.

AlinShin

Wednesday, June 18, 2014

အမှာစာရဲ့မူလဇာတိ

Photo: အမှာစာရဲ့မူလဇာတိ

ဒကာလေးတစ်ယောက်က ချက်ဘောက်ကနှုတ်ဆက်စကားပြောရင်း
(အရှင်ဘုရားရေးသားသောဆောင်းပါးများဟာ အမှားစာလေးများကပင်
ဖတ်၍ကောင်းနေပါတယ်၊နောက်များအချိန်ရလျှင် အမှားစာလေးများပါ
ရေးတင်ပေးပါဘုရား) ဦးတင်ပါသည်  . .. တဲ့။
ဟုတ်ပါတယ် ဒကာလေးရေ  .. . 
အမှာစာဆိုတာ ထိုစာမူရဲ့အနှစ်လိုရင်းကိုကြော်ငြာဝင်တာပါ။ တနည်းပြော
ရရင် ခံစားမှုပုံစံအသစ်ပေါ့။ ဒါ့ကြောင့် စာအုပ်များကို ထုတ်ဝေတိုင်းအဲဒီ
စာအုပ်တွေမှာ (ပ -အမှာစာ ) (ဒု -အမှာစာ)ဆိုပြီး ရိုက်နှိပ်လေ့ရှိတယ်လေ။
ပထမအကြိမ်ထုတ်ဝေစဉ်က စာရေးသူရဲ့ရင်ထဲကခံစားမှုနဲ့ ဒုတိယအကြိမ်
ထုတ်ဝေစဉ်က ခံစားမှုကတစ်မျိုး၊ဒါကို ပြန်လည်ခံစားပြရာကနေ  .. 
စာရေးသူရဲ့အမှာစာ ဆိုတာဖြစ်လာတာပါပဲ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

2015 အတွက်၊ကမ္ဘာကြီးပါ သီလစောင့်ဖို့လိုတယ် . . .။

အမှာစကား . . .
ဒီဆောင်းပါးဟာ နိုင်ငံရေးကိုဝေဖန်ဓိကပြုထားတဲ့ဆောင်းပါမဟုတ်ပါ
ဘူး။ နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်က အာဏာရှင်များရဲ့နောက်ဆုံး
နေ၀င်ချိန်ခရိးမှာ သံဝေဃရသွားကြတဲ့သဘောလေးတွေကိုဖေါ်ပြထား
တာပါ။ ၊ အားလုံး အလင်းမှန်လေးတွေရစေချင်လို့ ကြိုးစားတင်ဆက်လိုက်
တာပါ။ ဖေ့ဘွတ်ပေါ်မှာစာရေးရတာ ၊ ငွေထက် အချိန်တွေပါပေးဆပ်
လိုက်ရတာပါ။ ဆောင်းပါးတိုင်းအပေါ်စာရေးသူမည်မျှပင်ပန်းသည်ဟု
ဝန်ခံနေစရာမလိုပါ။စာရေးသူရေးသားသောဆောင်းပါးနှင့်လိုက်ဖက်
ဆီလျှော်မည့် ဓာတ်ပုံများကို ဖန်တီးရသည်ပင် ခက်ခဲလှပါသည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဓမ္မကိုချစ်၍ ဓမ္မကိုပူဇော်ခွင့်ရခြင်းကြောင့်
ပင်ပန်းသည်ဆိုတာထက်ကိုယ့်ဆေင်းပါးလေးကိုတင်လိုက်၇၍ ကြည်နူး
လိုက်ရသော ပသန္နစိတ်ကလေးနှင့်ပင် အသက်ရှည်စေခဲ့ပါသည်။
ကျေးဇူးတင်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
2015 အတွက်၊ကမ္ဘာကြီးပါ သီလစောင့်ဖို့လိုတယ် . . .။
Photo: အမှာစကား  . . .

☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥
ဆင်းရဲလေလေ  .. သံဝေဂရလေလေ . . 
အထက်ပါစကားရပ်ကို ဤအရှင်အနေဖြင့် ငယ်ကတည်းကမာတာမိခင်
ရွတ်ရွတ်နေ၍ နားယဉ်ခဲ့ပါသည်။အခုလည်း နေ့စဉ်ဆိုသလို facebook 
စာမျက်နှာပေါ်မှ သံဝေဃဖြစ်ဖွယ်ရာများကို ဖတ်ရှု့ရ၍ ဘ၀ကိုခေါင်း
ညိတ်တက်မိပါသည်။ မိမိရေးတင်နေသော  ဆောင်းပါး၊ ကဗျာ၊စသည်
များဟာလည်း ယင်းသံဝေဃသို့သာရည်ညွှန်းလိုပါသည်။ သို့သော်လည်း
နိုင်ငံရေးရုပ်ရှင်ပိတ်ကားထက်တွင် စစ်ခွေးအရေခွံကျွတ်တိုက်ပုံဝတ်တွေ
ရဲ့ သန်းခြောက်ဆယ်ကိုမဟာဒုက္ခထဲသွပ်သွင်းရေးအစီအမံများကိုသိရ၍
တန်ပြန်ဆောင်းပါးများကိုရေးမိပါသည်။ 
ထိုသို့ရေးနေရသော်လည်း ဤအရှင်ရင်ထဲတွင်မူ ရတနာသုံးပါး၏ဂုဏ်
သတ္တိကို မမေ့လျှော့ခဲ့ပါ။ ယင်းဂုဏ်ဟိတ်တို့၏ “ပဿန္န” တရားဖြင့်ပင်
ယခုကဲ့သို့ ဆောင်းပါးကဗျာဝတ္ထုတိုများကို အင်တိုက်အားတိုက်ရေးနိုင်ခဲ့
ခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ 
ယခုလို ဤအရှင်ကဲ့သို့ ငယ်ရွယ်နုပျိုစဉ်ကပင် ဘုရား၊တရား၊သံဃာ၊ ရ-
တနာမြတ်သုံးပါးအား လူအပေါင်းကိုကြည်ညိုတက်စေချင်ပါသည်။ ဘာ့
ကြောင့် ဒီစကားကိုပြောရသလည်းဆိုရင် ၊ လူတိုင်းလူတိုင်း သေဘေး
ဒုက္ခကို မလွဲမသွေတွေ့ကြုံရမည်ဖြစ်သည်ကိုဤဆောင်းပါးတွင်အထူးတ
လယ်ဖေါ်ပြရန်မလိုပေ၊ facebook စာမျက်နှာတွင်ပင် နိစ္စဓူဝနည်းမျိုးစုံ
ဖြင့်လူ့လောကအသိုင်းအ၀ိုင်းကို စွန့်ပယ်ခဲ့ကြရသောသူများမှာ လက်ချိုး
၍ပင်မရသာ။
ယင်းသေးဘေးဒုက္ခကို ရင်ဆိုင်ရသူတိုင်းစိတ်ထဲတွင် ဘယ်သို့ရှိမည်ဟု
ဤအရှင်ရေးသားခြင်းထက်စာဖတ်သူကိုယ်တိုင် တခဏမျှ ပြန်ပြောင်း
ခံစားကြည့်ကြည့်ပါ။ အလေ့အထမရှိ၍ မခံစားနိုင်လျှင် “ သေဒါဏ်ပေး
ခံရသူ ကြိုးမိန့်စီရင်ချက်ချမှတ်ခံရသူ” များရဲ့နောက်ဆုံး စာတမ်းများကို
ရှာဖွေဖတ်ရှု့ကြည့်ပါ။ 
ထိုအခါ  .. . လူ့ဘ၀ဟူသည် အားကိုးရာကင်းမဲ့သောအခြေအနေတစ်ခု
အဖြစ်နားလည်မိမည်  .. မိမိတို့ ပြုလုပ်လာခဲ့သောAction  မှန်သမျှသည်
အနှစ်သာရကင်းမဲ့သောအဖြစ်ကို သိနားလည်လာလိမ့်မည်  . . လူသည်
သေးငယ်သော အနတ္တသားကောင်ထက်မပိုတဲ့သူအဖြစ် မြင်လိမ့်မည် . ။
ကဲ  ..  ဒီစာလေးကိုဆက်ဖတ်ကြည့်ပါဦး  ..  ။ ရေးသားခဲ့သူသည် သူ
ကြိုးဒါဏ်မခံရမီ တစ်ရက်အလိုက သူ့သမီးထံသို့ ရေးခဲ့သော စာလေး
ပင်ဖြစ်ပါသည်။ 
 “ ချစ်သမီးသို့ ” 
ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ 
သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အ-
သက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍မြတ်
စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် 
အဖေမျိုး၊ အမေ မျိုးတို့သည်စိတ်အလွန်ထက်ကြ
သည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံ-
သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာ
က တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။လက်စား
ပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြ
သည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က
ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေးဖြစ်
တော့၏။အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦး
မည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး
ကို အမြဲဆည်းကပ်ရမည်။
လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာအ
လွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ
၏။အလွန်အဖိုးတန်သည့် မြတ်စွာဘုရားသာသနာတော်ကြီးနှင့်ကြုံကြိုက်
လျက်ရှိ၏။ မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို
နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ 
ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများ
သော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့
ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား
သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်
ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။သမီးသည် ဆရာတော်၊သံဃာ
တော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊
သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- 
ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း”
◄►လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး◄►
“မောင်စော”
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ကဲ  ..  စာဖတ်သူ ၊ ဘယ်လောက်များသံဝေဃဖြစ်ဖွယ်ရာကောင်းသလဲ?
ဦးစောသည် ကြီးစွာသောသံဝေဃကိုရ၍ သမီးဖြစ်သူအား ဗုဒ္ဓ၊ဓမ္မ၊သံဃ၊
လမ်းစဉ်ကိုချပေးခဲ့သည်ကိုယင်းစာကသက်သေခံနေသည်။ ယင်းစာတွင်
ဗုဒ္ဓဘာသာ၏ အနှစ်သာရရှိပုံကိုညွှန်းဆိုထားသည်။ တန်ဘိုးမဖြတ်နိုင်
သော အမွေအဖြစ်တင်စားထားသည်။ ဒါ့အပြင် ထို ဗုဒ္ဓဘာသာအား စွမ်း
နိုင်သည်ထက် လွန်၍ ရဟန်းသံဃာများအား ပြုစုလုပ်ကျွေးရန်တိုက် -
တွန်းထားသည်။ ဘ၀တွင် ဒါန၊သီလ၊၀ိပဿနာသည်သာ ပဓာနကြ
ကြောင်း သမီးဖြစ်သူကို ဆုံးမထားသည်။ ပါဏာတိပါတာရဲ့ ဆိုးဒါဏ်ဆိုး
ကျိုးကိုမိမိကိုယ်တိုင်ဒိဋ္ဌဓမ္မမြင်တွေ့ရသောကြောင့် သမီးဖြစ်သူအားယင်း
သီလကို အသက်ထက်ဆုံးမကျိုးမပေါက်ရန် ဆုံးမထားသည်။ 
ကဲ . .  ဒါ့ကြောင့် ဤအရှင်တို့နှင့် စာဖတ်သူတို့သည် သေဘေးဆိုးကြီးမ
ကြုံခင် အခုလို ဓမ္မသဘောသိကြရသည်မှာ အလွန်ပင်ကံကြီးပေ၏ ၊ ကံ
ထူးပေ၏ ၊ စစ်ခွေးဆိုးကြီးတို့ အဓမ္မပိုင်ဆိုင်ထားကြသော သန်းပေါင်း
မီလျံထက်ပင် အဖိုးတန်လှပါ၏ ။ 
ရွှေတောင် ၊ ငွေတောင် ၊ ဒေါ်လာဘီလျံနာတို့သည် limitation များစွာရှိ
သည်။ အိုနာသေဓမ္မသံဝေဃတို့သည်ကား limitless ကန့်သတ်ချက်လုံး
ဝမရှိပါဘူး။ဤမြတ်ဓမ္မဒုက္ခသစ္စာ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ
တို့၏ တန်ဘိုးသည်ကား မရေတွက်မရတုမဲ့လှပါသည်။ 
ထို့ကြောင့် မိမိတို့၏သတ်တည်သမျှ  ပါဏာတိပါတာအစရှိသောသီလတ
ရားများကို အတက်နိုင်ဆုံးစောင့်ထိမ်းသင့်သည်။ ရှောင်ကျဉ်ခြင်းသည်
လောကအတွက် ငြိမ်းအေးစေသလို မိမိအနာဂတ်အတွက်လည်း အေး
ငြိမ်းစေတော့သည်။
“ ရန်အောင်ခြင်းထက် ၊ ရန်မရှိသည်သာ”
►မောင်ဇရာ◄
စကားလေးအတိုင်း လူသားသည် ရန်အောင်ရန်မလို ရန်မရှိရန်သာလို
သည်။ ရန်မရှိခြင်းသည် ရန်အောင်ခြင်းထက်သာလွန်သော သုခရသ
ကိုရပေသည်။ ရန်မရှိဖို့အတွက် မိမိ၌ ရန်မထားဖို့လိုသည် ၊ မိမိမှာရန်
မထားလျှင် ရန်အောင်ရန်မလိုတော့။
ထိုသဘောအတိုင်းပင်လျှင် မိမိသီလကိုစောင့်ခြင်းဖြင့် မိမိလော့ကနှင့်
လောကအပြင်ဘက်သည် အလိုလို ငြိမ်းအေးနေတော့သည်။ 
မြန်မာပြည်သည် နှစ်ပေါင်း ရာချီ၍ အတိဒုက္ခရောက်ခဲ့ကြသည်။ ဒီအ
ဖြစ်ဆိုးဟာ မြန်မာပြည်တွင်ခေါင်းဆောင်ခဲ့သောသူတို့ “ မိမိသီလကို
မိမိချိုးဖေါက်ခဲ့ကြသောကြောင့်” ဖြစ်သည်။ 
ပစ္စုပ္ပန်သာဓကဆောင်ရခြေသော်  .. . . 
ဦးသန်းရွှေသည် စစ်ဗိုလ်ချုပ်ဘ၀ဖြင့် မိမိသီလကိုမစောင့်စည်းခဲ့သော
ကြောင့်  .. . 
(၁) စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး
(၂) ရခိုင်တွင်ဘင်္ဂါလီများဝင်ရောက်သတ်ဖြတ်ခြင်း
(၃) လယ်တီသိမ်၊စေတီစသောရှေးဟောင်းသာသနိကများဖျက်ဆီးခြင်း
(၄) ပြည်သူများ ထမင်းငတ်ခြင်း၊ စစ်ဘေးဒါဏ်ကြောင့်အတိဒုက္ခရောက်။
စသည့် စသည့် ဘေးထွက်ဆိုးကျိုး အတိဒုက္ခအမျိုးမျိုးတို့သည် နေ့စဉ်
တိုးပွားနေခဲ့ပါသည်။
အခုရက်ပိုင်းတွင်းမှာပဲ မဟာသန္တိသုခကျောင်းကို ဥပဒေမဲ့ညအချိန်ဝင်စီး
တာဟာ မျက်မြင်ကိုယ်တွေ့ပဲ။ အကယ်၍ ယင်းသံဃာတို့သည် ဥပဒေ
ကိုချိုးဖေါက်လျှင် ဥပဒေအတိုင်းစီမံသင့်သော်လည်း ဘုန်းကြီးကျောင်း
အား သူပုန်စခန်းတစ်ခုလိုဝင်စီးနေတာဟာ စစ်အာဏာရှင်တစ်လျှောက်
လုံးပါ။ ဤအရှင်ကိုယ်တိုင်လည်း ကိုယ်တွေ့ခံစားခဲ့ရပြီးပါပြီ။
ဒါမျိုးဖြစ်စဉ်တွေဟာ အခုမှမဟုတ်ပါဘူး။ ဦးဥတ္တရလို ကမ္ဘာသိဘုန်းကြီး
မို့ ဒီကနေ့ ကမ္ဘာကသိသွားတာပါ။ မြန်မာနိုင်ငံအ၀ှမ်း ဟိုးအရင်ကတည်း
ကဒီလိုမျိုးစစ်ဆင်ရေးတွေ အများကြီးပါ။ မှတ်မှတ်ရရပြောရရင် ၂၀၁၃
ကပဲ ရှမ်းပြည်တောင်ကြီးမှာလည်း ဦးဥတ္တရတို့လို ကျောင်းပိုင်ဆိုင်မှုကိစ္စ
နဲ့ပဲ ဘုန်းကြီးတွေကိုသင်္ကန်းချွတ်ထောင်ချလိုက်သေးတာပါပဲ။
ဒါဟာ ခေါင်းဆောင်ပိုင်းတွေရဲ့ သီလချို့ယွင်းမှုကြောင့်ပါပဲ။ သီလသည်
မဆောက်တည်သူကိုလည်း ဆိုးကျိုးပေးစေသကဲ့သို့ ယင်းရဲ့အနီးအပါး
ပတ်ဝန်းကျင်ကိုလည်းပဲ အတိဒုက္ခဆိုးကျိုးများဖြစ်စေပါတယ်။
အကုသိုလ်သမားသည် ပူလောင်သည်၊ ယင်းကိုမှီ၍ မိမိတို့တွင်လည်း
အပူဓာတ်ကိုကူးစက်စေသည်။တောရိပ်တောင်ရိပ်ဘုရားကျောင်းကန်
ရိပ်တို့သည် ထိုအရိပ်ကိုခိုနားမိသူအား အအေးဓာတ်ကိုရစေသည်။
ထို့ကြောင့်မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မည်သည့်ဘာသာကိုပဲ
ကိုးကွယ်ပါစေ အဓိကသည် ပါဏာတိပါတာအစရှိသော အကုသိုလ်
အကြောင်းတရားကိုရှောင်ကျဉ်နိုင်ရန်သာလိုအပ်ပါသည်။ သူ့အသက်
ကိုသတ်ခြင်းဖြင့် ကုသိုလ်ရသည်ဟူသော အယူအဆသည် ဘုရားစစ်
ဘုရားမှန်တို့၏ ၀ါဒမဟုတ်ကြောင်းမှာခိုင်လုံပါသည်။ သူသတ်သမား
သည် အေးမြသောသူမဖြစ်နိုင်ခြေ။ထို့ကြောင့် ဘာသာတရားထက် 
ကိုယ်ကျင့်သီလသည်ပဓာနကျသည်၊ ယင်းကိုယ်ကျင့်သီလကို မှန်၏
မှား၏ဟူသော ဆုံးဖြတ်နိုင်သော ၀ိဘဇ္ဇဉာဏ်သည်လည်း လိုအပ်သည်
နွားကိုလည်လှီးခြင်းဖြင့် ကုသိုလ်တရားရသည်ဆိုသော အယူအဆကို
လွဲမှားသည်ဟု ဆုံးဖြတ်နိုင်သော ဉာဏ်သည် သာမညဉာဏ်မျိုးမဟုတ်
ပေ။ မိမိ၏အသက်ကို မိမိနှမြောသကဲ့သို့ သူတစ်ပါးတို့သည်လည်းနှမြော
ကြပေလိမ့်မည်။ မိမိ၏အမိကိုမိမိချစ်သကဲ့သို့ သူတစ်ပါးတို့သည်လည်း
သူတစ်ပါးတို့၏အမိကိုချစ်ပေလိမ့်မည်။ ယင်းကိုယ်ချင်းစာတရားသည်
ဘာသာတရားအဆုံးအမတွင်ပါဝင်သော်လည်း နှလုံးသွင်းဆင်ခြင်ကျင့်
သုံးနိုင်ဖို့ရန် ခက်ခဲ့သည်။ ထို့ကြောင့်ပဲ မြန်မာနိုင်သည် အင်္ဂလိပ်လက်
ထက်မှစ၍ ယခုတိုင်အောင် ပြည်သူပိုင်တို့သည် တစ်ဦးတစ်ယောက်
ပို်င်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ 
ဒါ့ကြောင့် သေအံ့ဆဲဆဲအချိန်ကာလရောက်မှ အကုသိုလ်တရားတွေကို
မပြုလုပ်သင့်ကြောင်းသိခြင်း၊ရှောင်ကျဉ်ခြင်းထက်  .. ။
အခုလိုငယ်ရွယ်စဉ်ကပင်လျှင် ပါဏာတိပါတာအစရှိသော သီလတရား
များကိုစောင့်ထိန်းနိုင်ကြပါစေကြောင်း  .. . . ။
█ ░ အလင်းရှင် ░ █

“နေ” တစ်ဆူ ၊ “လ”တစ်ပါး

နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့် ..
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း .. ။
“နေ” တစ်ဆူ ၊ “လ”တစ်ပါး
Photo: နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့်   .. 
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း  .. ။
 “နေ” တစ်ဆူ ၊ “လ”တစ်ပါး
☤✩☤✩☤✩☤✩☤✩☤
ဗုဒ္ဓဘာသာသမိုင်းမှာ ဘယ်တော့မှမပျောက်ပျက်နိုင်တဲ့ ထေရ်သံဃာများ
ဟာ ခေတ်အဆက်ဆက်ပေါ်ထွက်လာခဲ့ပါတယ်၊နောက်လည်းပေါ်ထွက်
နေဦးမှာပါ။ အဲဒီအထဲကမှ “ နေတစ်ဆူ” ကတော့ လယ်တီဆရာတော်
ဘုရားကြီးပေါ့။ သိတယ်နော်၊ ဟိုးတစ်လောဆီက စစ်ခွေးတွေ ဖြိုဖျက်
ပစ်ခြင်းကိုခံခဲ့ရတဲ့ လယ်တီသိမ်နဲ့ စေတီတော်ဆိုတာပေါ့။ ထိုကျေးဇူးရှင်
လယ်တီဆရာတော်ဘုရားကြီးရဲ့ခေတ်သစ်“ဒီပနီ” ကျမ်းတွေကို အာဏာ
ရူးများ သေခါနီးမှာ အမြဲဖတ်လေ့ရှိပါတယ်။ အဲဒီလောက်ကိုသမိုင်းတွင်
ခေတ်မီနေတဲ့ လယ်တီဒီပနီကျမ်းများဟာကျောက်ထက်အက္ခရာအဖြစ်
သို့တိုင်အောင် ရောက်ခဲ့ပါတယ်။
ဘ၀အတွက်နေ၀င်လုဆဲဆဲများဟာ လက္ခဏာရေးသုံးပါးတင်ပြီး “ဒီပနီ”
ကျမ်းများကိုဖတ်ရှု့မယ်ဆိုပါက “ဘုရားတစ်ဆူကိုယ့်ရှေ့တွင်လာရောက်
ဟောကြားနေသကဲ့သို့” အဓိပ္ပါယ်အနှစ်သာရကိုသိရှိနားလည်ခွင့်ရပါ
တယ်။ 
အာဏာရှင်နေ၀င်းသည် နောက်ဆုံအချိန် လယ်တီဒီပနီကျမ်းများကိုဖတ်
သွားပြီး “လယ်တီဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးကို”တမ်းတအော
က်မေ့မိခဲ့သည်။ ဂဠုန်ဦးစောသည်လည်း ကြိုးမိန့်မချမီ “ လယ်တီဒီပနီ
ကျမ်းများဖြင့် အချိန်ကုန်ခဲ့ရသည်” ဤမျှလောက် နေတစ်ဆူကဲ့သို့ ဂုဏ်
ကျေးဇူးရှိလှသောလယ်တီဆရာတော်ဘုရားကြီး၏ စေတီတော်နှင့်သိမ်
တော်မြတ်တို့သည် မြန်မာ့မြေပေါ်မှ ကွယ်ပချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်စံဝင်ရန်
(မဟန)ဥက္ကဌခေါ်ဗန်းမော်ဆရာတော်က သိမ်နှုတ်သြ၀ါဒပေးခဲ့သည်။
စစ်ခွေးတို့က ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးပစ်ခဲ့သည်။ 
အို  ..  နေမင်းသည် ကွယ်ပခဲ့ရပါတော့သည်တကား  .. .  ။
ထိုရှင်နေမင်းတည်းဟူသော လယ်တီဆရာတော်ဘုရားကြီးတွင် လတစ်
စင်းကဲ့သို့ အဖိုးမဖြတ်နိုင်သော တပည့်တစ်ပါးပေါ်ထွက်ခဲ့ဖူးသည် ထိုအ
ရှင်သည်ကား  ..သေက္ချတောင်ဆရာတော်ဟု သမုတ်ထသော ဘဒ္ဒန္တတိ
လောကမထေရ်မြတ်ပင်တည်း . . ။
ပရိယတ်ကို မျက်လုံးအိမ်တွင် ဟင်္သပဒါးကဲ့သို့ ဖူးယောင်နီမြန်းသည့်အ
ထိ ကျိုးစားခဲ့သူ  .. . ။
ဒါကို လယ်တီဆရာတော်ဘုရားကြီးအား အခြားတပည့်များက . . .
 “ ဦးတိလောကသည်ဒီအတိုင်းဆက်ထားပါက
သူ့မျက်လုံးကွယ်ပါတော့မည်ဘုရား” 
ဟုလျှောက်ထားကြသောကြောင့်ဦးတိလောကသီတင်းသုံးရာ တစ်ပါး
ကျောင်းအတွင်းရှိ ပါဠိတော်အစရှိသောကျမ်းများအား တစ်ကျောင်း
တစ်ဂါထာမျှမထားရဘဲ လယ်တီဆရာတော်အမိန့်ဖြင့် သိမ်းယူထား
လိုက်ရသည်။”
ဤမျှလောက်  . . . . . .
“ ပိဋကတ်မီးခဲကြီး”  
“ ပိဋကတ်မီးတောက်ကြီး”
“ ပိဋကတ် သူရဲကြီး” ဖြစ်သော အရှင်တိလောကမထေရ်မြတ်သည် 
သက်တော် (၂၅) နှစ်သိက္ခာတော် (၅)၀ါအရမှာပင် သေက္ချတောင်
အမည်ရှိသော တောသို့ တစ်ပါးတည်း ခိုအောင်တော်မူခဲ့ရာက 
“သေက္ချတောင်ဆရာတော်” ရယ်လို့လတစ်ဆူ လတစ်ပါးပေါ်ထွက်
လာခဲ့ပါသည်။ ထိုပိဋကတ်မီးတောက်မီခဲကြီးဖြစ်သော သေက္ချတောင်
ဆရာတော်ကြီးရေးသားပြုစုတော်မူခဲ့သော“ပဏ္ဍိတဝေဒနိယ” မြန်မာ
ပြန်ကျမ်းတော်ကြီးမှာ  .. . . 
“ ၀ိဇ္ဇာဓိုရ် ချင်သော ယောက်ျား ”
“မြေသျှိုးမိုးသို့ ပျံချင်သော ယောက်ျား”
“ ကိုယ်ဖျောက်လို့ပျောက်၊ ကိုယ်ပြလျှင်မြင် အထောင်ရာပင်ဖန်ဆင်း
လိုသော ယောက်ျား ”
“သိဒ္ဓိပါး(၃၀)ကိုဆေးမလို အင်းမချ ၊ ဖိုလ်မထိုးရပဲပြီးသောယောက်ျား
အဖြစ်ကို ရလိုပါ  .. ဖတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
(မှတ်ချက်။) ယင်းကျမ်းစာအုပ်မှ ကသိုဏ်းကျင့်စဉ်ကို ဝေမျှရန်ရေး
သားဖို့စိတ်ကူးရှိပါတယ်ပြီးလျှင် ပိုစ့်တင်၍ ဓမ္မဒါနပြုပါမယ်။
“ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယောဟောတု”

၂၀၁၅ အတွက် ဒဲ့တစ်ပေါက်တည်း

ခေတ်အဆက်ဆက်ကို ကြေညက်အောင်ဝါးစားလာခဲ့တဲ့သူဆိုတော့ မြန်
မာပြည်ရဲ့ နောက်နေ့နံက်ခင်းကို ညကတည်းကမြင်နေရတယ်။ ဒီလိုအ
ကြောင်းတရားတွေဟာ ခေါင်းသုံးလုံးရှိသော သက်တော်ရှည်ဆရာတော်
ဘုရားကြီးများအား “ အန္တေ၀ါသိက” အဖြစ်၎င်း“ဂိလာနုပဋ္ဌက”အဖြစ်၎င်း
ပြုစုလုပ်ကျွေးခွင့်ရဲ့အကျိုးတရားပါ။
Photo: ၂၀၁၅ အတွက် ဒဲ့တစ်ပေါက်တည်း
☤✩☤✩☤✩☤✩☤✩☤✩☤✩✩☤✩☤✩
ခေတ်အဆက်ဆက်ကို ကြေညက်အောင်ဝါးစားလာခဲ့တဲ့သူဆိုတော့ မြန်
မာပြည်ရဲ့ နောက်နေ့နံက်ခင်းကို ညကတည်းကမြင်နေရတယ်။ ဒီလိုအ
ကြောင်းတရားတွေဟာ ခေါင်းသုံးလုံးရှိသော သက်တော်ရှည်ဆရာတော်
ဘုရားကြီးများအား “ အန္တေ၀ါသိက” အဖြစ်၎င်း“ဂိလာနုပဋ္ဌက”အဖြစ်၎င်း
ပြုစုလုပ်ကျွေးခွင့်ရဲ့အကျိုးတရားပါ။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးရုပ်ရှင်ရုံထဲမှာ  .. .
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ကုလားနဲ့ပုံမှားရိုက်မယ် ၊ 
(၂) သံဃာကိုသတ်ခဲ့တဲ့စွမ်းအားရှင်အဖွဲ့ကို(၉၆၉)အဖြစ်အသွင်ပြောင်း။
(၃) သံဃာသတ်ခဲ့တဲ့ ကြံ့ဖွတ်ကဦးနုအကွက်နင်းပြီး သတ္တမသင်္ဂါယနာ
တင်မယ့် ရုပ်ရှင်အစား ဂိုဏ်းပေါင်းစုံသံဃညီလာခံကိုအစားထိုးပြသမယ်။
(၄)ပြည်သူ့အကျိုးဆို စတေးဝံ့သောသံဃာထုကို မျက်လှည့်ပြမယ်။
စသည်ဖြင့်စသည်ဖြင့် ဒါတွေဟာ စစ်ခွေးအာဏာရူးများ လုပ်လေ့လုပ်ထ
ရှိတဲ့ ပြဇာတ်များဖြစ်ကြောင်း မသိသေးသူများသိဖို့ ဝေမျှလိုက်ပါတယ်။ 

“ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”

အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
Photo: “ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”
☤♥☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
အခုလို။ ခေတ်ပြောင်း ဒီမိုကရေစီရေဦးမှာတော့ ရှေးဟောင်းသ၀င်ဦးစီးဌ
ာန ၀န်ထမ်းများသည် မိမိတို့ကိုယ်အားဉာဏ်အားရှိသရွေ့ ကြိုးစားရှာဖွေ
ဖေါ်ထုတ်ကုသိုလ်ယူနိုင်ခွင့်များရသင့်သလောက်ရကြလေပြီ။
ထို့ကြောင့် ယခင်ကဆိုလျှင် ပျူဒေသဟူသည် ပြည်ဒေသတစ်ဝိုက်ကိုသ
ာဆိုလိုသည်ဟု မိမိတို့မြန်မာနိုင်ငံသားများထင်မှတ်ထားကြသည်။ ယင်း
အယူအဆသည် ယခုအခါ၌ ပျက်ပျယ်သွားလေပြီ။ 
အဘယ့်ကြောင့်ဆိုသော် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင် ထူးကြီး
ဒေသတွင် ပျူခေတ်လက်ရာစေတီတော်များဗုဒ္ဓရုပ်ပွားဆင်းတုတော်များ
ကိုတွေ့ရှိရကြောင်း ၎င်းအပြင် ရှမ်းပြည်ဒေသတွင်လည်း ယင်းပျူခေတ်
လက်ရာစေတီတော်များကိုတွေ့ရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦးစီးဌာ
နနှင့်အင်တာဗျူးထားသော သတင်းကို ဒီမိုကရက်မြန်မာ့အသံတွင်ကြည့်
လိုက်ရသည်။
အလယ်ပိုင်း၊ အောက်ပိုင်းတွေမှာပါ “ ပျူခေတ်ယဉ်ကျေးမှု” လက်ရာတွေ
ကိုရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ 
အရင် ဦးဇင်းတို့မြန်မာလူမျိုးတွေသိထားတာက “ ပြည်ဒေသသည်သာ
ပျူဒေသ” လို့သိထားကြတာပါ။ အခုတော့ မြန်မာနိုင်ငံအောက်ပိုင်းမှာလဲ
ပျူခေတ်လက်ရာစေတီပုထိုးများကိုရှာဖွေတွေ့ရှိရသလို ရှမ်းပြည်နယ်မှာ
လည်း ပျူခေတ်လက်ရာတူများတွေ့ရှိရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦး
စီးဌာနက DVD မြန်မာသတင်းဌာနတွင် တင်ပြသွားသည်ကိုတွေ့ရပါ
၍ ဗုဒ္ဓဘာသာဝင်သူတော်စဉ်များ . . . . 
“ တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ ၊ သမေ စိတ္တေ သမံ ဖလံ။
    စေတောပနိဓိဟေတုမှိ ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
ဆိုသောပါဠိတော်အတိုင်း ယခုလို ဗုဒ္ဓရုပ်ပွားတော်များ ၊စေတီတော်များ
ကိုရှာဖွေတွေ့ရှိခြင်း၊ ဖူးမြှော်ကြည်ညိုရခြင်းသည် နတ်ရွာသုဂတိသို့
လားရောက်စေနိုင်ကြောင်း အသိပေးရင်း သရဏဂမဏခေါ် သရဏဂုံ
သီလများ စောင့်ထိမ်းနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
►ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု◄
Refenerces
သုတ္တန်ပိဋက်၊ ခုဒ္ဒကနိကာယ်၊
ဝိမာန၀တ္ထုပါဠိတော်၊

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget