.

AlinShin

Monday, March 3, 2014

NLDပါတီသို့ မှတ်ချက်ပြုခြင်း(၁)

NLDပါတီသို့ မှတ်ချက်ပြုခြင်း(၁)
◄►✂•••× ✂•••× ◄►
NLD ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက
ဘုန်းတော်ကြီးများးကို နွားနဲ့နှိုင်းတာကို ဒေါ်အောင်ဆန်းစုကြည်က
သွားရောက်တောင်းပန်ကြောင်း သတင်းဖတ်ရလို့ သာဓုခေါ်မိတယ်။
ဟုတ်တယ်  ..  ပုထုဇန်တွေပဲ  ..  မှားတက်ပါတယ်။
မှားရင်တောင်ပန်တက်ရမယ်။ အခုလိုတောင်းပန်တာဟာ တကယ်ကို
လူသားဆန်တယ်လို့ အလင်းရှင်မှတ်ချက်ပြုတယ်။
ကဲ  .. တစ်ဆက်တည်းပြောချင်တာဟာ  .. 
စက်တင်ဘာမှာဘုန်းကြီးတွေသတ်တဲ့ စစ်ခွေးတွေကိုရောမတောင်းပန်
ခိုင်းဘူးလား  .. ဗျို့  ..  လို့ ဟစ်တိုင်ရှိရင် ဟစ်ချင်ပါတယ်။
အဲဒီ (မဘသ)ဘုန်းတော်ကြီးများကရော စစ်တင်ဘာသံဃာသတ်တဲ့
စစ်ခွေးဆိုးကြီးတို့အဖွဲ့ကို ဘာလို့များမတောင်းပန်ခိုင်းတာလည်းဆိုတာ
ထမင်းစားပြီးကြီးတဲ့သူတိုင်းတွေးတက်ရင်အဖြေထွက်ပါတယ်။
█ ░ အလင်းရှင် ░ █
NLD ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက
ဘုန်းတော်ကြီးများးကို နွားနဲ့နှိုင်းတာကို ဒေါ်အောင်ဆန်းစုကြည်က
သွားရောက်တောင်းပန်ကြောင်း သတင်းဖတ်ရလို့ သာဓုခေါ်မိတယ်။

ဟုတ်တယ် .. ပုထုဇန်တွေပဲ .. မှားတက်ပါတယ်။
မှားရင်တောင်ပန်တက်ရမယ်။ အခုလိုတောင်းပန်တာဟာ တကယ်ကို
လူသားဆန်တယ်လို့ အလင်းရှင်မှတ်ချက်ပြုတယ်။
ကဲ .. တစ်ဆက်တည်းပြောချင်တာဟာ ..
စက်တင်ဘာမှာဘုန်းကြီးတွေသတ်တဲ့ စစ်ခွေးတွေကိုရောမတောင်းပန်
ခိုင်းဘူးလား .. ဗျို့ .. လို့ ဟစ်တိုင်ရှိရင် ဟစ်ချင်ပါတယ်။
အဲဒီ (မဘသ)ဘုန်းတော်ကြီးများကရော စစ်တင်ဘာသံဃာသတ်တဲ့
စစ်ခွေးဆိုးကြီးတို့အဖွဲ့ကို ဘာလို့များမတောင်းပန်ခိုင်းတာလည်းဆိုတာ
ထမင်းစားပြီးကြီးတဲ့သူတိုင်းတွေးတက်ရင်အဖြေထွက်ပါတယ်။

█ ░ အလင်းရှင် ░ █

ခေတ်ဘုန်းကြီးနှင့်ကွဲပြားခြားနားသော (၁)

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc1/t1/1977112_470034253123440_353445512_n.jpg

Format အရိုက်ခံလိုက်ရသော လယ်တီသိမ်
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဘ၀ဒုက္ခတွေကြားထဲမှာနေ၍ ဖေ့ဘွတ်ပေါ်တွင်အလင်းရှင်စာရေးခဲ့သည်
ဟိုးယခင် Blog တွေကိုစစ်အဆိုးရပိတ်ပင်တားဆ
ီးကတည်းကရေးခဲ့တာပါ။
ပြောလိုတာက . အရမ်းပင်းပန်းတယ်ဆိုတာထက် ..
ရံခါမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူများးကို မမြင်ဘူးမတွေ့ဘူးသော်လည်း
ယင်းတို့ရဲ့စကားများကိုဖတ်ရ
ရုံနှင့်ပင် ဘ၀အမောကိုပြေစေပါသည်။
အလင်းရှင်ဆိုတာ . . .ရဟန်းဦးပြည်းကတုံးမို့ . .
စားစရာဆွမ်းမပူရ သပိတ်ရှိလျှင်ဆွမ်းရှိသည်။ အေး . အဲဒီသပိတ်ထဲ
ဆွမ်းရောက်ဖို့ .. ရပ်ကွက်သူရပ်ကွက်သားကျေးရွာ
သူကျေးရွာသားများ
အဆင်ပြေကာမှ။ သူတို့တနည်းတစ်ဖုံအဆင်မပြေေ
သ်ာရဟန်းဦးပြည်း
ကတုံးများသည်း သပိတ်မှောက်ရေသောက်ရမည်။
ဒါ့ကြော်င့် ရှေးက ရဟန်းတော်များသည် ဘွဲ့ထူးဂုဏ်ထူး မင်းအမတ်တို့ကို
ငဲ့ကွက်ခြင်းမရှိကြပါဘူး။ ပုဂ္ဂလပညတ်ကိုဖျက်တောက်က အရှိကိုသတိကပ်
၍ ဘ၀နေ၀င်ချိန်အထိ အမှန်တရားများကိုသာ ချပြသွားခဲ့သည်မှာအထင်
အရှားသာတည်း . . .။

ဒေါက် . . ဒေါက် ..

̏ အေးကွယ် .. ˝ ̏ အပြင်ကဘယ်သူများတုန်း ၀င်လာခဲ့လေ˝
̏ တခါးစေ့တားတာ ˝

̏ မှန်ပါဘုရား ˝
̏တပည့်တော် . .သားစိုးတို့အဖွဲ့ပါဘုရား ˝

̏ သြော် ˝ ̏ ၀င်လာကြ ၀င်လာကြ˝
̏ မင်းတို့လာတာအတော်ပဲငါစဉ်းစ
ားနေတဲ့အကြောင်းလေးက ˝
̏ မင်းစိတ်ဝင်စားစရာကွ˝

̏ မှန်ပါဘုရား။ ˝ ̏ တပည့်တော်တို့ကအလည်းအရှင်ဘု
ရားပြောမယ့်˝
̏ ရှေးဖြစ်နောက်ကြောင်းလေးတွေ
ကို မှတ်သားချင်လို့ကိုလာကြတာပါဘုရား˝

̏ အေး . .˝ ̏ ဒီလိုကွ˝
̏ မင်းတို့ငါတို့က နောက်ပေါက်တွေ˝
̏ ရှေးကပွင့်ပေါ်လာကြတဲ့ရဟန်းပ
ညာရှိလူပညာရှိများအကြောင်းကို˝
̏ မှတ်သားခြင်းအားဖြင့် သုတမယဉာဏ်ဆိုတဲ့ ကြားနာမှတ်သားခြင်းကနေ
စိန္တာမယဉာဏ်ဆိုတဲ့ တွေးတောကြံစည်စိတ်ကူးပုံဖေါ်
နိုင်တာပေါ့ကွာ။˝

̏ မှန်ပါ့ဘုရား၊˝
̏ မှတ်သားထိုက်ကြောင်းပါဘုရား
˝

̏ အခုလိုဟောကြပြောကြတစ်ယောက်အ
သိလေးကိုတစ်ယောက်ဝေမျှ
နားလည်လိုက်ခြင်းဟာ သုတမယဉာဏ်ပဲ . .ကွ˝ ဒီသုတမယဉာဏ်ကြောင့်
မင်းတို့ငါတို့မှာ . . ဘယ်ဘုန်းကြီးရဲ့လုပ်ရပ်ဟာဖြ
င့် သဘာဝဓမ္မကြတယ်
မကြဘူး ဆိုတဲ့ စိန္တာမယဉာဏ်တွေ တို့ရသွားတာပေါ့ကွာ။˝

̏ အဖိုးတန်လှကြောင်းပါဘုရား˝

̏ ဒီတော့က လူတစ်ယောက်မှာ ˝
̏အဖြူကိုအဖြူရယ်လို့သိဖို့ အမည်းကိုမည်းရယ်လို့သိဖို့ learning ဆိုတဲ့သင်
ကြားမှုမရှိ မှတ်သားမှုမရှိဘဲ မသိနိုင်ဘူးကွ˝ ̏ အေး အဲလိုသင်ကြားရာမှာ
လည်းပဲ အဖြူကို အမည်းလို့သင်ကြားမိပြန်ရင်လ
ည်း ဒီလူအတွက် အမှန်သိ
မရရှိတော့ဘူးပေါ့ . . .။

̏ မှန်ပါ့ဘုရား ˝

̏ ဒါ့ကြောင့် စိန္တာမယဉာဏ်အမှန်ရောက်ဖို့ သုတမယဉာဏ်အမှန်ကြားမြင်သိရှ

နိုင်ဖို့အရေးကြီးတယ်နော် . .။˝ ဥပမာကွာ လယ်တီသိမ်ဆိုတာ အုတ်အင်္ဂတေ
နဲ့လုပ်ထားတာပဲ အပေါ်မှာသွပ်မိုးမယ် သစ်တံခါးလေးတွေတပ်ဆင်မယ်သင်

တော်တဲ့အရောင်အသွေးရှိတဲ့ ဆေးသုတ်မယ် ˝ ကဲ . . အဲဒီ လယ်တီသိမ်နဲ့
မင်းတို့တွေနေတဲ့ တိုက်အိမ်ဘာကွာလဲ? ထင်သာမြင်သာအောင် ခပ်တင်း
တင်းနှိုင်းလိုက်မယ် မင်းတို့အိမ်က toilet ကလည်း အုတ်အင်္ဂတေနဲ့လုပ်သစ်
တံခါးတပ် ဆေးသုတ်ထားတာပဲမဟုတ်လား ?

̏ တပည့်တော်များ ရှင်းလင်းစွာသိအောင် ဆက်မိန့်တော်မူပါဘုရား˝

̏ အေးလေ ˝ ̏ ဒါရှင်းနေတာပဲ .. လယ်တီသိမ်နဲ့စေတီတော်ဟာလည်း
 

မင်းတို့အိပ်သာလုပ်တဲ့အုတ်နဲ့ အင်္ဂတေနဲ့ ဆေးနဲ့ ဒီလိုပဲလုပ်ထားတာပဲ˝
ဒါကို မင်းတို့ငါတို့က ̏ ဒီလယ်တီသိမ်ကို (မဟန)ဥက္ကဌဘုန်းကြီးဖျက်ဖို့
သြ
ဝါဒပေးတာကို ကန့်ကွက်နေတယ်ဆိုတာ ˝ ဘာသဘောလဲ? ငါဒါကိုသိ
အောင်ရှင်းပြချင်လို့ ဥပမာဆောင်နေတာ .. ကွ။

̏ မှန်ပါ့ဘုရား˝

̏ အေး .. ဒီတော့က ˝ ̏ မင်းတို့တွေကိုသိအောင်ပြောရ
ရင် သိမ်နဲ့အိပ်သာ
အခုလို ခိုင်းနှိုင်းပြတာတောင် လွန်နေပြီ . . သို့သော်ငါက ထင်ထင်ရှားရှား
အများအမှန်သိရအောင်မို့ .. ပြောနေတာပါ။

̏ မင်းတို့အိပ်သာဟာ ˝ ̏မစင်စွန့်ခြင်းဆိုတဲ့ ဂုဏ်ကျေးဇူးတော့ရှိပါတယ်။˝
အိမ်တစ်အိပ်မှာအိမ်ဘယ်လောက်
ကောင်းကောင်း အိပ်သာမကောင်းရင် 

တယ်
ဟန်မကျဘူး မဟုတ်လား˝ ̏ ဒါ့ကြောင့် အိပ်သာသည်လည်း သူ့ဂုဏ်ကျေးဇူး
တော့ရှိတာပဲကွ˝

̏ အေး .. သို့သော် ˝
သိမ်တော်ရဲ့ ဂုဏ်ကျေးဇူးဆိုတာ အနှိုင်းမဲ့ကွ။ မင်းတို့ကိုသိမ်အကြောင်း
အကျယ်မပြောတော့ဘူး သိချင်ရင် ဒီလင့်မှာသွားသာဖတ်တော့နော်
. .
ဒီတော့က အုတ်အင်္ဂတေခြင်းတူသော်လည်း ဂုဏ်ကျေးဇူးခြင်းမတူတာမို့
လယ်တီသိမ်ကိုတို့က အဖျက်မခံနိုင်တာပါ။ ̏ သီမ˝ ဆိုတဲ့သဒ္ဒါကလာတဲ့
လယ်တီသိမ်မှာ သိမ်ရဲ့ဂုဏ်ကျေးဇူးတွေတင်မက
ဘဲ လယ်တီဆရာတော်
ရဲ့ ဂုဏ်ကျေးဇူးတွေကလည်း အနန္တပဲကွ။ ဒီနေရာမှာ လယ်တီဂုဏ်ကျေး
ဇူးတွေငါပြောလို့ ဆုံးဖွယ်ရာမရှိဘူးနော် ။ ။
အဲဒီလို အနှိုင်းမဲ့အတုမဲ့ထေရ်သံဃာအရ
ှင်မြတ်ရဲ့သိမ်တော်ကို နေရာရွေ့
တယ်ဆိုတာ . . အရူးအလုပ်ပဲကွ။ သိမ်ဆိုတာနေရာရွေ့လို့ မူလရုပ်ဓာတ်
နာမ်ဓာတ်တည်နေတာမဟုတ်ဘူး။ သိမ်နေရာရွေ့တယ်ဆိုကတည်းက
လယ်တီရဲ့ ဓာတ်ကိုနှုတ်ပစ်လိုက်ရပြီ ဒါကို သိမ်နှုတ်တယ်လို့အလွယ်ခေါ်
တယ်။ ပြောမယ်ဆိုရင် လယ်တီဆရာတော်ရဲ့သိမ်ကို ခြေဖျက်ပစ်လိုက်တဲ့
သဘောပဲ˝ ကွန်ပျူတာပြောပြောရင် delet လုပ်ရုံတင်မကဘူးနော်
format ပါရိုက်လိုက်ရတာ delet လုပ်တယ်ဆိုတာ Recovery Softwares
ကောင်းကောင်း လိုင်စင်ဘားရှင်းနဲ့ပြန်ရှာ
ရင် data တွေရသေးတယ်နော်
Format ရိုက်လိုက်ရင်တော့ ဘယ်လိုမှမရတော့ဘူး။
အဲလိုပဲကွ။ လယ်တီသိမ်ကိုနေရာရွေ့တယ်ဆို
တာ Format ရိုက်လိုက်တာ
ပဲ ။ ဒါကိုဒေါ်စုကြည်က နားမလည်ဘဲ မူလအတိုင်းနေရာရွေ့ဖို့ စုံစမ်းစစ်
ဆေးရေးမှာတင်ပြထားတယ်။ တော်တော် ဟန်မကြတဲ့ မာတုဂါကကြီးပဲ။
သိမ်ကိုနေရာရွေ့ဖို့ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ဆိုင်
တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွေ့မယ့်သိမ်က လယ်တီသိမ်လေ . .
လယ်တီဆိုတာ တစ်ကမ္ဘာလုံးကဗုဒ္ဓဘာသာဝင်တွေ
သိတယ် . ကွ။
ဒီတော့ ဒီလိုသိမ်ကြီးတစ်ဆူကို နေရာရွေ့ Format ရိုက်ဖို့ဆိုတာ(မဟန) ဥက္ကဌ
လောက်နဲ့မရဘူးလေ .. ။ နောက်ပြီးပြောဦးမယ် အဲဒီ(မဟန) ဥက္ကဌဆိုတာ
ဘယ်သူကဖွဲ့ပေးထားတာလည်း ၊ စစ်အာဏာရှင်နေ၀င်းကြီးရဲ့ လက်ထက်က
တည်းက စစ်အာဏာအသက်သွင်းထားတဲ့ စစ်ခွေးယုတ်မျိုးပါကွာ။ ငါပြောတာ
မှန်တယ်မှားတယ်ဆိုတာ လယ်တီသိမ်ကိုဖျက်မိန့်သြ၀ါဒ
ပေးတာကသက်သေ
ခံနေတယ်မဟုတ်လား။ လယ်တီသိမ်ဟာ အိပ်သာမဟုတ်ဘူးကွ။ ဒါ့ကြောင့်
နေရာရွေ့ချင်ရင် သံဃာထုရဲသဘောထားကိုတောင်းခံ
ရတယ်။ သံဃာဆိုတာ
ဘုရားဖွဲ့စည်းပေးထားတာ၊ (မဟန)ဆိုတာ အဲဒီသံဃာကို ကိုယ်စားပြုတယ်လို့
ပြောနေတာဟာ ၂၀၀၈ ခြေ/ဥ ကြီးနဲ့အတူတူပဲကွ။˝

̏ မှန်ပါ့ဘုရား˝
̏ အခုလိုဆရာတော်ရှင်းပြတော့˝
̏တပည့်တော်များပိုသဘောပေါက်
မိပါတယ်ဘုရား˝
► ► ► ► ဆက်ရန်
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget