.

AlinShin

Sunday, March 16, 2014

ထိုသည်၏အခြားတစ်ဘက်

Photo: ထိုသည်၏အခြားတစ်ဘက်
☀ ✂•••× ☀ ☀ ✂•••× ☀ 
တရုတ်လူမျိုးအများစုကို ကြောပိုးသယ်ယူသွားတဲ့ 
MH 370  ကြီးရဲ့ ကြေကွဲဖွယ်ရာနဲ့ . . . .။
တရုတ်လူမျိုးရဲ့bulldozer နဲ့အထိုးခံရမယ့်
လယ်တီသိမ်စေတီတော်မြတ်တို့ရဲ့ ဖြိုဖျက်ခံရာ . . . ။
ဘယ်အရာဟာ ထိခိုက်နာကျင်မှုများလဲ?
MH 307 က . . 
တရုတ်ပြည်ကိုသယ်ယူသွားတာက လူသုံးရာဝင်းကျင်မျှသာ။
လယ်သိမ်စေတီတော်မြတ်ကြီးမှ . . 
နိဗ္ဗာန်အထိပို့ဆောင်ပေးခဲ့တဲ့ လူတွေကအသိန်းမကသာ။
ထိုသို့ပမာကွဲပြား  . . ထူးမြတ်လှတဲ့စေတီမဟာကို 
ဝမ်ပေါင်တရုတ် ဒိုဇာ (bulldozer) နဲ့ ကုတ်မယ်  . .. တဲ့။ 
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
မှတ်ချက်။
မည်သူမဆို ဓမ္မဒါနအဖြစ် share ခွင့်ပြုပါသည်။
█ ░ အလင်းရှင် ░ █

ဘာသာပြန်မရသော ငါ့ ကဗျာ

Photo: ဘာသာပြန်မရသော
☀ ☀ ☀ ☀ ငါ့ ကဗျာ
မသိလို့မေးပါရစေ
 “ မောင်မဘသ ” တို့ရေ  . .
လယ်တီသိမ်ဆိုတာ မဘသထဲမှမပါဘူးလား ?
နားမလည်လို့မေးပါရစေ 
“မောင်၉၆၉” တို့ရေ 
လယ်တီစေတီတော်မြတ်ဟာ
ကိုးခြောက်ကိုးစာရင်းမ၀င်လို့လား?
ဟင်  .. . 
တရုတ်ကြီးကိုကြောက်တဲ့အထဲမှာ မောင်မဘသတို့လည်းပါလား?
ဝမ်ပေါင်ကြီးကို ခစားရတဲ့အထဲမှာ မောင်၉၆၉တို့လည်းပါသလား?
သြော်  .. အော်  ..  သြော် 
ချစ်၍ငဲ့ရသော ဆန္ဒဂတိ
ကြောက်၍ ရူးခြင်းယောင်ဆောင်နေရသော ဘယဂတိ
လာဘ်မျှော်ရာထူးပျှော်၍ ခေါင်းညိတ်လိုက်ရသော လောဘဂတိ . .
ထိုဂတိတို့မှ  .. . ကင်းဝေး၍ 
တို့ကမ္ဘာကြီးပေါ်မှာ လယ်တီသမိုင်းတို့တည်တံ့ပါစေ။

နေရာ

Photo: နေရာ
☀ ✂•••× ☀ 
ကြေးနီသိုက်မလွတ်လို့ ဖယ်စတမ်းဆိုရင်  .. 
ရွှေတိဂုံစေတီအောက်မှာ စိန်သိုက်ရှိရင်ရော bulldozer နဲ့ထိုးမှာလား?
ကြေးနီသိုက်မလွတ်လို့ ဖယ်စတမ်းဆိုရင်  .. 
ဆူးလေစေတီတော်အနားက ဗလီကြီးကိုရော မီးရှို့ပစ်မှာလား?
ကြေးနီသိုက်မလွတ်လို့ ဖယ်စတမ်းဆိုရင်  .. 
နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်ကြီးကိုရော လှန်ပစ်မှာလား?
ကဲ  ..  ကဲ  .. 
စစ်ခွေးဆိုးကြီးသန်းရွှေရဲ့ ဗိုက်ထဲမှာတော့ (၁၁)လီလျံမကရှိသလို
ဗိုလ်ချုပ်တွေရဲ့ ဘာဏ်ထဲမှာတော့ ဒေါ်လာတွေအောတိုက်ပဲ . .။
ဒါ့ကြောင့် တို့ပြည်သူတွေ  .. 
ဒေါ်လာရာဖို့အတွက် 
အကုသိုလ်များတဲ့စေတီတွေ ဘုရားတွေ သိမ်ကျောင်းတွေတော့ ဖြိုမနေနဲ့
ဗိုလ်ချုပ်တွေကိုအပြတ်ရှင်းလိုက်ရင် ရွှေချောင်းတွေပါရဦးမယ်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget