.

AlinShin

Sunday, March 3, 2013

သံဃာတော်တွေကိုမီးရှို့တဲ့သူကိုအမြန်ဆုံးဖေါ်ထုတ်ပေး

ဆန္ဒပြတယ်
ရဲတွေဖမ်းတယ်
မီးတွေပျက်တယ်
ဒုတ်နဲ့ရိုက်တယ်
၁၄၄ ထုတ်တယ်
ကတိတွေပေးတယ်
တွေ့ဆုံမှုတွေလုပ်တယ်
အကြမ်းတွေဖက်တယ်
အဖက်တွေကြမ်းတယ်
လိမ်တယ်ညာတယ်
အာဝါဒါးလုပ်တယ်
ကျော်တယ်ခွတယ်
၂၀၁၅ အတွက်ဆရာကျအောင်လုပ်တယ်.......... ယို့ယို့ :P
---------------------------------------------------
ကြယ် နီ

Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

သေဆုံးချိန်အထိ လူသတ်မှု၌မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည် အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌ စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။

ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။

စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ပြီးမကြာခင် ၂၀၁၂ ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ မှတ်ခဲ့ပါသည်။

စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅ နှစ် ရှိပါသည်။
--------------------------------------------------------
Ko Myoe shared Jade Land's photo.

စစ်ကျွန်အောက်ကလွတ်မဲ့လမ်း

စစ်ကျွန်အောက်ကလွတ်မဲ့လမ်း
------------------------------
သံဃာ့သပိတ်
ကျောင်းသားသပိတ်
လယ်သမားသပိတ်
အလုပ်သမားသပိတ်
သပိတ်စုံသူပုန်ထမှ
လွတ်မြောက်ရမည် ။

ရဟန်းရှင်လူ
ပြည်သူအပေါင်း
ကျောင်းသားစုံညီ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
ငြိမ်းချမ်းရေးနဲ့တန်းတူညီမျှရေး
ကြွေးကြော်သံညီညွတ်လို့
ခွပ်လက်ပြင် ခွပ်လက်သွေး ။

ညီလော့ဧရာ
ဧရာညီလော့
အားမပျော့နှင့်
မလျှော့လုံ့လ
မခသူ့အောက်
မကျောက်ရဲသွေး
နီစွေးညီညွတ်
ခွပ်ဒေါင်းအလံနဲ့ချီပါလှဲ့ ။ ။

နီလွင်သွေး(ဒဿနိက)
၃ ၊ ၁ ၊ ၂၀၁၃
သောကြာနေ့ ။ 
----------------------
Zaw Nay Myo
သံဃာ့သပိတ်
ကျောင်းသားသပိတ်
လယ်သမားသပိတ်
အလုပ်သမားသပိတ်
သပိတ်စုံသူပုန်ထမှ
လွတ်မြောက်ရမည် ။

ရဟန်းရှင်လူ
ပြည်သူအပေါင်း
ကျောင်းသားစုံညီ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
ငြိမ်းချမ်းရေးနဲ့တန်းတူညီမျှရေ
ကြွေးကြော်သံညီညွတ်လို့
ခွပ်လက်ပြင် ခွပ်လက်သွေး ။

ညီလော့ဧရာ
ဧရာညီလော့
အားမပျော့နှင့်
မလျှော့လုံ့လ
မခသူ့အောက်
မကျောက်ရဲသွေး
နီစွေးညီညွတ်
ခွပ်ဒေါင်းအလံနဲ့ချီပါလှဲ့ ။ ။

နီလွင်သွေး(ဒဿနိက)
၃ ၊ ၁ ၊ ၂၀၁၃
သောကြာနေ့ ။
----------------------
Zaw Nay Myo

Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

မတ်လ -၁၃-ဖုန်းမော်ကျဆုံး

မှတ်မိသေးရင်
သတ္တိသွေးတွေ
ပြလိုက်ကြပါ....။
---------------------------
Ahman Tayar
မှတ်မိသေးရင်
သတ္တိသွေးတွေ
ပြလိုက်ကြပါ....။
---------------------------
Ahman Tayar

Min San shared ကိုသောင်း ပုလဲမြေ's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

သက်ဆိုင်တဲ့သူတွေကို တရားစွဲမယ်တဲ့..

အဲဒီနေ့မှာ လါတောင်းပန်ပါတဲ့ ဟော့နယူး မှာပါတယ်နော်.....မလါရင် သက်ဆိုင်တဲ့သူတွေကို တရားစွဲမယ်တဲ့.......အိုး..............လုပ်ချလိုက်ပြန်ပြီ (တိုးတိုးပြောမယ်...အခု အဘတွေက လက်ခံပါ့မလါး ကြည့်လုပ် ကြောက်စရာကြီးနော်)

Min San shared Skyheart Winko's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

* ၀ါတွင်းချိန် *

* ၀ါတွင်းချိန် *

ငှက်ကလေးက စိုးစီစိုးစီ
ဝင်ပေါက်မှာမြည် ။

ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး ။ ။

ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင် ။

သံလွင်လွင် ကြေးစီတီးလို့
ထွန်းတဲ့ ဆီမီး ။

အမျှတဲ့သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ ။

မာပါစေ ကမ္ဘာသား
အောက် ထက် နံ လျား ။

ရွာဦးက ကြေးစည်သံ
ကျောင်းဝေဠုဝန် ။

ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ ။

ကိုရင်ကြီး ပျိုတို့မောင်
ညှိုးနွဲ့ ယောင်ယောင် ။

ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ ။

မာပါရဲ့အထွေးရယ်
ပြောလိုက်ပါကွယ် ။

ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးနွမ်းလျ - တဲ့ ။

ကပ္ပိယအဖိုးအို
ဆိုးလှတယ်ဆို ။
ဒို့ကိုရင်ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား - တဲ့ ။

ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့်ဘို့ကွယ် ။

ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ ။

ချာရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင် ။

လိင်ပြန်ယင် ဆံရှည်ထားပါနဲ့
သန်းတွေကများ - တဲ့ ။

လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကတ် အနံကျယ်
ဈေးကြိုက၀ယ် ။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ - တဲ့ ။

ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့ မေးလိုက်တယ် ။

ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါ့မယ် ။

မျက်နှာငယ်ငယ်
ဘဲ့နှယ်မှ မမိန့် ။
သည်တစ်ဝါ အနိုင်ခဲလို့
နွှဲရှာရလိမ့် ။

ကိုရင်ကြီး လာမယ်ဆို
ဝင်ပေါက်ကကြို ။
အို အလို ကိုရင်ထွက်ကယ်
ငါး ငပိချက် ။

မင်းသုဝဏ်
၁၉၄၈

ရေချမ်းစင် မှ

.......................
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးနွမ်းလျ - တဲ့ ။
.............
ဒို့ကိုရင်ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား - တဲ့ ။
........................

လိင်ပြန်ယင် ဆံရှည်ထားပါနဲ့
သန်းတွေကများ - တဲ့ ။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ - တဲ့ ။
..........................
အဲဒီ မှာ “ တဲ့ ” တွေ ပါ ၊ မပါ ဗျာ ... နားလည်သူများ ရှိရင် ပြောကြပါဦး ။

-------------------------------------
Bo Han

နော်ဝေနှင်. ဦးသိန်းစိန်-- နော်ဝေ ကိုသိပ်အထင်မကြီးနဲ.ဦး။

နော်ဝေနှင်. ဦးသိန်းစိန်--
နော်ဝေ ကိုသိပ်အထင်မကြီးနဲ.ဦး။

စကင်ဒီနေးဗီးယန်းနိုင်ငံတွေထဲမှာ နော်ဝေ မှာပြောစရာတွေ ရှိတယ်။ ဒီဗွီဘီ ထောင်ထားပေးတာ ကလွဲရင် ၀န်ထမ်းတို.၏ စရိုက်သဘာဝတွေကို နော်ဝေရေဒီယိုက အုပ်ချုပ်ရေးမှုးတို.က အကဲမဆတ်ပါ။ ဟန်ယောင်ငွေပဲကြည်.လေ။ ပွဲခ ရရင် သူတို. က မြန်မာစစ်အုပ်စု၏ တိုက်ရာပါခိုးရာပါငွေမဲတွေကို ၀ိုင်းလျှော် ဖွတ်ပေးကြပါလိမ်.မယ်။

နိုင်ငံတကာ သတင်းတွေမှာလည်း နော်ဝေဟာ အရှေ.ဖျား က ဂျပန်လို သူ. လူဦးရေ၊ သူ.ရေမြေတောတောင်နဲ. ပတ်သက်ရင် အလွန် အကဲဆတ်ပြီး၊ သူတပါးနိုင်ငံ မှာ ဆို အခွင်.အရေးအတွက် သိပ်လက်နှေးသူ မဟုတ်ခဲ.ပါ။
ဘရာဇေးလ် မလေး ရှား အင်ဒို နီးရှား က သစ်တောတွေ အရင်း အမြစ်တွေ နစ်နာမှု မှာ နော် ဝေနိုင်ငံလည်း တရှယ်ယာ ပါဝင်နေတယ် ဆိုတာ မမေ.ပါနဲ.။ ဝေလငါးကြီးတွေကို ရက်ရက်စက်စက် သတ်တဲ.နိုင်ငံ။ အထင်ကြီးစရာ မရှိပါ။ ဂျပန်နဲ.ဆင်တယ်။

မကြာသေးခင်က မှ ဘီလီယံနဲ.ချီပြီး ကုန်ကျမှုတွေများလွန်း အကြံကြီးလွန်းသော တရုတ် ကအမြန် မီးရထားလုပ်ငန်းတွမှာ ခြစားလို.လူမိသွားတဲ. တရုပ်မီး ရထား ၀န်ကြီးဟောင်း နဲ. သူ. အပေါင်းအပါတွေဟာ နော် ဝေနဲ. ၂၀၀၄ ကတည်း က တရုတ် ဆက်သွယ်ရေးဝန်ကြီး ၂၀၁၂ မှာ မပြုတ်ခင်အထိ နီးနီးစပ်စပ် ရှိခဲ.ပါတယ်။

မြန်မာနိုင်ငံ က ရဖျူ၈ျီတွေ ခေါ်ထား၊ ထောက်ပံ.ကြေးတွေပေးတဲ. အတွက်နော်ဝေကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ.- သူများနိုင်ငံကိစ္စ စွက်ဖက်တဲ.နေရာမှာ နော်ဝေ. နိုင်ငံ၏အချိုး နဲ.လုပ်ပုံလုပ်နည်းက က ဂျာမာန်ခေါင်းနဲ. အရှေ. ဥရောပ စတိုင်လ်၂ ခုပေါင်းစပ်ထားသလိုပဲ။
တင်စားပြောတာဖြစ်ပါတယ်။ ဂျာမာန်ခေါင်းဆိုတော. ခိုင်ခံ.တဲ. ဖလော် တခုခုနဲ. အခြေခံထားသလိုလို ရှိပြီး၊ အရှေ. ဥရောပနည်းနဲ.ပွဲစားလုပ် အလယ်လူ -ရှိုးနည်းမျိုးပေါ.။

တချိန်က လူဆိုးတွေ ကမ္ဘာ.နိုင်ငံ အနှံ.အပြားထွက်တိုင်း သိပ် အထင် မကြီးကြပါနဲ.။ တချိန်က လစ်ဗျားက လူဆိုးကြီး ကဒါဖီ.သားအငယ်ဆုံး ပျော် ရာ မြို. က တိုရန်တိုပါ။

နိုင်ငံတခု မှာ သူ. လူမျိုး သူ.ဆိုင်ရာ ရပိုင်ခွင်.တွေနဲ. ဒီမို ကရေစီ ရှိတိုင်း၊ မြန်မာပြည်က လူဆိုးကြီးများ နဲ. ထိုနိုင်ငံတွေက ယဉ်ကျေးမှု အဆက်အစပ်မရှိပါ။ ဒီတော.- နော် ဝေထွက်ပြီး နော်ဝေ၏ ဒီမိုကရေစီ ရေပန်းနဲ. ဦးသိန်းစိန် ဘက်ပတိုက်စ် သွားလုပ်နေတယ်တော. မထင်ကြနဲ.။ အပေး အယူ သွားလုပ်ကြတာ။ ဟန်ယောင်ငွေက ပွဲစား။

သေသေချာချာကြည်.။ ကဒါဖီပိုက်ဆံတွေ ဂျာမဏီက ဘဏ်တွေမှာ ရှိတယ်။ ပြင်သစ်မှာ ရှိတယ်။ ပြီးခဲ.တဲ. ပြင်သစ် ၀န်ကြီးချုပ်ဟောင်းကတော. ၀န်ခံစရာမလိုပဲ ရွေးကောက်ပွဲ ရှုံးတော. အသာလေး ထွက်သွားတယ်။ ဂျာမဏီကတော. ဧဧဆေးဆေးပဲ။ မြန်မာထောက်လှန်းရေးတို. ကို အမြဲ ထိန်းကျောင်းပေးနေတဲ. နိုင်ငံ။ ထွက်ပြေးနေတဲ. ကဒါဖီလက်ထောက် က သြစထီးယား မှာ လူသူ မသိ အသတ်ခံလိုက်ရတယ်။

ကချင်ပြည်နယ်တစ်ခုလုံးကိုဖျက်ဆီးပြီးမှ ကမ္ဘာတစ်ခေါက်ထပ်ပတ်ကြဦးမယ်။ ငြိမ်းချမ်းရေးဝတ်ရုံဝတ်မြန်မာစစ်ဘီလူးများ စီက သင်တို.ဘာ ရပြီးပြီလဲ။
-----------------------------------------
Bo Han shared Aye Aye Soe Win's status.

စကင်ဒီနေးဗီးယန်းနိုင်ငံတွေထဲမှ
ာ နော်ဝေ မှာပြောစရာတွေ ရှိတယ်။ ဒီဗွီဘီ ထောင်ထားပေးတာ ကလွဲရင် ၀န်ထမ်းတို.၏ စရိုက်သဘာဝတွေကို နော်ဝေရေဒီယိုက အုပ်ချုပ်ရေးမှုးတို.က အကဲမဆတ်ပါ။ ဟန်ယောင်ငွေပဲကြည်.လေ။ ပွဲခ ရရင် သူတို. က မြန်မာစစ်အုပ်စု၏ တိုက်ရာပါခိုးရာပါငွေမဲတွေကို ၀ိုင်းလျှော် ဖွတ်ပေးကြပါလိမ်.မယ်။

နိုင်ငံတကာ သတင်းတွေမှာလည်း နော်ဝေဟာ အရှေ.ဖျား က ဂျပန်လို သူ. လူဦးရေ၊ သူ.ရေမြေတောတောင်နဲ. ပတ်သက်ရင် အလွန် အကဲဆတ်ပြီး၊ သူတပါးနိုင်ငံ မှာ ဆို အခွင်.အရေးအတွက် သိပ်လက်နှေးသူ မဟုတ်ခဲ.ပါ။
ဘရာဇေးလ် မလေး ရှား အင်ဒို နီးရှား က သစ်တောတွေ အရင်း အမြစ်တွေ နစ်နာမှု မှာ နော် ဝေနိုင်ငံလည်း တရှယ်ယာ ပါဝင်နေတယ် ဆိုတာ မမေ.ပါနဲ.။ ဝေလငါးကြီးတွေကို ရက်ရက်စက်စက် သတ်တဲ.နိုင်ငံ။ အထင်ကြီးစရာ မရှိပါ။ ဂျပန်နဲ.ဆင်တယ်။

မကြာသေးခင်က မှ ဘီလီယံနဲ.ချီပြီး ကုန်ကျမှုတွေများလွန်း အကြံကြီးလွန်းသော တရုတ် ကအမြန် မီးရထားလုပ်ငန်းတွမှာ ခြစားလို.လူမိသွားတဲ. တရုပ်မီး ရထား ၀န်ကြီးဟောင်း နဲ. သူ. အပေါင်းအပါတွေဟာ နော် ဝေနဲ. ၂၀၀၄ ကတည်း က တရုတ် ဆက်သွယ်ရေးဝန်ကြီး ၂၀၁၂ မှာ မပြုတ်ခင်အထိ နီးနီးစပ်စပ် ရှိခဲ.ပါတယ်။

မြန်မာနိုင်ငံ က ရဖျူ၈ျီတွေ ခေါ်ထား၊ ထောက်ပံ.ကြေးတွေပေးတဲ. အတွက်နော်ဝေကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ.- သူများနိုင်ငံကိစ္စ စွက်ဖက်တဲ.နေရာမှာ နော်ဝေ. နိုင်ငံ၏အချိုး နဲ.လုပ်ပုံလုပ်နည်းက က ဂျာမာန်ခေါင်းနဲ. အရှေ. ဥရောပ စတိုင်လ်၂ ခုပေါင်းစပ်ထားသလိုပဲ။
တင်စားပြောတာဖြစ်ပါတယ်။ ဂျာမာန်ခေါင်းဆိုတော. ခိုင်ခံ.တဲ. ဖလော် တခုခုနဲ. အခြေခံထားသလိုလို ရှိပြီး၊ အရှေ. ဥရောပနည်းနဲ.ပွဲစားလုပ် အလယ်လူ -ရှိုးနည်းမျိုးပေါ.။

တချိန်က လူဆိုးတွေ ကမ္ဘာ.နိုင်ငံ အနှံ.အပြားထွက်တိုင်း သိပ် အထင် မကြီးကြပါနဲ.။ တချိန်က လစ်ဗျားက လူဆိုးကြီး ကဒါဖီ.သားအငယ်ဆုံး ပျော် ရာ မြို. က တိုရန်တိုပါ။

နိုင်ငံတခု မှာ သူ. လူမျိုး သူ.ဆိုင်ရာ ရပိုင်ခွင်.တွေနဲ. ဒီမို ကရေစီ ရှိတိုင်း၊ မြန်မာပြည်က လူဆိုးကြီးများ နဲ. ထိုနိုင်ငံတွေက ယဉ်ကျေးမှု အဆက်အစပ်မရှိပါ။ ဒီတော.- နော် ဝေထွက်ပြီး နော်ဝေ၏ ဒီမိုကရေစီ ရေပန်းနဲ. ဦးသိန်းစိန် ဘက်ပတိုက်စ် သွားလုပ်နေတယ်တော. မထင်ကြနဲ.။ အပေး အယူ သွားလုပ်ကြတာ။ ဟန်ယောင်ငွေက ပွဲစား။

သေသေချာချာကြည်.။ ကဒါဖီပိုက်ဆံတွေ ဂျာမဏီက ဘဏ်တွေမှာ ရှိတယ်။ ပြင်သစ်မှာ ရှိတယ်။ ပြီးခဲ.တဲ. ပြင်သစ် ၀န်ကြီးချုပ်ဟောင်းကတော. ၀န်ခံစရာမလိုပဲ ရွေးကောက်ပွဲ ရှုံးတော. အသာလေး ထွက်သွားတယ်။ ဂျာမဏီကတော. ဧဧဆေးဆေးပဲ။ မြန်မာထောက်လှန်းရေးတို. ကို အမြဲ ထိန်းကျောင်းပေးနေတဲ. နိုင်ငံ။ ထွက်ပြေးနေတဲ. ကဒါဖီလက်ထောက် က သြစထီးယား မှာ လူသူ မသိ အသတ်ခံလိုက်ရတယ်။

ကချင်ပြည်နယ်တစ်ခုလုံးကိုဖျက်ဆီးပြီးမှ ကမ္ဘာတစ်ခေါက်ထပ်ပတ်ကြဦးမယ်။ ငြိမ်းချမ်းရေးဝတ်ရုံဝတ်မြန်မာစစ်ဘီလူးများ စီက သင်တို.ဘာ ရပြီးပြီလဲ။
-----------------------------------------
Bo Han shared Aye Aye Soe Win's status.
Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com
 
" အမွေ "

" အမွေ "
-----------

လက်ပံတောင်းက
ကြေးမောင်း ဒူ ဒူ
မအူပင်ကို ရောက်လာပြီ။

ဘယ်သူ့ အတွက်
ဘာအတွက်လဲ၊ ရဲမှုထမ်းက
လူသတ်လက်နက် သုံးမလား
လယ်သမားလည်း
ဓားကိုင်စွဲခွင့်ရှိတာပဲ။

ကိုယ်ဝန်ဆောင်တောင်
မရှောင်ရိုက်ခိုင်း၊ သမိုင်းမြင်ကွင်း
ပွင့်လင်းမြင်သာလှချည့်ရဲ့ ။

တို့ ဘိုးဘွားမြေ၊ တို့ အဖေ့ယာ
တို့  ခုတ်ထွင်တယ်၊ တို့ ထွန်ယက်မှ
အသက် ၀ ၀ ရှူလို့ ရတယ်၊
တမှေးခန အိပ်ရေးဝတယ်၊
ဘာများ မှားတာ ရှိလို့ လဲ။

ဗေဒါခေါင်းထောင်
ငါးဖောင်ကြိုးဖြုတ်၊ ဘဲအုပ်ကိုမောင်း
ရေကြောင်းကိုပြင်၊ လှေလောင်းကိုဆင်
မြစ်ပြင်ကထွက်၊ ကန်ဘောင်တက်ကြ
မလက်တိုက စိန်ခေါ်ပြီ။

မြစ်ဝကျွန်းပေါ်၊ အရေးတော်ပုံ
ဂဠုန် သူပုန် ထပြီတင့်။

မောင်လွမ်းဏီ
၂၇ - ၂ - ၂၀၁၃
-------------------------
Bo Han shared တို့ဗမာ Dobama's photo.

ရှစ်ပူးတွေ တခန်းရပ်သွားပါပြီလို့ မဖြစ်စေချင်ပါ

ဒီမိုကရေစီမှာ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့် လွတ်လပ်စွာရေးသားဖော်ပြခွင့်နဲ့ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်တွေ ရှိတယ် ဆိုလို့ ကျနော် လွတ်လပ်စွာ ပြောကြည့်ပါ့မယ် . .

ဗမာပြည်က ဒီမိုကရေစီအရေး ဆိုတာ ကျနော်တို့ နဲ့ စခဲ့တာပါလို့ ပြောပြောနေတဲ့ ရှစ်ပူးတွေ ဘာလုပ်နေကြသလဲ . .

၂၀၁၂ ရှစ်ပူး ဒိုင်ယာရီပြုစုပြီး စာအုပ်ထုတ်ပေးပါ . . ကျနော် ဖတ်ချင်လို့ပါ . .

ဗမာပြေအတွက် မဟာဗျူဟာ ကျကျ တွေးခေါ်လုပ်ကိုင်နေတဲ့ ရှစ်ပူးတွေ ရဲ့ ဆောင် ရွက်ချက်တွေကို ဖတ်ချင်လို့ပါ

ချက်ခြင်းလက်ငင်းဖြေရှင်းရမယ့် အောက်ခြေလူတန်းစားတွေရဲ့နေ့စဉ်ဘဝအတွက် ရှစ်ပူးရဲ့ ဆောင်ရွက်ချက်တွေ ကို ဖတ်ချင်လို့ပါ

ကလေးငယ်လေးတွေ သက်ကြီးရွယ်အို ဖိုးဖွားတွေ ကျောင်းသားတွေ ကျောင်းမတက်နိုင်တဲ့သူတွေ ကျောင်းပြီးလူငယ်တွေ ကျောင်းမပြီးလူငယ်တွေ စောစောစီးစီးအိမ်ထောင်ကျသွားသူတွေ အလုပ်ကြမ်းသမားတွေ ကုန်ထမ်းနေတဲ့သူတွေ ဆောက်လုပ်ရေးဆိုက်တွေမှာ

မဆလာသယ်နေတဲ့ကောင်မလေးတွေ စတိုးဆိုင်တွေမှာလုပ်နေတဲ့ အရောင်းစာရေးမလေးတွေ ဘီယာဆိုင်ကဝိတ်တာကောင်လေးကောင်မလေးတွေ ဈေးထဲမှာဈေးရာင်းနေတဲ့ အစ်မကြီးတွေ လယ်သမားအစ်ကိုကြီးတွေ တောင်ယာလုပ်နေတဲ့အစ်ကိုကြီးတွေ

မိရိုးဖလာလက်မှုလုပ်ငန်းလေးတွေကိုလုပ်နေရတဲ့အစ်ကိုကြီးတွေ အိမ်ဆိုင်ဖွင့်ထားတဲ့အစ်မကြီးတွေ ကေတီဗီမာဆတ်ရောက်နေတဲ့ညီမလေးတွေ မလေးရှာယိုးဒယားသွားလုပ်နေတဲ့ညီလေးညီမလေးတွေ အပျိုကြီးလူပျိုကြီးတွေ ဆိုက်ကားနင်းနေတဲ့သူတွေ

ထော်လာဂျီမောင်းနေတဲ့သူတွေ လမ်းဘေးတောင်းစားနေတဲ့သူတွေ လမ်းဘေးဈေးရောင်းနေတဲ့သူတွေ အဲဒါတွေအတွက် ရှစ်ပူက ဘာမျှော်လင့်ချက်တွေ ပေးနိုင်ပါပြီလဲ သူတို့အတွက် သုတေသန စစ်တမ်းတွေ ဘာလုပ်ပြီးပါပြီလဲ

လမ်းတွေပျက်နေတုန်း မိုးတွင်းမိုးရွာရင်လမ်းပေါ်ရေတင်နေတုန်း ကျောင်းနားကမီးပွိုင့်တွေမီးပျက်နေတုန်း နွေဘက်ဆည်တွေရေမလောက်လို့လျှပ်စစ်ဓါတ်အားမထုတ်နိုင်တာပါလို့အကြောင်းပြနေတုန်း ခြင်တွေပေါလို့သွေးလွန်တုတ်ကွေးဖြစ်နေတုန်း

ယင်ကောင်တွေပေါလို့ဝမ်းလျှောဝမ်းပျက်ဖြစ်နေတုန်း ရေရှားလို့ရေအိမ်မသုံးတဲ့ရွာတွေရှိနေတုန်း ရထားတွေအချိန်မမှန်တုန်း ကားအက်စီးဒင့်တွေဖြစ်နေတုန်း အစားအစာတွေထဲမှာအဆိပ်သင့်ဓါတုဆေးဝါးတွေပါနေတုန်း

မူယစ်ဆေးပြားတွေလမ်းဘေးမှာဝယ်လို့ရနေတုန်း ခွေးကိုက်လို့ခွေးရူးရောဂါနဲ့သေနေကြတုန်း ကျောင်းသားတွေကိုပေးတဲ့သင်ရိုးဖတ်စာအုပ်တွေမလောက်မငှဖြစ်နေတုန်း မြစ်ထဲချောင်းထဲမှာအမှိုက်တွေမျောနေတုန်း ရဲတွေအကောက်ကောက်နေတုန်း

ဈေးတွေလူနေအိမ်တွေဝါယာရှော့ဖြစ်ပြီးမီးလောင်နေကြတုန်း ငှက်ဖျားတီဘီနဲ့ဘီပိုးစီပိုးအေပိုးတွေပြန့်နှံ့နေကြတုန်း ချဲဒိုင်တွေလုပ်စားလို့ကောင်းနေကြတုန်း ငွေမရှိလို့ခဏလှည့်တာအလွတ်တိုးကအစိတ်သုံးဆယ်ပေးနေရတုန်း

ခါးပိုက်နှိုက်သူခိုးဓါးပြတွေကိုကြောက်နေရတုန်း အဲဒါတွေအတွက် ဘယ်ကစပြီးဘာလုပ်ရမယ်ဆိုတာ ရှစ်ပူးတွေ အဖြေရှာပြီးပါပြီလား သုတေသနစစ်တမ်းတွေလုပ်ပြီးပါပြီလား

ဟန်းဖုန်းဆင်းကဒ်ကနှစ်သိန်းကျော်ပိုက်ဆံပေးနေရတုန်း ကားတွေကလည်းသိမ်းရာကျော်ပေးနေရတုန်း အများပိုက်ဆံနဲ့ဆောက်ထားတဲ့လမ်းတွေတံတားတွေမှာဂိတ်ကြေးပေးနေရတုန်း လက်ပံတောင်းတောင်ကြီးမှာ တရုတ်တွေမိုင်းခွဲနေတုန်း

ကချင်ပြည်ကသစ်တွေကားအစီးတိုက်တရုတ်တွေယူနေကြတုန်း ရွှေတွေသတ္တုတွေစိတ်ကြိုက်တူးယူနေကြတုန်းမြစ်ဆုံအထက်မှာတရုတ်တွေ ဆည်၈ခုလောက်ဆောက်ပြီးလျှပ်စစ်ထုတ်နေတုန်း ဘိန်းတွေစိုက်လို့ကောင်းနေကြတုန်း

ကျောက်ဖြူကပိုက်လိုင်းကြီးကလည်းဗမာပြည်ကိုကျွန်ဇာတ်သွင်းဖို့လုပ်နေတုန်း လယ်သမားရဲ့လယ်တွေအသိမ်းခံနေရတုန်း အသက်မပြည့်သေးတဲ့ကလေးတွေစစ်ထဲဝင်သေနတ်ကိုင်နေရတုန်း စစ်တပ်ထဲကစစ်ဗိုလ်တွေကနိုင်ငံရေးသမားတွေကိုမုန်းနေကြတုန်း

လွှတ်တော်ထဲမှာပြဌာန်းရမယ့်ဥပဒေတွေအများကြီးကျန်နေတုန်း တန်းဖိုးနည်းအိမ်ယာဆိုပြီးပြည်သူတွေနားလှည့်ပါးရိုက်ခံနေရတုန်း ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကျန်နေတုန်း အစိုးရကိုဝေဖန်လို့ထောင်ထဲထပ်ပို့တာတွေရှိနေတုန်း

တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစက်ရုံအလုပ်သမားအလုပ်သမနဲ့တူတဲ့ယူနီဖောင်းတွေဝတ်နေရတုန်း ဦးပိုင်ကစီပွားရေးကိုလက်ဝါးကြီးအုပ်ထားတုန်း

နေပြည်တော်ဆိုတဲ့နေရာမှာလူမရှိကားမသွားတဲ့လမ်းအကျယ်ကြီးတွေမှာမီးတွေထိန်နေအောင်ထွန်းထားနေကြတုန်း အဲဒါတွေအတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ရှစ်ပူးတွေ စဉ်းစားထားပြီးပါပြီလား သုတေသနစစ်တမ်းတွေ လုပ်ပြီးပါပြီလား

ကိုကျော်သူက နာရေးကူညီတယ်
ဝမ်းမိုးကလူတစ်ယောက်တစ်လ တစ်ထောင်နဲ့ လိုအပ်တဲ့နေရာတွေ ငွေလိုက်လှူတယ်
ဆရာချစ်ဦးညို ဆရာမောင်စိန်ဝင်း ဆရာအော်ပီကျယ် ဆရာမောင်သာချို စတဲ့ စာရေးဆရာတွေက စာပေဟောပြောပွဲနဲ့ လူတွေကို နားမျက်စိဖွင့်ပေးတယ်
ကိုနေမျိုးဇင်က ကွန်ပျုတာလိုက်သင်တယ် ဂျာနယ်တွေလိုက်ဝေတယ်
မဖြူဖြူသင်းက အေအိုင်ဒီအက်စ်ရောဂါသည်တွေကို ပြုစုပေးတယ်
ဆရာတော်တွေက တရားပွဲတွေမှာ တရားမှု မတရားမှုကို ခွဲတတ်အောင် မကြောက်တတ်အောင် ဟောပြောသင်ကြားတယ်
ကိုနေမျိုးဝေကလယ်သမားတွေ မတရားလယ်အသိမ်းခံရတာတွေကို ကူညီဖြေရှင်းပေးနေတယ်
အခြာသူတွေကလည်း သူ့နေရာနဲ့သူ ဖိဖိစီးစီးလုပ်နေကြတယ်
မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးနေကြတယ်
မျိုးဆက်သစ်တွေရဲ့ရှေ့မှာ အရွေ့ရှိအောင် အလုပ်တွေတကယ်လုပ်ပြနေတယ်

ဒီအချိန်မှာ ရှစ်ပူးတွေဘာလုပ်နေကြသလဲ

ကဲ အခု ၂၀၁၃ ဖေဖေါ်ဝါရီလကုန်တော့မယ် . . အခုအချိန်ကနေစပြီး ၂၀၁၅ အထိ ရှစ်ပူးတွေ ဘာလုပ်မှာလဲ . . ဗမာပြည်ဟာ ဆင်းရဲနေတုန်း ပြသနာတွေနဲ့ လုံးချာလည်နေတုန်း . . တရုတ်ကကျွန်လုပ်ဖို့ချောင်းနေတုန်း . .

ဘာသာရေးအကြောင်းပြတဲ့မိုက်ရူးရဲတွေကလည်း ဗမာပြေကို ဟိုနိုင်ငံဒီနိုင်ငံဖြစ်အောင်လုပ်မယ်ကြွေးကြော်နေကြတုန်း . . သန်းရွှေကြီးကဗမာပြေကိုကိုင်လှုပ်နိုင်တုန်း ဒီတော့ ရှစ်ပူးတွေ အရင်အရှိန်လေးနဲ့ လှိမ့်နေမျှောနေလို့ မရတော့ပါဘူး . . ရှစ်ပူးဆိုတဲ့

အားလုံးနဲ့ဆိုင်တဲ့ခေါင်းစဉ်ကို ငါပိုင်လုပ်ပြီး ရှစ်ပူးတွေ တခန်းရပ်သွားပါပြီလို့ မဖြစ်စေချင်ပါ . .
----------------------------------

( အရေးထဲ အရာပေါ် ဝေစု မတည့် တဲ့ စစ်ဗိုလ် နှစ်ယောက် )***

"တာချီလိတ် တပ်တွင်း ပစ်ခတ်မှု တပ်ရင်းမှူး သေဆုံး"

ရန်ပိုင်| March 2, 2013 | Hits:7,911

"ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၃၁) ၌  ပြီးခဲ့သည့် ကြာသပတေးနေ့ ညပိုင်းက တပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

တပ်တွင်းစည်းရုံးရေး ကိစ္စများနှင့် ပတ်သက်ပြီး စကားများရာမှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး ပြည်စုံအောင်က သေနတ်နှင့် ပစ်ခတ်ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ လည်ပင်း၌ ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တပ်ရင်းမှူး အိမ်မှာ စကားများရင်းက တပ်ရင်းမှူးက ပါးရိုက်လိုက်တာမှာ ဌာနချုပ် တပ်ခွဲမှူးက သေနတ်ထုတ်ပြီး နှစ်ချက်က မိုးပေါ်ထောင်ပစ်တယ်၊ တချက်က တပ်ရင်းမှူးကို တည့်တည့်မှန်တယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက် ဗိုလ်မှူး ပြည်စုံအောင် ကိုယ်တိုင် သေနတ်ထိမှန်ထားသည့် တပ်ရင်းမှူးကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီးနောက် အဖမ်းခံခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တာချီလိတ် အွန်လိုင်း သတင်းတွင်လည်း သေဆုံးသူ ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ရုပ်အလောင်းအား ယမန်နေ့က ခွဲစိပ် စစ်ဆေးကြောင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း ရေးသားထားသည်။

ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် တနင်္လာနေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

"ဧရာဝတီ "

"ထိုင်း-မြန်မာ နယ်စပ်အနီးရှိ တာချီလိတ်မြို့ မြင်ကွင်း " (ဓာတ်ပုံ – mark-prado.com)

ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် တနင်္လာနေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ "ဧရာဝတီ "

"ထိုင်း-မြန်မာ နယ်စပ်အနီးရှိ တာချီလိတ်မြို့ မြင်ကွင်း " (ဓာတ်ပုံ – mark-prado.com)
Shin Min and Shwe Zin shared Andrew Soe's photo.မှကူးယူဖေါ်ပြပါသည်  www.alinshin.com

***ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး***

၂၄-၀၂-၂၀၁၃ နေ့ အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ်

ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ စောမယကောလိပ်နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။

(ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ အခမ်းအနား) စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့်

ထိုအခမ်းအနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ

ပါဝင်သည်။

အခန်းအစီအစဉ် မနက်ပိုင်း အဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ထောင်) ခန့် အားလုံး

အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ပြီး ဘုရားရှိခိုးခြင်း၊ ၀တ်ရွတ်ခြင်းများပြုလုပ်သည်။ အိန္ဒိယ ဆရာတော်ကြီးအထံမှ ငါးပါးသီလယူသည်၊ ဆရာတော်ကြီးက

တရား ဟောသည်။ စာရေးသူတို့အဖွဲ့ကို ပန်းစည်းများ ကပ်ပြီး ကြိုဆိုသည်။ အိန္ဒိယ၏ ထုံးတမ်းတစ်ခု သည် ဘာပွဲ လုပ်လုပ် ပန်းများ ဖောဖောသီသီ

လက်ဆောင်ပေးခြင်းဖြစ်သည်။ မဏ္ဍပ်ထဲက စင်ပေါ်တက်ပြီး နေရာယူကြသည်။

အ၀တ်ဖြူများသာ မိုးထားသည်၊ အ၀တ်အဖြူများဖြင့်သာ ကာရံထားသည့် မဏ္ဍပ်ကြီးတစ်ခုလုံး မီးပြင်းပြင်တိုက်ထားသည့် ဒယ်အိုးကြီးအလား ပူပြင်းလှသည်၊

ဝတ်ထားသည့် အ၀တ်များသည်ပင် အသားနဲ့ ထိလိုက်တာနဲ့ ခြစ်ခြစ်တောက် ပူနေသည်၊ ချွေးပေါက်ပေါက်ကျသည်။ ပူပြင်းလှသည့် မဏ္ဍပ်ထဲမှာ

အလွန်ရှည်လျားသော အစီအစဉ်တွေက စိတ်ကို မသက်မသာ ဖြစ်စေသည်။ နေ့လည်ပိုင်း နေ့လည်အချိန်မှာတော့ ဘုံဘေတက္ကသိုလ် ပါဠိဌာန ဌာနမှူး

ဆရာမကြီး၏ ဟောပြောပွဲ ပြုလုပ်နေချိန် စာရေးသူတို့ မြန်မာ ရဟန်းတော်အဖွဲ့ကို ဦးဆောင်သူ မိသားစုက အိမ်မှာ ပင့်ပြီး နေ့လည်စာ ကပ်သည်။

ထိုမိသားစုအိမ်ခန်းမှာ မေတ္တာပို့ ပေးခြင်း ပြုလုပ်ပေးပြီး စာရေးသူတို့လည်း အခမ်းအနားကျင်းပရာ မဏ္ဍပ်သို့ ပြန်ရောက်၊ များမကြာမီမှာပဲ

ဆရာမကြီး၏ ဟောပြောပွဲပြီးဆုံးသည်။ ဆရာတော်ကြီးဆီမှ သြ၀ါဒတရားနာကြားပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူမည့် အမျိုးသား အမျိုးသမီး ၂၀

ကို ရှေ့သို့လာစေသည်။ ဘာရယ်မသိ ထိုအစီအစဉ်ရောက်လာသော အခါ စိတ်ထဲမှာ ပျော်နေမိသည်၊ ကြည်နူးနေမိသည်၊ ထိုကြည်နူးမှုများက နေပူဒဏ်၊

ရှည်လျားသောအစီအစဉ်ဒဏ်ကြောင့် ရသော ကစဉ်ကလျား စိတ်ကို ငြိမ်သက်သွားစေသည်။ စိတ်ရှည်ခြင်း သည်းခံခြင်း ဇွဲလုံလရှိခြင်းတို့က

သာသနာပြုသူတွေအတွက် အရေးပါသော အင်အားများဖြစ်သည်။

ဘာသာပြောင်းပုံ အစီးအစဉ်

(က) ဗုဒ္ဓဘာသာအဖြစ် ခံယူမည့်သူများက ရှေ့သို့ထွက်လာပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးကြရသည်။ လက်ျာရစ်လှည့်ပြီး ပူဇော်ကြရသည်။

(ခ) ဆရာတော် သံဃာတော်များ ရှေ့မှောက် လက်အုပ်ချီကား အရိုအသေပေးကြရသည်။

ဆရာတော်ကြီးအထံမှ သုံးပါး သရဏဂုံ ဆောက်တည်ရသည်၊ အခြေခံ လူ့သီလဖြစ်သည့် ငါးပါးသီလ ခံယူရသည်။

(ဂ) ဗုဒ္ဓဘာသာဝင်တို့ ခံယူချက် အဓိဋ္ဌာန် ၂၂ ချက်ကို ရွတ်ဆိုရသည်။

(ဒေါက်တာအမ်ဘေဒကာက နာဂပူမြို့ လူပေါင်း ငါးသိန်းကျော် ဗုဒ္ဓဘာသာသို့ ပြောင်းပွဲကြီးတွင် ထို အဓိဋ္ဌာန်ချက် ၂၂ ခုကို ချမှတ်ခဲ့သည်။

စာရေးသူ၏ “ကမ္ဘာ့ဘာသာရေးပြောင်းပွဲကြီး”တွင် ဖော်ပြပြီးဖြစ်သည်။)

(ဃ) အစီအစဉ်ပြီးတာနဲ့ ထိုသူများကို ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ၊ ပန်းစည်းများဖြင့် လက်ဆောင်ပေးပြီး ကြိုဆိုသည်။

(င) ပရိသတ်အရှေ့ထွက်စေကာ တစ်ယောက်ချင်း မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ဗုဒ္ဓဘာသာသို့ ပြောင်းလာရခြင်း အကြောင်းကို တစ်လှည့်စီ ပြောကြသည်၊

ထောင်ချီသော ပရိသတ်၏ လက်ခုပ်သံသည်ကား အုတ်သြညံသွားသည်။

ညနေပိုင်း ကြွရောက်လာကြသော လူ ၂၀၀၀ ခန့်ကို နေ့လည်စာ ထမင်းကျွေးပြီး ညနေပိုင်း အခမ်းအနား ပြန်စသည်။

ညနေပိုင်းအခမ်းအနားတွင် မြန်မာရဟန်းတော်များ၏ ပရိတ်တရား နာကြားခြင်း၊ တရားတော် နာကြားခြင်းများ ပြုလုပ်ပြီး

အိန္ဒိယ ဆရာတော်ကြီးက ဆက်ပြီး တရားဟောပြန်သည်။ ဆရာတော်ကြီးက သုံးကြိမ်လုံး ဟိန္ဒူဘာသာတို့၏ ဗြာဟ္မဏ၀ါဒ, ဇီဝ, အတ္တ

အကြောင်းတို့ကို မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးဝါဒ ပဋိစ္စသမုပ္ပါဒ အကြောင်းနှင့် နှိုင်းယှဉ်ကာ သုံးပိုင်း ပိုင်းဟောသွားသည်။

အသစ်ဝင်လာသူကို ကြိုဆို မိမိဘာသာထဲကို ၀င်ရောက်လာသူများကို ဗုဒ္ဓဘာသာတစ်ရပ်လုံးက သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ကြိုဆိုကြသည်၊

ထိုသူတို့အား VIP အဖြစ်နေရာပေးသည်။ စားစရာ၊ သောက်စရာကအစ တလေးတစားဂရုတစိုက် စေတနာ့ဝန်ထမ်းများက

ဆောင်ရွက်ပေးနေသည်တို့ကို မြင်ရသည်မှာလည်း ကြည်နူးစရာ၊ စိတ်လှုပ်ရှားစရာကောင်းလှသည်။

ဤသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားများကို ပြသလိုက်ခြင်းဖြစ်သည်။

ယနေ့အဖို့ မနက်စောစောထ အိပ်ရေးပျက်ခြင်း၊ အလွန်မွန်းကြပ် ပြည့်သိပ်လှသည့် ဘုံဘေမြိုတွင်း အပြန်အသွား ၂ နာရီကျော်ကြာ

ကားစီးလိုက်ရခြင်း၊ အခမ်းအနားတွင် မနက် ၁၀-၃၀ မှ ညနေ ၄ နာရီအထိ အပူဒဏ်ပြင်းပြင်း ခံရခြင်းတို့ကြောင့် ပင်ပန်းသမျှတို့ကို

ယနေ့တွေ့ကြုံလိုက်ရသော ဗုဒ္ဓဘာသာခံယူပွဲကြီး၏ ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ်တို့က ဖယ်ရှားနိုင်သွားတော့သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
‎၂၄-၀၂-၂၀၁၃ နေ့ အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ်

ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား
Shin Min shared မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)'s photo.
မှကူးယူဖေါ်ပြပါသည်  www.alinshin.com
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget