.

AlinShin

Tuesday, January 28, 2014

အိပ်မက် . .လက်ဝါး

တစ်နေ့ သ၌ ..
အများအခေါ် အလင်းရှင်ဆရာတော်
တကယ်လက်တွေ့ကတော့ . ..
သင်္ကန်းစုတ်ပြဲနှင့် ပါဝါမျက်မှန်အထူကြီးတပ်ကာ စာရေး
နေသော မိမိထံသို့ .. . ကုသိုလ်အတုံးအခဲကြီးတစ်တုံးလမ်း
လျှောက်ကာ ကျောင်းပေါက်ရှေ့သို့ ရောက်လာတာကိုမြင်လိုက်ရ
သည်နှင့်တပြိုင်နက် . .

“ ဟ .. ဟ အမေ့ ’’
ကျောင်းကိုဘာလာလုပ်တာတုန်း . .
ပြောပြောဆိုဆို အလင်းရှင်သည် မိခင်မျက်နှာကိုအကဲခပ်ကြည့်မိ
တော့ ဒေါသထွက်နေပုံရသည်။ ထိုဒေါသတရားရဲ့နောက်ကွယ်
တွင် ညှိုးငယ်နေသော သောကမီးစလေးတစ်စကိုလည်းတွေ့လိုက်
ရသည်။ ဖြစ်နိုင်သည် ။ အဖေဖြစ်သူ သေဆုံးပြီးကတည်းက 
အလင်းရှင်သည် မိခင်ဖြစ်သူနှင့်မတွေ့ခဲ့တာ နှစ်ပေါင်း(၁၅)နှစ်
လောက်ရှိပြီ။
ထောင်မကျခင်တုန်းကလည်း ဂျာနယ်တိုက်တွေမှာဆောင်းပါတွေ
ကဗျာတွေရေးလို့ မအား၊ နောက်ကျောင်းတိုက်ဝေယာဝစ္စလုပ်ရလို့
မအား ၊ ဆရာတော်ကြီးဂိလာနကို ပြုစုရလို့မအား .. . အခုထောင်
ကထွက်လာပြန်တော့လည်း လောကဓံကိုအန်တုရင်း ကုသိုလ်စိတ်
နဲ့သာနေတော့မယ် ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်တော့ဘူး
ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ . . .အမေနှင့် အလင်းရှင်တို့ မတွေ့ဖြစ်ခဲ့တာ
ဆယ့်ငါးနှစ်မျှရှိပြီ။
“အင်း ’’ ဒါ့ကြောင့် အမေသည် အလင်းရှင်အပေါ်သို့
ဒေါသကိုလည်း ဖွင့်ပြသည် . . သမုဒသောကကိုလည်းဖြည့်ပြ
သည်။ ဒီလိုနှင့်အမေ့ကို ကြည့်နေရာကနေ အမေသည် လက်
ထဲမှ စက္ကူအိပ်လေးကိုလှမ်းပေးကာ . .

“ရော့ .. ’’
“သားလိမ္မာကြီးရဲ့ အဖေ
နောက်ဆုံးမသေခင်ရိုက်ထားတဲ့ဓာတ်ပုံ’’

အလင်းရှင်သည် အမေလှမ်းပေးလိုက်သော အဖေ့ဓာတ်ပုံကို
ယူ၍ ကြည့်လိုက်ရာ . . .
''အိပ်မက်လက်ဝါးလေးဖြစ်နေပါတော့ဟူ .. သတည်း။''
 
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
█ ░ အလင်းရှင် ░ █
အိပ်မက်  . .လက်ဝါး
❝ ❞ ❝ ❞  ❝ ❞  
တစ်နေ့ သ၌  ..  
အများအခေါ် အလင်းရှင်ဆရာတော် 
တကယ်လက်တွေ့ကတော့ . .. 
သင်္ကန်းစုတ်ပြဲနှင့် ပါဝါမျက်မှန်အထူကြီးတပ်ကာ စာရေး
နေသော မိမိထံသို့  .. . ကုသိုလ်အတုံးအခဲကြီးတစ်တုံးလမ်း
လျှောက်ကာ ကျောင်းပေါက်ရှေ့သို့ ရောက်လာတာကိုမြင်လိုက်ရ
သည်နှင့်တပြိုင်နက် . .  

“ ဟ  .. ဟ အမေ့ ’’ 
ကျောင်းကိုဘာလာလုပ်တာတုန်း . .
ပြောပြောဆိုဆို အလင်းရှင်သည် မိခင်မျက်နှာကိုအကဲခပ်ကြည့်မိ
တော့ ဒေါသထွက်နေပုံရသည်။ ထိုဒေါသတရားရဲ့နောက်ကွယ်
တွင် ညှိုးငယ်နေသော သောကမီးစလေးတစ်စကိုလည်းတွေ့လိုက်
ရသည်။ ဖြစ်နိုင်သည် ။ အဖေဖြစ်သူ သေဆုံးပြီးကတည်းက အလင်းရှင်သည် မိခင်ဖြစ်သူနှင့်မတွေ့ခဲ့တာ နှစ်ပေါင်း(၁၅)နှစ်
လောက်ရှိပြီ။ 
ထောင်မကျခင်တုန်းကလည်း ဂျာနယ်တိုက်တွေမှာဆောင်းပါတွေ
ကဗျာတွေရေးလို့ မအား၊ နောက်ကျောင်းတိုက်ဝေယာဝစ္စလုပ်ရလို့
မအား ၊ ဆရာတော်ကြီးဂိလာနကို ပြုစုရလို့မအား .. . အခုထောင်
ကထွက်လာပြန်တော့လည်း လောကဓံကိုအန်တုရင်း ကုသိုလ်စိတ်
နဲ့သာနေတော့မယ် ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်တော့ဘူး
ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ . . .အမေနှင့် အလင်းရှင်တို့ မတွေ့ဖြစ်ခဲ့တာ 
ဆယ့်ငါးနှစ်မျှရှိပြီ။ 
“အင်း ’’ ဒါ့ကြောင့် အမေသည် အလင်းရှင်အပေါ်သို့ 
ဒေါသကိုလည်း ဖွင့်ပြသည်  . . သမုဒသောကကိုလည်းဖြည့်ပြ
သည်။  ဒီလိုနှင့်အမေ့ကို ကြည့်နေရာကနေ အမေသည် လက်
ထဲမှ စက္ကူအိပ်လေးကိုလှမ်းပေးကာ  . .

“ရော့  .. ’’
“သားလိမ္မာကြီးရဲ့ အဖေ 
နောက်ဆုံးမသေခင်ရိုက်ထားတဲ့ဓာတ်ပုံ’’ 

အလင်းရှင်သည် အမေလှမ်းပေးလိုက်သော အဖေ့ဓာတ်ပုံကို
ယူ၍ ကြည့်လိုက်ရာ . . . 
''အိပ်မက်လက်ဝါးလေးဖြစ်နေပါတော့ဟူ  .. သတည်း။''
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
█ ░ အလင်းရှင် ░ █

အမေသာ . . . စန္ဒာလ

“ပုထုဇ္ဇနော ဥမ္မတ္တကော ” တို့ပုထုဇဉ်တွေဟာ အရူးတွေတဲ့။ အဲဒါ
ကိုပဲတို့တွေက အခြင်းခြင်းဂုဏ်ကြီးရှင်လုပ်ပြီး polish တင်ရုံမျှအား
မရ lacquer လေးပါ မှုတ်ပေးနေကြတာပါ။ တကယ်တော့ ပုထုဇဉ်
မှန်သမျှကတော့ မသာနဲ့အသုဘ၊ခေါင်းနဲ့ပန်းလို ထူးမခြားနားပါ။
ဒီနေရာမှာ ဗုဒ္ဓက ပုထုဇဉ်ထူးမခြားနားအရူးတွေဟုဆိုသော်လည်း
ကလျာဏပုထုဇဉ်နဲ့ အန္ဓပုထုဇဉ်ဆိုပြီး ခွဲပြထားပါသေးတယ်။
ဒါ့ကြောင့် မိမိတို့ဟာ ကလျာဏထဲဝင်ဖို့ ပထမခြေလှမ်းအနေနဲ့
ကြိုးစားသင့်ပါတယ်။
ကလျာဏပုထုဇဉ်ဆိုတာ ဘုရားကိုဘုရားမှန်းသိတယ် တရားကို
တရားမှန်းသိတယ် သံဃာကိုသံဃာမှန်းသိတယ်ကွ။ ဘုရားဂိုဏ်း
တရားဂိုဏ်း သံဃဂိုဏ်းမိဘဆရာသမားဂိုဏ်းကို အပြစ်လွတ်
အောင်နေကြတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ သားသမီးက မိဘ
ကိုတုပပြီးမယှဉ်မပြောနဲ့ ။ အကယ်၍ မိဘက လုပ်တာကိုင်တာမှား
နေရင် အကျိုးအကြောင်းကို နူးညံ့သိမ်မွေ့စွာပြောရတယ်။ အဲလို
ပြောတာကိုမှမိဘက သဘောမပေါက်သေးရင် . . ကိုယ်ကလည်း
စိတ်က ဒေါသပူပူလေးနွေးလာပြီးဆိုရင် အခြားသင့်တော်၇ာနေရာ
လေးပြောင်းပြီး စိတ်သက်သာရာလေးတွေးပြီးနေလိုက်ရတယ်။
အဲလိုမှမဟုတ်ဘဲ ကိုယ်ကရှေ့ဆက်ပြီးမိဘဆရာသမားများကိုပြော
နေမယ်ဆိုရင် သူတို့လည်းလိပ်ပတ်မလည် ကိုယ့်မှာလည်း စိတ်
သောကကနေ ဒေါသဟုန်းဟုန်းတောက်ရတယ်။
ဒီအကြောင်းနဲ့ ဆက်ဆက်လို့ အလင်းရှင်တို့ လူမမည်အရွယ်က
အမေပြောပြတဲ့ စကားလေးကို ဖေါက်သည်ပြန်ချပြမယ်။

“ ဟဲ့ . . သိန်းစိန်’’
နင်မိဘကို ပြန်ပြန်ပြီးခွန်းတုတ်မလှန်နဲ့ ၊ နင်တို့သံသာရာမှာ
အတိဒုက္ခ သင့်မှာကို စိုးရိပ်လို့မိဘကပြောတာ။
အေး . . ဟိုးဘုရားလက်ထက်တုန်းက . .
သမီးကိုအမေက အမြင်မတော်တာတွေ့လို့ နှုတ်နဲ့ပြောဆိုဆုံးမ
တယ်။ ဒါကို သမီးလုပ်သူကလည်း သူဘက်ကမှန်တော့အမေကို
ခွန်းတုတ်ပြန်တာပေါ့။ အဲဒီအခါမှာအမေဆိုတာကလည်း မှန်မှန်
မှားမှား သူကလူကြီးဆိုတော့ သူဘက်ကမှားလည်း သိပ့်အလျှော့
မပေးချင်ဘူးလေ . . ဒီတော့သမီးကို .. အမေဖြစ်သူက အခုလ
ပြောတယ် . .
“ ငြည်း .. . ကို ’’
‘မိဘက စန္ဒာလသူတောင်းစားဘ၀ရောက်မှာမို့လို အခုလိုပြောဆို
နေတာဟဲ့ ’ လို့ နှုတ်နဲ့ပြောလိုက်တယ်။

အဲဒီအခါ သမီးလုပ်သူက . . အမေကို ဒေါသထွက်ပြီးသကာလ
‘‘အမေသာ စန္ဒာလဖြစ်မှာ .. သမီးကမဖြစ်ဘူး’’ တဲ့။

အဲဒီလိုဝစီနှုတ်ကျွေးက ထိုသမီးပေါ်ကိုရစ်ပတ်နှောင်ဖွဲ့လိုက်တာ
နောက်ဘ၀လူပြန်ဖြစ်တော့ မိဘအပေါ်စိတ်ကောင်းရှိလို့ အင်မတန်
ချောအင်မတန်လှဆိုပဲ . . အဲ . . ၀၀ီနှုတ်ကျွေးလေးရဲ့အပြစ်က
တော့ သူတောင်းစားမျိုးရိုးစန္ဒလ လေးဖြစ်ရှာရတယ်။

ဒါတို့ ငယ်ငယ်က အမေဆုံးမဖူးတဲ့စကားလေးပါ။
ဒီနေ့ခေတ်ညီငယ်ညီမငယ်များ အတုယူသင်ပါတယ်။ မိဘဆိုတာ
ရံခါမှာကိုယ့်လောက် ပညာတွေဘွဲ့တွေမရပေမယ့် သူတို့ဖြတ်သန်း
လာခဲ့ရတဲ့ လောကဓံကပေးတဲ့ ဘွဲ့တွေကတော့ ကိုယ့်ထက်သာ
ကိုယ့်ထက်များတယ်။
ဒါ့ကြောင့် အမှုမဲ့အမှတ်မဲ့ ကိုယ်ခွန်းတုန့်ပြန်လိုက်တဲ့စကားက လူကြီးမိဘ
ဆရာသမားများအတွက်တော့ ‘အလုံးလဲမလျှော့
အရပ်လဲမလျှော့’ ပေမယ့် ကိုယ့်ဘ၀အတွက်တော့ ကြမ်းရပေ
သပေါ့။
ဒီနေ့ခေတ် သံဃာတော်များက ပြုစုတင်ပြနေတဲ့ အမျိုးစောင့်ဥပ
ဒေဆိုတာလည်း ဒီလို ဒီနည်းနဲ့ အကုသိုလ်မတိုးပွားစေရန်ရည်ရွယ်
တယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသမီးဖြစ်သူ
ဒေါ်ခင်ကြည် ဟာ ခရစ်ယာန်ဘာသာဝင်ပါ။ တစ်ဖန် သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည်ကလည်း ခရစ်ယာန်ဘာ
ဝင်ဖြစ်လို့ သူတို့မင်္ဂလာဆောင်တာ ချက် ကျောင်းမှာပါ။
ဒါ့တွေဟာ ဘာဖြစ်လာသလဲဆိုတော့ ဘာသာတရားရဲ့ အထိမ်း
အကွပ် လျှော့ရဲမှုကနေ မီးခိုးတန်းလျှောက် အဆုံးအမတွေလွတ်
ခဲ့ရတယ်ဆိုတဲ့သဘောကို သုံးသပ်မိတယ်။ ဒီအတွက်ကြောင့်
တို့များ နေ့စဉ်စာရေးသားဝေငှနေရတယ်ဆိုတာ .
(၁) ဗုဒ္ဓဘာသာသာသနာ့အဆုံးအမများကိုအများသိရေး
(၂) သိသည့်အတိုင်း ဘာသာဝင်များလိုက်နာနိုင်ရေး
(၂) အခြားဘာသာများသို့ အယောင်ယောင်အမှားမှားမရောက်ရေး
စသည့် ခံယူချက်များနဲ့ရေးတာပါ။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို မယူ
ခဲ့တဲ့အတွက် သားသမီးများဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က
လည်းပဲ အိမ်ထောင်ရေးမှာ ဂလယ်အူကြောင်ဘာသာဖြစ်သွား
တယ်။ နောက် . . အလင်းရှင်ကို အမေပြောခဲ့တာရှိတယ်။

‘‘ သူများသားသမီးကို ’’
‘ကိုယ်က မိဘတွေမသိအောင်ခိုးယူပြီးမှ ပြန်အပ်ပြန်လက်ထပ်တာ
မျိုးမလုပ်နဲ့ ’ အဲဒါ မျိုးလုပ်မိရင် ကိုယ့်သားသမီးလက်ထက်ကျရင်
တစ်ယောက်ယောက်ကတော့ အခိုးခံရတက်တယ်’’ လိုပြောပါတတယ်။

အခုလည်းဗိုလ်ချုပ်အောင်ဆန်းက ခရစ်ယာန်ကိုယူတော့ သူ့သမီး
ကလည်း ခရစ်ယာန်နိုင်ငံခြားသားနဲ့ ယူဖြစ်သွားတယ်လို့ .. မိမိ
သုံးသပ်မိပါတယ်။

ကဲ .. အခုပြောခဲ့တာလေးတွေကတော့ . .
တို့ကို ငယ်ငယ်ကအမေက အဲလို ဆုံးမဘူးတယ် .. နောက်နောင်
အလျှင်းသင့်ရင်လည်း အမေဆုံးမခဲ့တဲ့ စကားပုံလေးတွေကိုတစ်
ဆင့်ပြန်ပြောပါဦးမယ်။
ဒါ့ကြောင့် . . လူ့ဘ၀ဆိုတဲ့ ရခဲတဲ့ မနုဿတ္တ ဒုလ္လဘ ဘ၀လေးမှာ
တို့တွေ ၀စီအကုသိုလ်လေးတွေကိုလည်းရှောင်ကွင်းရင်း . .
ခရီးဆက်ကြရတာပေါ့ . .။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
✂ ✂ ✂
မှတ်ချက် ။ ဓာတ်ပုံကို ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ထံမှကူးယူဖေါ်ပြသည်။
ဤဆောင်းပါးဖြင့် . ..
မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
█ ░ အလင်းရှင် ░ █
 
Photo: အမေသာ . . . စန္ဒာလ 
❝ ❞ ❝ ❞  ❝ ❞   ❞  ❝ ❞

ဒါ့ကြောင့် အမှုမဲ့အမှတ်မဲ့ ကိုယ်ခွန်းတုန့်ပြန်လိုက်တဲ့စကားက လူကြီးမိဘဆရာသမားများအတွက်တော့ ‘အလုံးလဲမလျှော့
အရပ်လဲမလျှော့’ ပေမယ့် ကိုယ့်ဘ၀အတွက်တော့ ကြမ်းရပေ
သပေါ့။ 
ဒီနေ့ခေတ် သံဃာတော်များက ပြုစုတင်ပြနေတဲ့ အမျိုးစောင့်ဥပ
ဒေဆိုတာလည်း ဒီလို ဒီနည်းနဲ့ အကုသိုလ်မတိုးပွားစေရန်ရည်ရွယ်
တယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသမီးဖြစ်သူ
ဒေါ်ခင်ကြည် ဟာ ခရစ်ယာန်ဘာသာဝင်ပါ။ တစ်ဖန် သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည်ကလည်း ခရစ်ယာန်ဘာ
ဝင်ဖြစ်လို့ သူတို့မင်္ဂလာဆောင်တာ ချက် ကျောင်းမှာပါ။
ဒါ့တွေဟာ ဘာဖြစ်လာသလဲဆိုတော့ ဘာသာတရားရဲ့ အထိမ်း
အကွပ် လျှော့ရဲမှုကနေ မီးခိုးတန်းလျှောက် အဆုံးအမတွေလွတ်
ခဲ့ရတယ်ဆိုတဲ့သဘောကို သုံးသပ်မိတယ်။ ဒီအတွက်ကြောင့်
တို့များ နေ့စဉ်စာရေးသားဝေငှနေရတယ်ဆိုတာ  . 
(၁) ဗုဒ္ဓဘာသာသာသနာ့အဆုံးအမများကိုအများသိရေး
(၂) သိသည့်အတိုင်း ဘာသာဝင်များလိုက်နာနိုင်ရေး
(၂) အခြားဘာသာများသို့ အယောင်ယောင်အမှားမှားမရောက်ရေး
စသည့် ခံယူချက်များနဲ့ရေးတာပါ။ 
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို မယူ
ခဲ့တဲ့အတွက် သားသမီးများဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က
လည်းပဲ အိမ်ထောင်ရေးမှာ ဂလယ်အူကြောင်ဘာသာဖြစ်သွား
တယ်။ နောက် . . အလင်းရှင်ကို အမေပြောခဲ့တာရှိတယ်။

‘‘ သူများသားသမီးကို ’’ 
‘ကိုယ်က မိဘတွေမသိအောင်ခိုးယူပြီးမှ ပြန်အပ်ပြန်လက်ထပ်တာ
မျိုးမလုပ်နဲ့ ’ အဲဒါ မျိုးလုပ်မိရင် ကိုယ့်သားသမီးလက်ထက်ကျရင်
တစ်ယောက်ယောက်ကတော့ အခိုးခံရတက်တယ်’’ လိုပြောပါတတယ်။

အခုလည်းဗိုလ်ချုပ်အောင်ဆန်းက ခရစ်ယာန်ကိုယူတော့ သူ့သမီး
ကလည်း ခရစ်ယာန်နိုင်ငံခြားသားနဲ့ ယူဖြစ်သွားတယ်လို့  .. မိမိ
သုံးသပ်မိပါတယ်။ 

ကဲ  ..  အခုပြောခဲ့တာလေးတွေကတော့  . . 
တို့ကို ငယ်ငယ်ကအမေက အဲလို ဆုံးမဘူးတယ်  ..  နောက်နောင်
အလျှင်းသင့်ရင်လည်း အမေဆုံးမခဲ့တဲ့ စကားပုံလေးတွေကိုတစ်
ဆင့်ပြန်ပြောပါဦးမယ်။ 
ဒါ့ကြောင့် . .  လူ့ဘ၀ဆိုတဲ့ ရခဲတဲ့ မနုဿတ္တ ဒုလ္လဘ ဘ၀လေးမှာ
တို့တွေ ၀စီအကုသိုလ်လေးတွေကိုလည်းရှောင်ကွင်းရင်း . . 
ခရီးဆက်ကြရတာပေါ့ . .။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
မှတ်ချက် ။ ဓာတ်ပုံကို ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ထံမှကူးယူဖေါ်ပြသည်။ 
ဤဆောင်းပါးဖြင့် . .. 
မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
█ ░ အလင်းရှင် ░ █

Android ဖုန်းတိုင်းတွင် အလွယ်တကူဖတ်ရှုနိုင်သော Apk

စာများရေးခြင်း ဖတ်ခြင်းဖြင့် အလင်းရှင်၏ဘ၀သည် အချိန်နာရီ
တို့သည် ကုန်မှန်းမသိကုန်ခဲ့လေပြီ . . ။

“ ဖုန်းဘေလည်းကုန် . .

 မျက်လုံးမှုန်ပြီ . .  စာတော့ဆက်၍ ဖတ်ချင်သည်။’’

လို့ပဲပြောရမလား၊ ခါးတွေလည်းနာလှခြေပြီ . .

ထိုသို့ကာယိကဒုက္ခကို ယောနိသောမနသိကာရဖြင့် နှလုံးသွင်းနေချိန်

ဒီကနေ့မြန်မာနိုင်ငံ အိုင်တီလောကတွင် နာမည်ကျော်ကြားနေသော

‘သန်းထိုက်’ ရွှေရိပ် ၏ လက်ရင်းတပည့်ဖြစ်သော ကိုသူရသည်

မိမိကျောင်းသို့ ရောက်လာကာ . .  ရတနာသုံးပါးအားလည်းကောင်း

မိမိအားလည်းကောင်း ထိခြင်းငါးပါးဖြင့် ကန်တော့ပြီးသည့်သကာလ .

“ဆရာတော် ဖေ့ဘွတ်ပေါ်မှာ ’’

ဆရာတော့ဆောင်းပါးတွေကဗျာတွေက . .

တယ်ထိ တယ်မိတယ်ဆိုတဲ့သတင်းစကားများ ကြားနေရပါလားဘုရား

ဆရာကိုသန်းထိုက်ကတောင် . .

‘မင်းတို့အလင်းရှင် ဒီတိုင်းသာ စာရေးနေရင်တော့ အောက်ပိုင်းချိနေပါ

ဦးမယ်ကွာ’ လို့ စိုးရိမ်စိတ်နဲ့ မနေ့ကပြောနေသေးတယ်ဘုရား။

“ အေး ကွာ ’’

ရူပံဆိုတဲ့ရုပ်တရားဟာ ဘာနဲ့တူသလည်းဆိုတော့

ငှက်ပြောတုံးနဲ့တူတယ်ကွ။ ငှက်ပြောတုံးဟာ ဓားရာသင့်လိုက်တယ်

ဆိုတာနဲ့  ..  တဖြေးဖြေး ပုတ်လာတော့တာပဲကွ။ ဒီလိုပဲ တို့လည်း

လူသားရယ်လို့ဖြစ်လာပြီဆိုကတည်းက တဖြေးဖြေး သေဘက်ကိုသာ

တွန်းပို့နေတာပါကွာ။ ဘယ်လောက်ပဲ ဆေးကောင်းဝါးကောင်းသမား

ကောင်းများရှိနေစေကာမူ မသေတဲ့ . .မသာကောင်တစ်ကောင်မှာမရှိ

ပါဘူး။

“မှန်ပါ့ဘုရား ’’

ဆရာတော်ထံလာရင်တော့ အိုနာသေစကားလုံးကို ပြေးမလွတ်အောင်

ကိုပြောတော့တာပဲဘုရား ။ အခုလည်း ဆရာကိုသန်းထိုက်က

‘မင်းဆရာတော်ကို ဒါလေးသွားပေးလိုက်စမ်းပါဦးကွာ ’ တဲ့။

‘သူခမျာင့ါကိုမှာထားတာကြာပြီ’ တဲ့ ၊ ဆိုလို့ တပည့်တော်လည်းတကူး

တကာဝင်လာတာဘုရား ။

“ ဟဲ့  ..  ကိုသူရ ’’

ဘာများတုန်းကွ

“ apk လေးပါဘုရား ’’

Android ဖုန်းကနေ Online / Off Line နဲ့ဖြစ်ဖြစ် အရှင်ဘုရားရေးထား

တဲ့ဓမ္မဆောင်းပါးများကို လူတိုင်းအလွယ်တကူဖတ်လို့ ဆောင်လို့ရတဲ့

Softwares လေးပါးဘုရား။ ပေါ့ပေါ့ပါးပါးသုံးလို့ရတယ်ဘုရား။

“သြော်  .. ဒါလား’’

မင်းဆရာကို ငါအလှူခံထားတာ ကြာလှပါပြီကွာ။

တစ်နှစ်လောက်တောင်ရှိတော့မယ်။ အေးလေ .

အလုပ်မအားတော့လည်း ဘယ်လုပ်နိုင်မှာလဲကွာ။

ပေး . . ပေး . . ငါ့ဖုန်းထဲ့အရင်ထည့်သုံးကြည့်လိုက်ဦးမယ်။

ယင်းနောက် မိမိသည် ဆရာကိုသန်းထိုက်လုပ်ပေးသော ထို

Apk လေးကို ဖေ့ဘွတ်ရှိ ဓမ္မမာမကများလည်း အသုံးပြုနိုင်စေရန်

အောက်ဖေါ်ပြပါလင့်လေးတွင် မျှဝေလိုက်ပါတော့ . .သတည်း။

Download Here com.alinshin.apk.apk - 2 MB

█ ░ အလင်းရှင် ░ █

ပါဠိနဲ့ကုလား မကွဲပြားလေသူ

“ ဘုန်းဘုန်း ဖုန်းလာနေတယ် . . ဘုရား . . ’’

“ ဘုန်းဘုန်း ဖုန်းလာနေတယ် . . .ဘုရား . . ’’

“အေး .. အေး . . လာပါပြီ . . ဟဲ့ . .’’
ဖုန်းမလေးရေ .. ဒီ (Raingtone) ကိုတော့ ပြောင်းမှဖြစ်တော့
မယ် .. နောက်မိုဆို Rockerလေးပြီးကြီးသီချင်းစာသားလေးထဲက
လို ..လိပ်ပြာအတောင်ခပ်လိုက်တာနဲ့ ကမ္ဘာတစ်ခြမ်း ပဲ့ကြသလိုပဲ။
“ဟဲလို . .’’

“အလင်းရှင်ဆရာတော်လားဘုရား’’

“အေး . . ဟုတ် ဒကာ တိုး . . ပြောပါဦးကိစ္စ’’

“ဆရာတော် ဒီနေ့ညနေပိုင်းလေးများအားရင် သို့တည်းမဟုတ်
ဆရာတော်အားမဲ့အချိန်လေး တစ်နာရီလောက်ပေးပါလားဘုရား
တပည့်တော်ရုံးက သူငယ်ချင်းတစ်ယောက် ‘ပါဠိနဲ့ကုလားမကွဲပြား
လို့’ မေးလျှောက်ချင်လို့ ပါတဲ့ . . ဘုရား။

“အေ . အေး ’’
အဲဒီကုလားကအတော်ရှုတ်တယ်ကွ။ ကုလားနဲ့ဂေါတမဘုရားလဲ
မကွဲပြားကြတာတွေ ငါအင်တာနက်မှာတွေ့တယ်။ ဒါဆို ဒီညနေ
လာခဲ့ကြကွာ။
မင်းကိုတစ်ခါတည်းငါမှာလိုက်မယ် . . အမျိုးဘာသာသာသနာအ
တွက် မင်းတို့ မေးချင်တဲ့အချိန်သာမေး ၊ ငါ့ကို ခိုင်းချင်သပဆို
ရင်လည်း ခိုင်းကွ။အားမနာနဲ့။ တို့မှာ တစ်သံသရာလုံးက
ချစ်သူခိုင်းတာကိုပဲလုပ်ခဲ့၇တာလေ .၊ ဒီဘ၀လေးမှာမှကံကြီးပေ
လို့ ဘုရားခိုင်းတာလေး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့လုပ်
နေရတာပါ။ ဒါ့ကြောင့် ဘာသာရေးသာသနာရေးအတွက်ဆိုရင်
ငါ့ကို အားလားလို့ ဖုန်းမဆက်နေနဲ့ .. အမြဲအားတယ်။ ပုဂ္ဂလ
သဘောအရတော့ . .
‘ဒေါ်အောင်ဆန်းစုကြည်ရှေ့ကိုမဆိုထားနဲ့
ကမ္ဘာကျော်အလှမယ်ရှေ့တောင် မရပ်ဘူးကွ’ မအားဘူးကွ။

“ ဆရာတော်ကလည်းဘုရား ’’
တယ်လီဖုန်းထဲတောင် ထည့်ဖြစ်အောင်ထည့်လိုက်သေးတယ်နော
ဒါ့ကြောင့်ဆရာတော်ကို ဖေ့ဘွတ်ပေါ်က လူတွေအမြင်ကပ်
နေတာဘုရား။

“ကဲ . . ဒကာတိုး’’
မင်းငါ့ကိုမြှောက်လည်းမမြှောက်နဲ့ ခြောက်လည်းမခြောက်နဲ့
ငါ့ကိုလူတွေအမြင်ကပ်ရင် ကပ်ပါစေ .. ဓမ္မကအမြင်မကပ်ဖို့
လိုတယ်ကွ။ ဓမ္မအမြင်ကပ်ရင် . အပါယ်ဘေး ပြေးရလွှားရမှာ
နော် . .။

“မှန်ပါ့ဘုရား . . ဆရာတော်’’
စကားဖြတ်တာမဟုတ်ပါဘူးဘုရား ဖုန်းထဲမှာမို့ ဆရာတော့်စကား
နားထောင်ရတာ အားမရှိဘူးဘုရား ညနေမှပဲအားရပါးရနားထောင်
ပါရစေဘုရား ။

“အေး . .အေး ’’
သာဓု သာဓု ငါကလည်းပဲ ဗုဒ္ဓဓမ္မသံဃနဲ့ပတ်သက်လာရင် သိတာ
လေးတော့ ပြောချင်ပ .. ဒကာတိုးရေ . . ဒါဆို ဒါပဲနော် ..
ဖုန်းချလိုက်တော့မယ် ’’

“သြော် . ’’
အချိန်နှင့်ဒီရေသည် လူကိုမစောင့် ညနေသည်ခုရောက်ပြန်ပြီပေါ့။

“ဆရာတော် ’’
ဒီကောင်က တပည့်တော်တို့ရုံးကဘော်ဒါပဲဘုရား ‘မင်းစံ’ လို့ခေါ်ပါ
တယ်ဘုရား ၊ သူ့ကိုလည်းတပည့်တော်ကဲ့သို့ တပည့်ရင်းဒကာရင်း
အဖြစ်မှတ်တော်မူပါဘုရား။

“သာဓုပါ ဒကာတော်’’
ဒကာ ကိုမင်းစံမေး သိချင်တာကဘာတုန်း ဗျ။

“တပည့်တော်က ’’
အရှင်ဘုရားတို့ ရွတ်ဖတ်ကြတဲ့ ပါဠိစကားနဲ့ ကုလားအ
ကြောင်းသိချင်တာပါဘုရား။

“သြော် . .’’
ဒါကသိသင့်တာပဲ၊ ဦးဇင်းတို့တောင် ပထမငယ်မထမလတ်
စသည်ဖြင့် စာတွေတာသင်လာတာ ဒီစာက ဘယ်ကဘယ်
လို ဘယ်စကားရယ်လို့ မသိမိ မလေ့လာမိဘူးဒကာရဲ့ နောက်မှ
အကြောင်းတိုက်ဆိုင်တော့မှသိဖြစ်သွားတာ။ ကိုယ်နေ့စဉ် ဒီစာ
အုပ်ကြီးတွေ ဘီဒိုထဲမှာရော စသည်ဖြင့်မြင်နေကြပဲ ၊ သို့သော်
လည်း မစူးစမ်းမိဘူး၊ အမှုမဲ့အမှတ်မဲ့ပဲ ရွတ်ဖတ်မိနေတာပါ။

“ မှန်ပါ့ဘုရား ’’
ဒါ့ကြောင့် တပည့်တော်တို့က ပိုဝေးတာပေါ့ဘုရား ။

“ဟုတ်ပါတယ် ဒကာတော်ကိုမင်းစံရယ် ’’
ဒီတော့ အရင်သိရမှာက ဂေါတမဗျ။ ဂေါတမက မွတ်ကုလားလို
အသားမဲကုလားမဟုတ်ဘူးဗျ။ နိပေါလူမျိုး။ အိန္ဒိယနိုင်ငံ နယ်စပ်နဲ့
နိပေါနိုင်ငံနယ်စပ် မှာမွေးတာဗျ။ အခုအထိ တောလိဟ၀ (Taulihava)
ဆိုတဲ့ရွာလေးရှိသေးတယ်။ အဲဒီရွာနဲ့ နှစ်မိုင်လောက်
ဝေးတဲ့နေရာမှာအခုအထိ မြိုဟောင်းရာတွေကျန်နေသေးတယ်
ဒကာရဲ့။
အဲဒီနေရာကို ရှေးဟောင်းသုတေသန ကျောက်စာဝန် မစ္စတာ
ကန်နင်ဂမ် တို့ကိုယ်တိုင် တူးဖေါ်တွေ့ရှိပြီး သတ်မှတ်ထားတာပါ။
ဟိုလူပြော ဒီလူပြောမတိကျတဲ့ သက်သေမဟုတ်ပါဘူး။ အခုအ
ထိလည်းပဲ ဗုဒ္ဓဘာသာဝင်အချို့နဲနဲပါးပါးကျန်နေပါသေးတယ် ။
သို့သော်လည်း နောက်ထပ် အိန္ဒိယရှေးဟောင်း သူတေသန
သုတေသီတစ်ယောက်ကတော့ သူ့နိုင်ငံစွဲနဲ့ ဗုဒ္ဓကိုနိပေါထဲမှာမွေး
တာမဟုတ်ဘူး တဲ့။ အိန္ဒိယဘက်ဖြစ်တဲ့ ပိပရဟ၀(Piparahava)
မှာမွေးတာလို့ ပြောပြန်တယ်။ သူ့အပြောကိုတော့ ပညာရှင်အများ
ကလက်မခံပါဘူး။ ကျောက်စာဝန်ကြီး မစ္စတာ ကန်နင်ဂမ်ရဲ့အ
ထောက်အထားတွေကိုပဲ လက်ခံကြပါတယ်။ ဘာဖြစ်လို့လည်းဆို
တော့က၊ တောလိဟ၀ (Taulihava) ကနေ လုဗ္ဗိနီ (Lonvini) က
မိုင်အားဖြင့် (၁၄)မိုင်လောက်ဝေးတယ် ဒါ့ကြောင့် မယ်တော်မာ
ယာဟာ ကပ္ပိလ၀တ်ကနေ ဒေ၀ဒဟကိုအသွား လမ်းအကြားဖြစ်
တဲ့ လုဗ္ဗိနီမှာမွေးတာလို့ ပညာရှိအသီးသီးကလက်ခံကြပါတယ်။
ကဲ ဒီတော့က ဗုဒ္ဓဟာ နိပေါနိုင်ငံသား၊ မင်းတို့ပြောနေတဲ့ ကုလား
ဆိုရင်လည်း မွတ်ကုလားမဟုတ်ဘူး။ လူချောလူလှ သကျသာကီ
မျိုးပါ။ ဗုဒ္ဓခေတ်က အိန္ဒိယနိုင်ငံအ၀ှမ်းမှာ အသုံးအများဆုံးစကား
က မင်းတို့ကြားဖူးတဲ့ မာဂဓဘာသာပဲ။ အဲဒီဘာသာစကားက ဒီ
ကနေ့ တို့အသုံးပြုနေတဲ့ ပါဠိဘာသာစကားပဲ။
ယောအတွင်းဝင် ဦးဖိုးလှိုင်ရေးသားပြုစုတဲ့ လိပိဒီပိကာကျမ်းမှာ
မာဂဓဘာသာဆိုတာ ရှေးခေတ် အာရိယန်(Aryan)ကမ္ဘာဦးလူမျိုး
အနွယ်သုံးစကားဖြစ်တယ် ထိုအမျိုးအနွယ်တွေဟာ ပါဠိဘာသာ
ပါဝင်တဲ့ဆင်တူ ‘အင်ဒိုဥရောပ’ လူမျိုးအုပ်စုကြီးတစ်ခု အဖြစ်
ဆင်းသက်လာရာကနေ အဲဒီအုပ်စုထဲမှာ ‘အင်ဒို’ ဆိုတဲ့အုပ်
စုက ပါဠိဘာသာ၊ သက္ကတဘာသာစကားတွေ ပါဝင်ကြသလို
‘ဥရောပ’ အုပ်စုမှာတော့ အင်္ဂလိပ်၊၈ျာမနီစတဲ့ စကားတွေပါ
တယ်ဆိုပဲ။ ဒါ့ကြောင့် မင်းတို့သိချင်တဲ့ ပါဠိဘာသာဆိုတာ
အင်ဒိုဥရောပဘာသာ (Indo-European Language) အုပ်စု
ထဲမှာ အကျုံးဝင်တယ်။ သက္ကတဘာသာနဲ့ နီးစပ်တယ်။
အထူးသဖြင့် အခု အိန္ဒိယ သာဝတ္ထိမှာသီတင်းသုံးတဲ့ တို့ဆရာ
တော် ဦးသြဘာသာကတော့ . . .
(ဗုဒ္ဓခေတ်တုန်းက တဲ့ .. အိန္ဒိယမှာ အယူဝါဒပေါင်းဘာသာစ
ကားပေါင်းများစွာရှိတယ်။ အဲဒီအထဲကမှ လူတိုင်းသိတဲ့ ရုံးသုံး
ဘာသာစကားကတော့ အခုမာဂဓသာစကားပါပဲတဲ့။ ဗုဒ္ဓက
သူဘုရားဖြစ်တဲ့အခါ လူအများသုံးစွဲတဲ့ မဂဓဘာသာစကားကို
သာသုံးစွဲခဲ့ခြင်းဖြစ်တယ်) ဆိုတာကို ဆရာတော်ဦးသြဘာသက 
သူသုတေသနပြုကာသေသေချာချာ မိန့်ကြားဖူးတယ်။
ဆရာတော်ကပဲ အခုလိုတို့ကိုရှင်ပြဘူးတယ်ကွ။
မြန်မာနိုင်ငံမှာ လူမျိုးပေါင်း(၁၃၅)မျိုးရှိတယ် စကားကလည်းပဲ
၁၃၅မျိုးသောဘာသာစကားရှိတယ်။ ဒါပေမယ်တကယ်တမ်း
အများသုံးစွဲတဲ့ဘာသာစကား(ရုံးသုံး) ကတော့ မြန်မာစာ မြန်မာ
စကားပဲ။ အေး . . အဲဒီလိုပဲ ဗုဒ္ဓခေတ်မှာလည်းပဲ ဘာသာစကား
ပေါင်းများစွာရှိတဲ့အထဲမှာမှ မာဂဓဘာသာစကားက အများနား
လည်တဲ့ (ရုံးသုံး)ဘာသာစကားပဲ .. တဲ့။
ကဲရှင်းပြီလား ဒကာကိုမင်းစံ . .။

“ သြချလောက်အောင်ကို ’’
အရှင်ဘုရားကလေ့လာထားတာကိုဘုရား။

“ ဒီလိုလည်းမဟုတ်ဘူးဒကာရဲ့’’
ဒါတို့ရဲ့ ၀ါသနာနဲ့ အသက်အရွယ်ဘ၀ပေးကံတွေကိုပေါင်းစပ်
ပြီးမှသိရတာပါ။ တစ်ထိုင်တည်း တစ်နေရာတည်း တစ်ယောက်
တည်းဆီကနေ မှတ်သားခွင့်ရတာမျိုးမဟုတ်ဘဲ . . ဆယ်စုနှစ်တွေ
ချီပြီးကြာမှ တိုက်ဆိုင်မှုနဲ့လေ့လာမှုတွေ (mixed) လုပ်ပြီးမှသိရတာ
အခုလိုပြောပြနိုင်တာပါ .. ။

“မှန်ပါ့ဘုရား’’
အခုလို .. အခုလောက်တပည့်တော်တို့ သိရလိမ့်မယ် သိနိုင်မယ်
ဆိုတာမျိုး မထင်ထားမိပါဘူးဘုရား။ တပည့်တော်တို့အတွက်
(thinking) တွေအများကြီးရလိုက်ပါတယ်ဘုရား။ ဒါ့ကြောင့် အရှင်
ဘုရားကို အတိုင်းမသိကျေးဇူးတင်မိပါတယ်ဘုရား။
နောက်ပြီး ကိုတိုးကြီးကိုလည်း တပည့်တော်ပိုကျေးဇူးတင်ပါတယ်
ဘုရား။

“ အင်း .. အင်း .. ကောင်းပါတယ် ဒကာကိုမင်းစံရယ် ’’
ဘ၀ဟာ . . .
သင်ကြားခြင်း . . .
လေ့ကျင့်ခြင်း . ..
နောက်ဆုံး အောင်မြင်ခြင်းနဲ့ပဲ ..
ပြီးဆုံးခွင့်ရအောင် ခင်ဗျားတို့ ကျုပ်တို့တတွေဟာ ကိုယ့်
အတွေးတံခါးတွေကို ကာလာမသုတ်တော်အတိုင်း ဖွင့်ထားဖို့
လိုတယ်လို့ပြောရင်း ကိုယ်ဆီဘ၀ကို ကျေနပ်ကြရမှာပဲ ဒကတို့ရဲ့။

“ မှန်ပါ့ဆရာတော် မှတ်သားထိုက်ပါတယ်ဆရာတော်’’
တပည့်တော်တို့ရဲ့ ရှိခိုးခြင်းတွေက အရင်ထက်ပိုပြီးအသက်ဝင်
သွားပါတယ်ဘုရား . . တပည်တော်တို့ကို ၀တ်ပြုခွင့်ပြုပါဘုရား။

“ သာဓု .. သာဓု .. သာဓု . . ဒကာတို့ ရေ . .’’

█ ░ အလင်းရှင် ░ █
 
Photo: ပါဠိနဲ့ကုလား မကွဲပြားလေသူ
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ 

သာသုံးစွဲခဲ့ခြင်းဖြစ်တယ်) ဆိုတာကို ဆရာတော်ဦးသြဘာသက သူသုတေသနပြုကာသေသေချာချာ မိန့်ကြားဖူးတယ်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget