.

AlinShin

Saturday, February 2, 2013

အိမ်ထောင်ပြုမှားရင် ဈေးဝယ်မှားရင် . .မျောပြီ

AGK မှာဝယ်မိလို့
by အလင်း ရှင် on Monday, 21 January 2013 at 04:49 ·


ပန်းဆိုးတန်းထိတ်မှာ လက်ဖက်ရည်သောက်နေရင်း အခုလို ဈေးဝယ်သူ (iT)ဒုက္ခသည်တစ်ဦးရဲ့ ရင်ဖွင့်သံကိုကြားခဲ့ရလို့ နောက်နောင် အဲလိုဒုက္ခသည်နှုန်းမတိုးပွားရလေအောင်အသိပေးလိုက်ပါတယ်။ facebook ဆိုတဲ့ လူမှုကွန် ယက်ဟာ လူ့ဘောင်လူ့လောကရဲ့ကောင်းမွေဆိုးမှုများကို အလျှင်အမြန်သိရှိပြီး သုခဖြစ်ဖွယ်ရာသတင်းများ ဆိုရင် ၀မ်းသာပျှော်ရွှင်နိုင်ရမှာဖြစ်သလို ဆိုးမှုဒုက္ခများဆိုရင်လည်း ကိုယ်လည်းနောက်နောင်အဖြစ်ပွားရအောင် နဲ့ ကြုံတွေခဲ့ရသူများကို သနားသံဝေဃပွားနိုင်ရန်အတွက်ဖြစ်ပါတယ်။
ဒါမှသာ လူ့တို့နယ်မှာ အရာအားလုံးကို အလင်းနဲ့အညီတစ်ပြေးညီသိရှိနိုင်ကြမှာပါ။ ဒီလိုကြောင့်လည်း ကမ္ဘာ ပေါ်မှာ facebook သုံးစွဲသူများ များပြားလာခဲ့ခြင်းဖြစ်ပါတယ်။ အခုလည်း . . . ပန်းဆိုးတန်း၊ ဆိပ်ကမ်း သာလမ်း၊ အလယ်ဘလောက်၊ အမှတ်၊၂၁၀ မှာ AGK အမည်နဲ့ ကွန်ပျူတာ၊CCTV၊ဖုန်း၊Tablet တို့ကို အရောင်းမန်နေဂျာ (sale Manager) လှဦးမော် အပြော ကောင်းကောင်းနဲ့ရောင်းချနေပြီး၊ တကယ်တန်း arrre ဖြစ်လာတဲ့အခါ ဘာမှတာဝန်ယူဖြေရှင်းပေးတာမဟုတ် ဘဲ ̏တရုပ်နိုင်ငံကို  Service လုပ်ဖို့ ပြန်ပို့ပေးထားပါ တယ်˝ ဆိုတဲ့ စကားလုံးနဲ့သာ ၀ယ်ယူသူများကို reason  ပေးပါတယ်။ ဈေးဝယ်သူများမှာ မိမိငွေကို ပေးထားနှင့်ရသူမို့ နောက်ဆုံးမှာ အရှုံးနဲ့သာရင်ဆိုင်နေရပါတယ်။
အဲဒီအတွက် AGK ဆိုင်မှာဝယ်ယူသူများမှာ အဲဒီလို ဒုက္ခရောက်နေကြတဲ့အကြောင်းကို ကျွန်တော်ကြား မြင်နေရတာ (၃)ဦးလောက်ရှိပါပြီ။ ဒါ့ကြောင့် (၄)ယောက်မြောက်မဖြစ်ရအောင်အခုလို အပင်ပန်းခံ သတိပေးလိုက်တာပါ။  ပစ္စည်းဈေးနှုန်းထက် အဲဒီပစ္စည်းရဲ့ စက်ပိုင်းဆိုင်ရာ error ကို လုံးဝတာဝန်မယူတဲ့အတွက် AGK ဆိုင်မှာ မ၀ယ်မိဖို့စေတနာနဲ့သတိပေးလိုက်ပါတယ်။ ရန်ကုန်မှာရော အခြားနေရာတွေမှာပါ AGK လို တာဝန်ပျက်ကွက်တဲ့ ဆိုင်မျိုးတွေ ပေါနေပါတယ်။ ၀ယ်သူများသတိထာကြပါပါ။ ကျွန်တော်ကိုယ်တိုင်လဲ Lenovo တံဆိပ်၊ G470 Note book ကို (၂)လပိုင်း(၂၀၁၂) ခုနှစ်လောက်က (လေးသိန်းတိတိ)နဲ့ဝယ်ခဲ့ပါတယ်။ နောက်လမှာ DVD Rw Drive မကောင်းလို့သွားပြောတော့ သူတို့နဲLenovo ပစ္စည်းရဲ့အမှားမဟုတ်ဘူးတဲ့ သုံးစွဲသူ ကျွန်တော် စောက်သုံးမကျလို့(ညံ့တဲ့ DVDအခွေတွေ ထည့်ဖတ်လို့ Drive ပျက်သွားတဆိုပြီး လဲမပေးပါဘူး။ ဆိုင်နာမည်တော့ မပြောတော့ပါဘူးဗျာ။
ဒါ့ကြောင့် ဒီမိုကရေစီစနစ်ကို ပီပြင်အောင်မဆောင်ရွက်နိုင်သေးတဲ့ Government လက်ထက်မှာ အရောင်း ဆိုင်တွေကလည်း ရောင်းအားမြှင့်တင်ရေးကိုသာအဓိကထားပြီး ရောင်းကုန်ပစ္စည်းတွေရဲ့ error တွေကို တာဝန် မယူကြတာဟာလည်း တရုပ်ကုန်ပစ္စည်းများကိုသာ အဓိကထားရောင်းဝယ်နေရတဲ့ မြန်မာပြည်သူတွေ ရဲ့ ဒုက္ခတစ်ပါးပါပဲ
အာဏာရူးများနဲ့ ခရိုနီများကတော့  ချမ်းသာကြွယ်ဝသော ဒီမိုကရေစီနိုင်ငံကြီးများဖြစ်တဲ့  စင်ကာပူစတဲ့နိုင်ငံ တွေက brand အကောင်းစားတွေကိုသာ ၀ယ်သုံးစွဲနေကြပါတယ်။ဒါ့ကြောင့်သူတို့ကတော့ ဒီလိုဒုက္ခတွေကို မခံစားရပါဘူး။ ဒါ့ကြောင့်ပဲ အာဏားရူးကြီးရဲ့သမီးမင်္ဂလာဆောင်တဲ့အခါ စိန်စီသောည ဆိုတဲ့ဗွီဒီရိုခွေထွက်လာ တာပေါ့ဗျာ။
ဒါ့ကြောင့် ကျွန်တော်တို့ပြည်သူတွေအတွက် အာမခံချက်မရှိတဲ့ မြန်မာနိုင်ငံမှာ ဈေးဝယ်တာကအစ အလုပ်လုပ်တာအဆုံး ကျွန်တော်တို့မှာသာ ခံနေရတာပါ။ အောက်ဖေါ်ပြပါ  ဒီသတင်းကို လည်းဖတ်ကြည့် ပါခင်ဗျာ။
Browse › Home › မြန်မာ့သတင်း » ၀န်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ
ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၁၅ ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေး အလွဲသုံးမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒီစစ်ဆေး တွေ့ရှိချက်တွေ ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးရဲ့ ဦးသိန်းထိုက်ဦးက ဖတ်ကြား တင်ပြခဲ့တာပါ။

“၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စစ်ဆေးရာမှာ အရေးကြီးသော စစ်ဆေး တွေ့ရှိချက် အဖြစ် ၀န်ကြီးဌာန ၁၅ ခုမှာ နိုင်ငံတော်က ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်က ရရမည့် ရငွေများနှင့် ပတ်သက်ပြီး အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်သော သဘောဖြင့် ဆောင်ရွက် ထားမှုတွေကို တွေ့ရှိတဲ့အတွက် ဒီတွေ့ရှိမှုအပေါ် နိုင်ငံတော် အရအသုံးစာရင်းကို ပြန်သွင်းရန် ၄၇ မှုရှိကြောင်း တွေ့ရပါတယ်။ တွေ့ချက်များကို တင်ပြထားပါတယ်။”

ဝန်ကြီးဌာနတွေကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနစတဲ့ ၀န်ကြီးဌာနတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “စာရင်းစစ်တွေ့ရှိချက်က နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်က လုပ်တဲ့အခါ ကျပ်ငွေ ၂၀ ဘီလီယံကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါသေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲထဲမှာ သတင်းနဲ့စာနယ်ဇင်းတဦးတည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့  ပြောပါတယ်။”

ဒီပြည်ထောင်စုစာရင်းချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

“၀န်ကြီးဌာနာ တခုချင်း ပါပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်မတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ ဘတ်ဂျက်တိုးတဲ့အခါ တပ်မတော်သားတွေအတွက် စားနပ်ရိက္ခာ၊ အ၀တ်အစား ထောက်ပံ့ကြေး ဒါတွေတိုးပေးဖို့ ဟိုးအရင် ဒေါ်တင်နွယ်ဦး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဆွေးနွေးတာမှာ ပါပါတယ်။ အသေးစိတ်ကတော့ စာရင်းစစ်မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပါဘူး။”

ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကွာဟမှု၊ အလွဲသုံးမှုမျိုးတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ မဖြစ်စေဖို့ လွှတ်တော်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ့် သင်ခန်းစာအဖြစ် ရှုမြင်တယ်လို့လည်း သူကဆိုပါတယ်။

“၀န်ကြီးဌာနတွေမှာ စာရင်းစစ်လိုက်လို့ ဘီလီယံနဲ့ချီပြီး ဖြစ်နေတာ ကျနော်တို့သိပြီ။ နောင်တချိန် လွှတ်တော်ကော်မတီတွေက ၀န်ကြီးဌာနတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့အခါ ပိုဂရုထားရမယ်၊ ပိုအသေးစိတ်ရမယ်၊ ပိုသတိထားရမယ်ဆိုတာ ပေါ်လာတယ်။ ၂၀၁၁-၁၂ ဘတ်ဂျက်ကတော့ ပြီးသွားပြီပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာတော့ ကျနော်တို့ဘက်က ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်း ပညာတခုရတဲ့သဘော ရှိပါတယ်။”

အခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြလာတဲ့ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့တဲ့ အတွက် ပြည်တွင်းထုတ် သည်ဗွိုက်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျာနယ်ဖော်ပြချက်နဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် ကိုက်ညီမှု ရှိမရှိဆိုတာတွေကိုလည်း လွှတ်တော်ကော်မတီအနေနဲ့ ထပ်မံစိစစ်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။
by အံ့ဘုန်းမြတ်  (ဒီဗွီဘီ)Share on facebook Share on twitter Share on email Share on print More Sharing Services
သစ်ထူးလွင်

ဒေးဗစ်ဘက်ခမ်းကြောင့် အသက်ဝင်လာရသောဆောင်းပါများ (၁)


by အလင်း ရှင် on Saturday, 2 February 2013 at 22:37 ·
ဒေးဗစ်ဘက်ခမ်းကြောင့် အသက်ဝင်လာရသောဆောင်းပါများ (၁)

(၁) ဂြိုလ်ပြေ . . .  နံပြေ . . . နင်လည်းသေ . . ငါတို့ကတော့ ဇိတံမေ။

ဦးဇင်းတို့နားလည်ထားတာက ဘာသာဝင်ဖြစ်တာမဖြစ်တာတွေကအရေးမကြီးပါဘူး။အဲ . . ဗုဒ္ဓ၀ါဒဟာဘာလဲ ဆိုတာကိုပဲ သိရမှာပါ။ ဒါကလည်းပြောတော့တာလွယ်တာ သိဖို့ရာ  ဘယ်စာအုပ်တွေလေ့လာရမယ် ဆိုတာက အဓိကပါ။ ဟို . ..ဗေဒင်ဝါဒီတွေရေးတဲ့စာအုပ်တွေဖတ်မိရင် ဗုဒ္ဓ၀ါဒဟာ ခပ်ပေါပေါကြီးဖြစ်သွားတယ်။ အရမ်းကို တိကျတဲ့ လူမှု့ဘ၀နဲ့တစ်ထပ်တည်းဖြစ်တဲ့ ဗုဒ္ဓအယူဝါဒဟာ သူ့ကိုယုံကြည်သူရဟန်းရှင်လူတွေရဲ့လက်ချက် ကြောင့်ပဲ ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းကိုခံနေရှာတယ်။
အထူးသဖြင့် ဒီကနေ့ခေတ်အခြေအနေက ပိုဆိုးသွားတယ်။ သတင်းမီဒီယာမှာ အတိုင်းအတာတစ်ခုအထိဖေါ်ပြ လို့ရနေတယ်လေ။ အရင်ဆုံးတွေးစရာလေး . ..  တွေးကြည့်တက်အောင်ပြောပြမယ်။
အလိုတော်ပြည့်ဘုရား ဆိုတဲ့ဘွဲတော်ကစမယ်။ အဲဒီဘုရားဆင်းတုတော်က အလိုတော်ကိုတကယ်ပြည့်ပါတယ် ပဲထားပါ တစ်ခြားဘုရားဆင်းတုတော်များက အလိုတော်မပြည့်တော့လို့ အိပ်သာထဲရိုက်ချိုးထည့်ထားရတော့မှာ လား? ။ ဒါပါပဲ။ ဗမာတွေ စာမတက်တာထက် စူးရောက်အောင်မတွေးတက်တာပါ။ ဦးဇင်းအခုပြောနေတာ အလိုတော်ပြည့်ဆိုတဲ့ နာမည်ပါဘုရားဆင်းတုတော်တစ်ဆူကို ရည်ညွှန်းပြီးအပြစ်ဖို့စကားပြောနေတာမဟုတ် ဘူးနော်။ တကယ်ကိုအလိုတော်ပြည့်တယ်လို့ ဦးဇင်းကိုယ်တိုင် ယုံကြည်လိုက်မယ်။ ဒီလိုယုံကြည်လိုက်ရင် အခြားဒေသတွေမှာရှိနေတဲ့ဘုရားတွေက အလိုတော်ယုတ်ဘုရားဖြစ်သွားမှာပေါ့။
အဲဒီလောက်ကို ဗမာတွေ မစဉ်းစားတက်ဘူးဖြစ်နေတယ်။ ဒါလွယ်လွယ်လေးပါ။ ဒါပေမယ့်မစဉ်းစားမိကြဘူး။ ကလေးဘ၀ကသင်ခဲ့တဲ့ကဗျာလေးလိုဖြစ်နေတယ် (ပြောတိုင်းယုံတဲ့ပေါက်သင်ညို ခေါင်းညိတ်ရသလို) ကိုယ် ပိုင်မတွေးခေါ်တက်တော့ ခေါင်းပဲညိတ်နေရတော့တာပေါ့။ ဦးဇင်းငယ်ငယ်တုန်းက အဖွားပြောတဲ့စကားလေးက (ကျိက်ထီးရိုးဘုရားကို သုံးခေါက်တက်ဖြစ်ရင် စီးပွားတက်တယ်)တဲ့ ။ ဒ်ီလိုမျိုးအသက်ကင်းမဲ့အယူတွေကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ကျင့်သုံးနေကြတယ်။
ပိုလို့ဆိုးတာက န၀တတို့နအဖတို့ခေတ်ကပါပဲ။ ယတြာ ဆိုတဲ့စကားလုံးက အဲဒီကြမှာပေါ်ပြူလာဖြစ်တာ။ တိုင်း ပြည်ကိုမအုပ်ချုပ်တက်တဲ့အပြင် ဧကရာဇ်စနစ်လို  တိုင်းပြည်မှာသူတို့ကဘုရင်တစ်ဆူအဖြစ်ထင်တိုင်းကြဲချင် တော့ ကြဲလို့ရအောင် တန်ခိုးအတုအဖြစ် ယတြာကို သူတို့စတင်တွေ့ရှိဖေါ်ထုတ်ကာလုပ်ခဲ့ကြပါတယ်။ သူတို့နဲ့ ခရိုနီတစ်သိုက်က မဟာဓနတွေအဖြစ် တိုင်းပြည်ရဲ့ပြည်သူ့ဘဏ္ဍာများကို ဖေါ်ထုတ်ရောင်းချလို့ ကြွယ်ဝ ချမ်းသာလာကြတယ်။
အဲလို ခရိုနီနဲ့စစ်အာဏာရူးများတစ်သိုက်တို့က ကမ္ဘာပေါ်မှာ သောက်လုပ်သောက်ကိုင်မရှိဘဲသန်းကြွယ်သူဌေး ကြီးများအဖြစ် နေ့ချင်းညချင်းကြီးပွားလာတာဟာ ယတြာကြောင့်လို့ မြန်မာပြည်သူလူထုဟာ ထင်မြင်ယူဆကြ တယ်။ နောက် (ယတြာကောင်းရင် မင်းလောင်းပျောက်၏)  ဆိုတဲ့ ရှေးစကားကလည်း မြန်မာလူထုရဲ့နှုတ်ဖျား မှာစွဲနေလေတော့ ခရိုနီနဲ့စစ်အာဏာရူးများဟာ ဗေဒင်ယတြာကောင်းလို့ဆိုတဲ့ထင်မြင်ချက်ကို ခိုင်မာစေခဲ့ပါ တယ်။
မြန်မာနိုင်ငံဟာ အဲလိုစစ်အာဏာရူးများ ၎င်းတို့ကိုဖားယားကာကြီးပွားချမ်းသာလာကြသောခရိုနီများရဲ့ စနစ်ဆိုး ကြောင့် ဒီကနေ့မှာ ဗုဒ္ဓ၀ါဒဟာ ထောင့်ဝါဒ၊နေ့ဝါဒ၊ပြဿဒါးရက်ရာဇာဝါဒ အဖြစ်မသိမသာပြောင်းလည်း သွားခဲ့ ရာ ကမ္ဘာ့အံ့ဖွယ်အမည်ခံရွှေတိဂုံဘုရားကြီးရှိ ဂြိုလ်ပြေနံပြေတွေဆိုတာဟာ် ဒီစာရေးသူ ဦးဇင်းဘက်မှ ထူးခြား သော မဟာမျက်မြင်သက်သေကြီးတစ်ခုပါပဲ။
ဒါ့ကြောင့် ကမ္ဘာပေါ်မှာထင်ရှားပါတယ်ဆိုသော မည့်သည့်ပုဂ္ဂိုလ်ကြီးတွေဟာ ဗုဒ္ဓဘာသာဝင်များအဖြစ်ဘာသာ ကူးပြောင်းလာကြတယ်ဆိုတဲ့သတင်းကိုကြားလို့ ဦးဇင်းဝမ်းမသာပါ။ အထက်ကပြောခဲ့တဲ့ ရွှေတိဂုံဘုရားကြီးမှာ ဂြိုလ်တိုင်တွေပျောက်သွားမယ်ဆိုရင်ကိုသာ တကယ့်ဝမ်းသာမိမှာပါ။ ပျောက်သွားတယ်ဆိုတဲ့နေရာမှာ အာဏာ နဲ့ဖြိုဖျက်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဗုဒ္ဓ၀ါဒအမည်ခံတွေဟာ တကယ်ကိုဗုဒ္ဓ၀ါဒမှာ ဒီလိုနေ့နံပြဿဒါးဂြိုလ်ပြေနံ ပြေတွေမလိုအပ်ဘဲ သုနက္ခတ္တံ သုမင်္ဂလံ ဆိုတဲ့ပါဠိတော်အတိုင်း ကောင်းသောပြုမူမှုသည်သာ ကောင်းသော တုန့် ပြန်မှုကိုဖြစ်စေတယ် ဆိုတဲ့ ဗုဒ္ဓအယူဝါဒကို တကယ်သိရှိလိုက်နာပြီး လူသည် အစောကပြောခဲ့သောပြဿ ဒါးဝါဒနေ့နံဝါဒများကိုလက်မခံလိုသောစိတ်ရှိဖို့လိုပါတယ်။
ပြဿဒါးနေ့ ငြုတ်သီးစားလည်းစပ်မှာပဲ ရက်ရာဇာနေ့ငြုတ်သီးစားလည်းစပ်မှာပဲ။ ဒီလိုနိယာမတရားများကို နား လည်ပြီးရွှေတိဂုံဘုရားမှာ ဂြိုလ်ပြေနံပြေတွေပပျောက်သွားတာကိုပဲ တကယ့်ဗုဒ္ဓ၀ါဒလို့ပြောရမှာပါ။ တလောက ကချင်ပြည်နယ်အထိငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူတွေတစ်သိုက်က ရွှေတိဂုံဘုရားကိုသွားပြီးအောင် မြေနင်းတယ်ဆိုတဲ့စကားလေးဖတ်လိုက်ရတယ်။ ရွှေတိဂုံဘုရားကို တပ်ဦးတပ်ထွက်ခရီးထွက် မင်္ဂလာအဖြစ် သွားရောက်ပူဇော်တာဟာ ဗုဒ္ဓ၀ါဒအဖြစ်  ဦးဇင်းတို့ ၀မ်းမြောက်စွာသာဓုခေါ်ပါတယ်။ အဲ . . သူနဲ့ကပ်ပါလာတဲ့ အောင်မြေနင်းတယ် ဆိုတဲ့စကားကတော့ ဗုဒ္ဓ၀ါဒအတွက်မသတီစရာ . . . အော့နှလုံးနာစရာပါ။
ဒီလူငယ်တချို့နဲ့ ဦးဇင်းထောင်ထဲမှာ နေခဲ့ကြဖူးပါသေးတယ်။နာမည်တော့ထည့်မပြောတော့ပါဘူး၊  သူဟာ လူတော်တစ်ယောက်ပါ။ တိုက်ပိတ်ပြီဆိုတာနဲ့ သူ့အခန်းထဲကနေ ဘုရားရှိခိုးပရိတ်ရွတ်သံတွေကိုကြားရပါပြီ . . ဒါ့အပြင်အင်္ဂလိပ်စာကို အသံနေအသံထားနဲ့ ကျက်မှတ်သံကိုလည်း ကြားရပါတယ်။ ဗုဒ္ဓ၀ါဒအရ ပြောရမယ် ဆိုရင် သူတို့ရဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးခရီးဟာ အောင်မြေနင်းစာရစကားသုံးစရာမလိုပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့  သူတို့ရင်ထဲမှာကိုကတည်းက အောင်နေပြီးသားပါ။ သူတို့ရင်ဘတ်ထဲမှာ ရှိနေတဲ့ဆန္ဒအမှန်ဆို တာဟာ ဘုရားအလာင်းသူတော်ကောင်းကြီးတွေရဲ့ စိတ်မှဖြစ်ပေါ်တက်သော မဟာကရုဏာရဲ့တစိတ်တဒေသ ပါ။
ကချင်ပြည်နယ်ကို ငြိမ်းချမ်းစေချင်တယ်။ ကချင်လူမျိုးတို့ရဲ့နယ်မြေမှာဖြစ်ပေါ်နေတဲ့ စစ်မီးတွေရပ်စေချင်တယ်။ ဒါသူတော်ကောင်းစိတ်ဓာတ်ပါ။ ဒါကို ဂျာနယ်ကပဲဖွတာလားသူတို့ကိုယ်တိုင်ကပဲပြောတာလားတော့မသိ ရွှေတိ ဂုံဘုရားမှာအောင်မြေနင်းမယ် . . . တဲ့။
အောင်မြေနင်းတယ်ဆိုတာ အာဏာရူးစစ်ခေါင်းဆောင်များရဲ့အလုပ်ပါ။ အာဏာတည်မြဲဖို့စစ်တိုက်တယ် စစ် တိုက်တဲ့နေရာမှာအောင်ချင်တယ်။ ဒါနဲ့စစ်မတိုက်ဘဲအောင်ချင်တဲ့ ပရောဟိတ်ကြီးများက ဟိတ်ဟန်နဲ့လုပ်ကြံ လိုက်တာ ဒီကနေ့ ဘုရားတိုင်းမှာအောင်မြေဆိုတာ မပါရင်မပြီးပါဘူး။
ဒီတော့ ဦးဇင်းပြောချင်တာက ဗုဒ္ဓ၀ါဒဆိုတာ ကိုယ့်ကာယကံကိုယ့်ဆီလာတဲ့ဝါဒပါ။ ကာယကံကောင်းမှု၊၀စီကံ ကောင်းမှု၊မနောကံကောင်းမှုကိုသာ ထိမ်းသိမ်းသောဝါဒကျင့်စဉ်ပါ။ ဒီကံသုံးကံကိုထိမ်းထားရင် ကိုယ့်ရင်ဘတ် ဟာအောင်မြေပါပဲ။ ကိုယ့်နှလုံးသားဟာအောင်မြေပါပဲ။ ပါဠိလိုပြောရင် . .. ဇိတံမေ . . . ပေါ့။
ကိုပေါက်တူးရဲ့ ဇိတံမေ . . . ကို မကြာမီ ဆက်ဖတ်ရပါလိမ့် . . . .
by:  အလင်းရှင်
 http://aungminkhoung.blogspot.com

ဒါယကာကြီးဦးကျော်သူရဲ့ ခရိုနီဆိုသောစကားကိုဖြည့်စွပ်လိုက်ခြင်း

ဒီလိုတွေပြောနေရတာ၊မစ္ဆရိယစိတ်တွေကြောင့်မဟုတ်ဘူးနော်။ မြန်မာလူမျိုးတွေအတုယူမှားသွားမှာစိုးလို့ပါ။ ကောင်းတဲ့နေရာကိုအတုယူသင့်သော်လည်း အခုလို အာဏာရူးများကိုအဘခေါ်ခေါင်းငုတ်ပြီးအဓမ္မဖြစ်သောပြည်သူပိုင်ပစ္စ ည်းတွေကို မိမိတစ်ဦးတည်းရအောင် ဖားယားပြီးလုပ်ကိုင်စီးပွားဟာ သဒ္ဓါလာဘတွေမဟုတ်ဘူးဆိုတာကို လူငယ်တွေကိုသိစေချင်ပါတယ်။ ခရိုနီနဲ့အာဏာရူးများရဲ့ ခန္ဓာဟာ မီးခဲလိုပူလောင်လှပါတယ်။ အခိုးအလျှံတွေထွက်နေတဲ့ အဓမ္မလာဘ်လာဘတွေဟာ သံသရာမှာ ယမမင်းစစ်တဲ့အခါ မြန်မာပြည်ပလိပ်စစ်သသလို ဖုံးထား/ကွယ်ထား/လာဘ်ပေးထားလို့မရပါဘူး။ ဒါ့ကြောင့် ရှေးကသူ-တော်ကောင်းကြီးများဟာ (ဟဲ့. . . မိန်းမ နင်နော် ငါ့ကို သူများခြံစည်းရိုးကမသိ
ဘဲခူးလာတဲ့ ကင်းပွန်သီးကိုတော့ ချက်မကျွေးပါနဲ့ဟယ် . . .) ဒီလိုကိုအမှာအထားရှိကာ သန့်ရှင်းသောကိုယ့်ခြံထဲကမရှိရှိတာလေးတွေနဲ့သား ထမင်းတစ်ဝိုင်းကိုစီမံတက်ကြပါတယ်။ ကဲ . . . ဒီလိုသာ ဓမ္မလာဘဆိုရင် ဟိတ် . . .မလွဲဘူးခရိုနီတွေနဲ့ အာဏာရူးတွေဟာ ပြည်သူ့ကျွေးတွေကို သံသရာမှာဆပ်ကြရဦးမှာပဲ။

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီ ဟု ဦးကျော်သူပြော
February 1, 2013Home, သတင်း ဌာနအသီးသီးရှိ အာဏာရှိ သူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက်ရှာကာ အများအကျိုးကို ပစ်ပယ်ထားတက်သော ခရိုနီများ သည် ကိုယ်ကျိုးအတွက်မျှော်မှန်း ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာကြောင်း ဦးကျော်သူ ကပြောကြားသည်။
““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်းဝင်နေတယ်။ လူမှုရေး လောကထဲကိုလည်းဝင်နေတယ်။ ဘာလို့ဝင်တာလည်းလို့မေးရင် သူတို့အနေချောင်ဖို့ သူတို့ဒီထဲကို ၀င်ပြီလေ၊လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။ ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အားရှိတယ်လို့ထင်နေ တယ်။ လူမှုရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်က လူမှုရေး အတွက်ဘယ်လောက်ရှိလည်း လူမှုရေးအတွက်ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက်အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့လုပ်ရ မှာငွေနဲ့ပေါက်ပြီး လူမှုရေးလောက ထဲကို ၀င်လို့မရဘူး။ဒါတွေက မှား နေပြီ နိုင်ငံရေးဆိုလည်း နိုင်ငံရေး ငွေနဲ့ပေါက်ပြီးဝင်တယ်။
သူတို့အဲလိုလုပ်နေတဲ့အပေါ် မှာတော့ ဘာမှမပြောချင်ဘူး။ သူ့သမိုင်းကိုသူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊တစ်ချို့က ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဒီဘ၀မှာ ငါကောင်းကောင်းနေမယ်။ကောင်း ကောင်းစားသောက်ဖို့လည်းအရေး ကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘ၀ နောက်တစ်ကောင် ဖြစ်မယ်။အဲဒီအတွေးအခေါ်တွေ ဒါတွေကြောင့် တစ်ကမ္ဘာလုံးဒုက္ခ ရောက်နေတာ။လှူတယ်ဆိုလည်း ပျက်ရမယ်။မလိုအပ်တာကို ကဗျည်းရေးထိုးချင်တယ်။မလိုအပ် တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင် လှူတယ်ဆိုရင် နောက်က သိန်း ၄၊၅၊၆ထောင်လောက်ရမယ့် မျှော် ကိုးချက်နဲ့လှူတယ်ဒါတွေက မှား နေပြီ။တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ”” ဟုပြောကြားခဲ့သည်။
နာရေးကူညီမှုအသင်းအား နေ့စဉ်၊လစဉ်၊နှစ်စဉ်လာလှူသည် ငွေကြေးများကိုလည်း ကျန်းမာ ရေး၊ပညာရေး၊သဘာဝဘေးနှင့် တခြားသောလိုအပ်သည့်နေရာ များသို့ ခြင့်ချိန်၍လှူဒါန်းနေ ကြောင်းသိရှိရသည်။  
 ဖြိုးအောင်
Credit to :The Hot News
Post By : အေးချမ်းမွန်  https://www.facebook.com/excellencemedia
 


နေမျိုးဇင် . . တို့ . .သွေး . .ရဲ . . နီ















နေမျိုးဇင် . . . တို့ . . . သွေး . . . ရဲ . . . နီ 
ရှင်မဟာသီလ၀ံသတို့ ခေတ်ကတော့
တောင်ကိုမဖေါက် . . . တောင်းကိုဖေါက်
တောင်းကိုမဖေါက် . . . တောင်ကိုဖေါက် . . . တဲ့။
အဲ . . .
ကျနော်တို့ . . . (၂၀၁၃) ခုခေတ်မှာတော့
ဗမာနိုင်ငံက . . ဗမာနိုင်ငံသားဖြစ်တဲ့
နေမျိုးဇင်ကတော့ . . . .
 အာဏာရူးတို့ရဲ့ သံလက်ထိပ်ကို . .. ငါ . . . မကြောက်
ပြည်သူအကျိုးကို . . . . ငါ . . .မသယ်ပိုးနိုင်မှာကိုသာကြောက်သည် . . . တဲ့။
သံလှောင်အိမ် နီနီရဲကို . . ငါ . . .မကြောက်
အာဏာရူးတွေရဲ့သွေးနက်တွေကို . . . ငါ . . . လက်ဖြောက်မတီးရဲမှာကိုသာကြောက်သည် . . . တဲ့။
တိုက်ပိတ်အမှောင်ကို . . . ငါ . . . မကြောက်
ပြည်သူတွေ ပညာအလင်း . . . မဲ့ . . မှာကိုသာ . . . ငါ . . .ကြောက်သည် . .  တဲ့။
ဒါ့ကြောင့်
ငါ . . . နေမျိုးဇင်
ပညာကင်းဆိတ် အလင်းမှိတ်တဲ့သူမဟုတ်
တစ်ချိန်က စစ်အာဏာရူးတွေထဲမှာ ငါလည်း . . .စစ်ဗိုလ်ချုပ်အသေးစားလေးတော့ဖြစ်ခဲ့တာပါပဲ။
ဒါ့ကြောင့် . . .
အဲဒီ . . .ညစ်ပတ်ပလီတဲ့ စစ်သွေညိုညှီတွေကို . . . ငါဖေါက်ထုတ်
ပြည်သူအတွက် . . . ငါ . . . အလုပ်လုပ်ခဲ့သည်။

By:အလင်းရှင် http://aungminkhoung.blogspot.com

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget