.

AlinShin

Saturday, February 22, 2014

သွားပုတ်လေလွင့်ဟောပြောပွဲတော့မဖြစ်စေနဲ့။

သြော် ..
ဒီဒကာထောင်ထဲကထွက်လာခဲ့တာတောင် မရင့်ကျက်သေးပဲကိုး . .
ထောင်ဆိုတဲ့လောကဓံကပေးတဲ့ ဓမ္မတွေက ပြောမကုန်ဟောမကုန်ပါဘူး
ဒကာရယ် .. ။
ဟောပြောပွဲဆိုတာ .. . မျိုးက
ဘုန်းတော်ကြီးများတရားဟောသကဲ့သို့ မခက်ဘူးကွဲ့။
ဥပမာ ကဗျာလေးတစ်ပုဒ်လောက်အလွတ်ရရင်ကိုပဲပြောလို့ရတယ်။
အလင်းရှင်ရေးထားတဲ့ ကဗျာပေါင်း (၄၃၃)ပုဒ်ရှိတယ်။
ဆောင်းပါးနဲ့ဝတ္ထုတိုပုဒ်ရေ (၁၀၀၀)ကျော်ရှိတယ်
အဲဒီထဲက တစ်ပုဒ်လောက်ရအောင်ကျက်ပြီး ပြောလိုက်စမ်းပါ ဒကာရယ် . .
ဒီမှာလင့် .. . www.http://aungminkhoung.blogspot.com/
ဥပမာ .. .
̏ ထမင်းပန်းချီ ˝ဆိုတဲ့ ကဗျားလေးရှိတယ်ကွ။ အဲဒီကဗျာက အလင်းရှင်
ထောင်မကျခင်ကတည်းက ရေးထားတာ။ ခေါင်းစဉ်လေးနဲ့တင် တစ်နာရီလောက်
ဟောလို့ရတယ်။ စစ်ခွေးတွေ မွတ်ခွေးတွေ ကြံ့ကောင်တွေ စုတ်ပျက်သသတ်
အော င်ကိုပြောလို့ရတယ်။
နောက် . .
̏ သံလမ်းပေါ်က ဥသြ ငိုသံတွေ ˝ အဲဒီကဗျာလည်း ခေါင်းစဉ်နဲ့တင် မျက်ရည်ကျ
နေပြီ .. . ကဲပါလေ .. ရင်ထဲမှာ စကားလုံးတွေရှိရင် အဲဒီစကားလုံးအထုတ်ကို
ဖြည်ချပြတာဟာ စာပေဟောပြောပွဲပဲ။
ရင်ထဲမှာ စကားလုံးမရှိဘဲနဲ့တော့ ဘယ်အထုတ်ဖြည်ချပြလို့ရမှာလည်း . ..
အရည်တစ်ထုတ် ..
အဖတ်တစ်ထုတ် . .
အပြော့တစ်ထုတ် . .
အမာတစ်ထုတ် ..
အပူတစ်ထုတ် . .
အအေးတစ်ထုတ် . . အေး . .အေး အဲလို စကားလုံးအတ္ထဗေဒကိုခွဲခြားစိတ်ဖြာပြော
ဆိုခြင်းကို စာပေဟောပြောပွဲလို့ခေါ်တယ်။
ဒီလိုမဟုတ်ဘဲ ဟိုပါတီမကောင်းကြောင်း ဒီပါတီမကောင်းကြောင်း ပြောတာကတော့
̏ သွားပုတ်လေလွင့်ဟောပြော˝ လို့ခေါ်တယ်။ စာပေဟောပြောပွဲပဲဖြစ်ပါစေလို့
အလင်းရှင်ဆန္ဒပြုလိုက်ပါတယ်။
█ ░ အလင်းရှင် ░ █

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၃)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၃)
ရှင်ဒေ၀ဒတ်ဝါဒနှင့်ဘုရားအလောင်းဝါဒ
✂•••×✂•••×✂•••×✂•••×✂•••×✂
သမ္မတရာထူးကိုရအောင် လုနေဖို့မလိုပါဘူး
သမ္မတရာထူးဟာ ဘ၀တစ်သတ်တာကိုလုံခြုံမှုမပေးနိုင်ပါဘူး။
ပြည်သူ့မေတ္တာသည်သာ ဘ၀အဆုံးအထိလုံခြုံစေတာပါ။
ဘုရားအလောင်းအစရှိတဲ့သူတော်ကောင်းကြီးများဟာ ဘုရင်သမ္မတရထူး
ကိုမလုယူခဲ့ကြတဲ့အပြင် . . . 
ထိုစည်းစိမ်တွေကိုတောင် စွန့်ပစ်ထားရစ်ခဲ့ကြတာမျိုးပါ။
̏ရာထူးဆိုတာ ရူးတာ၊˝ 
 ̏အာဏာဆိုတာမသာ˝ ပါ။
̏သမ္မတအစ သြက္ကာကမင်းက˝ ပါ။ 
ပြည်သူ့အကျိုးကိုသည်ပိုးဖို့အတွက် မဟာသမ္မတမင်း
အဖြစ် ကမ္ဘာဦးအစမှာ သြက္ကာကမင်းကြီးကိုပြည်သူကတင်မြောက်ခဲ့တာပါ။
အာဏာရူးဖို့အတွက်မဟုတ်ပါဘူး။ ပြည်သူပိုင်ပစ္စည်းကို ခရိုနီနဲ့စစ်ခွေးပိုင်လုပ်
ဖို့မဟုတ်ပါဘူး။ ပြည်သူ့အကျိုးကို လိုလားသည်ပိုးနိုင်ရန်အတွက် ခေါင်းဆောင်
အဖြစ် ပြည်သူဟာ သြက္ကာကမင်းကြီးကို သမ္မတရာထူးပေးခဲ့တာပါ။
ပြည်သူ့အကျိုးခေါ်လောကအကျိုးကိုသည်ပိုနိုင်ခြင်းသည်သာ ပဓာန  .. ။
သမ္မတရားထူးဆိုသည်မှာ  ..  သာမည ။ 
ဒီလိုနားလည်ပြီး  ..  
ဓမ္မ၀ါဒ၊ဘုရားအလောင်းဝါဒများကို နှလုံးသွင်းတက်ရင်  .. 
မြန်မာပြည်မှာ  .. . 
(၁) ထမင်းတစ်နပ်လျှော့စားစရာမလိုဘူး
(၂) ဖယောင်းတိုင်မီးထွန်းစရာမလိုဘူး
(၃) လက်ပတောင်းတောင်ကိုတရုတ်ကြီးစိုးစရာအကြောင်းမရှိဘူး
(၄) ကုလားကို ကုလားလို့ခေါ်လို့လည်းပြဿာနာမကြီးထွားလာဘူး
(၅) ကမ္ဘာ့လူသားတွေကိုလည်း ခွေးနဲ့အနှိုင်းခံစရာမရှိဘူး
(၆) တရုတ်ကိုလည်းဆွေမျိုးပေါက်ဖေါ်ရယ်လိုသဘောထားစရာအလိုဘူး
(၇) ဧရာဝတီလည်း ငိုကျွေးစရာမလိုဘူး
(၈) ရခိုင်ပြည်ကဂက်စ်တွေလည်း တရုတ်ပြည်ထည်းရောက်သွားစရာမရှိဘူး
(၉) တနင်္လာရီတိုင်းကကျောက်မီသွေးတောင်ကြီးလဲ ယိုးဒယားပြည်ထဲမရောက်။
(၁၀) အသက်(၂၀)ပြည့်တဲ့ပြည်သူတိုင်း ပြင်သစ်နိုင်ငံလုပ် 2003Eurocopter 
EC 130 B4 စားရဟတ်ယာဉ်တစ်စင်းမွေးနေ့လက်ဆောင်ရမယ်။
(၁၁) ပြည်သူတိုင်း စစ်ခွေးဝန်ကြီးတွေပါးရိုက်ခံစရာမလိုတော့ဘူး
(၁၂) ဗိုက်မှာသေနပ်ကျည်ဆံရှိတိုင်းသန်းကြွယ်သူဋ္ဌေးမဖြစ်တော့ဘူး
(၁၃) မီးပွိုင့်စောင့်တဲ့ ရဲလည်း ဒူးထောက်ပြီးပါးရိုက်မခံရတော့ဘူး
(၁၄) စက်တင်ဘာမှာဘုန်းကြီးတွေသေနပ်နဲ့အပစ်မခံရတော့ဘူး
(၁၅) မုံရွာက တကယ့်မီးလောင်ဗုံးဟာ ဒေါ်စုပြောတဲ့ရေဗုံးမဖြစ်တော့ဘူး
ကျမ်းကိုး . . 
သုတ္တန်ပိဋကတ်၊ အဗ္ဗဋ္ဌသုတ္တ၊

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget