.

AlinShin

Thursday, May 22, 2014

မျိုးချစ်ကြှီးတို့ (မေတ္တာရှင်ရွှေပြည်သာစကား)

Photo: မျိုးချစ်ကြီးတို့  . . 
ချစ်တယ်ဆိုရင်လည်းအပ္ပမာဒလေးနဲ့တွဲချစ်နော်  . .
ဘယ်အရာမှ အစွန်းမထွက်မိစေနဲ့ ၊ မဇ္ဈိမလေးတော့လက်ကိုင်ထား။
ဓမ္မကထိကဆရာတော်တွေထဲမှာ  .. စစ်ခွေးကြံ့ဖွတ်ကို ဒဲ့အမှန်ပြောရဲတဲ့
မေတ္တာရှင်ဆရာတော်ပြောတာလေးလည်း နားစွင့်ကြဦး။
☀ မေး။ ။အမေစုဟာ ကုလာဘက်ပါတယ်ဆိုတာ မှန်ပါသလားဘုရား...
☀ ဖြေ။ ။ဒါအမေစုကို မေးရမှာပေါ့....
မပါပါဘူး..... ပရိတ်သတ်တို့ ...မပါပါဘူး...။
အမေစုဟာ တို့တတွေထက် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပါ ...အထင်မလွဲကြပါနဲ့...
အခုတို့တတွေကို စစ်တပ်က ပုဂ္ဂိုလ်တွေက..
အမေစုနဲ့ သံဃာတော်တွေကို တိုက်ပေးတာ အောင်မြင်သွားတယ်...
အမေစုကို မုန်းအောင်လုပ်လိုက်တယ်...သံဃာနဲ့ လှည့်တိုက်တယ်...
တကယ်တော့ဒီစစ်တပ်ကကောင်တွေပဲ ငါတို့ဘုန်းကြီးတွေကို သတ်နေတာ...
မွတ်စလင်ဆို အဲကောင်တွေ အသေကြောက်တာလေ...
စေတီတွေ၊သိမ်တွေသာဖျက်ရဲတာ . . . 
ဗလီမဖျက်ရဲဘူး စစ်တပ်ကကောင်တွေ ဒီကောင်တွေပဲ...
အခုမှဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာမဲရချင်လို့...
အမေစုက ရိုးသားတယ်...ဖြောင့်မတ်တယ်...
သူမကြိုက်တာ မကြိုက်ဘူးလို့ပဲ ပြောတယ်..
မဲအဓိက မထားဘူး...အဲဒါခေါင်းဆောင်ကောင်းလို့ ခေါ်တယ်...
အဲလိုခေါင်းဆောင်ကောင်းကို မထောက်ခံရင် တို့ထောက်ခံစရာမရှိတော့ဘူး...
တို့ကို ကယ်မယ့်သူ မရှိတော့ဘူး...
ရေစုံမျှောပြီး...
သူ့အနေနဲ့က နိုင်ငံခေါင်းဆောင်ကောင်းပီပီ နှစ်ဖက်မျှမျှတတ သူလုပ်ပေးလိမ့်မယ်...
မယုံမရှိကြပာနဲ့နော် ....
အဲဒီစကားဟာ... အမေစုကုလားဘက်ပါတဲ့..စကားဟာ..
စစ်တပ်က၀ါဒဖြန့်တဲ့ စကားဖြစ်ပါတယ်...
`လုံးဝ' မယုံပါနဲ့လို့ ဆရာတော်ပြောချင်ပါတယ်...
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
(ဆရာတော် ဟောကြားချက်အတိုင်း အပိုအလိုမရှိ စာရိုက်ပေးခြင်းမျှသာ ဖြစ်ပါသည်)
ကဲ  . .ဒါ့ကြောင့် အပ္ပမာဒလက်လွတ်ပြီး ဖြစ်ချင်တိုင်းဖြစ် ချစ်ချင်တိုင်အချစ်
မှားခဲ့ကြတဲ့ ညီငယ်ညီမငယ်များအတွက် တစ်ဆင့်စကားလက်ဆင့်ပါးလိုက်ပါ
တယ်ကွယ်  .. ။
█ ░ အလင်းရှင် ░ █
မျိုးချစ်ကြီးတို့ . .
ချစ်တယ်ဆိုရင်လည်းအပ္ပမာဒလေးနဲ့တွဲချစ်နော် . .
ဘယ်အရာမှ အစွန်းမထွက်မိစေနဲ့ ၊ မဇ္ဈိမလေးတော့လက်ကိုင်ထား။
ဓမ္မကထိကဆရာတော်တွေထဲမှာ .. စစ်ခွေးကြံ့ဖွတ်ကို ဒဲ့အမှန်ပြောရဲတဲ့
မေတ္တာရှင်ဆရာတော်ပြောတာလေးလည်း နားစွင့်ကြဦး။
မေး။ ။အမေစုဟာ ကုလာဘက်ပါတယ်ဆိုတာ မှန်ပါသလားဘုရား...
ဖြေ။ ။ဒါအမေစုကို မေးရမှာပေါ့....
မပါပါဘူး..... ပရိတ်သတ်တို့ ...မပါပါဘူး...။
အမေစုဟာ တို့တတွေထက် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပါ ...အထင်မလွဲကြပါနဲ့...
အခုတို့တတွေကို စစ်တပ်က ပုဂ္ဂိုလ်တွေက..
အမေစုနဲ့ သံဃာတော်တွေကို တိုက်ပေးတာ အောင်မြင်သွားတယ်...
အမေစုကို မုန်းအောင်လုပ်လိုက်တယ်...သံဃာနဲ့ လှည့်တိုက်တယ်...
တကယ်တော့ဒီစစ်တပ်ကကောင်တွေပဲ ငါတို့ဘုန်းကြီးတွေကို သတ်နေတာ...
မွတ်စလင်ဆို အဲကောင်တွေ အသေကြောက်တာလေ...
စေတီတွေ၊သိမ်တွေသာဖျက်ရဲတာ . . .
ဗလီမဖျက်ရဲဘူး စစ်တပ်ကကောင်တွေ ဒီကောင်တွေပဲ...
အခုမှဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာမဲရချင်လို့...
အမေစုက ရိုးသားတယ်...ဖြောင့်မတ်တယ်...
သူမကြိုက်တာ မကြိုက်ဘူးလို့ပဲ ပြောတယ်..
မဲအဓိက မထားဘူး...အဲဒါခေါင်းဆောင်ကောင်းလို့ ခေါ်တယ်...
အဲလိုခေါင်းဆောင်ကောင်းကို မထောက်ခံရင် တို့ထောက်ခံစရာမရှိတော့ဘူး...
တို့ကို ကယ်မယ့်သူ မရှိတော့ဘူး...
ရေစုံမျှောပြီး...
သူ့အနေနဲ့က နိုင်ငံခေါင်းဆောင်ကောင်းပီပီ နှစ်ဖက်မျှမျှတတ သူလုပ်ပေးလိမ့်မယ်...
မယုံမရှိကြပာနဲ့နော် ....
အဲဒီစကားဟာ... အမေစုကုလားဘက်ပါတဲ့..စကားဟာ..
စစ်တပ်က၀ါဒဖြန့်တဲ့ စကားဖြစ်ပါတယ်...
`လုံးဝ' မယုံပါနဲ့လို့ ဆရာတော်ပြောချင်ပါတယ်...

(ဆရာတော် ဟောကြားချက်အတိုင်း အပိုအလိုမရှိ စာရိုက်ပေးခြင်းမျှသာ ဖြစ်ပါသည်)
ကဲ . .ဒါ့ကြောင့် အပ္ပမာဒလက်လွတ်ပြီး ဖြစ်ချင်တိုင်းဖြစ် ချစ်ချင်တိုင်အချစ်
မှားခဲ့ကြတဲ့ ညီငယ်ညီမငယ်များအတွက် တစ်ဆင့်စကားလက်ဆင့်ပါးလိုက်ပါ
တယ်ကွယ် .. ။
█ ░ အလင်းရှင် ░ █
 
ဝါဒမှိုင်းတို့မှ လွတ်စေချင်

Photo: ၀ါဒမှိုင်းတို့မှ လွတ်စေချင်
◄►✂•••× ✂•••× ◄►
ဘောင်းဘီဖင်ကျပ် ဆံပင်နီကြောင်ကြောင်ထောင်ထောင်ဒီဇိုင်းကောင်လေးနဲ့
ပေါင်လည်ရင်းရောက်အောင်တိုထိလိုမီတဲ့ဂျင်းပြာတိုတိုလေးဝတ်ကာရွှရင်ညှာ
ဗလာကျင်း နေမင်းနဲ့ရင်ဆိုင်ရဲတဲ့ ကောင်မလေးတို့ဟာ
အကြာင်းတစ်စုံတရာကြောင့် ချစ်သူရယ်လို့ဖြစ်လာကြရင် . . . 
သို့တည်းမဟုတ် ။
ထိုသူတစ်ယောက်နှင့် ဤသူတစ်ယောက်တို့ဟာ အကြောင်းတစ်စုံတရာ
ကြောင့် ဆရာတပြည့်ရယ်လို့ ဖြစ်လာကြရင် . . 
သို့တည်းမဟုတ် ။စသည်ဖြင့် စသည်ဖြင့်  .. ။
တွေးတိုင်း ရေးတိုင်း လွမ်းစရာတွေရယ်လို့တော့မဟုတ်ဘူးနော်  .. ။
ကိလေသာအပြာဝတ် ဘေင်းဘီကျွတ်ကျတဲ့အကြောင်းကလည်းကဗျာပဲတဲ့။
ဟင်း . .  ဟင်း  .. 
အိပ်မက်ထဲမှာတောင် . . 
တစ္ဆေခြောက်တက်တဲ့ညတွေဆိုတာရှိသေးရင်  .. ။
အေး  .. နိုင်ငံရေးမှာလည်း ဘီလူးတွေ တစ္ဆေသူရဲတွေ မိစ္ဆာတွေဆိုတာရှိ
တက်တယ်  .. ။ ဒါ့ကြောင့် မင်းတို့လေးတွေကို နိုင်ငံရေး ဘီလူးတစ္ဆေတွေ
လက်ထဲကလွတ်ပါစေ ကျွတ်ပါစေဆိုတဲ့ စေတနာလေးတစ်ခုတည်းနဲ့ အခုလို
ပြောဆို ဆုံးမမိတာပါ။ ဆရာဝတ် တပည့်ဝတ်တွေကိုတော့ ကျမ်းစာအုပ်ထဲမှာ
ပဲခဏလောက်ထားလိုက်ပါ။ အချို့ကလည်းမေးကြတယ် ရဟန်လား လူလား
တဲ့။ အေး အဲဒီ ရဟန်းကိစ္စလူ့ကိစ္စတွေလည်း မင်းတို့ဦနှောက်ထဲကခဏထုတ်
ထားပါ။  
ဒါလေးတော့ ထဲ့ထားလိုက်  . “ ၀ါဒမှိုင်း”   တဲ့။ အေး အဲဒါလေးကိုတော့အိပ်
ကပ်ထဲရော နှလုံးသားထဲရော ဦနှောက်ထဲရော ထဲ့ကိုထဲ့ထားလိုက်။
သခင်ကိုယ်တော်မှိုင်းကြီးက ကလိန်ကကျစ်ဂဠုန်ဦးစောရဲ့ နိုင်ငံရေးမဲကို
ဗုဒ္ဓဘာသာကိုအကြောင်းပြ မျိုးချစ်စိတ်ဓာတ်နဲ့ကုလားဖန်တရားကိုသိလေ
တော့ အခုလို ကဗျာလေးစပ်လိုက်တယ်။
☀“ ရဂုံစံ ချစ်စရာတပည့်တို့ကို ၊ ☀
☀ဥုံ အရဟံ သစ္စာဂတိတွေနဲ့၊ ☀
☀ဂဠုန်သရဏံဂစ္ဆာမိကြပါတော့ ” တဲ့။ ☀
ဂဠုန်ဦးစောက သူ့ကိုမဲ့ထည့်ရင် ဗုဒ္ဓသာသနာတော်ကြီးကိုနေလိုလလိုထွန်း
ကားရစေမယ်။ သူ့သာလျှင် မျိုးချစ်ဗုဒ္ဓဘာသာ။ အခြားသူများကတော့မျိုးယုတ်
ဗုဒ္ဓဘာသာဆိုပြီး မဲရဖို့အတွက် ကျေးလက်ဒေသခံပြည်သူတွေကို ဗုဒ္ဓ၀ါဒကို
နိုင်ငံရေးမှာအသုံးချနေတာကိုသိတဲ့ ဆရာရကြီးသခင်ကိုယ်တော်မှိုင်းကအခု
လိုစပ်ဆိုလိုက်တာပါ။ 
“ဂဠုန်သရဏံဂစ္ဆာမိကြပါတော့”အေး  . . အေး  . .အခုလည်း
ဂဠုန်ဦးစောအကြံနဲ့ ကြံ့ဖွတ်စစ်ခွေးတွေက ပြည်သူအသဲကြားကမဲတစ်ပြား
ရဖို့ “ မျိုးချစ်ဝါဒအမျိုးသားရေးဝါဒ” ကြီးကိုဟန်ဆောင်ထူထောင်နေတယ်။
ဟုတ်မဟုတ် သက်သေထုတ်ရရင်  . .. . 
(၁) စက်တင်ဘာမှာသံဃာတော်များအား သေနပ်များဖြစ်ပစ်သတ်ခြင်း
(၂) မသေတဲ့သံဃာတော်များကို မာတုဂါမများဖြင့် မတရားသမုတ်ခြင်း
(၃) သတ်လို့မရတဲ့အခါ ထောင်ချခြင်း
(၄) မီးလောင်ဗုံးဖြင့်ပစ်သတ်ခြင်း
(၅)ရှေးဟောင်းသမိုင်းဝင်စေတီတွေကိုဖြို၍ မွတ်ဆလင်ဗလီများအားမဖြိုခြင်း
(၆) (မဘသ) (၉၆၉) စသည့်အဖွဲ့များဖြင့်မဲလိမ်ရန်ဂွင်ဆင်ခြင်း
စသည့် စသည့်အချက်များသည်ကား  . .. 
ဂဠုန်ဦးစောလမ်းစဉ်သာဖြစ်ကြောင်းအသိပေးလိုက်ပါသည်။ 
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊ စမ်းချောင်းမြို့နယ်
ရှမ်းလမ်း။ ရန်ကုန်တိုင်းဒေသကြီး။

“ ရဂုံစံ ချစ်စရာတပည့်တို့ကို ၊
ဥုံ အရဟံ သစ္စာဂတိတွေနဲ့၊
ဂဠုန်သရဏံဂစ္ဆာမိကြပါတော့ ” တဲ့။

ဒေါ်စုကို အမေစုလို့ခေါ်ကာ ထောမနာပြုတဲ့ဘုန်းကြီး

မေတ္တာရှင် ဆရာတော်က တို့နဲ့တော့မသိကျွမ်းဘူးသို့သော် တို့ဆရာတော်ကြီးနဲ့
တရားဟောဖေါ်ဟောဖက်ပါ။ တို့ဆရာတော်ထက်တော့ သက်တော်ငယ်
ပါတယ်။ ပြောလိုတာကတော့ .. . သူဓမ္မကထိကလုပ်နေတဲ့ သက်တမ်းတစ်
လျှောက် အခုရေးဆဲအထိပေါ့လေ ။ နာမည်ပျက်မရှိခဲ့ဘူး။ ဘုန်းကြီးလောကမှာ
နာမည်ပျက်ရှိတယ်မရှိဘူးဆိုတာ တို့ဘုန်းကြီးချင်းပဲပိုသိတာပါ။ ဒါ့ကြောင့် တို့
လက်လှမ်းမီသလောက်ပြောရရင် မေတ္တာရှင်ဆရာတော်ဟာ ဓမ္မကထိကလော
ကမှာ ရှင်းပါတယ်။
ဒါ့ကြောင့် ထိုင်းနိုင်ငံ စူရတ်ဌာနီတရားပွဲမှ သူဖြေတဲ့စကားကို တို့ကြေနပ်စွာ
လက်ခံပါတယ်။ သူအနေနဲ့ အခုလိုသတ္တိရှိရှိပြောရဲတာကိုပဲ တို့ဦးညွတ်လေးစား
ပါတယ်။ ယင်းထိုင်းငံ စူရတ်ဌာနီတရားပွဲမှာ အခုလိုအောက်ပါအတိုင်းရဲဝံ့စွာ
ဖြေကြားခဲ့ပါတယ်။ ရဲဝံ့စွာလို့ဘာလို့ပြောလည်းဆိုတော့ စစ်ခွေးတွေ ပြတ်
ပြတ်သားသား (ဒီကောင်တွေဟာသိမ်ဖျက်စေတီဖျက်)လို့ပြောရဲလိုပါပဲ။

မေး။ ။ပရိတ်သတ်=အမေစုဟာ ကုလာဘက်ပါတယ်ဆိုတာ
မှန်ပါသလားဘုရား...

ဖြေ။ ။မေတ္တာရှင်ဆရာတာ်=ဒါအမေစုကို မေးရမှာပေါ့....မပါပါဘူး.....
ပရိတ်သတ်တို့ ...မပါပါဘူး...။အမေစုဟာ တို့တတွေထက် အမြင်ကျယ်တဲ့
ပုဂ္ဂိုလ်ပါ ...အထင်မလွဲကြပါနဲ့...အခုတို့တတွေကို စစ်တပ်က ပုဂ္ဂိုလ်တွေက..
အမေစုနဲ့ သံဃာတော်တွေကို တိုက်ပေးတာ အောင်မြင်သွားတယ်...
အမေစုကို မုန်းအောင်လုပ်လိုက်တယ်...သံဃာနဲ့ လှည့်တိုက်တယ်...
တကယ်တော့ဒီစစ်တပ်ကကောင်တွေပဲ ငါတို့ဘုန်းကြီးတွေကို သတ်နေတာ...
မွတ်စလင်ဆို အဲကောင်တွေ အသေကြောက်တာလေ...
စေတီတွေ၊သိမ်တွေသာဖျက်ရဲတာဗလီမဖျက်ရဲဘူး စစ်တပ်ကကောင်တွေ ဒီကောင်တွေပဲ...အခုမှဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာ
မဲရချင်လို့...အမေစုက ရိုးသားတယ်...ဖြောင့်မတ်တယ်...သူမကြိုက်တာ
မကြိုက်ဘူးလို့ပဲ ပြောတယ်..မဲအဓိကမထားဘူး...အဲဒါခေါင်းဆောင်ကောင်းလို့
ခေါ်တယ်...အဲလိုခေါင်းဆောင်ကောင်းကို မထောက်ခံရင် တို့ထောက်ခံစ
ရာမရှိတော့ဘူး...တို့ကို ကယ်မယ့်သူ မရှိတော့ဘူး...ရေစုံမျှောပြီး...
သူ့အနေနဲ့က နိုင်ငံခေါင်းဆောင်ကောင်းပီပီ နှစ်ဖက်မျှမျှတတ သူလုပ်ပေးလိမ့်မယ်...
မယုံမရှိကြပာနဲ့နော် ....အဲဒီစကားဟာ... အမေစုကုလားဘက်ပါတဲ့..စကားဟာ..
စစ်တပ်က၀ါဒဖြန့်တဲ့ စကားဖြစ်ပါတယ်...`လုံးဝ' မယုံပါနဲ့လို့ ဆရာတော်ပြောချင်ပါတယ်...
________________________________
(ဆရာတော် ဟောကြားချက်အတိုင်း အပိုအလိုမရှိ စာရိုက်ပေးခြင်းမျှသာ ဖြစ်ပါသည်)

နဲနဲချဲ့ပြမယ်။
ဒီကနေ့မြန်မာနိုင်ငံမှာ ဘယ်ဘုန်းကြီးဘယ်လူဖြစ်ဖြစ် ကြံ့ဖွတ်စစ်
ခွေးကိုသာ ထောက်ခံတယ်လို့ ပလ္လင်ပေါ်ကနေပြောကြည့်။ အဲဒီဘုန်းကြီးကို
ကမ္ဘာအေးကနေပြီး (အဂ္ဂတွေ .. မဟတ်တ)ဆိုတဲ့ဘွဲ့တံဆိပ်တွေတစ်သီကြီး
ရသွားပါလိမ့်မယ်။ ဒေါ်စုကိုထောက်ခံတယ်လို့ပြောရင်တော့ . .ရဖို့နေနေ
သာသာ ပလ္လင်ဆင်းတာနဲ့ အင်းစိန်ကိုအရောက်ပို့ပါလိမ့်မယ်။
အဲဒီလို အကျပ်အတည်းတွေကြားထဲကနေ ဒေါ်စုဟာ မှန်ကန်ပါတယ်လို့ပြောရဲ
တဲ့ ၊ ပြောဝံ့တဲ့ ၊ ပြောလိုက်တဲ့ .. မေတ္တာရှင်ရွှေပြည်သာကို အတိဒုက္ခအသွယ်
သွယ်ရောက်နေကြသော သန်းပေါင်းများစွာသောပြည်သူလူထုကြီးနှင့် (စစ်ခွေးကြံ့ဖွတ်တို့ရဲ့ဝါဒမှိုင်းမီ၍ ) မျက်စေ့ကလည် နားကလည်ဖြစ်နေသော
ရဟန်သံဃာအချို့ရဲ့ကိုယ်စား အထူးပင်ကျေးဇူးဥပကာရတင်ရှိပါကြောင်း
ရိုသေလေးစားစွာလျှောက်ထားလိုက်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊ စမ်းချောင်းမြို့နယ်
ရှမ်းလမ်း။ ရန်ကုန်တိုင်းဒေသကြီး။
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget