ့  . .. ဦးဝင်းတင်သေပြီးရင် စစ်ခွေးအုပ်စုကြိုးစင်တက်ရမယ်ဟုတ်လား?
သေချာရင်တော့  .. 
ပြည်သူတွေ ထတောင်ကဦးမယ်။
အလင်းရှင်
အင်း .. သြော် .. ဟုတ်လား ..
ဘာတဲ့ . .. ဦးဝင်းတင်သေပြီးရင် စစ်ခွေးအုပ်စုကြိုးစင်တက်ရမယ်ဟုတ်လား?
သေချာရင်တော့ ..
ပြည်သူတွေ ထတောင်ကဦးမယ်။
အလင်းရှင်

လူမိစ္ဆာစစ်ခွေးတို့သံဝေဃယူလော့

Photo: လူမိစ္ဆာစစ်ခွေးတို့သံဝေဃယူလော့
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ဘုရားရှင်လည်း  .. သေခဲ့တာပဲ
ဘုရားမို့သာ ပရိနိဗ္ဗာန်စံတယ်လို့ဆိုတာ . . ။
ဦးဝင်းတင်လည်း  .. သေခဲ့တာပဲ
နိုင်ငံအတွက်ကျေးဇူးရှိလို့သာ  .. တမ်းတနေကြတာ။
သေခြင်းတရားမရဏအား 
ဘယ်ဘုရားမှမလှန်နိုင်  .. 
ဘယ်တန်ခိုးရှင်မှလည်း မတက်နိုင်  .. 
သူတိုင်း အိုကြ  . .
သူတိုင်း နာကြ  .. 
သူတိုင်း သေကြ  .. 
အေးကွ  . .မင်းတို့မှတ်ထား 
ဘယ်တော့မှမသေတာဟာ  .. . 
ထိုသူတို့ရဲ့ ဂုဏ်ကျေးဇူးတရားပဲ။
ဒါ့ကြောင့်  .. . 
နေ၀င်း သေခဲ့တယ်  .. 
အောင်ဆန်း ခုထိမသေသေးဘူး။
သန်းရွှေသေဦးမယ်  .. 
ဝင်းတင် အခုအထိမသေသေးဘူး။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget