.

AlinShin

Friday, January 3, 2014

စစ်ခွေးဟူသည့်အဘိဓာန်

Andrew Wang  ရေ . . .
မွတ်ဒေါင်းလို့ခေါ်ဝေါ်ပေမယ့်လည်း NLD ပါတီဝင်တိုင်းကိုဆိုလိုသည်မဟုတ်ပါ။
ထိုပါတီထဲတွင် အမျိုးဘာသာသာသာနာကိုချစ်မြတ်နိုးကြသော ပါတီဝင်ဗုဒ္ဓဘာ
သာများများစွာရှိနိုင်ပါသည်။ ထိုနည်းအတူ စစ်ခွေးလို့ပြောတိုင်းလည်း ပြည်သူ့
တပ်မတော်သားများကိုမဆိုလိုပါဘူး။ ခွေးဆိုတဲ့ဟောဟာရပါကတည်းက ခွေး
တိရိစ္ဆာန်ဇာတ်ကိုညွှန်းဆိုတာပါ။ ထို့ကြောင့် တပ်မတော်ထဲတွင် တပ်မတော်သား
များအားလုံးရဲ့ အင်အားကိုယူကာ ပြည်သူပိုင်ဘဏ္ဍာတော်များနှင့်လက်နက်ဝယ်
ထိုလက်နက်ဖြင့်ပြည်သူကိုသတ်ခြင်ဖြတ်ခြင်သော တပ်မတော်သားများကိုတော့
စစ်ခွေးဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းပင်ဖြစ်သည်။
ထပ်ရှင်းပြရသော် . . .
မြန်မာနိုင်ငံသည် ပြည်သူပိုင်နိုင်ငံဖြစ်သည်။ တပ်မတော်ပိုင်မဟုတ် ၊ပါတီပိုင်မဟုတ်
ထိုသိြု့ပည်သူပိုင်သော သယံဇတများကိုရောင်းချကာ လက်နက်များဝယ်ယူ၊တပ်မ
တော်အဖြစ်ဖွဲ့ကာ ထိုတပ်သားများအားပြည်သူပိုင်ငွေဖြင့်လာစာရိပ်က္ခာနေစရာများ
ပေးခဲ့သည်။ ထိုတပ်မတော်သားအား ပြည်သူကိုကာကွယ်ဖို့အတွက် ခေတ်မှီလက်
နက်များတပ်ဆင်ပေးသည်။ ယင်းနောက် ထိုတပ်မတော်သားသည် ပြည်သူကိုမ
ကာကွယ်တဲ့အတပြင် ထိုရဟန်းရှင်လူပြည်သူကို ပြည်သူဝယ်ပေးထားတဲ့သေနပ်
နဲ့ပစ်သတ်တယ်ဆိုကတည်းက . . . .
ထိုတပ်မတော်သားသည် ခွေးလောက်ပင်အသိဉာဏ်မရှိပေ။ အမိန့်ဟူသည်နာခံ
ရမည်ဆိုသော်လည်း ထမ်းရှင်ပြည်သူကိုပစ်သတ်ခိုင်းသည့်အမိန့် . . .ထိုထမင်းရှင်
ပြည်သူကိုးကွယ်သော သံဃာတော်များကိုပစ်သတ်ခိုင်းသောအမိန့်အား . .  .
ငြင်းဆန်ရမည်ဖြစ်သည်။ တစ်နည်းတစ်ဖုံရှောင်လွှဲနိုင်ရမည်။ ထိုသို့မဟုတ်ဘဲ
ကံသုံးကံဖြင့် ရဟန်းရှင်လူပြည်သူကိုပစ်သတ်သည်ဆိုပါက ထိုတပ်မတော်သား
သည်  . . ခွေးသည်ပင် ထမင်းရှင်ကိုမကိုက်ခဲ့  ..  မဟောင်ခဲ့ . .
ထိုခွေးထက်ပင် မိုက်မဲလွန်းလေသည်တကား . . .
ထို့ကြောင့် စစ်ခွေးဟူသည် ရဟန်းရှင်လူပြည်သူအကျိုးကို မငဲ့ကွက် စစ်ခွေးဆိုး
ကြီးဗိုလ်သန်းရွှေမိသားစုကောင်းစားရေးအတွက် အနစ်နာခံသူများကိုသာဆိုလို
ကြောင်း  ..  ပြောဆိုအသိပေးအပ်သည်။
အလင်းရှင်

စစ်ခွေးဟူသည့်အဘိဓာန်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 

☀ အလင်းရှင် ☀

လွတ်လပ်ရေး . . .ဘယ်လဲ

ဒါကာတော်တို့ရေ . . .
(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ဆိုတာ .. ခရိုနီနဲ့စစ်အာဏာရူးများပျှော်ဖို့ပါကွာ။
တို့ပြည်သူက အခုအထိလွတ်လပ်ရေးမရသေးဘူးလေ .. ။
မင်းတို့လေးတွေ မတုံးကြနဲ့ . .
မင်းတို့လေးတွေ မမေ့ကြနဲ့ . .
မင်းတို့လေးတွေ မယုံကြနဲ့ . .
အင်္ဂလိပ်ပေးခဲ့တဲ့လွတ်လပ်ရေးကို အာဏာရှင်စစ်ခွေးကြီးတွေကပဲ . .
သုတ်စားလိုက်၊ မြုတ်စားလိုက်
ကြော်စားလိုက် ၊ ချက်စားလိုက် ၊ကင်စားလိုက်နဲ့ . .
နောက်ဆုံး ၀မ်ပေါင်တရုတ်ပဲ ခီးသွားတာမဟုတ်လားကွာ. . ။
ဒါ့ကြောင့် . .
(၆၆)နှစ်မှာ လူငယ်တွေ . . အသိရှိစေဖို့
သတိရှိစေဖို့ . . ကာတွန့်ဆရာတွေကတော့
အခုလိုပြောနေကြရဲ့ . . .။
အလင်းရှင် 
Photo: လွတ်လပ်ရေး . . .ဘယ်လဲ

11Unlike · · Stop Notifications · · Tag pho

အလင်းရှင်ဆရာတော်မှ Facebook friends များထံသို့ ပေးပို့ အပ်သော(၆၆) နှစ်မြောက်မလွတ်လပ်သော Inform သ၀ဏ်လွှာ

လွတ်လပ်ရေးနေ့ဟုဆိုသော်လည်း မြန်မာနိုင်ငံပြည်သူစစ်စစ်တို့သည်
လွတ်လပ်ရေးအရသာကို စိုးစဉ်းမျှမခံစားခဲ့သေးခြေ။ ပြည်သူသည်
မိမိတို့အား ဖိနှိပ်ချုပ်ခြယ်ရေးဆွဲထားသော ဖွဲ့စည်းပုံခြေဥကို ခေါင်းခါခွင့်
မရခဲ့။ ဥပမာဆောင်ရခြေသော် ယ. . အင်္ဂလိပ်ခေတ်ဂျပန်ခေတ်တို့တွင်
ယင်းတို့ရဲ့ စကားပြန်များအလိုတော်ရိများသာလျှင် အခွင့်အရေးများကို
သုံးယူနိုင်ခဲ့ကြသည်။ ယင်းအလိုတော်ရိစကားပြန်များမှ အတင်းအဓမ္မ
သားမယားပြုကျင့်ခံရပါလျှင်လည်း ပြည်သူမှာ မည်သို့မျှမတက်နိုင်ခဲ့
နောက်ဆုံးတွင် ထိုအလိုရိနှင့်စကားပြန်များကိုပါ ဘုရားတစ်ဆူကဲ့သို့
ရိုကျိုးရလေတော့သည်။
ယခုအခါ လွတ်လပ်ရေးရသည်ဟုဆိုသော်လည်း ခေတ်အဆက်ဆက်
အာဏာရှင်အစိုးရရဲ့ အလိုတော်ရိများ Inform များကို သတိထားဆက်
ဆံနေရပါသည်။ သံဃာထုအတွင်းတွင်လည်း သံဃာအယောာင်ဆောင်
Inform များရှိသကဲ့သို့ တက္ကသိုလ်ကျောင်းသားလောကတွင်လည်း
ကျောင်းသားအယောင်ဆောင် Inform များကရှိနေပါသည်။ ဒါတင်မ
ကသေးပေ ။ ခရိုတို့ရဲ့ လက်ဝေခံကျွေးတာစားပေးတာယူနှင့် ခြေဆုတ်
လက်နှယ်ပြုနေသော ခရိုနီကျွန်များသည်လည်း စစ်အစိုးရကိုနားပေါက်
သည် ထို့ကြောင့် ခရိုနီတို့ရဲ့ အိမ်မွေးကျွန်များကိုလည်း အမှုမဲ့နေ၍မဖြစ်
ယင်းအိမ်မွေးကျွန်များမှတစ်ဆင့် အာဏာရှင်ထံသတင်းပေါက်ကြားနိုင်
သည်။ အကယ်၍ အစိုးရကိုမလိုမုန်းတီးဆန်ကျင်သူဖြစ်နေပါက ဂျပန်
ခေတ်ခါသမယကဲ့သို့ ညအခါ ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ
ဖမ်းဆီးထောင်ချခဲ့လေသည်။
ဤကဲ့သို့ဖြင့် မြန်မာနိုင်ငံသည်လွတ်လပ်ရေးရသည်ဟုဆိုကတည်းက
ပြည်သူသည်လွတ်လပ်ရေးမရခဲ့ ခရိုနီ၊စစ်အာဏာရှင်ယင်းတို့ရဲ့လက်
ပါးစေကျွန်သဘောက်များနှင့် အလိုတော်ရိ များ ၊ Inform များအတွက်
သာ ရရှိနေသောလွတ်လပ်ရေးမျှသာဖြစ်သည်ဟု သ၀ဏ်လွှာပါးအပ်
ပါသည်။
အလင်းရှင်
— with Kula Rakkhita and 16 others.
Photo: အလင်းရှင်ဆရာတော်မှ Facebook friends များထံသို့ ပေးပို့
အပ်သော(၆၆) နှစ်မြောက်မလွတ်လပ်သော Inform သ၀ဏ်လွှာ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀☀ ☀ ☀ ☀ ☀
လွတ်လပ်ရေးနေ့ဟုဆိုသော်လည်း မြန်မာနိုင်ငံပြည်သူစစ်စစ်တို့သည်
လွတ်လပ်ရေးအရသာကို စိုးစဉ်းမျှမခံစားခဲ့သေးခြေ။ ပြည်သူသည်
မိမိတို့အား ဖိနှိပ်ချုပ်ခြယ်ရေးဆွဲထားသော ဖွဲ့စည်းပုံခြေဥကို ခေါင်းခါခွင့်
မရခဲ့။ ဥပမာဆောင်ရခြေသော် ယ. . အင်္ဂလိပ်ခေတ်ဂျပန်ခေတ်တို့တွင်
ယင်းတို့ရဲ့ စကားပြန်များအလိုတော်ရိများသာလျှင် အခွင့်အရေးများကို
သုံးယူနိုင်ခဲ့ကြသည်။ ယင်းအလိုတော်ရိစကားပြန်များမှ အတင်းအဓမ္မ
သားမယားပြုကျင့်ခံရပါလျှင်လည်း ပြည်သူမှာ မည်သို့မျှမတက်နိုင်ခဲ့
နောက်ဆုံးတွင် ထိုအလိုရိနှင့်စကားပြန်များကိုပါ ဘုရားတစ်ဆူကဲ့သို့
ရိုကျိုးရလေတော့သည်။
ယခုအခါ လွတ်လပ်ရေးရသည်ဟုဆိုသော်လည်း ခေတ်အဆက်ဆက်
အာဏာရှင်အစိုးရရဲ့ အလိုတော်ရိများ Inform များကို သတိထားဆက်
ဆံနေရပါသည်။ သံဃာထုအတွင်းတွင်လည်း သံဃာအယောာင်ဆောင်
 Inform များရှိသကဲ့သို့ တက္ကသိုလ်ကျောင်းသားလောကတွင်လည်း
ကျောင်းသားအယောင်ဆောင်  Inform များကရှိနေပါသည်။ ဒါတင်မ
ကသေးပေ ။ ခရိုတို့ရဲ့ လက်ဝေခံကျွေးတာစားပေးတာယူနှင့် ခြေဆုတ်
လက်နှယ်ပြုနေသော ခရိုနီကျွန်များသည်လည်း စစ်အစိုးရကိုနားပေါက်
သည် ထို့ကြောင့် ခရိုနီတို့ရဲ့ အိမ်မွေးကျွန်များကိုလည်း အမှုမဲ့နေ၍မဖြစ်
ယင်းအိမ်မွေးကျွန်များမှတစ်ဆင့် အာဏာရှင်ထံသတင်းပေါက်ကြားနိုင်
သည်။ အကယ်၍ အစိုးရကိုမလိုမုန်းတီးဆန်ကျင်သူဖြစ်နေပါက ဂျပန်
ခေတ်ခါသမယကဲ့သို့ ညအခါ ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ
ဖမ်းဆီးထောင်ချခဲ့လေသည်။ 
ဤကဲ့သို့ဖြင့် မြန်မာနိုင်ငံသည်လွတ်လပ်ရေးရသည်ဟုဆိုကတည်းက
ပြည်သူသည်လွတ်လပ်ရေးမရခဲ့ ခရိုနီ၊စစ်အာဏာရှင်ယင်းတို့ရဲ့လက်
ပါးစေကျွန်သဘောက်များနှင့် အလိုတော်ရိ များ ၊ Inform များအတွက်
သာ ရရှိနေသောလွတ်လပ်ရေးမျှသာဖြစ်သည်ဟု သ၀ဏ်လွှာပါးအပ်
ပါသည်။
☀ အလင်းရှင် ☀

နိက္ခမစိတ္တံ

သြော် . . တို့များ ကျန်းမာရေးကိုမငဲ့ဘဲ . .
အမျိုးဘာသာအတွက် စာတွေရေးလိုက်ရတာ . .
ဒါကိုတောင် (၁၀၀)ပြည့်အာင် Like မရဘူးဘူးး။ လိုချင်လို့ပြောသည်မဟုတ်။
Like ရလို တို့ဆွမ်းဟင်းကောင်းမဘုန်းပေးရပါ။ ပြောလိုရင်းက ဗုဒ္ဓဘာသာဝင်
တွေ ဖေ့ဘွတ်သုံးပြီး စာရောဖတ်ကြရဲလား ?
အရိုးပါတဲ့စာတွေပဲ ဖတ်နေတာလား ?
အရိုးပါတဲ့ ဓာတ်ပုံတွေပဲကြည့်နေကြတာလား ?
စသည်ဖြင့် စသည်ဖြင့် ငါတွေးပြီး စိတ်ဓာတ်ကျမိတယ်။
အခုငါစဉ်းစားထားတယ် . . ကိုယ့်အလိုကျ စိတ္တ၀ိဝေကရမယ့်နေ့ရာတွေ့ရင်
စာမရေးတော့ဘူး ပရိတ်သတ်နဲ့လည်းအဆက်ဆံတော့ဘူး
ကိုယ့်အထာနဲ့ကိုယ် ကွန်ပျူတာပိုက်ပြီး ပိဋကတ်သုံးပုံကို အနုလုံပဋိလုံဖတ်တော့မယ်။
ဒီလောက်တောင် အသိဉာဏ်ကာရကတွေ ပျက်ပြုန်းနေတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်
ငါပေးဆပ်ခဲ့တာ လူ့သတ်တမ်းတစ်ဝက်ကျိုးတော့မယ်။
ဒါ့ကြောင့် အသုံးမကျတဲ့ လူ့ဗာလများအတွက် ငါ့ဘ၀အချိန်ကို မီးရို့မခံတော့ပေ။
အလင်းရှင်

ဦးသိန်းစိန်သို့ အိပ်ဖွင့်ပေးစာ

သို့ /
ဦးသိန်းစိန်
သန်းရွှေလက်ဝေခံသမ္မတ။
မြန်မာနိုင်ငံတော်
အကြောင်းအရာ ။ ။ မဖြစ်နိုင်တာမျိုးကို ဘယ်ပြည်သူမှမတောင်းဆိုပါဘူး။
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
အထက်အကြောင်းအရာပါကိစ္စနှင့်ဆက်လျှင်း၍။ ဦးသိန်းစိန်အနေဖြင့်ပြည်သူကို
မဖြစ်နိုင်တာကိုမတောင်းဆိုပါနှင့်ဟု ပြောကြားခြင်းသည်။ ပြည်သူရဲ့ လိုလားမှုများ
က မဖြစ်နိုင်တာတစ်ခုမှမပါခဲ့ပါဘူး။
(၁) နိုင်ငံအ၀ှမ်း အတက်နိုင်ဆုံး (၂၄)နာရီမီးရရှိရေး
(၂)စစ်တပ်၊ခရိုနီတို့သိမ်းဆည်းထားသောလယ်ယာအိုးအိမ်ခြံမြေများအားပြန်လည်ပေးစေချင်း
(၃)လက်ပံတောင်းတောင်၊မြစ်ဆုံကဲ့သို့သောသဘာဝအရင်းအမြစ်များအားအကျိုးမဲ့မကုန်စေခြင်း
(၃)ပြည်သူကိုအကျိုးပြုမည့်ဥပဒေများအဖြစ် ပြင်ဆင်ပေးခြင်း။
(၄)ထမင်းတစ်နပ်လျှော့မစားခိုင်းခြင်း။
စသည်ဖြင့် ဒီလောက်ပါပဲ ဒီအထဲမှာ ပြည်သူရဲ့တောင်းဆိုချက်တွေဟာ အခြားနိုင်ငံသား
တွေနဲ့ယှဉ်ရင် မပြောပလောက်သော လူ့အခွင့်အရေးများပါဆိုတာကို ဦးသိန်းစိန်အား
အသိပေးပြောကြားလိုက်ပြီး။ နောက်နောင် ဤကဲ့သို့သော ပြည်သူကိုစော်ကားပြစ်တင်သည့်
လေသံများ မသုံးမိစေပဲ သုဘာသိတာစမင်္ဂလာဟူသော မင်္ဂလသုတ်တော်နှင့်အညီ အများ
ပြည်သူကိုပြောဆိုသင့်ကြောင်း အသိပေးဆုံးမအပ်သည်။
ပုံ
အလင်းရှင်
 
Photo: သို့ /

ရုပ်သေးသမ္မဦးသိန်းစိန်ရဲ့ နှုတ်ထွက်စကား။

မြန်မာနိုင်ငံရဲ့ ရုပ်သေးသမ္မဦးသိန်းစိန်ရဲ့ နှုတ်ထွက်စကား။
ရှက်တက်ရင်လှဲသေဖို့သာကောင်းတော့သည်။

အလင်းရှင်
Photo: မြန်မာနိုင်ငံရဲ့ ရုပ်သေးသမ္မဦးသိန်းစိန်ရဲ့  နှုတ်ထွက်စကား။
ရှက်တက်ရင်လှဲသေဖို့သာကောင်းတော့သည်။
☀ အလင်းရှင် ☀

ဘယ်ကြွရမှာလည်း .. သံဃာရတနာ

တို့ဘုန်းကြီးများရဲ့ ဘ၀ကို ထင်ဟပ်ပေါ်လွင်စေတဲ့ ကာတွန့်လေးပါ။
Google ထဲကဘလော့တစ်ခုကတွေ့တာပါ။ အဲဒီဘလော့ကတော့
သံဃာကို ဖဲ့ထားတဲ့ဘလော့ပါ။ သို့သော် ဒီကာတွန့်ကတော့ မြန်မာ
နိုင်ငံသံဃာထုကို စစ်အစိုး
ရ(၀ါ) သိန်းစိန်အစိုးရတို့က စက္ကန့်မလပ်
စောင့်ကြည့်ကာ သတင်းယူသတင်းပို့ဖြင့် ငြိမ်တုတ်ကာ အဖိအနှိပ်
ခံနေရသော ပုံရိပ်လေးအဖြစ် ရှု့မြင်စေလိုပါတယ်။

█ ░ အလင်းရှင် ░ █
— with Kula Rakkhita and 16 others.
Photo: ဘယ်ကြွရမှာလည်း  ..  သံဃာရတနာ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
တို့ဘုန်းကြီးများရဲ့ ဘ၀ကို ထင်ဟပ်ပေါ်လွင်စေတဲ့ ကာတွန့်လေးပါ။
Google ထဲကဘလော့တစ်ခုကတွေ့တာပါ။ အဲဒီဘလော့ကတော့
သံဃာကို ဖဲ့ထားတဲ့ဘလော့ပါ။ သို့သော် ဒီကာတွန့်ကတော့ မြန်မာ
နိုင်ငံသံဃာထုကို စစ်အစိုးရ(၀ါ) သိန်းစိန်အစိုးရတို့က စက္ကန့်မလပ်
စောင့်ကြည့်ကာ သတင်းယူသတင်းပို့ဖြင့် ငြိမ်တုတ်ကာ အဖိအနှိပ်
ခံနေရသော ပုံရိပ်လေးအဖြစ် ရှု့မြင်စေလိုပါတယ်။
█ ░ အလင်းရှင် ░ █

သံဃာရတနာနှင့် မဲပေးပိုင်ခွင့်

ဘုန်းကြီးများမဲထည့်ခွင့်ကို တားမြစ်ရခြင်းရဲ့အကြောင်းအရင်းဟာ အင်္ဂလိပ်လက်
ထက်ကတည်းကပင်တည်း။ အကြောင်းမူကား ၊ ရဟန်းသံဃာတော်များသည်။
ဗုဒ္ဓအဘိဓမ္မာစာပေများကိုသင်ကြားဖူးသည်က အများစုဖြစ်ခြင်းကြောင့်
အသိ
ဉာဏ်စူးစိုက်တော်မူကြသည်။ အမှားအမှန်ကိုကောင်းစွာထောက်ပြနိုင်ကြသည်။
ထို့အတွက် မတရားစိုးမိုးချင်ကြသော ပါတီသမားများအချို့က ရဟန်းသံဃာတော်
များရဲ့ ဉာဏ်အလင်း ဉာဏ်အတွေးကို ကြောက်ကြသည်။ ထို့ကြောင့် ရဟန်းသံ
ဃာများမဲပေးခွင့်ကို တမင်အကြောင်းရှာကြံ၍ ပရိယာယ်သုံးကာ ကန့်သတ်ထား
ခြင်းသာဖြစ်သည်။ ဘုရားဝိနည်းနှင့်မဆိုင်ပါ။ ဗုဒ္ဓ၀ါဒသည် အကြောင်းအကျိုးကို
စီစစ်သောဝါဒဖြစ်သည့်အလျှောက် အမှန်အမှားကို သာဘ၀ယုတ္တိဗေဒတရားတို့
ဖြင့်ချိန်ထိုးနိုင်သည့်ဝါဒဖြစ်သည်။ ထို့ကြောင့် သံဃာသည် ငဖြူငမဲအား ကောင်း
လျှင်ကော်းသလို မကောင်းလျှင်မကောင်းသလို ဝေဖန်ပိုင်ခွင့်နှင့်မဲပေးပိုင်ခွင့်ရှိ
ပါသည်။ သို့သော်လည်း သံဃာကိုချုပ်ချယ်လိုသောအလိုဆိုးအားကြီးသည့်
မြန်မာနိုင်ငံခေတ်အဆက်ဆက်က သူယုတ်တွေကြောင့် သံဃာရတနာသည်
မြန်မာပြည်၌ မျက်နှာပန်းမလှဖြစ်နေသည်။ တကယ်တော့ ယေဘူယ ခြုံiငုံသုံး
သပ်ကြည့်သော် စရဏအလုပ်နှင့်ပိုမိုအကျွမ်းတ၀င်ရှိကြသော သံဃာတော်များ
သည် အိပ်ယာနေလူတို့ထက် အတွေးမြင်ပိုရင့်သန်စေသည်။ ပိုတွေးနိုင်သည်။
အကြောင်းအကျိုးကို နက်နဲစွာသိမြင်နိုင်သည်။ ထို့သို့သောဂုဏ်ရည်ရျိသည့်
အသိဉာဏ်ကာရအားကောင်းသောသံဃာတော်များကို အစိုးရမှ မလိမ့်တစ်ပတ်
ဉာဏ်နက်ဆင်ကာ ဗုဒ္ဓ၀ိနည်းတော်ကိုအကြောင်းပြ မဲပေးဖို့ ဟန့်တားခံခဲ့ရ
လေသည်။

█ ░ အလင်းရှင် ░ █
 
Photo: သံဃာရတနာနှင့် မဲပေးပိုင်ခွင့်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
ဘုန်းကြီးများမဲထည့်ခွင့်ကို တားမြစ်ရခြင်းရဲ့အကြောင်းအရင်းဟာ အင်္ဂလိပ်လက်
ထက်ကတည်းကပင်တည်း။ အကြောင်းမူကား ၊ ရဟန်းသံဃာတော်များသည်။
ဗုဒ္ဓအဘိဓမ္မာစာပေများကိုသင်ကြားဖူးသည်က အများစုဖြစ်ခြင်းကြောင့် အသိ
ဉာဏ်စူးစိုက်တော်မူကြသည်။ အမှားအမှန်ကိုကောင်းစွာထောက်ပြနိုင်ကြသည်။
ထို့အတွက် မတရားစိုးမိုးချင်ကြသော ပါတီသမားများအချို့က ရဟန်းသံဃာတော်
များရဲ့ ဉာဏ်အလင်း ဉာဏ်အတွေးကို ကြောက်ကြသည်။ ထို့ကြောင့် ရဟန်းသံ
ဃာများမဲပေးခွင့်ကို တမင်အကြောင်းရှာကြံ၍ ပရိယာယ်သုံးကာ ကန့်သတ်ထား
ခြင်းသာဖြစ်သည်။ ဘုရားဝိနည်းနှင့်မဆိုင်ပါ။ ဗုဒ္ဓ၀ါဒသည် အကြောင်းအကျိုးကို
စီစစ်သောဝါဒဖြစ်သည့်အလျှောက် အမှန်အမှားကို သာဘ၀ယုတ္တိဗေဒတရားတို့
ဖြင့်ချိန်ထိုးနိုင်သည့်ဝါဒဖြစ်သည်။ ထို့ကြောင့် သံဃာသည် ငဖြူငမဲအား ကောင်း
လျှင်ကော်းသလို မကောင်းလျှင်မကောင်းသလို ဝေဖန်ပိုင်ခွင့်နှင့်မဲပေးပိုင်ခွင့်ရှိ
ပါသည်။ သို့သော်လည်း သံဃာကိုချုပ်ချယ်လိုသောအလိုဆိုးအားကြီးသည့်
မြန်မာနိုင်ငံခေတ်အဆက်ဆက်က သူယုတ်တွေကြောင့် သံဃာရတနာသည်
မြန်မာပြည်၌ မျက်နှာပန်းမလှဖြစ်နေသည်။ တကယ်တော့ ယေဘူယ ခြုံiငုံသုံး
သပ်ကြည့်သော် စရဏအလုပ်နှင့်ပိုမိုအကျွမ်းတ၀င်ရှိကြသော သံဃာတော်များ
သည် အိပ်ယာနေလူတို့ထက် အတွေးမြင်ပိုရင့်သန်စေသည်။ ပိုတွေးနိုင်သည်။
အကြောင်းအကျိုးကို နက်နဲစွာသိမြင်နိုင်သည်။ ထို့သို့သောဂုဏ်ရည်ရျိသည့်
အသိဉာဏ်ကာရအားကောင်းသောသံဃာတော်များကို အစိုးရမှ မလိမ့်တစ်ပတ်
ဉာဏ်နက်ဆင်ကာ ဗုဒ္ဓ၀ိနည်းတော်ကိုအကြောင်းပြ မဲပေးဖို့ ဟန့်တားခံခဲ့ရ
လေသည်။ 
█ ░ အလင်းရှင် ░ █

ကာချုပ်မင်းအောင်လှိုင်သို့ အလင်းရှင်ဆရာတော်မှ အပ္ပမာဒစာလွှာ

❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❞ ❝ ❞ ❝ ❞
“ ယော ဗာလော မညတိဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ ‘ဗာလော’ တိ ၀ုစ္စတိ။ ။
ဓမ္မပဒ၊ဗာလ၀ဂ် ၊ ၄-ဂဏ္ဍိဘေဒကစောရ၀တ္ထု၊ဂါထာ၆၃
☛☛☛ ပါဠိနိဿယ

ယောဗာလော၊အကြင်သူမိုက်သည်။ ဗာလျံ၊မိမိမိုက်သသည့်အဖြစ်
ကို။ မညတိ၊သိ၏။ တေန၊ထိုသို့မိုက်သည်၏ အဖြစ်ကိုသိသော
ကြောင့်။ သော ဗာလော၊ ထိုသူမိုက်သည်။ ပဏ္ဍိတော ၀ါပိ၊ ပညာရှိ
သော်လည်း ဖြစ်ရသေး၏။ ဗာလော၊ မိုက်ပင်မိုက်ငြားသသော်
လည်း။ ပဏ္ဍိတမာနီ၊ ငါပညာရှိ၏ဟု ထင်မှတ်သော။
သ-သော နရော၊ ထိုသူကို။ ဝေ၊ စစ်စစ်။ ဗာလောတိ၊ လူမိုက်ကြီးဟူ
၍။ ၀ုစ္စတိ၊ ဆိုအပ်၏။
☛☛☛ မြန်မာပြန်။
“အကြင်သူမိုက်သည် မိုက်ပင်မိုက်သော်လည်း ငါလူမိုက်ပါလားဟု
စဉ်းစားဉာဏ်ပေါ်ပေါက်၏။ ထိုသို့စဉ်းစားမိလျှင် ထိုသူမိုက်သည်
ပညာရှိစာရင်းဝင်နိုင်၏ အကယ်၍ ထိုလူမိုက်သည် မိမိ၏မိုက်မဲ့မှု
ကိုမသိဘဲ ငါတက်သိသည်ဟု၊ ငါပညာရှိသည်ဟု အထင်ကြီးနေပါ
 က ထိုသို့သောသူမိုက်မျိုးသည်သာ လူမိုက်အစစ်” ဟုဆိုထိုက် သည်။
☛☛☛ ဆိုလိုရင်း . . .
ဒီဂါထာတော်ကို မြတ်စွာဘုရား။ ဇေတ၀န်ကျောင်းမှာသီတင်းသုံး
နေစဉ်။ ညချမ်းကာလမှာ တရားနာလာရောက်ကြတဲ့ သာဝတ္ထိ
ပြည်သူပြည်သားတွေကို ဟောခဲ့တဲ့ ဂါထာာတော်လေးပါပဲ။
တရားပွဲထဲကို တရားမနာချင်ဘဲ တရားနာချင်ဟန်ဆောင်လာတဲ့
သူငယ်ချင်းသူခိုးနှစ်ယောက်ကိုအကြောင်းပြုဟောခဲ့တာပါ။
တစ်ယောက်သောသူငယ်ချင်းက တရားဟောနေတဲ့ဘုရားရှင်ကို
ကြည်ညိုစိတ်နဲ့ သူ့အနားမှာရှိနေတဲ့ ဥစ္စာပစ္စည်းကိုမခိုးယူဘဲ တ
ရားတော်ကိုသာ နာယူမှတ်သားနေတယ်။ ဒုတိယတစ်ယောက်
ကတော့ ဘုရားဟောတဲ့တရားထက် ဥစ္စာပစ္စည်းကိုသာလိုချင်တဲ့
အတွက် တရားကိုမနာကြားဘဲ ဥစ္စာပစ္စည်းကိုသာ ပိုင်ရှင်မသိ
အောင် ဖွင့်ပြီးခိုးယူခဲ့တယ်။
ဒီအတွက် သူခိုးဖြစ်ပြီး မခိုးဘဲ တရားနာနေတဲ့ပထမတစ်ယောက်
ကသောတပန်ဖြစ်သွားပြီး သူခိုးဖြစ်ပြီး တရားမနာဘဲ ဥစ္စပစ္စည်းကို
သာခိုးယူနေတဲ့ သူခိုးကတော့ သောတပန်ဘ၀နဲ့ကင်းကွာခဲ့တယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့တပ်မတော်သား
များဟာပြည်သူကိုချစ်သောစိတ်ရှိနေမယ်ဆိုရင် ပြည်သူ့တပ်မတော်
သားများပါပဲ။ စစ်ခွေးမဟုတ်ပါဘူး။ အဲဒီလိုမမှမဟုတ်ဘဲပြည်သူကို
ပိုင်သယံဇာတတွေကိုရောင်းပြီး လက်နက်ဝယ်၊ ပြည်ကျွေးတဲ့ရိက္ခာ
ကိုစားပြီး စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာလို ရဟန်း
သော . . လူသော .. မခွဲခြားဘဲ ပစ်သတ်တာက
တော့ ပြည်သူ့တပ်မတော်သားမဟုတ်ပါဘူး။ စစ်ခွေးပါ။ ဘာ့
ကြောင့်လည်းဆိုတော့ ရဟန်းရှင်လူပြည်သူသည် ရိုးသားစွာမိမ
တို့လိုလားချက်များကိုတောင်ဆိုတာပါ။ ဒါလိုရိုးသားနွမ်းပါးတဲ့
ရဟန်းသံဃာများ ပြည်သူ့များရဲ့ဘ၀ဒုက္ခကို မကာကွယ်မစောင့်
ရှောက်တြ့ပင် လက်နက်မရှိတဲ့လက်ချည်းသာရှိသောပြည်သူကို
လက်နက်ရှိတဲ့ တပ်မတော်သားများက ပစ်သတ်တယ်ဆိုတာက
တော့ ခွေးထက်မိုက်မဲလွန်းပါတယ်။ လက်နက်ခြင်းယှဉ်ပစ်ကြ
တာဆိုရင်တော့ ထားပါတော့။ အခုတော့ လက်ချည်းသာရှိ
သောပြည်သူတွေအပြင် မေတ္တာသုတ်အစရှိတဲ့ပရိတ်ရွတ်သံဃာ
တော်တွေကို ခလုပ်မောင်းဆွဲဖြုတ်တာကတော့ ယုတ်မာကြမ်း
တမ်းရမ်းကားရာရောက်ပါတယ်။ စစ်မြေပြင်မှာလို သူတစ်ချက်
ကိုယ်တစ်ချက်ပစ်ကြစတမ်းဆိုရင်တော့ တစ်မျိုးပေါ့။
အခုတော့ ပြည်သူကိုလည်းပစ်သတ်တယ် ပြည်သူက ယုံကြည်
ကိုး ကွယ်တော်မူတဲ့ ဗုဒ္ဓဘာသာသာရဲ့အထွဋ်အမြတ် သံဃာ
ရတနာကိုလည်း ပစ်သတ်တယ်။ ဒီလိုသာ လက်နက်ရှိသူက
လက်နက်မဲ့သူကို ခလုပ်မောင်းဆွဲဖြုတ်ကြစတမ်းဆိုရင် ကမ္ဘာဟာ
ကြာရှည်ခံမယ့်သဘောမရှိပါဘူး။ မကြာခင်ပဲ စစ်မီလျှံတွေတစ်ဟုန်း
ဟုန်းတောက်တော့မှာပါ။
ကဲ .. စာရှု့သူ။ ထိုတပ်မတော်သားကို အမိန့်ကိုနာခံသောတပ်
မတော်သားလား? ပြည်သူကျွေးတဲ့ထမင်းကိုစား ပြည်သူဝယ်
ပေးတဲ့သေနတ်နဲ့ ပြည်သူကိုပြန်ပစ်သတ်တာဆိုတာ . . တို့မြန်မာ
စကားပုံထဲက “သားရေပေါ်အိပ်သားရေးနားစား’’ တဲ့ ခွေးနဲ့အလား
တူမနေဘူးလား။
ဒါ့ကြောင့် မိမိရဲ့အမှားကိုသိဖို့တော်ပြီ။ စစ်ခွေးဆိုးကြီး ဗိုလ်သန်း
ရွှေခိုင်းတဲ့အတိုင်းလိုက်လုပ်နေမယ်ဆိုရင် အကုသိုလ်တရားများ
ကိုဗြာဟ္မဘုံအထိထပ်ရင်တောင် မလောက်တော့တဲ့အနေအထား
မျိုးမှာရောက်နေပါပြီ။ သို့ဖြစ်ပါ၍ ကာချုပ်ကြီးမင်းအောင်လှိုင်အ
နေနှင့် ဒီစစ်ခွေးဆိုးသူမိုက်ကြီးဗိုလ်သန်းရွှေပြောတဲ့စကားကို အမိန့်
တစ်ရပ်အနေနဲ့ နားမထောင်ဘဲ။ ပြည်သူကပြောသော စကားကို
သာနားထောင်ပြီး ကျင့်သုံးမယ်ဆိုရင် ကာချုပ်ကြီးမင်းအောင်လှိုင်
ရဲ့ အနာဂါတ်ဘ၀သံသာရာသည် နိဗ္ဗာန်ထုတ်ချောက်ခရီးဖြစ်
ကြောင်း အသိပေးအပ်ပါသည်။

█ ░ အလင်းရှင် ░ █
 
Photo: ကာချုပ်မင်းအောင်လှိုင်သို့ အလင်းရှင်ဆရာတော်မှ အပ္ပမာဒစာလွှာ
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❞  ❝ ❞  ❝ ❞  
“ ယော ဗာလော မညတိဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။ 
ဗာလော စ ပဏ္ဍိတမာနီ၊ ‘ဗာလော’ တိ ၀ုစ္စတိ။  ။
ဓမ္မပဒ၊ဗာလ၀ဂ် ၊ ၄-ဂဏ္ဍိဘေဒကစောရ၀တ္ထု၊ဂါထာ၆၃
 ☛☛☛ ပါဠိနိဿယ 
ယောဗာလော၊အကြင်သူမိုက်သည်။ ဗာလျံ၊မိမိမိုက်သသည့်အဖြစ်
ကို။ မညတိ၊သိ၏။ တေန၊ထိုသို့မိုက်သည်၏ အဖြစ်ကိုသိသော
ကြောင့်။ သော ဗာလော၊ ထိုသူမိုက်သည်။ ပဏ္ဍိတော ၀ါပိ၊ ပညာရှိ
သော်လည်း ဖြစ်ရသေး၏။ ဗာလော၊ မိုက်ပင်မိုက်ငြားသသော်
လည်း။ ပဏ္ဍိတမာနီ၊ ငါပညာရှိ၏ဟု ထင်မှတ်သော။
သ-သော နရော၊ ထိုသူကို။ ဝေ၊ စစ်စစ်။ ဗာလောတိ၊ လူမိုက်ကြီးဟူ
၍။ ၀ုစ္စတိ၊ ဆိုအပ်၏။ 
 ☛☛☛  မြန်မာပြန်။
“အကြင်သူမိုက်သည် မိုက်ပင်မိုက်သော်လည်း ငါလူမိုက်ပါလားဟု 
စဉ်းစားဉာဏ်ပေါ်ပေါက်၏။ ထိုသို့စဉ်းစားမိလျှင် ထိုသူမိုက်သည် 
ပညာရှိစာရင်းဝင်နိုင်၏ အကယ်၍ ထိုလူမိုက်သည် မိမိ၏မိုက်မဲ့မှု
ကိုမသိဘဲ ငါတက်သိသည်ဟု၊ ငါပညာရှိသည်ဟု အထင်ကြီးနေပါ က ထိုသို့သောသူမိုက်မျိုးသည်သာ လူမိုက်အစစ်” ဟုဆိုထိုက် သည်။
 ☛☛☛ ဆိုလိုရင်း . . . 
ဒီဂါထာတော်ကို မြတ်စွာဘုရား။ ဇေတ၀န်ကျောင်းမှာသီတင်းသုံး
နေစဉ်။ ညချမ်းကာလမှာ တရားနာလာရောက်ကြတဲ့ သာဝတ္ထိ
ပြည်သူပြည်သားတွေကို ဟောခဲ့တဲ့ ဂါထာာတော်လေးပါပဲ။
တရားပွဲထဲကို တရားမနာချင်ဘဲ တရားနာချင်ဟန်ဆောင်လာတဲ့
သူငယ်ချင်းသူခိုးနှစ်ယောက်ကိုအကြောင်းပြုဟောခဲ့တာပါ။
တစ်ယောက်သောသူငယ်ချင်းက တရားဟောနေတဲ့ဘုရားရှင်ကို
ကြည်ညိုစိတ်နဲ့ သူ့အနားမှာရှိနေတဲ့ ဥစ္စာပစ္စည်းကိုမခိုးယူဘဲ တ
ရားတော်ကိုသာ နာယူမှတ်သားနေတယ်။ ဒုတိယတစ်ယောက်
ကတော့ ဘုရားဟောတဲ့တရားထက် ဥစ္စာပစ္စည်းကိုသာလိုချင်တဲ့
အတွက် တရားကိုမနာကြားဘဲ ဥစ္စာပစ္စည်းကိုသာ ပိုင်ရှင်မသိ
အောင် ဖွင့်ပြီးခိုးယူခဲ့တယ်။
ဒီအတွက် သူခိုးဖြစ်ပြီး မခိုးဘဲ တရားနာနေတဲ့ပထမတစ်ယောက် 
ကသောတပန်ဖြစ်သွားပြီး သူခိုးဖြစ်ပြီး တရားမနာဘဲ ဥစ္စပစ္စည်းကို
သာခိုးယူနေတဲ့ သူခိုးကတော့ သောတပန်ဘ၀နဲ့ကင်းကွာခဲ့တယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့တပ်မတော်သား
များဟာပြည်သူကိုချစ်သောစိတ်ရှိနေမယ်ဆိုရင် ပြည်သူ့တပ်မတော်
သားများပါပဲ။ စစ်ခွေးမဟုတ်ပါဘူး။ အဲဒီလိုမမှမဟုတ်ဘဲပြည်သူကို
ပိုင်သယံဇာတတွေကိုရောင်းပြီး လက်နက်ဝယ်၊ ပြည်ကျွေးတဲ့ရိက္ခာ
ကိုစားပြီး စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာလို ရဟန်း 
သော . . လူသော  .. မခွဲခြားဘဲ ပစ်သတ်တာက
တော့ ပြည်သူ့တပ်မတော်သားမဟုတ်ပါဘူး။ စစ်ခွေးပါ။ ဘာ့
ကြောင့်လည်းဆိုတော့ ရဟန်းရှင်လူပြည်သူသည် ရိုးသားစွာမိမ
တို့လိုလားချက်များကိုတောင်ဆိုတာပါ။ ဒါလိုရိုးသားနွမ်းပါးတဲ့
ရဟန်းသံဃာများ ပြည်သူ့များရဲ့ဘ၀ဒုက္ခကို မကာကွယ်မစောင့်
ရှောက်တြ့ပင် လက်နက်မရှိတဲ့လက်ချည်းသာရှိသောပြည်သူကို
လက်နက်ရှိတဲ့ တပ်မတော်သားများက ပစ်သတ်တယ်ဆိုတာက
တော့ ခွေးထက်မိုက်မဲလွန်းပါတယ်။ လက်နက်ခြင်းယှဉ်ပစ်ကြ
တာဆိုရင်တော့ ထားပါတော့။ အခုတော့ လက်ချည်းသာရှိ
သောပြည်သူတွေအပြင် မေတ္တာသုတ်အစရှိတဲ့ပရိတ်ရွတ်သံဃာ
တော်တွေကို ခလုပ်မောင်းဆွဲဖြုတ်တာကတော့ ယုတ်မာကြမ်း
တမ်းရမ်းကားရာရောက်ပါတယ်။ စစ်မြေပြင်မှာလို သူတစ်ချက်
ကိုယ်တစ်ချက်ပစ်ကြစတမ်းဆိုရင်တော့ တစ်မျိုးပေါ့။ 
အခုတော့  ပြည်သူကိုလည်းပစ်သတ်တယ် ပြည်သူက ယုံကြည်
ကိုး ကွယ်တော်မူတဲ့ ဗုဒ္ဓဘာသာသာရဲ့အထွဋ်အမြတ် သံဃာ
ရတနာကိုလည်း ပစ်သတ်တယ်။ ဒီလိုသာ လက်နက်ရှိသူက 
လက်နက်မဲ့သူကို ခလုပ်မောင်းဆွဲဖြုတ်ကြစတမ်းဆိုရင် ကမ္ဘာဟာ
ကြာရှည်ခံမယ့်သဘောမရှိပါဘူး။ မကြာခင်ပဲ စစ်မီလျှံတွေတစ်ဟုန်း
ဟုန်းတောက်တော့မှာပါ။ 
ကဲ  .. စာရှု့သူ။ ထိုတပ်မတော်သားကို အမိန့်ကိုနာခံသောတပ်
မတော်သားလား? ပြည်သူကျွေးတဲ့ထမင်းကိုစား ပြည်သူဝယ်
ပေးတဲ့သေနတ်နဲ့ ပြည်သူကိုပြန်ပစ်သတ်တာဆိုတာ . . တို့မြန်မာ
စကားပုံထဲက “သားရေပေါ်အိပ်သားရေးနားစား’’ တဲ့ ခွေးနဲ့အလား
တူမနေဘူးလား။
ဒါ့ကြောင့် မိမိရဲ့အမှားကိုသိဖို့တော်ပြီ။ စစ်ခွေးဆိုးကြီး ဗိုလ်သန်း
ရွှေခိုင်းတဲ့အတိုင်းလိုက်လုပ်နေမယ်ဆိုရင် အကုသိုလ်တရားများ
ကိုဗြာဟ္မဘုံအထိထပ်ရင်တောင် မလောက်တော့တဲ့အနေအထား
မျိုးမှာရောက်နေပါပြီ။ သို့ဖြစ်ပါ၍ ကာချုပ်ကြီးမင်းအောင်လှိုင်အ
နေနှင့် ဒီစစ်ခွေးဆိုးသူမိုက်ကြီးဗိုလ်သန်းရွှေပြောတဲ့စကားကို အမိန့်
တစ်ရပ်အနေနဲ့ နားမထောင်ဘဲ။ ပြည်သူကပြောသော စကားကို
သာနားထောင်ပြီး ကျင့်သုံးမယ်ဆိုရင် ကာချုပ်ကြီးမင်းအောင်လှိုင်
ရဲ့ အနာဂါတ်ဘ၀သံသာရာသည် နိဗ္ဗာန်ထုတ်ချောက်ခရီးဖြစ်
ကြောင်း အသိပေးအပ်ပါသည်။
█ ░ အလင်းရှင် ░ █

တပ်မတော်သားများအတွက် . . .ရင်နင့်ဖွယ်ရာမြင်ကွင်း

❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
စိန်စီသောညမှာလေယဉ်ပျံစီးရင်း . .
တပ်မတော်သားများကတော့ တိုင်းပြည်အတွက်မကာကွယ်ရဘဲ . .
စစ်ခွေးဆိုးကြီးအတွက် ကာကွယ်ရင်း . .
အခုလို အမှိုက်ပုံမှာ အိပ်စက
်နားယူနေရတယ် . .။
ကဲ . .
ကောင်းကြသေးရဲ့လား ? ကောင်းနိုင်သေးရဲ့လား ?
တပ်မတော်သာ . . အမိ . . ဆို ။
တပ်မတော်သာ . . အဖ . . ဆို ။
ဘေးပြောတာကို မယုံနဲ့ . . သွေးပြောတာကို ယုံ .. တဲ့။
အခုတော့ မင်းတို့လည်း မှတ်သားလောက်ကြပြီထင်ပါတယ် . .။
အင်း . .. ဗုဒ္ဓစကားတော်နဲ့ပဲ . .
ဒုက္ခ အများသတ္တ၀ါတွေအားလုံးအတွက် . .
အခုလိုသံဝေဃယူရင်း . .
ကမ္မံ၊ မိမိပြုလုပ်သောအမှုသည်။တံကမ္မံ၊ထိုပြုလုပ်သောသူကို။
ဝိဘဇ္ဇတိ၊အဆိုးအကောင်းဟုဝေဖန်သမှုပြုပေတော့သည်။

█ ░ အလင်းရှင် ░ █
 
Photo: တပ်မတော်သားများအတွက် . . .ရင်နင့်ဖွယ်ရာမြင်ကွင်း
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞
စိန်စီသောညမှာလေယဉ်ပျံစီးရင်း . . 
တပ်မတော်သားများကတော့ တိုင်းပြည်အတွက်မကာကွယ်ရဘဲ . .
စစ်ခွေးဆိုးကြီးအတွက် ကာကွယ်ရင်း . . 
အခုလို အမှိုက်ပုံမှာ အိပ်စက်နားယူနေရတယ် . .။
ကဲ . . 
ကောင်းကြသေးရဲ့လား ? ကောင်းနိုင်သေးရဲ့လား ?
တပ်မတော်သာ . . အမိ . .  ဆို ။
တပ်မတော်သာ . .  အဖ . . ဆို ။
ဘေးပြောတာကို မယုံနဲ့ . . သွေးပြောတာကို ယုံ  .. တဲ့။
အခုတော့ မင်းတို့လည်း မှတ်သားလောက်ကြပြီထင်ပါတယ် . .။
အင်း . ..  ဗုဒ္ဓစကားတော်နဲ့ပဲ . .
ဒုက္ခ အများသတ္တ၀ါတွေအားလုံးအတွက် . .
အခုလိုသံဝေဃယူရင်း . . 
ကမ္မံ၊ မိမိပြုလုပ်သောအမှုသည်။တံကမ္မံ၊ထိုပြုလုပ်သောသူကို။
ဝိဘဇ္ဇတိ၊အဆိုးအကောင်းဟုဝေဖန်သမှုပြုပေတော့သည်။
█ ░ အလင်းရှင် ░ █

ဝေသာလီ .. သို့ လွမ်းခြင်း

❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
သြော် . . သတိရတာပေါ့ကွယ် . . တို့တွေရဟန်းဆိုပေမယ့်လည်း
သာသနာတော်နဲ့နှီးနွယ်နေတဲ့ မင်းတို့လေးတွေကို သတိ မရဘဲနေ
ပါ့မလား၊ငါ့လိုသမညပုထုဇဉ်ရဟန်းကိုမဆိုထားနဲ့ အတုမဲ့မြတ်ဗုဒ္ဓ
တောင် နောက်ဆံ
ုးပရိနိဗ္ဗာန်စံဝင်ခါနီးသုံးလအလို ဝေသာလီပြည် မှ
ဘဏ္ဍုရွာသို့ အသွားမှာ ဝေသာလီပြည်ကြီးကို ဆင်ပြောင်ကြီးကဲ့သို့
လှည့်ကြည့်ခဲ့ဖူးတယ်။ ဘာလို့အဲလို လှည့်ကြရသလဲဆိုရင် ဝေသာ
လီပြည်မှာ မြတ်စွာဘုရားဟာ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတာ
ကြောင့် အခုဘ၀ဟာတော့ဖြင့် မိမိရဲ့ပစ္ဆိမဘ၀ဖြစ်နေခဲ့ပြီ။
နောက်နောင်သံသာရာဆိုတဲ့ ခရီးဆိတ်သုဉ်းခဲ့ပြီ ထို့အတွက်
ဝေသာလီပြည်နဲ့ ဘုရားရှင်ဘယ်တော့မှ ဆုံခွင့်ရတော့မည်မဟုတ်
ဒါ့ကြောင့် ဗုဒ္ဓရှင်သည် ဝေသာလီပြည်ကနေ ဘဏ္ဍုရွာကိုထွက်ခွာ
လာခဲ့ရာ မြို့အထွက်မှာ ဝေသာလီပြည်ကို နောက်ဆုံးကြည့်တော်
မူခြင်းဖြင့် ကြည့်တော်မူခဲ့သည်။ ကြည့်ပြီးတဲ့နောက် အနားရှိ
ညီတော်အာနန္ဒာကို . . .
“ ဣဒံ ပစ္ဆိမကံ အာနန္ဒ တထာဂတဿ ဝေသာလိယာ
ဒဿနံ ဘ၀ိဿတိ၊ အာယာမနန္ဒ၊ ယေန ဘဏ္ဍုဂါမော
တေနုပသင်္ကမိဿာ” တိ။ လို့မိန့်ခဲ့တယ်။
“ အာနန္ဒာ ဤယခုကြည့်ရှု့ခြင်းသည် ဝေသာလီပြည်ကို
မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်ရှု့ခြင်းပေတည်း ၊
အာနန္ဒာ၊လာ သွားကုန်အံ့၊ ဘဏ္ဍုရွာကို ချဉ်းကပ်ကုန်အံ့။ ”
လို့ လွမ်းမောစရာကောင်းသော စကားများကိုအာနန္ဒာအားမိန့်ကြား
ခဲ့တယ်။ အခုပါဠိတော်အနက်ပြန်ကိုဖတ်ရရုံနဲ့ လွမ်းစရာမဟုတ်လို့
ထင်ရသော်လည်း အဋ္ဌကထာဆရာများကတော့ အဓိပ္ပါယ်ကိုခြုံငုံမိ
အောင်ဖွင့်ပြလိုက်တော့ တို့မှာ . . မဟာပရိနိဗ္ဗာနသုတ်တော် ၊
နာဂါပလောကိတ အခန်းကို ၀င်ဖတ်မိတိုင်း ဗုဒ္ဓနဲ့ဗုဒ္ဓဘ၀လေးတွေ
ကို ကြည်နူးလွမ်းဆွတ်မိတယ်။ အသဲနုတယ်ပဲပြောရမလားမသိ
ငါများသောအားဖြင့် အဲဒီပရိနိဗ္ဗာနသုတ္တန်ကိုပဲ အချိန်ရရင်ဝင်ဝင်
ဖတ်မိတယ်၊ ဖတ်တိုင်းလည်း ရင်ထဲမှာ ဝေသာလီကိုလွမ်းသလို
လို .. ဗုဒ္ဓမြတ်စွာကိုပဲ သတိရသလိုလို . . နောက်ပါးမှာ အရိပ်လို
ခစားအပင်ပန်းခံကြည်ညိုတက်တဲ့ အာနန္ဒာကိုပဲ ဆွေးသလိုလို . .
အဲလိုကိုခံစားရပါတယ်။ အနောက်တိုင်းပါဠိဘာသာသုတေသီတွေ
ကလည်း မဟာပရိနိဗ္ဗာနသုတ္တန်သည် ဗုဒ္ဓဘုရားရှင်ရဲ့ သဗ္ဗညုတ
ရွှေဉာဏ်ကို ပိုမိုကြည်ညိုဖွယ်ရာဖြစ်စေသည်။လို့ မှတ်ချက်ပြုကြည်
ညိုကြတယ်။ အခြားဘာသာရေးဘုရားများနဲ့ ကမ္ဘာသမိုင်းဝင်ခေါင်း
ဆောင်များဟာ ဗုဒ္ဓမြတ်စွာလို နောက်ဆုံးအချိန်အထိအလုပ်လုပ်
သွားပုံ သေသပ်ပီပြင်မှု အပိုအလိုမရှိမှုများ ၊ ပီပြင်မှုများကို ထိုအ
နောက်တိုင်းပါဠိပါရဂူများက အထူးလေးစားကြည်ညိုခဲ့ကြတယ်။
ဒါ့ကြောင့်ကွာ။ ဗုဒ္ဓရှင်တော်သည်ပင် သူဘ၀ပေါင်းများစွာကျင်လည်
ခဲ့တဲ့ ဝေသာလီပြည်ကြီးကိုတောင် နောက်ဆုံးကြည့်ခြင်းဖြင့်ကြည့်
ခဲ့သေးရင် . . . ငါ့လို အညတရရဟန်းတစ်ပါးအနေနဲ့ ငါ့ရဲ့စာဖတ်ပ
ရိတ်သတ်များကို သတိရမိတယ် လွမ်းဆွတ်မိတယ်ဆိုတာ မပိုပါ။
သာလို့တောင် လွမ်းမိပါသေးသည် . . ။
အကယ်၍များ မျက်ရည်အပိုရှိပါက . . စို၍ပင် . . ငိုနေမိဦးမည်။
ဒါ့ကြောင့် လွမ်းရင်း . . . လွမ်းနေရင်း . ..
သတိရရင်း . . ရနေရင်းဖြင့် . . .
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ . . နောက် ဗုဒ္ဓကိုကြည်ညိုခဲ့ကြသော . . .
သူငယ်ချင်းသာဝကအပေါင်းတို့အားအတွက် . .
မျက်စေ့နှစ်ကွင်း အလင်းရနေသရွေ့ . . .
ရေးရင်း . . ရေးနေပေဦးမည် . . .
သတိရရင်း . . သတိရနေပေဦးမည် . . .
တမ်းတရင်း . . တမ်းတနေပေဦးတော့မည့် . . .

█ ░ အလင်းရှင် ░ █
 
Photo: ဝေသာလီ  ..  သို့ လွမ်းခြင်း 
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞ 
သြော် .  . သတိရတာပေါ့ကွယ် . . တို့တွေရဟန်းဆိုပေမယ့်လည်း
သာသနာတော်နဲ့နှီးနွယ်နေတဲ့ မင်းတို့လေးတွေကို သတိ မရဘဲနေ
ပါ့မလား၊ငါ့လိုသမညပုထုဇဉ်ရဟန်းကိုမဆိုထားနဲ့ အတုမဲ့မြတ်ဗုဒ္ဓ
တောင် နောက်ဆုံးပရိနိဗ္ဗာန်စံဝင်ခါနီးသုံးလအလို ဝေသာလီပြည် မှ
ဘဏ္ဍုရွာသို့ အသွားမှာ ဝေသာလီပြည်ကြီးကို ဆင်ပြောင်ကြီးကဲ့သို့
လှည့်ကြည့်ခဲ့ဖူးတယ်။ ဘာလို့အဲလို လှည့်ကြရသလဲဆိုရင် ဝေသာ
လီပြည်မှာ မြတ်စွာဘုရားဟာ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတာ
ကြောင့် အခုဘ၀ဟာတော့ဖြင့် မိမိရဲ့ပစ္ဆိမဘ၀ဖြစ်နေခဲ့ပြီ။
နောက်နောင်သံသာရာဆိုတဲ့ ခရီးဆိတ်သုဉ်းခဲ့ပြီ  ထို့အတွက် 
ဝေသာလီပြည်နဲ့ ဘုရားရှင်ဘယ်တော့မှ ဆုံခွင့်ရတော့မည်မဟုတ်
ဒါ့ကြောင့် ဗုဒ္ဓရှင်သည် ဝေသာလီပြည်ကနေ ဘဏ္ဍုရွာကိုထွက်ခွာ
လာခဲ့ရာ မြို့အထွက်မှာ ဝေသာလီပြည်ကို နောက်ဆုံးကြည့်တော်
မူခြင်းဖြင့် ကြည့်တော်မူခဲ့သည်။ ကြည့်ပြီးတဲ့နောက် အနားရှိ 
ညီတော်အာနန္ဒာကို . . .
“ ဣဒံ ပစ္ဆိမကံ အာနန္ဒ တထာဂတဿ ဝေသာလိယာ  
ဒဿနံ ဘ၀ိဿတိ၊ အာယာမနန္ဒ၊ ယေန ဘဏ္ဍုဂါမော 
တေနုပသင်္ကမိဿာ” တိ။ လို့မိန့်ခဲ့တယ်။ 
“ အာနန္ဒာ ဤယခုကြည့်ရှု့ခြင်းသည် ဝေသာလီပြည်ကို 
မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်ရှု့ခြင်းပေတည်း ၊
အာနန္ဒာ၊လာ သွားကုန်အံ့၊ ဘဏ္ဍုရွာကို ချဉ်းကပ်ကုန်အံ့။ ”
လို့ လွမ်းမောစရာကောင်းသော စကားများကိုအာနန္ဒာအားမိန့်ကြား
ခဲ့တယ်။ အခုပါဠိတော်အနက်ပြန်ကိုဖတ်ရရုံနဲ့ လွမ်းစရာမဟုတ်လို့
ထင်ရသော်လည်း အဋ္ဌကထာဆရာများကတော့ အဓိပ္ပါယ်ကိုခြုံငုံမိ
အောင်ဖွင့်ပြလိုက်တော့ တို့မှာ . .  မဟာပရိနိဗ္ဗာနသုတ်တော် ၊ 
နာဂါပလောကိတ အခန်းကို ၀င်ဖတ်မိတိုင်း ဗုဒ္ဓနဲ့ဗုဒ္ဓဘ၀လေးတွေ
ကို ကြည်နူးလွမ်းဆွတ်မိတယ်။ အသဲနုတယ်ပဲပြောရမလားမသိ
ငါများသောအားဖြင့် အဲဒီပရိနိဗ္ဗာနသုတ္တန်ကိုပဲ အချိန်ရရင်ဝင်ဝင်
ဖတ်မိတယ်၊ ဖတ်တိုင်းလည်း ရင်ထဲမှာ ဝေသာလီကိုလွမ်းသလို
လို  ..  ဗုဒ္ဓမြတ်စွာကိုပဲ သတိရသလိုလို . . နောက်ပါးမှာ အရိပ်လို
ခစားအပင်ပန်းခံကြည်ညိုတက်တဲ့ အာနန္ဒာကိုပဲ ဆွေးသလိုလို . .
အဲလိုကိုခံစားရပါတယ်။ အနောက်တိုင်းပါဠိဘာသာသုတေသီတွေ
ကလည်း မဟာပရိနိဗ္ဗာနသုတ္တန်သည် ဗုဒ္ဓဘုရားရှင်ရဲ့ သဗ္ဗညုတ
ရွှေဉာဏ်ကို ပိုမိုကြည်ညိုဖွယ်ရာဖြစ်စေသည်။လို့ မှတ်ချက်ပြုကြည်
ညိုကြတယ်။ အခြားဘာသာရေးဘုရားများနဲ့ ကမ္ဘာသမိုင်းဝင်ခေါင်း
ဆောင်များဟာ ဗုဒ္ဓမြတ်စွာလို နောက်ဆုံးအချိန်အထိအလုပ်လုပ်
သွားပုံ သေသပ်ပီပြင်မှု အပိုအလိုမရှိမှုများ ၊ ပီပြင်မှုများကို ထိုအ
နောက်တိုင်းပါဠိပါရဂူများက အထူးလေးစားကြည်ညိုခဲ့ကြတယ်။
ဒါ့ကြောင့်ကွာ။ ဗုဒ္ဓရှင်တော်သည်ပင် သူဘ၀ပေါင်းများစွာကျင်လည်
ခဲ့တဲ့ ဝေသာလီပြည်ကြီးကိုတောင် နောက်ဆုံးကြည့်ခြင်းဖြင့်ကြည့်
ခဲ့သေးရင် . . . ငါ့လို အညတရရဟန်းတစ်ပါးအနေနဲ့ ငါ့ရဲ့စာဖတ်ပ
ရိတ်သတ်များကို သတိရမိတယ် လွမ်းဆွတ်မိတယ်ဆိုတာ မပိုပါ။
သာလို့တောင် လွမ်းမိပါသေးသည် . . ။ 
အကယ်၍များ မျက်ရည်အပိုရှိပါက  . . စို၍ပင် . . ငိုနေမိဦးမည်။
ဒါ့ကြောင့် လွမ်းရင်း . . . လွမ်းနေရင်း . .. 
သတိရရင်း . .  ရနေရင်းဖြင့် . . .
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ . .  နောက် ဗုဒ္ဓကိုကြည်ညိုခဲ့ကြသော  . . . 
သူငယ်ချင်းသာဝကအပေါင်းတို့အားအတွက် . . 
မျက်စေ့နှစ်ကွင်း အလင်းရနေသရွေ့ . . .
ရေးရင်း . .  ရေးနေပေဦးမည်  . . .
သတိရရင်း . .  သတိရနေပေဦးမည် . . .
တမ်းတရင်း . .  တမ်းတနေပေဦးတော့မည့် . . . 
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget