.

AlinShin

Monday, April 28, 2014

ကျောက်ထက်ပိဋကတ်တွေရှီပေမဲ့အမျိုးသားရေးအားနည်းသည်။

Photo: ကျောက်ထက်ပိဋကတ်တွေရှီပေမဲ့အမျိုးသားရေးအားနည်းသည်။
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
https://www.facebook.com/photo.php?fbid=1417906561807235&set=pcb.1417907505140474&type=1
ဒီမြို့လေးကိုရောကဖူးတယ်။
အလင်းရှင်ဟာသွားလေရာ ကင်မရာတစ်လုံးတော့ပါတက်သည်။
ထိုမြို့လေးကိုရောက်ဖူးသည်။ ပိဋကတ်သုံးပုံရှိလို့ နှလုံးသားထဲမှတ်ထားသည်။
သို့သော်ကုလားဆိုင်များပေါသည်။ ကျေးရွာသူကျေးရွာသားများက ကုလားဆိုင်များ
တွင်ဈေးဝယ်နေကြသည်ကိုသာတွေ့ရသည်။ ထိုနေ့ကစိတ်မကောင်းပါဘူး။
ထိုမြို့လေးရှိ ရဟန်းတော်များ အမျိုါ်ဘာသာသာသာသနာရေးအားနည်းတယ်
ဆိုတာကိုသတိထားမိတယ်။ ထိုမြို့လေးရှိသံဃာတော်များ အလင်းရှင်ရိုသေစွာ
လျှောက်ထားပါရစေ ကိုယ့်ကျေးရွာဒေသကို လုံခြုံအောင် အမျိုးဘာသာသာသနာ
မျက်စေ့ဖွင့်ပေးကြစေချင်ပါတယ်။
တပည့်တော် ဓနုဖြူမြို့ဈေးထဲကို ၀င်ရောက်လေ့လာကြည့်တယ်။ကုလားဆိုင်တွေမှာ
ဗမာတွေအသီးအသီးဈေးဝယ.်နေကြတယ်။ တပည့်တော်မျက်စေ့ရှက်လို့
ပြန်ထွက်ခဲ့ပါတယ်။ ထို့ကြောင့် ဓနုဖြူမြို့သူမြို့သားများ စည်းလုံးညီညွတ်ကြပါ။
လှိုင်ထိပ်ထားကားကတော့ ရဟန်းသံဃာများကိုရဲရဲတောက်ဦးစားပေးတာကို
တွေ့လို့ အတိုင်းမသိဝမ်းသာပါတယ်။ အဲဒီတုန်းကကိုယ့်ကားနဲ့ကိုယ်သွားရလို့
လှိုင်ထိပ်ထားကားကိုမစီးဖြစ်ပါဘူး။ လှိုင်ထိပ်ထားလို့ ဗမာတွေဓနုဖြူမြို့မှာမရှိဘူးလား
သိချင်ပါတယ်။ မြို့ခံ သံဃာတော်များ comment ရေးစေချင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ပိဋကတ်သုံးကို ကျောက်ထက်အက္ခရာတင်နိုင်တဲ့မြို့
ဟာ ဗုဒ္ဓဘာသာသမိုင်းမှာ (၁)မန္တလေးမြို့ (၂) ဓနုဖြူ မြို့တို့မှာပဲရှိတယ်လို့ထင်တယ်။
နောက်ထပ်မြို့တစ်မြို့မှာရှိတယ်လို့လည်းသိဖူးတယ်။
ဒါ့ကြောင့် ဓနုဖြူမြို့ဆိုတာ ဗုဒ္ဓဘာသာသမိုင်းအတွက် အဓိကရမြို့ပါ။ ထိုမြို့မှာရှီိ
တဲ့ ရဟန်းတော်များနဲ့ လူများဟာလည်းပဲ အဓိကရလူများဖြစ်စေချင်ပါတယ်။
အလင်ရှင်တော့ ဓနုဖြူမြို့ဈေးထဲကို ၀င်ရောက်ကြည့်မိတာ ကုလားဆိုင်မှာဈေး
ဝယ်နေတဲ့ ဗမာတွေကိုကိုတွေ့လို့ ကိုယ့်သင်္ကန်းကိုယ်ပြန်ကြည့်ပြီး ကားပေါ်တက်ကာ အမြန်ဆုံးထွက်ပြေးခဲ့ရဖူးပါတယ်။ 
ဘဒ္ဒ န္တကောဝိဒ
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်။ ရန်ကုန်တိုင်းဒေသကြိး
█ ░ အလင်းရှင် ░ █

လယ်တီကိုဌာပနာဖေါက်ပြီ

Photo: ဒကာ Kyaw Aung ထံကသတင်းတက်လာတယ်။
လယ်တီသိမ်ကို စစ်ခွေးတွေ ဌာပနာဖေါက်နေတယ်တဲ့၊
ကျေးဇူးပဲ ဒကာတော်ရေ  .. 
28-4-2014 ည
လက်ပံတောင်း
--------------
လယ်တီဆရာတော်ဘုရား
သတင်းသုံးခဲ့သော ဘုရား
နှင့်သိမ်အား ဦးပိုင်မှ
ဌာပနာဖောက်ပြီ။
အလင်းရှင်
ဒကာ Kyaw Aung ထံကသတင်းတက်လာတယ်။
လယ်တီသိမ်ကို စစ်ခွေးတွေ ဌာပနာဖေါက်နေတယ်တဲ့၊
ကျေးဇူးပဲ ဒကာတော်ရေ ..
28-4-2014 ည
လက်ပံတောင်း
--------------
လယ်တီဆရာတော်ဘုရား
သတင်းသုံးခဲ့သော ဘုရား
နှင့်သိမ်အား ဦးပိုင်မှ
ဌာပနာဖောက်ပြီ။
အလင်းရှင်

သံဃာထုအား ၀ိဘဇ္ဇလုပ်နိုင်ရန်လျှောက်ထားခြင်း

သံဃာထုအား ၀ိဘဇ္ဇလုပ်နိုင်ရန်လျှောက်ထားခြင်း
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
“သာရိပုတ္တရာသည် ပညာဉာဏ်ကြီးမား၏၊ 
တစ်ယောက်မလောက်သော
ဆွမ်းကိုပင်လျှင် ကျေးဇူးရှင်ဟုသိမှတ်နိုင်၏။”
                               “ဗုဒ္ဓမြတ်စွာ”
အို  .. သံဃာတော်အရှင်သူမြတ်တို့ဘုရား  .. . 
စစ်ခွေးအရေခွံကျွတ်တို့ အလိုကျဖွဲ့စည်းထားသော 
(မဟန) (မဘသ) (၉၆၉)တို့ကို ဝေဖန်သင့်ပါသည်။
ဘုရားရှင်သည် ၀ိဘဇ္ဇ၀ါဒကိုအလေးပေးတော်မူပါသည်။ ဆွမ်းတစ်လုပ်ကိုပင်
ကျေးဇူးရှင်ဟုသိမှတ်တော်မူသော ဗုဒ္ဓမြတ်စွာသာသနာတော်တွင် သန်းပေါင်း
များစွာသောပြည်သူလူထုကို နှိပ်စက်ညှင်းပန်းနေသော အရေခွံကျွတ်စစ်ခွေး
တွေရဲ့ စစ်ဗျူဟာမြောက်ဖွဲ့စည်းထားသောအဖွဲ့အစည်းမျာဟာ ဘယ်လိုမှ
မဖြစ်သင့်တော့ပါဘူး။ 
◄► “လယ်တီသိမ်ကိုဖျက်သင့်တယ်လို့ ဘယ်ရဟန်းက ထောက်ခံရဲပါသလဲ?”
◄► “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကရောထောက်ခံရဲလား?”
◄► “ထောက်ခံရဲသူများ  အလင်းရှင်အား comment ရေးပါ။”
ဒီလို ရှေးဟောင်းသမိုင်းဝင်သိမ်တွေ စေတီတော်တွေကို ဖျက်လိုကဖျက်၊
မီးရှို့လိုကရှို့နေသော စစ်ခွေးအဖွဲ့ကြီးက ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့တို့သည်
အ၀ီစိလားအဖွဲ့လို့ အလားသဏ္ဍာန်တူမနေဘူးလား?
ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာသာသနာတော်နှင့်အတိဒုက္ခရောက်နေကြကုန်သော
ဒါယိကာ ဒါယိကမတို့အား သနားငဲ့ညှာတော်မူသောအားဖြင့်  .. 
(၁) လယ်တီသိမ်ကိုမဖျက်ဆီးရန်ကန့်ကွက်ကြပါ
(၂) ကြေးဆိပ်သင့်မဲ့ဒေသခံပြည်သူတွေကို ကယ်တင်တော်မူကြပါ။
ရန် ခြေတော်ဦးခိုက်ကာရိုသေလေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား။
ဘဒ္ဒ န္တကောဝိဒ 
အရှေ့ဥယျာဉ်တိုက်၊ 
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ကာမမြူးးတဲ့ ဇာတ်ဝင်ခန်း

မင်းတို့အလင်းရှင်ကိုသတိထားမိလား?
ဒေါ်စုရဲ့ လုပ်ရပ်တွေကိုလည်းဝေဖန်ထောက်ပြတက်သလို စစ်ခွေးအရေခွံ
ကျွတ်ကောင်တွေရဲ့လုပ်ရပ်ကိုတော့ ပြောစရာမရှိအောင်ကို ထောက်ထားခြား
နားတက်သော အလင်းရှင်ရဲ့ ဟာဒယ၀တ္ထုကို open mind ရှိသူတိုင်းတွေးယူ
သိမြင်နိုင်ပါတယ်။ ဘယ်ပါတီကိုမှကိုယ်စားမပြုတက်တဲ့အလင်းရှင်ဟာ ဗုဒ္ဓနှင့်
ဗုဒ္ဓ၀ါဒကိုသာလျှင် ပဓာနထားကြောင်း အလင်းရှင်ရဲ့အာဘော်များကသက်သေ
ခံလျှက်ရှိပါတယ်။
အခုဒီလင့်လေးကို ၀င်ဖတ်ကြည့်ပါ။ ၈ ပူးသတင်းပေါ့။ ဟုတ်တယ်မဟုတ်တယ်
ရယ်လို့ထောက်ခံကန့်ကွက်တဲ့အထဲမှာအလင်းရှင်မပါပါဘူး။ ၀ိဘဇ္ဇ၀ါဒကိုသာ
နှလုံးသွင်းလေ့ရှိသောအလင်းရှင်ဟာ အနော်ရထာမင်းရင်းနှီးတည်ထောင်ခဲ့တဲ့
ဗုဒ္ဓသာသနာတော်ကြီးကို အင်္ဂလိပ်အစိုးရလက်ထက်ကလည်းအထူးသွေးမြေ
မခခဲ့သော်လည်း (န၀တ) (နအဖ) သိန်းစိန်၊လက်ထက်အထိ နာမည်တွေအမျိုး
မျိုးပြောင်းကာ လူမပြောင်းမူမပြောင်းဘဲ ပြည်သူကိုနှိပ်စက်ညှင်းဆဲသတ်ဖြတ်ခဲ့
တဲ့ စစ်ခွေးအရေခွံကျွတ်များရဲ့ ဗုဒ္ဓဘာသာအပေါ်ကိုယုတ်မာရက်စက်ခဲ့ပုံတွေ
ဟာ မျက်ဝါးထင်ထင်ပါနော်။
နွားတစ်ကောင်လို နှာဖားကြိုးတပ်ကာ ခိုင်းလို့ရအောင် ဖွဲ့စည်းခဲ့တဲ့ (မဟန)ကို
လယ်တီသိမ်နှုတ်ခိုင်းခဲ့တာ မင်းတို့သိကြပြီးသားပဲမဟုတ်လား။ အနော်ရထားမင်း
ကြီးရဲ့ သာသနာတော်ကို ဂန်းစာကျွေးလိုက်၊ ဗုံးစာကျွေးလိုက်၊ ဒိုဇာစာကျွေးလိုက်
နဲ့ . .၊ ကဲ . .ကာမမြူးတဲ့ဇာတ်ဝင်ခန်းကိုဝင်ဖတ်ချင်ရင် ဒီလင့်ကိုကလစ်ခေါက်လိုက်
http://www.alinshin.co.vu/2014/04/blog-post_6525.html
█ ░ အလင်းရှင် ░ █

သူများနဲ့ ညားတဲ့ ငါ့ရည်းစား

ရဲသူရိန်မင်း
+++++++
http://www.oppositeyes.info/2014/04/blog-post_9937.html?spref=fb
 ၈၈ မျိုးဆက်ကျောင်းသားဆောင်ဦးကိုကိုကြီး နဲ့ ချစ်သော မခင်သူသူဝင်း တို့ ခင်ဗျား၊ ကျွန်တော် ပထမဦစွာ ဦးကိုကိုကြီးနဲ့ ဇနီး ခင်သူသူဝင်း ကို congratulations အားလုံးနည်းတူပေါ့၊ လုပ်ပါရစေ။ ကျွန်တော်ကို ဦးကိုကိုကြီးမှတ်မိချင်မှမှတ်မိလိမ့်မယ်။ ဦးကိုကိုကြီးဇနီး ခင်သူသူဝင်းကတော့ကျွန်တော်ကိုသိပါတယ်။ ကျွန်တော်က ဦးကိုကိုကြီးထက်အသက်အများကြီးငယ်ပါတယ်ဗျာ။ ဦးကိုကိုကြီးကကျွန်တော့် ဦးလေးအ ရွယ်ပါ။ ဦးကိုကိုကြီးနောက်ကျွန်တော့် ရည်းစား ခင်သူသူဝင်းပါသွားပြီးကတည်းက၊ကျွန်တော်မှာ
တော်တော်လေး အသဲကွဲနေရပါတယ်။ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။

အခုတော့ facebook, journal, newspapers တွေမှာ ဦးကိုကိုကြီးနဲ့ ခင်သူသူဝင်း ဟာ နှစ်ပေါင်းများ စွာ က တည်းက ချစ်ကြိုက်ခဲ့တယ်ဆိုတာ အံအားတသင့် သိနားလည် လိုက်ရပါတယ်။ မယုံနိုင်စရာပါဘဲ။ ဒါတွေအားလုံးကို ကျွန်တော့်ချစ်သူခင်သူသူဝင်း ဘယ်တုန်းကမှ၊ ကျွန်တော့်ကို မပြောခဲ့ရပါလားဗျာ။ ကျွန်တော်ဦးကိုကိုကြီး တို့လွှတ်တုန်းကဆိုရင်၊ ဂုဏ်ယူဝမ်းသာ တဲ့အထည်းမှာ ကျွန်တော် နဲ့ ကျွန်တော့်မိ သားစု ကရှေ့ဆုံးကပါ။ အခုတော့ကျွန်တော် ဂုဏ်မယူချင်တော့ပါ။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကိုလည်း အရင်လို မလေးစားနိုင်တော့ပါ။ ဦးကိုကိုကြီးခင်ဗျား၊ facebook, journals, newspapers တွေရေးနေကြသလို၊ ဦးကိုကိုကြီး နဲ့ကျွန်တော့် ချစ်သူခင်သူသူဝင်းဟာ နှစ်ပေါင်းများစွာ ကတည်းချစ် ခဲ့ကြ တယ်ဆိုတာ၊ လိမ်လည်မှုကြီးတခုပါ။ ကျွန်တော်စုံးစမ်းသိရှိရသလောက်၊ ဦးကိုကိုကြီးမှာရည်ရွယ်ထား သူရှိပါတယ်။

ဦးကိုကိုကြီး ရည်ရွယ်ထားသူက ဦးကိုကိုကြီး ကိုထောင်ကျနေစဉ်ကာလတလျှောက်လုံးသိစ္စာရှိစွာနဲ့ စောင့် ခဲ့ပါတယ်။ ဦးကိုကိုကြီး နဲ့လည်း ထောင်ကျစဉ်ကာလတလျှောက်လုံး စာအဆက်အသွယ်ရှိခဲ့ပါတယ်။ ဦးကိုကိုကြီး ထောင်ကလွှတ်လာတော့လည်း အဝေးကနေ မြန်မာပြည်ကိုပြန်ခဲ့ပါတယ်။ ဒါပေမဲ့၊ ဦးကိုကိုကြီး ဟာသူမရဲ့ ပွင့်ပွင့်လင်းလင်း ၈၈ တွေကိုဝေဖန်တတ်တဲ့အကျင့် ကိုမကြိုက်လို့ စီစဉ်ထားတဲ့မင်္ဂလာပွဲကို တဖက်သက်ဖျက်သိမ်းလိုက်တာလို့ ကြားသိရပါတယ်။ နောက်ဆုံး သူမပြောသွားကတော့၊ မင်္ဂလာပွဲအတွက် အင်္ကျီးသွားအပ်တဲ့အိမ်မှာပါ။ အပ်ချုပ်ဆိုင်ရှင်က သူမကို ဘယ်လို ဦးကိုကိုကြီးနဲ့ တွေ့ခဲ့ရတာလည်း လို့မေးတော့။ နိုင်ငံရေး ကြောင့်ပါလို့ဖြေပါတယ်။ အခုရောဘယ်လိုမြင်ပါသလည်းလို့ ထပ်မေးတဲ့ အခါ၊ သူမက သက်ပြင်းချပြီး အားမလိုအားမရ နဲ့ နိုင် ငံရေး အရ တယောက်မှမကြိုက်ပါ။ မှုလည်းမကြိုက်ပါလို့ ပြန်ဖြေပါတယ်တဲ့။ အဲ့ဒီနေ့ညမှာဘဲ ဦးကိုကိုကြီး အပြန်မှာ ဦးကိုကိုကြီး ကိုယ်တိုင် အင်္ကျီးသွားအပ်တဲ့အိမ် ကို ညကြီး ဖုန်းဆက်ပြီး အားလုံးကို cancel လုပ်လိုက်တယ်လို့ ဦးကိုကိုကြီး တို့ရဲ့ ၈၈ အဖွဲ့ ဝင် တွေက ပြန်ပြောကြပါတယ်။

တကယ်တော့ သူမဟာ မကွယ်မဝှက် စိတ်ထည်းရှိတဲ့ အတိုင်း ပြောခဲ့ တာဖြစ်ပါလိမ့်မယ်။ အခုလည်း မြန်မာနိုင်ငံသား အများစုက အဲလိုဘဲ ထင်ကြတာပါ။ မြန်မာနိုင်ငံသားအများစုက အစိုးရဖက်မှာရော၊ အတိုက်အခံဖက် မှာရော၊ ခေါင်းဆောင်ကောင်းများမရှိကြဘူးလို့ယုံကြည်ထားကြတာပါ၊

ကျွန်တော်ဒီအကြောင်းတွေကိုသိထားတာကြာပါပြီ။ ကျွန်တော် ကိုလာရောက်ပတ်သက်လိမ့်မယ် လို့မမျှော် လင့် ထားပါ။ အခုတော့ ဦးကိုကိုကြီး အမေရိကားကိုသွားတဲ့ အချိန်ကစလို့ ကျွန်တော့်ချစ်သူခင်သူသူဝင်း ဟာ ဦးကိုကိုကြီး နောက် တ ကောက်ကောက်လိုက်ပြီး ကျွန်တော့်ကို သစ္စာဖေါက်သွားတဲ့အခါမှ၊ ကျွန်တော်အသဲကွဲမှ ဦးကိုကိုကြီး ကိုယ်တိုင်ရဲ့ ယုတ် မာစွာ သစ္စာဖေါက်ခြင်းခံလိုက်ရတဲ့ အမ နေရာ ကနေ စဉ်းစားကြည့်ပါတယ်။ ဘယ်လောက် ရင် နာ လိုက်မလဲ။ ဦးကိုကိုကြီး နဲ့ ခင် သူသူဝင်း တို့ ၂ ယောက် ကျွန်တော် အခု ခံစားနေရ သလို ဘယ်သော် အခါမှ မခံ စား ရပါစေနဲ့။ ဦးကိုကိုကြီး ရဲ့ ၈၈ အဖွဲ့ ဝင်တွေပြော ထားသလိုပဲ့ ခငိဗျား တို့ ၂ ယောက်လိုက်ဖက်ပါတယ်။

ဦးကိုကိုကြီးခင်ဗျား၊ ခင်ဗျားပြောလေ့ရှိပါတယ်။ ကျွန်တော် မြန်မာပြည်ကြီးကို စစ်ဖိနပ်အောက်က ကယ်တင်ချင်လို့ပါတဲ့။ ဟုတ်ကဲ့ခင်ဗျား၊ အခုခင်ဗျား တို့၂ယောက် ရွှေသံလွင်(skynet) ကပေးမဲ့ တိုက်ခန်း၊ကား တစီး၊ ဇေကမ္ဘာခင်ရွှေ ကပေးမဲ့ အလုံးစုံမင်္ဂလာဆောင်ကုန်ကျစားရိတ်၊ တခြား ခရိုနီတွေဆီကရမဲ့ ၊ စိန်၊ရွှေ၊ ကျောက်၊ ပတ္တမြား ရတနာပေါင်းစုံ ၊ ကားများနဲ့ အတူ မြန်မာပြည်ကြီးကို စစ်ဖက်နပ်အောက်က အတူတကွ၊ ကယ်တင်နိုင်ကြပါစေ။ ခင်ဗျားတို့ရမဲ့ တန်းဖိုးကြီး လက်ဖွဲ့ ပစ္စည်းတွေထည်းမှာ၊ ခင်သူသူဝင်း ရဲ့ သစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ကျွန်တော် နဲ့ ခင်ဗျားသစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ခင်ဗျားရည်းစား တို့ရဲ့ အသည်းနှလုံး၊ ပျက်စီးသွားတဲ့ ကျွန်တော်တို့ဘဝတွေ ပါ ပါတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်တော်ခင်သူ သူဝင်းရည်းစားပါ။ ကျွန်တော် နာမည်အရင်းကိုတော့ ခင်ဗျားတို့အားလုံး သိကြပါတယ်။

၈၈အသိုင်းအဝိုင်းရဲ့ နောက်ကွယ်ကနေ လက်သီးဘုန်းထိုး ရက်စက်စွာ လက်စားခြေတတ်တဲ့ (မြန်မာ့နိုင် ငံရေးအသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးကြီးပေါ့ဗျာ) အကျင့်ကို သိရဲ့သားနဲ့ ဒီ စားကိုပို့ရတာပါ ခင်ဗျား။ အမှန်တရား ကိုပြည်သူအများ သိထိုက်ပါတယ်။ အထူးသဖြင့်ခင်ဗျားတို့လိုနိုင်ငံရေး ရည်းမှန်းချက်ကြီးသူ တယောက်အဖို့။ ခင်ဗျာတို့ ၂ယောက် သမိုင်းတွင်မဲ့ သူရဲကောင်း စုံတွဲများ ဖြစ်နိုင် ကြပါစေ။ အမေစုနဲ့ လက်တွဲပြီး၊ သမ္မတ၊ဒုသမ္မတ များ အဖြစ်နဲ့ ခင်ဗျားတို့ကြွေးကျော်ကြသလို၊ မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ကြပါစေ။

ကျွန်တော်ကတော့ တစစီပျက်စီးသွားတဲ့ ကျွန်တော့်ဘဝကို မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ဖို့ဦးကိုကိုကြီးတို့ကိုလှုတန်းလိုက်တယ်လို့ဘဲယူဆလိုက်ပါမယ်။ ဦးကိုကိုကြီး နဲ့မခင်သူသူဝင်း တို့သက်ဆုံးတိုင်ရိုးမြေကျ၊ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ။
ပေးပို့သူ၏ မူရင်း သတ်ပုံအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။

█ ░ အလင်းရှင် ░ █

မဘသ၊၉၆၉၊မဟုတ်ဘူးငါးကြင်းဆီနဲ့ငါးကြင်းအကြော်ခံလိုက်ရတာပါ။

Photo: မဘသ၊၉၆၉၊မဟုတ်ဘူးငါးကြင်းဆီနဲ့ငါးကြင်းအကြော်ခံလိုက်ရတာပါ။
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀☀✂ ✂ ✂ ☀
လက်ပတောင်းတောင်မှာ နှစ်(၂၀)ကျော်နေပြီနေ့စဉ်ကြေးတန်ချိန်(၇၀)ထွက်ရှိ
ယင်းတန်(၇၀)လုံးကိုတရုတ်ပြည်ပြန်သယ်ပြီး ရွှေထုတ်ယူတာပါ။ ရွေဘယ်
လောက်ပါတယ်ဆိုတာ ငါလည်းတရုတ်မဟုတ်လို့မသိဘူးကွာ။
ဒါ့ကြောင့် ပြည်သူနဲ့သံဃာကိုသွေးခွဲဖို့အတွက် (မဘသ)နဲ့ (၉၆၉)အဖွဲ့ကို
တရုတ်ကြီးကစစ်ခွေးတွေကိုဖွဲ့ခိုင်းတယ်။
အထူးသဖြင့် မီးလောင်ဗုံးနဲ့ပစ်လိုက်တဲ့အချိန်ကစပြီးသံဃာကိုချုပ်ကိုင်နိုင်
ဖို့လိုနေပြီဆိုတာကို တရုတ်ကြီးနဲ့စစ်ခွေးတွေကသိလိုကတယ်။ဒါ့ကြောင့်
စစ်ခွေးတွေက တရုတ်ကြီးရဲ့အလိုတော်ကျ ဖွဲ့ပေးလိုက်ရတယ်
ဒါကိုမသိတဲ့ ကောင်တွေက ဂလယ်အူကြောင်လိုက်သွားရတာပါပဲ။
အထူးသဖြင့်တော့  ဗဟုသုတအမြင်မရှိတဲ့ ရဟန်းရှင်လူတွေခမျာ
(ငကြင်းဆီနဲ့ ငကြင်းအကြော်)ခံလိုက်ရတာပါပဲ။
ကြည့်လေ ဒေသခံကလေးတွေတောင် လယ်တီသိမ်တော်ရဲ့တန်ဘိုးကို
သိနေရင် (မဘသ)တို့ (၉၆၉)တို့ဟာ ဘာ့ကြောင့်မသိကြတာလည်း
(မဟန)ကြီးရဲ့သြ၀ါဒခံတွေမို့ ယင်း(မဘသ)တို့ဟာ (မဟန)ကြီးရဲ့
ခြေနဲ့ရေးတဲ့ လယ်တီသိမ်နှုတ်ပွဲကို တစ်လုံးတစ်ပါဒမှ မဟရဲဘူး။
ကဲ  .. ဒီလိုသာ နှုတ်ပိတ်နေကြမယ်ဆိုရင်  .. 
ရွှေတိဂုံစေတီတော်ရဲ့အောက်မှာ စိန်သိုက်ရှိလို့ တရုတ်ဝမ်ပေါင်ကြီးက
တူးမယ်ဆိုရင်လည်း ရွှေတိဂုံကိုဖျက်ရင် ယင်း (မဘသ)တို့ (၉၆၉)တို့
ခွေးအကြီးလှည်းနင်းခံရသလိုငြိမ်နေကြမှာပဲလား?

(မဘသ)ဆရာတော်ကြီးမိန့်စကားအချို့ အပိုင်း(၁)

 မြန်မာနိုင်ငံသမိုင်းအဆက်ဆက်မှာ သံဃာကို အင်္ဂလိပ်အစိုးရလက်
ထက်ကတုန်းကလည်း ဒီလိုအသတ်ဖြတ်မနှိပ်စက်ခဲ့ဘူး။ နေ၀င်းအစိုး
ရလက်ထက်ကတောင် ထောင်ကျရင်သံဃာတော်များဟာ သင်္ကန်းဝတ်ရုံ
ခွင့်ရသေးတယ်။ စစ်ခွေးဆိုးကြီးသန်းရွှေတို့လက်ထက်ကြမှာသံဃာတော်
တွေဟာ နည်းမျိုးစုံနဲ့အသတ်ခံရသလို စစ်ကြောရေးမှာ (ဖင်ခံချင်လို့လား)
အထိအပြောခံရသလို အနှိပ်စက်မျိုးစုံခံရပါတယ်။
အထက်ပါအတိုင်း ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ဖူးတာကိုအလင်းရှင်
မှတ်သားရပါသည်။
ဒါ့ကြောင့် စစ်ခွေးတွေရဲ့ ကုလားဖန်ဖဲချပ်သာဖြစ်တဲ့ (မဟန) (မဘသ) (၉၆၉)
တို့ဟာ ဘာမှသံဃာထုအတွက် ရှေ့တမ်းကမရပ်တည်နိုင်ခဲ့သလိုသမိုင်းဝင်
ရှေးဟောင်းအမွေအနှစ်များကိုလည်း အကာအကွယ်မပေးနိုင်ဘူးဆိုတာ
လယ်တီသိမ်ကသက်သေတည်နေပါတယ်။
█ ░ အလင်းရှင် ░ █

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ၏ အကျိုးစီးပွား

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဟာ တနေ့တခြားကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လို အပ်ချက် ပြည့်မှီအောင်ရရှိရေးအတွက် နည်းမျိုးစုံနဲ့ကြိုးပမ်းလာတာကို (၂၁)ရာစု အစပိုင်း
 နှစ်တွေမှာ တွေ့လာရတယ်။ အဲဒီလိုအင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည်
 ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေးနေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာ ခဲ့ပါတယ်။ စီးပွားရေးကြီးထွားလာမှုနဲ့အတူ စွမ်းအင်လိုအပ်ချက်ကလည်း ကြီးထွားးလာခဲ့ ပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။ စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ် ပိုင်းက သင်္ဘာကြီးတွေ သယ်ယူပါတယ်။ အဲဒီလိုသင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု
 မြင့်မားခြင်း နဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေ ရှည်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေး အင်အားကြီးထွား
မှုကိုအကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ အနာဂါတ်လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်က
  တော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုဘဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့သဘာဝဓါတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။ ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာစစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေမရှိပါဘူး။

ဒါကြောင့်တရုတ်ဟာ အဂါတ်မှာ သူရဲ့လောင်စာသယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ် များကို စတင်ရှာဖွေလာခဲ့တယ်။

ရှေးခေတ်တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှအလယ်ပိုင်းနဲ့ အနောက်နိုင်ငံတွေမှာ ရောင်းချရေး အတွက် ပိုလမ်းမ (Silk Road) မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်) ကိုအသုံးပြုခဲ့ပါတယ်။ (၂၁) ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာကွဟ မှုဒဏ် ကိုအဓိကခံနေရတဲ့
 ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။  ဒါကြောင်းဒီပြည်နယ် ထွက်ကုန်ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှာ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ ကိုမြန်မာနိုင်ငံကိုဖြတ်ပြီး အနောက်ဖက်ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။

ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံယူနနပြည်နယ်ထိတည်   ဆောက်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ စွမ်းအင်လိုအပ်ချက်(၅၀)ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင်သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြား ကဆင့်တောင်တရုတ်ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။ အဲခရီးရဲ့အကွာ အဝေးဟာ မိုင်ပေါင်း (၃၀၀၀)ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ်ရော ပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီးလမ်းခရီးတိုတို အချိန်တိုတို နဲ့ စရိတ် သက် သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖေါက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့အနာဂါတ်စွမ်းအင် ဖူလုံမှုအတွက်အောင်မြင်မှုကြီးတခုဖြစ်ပါတယ်။

 တရုတ်နိုင်ငံအနောက်တောင်ပိုင်းဆင်းရဲတဲ့ပြည်နယ် ရှိစက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ် ချက်ကို ရခိုင်ပြည်ကထွက် လာမယ့် ရေနံနဲ့သဘာဝဓါတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့် ဆည်းပေးနိုင်မှာ ဖြစ်တယ်။ တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကိုစဉ်းစာခဲ့တယ်။ ရခိုင်ပြည်ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း၊ နောက်တခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ပါကစ္စတန်ကိုဖြတ်ပြီးဖေါက်လုပ်မယ့် ရေနံပိုက် လိုင်းဖြစ် ပါတယ်။ ဒါပေမယ့် ဂွန်ဒါရေနက်ဆိပ်ကမ်းဟာမူဆလင် စစ်သွေးကြွတိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေဖြစ်တာ ကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကိုစွန့်လွတ်ခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက် မှုကမဟာဗျူဟာ မြောက်အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့သတင်းတွေအရ တရုတ်လူမျိုးတွေကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်းမြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံအကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေဘဲဖြစ်ပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့ကထုတ်ပြန်တဲ့ သတင်းအရဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူရေနယ် ဆိပ်ကမ်းအထိမိုင်း( ၅၀၀) ကျော်ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာစတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ (၂၀) ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ (၁၀)ပိုကြီးပါတယ်။ တရုတ်နိုင်ငံအနေနဲ့ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာအကြီးမား ဆုံးစီမံကိန်းအဖြစ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှုဖြစ်ပါတယ်။ အဲဒီလောက်ပမာဏ များပြားတဲ့ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ မဟာဗျူဟာရေးဆွဲသူတွေကကျောက်ဖြူရေနက်ဆိပ်ကမ်း ကိုဘယ် အထိမျော်မှန်းချက်ဆိုတာ သိသာလှပါတယ်။ ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြားရှိနိုင်တယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် (၂၀) အတွင်းမှာ မြန်မာနိုင်ငံ ရေးအပြောင်းအလဲမရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။ တနည်း အားဖြင့် နှစ်(၂၀) အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကိုအံတုမဲ့ခေါင်းေ     ဆာင်မရှိနိုင်ဘူး ဆိုတဲ့သဘောပါ။ ဘယ်ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင်အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသတ်လေ့ရှိပါတယ်။ တနည်းအားဖြင့်ဒီနေ့စစ် ခေါင်းဆောင်တွေ နောက်နှစ်(၂၀)ထိအာဏာကိုဆက် ထိမ်းထားနိုင်တဲ့ဆိုတဲ့သဘော လည်းပါ တယ်။

တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ (၅)ရာစုစတင်ခဲ့ပါတယ်။ မဟာတံတိုင်းဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက် ဒေသက တရုတ်ပြည်ထဲကို မကြာခဏကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
 ခေတ်အဆက်ဆက်တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီးလုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာအဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း
မရှိပါဘူး။ မြန်မာ့နယ်မြေကို ဖြတ်ပြီးဖေါက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့
 ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် (၂၁) ရာစု စွမ်းအင်လုံခြုံရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ယှဉ်ပြိုင်တဲ့အခါ အသာစီးရရေးနဲ့တရုတ်ရေတပ် အနေနဲ့အိန္ဒိယသမုဒ္ဒ ရာတွင်း တရုတ်အင်အားကိုထိမ်းထားရေးဖြစ်ပါကြောင်း။

ေေ  ရွေပြောင်းအလုပ်သမားတဦး
ထိုင်းနိုင်ငံ။

█ ░ အလင်းရှင် ░ █
 
သွေးကြောင်တဲ့သူတွေ .. ဘေးရှောင်နေကြပါ။

Photo: လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေး

၂၉-၄-၂၀၁၄
ရန်ကုန်မြို့နှင့်လက်ပံတောင်းဒေသတို့တွင်
ဆန္ဒပြတောင်းဆိုမည်
သွေးကြောင်တဲ့သူတွေ .. ဘေးရှောင်နေကြပါ။
သွေးမရှိရင် .. ဘေးသာထိုင်ကြည့်နေကြပါ။
အမျိုးဘာသာသာနာတော်အတွက် ဆိုင်းပုတ်တင်ပြီးလုပ်နေတဲ့အဖွဲ့တော့မဟုတ်ဘူးနော် . .
သူတို့အဖွဲ့ကို (မဘသ)လို့လည်းမခေါ်ဘူး၊ (၉၆၉)လို့လည်းနာမည်မတပ်ထားဘူး
ဒါပေမယ့် တကယ်သာသနာ့မိခင်ကြီးဖြစ်တဲ့ လယ်တီသိမ်ကိုတော့ သူတို့အဖွဲ့က
တကယ်လုပ်နေတယ်ဆိုတာ မျက်မြင်ပဲ။
လယ်ပြင်မှာဆင်သွားတယ်ဆိုတာ ခပ်သေးသေးလားမသိ။
ဒီအဖွဲ့တွေကတော့ စစ်ခွေးကျွတ်သိန်းစိန်တို့ ခဏခဏထောင်ချဖမ်းဆီးနေရတဲ့
တကယ့် အမျိုးဘာသာသာသနာကိုချစ်တဲ့အဖွဲ့ပဲ။.
ဘုရားပြောခဲ့တာမှတ်မိလား ? ဘိက္ခုဆိုတာ သင်္ကန်းဝတ်ထားတာကိုခေါ်တာမဟုတ်ဘူး
တဲ့။ ကိလေသာတဏှာကို ခုခံကာကွယ်တိုက်ခိုက်အနိုင်ယူတဲ့သူကိုသာလျှင် ဘိက္ခုအစစ်
လို့ ပြောခဲ့တယ်လေ။
အခုလည်းဒီအတိုင်းပဲကွ . ဆိုင်းဘုတ်တင်ပြီး အမျိုးဘာသာသာနာကိုကာကွယ်ယောင်
ဆောင်ပြီး စစ်ခွေးအလိုတော်ရိလုပ်နေတဲ့ အဖွဲ့မဟုတ်ဘူး တကယ့ိကို လယ်တီသိမ်
ဆိုတဲ့ ဗုဒ္ဓသာသနာကိုကာကွယ်နေတာ။
ကဲ .. သွေးကြဲတဲ့ကောင်တွေ .. ဘေးရှောင်နေကြ။
သွေးနဲတဲ့ကောင်တွေ . . အဝေးရှောင်နေကြ
သွေးရှိသပဆိုရင်တော့ .. အောက်ပါလိပ်စာဖုန်းနံပတ်ကိုဆက်သွယ်ပါ။
တော်ကီမပွားနဲ့၊ ဂေါဇီလာနဲ့ညာားသွားလိမ့်မယ်။
✂•••× ✂•••× ✂•••×✂•••× ✂•••×✂•••×
ရန်ကုန်မြို့တွင်လက်ပံတောင်းအရေးဆန္ဒပြမည်
https://www.facebook.com/photo.php?fbid=231154433758644&set=a.194283187445769.1073741828.100005922669492&type=1
နေရာ-ဗန္ဓုလပန်းခြံဘာလမ်း
အချိန်-ညနေ၃နာရီ၃၀မိနစ်
29-4-2014
ရည်ရွယ်ချက်-လက်ပံတောင်းသပိတ်စခန်းများကိုမီးလောင်ဗုံးဖြင့်အကြမ်းဖက်မှုဆယ့်ခုနှစ်လပြည့်အကြမ်းဖက်မှုရူံချပွဲနှင့်လယ်တီသိမ်ကာကွယ်စောင့်ရှောက်ပေးရေး
-ကြွေးကြော်သံ(ဦးပိုင်ဝမ်ဘောင်အလိုမရှိ)

ဆက်သွယ်ရန်ဖုန်း-ဦးသန်းဆွေ/0943138898
ဦးဘမြင့်/09421063210

တရားမျှတမှုနှင့်ငြိမ်းချမ်းရေးကိုလိုလားသူတိုင်းပါဝင်နိုင်ပါသည်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေး

၂၉-၄-၂၀၁၄
ရန်ကုန်မြို့နှင့်လက်ပံတောင်းဒေသတို့တွင်
ဆန္ဒပြတောင်းဆိုမည်

အဘမရှိတော့ ပွတ်တိုက်သံအသစ်တွေမကြားရတော့ဘူး

အဘမရှိတော့ ပွတ်တိုက်သံအသစ်တွေမကြားရတော့ဘူး
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩✩ ✩ ✩ ✩ ✩ ✩ ✩ ✩
တရုတ်ကွန်မြူနစ်ပါတီနဲ့ အန်အယ်ဒီ တို့ တွေ့ဆုံဆွေးနွေးမယ်တဲ့။
ဒီအဘဦးဝင်းတင်ကြီးမရှိတာ အတော်ကိုဆိုးဝါးတယ်။
တကယ်ဝေဖန်ရဲတဲ့ ဝေဖန်နိုင်တဲ့သူမရှိတော့လို့ပါပဲ။
အခုရှိနေတဲ့ ဦးတင်ဦးဆိုတာ စစ်သားဆိုပေမယ့် အဘဦးဝင်းတင်လောက်
ပြောရဲ ဆိုရဲ ဝေဖန်ရဲသူမဟုတ်ဘူးလေ။ နောက်ပြီး စစ်ဒဏ်ကိုခံခဲ့ရတာက
လည်းအဘဦးဝင်းတင်ပဲမဟုတ်လား ။
ဒါကြောင့် “ငကဏ်းသွားရင် ငဆွေလာ လိမ့်မယ် ” ဆိုတာမှန်တယ်။
အခုသွားလေသူက “ငကဏ်းမဟုတ်ဘူး . ”
“တကယ့်အကောင်းကြီး . . ”
“တကယ့် အပွင့်အလင်းကြီး ဗျ ”
ဒါ့ကြောင့် ဒီလိုအဘကြီးမျိုးနောက်ထပ်ပေါ်ဖို့ဆိုတာ
အသင်္ချေယျလောက်များ ကြာနေဦးမှာလား?
ဒီဓာတ်ပုံလေးကတော့ ဒီအဘကြီးဆေးရုံတက်နေချိန် အလင်းရှင်
ဆုတောင်းပေးမိတဲ့ ထိထိရှရှ ဓာတ်ပုံလေးပါ။
ဒီအဘကြီး ကောင်းရာသုဂတိသို့ လားပါစေ  .. . 
တကယ်ကြေကြေကွဲ ကွဲနဲ့ ဆုတောင်းလိုက်တာပါ ဒကာတို့ရေ . . 
စကားပုံလိုပဲကွ။ မရှိမှကောင်းမှန်းသိ ၊ သေမှ နှမြှောမိတဲ့။
အခုလည်း ငါက အဲဒီစကားပုံလိုဖြစ်နေပြီကွာ။

ပုံ နေမျိုးဝေ ။

ပုံ
နေမျိုးဝေ ။ ဆိုပြီး အဂတိလိုက်စားတဲ့ (လ၀က)တွေကိုအရေး
ယူဖို့ တော်ကီပစ်နေတယ်။
ခက်တာက (လ၀က)ဆိုတဲ့အထဲမှာ အောက်ခြေသာမန်ဝန်ထမ်း
တွေကတာဝန်ရှိတာမှမဟုတ်တာ။ တကယ်တန်းတာဝန်ရှိတာက
(သုံးသီးစား)စစ်ခွေးအရေခွံပြောင်းတွေပါ။
ဒီလူလည်း တကယ်ရယ်ဖို့ကောင်းတဲ့အထဲမှာပါတယ်နော်။
မြန်မာပြည်မှာ အဂတိလိုက်စားတဲ့ကောင်တွေဖြုတ်ထုတ်သတ်လုပ်ရ
ရင် သွားလေသူ ကိုအောင်ဆန်းမှတစ်ပါး အခြားမရှိဆိုသလိုပါပဲ။
အလင်းရှင်လည်း ကြာနီကန်ဆရာတော်ရယ်သလိုရယ်လိုက်မယ်
ဟေ .. ဟေ့။
ကဲ . .နေမျိုးဝေရေ . . ခင်ဗျားပြောသလို အဂတိလိုက်စားတဲ့ကောင်
တွေကိုရှင်းရမယ်ဆိုရင် .. .
နေပြည်တော်ကိုသာ နျူကလီးယားသုံးဆဲ့သုံးလုံးလောက်သာကျဲလိုက်ပေတော့။
ပုံ
ဘဒ္ဒန္တကောဝိဒ(အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊ စမ်းချောင်း။ရန်ကုန်။

ဘဒ္ဒန္တကောဝိဒ ကပြောတယ် ၊လယ်တီသိမ်ကိုဒီအတိုင်းပဲဖူးမျှော်ကြည်ညိုချင်တယ်

ဘဒ္ဒန္တကောဝိဒ ကပြောတယ် ၊လယ်တီသိမ်ကိုဒီအတိုင်းပဲဖူးမျှော်ကြည်ညိုချင်တယ်။
တရုတ်ဒိုဇာနဲ့ထိုးတဲ့အနိဋ္ဌာရုံကိုတော့ မမြင်ချင်ဘူး။ 
အကယ်၍ ထိုးခွဲဖျက်ဆီးခဲ့မယ်ဆိုရင်လည်းတာဝန်ရှိတဲ့သူကို
သာသနာဖျက်မိစ္ဆာကောင်အဖြစ် သမုတ်မယ်  ..  တဲ့။

ဇာတ်သိမ်းခန်း

Photo: ဇာတ်သိမ်းခန်း
☀ ✂•••× ☀ ✂•••× ☀ 
ကဲ . .  ဖေ့ဘွတ်ပေါ်ကြည့်လိုက်ရင်  ..
အဘသွားပြီ  .. . ။
ဒီအဘပဲကျန်တော့တယ် ။
ဘယ်အဘလဲ . ။
နေပြည်တော်ကအဘလေ ။
သူ့အလှည့်မှာတော့ အသုဘချစရာနေရာတောင်ရှိပါမလား?
ကဲ  .. 
စောင့်သာကြည့်ကြပေတော့။
ကာမာဝစရအကုသိုလ်ဆိုတာ မျက်နှာမလိုက်ဘူး  .. ဟဲ့။
လုပ်ရင် လုပ်သလောက် ဆိုးကျိုးရတာပဲ။
မလုပ်ရင် မလုပ်သောက် ဆိုးကျိုးရတာပဲ။
ဒီအဘတော့  .. 
စက်တင်ဘာမှာသံဃာတွေကိုသတ်တယ်။
မီးလောင်ဗုံးနဲ့ပစ်တယ်
ရှေးဟောင်းသိမ်စေတီတွေကို ဒိုဇာနဲ့ထိုးတယ်။
စတဲ့ကာမ၀စရအကုသိုလ်ကံကြီးများကိုသည်ပိုးထားသည်မို့
ဟေ  .. ဟေ့  . . (ကြာနီကန်ရယ်သံဖြင့်ရယ်ပါ)

လက်ပံတောင်းတောင်ရဲ့အနာဂါတ်ဟာ ကနေဒါနိုင်ငံ ဘရစ်တနီးယား
ကြေးနီသတ္ထုမိုင်းလို ယင်းမိုင်းရဲ့ အက်စစ်ယိုစိမ့်မှုကြောင့် ထိုဒေသတွင်း
ပျက်စီးခဲ့ရသောအဖြစ်အပျက်များကိုဖတ်ရလို့ မုံရွာလက်ပတောင်းတောင်
ဒေသခံပြည်သူတွေအတွက် စိုးရိမ်မကင်းဖြစ်ရာက အခုလိုတွေးမိရေးမိတာပါ။
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget