.

AlinShin

Sunday, July 27, 2014

ရုရှားသမ္မတ ပူတင်ရဲ့သမီး နေအိပ်ကနေထွက်ပြေးပုန်းရှောင်

မလေးရှားလေကြောင်းလိုင်း MH 17 ကို ယူကရိန်းအရှေ့ဘက် ရုရှားနယ်စပ်နားမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက်ထွက်ပေးလာပြီး တဲ့နောက် နယ်သာလန်နိုင်ငံက သမီးဖြစ်သူ မာရီယာ ပူတင်နာဟာ သူ့အိမ်က တိမ်းရှောင် ထွက်ပြေး သွားပြီလို့ ဆိုပါတယ်။ 


 ရုရှားသမ္မတ ပူတင်နဲ့ နယ်သာလန်မှာ နေထိုင်တဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာ၊ ဓာတ်ပုံ- ရာဟူး
နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ဦးတည်ပျံသန်းသွားတဲ့ ဘိုးရင်း ၇၇၇ MH 17 လေယာဉ်ဟာ လွန်ခဲ့တဲ့ သတင်းပတ်က ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက သူတို့ ထိန်းချုပ် ထားရာဒေသမှာ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်။ 

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၂၉၈ ဦးလုံး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲက ဒတ်ခ်ျ လူမျိုး စုစုပေါင်း ၁၉၃ ဦး ပါဝင်ပါတယ်။ 

အဲဒီ ဒတ်ခ်ျတွေရဲ့ အလောင်းတွေကို ဘယ်သူ၊ ဘယ်ဝါ စစ်ဆေးတဲ့ နေရာဖြစ်တဲ့ Hilversum က မြို့တော် ဝန်က ရေဒီယို အင်တာဗျူးတခုမှာ ခရီးသည်တင်လေယာဉ်ကို ပစ်ချဖို့ မစ်ဇိုင်း ဒုံးကျည်ကို အသုံးပြုဖို့ ကျွမ်းကျင်သူတွေ ရုရှားသမ္မတ ပူတင်က အထောက်အပံ့ လုပ်ထားတာကြောင့် နယ်သာလန်နိုင်ငံမှာ
နေ ထိုင်နေသူ မာရီယာပူတင်နာကိုလည်း နိုင်ငံက နှင်ထုတ်သင့်တယ်လို့ မှတ်ချက် ထည့်ပြောပါတယ်။ 

 နောက်ပိုင်းတော့ သူပြောခဲ့တဲ့ စကားဟာ အမြော်အမြင်နည်းပါးတဲ့ စကားလုံး သုံးနှုန်းမိတာကြောင့် တွစ်တာကတဆင့် တောင်းပန်းစကား ဆိုခဲ့ပါတယ်။ 

သူ့ခံစားချက်ကို ရှေ့တန်းတင်လွန်းပြီး အရမ်းကို စိတ်ထိခိုက်ချိန်မှာ ပြောမိလိုက်တာတာ ဖြစ်ပေမယ့် 
တော်တော်များများက ဒီစကားကို မှတ်မိနေကြမှာပါဘဲလို့ ရာဟူး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ရုရှားသမ္မတ ပူတင်ရဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာရဲ့ သမီးနေထိုင်ရာ နယ်သာလန်က အိမ်လိပ်စာကို ယူကရိန်း ဝက် ဆိုက် တခုက လူသိရှင်ကြား ထုတ်ရေးပြီးတဲ့နောက် “ သဟိတ်ဂ်” The Hague မြို့နားက Voorschoten ရွာမှာရှိတဲ့ သူ့အိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ သိရပါတယ်။ 

လက်ရှိမှာ မာရီယာ ဘယ်မှာနေထိုင်နေတယ်ဆိုတာတော့ မသိရသေးပါဘူးတဲ့။ မာရီယာပူတင်နာက သူ့ချစ်သူ ဒတ်ခ်ျ လူမျိုး Jorrit Faassen နဲ့ မနှစ်ကတည်းက နယ်သာလန်မှာ နေထိုင်နေတာပါ။ 

မာရီယာပူတင်နာကလည်း သူ့အမ ဖြစ်သူ Yekaterina လိုပဲ လူမြင်ကွင်းကို ထွက်တာ အလွန်နည်းတယ်လို့ ရာဟူးသတင်းက ဆိုပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းဘက် က အပစ်တင်စွပ်စွဲနေလို ဒီလေယာဉ်ပျက်ကျမှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူး လို့ ငြင်းဆိုထားပါတယ်။ 

လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးမှာ စက်သေနတ် ကျည်ပေါက်ရာမျိုးတွေ အများကြီးတွေ့ရပြီး နောက်ထပ်လည်း အလောင်းတွေထပ်တွေ့တယ်လို့ ဆိုပါ တယ်။ 
အိမ့်သံစဉ် ~

ပုံမှားရိုက်လိုက်သည့် ဒလကန်ဦးကျောင်း


တနေ့သ၌ ကျနုပ်သည် နာလနန္ဒတက္ကသိုလ်မှ လူကြုံပေးဆပ်ကပ်လှူ
ဒါန်းခိုင်းသောAcer E1-472G- notebook အား ကမ္ဘာအေးတက္ကသီလ
၏ သောတုဇနထံ သွားရောက်ဆပ်ကပ်ရာတွင် ဖေ့ဘွတ်စာမျက်နှာများ
တွင် နံမည်ထွက်ခဲ့သော ရန်ကုန်တိုင်း ၊ ဒလမြို့နယ် “ကန်ဦးကျောင်း”
သတင်းကို ထိုသောတုဇန အရှင်မြတ်ထံမှ အောက်ပါအတိုင်းကြားသိခဲ့
ရပါတယ်။ .. 

• “သန္တိသုခကျောင်းက၊ ပိုင်ဆိုင်သူကို မပိုင်ဆိုင်သူကအရေးယူတာ”
• “ကန်ဦးကျောင်းက ၊ မပိုင်ဆိုင်သူကို ပိုင်ဆိုင်သူအရေးယူတာ
အဲဒီ ၀ိနယဓမ္မကိုမသိဘဲ ပြောရင် မျက်ကဏ်းပဲ။ ဗုဒ္ဓသာသနာတော်တွင်
ရဟန်းတော်များအား လှူဒါန်းရာမှာ .. .
• “ပုဂ္ဂလိက”
• “သံဃိက”
ဆိုပြီးနှစ်မျိုးရှိတယ်။ ပုဂ္ဂလိကမှာ တစ်ပါးမှအထက် ဒွိသန္တက ၊တိသန္တက၊
စတုသန္တ၊ စသည်ဖြင့် စသည်ဖြင့် အလှူခံတော်မူကြသလို၊ သံဃိက မှာ
လည်း ပထမနာယက၊ဒုတိယနာယက၊တတိယနာယက၊စသည်ဖြင့်စ
သည်ဖြင့် စာချုပ်များချုပ်ဆိုတော်မူကြတယ်။
ကဲ ဒါတွေရှည်တယ် ၊ လိုရင်းပြောမယ်၊ 


• (၁)“သန္တိသုခကျောင်းက၊ ပီနန်ဆရာတော်ပိုင်တာ၊အစောင့်အဖြစ်
• ဦးဥတ္တရပါသံဃာများနေတာ”
• (၂)“ကန်ဦးကျောင်းက၊ဒေါက်တာပ၀ရာဘိဝံသပိုင်တာ၊အစောင့်
• အဖြစ်ဦးကုသလကိုထားတာ”
ဖြစ်စဉ်အရကောက်သော် . ..
• (၁)“သန္တိသုခကျောင်းက၊ကျောင်းစောင့် ဦးဥတ္တရပါသံဃာများ
ကို မဆိုင်သူ (မဟန)က နှင်ထုတ်တာ၊ထောင်ချတာ။
• (၂)“ကန်ဦးကျောင်းက ၊ ကျောင်းစောင့် ဦးကုသလက၊ကျောင်းစောင့်
• မှတဆင့်၊ဒကာအများကို စည်းရုံးပြီးကျောင်းပိုင်ဆိုင်ဖို့လုတာ။”
အဲလို အရှင်းကြီးကို “သံဃ၀ိနည်ဓမ္မခဏ်လုပ်ထုံလုပ်နည်း”ကို မသိတဲ့
DvB က ကန်ဦးကျောင်းကို မဟာသန္တိသုခနဲ့ရောတုတ်သွားတယ်။ “၀ိနယ
ဓမ္မအခြေခံစည်းမျဉ်းဥပဒေလုပ်ထုံးလုပ်နည်း”ကိုမသိသော DvB ရဲ့သတင်း
ကိုကြည့်ပြီး ထိုဝိနယဓမ္မကို မသိတဲ့သူတွေက ရုပ်ရှင်ထပ်ရိုက်ကြတယ်။
ရာဇသတ်ဥပဒေလမ်းကြောင်းကပဲကြည့်ကြည့် ဓမ္မသတ်လမ်းကြောင်းကပဲ
ကြည့်ကြည့် “မူလဘူတ”ကိုပယ်လို့မရပါဘူး။ ကန်ဦးကျောင်းကိုဒေါက်တာ
ပ၀ရာဘိဝံသဆရာထေရ်က တစ်နယ်တည်းသား မိမိအရိပ်ကိုလာရောက်ခို
လှုံသော ဦးကုသလကို ကျောင်းစောင့်အဖြစ် ထားခဲ့တာပါ။
ဒ့ါကြောင့် ဒလ ကန်ဦးကျောင်းကို ရုပ်ရှင်ရိုက်နေတဲ့ ဦးကုသလနှင့်အလိုတူ
အလိုပါ ရွာသားတွေရဲ့ အမှန်အမှားကို နိုင်ငံတော် ၀ိနိစ္ဆယခုံရုံးမှာကြည့်ကြ
ရမှာပါ။
မှတ်ချက်။
ဆရာတော်ဘုရားကြီးရဲ့ဓာတ်ပုံသည် မူရင်းဓာတ်ပုံမဟုတ်သော
ကြောင့် .. . ပုံမထင်ရှားသည်ကို သည်းခံတော်မူပါရန် . ..

ဘဒ္ဒန္တ ကောဝိဒ █ ░ အလင်းရှင် ░ █
ရှမ်းလမ်း၊အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget