.

AlinShin

Saturday, June 14, 2014

လန်ဒန်သင်္ကြန်သိန်းစိန်နှင့်(အကစ)ဦးဥတ္တရ

Photo: လန်ဒန်သင်္ကြန်သိန်းစိန်နှင့်(အကစ)ဦးဥတ္တရ
✩ ✩ ✩ ✩ ✩ ✩ ✩ ✩✩ ✩ ✩ ✩ ✩✩ ✩ ✩ ✩
အခုသတင်းမီဒီယာတွေမှာပါနေတဲ့ သန္တိသုကျောင်းနဲ့ပတ်သက်ပြီးလူဝတ်
လဲအဖမ်းခံထားရတဲ့ ဦးဥတ္တရဆိုတာ အခြားသူမဟုတ်ပါဘူး။ သိန်းစိန်
ပြောင်ကြီးကို “ လန်ဒန်သင်္ကြန်ဘွဲ့” ဆိုပြီးချီးမြှောက်ခဲ့ဖူးတတဲ့သံဃာတော်
တစ်ပါးပါ။ 
(အဲဒီတုန်းက အလင်းရှင် ထိုဦးဥတ္တရအား ပျက်ရယ်ပြုဖူးပါတယ်။)
အဲ အခုတော့ သိန်းစိန်ကြီးက ဦးဥတ္တရကို (အကစ)ဘွဲ့အပ်နှင်းလိုက်ခြင်း
သာဖြစ်တယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။
အညမညပစ္စယောဆိုတဲ့အတိုင်း အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်
ချစ်ကြည်ရင်းနှီးမှုကိုပြဆိုလိုက်တာပါ။ စကားလေးချဲ့ပြရရင် ၊ ဦးဥတ္တရ
သည် အင်္ဂလန်နိုင်ငံမှာသီတင်းသုန်းတော်မူနေချိန် ၊ သိန်စိန်ပြောင်ကြီးရဲ့
လုပ်ရပ်ကို ချီးကျူးထောမနာပြုသောအားဖြင့် မြန်မာလူမျိုးများလန်ဒန်တွင်
ကျင်းပတဲ့ သင်္ကြန်အခန်းအနားမှာ သိန်းစိန်ပြောင်ကြီးကို ယင်းဦးဥတ္တရမှ
ကြီးမှူးပြီး “ လန်ဒန်သင်္ကြန်” ဘွဲ့ပေးခဲ့ပါတယ်။
အဲ  .  အခုအခါမှာ ယင်းဦးဥတ္တရမြန်မာပြည်ကိုပြန်လည်ရောက်ရှိလာချိန်
မှာတော့ သိန်းစိန်ပြောင်ကြီးက “ ကတညုတကတဝေဒီ” ဆိုတဲ့အတိုင်း
မိမိအပေါ်လန်ဒန်သင်္ကြန်ဘွဲ့ကိုပေးခဲ့သော ဆရာတော်ဦးဥတ္တရအား 
မြန်မာနိုင်ငံရဲ့အမြင့်မားဆုံးဆုတံဆိပ်ဖြစ်တဲ့ “ အကစ” ဘွဲ့ကြီးအား
၂၉၅ ပုဒ်မကပ်၍ ဆပ်ကပ်ပေးလှူခြင်းသာဖြစ်သည်ဟု အလင်းရှင်သုံး
သပ်မိပါကြောင်း  .. . . . . ။ 
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget