.

AlinShin

Thursday, August 16, 2012

တန်ဖိုးနဲလွှတ်တော်


ရက်စက်ပါပေ့ ကြံ့ခိုင်


လအိပ်ယာဝင်တဲ့ည

ကျွန်တော် ဒီကဗျာလေးကို တင်ဖို့စိတ်ကူးရှိထားပေမယ့် စဉ်းစားစရာလေးတွေရှိနေသေးလို့ မတင်ဖြစ်ခဲ့ဘူး ကျွန်တော့ကဗျာတွေအားလုံးကို လုံချင်းထုတ်ဖို့အတွက် ကြံရွယ်ထားတဲ့ သက္ကရာဇ်ကလည်း တော်တော် တောင်ဟောင်းခဲ့ပြီ။ ဒါနဲ့ ဒီလိုနဲ့ မတင်ဖြစ်ခဲ့တာပါ။ ဒီနေ့တော့ ကော်ဖီဘားတစ်ခုမှာ ချစ်ကျွမ်းဝင်တဲ့ ညီလေး တစ်ယောက်က လိုချင်တယ်ဆိုတာနဲ့ သု့ကိုပေးရင်း အခုလိုတင်ဖြစ်သွားတာပါ။
အိပ် ယာ ၀ငတဲ့       
နာရီဖြစ်ခဲ့ဖူးပါတယ်
သံပတ်ရပ်သွားတဲ့ ညနေခင်းနဲ့
စက္ကန့်တန်တစ်ချောင်း။

ရာသီဖြစ်ခဲ့ဖူးပါတယ်
နွေဦးမှာ တွန်မိတဲ့
လေးသင့်တဲ့အတောင်တစ်ဘက်။

ဘ၀ဆိုတဲ့
ငါ့အင်္ကျီတစ်ထည်ကိုစကားလုံးအနီတွေနဲ့
ပစ်လိုက်ကြတာ
ပေါက်လို့ပြဲပေါ့။

အို . . . .
ခွေးတွေသံစုံတီးတဲ့ညမှာ
ငါကောင်းကင်ကြီးကို မေးကြည့်ဖူးပါတယ်
 လမင်းတောင်အိပ်ယာဝင်သွားပြီတဲ့။

By:အလင်းရှင် http://aungminkhoung.blogspot.com

သူတော်ကောင်းတို့ရဲ့ ပါ ရ မီ်


ပါ မီ
မရပ်မနား
သွားနေတဲ့လူ။

လေးလံထိုင်းမှိုင်း
ခပ်ကိုင်းကိုင်းရပ်နေတဲ့ လူ။

မရပ်မသွား
ထိုင်ကာနားနေတဲ့ လူ။

ဘာဖြစ်ဖြစ်
ဒဏ်ရာ ခြေလှမ်းအတွက်
နောင်တမဲ့ခရီးတစ်ပုဒ်ပါ။

အဲဒီနေ့ညက ကျွန်တော်ရယ် သွားလေသူကျွန်တော့ဆရာသမားရယ် နိုင်ငံခြားသတင်း ဖွင့်နားထောင်နေချိန်ပေါ့။ သတင်းမှာ ကိုဇာဂနာကြီးက နာဂစ်ဒါဏ်သင့်ပြည်သူများစားဝတ်နေရေးအ တွက် သူ့လက်ကိုင်ဖုန်းကိုရောင်းပြီး သွားရောက်လှူဒါန်းရာမှာ အာဏာရှင်အစိုးရက အာဏာသုံးပုဒ်မ များနဲ့ထောင်ချလိုက်တယ်ဆိုတာပါပဲ။
အဲဒီမှာပဲ ကျွန်တော့လက်ခေါင်းထထောင်ပြီး ပါရမီလေးကိုရေးဖြစ်သွားတာပါ။ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ကိုယ့်မှာသူတို့ကိုပြန်ပစ်ခတ်နိုင်တဲ့လက်နက်မရှိလဲ မေတ္တာ လက်ဝဲစက်နဲ့ ဝေမျှမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းညိတ်မခံဘဲ အာဏာရှင်တော်လှန်ရေးကိုလျှောက်လှမ်းနေ ကြတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များကို ကျွန်တော်အရိုအသေပြုလိုက်တာပါ။ တိုက်ဆိုင်မှု ကတော့ ကိုယ့်အိပ်ကပ်ထဲက ပိုက်ဆံကုန်သွားလို့ လက်ကိုင်ဖုန်းရောင်းလှူတဲ့ အလှူရှင် ကိုဇာဂနာကို ဖမ်းတဲ့နေ့ရဲ့ အမှတ်တရပါ။
လောကမှာ အလုပ်နှစ်မျိုးပဲရှိပါတယ်။ အကုသိုလ်နဲ့ ကုသိုလ်ပါပဲ။ အကုသိုလ်အလုပ် ကို ဒေ၀ဒတ်တို့အုပ်စုက လုပ်ရက်ကြသလို၊ ကုသိုလ်ကိုတော့ ဘုရားအလောင်းအုပ်စုက လုပ်ကြ ပါတယ်။ ဒါဟာသဘာဝနိယမဖြစ်စဉ်တစ်ခုမို့ ကျွန်တော်တို့ဟာ ကိုယ်ဘာတွေလုပ်နေလဲ၊ ကိုယ်လုပ် တဲ့အလုပ်ဟာ ကိုယ်ဘယ်အုပ်စုဝင်ဖြစ်တယ်ဆိုတာကို အတည်ပြုပေးလိုက်တာပါပဲ။
ကျွန်တော်တို့ဟာ အကုသိုလ်ဖြစ်တဲ့ ပြည်သူပိုင်ပစ္စည်းတွေကို တစ်နည်းနည်းနဲ့ မတ ရားရယူကာ မိမိမိသားစုအကျိုးစီးပွားတစ်ခုကိုသာကြည့်နေမယ်ဆိုရင် ဒေ၀ဒတ်တို့အုပ်စုသမားပေါ့။ ဒါတွေကိုနာမည်တပ်ပြီးပြောပြစရာမလိုပါဘူး။ ခေတ်အဆက်ဆက်က အာဏာရှင်ခေါင်းဆောင်တွေပါ ပဲ။ ကျွန်တော်သိမှီသမျှတော့ နေ၀င်းဆိုတဲ့ခွေးသူတောင်းစားကြီးကစတာပါပဲ။ သူမွှေးလိုက်တဲ့ မီးဟာ သန်းရွှေကနေ အခုသိန်းစိန်ဆိုသူအထိတောင်လောင်နေတုန်းပါပဲ။ သူတို့ရဲ့သားမြေစဉ်ဆက်ဆိုသူ တွေဟာ ဒေ၀ဒတ်အုပ်စုတွေပေါ့ဗျာ။
အခုလိုပြောတာကို မဟုတ်ဘူးလို့ငြင်းရဲတဲ့ ဘာသာရေးခေါင်းဆောင်ရှိရင် ကျွန်တော့ ရှေ့မှာ လာခေါင်းထောင်ကြည့်စမ်းပါ။ ထေရာဝါဒပိဋကတ်နဲ့ပဲပြောမှာလား၊မဟာယနပိဋကတ်နဲ့ပဲညှိမ လား၊ ဒီကောင်တွေအုပ်စုဟာ ဒေ၀ဒတ်တို့အသင်းအပင်းများသာဖြစ်ပါတယ်။ ဒီကောင်တွေသုံးစွဲနေ တဲ့ပစ္စည်းတွေဟာ သမ္မအာဇီဝတွေမဟုတ်ပါဘူး။
ဥပမာ၊ တေဇ၊ ဒေါက်တာအတုဘွဲ့ခံယူထားတဲ့ ခင်ရွှေ၊ယုဇနဌေးမြင့်၊ ဇော်ဇော် အစရှိတဲ့ကောင်တွေပေါ့ဗျာ။ ကျွန်တော်နဲ့အမျိုးမတော်စပ်လို့ အခုလိုပြောတာလည်းဖြစ်နိုင်ပါတယ်။ ဒီ ကောင်တွေနဲ့ မတော်မသိတာကိုက ကျွန်တော်ဟာ ဘုရားအလောင်းအုပ်စုဝင်အဖြစ်သတ်မှတ်ဂုဏ်ယူ လို့ရသွားပြီးလေဗျာ။
အဲဒီတော့ ကိုဇဂနာဆိုရင် ကျွန်တော်ငယ်ငယ်ကတည်းကနေ ပြည်သူ့အကျိုးကို ဆောင်ရွက်လာခဲတာ ဒီနေ့အထိပါပဲ။ နောက် ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ မသန္တာတို့၊မစုစုနွေးတို့ အများကြီးပါပဲ၊ ပြည်သူသိမေတ္တာရှင်များပေါ့ဗျာ။ ဒီအဖွဲ့က ဘုရားအလောင်းအဖွဲ့တွေပေါ့။
အဖွဲ့နှစ်ဖွဲ့စလုံးကတော့ ပါရမီရှင်တွေချည်းပါပဲ။ အကုသိုလ်ဂိုဏ်းသားဒေ၀ဒတ်တို့က လည်း အပြစ်မဲ့ပြည်သူတွေကိုသတ်မယ်ဖြတ်မယ်ငြင်းဆဲမယ်၊စိတ်ဆင်းရဲကိုယ်ဆင်းရဲအောင်လုပ်မယ်။ သူတို့ကလည်း ဒီအကုသိုလ်အလုပ်ကို ပါရမီမြောက်အောင်လုပ်ရတာပါပဲ။ သူတို့အဖွဲ့ခေါင်းဆောင်ဖြစ် သူကစပြီး ဟို . . . ကြံ့ဖွတ်စွမ်းအားရှင်အထိပေါ့ဗျာ။ ရက်စက်ခြင်းဟာ သူတို့ရဲ့ပါရမီပါပဲ။ တစ်ချို့က ပါရမီဆိုတာ ဘုရားအလောင်းအုပ်စုနဲ့မှဆိုင်တယ်ထင်တာကို။ အခုတော့ နားလည်သွားပြီပေါ့ဗျာ။ တကယ်ကတော့ ပါရမီဆိုတာ မြင့်မြတ်တဲ့သူတွေရဲ့အလုပ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားသော်လည်းပဲ ဒေ၀ဒတ်ဆိုသူလဲပဲ ဘုရားအလောင်းဖြစ်လေရာရာဘ၀တွေမှာ ဆင်းရဲဒုက္ခခံပြီးတော့ကို နှိပ်စက်ခဲ့တာ နောက်ဆုံးဘ၀အထိပဲမဟုတ်လား။ ဒါ့ကြောင့် စာပေမှာ မည်သို့ပင်ဆိုစေကာမူ သတ္တ၀ါတွေငြင်းဆဲ တဲ့အလုပ်ကလည်း လုပ်ရဲသူမှာ တော်ရုံမိုက်စိတ်နဲ့လုပ်နိုင်တာမျိုးမဟုတ်ဘူး။
စက်တင်ဘာအရေးအခင်းမှာပဲကြည့်လေ။ သံဃာတွေကို သွေးစိမ်းရှင်ရှင်သေနပ်နဲ့ ပစ်သတ်ဖို့ရာမှာ တော်ရုံမိုက်စိတ်နဲ့မလုပ်ရဲဘူးလေ။ အဲ . . .  ဒေ၀ဒတ်သန်းရွှေတို့အုပ်စုကတော့ ခပ် သာသာပါပဲ။ အားလုံးကမ္ဘာသိပြီးသားမို့ ဋီကာချဲ့စရာမလိုတော့ပါဘူး။
 အဲဒီလို ရက်စက်ယုတ်မာသူ ခွေးတိရိစ္ဆာန်ပမာထား အ၀ီစိကိုရာထားထားတဲ့ သန်းရွှေ တို့ရဲ့ ရက်စက်မှုတွေကို ဘုရားအလောင်းသူတော်ကောင်းကြီးများအုပ်စုက ကုသိုလ်ပါရမီအနေနဲ့ ကြံ့ ကြံ့ခိုင်ရင်ဆိုင်းရင်း . . . . .

ကမ္ဘာဟောင်ကိုပြန်မှာလား၊သို့၊ကမ္ဘာသစ်ကိုသွားမှာလား

ဒီခေါင်းစဉ်မေးခွန်းလေးဟာ ကျွန်တော့ဘ၀ကို ခုတ်ခုတ်ထစ်ထစ်ဖြစ်စေတယ်။ ပျက်သက် သွားတဲ့ ဖနပ်တစ်ဘက်လိုလည်းခံစားရတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ နက္ခတ္တဗေဒကျမ်းဟောင်းတစ်ကျမ်းမှာ (၁၃၀၀)ပြည့်ဂြိုလ်နေပုံဆိုပြီး ကောင်းကင်ရှိ ဂြိုလ်ကြီးတွေရဲ့ နိယတုံ၊သီဟဇာ စသည်ဖြင့် ရပ်တည်မှုတွေကို အသေးစိတ်ပြထားတယ်။ပြီးတော့ လင်္ကာနဲ့ပါ မြန်မာနိုင်ငံဘာဖြစ်နိုင်တယ်ဆိုပြီး ဖေါ်ပြထားတယ်။ ကျွန်တော့ လက်ထဲရောက်ချိန်မှာ စာအုပ်က အပျိုဖေါ်ဝင်စကောင်မလေးနဲ့မတူဘဲ အဟာရပျက်နေတဲ့ အဖွားအိုကြီးလိုဖြစ် နေတာမို့ ဒီကျမ်းစာအုပ်ကိုပြုစုသူနာမည်မတွေ့ရတော့ပါ။
ကျွန်တော်ရသလောက်ပြန်ရွတ်ပြပါ့မယ်။ ဟိုတုန်းကတော့ ရပြီးသားပါခင်ဗျာ။ ဒါပေမယ့် ဘ၀လောကဓံရဲ့  ခပ်ပြင်းပြင်းလက်သီးတွေနဲ့ အထိုးခံရပါများတော့ ကျွန်တော့ (memory) တွေလည်း ပိန်လိန် ကုန်ပါပြီခင်ဗျာ။
လေးဆူရာသီ၊ ဗျဂ္ဃမှီ၍၊ သောရီဆုတ်လျှက်၊ နေသည့်ချက်မှာ၊ တော ၀ယ်တောင်စပ်၊ ထိုထိုရပ်ဝယ်၊ ကပ်သုံးပါးဖျက်၊ ကြမွပျက်၍၊ တစ်ဝက် သာကြွင်း၊ သေကုန်လျှင်း၍၊ မင်းဖျားမဟာ၊ ထိုရာဇာကို၊ သူရွာမင်းက၊ အောင်ပွဲရ၍၊ ဌာနသို့သက်၊ကြေမွပျက်၏။
 ကျွန်တော်လည်း၊ ဒီလင်္ကာလေးကို အရင်တုန်းကတော့ မြင်းပြေးသလိုဖွတ်ဖွတ် ညက်ညက် ကြေပြီးသားပါ။စောစောကပြောခဲ့ပြီးသလို၊ လောကဓံဆိုသော ငနေ၀င်းငသန်းရွှေတို့ရဲ့လက်ချက်ကြောင့် ကျွန် တော်တို့မှာ ကံတွေလဲမွဲ၊ဉာဏ်တွေလဲကျဲကုန်ကြပါပြီ။ ဒါ့ကြောင့်မို့ ရပြီးသားစာတွေလည်းလွတ်ကုန်ပါပြီခင်ဗျာ၊ ဒါ့ကြောင့် နက္ခတ္တဗေဒလင်္ကာလေးများရရင် ကျွန်တော့ကိုဆက်ရွတ်ပြပါဦးလို့သာတောင်းပန်ရပေမယ်။
အဲဒီတော့ဗျာ၊မြန်မာနိုင်ဟာ ကျွန်တော်လူလားမြောက်ကတည်းက ဆုတ်ယုတ်လာခဲ့တာ ပိုလို့ တောင်ဆိုးနေပြီ။ နေ၀င်းတို့သန်းရွှေတို့ရဲ့ ဧကရာဇ်ရူးပဒေသရာဇ်ရူးနဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ အနာ ဂါတ်ဟာ ဆိုက္ကားသမားကူလီကပ်ပါးဘ၀နဲ့ပဲ ယဉ်ပါးလာခဲ့ရတယ်။ အဲလိုပြောတော့ မင်းတို့ကမမကြိုးစားတာလို့ ကျွန်တော်တို့ကို ဆဲရင်ဆဲမယ်။ အဲဒီအခါ ကျွန်တော်က ပြန်မေးခွန်းထုတ်မယ်လေ၊ မြန်မာနိုင်မှာ အလုပ်သမား လူတန်းစားဘ၀ရဲ့ တစ်နေ့လုပ်ခဟာ နိုင်ငံခြားသားအလုပ်ကြမ်းသမားဘ၀ရဲ့ တစ်နာရီလုပ်ခရှိရဲ့လား? ကဲ . . ကျွန်တော့အမေးကိုဖြေကြည့်ပါဦး။
ဗိုလ်မှုးကြီးတွေရဲ့ အိမ်တွေကားတွေဟာ သူတို့လစာနဲ့ ဘယ်လိုလုပ်ဝယ်နိုင်တာလဲ? ကျွန်တော်တို့ပြည်သူတွေဟာ ဒါတွေသိသိကြီးနဲ့ သူတို့ရဲ့ဗိုလ်ကျစိုးမိုးမှုကိုခံနေရတာ။ အခုလည်း ဒီမိုကရေစီ ဆိုပြီး သိန်းစိန်တို့လွှတ်တော်မှာ စစ်အရေခွံခွာပြီး တိုက်ပုံဝတ်နေကြတာမဟုတ်လား? အဲဒါဒီမိုကရေစီတဲ့လား? ဒီလိုသာသိသိကြီးနဲ့ငြိမ်နေရမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ လူအကြီးတွေပေါ့ ရှေ့ကငနေ၀င်းကြီးက တစ်ကိုယ်ကောင်းဆန်ခဲ့တာကို နောက်ပေါက်ခွေးဝဲစား ငသန်းရွှေကလည်းသူ့မိသားတစ် စုကောင်းစားရေးကိုရှေ့ရှု့ရာမှာ မြန်မာနိုင်ငံသားတိုင်းပိုင်တဲ့ သယံဇာတပစ္စည်းတွေကို တရုပ်သူ့ပထွေးထံဈေး ပေါပေါနဲ့ရောင်းခဲ့ပါတယ် မြန်မာနိုင်ငံထွက် သယံဇာတပစ္စည်းတွေကို အလကားနီးပါးရနေတဲ့တရုပ်ဟာ မြန်မာ နိုင်ငံဟာ သူ့ရဲ့စားကျက်ကွင်းဖြစ်နေတယ်။ သူ့စားကျက်ကွင်းကို စောင့်ပေးနေတဲ့ ခွေးသူတောင်းစားသန်းရွှေတို့ ကို ကုလသမဂ္ဂမှာ ဘီရိုအာဏာနဲ့ကာကွယ်ပေးခဲ့တယ်လေ။
ဒီအတိုင်းကြီးပဲ ဆက်ပြီးအုပ်ချုပ်လို့မရနိုင်တာကိုသိတော့ သိန်းစိန်တို့ရွှေမန်းတို့စတဲ့ ခွေး ၀ဲစားတွေကို အရေခွံလဲပြီး မြန်မာပြည်သူပြည်သားတွေကို နှိပ်စက်စေခဲ့တယ်။ စစ်အရေခွံလဲထားတဲ့ လူ့ငနွား သိန်းစိန်တို့ကို ဘယ်လိုနည်းတွေနဲ့သုံးခိုင်းပြီး ပြည်သူတွေကို ဒုက္ခပေးလေဦးလေမလည်း။ တွေးလိုက်တိုင်း အသည်းတဆတ်ဆတ်နာကျင်ရတာက မဟုတ်မခံအကျင့်ရှိတဲ့ ကျွန်တော်တို့ပါ။ ပြည်သူဘယ်လို လူ့အခွင့် အရေးတွေပေးတာလဲ? သိန်းစိန်ဆိုတဲ့အကောင်နဲ့ထိပ်တိုက်မတွေ့လို့ ဒီ နေရာကပဲမေးလိုက်ချင်တယ်။
ကျွန်တော်စဉ်းစားလို့မရတာတွေထဲမှာ အဲဒါလဲပါတယ်။ သူ့တို့မျက်နှာတွေဟာ သောက်ရှက် ရှိတဲ့ပုံမပေါ်ဘူး။ မပေါ်တဲ့အပြင် မြန်မာနိုင်ငံဟာ သူ့အမေရဲ့သောက်ခေါင်းများအောင်းမေ့နေလားမသိ? ဆင်းရဲ့ သားကျွန်တော်တို့ရဲ့ဘ၀တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုခိုကိုးရာမရှိတဲ့အပြင် နေ့စဉ် ထမင်းတစ်နပ်အ တွက် အိပ်မက်ဟာ သစ်ခြောက်ပင်ပေါ်ငုတ်တုတ်ထိုင်နေရတဲ့အတိုင်းပဲ။
အဲဒီအာဏာရှုးတွေနဲ့ ပက်သက်ဆက်ယှက်နေတဲ့အကောင်တွေမှာတော့ ဒေါ်လာတစ်သန်း တန်ဇိမ်ခံကားတောင် နိုင်ငံခြားကိုမှာယူတယ်တဲ့။တေဇဟာ အဲဒီငွေတွေကို သူ့အမေဖာခံလို့ရတာလား? မဟုတ်ပါဘူး၊ ကျွန်တော်တို့မြန်မာနိုင်ငံသူသားတွေပိုင်ပစ္စည်းတွေကို နည်းအမျိုးမျိုးအကြောင်းပြခိုးယူထားတာ တွေပါ။ တေဇအမေကိုအဲဒီလောက်ပိုက်ဆံပေးပြီး . . ကြမှာလည်းမဟုတ်ပါဘူး။
ကျွန်တော့ကို သမ္ဖပ္ပလာပ၀ါစာ ဆိုပြီးသမုဒ်ဦးမှာလား? ကျွန်တော့လက်ထဲမှာ သေနပ်မ ပြောနဲ့ ဓားချွန်တစ်ချောင်းတောင်ကိုင်လို့မရဘူး၊ရရင် အဲဒီကောင်တွေကို အခုလို သမ္ဖပ္ပလာပ၀ါစာ လုပ်မနေ ဘူးဗျ။  မြန်မာနိုင်ငံသူနိုင်ငံသား တွေရဲ့ကိုယ်စား သတ်ပစ်လိုက်မယ်။ အင်္ဂလိပ်က ကုတ်သွေးစုတ်တာ၊ ဒီကောင်တွေက မြန်မာနိုင်ငံသူ/သား တွေရဲ့ဂုတ်သွေးတင်မက ဘ၀သွေးတွေကိုစုပ်ခဲ့တာလေ။ သံဃာ နဲ့ပြည်သူပြည် သားတွေရဲ့အသက်တွေကိုပါသတ်တာလေ။ ဒါတွေကို ခွေးဝဲစားကြီးငသန်းရွှေ ဘယ်လိုကာ ကွက်နဲ့ကာလေဦးမလဲ။ ဒီနေ့ခေတ်က ငနေ၀င်းခေတ်ကလို မဟုတ်ဘူး ခုဖြစ်ရင်ခုသိတဲ့ခေတ်လေ။ သိအောင် လည်း မီဒီယာသမားများက တာဝန်ကျေပွန်ကြတယ်လေ။
ကဲ . . .
ငသန်းရွှေနဲ့ တပည့် ငယ်ထိတ်ပြောင်သိန်းစိန်တို့ရေ . . . . .
မင်းတို့ကို ငါ ဒီနေရာကနေမေးလိုက်မယ်
ငါတို့ပြည်သူပြည်သားတွေပိုင်တဲ့ အမိမြန်မာနိုင်ငံကြီးကို ဆက်လက်ပြီးဖျက်ဆီးနေကြဦး မှာလား? မင်းတို့ရဲ့ အာဏာရှင်လက်ဝေခံစနစ်ကိုသွားမှာလား? သန့်ရှင်းစစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုပဲသွားမှာ လား? ဒို့ပြည်သူတွေသိချင်လှပြီ။ မင်းတို့က လွှတ်တော်ဆိုတဲ့ နေရာပြောင်းဗြောင်လိမ်နေတာကြီးကို မြင်ရကြား ရတာ ဒို့ပြည်သူတွေ စိတ်မသက်သာလှဘူး၊ မင်းတို့ကတော့ မင်းတို့မိသားစုတွေ ခွေးလိုနွားလိုဝက်လိုတစ်ဖြဲနှစ် ဖြဲစားနိုင်ဖို့ လွှတ်တော်မှာ အယောင်ဆောင်ရတာသက်တောင့်သက်သာရှိတာပေါ့ကွာ။
ဒို့တွေမှာက လွှတ်တော်နှစ်ရပ်နဲ့လှိမ့်ပိန့်ခံနေရတာကွ။ မင်းတို့ကို ဆုံးမမယ့်အ၀ီစိကမခေါ် သေးခင် ငါတို့ပြည်သူတွေ လူ့အခွင့်အရေးလေးတော့ ပေးစားပါဦးကွာ။ မင်းတို့နဲ့ပေါင်းစားတဲ့ကောင်တွေက တော့ ကားနဲ့မယားနဲ့ ဒို့ပြည်သူတွေအများစုမှာတော့ အိမ်နံရံမှာ ထမင်းပန်းချီပုံတောင်ချိပ်ထားရတယ်ဆိုတဲ့ အကြောင်ကို . . . .
င်းန်းချီ
င့ါကိုသေအောင်သတ်ပေးပါ
အသက်ရှုသံတွေပေးပါမယ်။
သွေးကွက်                                                      
ကျောက်ချထားတဲ့
မျက်လုံးရာတွေကြိုကည့်ပါဦး   ………။

တစ်ချို့က
ငရဲလမ်းကို “စ↔ဖေါက်နေကြသလို
နေတစ်ခြမ်းကိုတောင်ဖဲ့စားကြသေးတယ်။

လထွက်လာရင်
တိုင်ပြောမယ်
နှင်းရည်တစ်စက်
တောင်းသောက်မယ်။

အခုတော့  ……………
ဆာဆာနဲ့မျိုချလိုက်ရတာ
မီးတောက်ဆီကငရဲရည်တွေ။

ငါ့ ဦးနှောက်
သုံးခွက်တစ်ခွက်တင်က
ဈေးကွက်ပျောက်နေတုန်း
အသက်မထွက်ခင်တော့
ထမင်းပန်ချီကို ပုံတူကိုဆွဲရမယ်။

ဟိုမှာလာနေပြီ . . . . .
ပုကွကွလက်အမည်းကြီးတစ်ချောင်း 
ငါ့အသက်ရှုသံတွေလာယူတာတဲ့။

သေချာတာကတော့
မနက်ဖန်
ငါပြန်လာရဦးမယ်။
                          မောင်ဇရာ
ကဲ . . .  ငသန်းရွှေတို့ရေ  . . . . ငါတို့ပြည်သူတွေမှာတော့ ဒင်းတို့နှိပ်စက်လို့ သွေးမြေကြရတဲ့အကြောင်းကို ကမ္ဘာကုလသမဂ္ဂကို တိုင်လို့လည်း အကြောင်းထူးမလာတဲ့အတူ လထွက် လာရင် တိုင်ပြောမယ်။ နေထွက်လာရင် တိုင်ပြောမယ်။ အဲဒီအခါကြမှ အ၀ီစိကမင်းတို့အဖွဲ့ကို ဆုံးမလိမ့် မယ်နော်။ အခုတော့ အောင်ဆန်းစုကြည်နဲ့တကွ တို့ပြည်သူတွေကို ခွေးနိုင်နွားနိုင်နိုင်ထား ဦးပေါ့ကွာ။ ငါတို့ပြည်သူတွေအပေါ်ကို နှိပ်စက်ခဲ့တဲ့ဒင်းတို့ကို အ၀ီစိကပြန်ဆုံးမမှာပါဆိုတာ ဘာသာရေးကကြည့်ရင် သိနိုင်ပါတယ်။
ငါတို့ကတော့ ကိုယ့်နိုင်ငံအဟောင်းလေးကိုပဲ စိတ်ရှည်ရှည်နဲ့ပြင်ရမယ်။




ကဗျာထဲက ကမ္ဘာ

အဲဒီနေ့က ကျွန်တော်တို့ ဆူလေဘုရားကိုပတ်ပြီးကုန်သည်လမ်းကနေပြန် တက်တုန်း ကျွန်တော့ စိတ်ထဲဘယ်လိုဖြစ်မှန်းမသိဘူး။ အမေအိမ်ကိုအရမ်းပြန်ချင်နေတယ် ပြန်ချင်ရတဲ့ အကြောင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ ထူးခြားတဲနိုင်ငံမြို့ကြီးများနဲ့ ဘုရားစေတီများပါတဲ့ (DvD) တစ်ခွေကို သူငယ်ချင်းတစ်ယောက် ကလာပေးထားတာရှိတော့ ဘယ်နေ့ဘယ်အချိန်အခါဘယ်ရောဂါနဲ့ သေမယ်မ သိတဲ့ အမေ့ကို မသေခင်လေး နိုင်ငံစုံကဘုရားစုံတွေမြင်ဖူးသွားစေချင်တယ်လေ။ ဒါနဲ့ပဲ အမေရီကန် သံရုံးရှေ့ကနေ အဝေးပြေးကားဂိတ်ကို သွားပါတော့တယ်။
ကျွန်တော်နေတဲ့မြို့လေးကို ညနေမိုးချုပ်တော့ရောက်နေပါပြီ၊ ညရောက်တော့ ကျွန် တော့်သူငယ်ချင်းဆီဖုန်းဆက်ကြည့်တယ်။ သူငယ်ချင်းကပြောတယ်။“မင်းပြန်သွားပြီးလို့ နာရီပိုင်းလောက် ပဲရှိမယ် ဘုန်းကြီးတွေကို သေနပ်နဲ့ပစ်နေပြီတဲ့။↔အခုမင်းရန်ကုန်ကိုပြန်မလာနဲ့ဦး၊ ငါ့ဆီလဲဖုန်းမဆက်နဲ့၊ မင်း ပြန်လာရမယ့်ရက်ကို ငါ လှမ်းဆက်သွယ်လိုက်မယ်တဲ့။
ကျွန်တော်ကဗျာကသီဆိုသလို၊ နိုင်ငံတကာသတင်းကိုနားထောင်လိုက်ပါတယ်။ အာဏာရူးသန်းရွှေရဲ့ အမိန့်ကြောင့်ပဲ အပြစ်မဲ့ရဟန်းသံဃာတော်များစွာဟာ ပျံလွန်တော်မူခဲ့ကြ၊လူတွေသေကြ ကျိုးတဲ့သူကန်းတဲ့သူ ဒုက္ခိတဖြစ်တဲ့သူတွေနဲ့ . . . . 
ဒါတော့ဆက်ပြောပြစရာမလိုတော့ပါဘူး ၊ အားလုံးဒီမိုကရက်တို့လိုသတင်းမှာ မြင် ကြားနေရသလို၊ ဟို . . .  အဟိတ်တရိစ္ဆာန်မလေးရဲ့ “စိန်စီတဲ့ည↔မှာလည်းမြင်တွေ့နေကြတာပါပဲ။
အားလုံးပြီးသွားတဲ့အခါ ဆူးလေးမှာ ကျွန်တော့သူငယ်ချင်း ကုလားတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး စက်တင်ဘာရှု့ခင်းတွေအကြောင်းတောက်ခေါက်ကြရင်း “ကဲ . . . . ကြာတယ် ကွာ၊ ငါ ကဗျာရေးမယ်ဆိုပြီး . . . . ကဗျာထဲကကမ္ဘာ လေးကိုရေးခဲ့လိုက်ပါတယ်။
ပြောချင်တာလေးတစ်ခုက “ရွှေဝါရောင်↔ဆိုတာ ကျွန်တော်ရေးဆဲ ရေးလတ္တံ့ရေးပြီး တဲ့အချိန်အထိ အဲဒီစကားလုံးမသုံးသေးပါဘူးဆိုတာပါပဲ။ အဲဒီအချိန်တုန်းက ဘတ်(စ်)ကားတွေပေါ်မှာ လက်ကိုင်ဖုန်းနဲ့ပြောနေကြတာက “လိမ္မော်သီးတွေ လိမ့်လာပြီ↔ ဆိုတဲ့စကားပဲသုံးသေးတာပါ။

ကဗျာထဲက ကမ္ဘာ

လိုချင်မှု
တမ်းတနှုတ်ခမ်းဆီက
လွင့်စင်လာတဲ့ . . . .  မီးတစ်စ။

အတ္တမီးတောင်
ဒေါသအတောင်တစ်စုံကြောင့်
လောင်မြိုက်ပြာခ
ရွှေဝါရောင်တို့
ကွယ်ပခဲ့ရတဲ့. . . . .  ညတွေ။
အနတ္တကမ္ဘာပြိုမှာ
ငါအမှောင်လွှမ်းမိုးတဲ့
အတ္တလူသားတစ်ချို့ရဲဘ၀တွေကြောင့်
စတေးခဲ့ရတဲ့ . . . . .  . အသက်တွေ။
ဘာပဲဖြစ်ဖြစ်
ကဗျာထဲကကမ္ဘာမှာ
မေတ္တာနို့ချိုဝေငှရင်း
ပြာဖြစ်မဲ့ အတ္တသမားတို့ရဲ့ နေ၀င်ညကို
ငါ . . . .  စောင့်နေတယ်။
     
        

တွေးလို . . ရေးလို . . ဆဲဆိုလို၍မဟုတ်ပါ



          ကမ္ဘာ့ယဉ်ကျေးမှုစာပေနယ်မှာ ဒေါသအလျှောက် ပြောမိတဲ့ ယုတ်ရင်းကြမ်းတမ်းသော စကားလုံး များကို အလွန်ပင် သြော် နှလုံးနာမိကြမှာပါ။ ဘာသာစွဲမပါဘဲ ဆိုဆို ကိုယ့်မိသားစုရဲ့ အစဉ်ကိုးကွယ်လာ တဲ့ ဘာသာတရား အရပဲပြောပြော ဆဲဆိုကြိမ်းမောင်းလိုက်သော စကားသံ အက္ခရာများကို မင်္ဂလာရှိသော စကားရယ်လို့ ဘယ်ဘာ တရားကျမ်းစာများကမှ ဖေါ်ကျူးခဲ့ကြပါ။
          ကျွန်တော်သည်လဲ ယဉ်ကျေးမှုဘာသာတရားကို ကြောထောက်နောက်ခံပြုပြီးတော့မှ ပုခုံးနှစ်ဘက်ကြားမှာ ခေါင်းပေါက်ခွင့်ရတဲ့သူမို့ . . . ရိုင်းလို . . စိုင်းလို . . . ခိုင်း နှိုင်းလို၍မဟုတ်ပါ။
          ခွန်အားမပြည့်စုံသေးတဲ့ လူမမယ်သူငယ်လေး တစ်ယောက်ကို ဒုတ်ဓားအားကိုး လူဆိုးကြီးများက ၀ိုင်း ၀န်းအနိုင်ကျင့် ရိုက်ပုတ်သတ်ဖြတ်ကြတဲ့အခါ အပြစ်မဲ့ခံ စားရသူကလေးငယ်ဟာ သူ့မှာရှိတဲ့ ၀စီကံနှုတ်အခွင့်အ ရေးနဲ့ “ငါလိုးမသားကြီးတွေ မင်းတို့ခွန်အားကြီးတုန်းတော့ လုပ်ထားဦးပေါ့ကွာ” လို့ ဆဲမိတာကို ခင်ဗျားတို့က အမိ- ယုတ်တဲ့သား နှုတ်အမူအရာကြမ်း၏ လို့များ ပညာရှိသူ တော်ကောင်းတို့ရဲ့ “လေလည်သံ” ကို သုံးနှုန်းကြဦးမှာ လား။
          သတ္တ၀ါတိုင်းမှာ ကာယနာကျင်ခံစားမှု စိတ္တနာ ကျင်ခံစားမှုဆိုတာ ရှိတက်စမြဲပါ။ အခုလဲ သတ္တ၀ါထဲမှာ တစ်ယောက်တစ်ဦးပါဝင်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ သားများရဲ့ “နေ၀င်းအစိုးရမှ သည် စစ်အရေခွံလဲတိုက်ပုံ ၀တ်သိန်းစိန်အစိုးရတိုင်” ခံစားလာရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံ အတွက် လက်နက်မဲ့တဲ့ ကျွန်တော့မှာ နှုတ်ဝစီဆဲဆိုစရာ ပဲရှိတော့တယ်။
          အထက်ကပုံခိုင်းခဲ့တဲ့ အနှိပ်အစက်ခံနေရတဲ့ က လေးတစ်ယောက်လိုပေါ့ဗျာ။ ဗလချင်းလဲမမျှ - လက်နက် ချင်းကလဲ မရ ဆိုတော့ ကိုယ့်မှာရှိတဲ့ လီး . . လချေး . . နဲ့ နှိုင်းတာများ ရိုင်းလိုက်လေရယ်လို့ အပြစ်တင်လေဦးတော့ မလား . . . ခင်ဗျာ။
         ကိုယ်ချင်းစာတရား ရင်ဝယ်ထားတက်တဲ့သူအဖို့ တော့ ကျွန်တော့ကို အပြစ်မတင်လိုတဲ့အပြင် ကရုဏာ သက်မိဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံ ရဲ့ မြေယာများကို ထွန်ယက်ရင်း ကနေ ဘ၀၀မ်းစာကို ရိုး သားကျိုးစားစွာ ရှာဖွေအသက်မွေးခဲ့တဲ့ ဘိုးစဉ်ဘောင် ဆက်ဖွားလက်ထက်က ဆင်းသက်လာရတဲ့သူမို့ ရိုးသား ကျိုးစားခြင်း၊ဇွဲလုံ့လ၀ီရိယကိုသာ အားကိုးခြင်း မဟုတ် လျှင်ခေါင်းငုံ့မခံ တုန့်ပြန်တွန်းလှန်တက်တဲ့ တောင်သူဦး ကြီးများရဲ့ မာန‚ဇကပါလာလေတော့ . . . .
          ချွေးနဲ့သွေးနဲ့ရင်းပြီး မြေလွှာပါးပါးလေးထဲက ပိုက်ဆံကိုထွန်ယက်ယူငင်ကာ ကျွန်တော့ကို ကာယအားတွေ . . .ဉာဏအားတွေခွံ့ကျွေး ခဲ့တဲ့အတွက်  စစ်ဘောင်းဘီအရေခွံကိုချွတ်တိုက်ပုံဝတ်ခဲ့ တဲ့နေ၀င်းကစလို့ အခုလက်ရှိသိန်းစိန်တိုင်အောင် ဒင်းတို့ရဲ့လုပ်ဇတ် ပြည်သူပိုင်သံယံဇာတတွေကို မိသား စုပိုင်အဖြစ်သုံးဖြုံန်းခဲ့ကြတဲ့အပြင်ပြည်သူတွေကို လူ့အခွင့်အရေး/ဥပအေခွင့်အရေးမပေးဘဲ တရိစ္ဆာန်တွေ
လိုသဘောထား မတရားလုပ်ရပ်တွေကိုသိလာရတဲ့ကျွန်တော့မှာကြောချမှဓါးပြမှန်းသိဆိုတဲ့ရှေးစကားပုံ အတိုင်း ဖက်စစ်ဂျပန်နဲ့အင်္ဂလိပ်အစိုးရတို့ထက် သာလွန်ခေါင်ခိုက် မိုက်ရိုင်းတဲ့ စစ်အရေခွံချွတ် မဆလ ပါတီနဲ့ မြန်မာပြည်ကို သွေးလမ်းခင်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းလို့အများသိတဲ့ ခွေးဝဲ စားနေ၀င်း၊ နောက် အရေ ခွံကို ချွတ်မသွားဘဲ ၀တ်ရက်သားနဲ့ သူ့ကတုန်ကျင်းသူကာကွယ် ဒီမိုကရေစီစာမျက်နှာ လှန်ပြခဲ့ တဲ့ ခွေးဝဲစားသန်းရွှေ . . . ။
          ကျွန်တော့ဘိုးရွယ်ဘရွယ်ပင်ဖြစ်လင့်ကစား အချီး အနှီးလူဖြစ်ခဲ့တဲ့ ဒီကောင်တွေကို ကျွန်တော်မှာ ဆဲစရာ လက်နက်ပဲရှိတယ် အကယ်၍များ ခင်ဗျားတို့က  အမျိုး ဘာသာသာသနာ နိုင်ငံနဲ့ တိုင်းသားလူများ ကမ္ဘာသားတို့ ရဲ့ မျက်နှာကိုမထောက် တိုင်းပြည်သူပြည်သားတွေကို ဆင်းတွင်းထဲဆွဲချ ငတ်သေ သတ်သေအောင်လုပ်ခဲ့တဲ့ ဒီအမျိုးယုတ်တွေကို သတ်ဖို့ ကျွန်တော့ကို လက်နက်သာ ပေး နည်းပညာသာပေး လက်မနှေးဘဲ ကမ္ဘာကြီးယဉ်း ကျေး ဗမာသူဗမာသားတွေကောင်းစားဖို့အတွက် ကျွန်-တော်အသက် စတေးဝံ့ပါတယ်။
          ဒီလိုစိတ်ဓာတ်မျိုး မြန်မာမှာ ကျွန်တော်တစ် ယောက်ထဲရှိတာမဟုတ်ပါဘူး။ အများကောင်းကျိုး လူ သားကောင်းကျိုးကို သည်ပိုလိုသော အမျိုးသာအမျိုးသ မီး မြန်မာနိုင်ငံ တစ်ပုံကြီးပါ။
          နာမည်တွေရေတွက်ရင် စက္ကူတောင်ညောင်းလိမ့်မယ် ဟိုး . . .ပဝေသဏီကတည်းက အသက်ပေးလှူ သွားကြတဲ့ အလုပ်သမားအာဇာနည် လယ်သမားအာဇာနည် ကျောင်းသူကျောင်းသား အာဇာနည် အို . . . စုံလို့ ပါပဲ။
          ဒါ့ကြောင့်ပဲ  ဒီကနေ့ထိတိုင် (၈)လေးလုံးပြည်သူ့ အရေးတော်ပုံကြီးတွေပေါ်ပေါက်ခဲ့တယ်၊ ဗုဒ္ဓရဲ့သကျပုတ္တ များဖြစ်ကြတဲ့ ဘုရားသားတော် ရှင်ရဟန်းအကျော်မော်တွေက ဆင်းရဲငတ်မွတ်နေတဲ့ လူ့အခွင့်အရေး/တရားဥပဒေအခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့ပြည်သူလူထုရဲ့မျက်နှာငြိုးငယ်နေတာကို ကြည့် ပြီး (၂၀၀၇)စက်တင်ဘာ သံဃပရိတ်ရွတ်ပွဲကြီးပေါ်ပေါက်လာခဲ့တယ်မဟုတ်လား။
   ရက်စက်အယုတ်တမာများဖြစ်ကြတဲ့ န၀တ/န အဖ နာမည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်း ပြည်သူ့လည် မျိုကိုနင်း ရင်ဝကိုစစ်ဖိနပ်နဲ့စောင့်ကန် လှံစွတ်နဲ့ထိုး နောက်ဆုံး သေနပ်နဲ့ပါပစ်ခဲ့တဲ့ ဗိုလ်သန်းရွှေ . . . တို့ အခု တော့ ကုလားထိုင်ပေါ်က ဆင်းပေးလိုက်ရပြီလေ။
    ဒီလို အသွင်ကူးပြောင်း ပြည်သူ့လက်ထဲကို အာ ဏာရရှိဖို့ဆိုတာ ပြည်သူတွေပဲ အသက်ပေးခဲ့ ရတာပါ။ ပြည်သူဆိုတာကို အကြမ်းအားဖြင့် ခွဲပြရရင် ရှမ်းကချင် ကရင်အစရှိတဲ့ တိုင်းရင်းသား၊ နောက် တရုပ်၊ မွတ်ဆလင် အစရှိ မြန်မာနိုင်သားများပါဝင်ပါတယ်။
       ရှစ်လေးလုံးအရေးတော်ပုံမှာလည်း မြန်မာနိုင်ရှိ တရုပ်လူမျိုးများ မွတ်ဆင်လူမျိုးများ မြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသလို ရွှဝါရောင်တော်လှန်ရေးဆိုတဲ့ ရဟန်းသံဃာများစုပေါင်းလှည့်လည်ပရိတ်ရွတ်ရာ မှ စစ်အာဏာရူးသန်းရွှေကနေသေနပ်နဲ့ပစ်အကြမ်းဖတ်နှိပ်နင်းခဲ့တဲ့ သံဃသပိတ်မှောက်ပွဲမှာလည်း မြန် မာနိုင်ငံဖွား တရုပ်လူမျိုး မွတ်ဆင်လူမျိုးများကနေပြီး သောက်တော်ရေများ ကမ်းလှမ်းပေးလှူခဲ့ကြတာ ဟာ ပြည်သူ့စွန့်စားခြင်းတစ်ရပ် ပဲမဟုတ်ပါလား။
          အကြောင်းကြောင့်အကျိုးဖြစ်ဆိုတဲ့အတိုင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုကြီးရဲ့ မခံမရပ်နိုင်ဖြစ်မှုတွေကြောင့် အရေးတော်ပုံတွေ အမျိုးမျိုးပေါ်ပေါက်လာခဲ့ပါတယ်။ ဒီပဲရင်းအရေးအခင်း ကလဲကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ပြည်သူ့ခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ လိုက်ပါပို့ဆောင် ဧည့်ခံကြိုဆိုကြတဲ့ ပြည်သူတွေရဲ့ အသက်ကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဒီပဲရင်းအ ရေးတော်ပုံ ကလဲ ဒီနေ့အထိမေ့လို့မရသေး။
          အာဏာရူးသန်းရွှေတို့က ပြည်သူ့အာဏာကို သူ့ မယားပိုင်အာဏာအဖြစ်လုပ်ယူနေကြသလို သူ့နောက် လိုက်နောက်ပါများ စီးပွားရေးသမားများဖြစ်ကြတဲ့ တေဇ ဇေကမ္ဘာခင်ရွှေ ယုဇနဋ္ဌေးမြင့် မက် (စ်)မြန်မာဇော်ဇော်  ဘိန်းဘုရင်ခွန်ဆာရဲ့သားများ . . .  က ပြည်သူလူထု လက်ထဲကို အာဏာရောက် သွားမှာကို စိုးရိမ်နေကြရတယ်။
          ဒါ့ကြောင့်ပဲ အသိအမြင်ကြွယ်ဝ နှလုံးလှကြတဲ့ (သူတို့ကိုတိုက်ခိုက်နေကြတဲ့) သူမှန်သမျှ မဟုတ်တမ်းတ ရားပုဒ်မတွေနဲ့ ထောင်ထဲကို မဖြစ်သင့်တဲ့ နှစ်တွေနဲ့ အမိန့် ချခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့ကြတယ်။
 ငါတို့ဟာမြန်မာနိုင်ငံကောင်းစားရေးအတွက်ပြည်သူလူထုတွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာမျက်နှာ မငယ်ရ ဘဲ ခါင်ထောင်နိုင်ရေးအတွက်ဆိုပြီး အသက်တွေ ဘ၀တွေ ခန္ဓာအစိတ်အ ပိုင်းများစွာကို စွန့်လှူခဲ့ရတာ ဒီနေ့(၁၆-၈-၂၀၁၂) ရက်နေ့ အထိပါပဲ . .
       ဒီသွေးစွန်းတဲ့နေ့ရက်တွေ ဒုက္ခတွေနဲ့စတေးနေရ တဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ကျွန်တော်တို့ရဲ့ဘ၀တွေ ဒုက္ခ တွေဘယ်နေ့များမှ ငြိမ်းရပါ့မလဲဆိုတာကိုကျွန်တော်ရင်နာနာနဲ့စဉ်းစားရင်း . . . (၈၈၈၈)လေး လုံးပြည်သူ့အရေးတော်ပုံ (၂၄) နှစ်ပြည့်တဲ့ (၈-၈-၂၀၁၂) ရက်နေ့အခန်းအနားမှာ လက်ကမ်းဝေငှတဲ့ ကဗျာလေးများကို အခုလို လက်နာနာ နဲ့ ချရေးလိုက်မိပါတယ်။
          ရင်နာနာ လက်နာနာနဲ့ကူးယူရေးပြရတာမို့ ကဗျာ ထဲက စာကျန်စာကျတာကတော့ ကျွန်တော့အမှားပါလို့ တောင်းပန်ပါရစေ . . .
ကျေးဇူးတင်ပါတယ် . . လိုအင်ဆန္ဒများ ပြည့်ပြည့်စုံပါစေလို့လည်း ဆုမွန်ကောင်းတောင်းမိပါတယ်။
ရှစ်လေးလုံးရဲ့ကဗျာ
မင်းကိုနိုင်
ငြိမ်နေရင်
ပင်ကူအိမတောင်ငြိနေမယ်
ရုန်းထွက်ရင်
သံကြိုးတွေတောင်ပြတ်တောက်တယ်
ဒါဟာ
သမိုင်းသစ်နဲ့အတူ
အောင်လံထူတဲ့ ပြည်သူ့အဘိဓမ္မာ။


အလွင့်ထဲမှာ
နွယ်ဦးလှိုင်

လေလွင့်တာ မဟုတ်ဘူး
ကြွေလွင့်တာပါ . . . . . .။

̏နှစ်ဆယ့်လေးမိုးကြာတောင်˝
ဒဏ်ရာက မကျက်သေးဘူး။

ပင်လယ်ရဲ့ သဘာဝမှာ
ရှေ့ကလှိုင်းတစ်လုံး
ကျဆုံးသွားတာနဲ့
နောက်နားဆီမှာ လှိုင်းသစ်တွေ
ဆက်၍ဆက်၍ လာနေတယ်။

စကြ်ာဝဠာထဲမှာ ကမ္ဘာရှိတယ်၊
ကမ္ဘာထဲမှာ မြေကြီးရှိတယ်
မြေကြီးထဲမှာ အရိုးရှိတယ်
အရိုးထဲမှာ ဘယ်တော့မှမဆွေးတဲ့
ကြွေးကြော်သံတွေရှိတယ်။

ငါ့တို့ရင်ထဲက
တစ်ဝက်ချထားတဲ့အလံ
အခုအထိ လွင်ပျံနေတုန်းပဲ။


၁၉/၈၈
မောင်လှမျိုးချင်းချောင်းခြံ
သမိုင်းသေမှာစိုးလို့
ငါတို့အသက်အသေခံခဲ့ကြတာ
သမိုးဆိုတာ ဘာမှန်းမသိရင် . . . . နေ
ဘ၀‚ဆိုတာ လွတ်မြောက်ဖို့လိုတယ်လို့သိရင် . . . . .
ငါတို့ . . .  ပေးဆပ်ရကျိုးနပ်ပါပြီ။

လူလူချင်း အနိုင်ကျင့်နေတာကို
မကြည့်ချင်တော့လို‚
အသက်အသေခံပြီး တွန်းလှန်ခဲ့ကြတာ။
ဘုရားစူးရစေရဲ့
ဒင်းတို့ကို ကြောက်စရာလို့တောင် မထင်ခဲ့ဘူး။

မဖြစ်မနေသွန်ပစ်ရမယ့်
မစင်ခွက်တွေလိုသဘောထားပြီး
ငါတို့‚
ခြေကန်မှောက်လှဲပစ်ခဲ့ကြတာ။

ဘာလိုလိုနဲ့
ငါတို့သွေးတွေ . . .  ပင်လယ်ဝေခဲ့ပါရောလား
ညီမ‚လေး . . . ၀င်းမော်ဦးရေ . . . .။   
(၁၉-၉-၈၈)ရက်နေ့တွင် ကျဆုံးခဲ့သော ညီမလေး
ဝင်းမော်ဦးနှင့် အာဇာနည်များ အားလုံးသို့ . . . ။



အလံတော်
ကွန်စစ်ကောင်း

မိဘတွေက
သားသမီးတွေကို လက်ဆင့်ကမ်း
အစ်ကိုတွေက အစ်မတွေ
ညီ ညီမလေးတွေ မောင်လေးတွေကို လက်ဆင့်ကမ်း
သားစဉ်မြေးဆက် လက်ဆင့်ကမ်း
အဲဒီလမ်းပေါ်မှာ
အဲဒီလက်ဆင့်ကမ်းလမ်းပေါ်မှာ
ခိုင်ခိုင်မာမာ ဆွဲကိုင်သယ်ဆောင်သွားရမယ့်အလံတော်
အဲဒီလက်ဆင့်ကမ်းလမ်းပေါ်မှာ
ကမ္ဘာတည်သရွေ့ ဝှေ့ယမ်းသယ်ဆောင်သွားရမယ့် အလံတော်
ရှစ်လေးလုံးအလံတော်
ဒီမိုကရေစီအလုံတော်
တော်လှန်ရေးအလံတော်
ရှစ်လေးလုံးဒီမိုကရေးစီတော်လှန်းရေးအလံတော်။


ငါတို့ရဲ့ သြဂတ်စ်
မြတ်လှိုင်း

သြဂတ်စ် . . .  တဲ့
ကြီးကျယ်မြင့်မြတ်မှုရဲ့ အဓိပ္ပါယ်နဲ့
သူ့ကိုယ်သူ ဖွင့်လှပ်လိုက်တယ် . . .။

ဒါပေမယ့်
တစ်ခုသော သြဂတ်စ်လ
ရဲတိုက်ကို မိုးကြီးပစ်တဲ့ သင်္ကေတ
အနက်ရောင်ကာလတစ်ကို ရိုက်ချိုး
မိုးရေထဲမှာ အနီရဲရဲတွေ ကြွေပြ
ငါတို့ဟာ အနာဂတ်လို့ ဟစ်ကြွေးခဲ့ကြတယ်။

လူကိုရတဲ့သူဟာ
လောကကိုအောင်နိုင်တဲ့သူ . . . တဲ့ငါ့တို့စပြီး ဖွင့်လှစ်ခဲ့တဲ့ သြဂတ်စ်
အနာဂတ်ကို ငါတို့ရခဲ့ကြပြီလား
ရဲရင့်တဲ့ခြေလှမ်းတွေ မရပ်တန့်ဖို့လိုတယ်။


ရှစ်လေးလုံး
အေးကျော်
သွေးသံတရဲရဲနဲ့
အလဲလဲအပြိုပြို ဖြစ်ခဲ့တာတောင်မှ
လမ်းပေါ်ကို လူတွေ ထွက်လာခဲ့ကြ
လမ်းပေါ်မှာ လူတွေ ကြွေးကြော်ခဲ့ကြ
လမ်းပေါ်မှာ လူတွေ သေဆုံးခဲ့ကြ
ဒီရက်၊ ဒီလ၊ ဒီနှစ်မှာ . . .
အဲဒါတွေ . . . ဖြစ်ခဲ့တယ်။


ကမ္ပည်းတင်တဲ့လ
ဆန်နီ
လူထုရဲ့ အကြီးအကျယ်ခမ်းနားဆုံး တေးတစ်ပုဒ်
ငါတို့ရဲ့ သြဂုတ်လမှာ မွေးဖွားသန့်စင်ခဲ့။

ဧရာဝတီဟာ
မြွေဟောက်တစ်ကောင်လို တွန့်လိမ်လှိုင်းထ
စစ်အာဏာရှင်တို့ရဲ့ သွေးပျက်ညတွေ
အဲဒီ သြဂုတ်လမှာ ဖြစ်ခဲ့တယ်။

ကျောင်းနံရံပေါ်က သွေးစက်တွေနဲ့
လူထုမြစ်ကြီးတွေ စီးခဲ့
ရကန်ကုန်မြို့လယ်ရဲ့ လမ်းမကြီးတွေ
ဧရာမရင်ခုံသံ သိမ့်သိမ့်တုန်လို့ . . . .

အံကြိတ်နေတဲ့ အလံတွေ မိုးစက်မိုးပေါက်တွေကြား
သွေးသံရဲရဲလွင့်ပျံလို့ . . .
ကမ္ဘာမြေပေါ်က လွတ်လပ်ရေးတေးသံ
ကမ္ပည်းမော်ကွန်းရေးထိုးခဲ့တဲ့
အဲဒါ ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ သြဂုတ်လ။

သြဂတ်စ်တေးသံ
သက်နှင်းဆွေပုပ္ပါး
ကြယ်တွေ ကြွေခဲ့
မြေဇာပင်တွေ ကြေခဲ့
ဘ၀ရေစီးကြောင်းတွေ ပြောင်းခဲ့
ချစ်သူငယ်ချင်းတွေ ကွဲကွာသွားခဲ့
ချစ်သူတွေချင်းလည်း ခွဲခွာစေခဲ့
အဲဒီ သြဂတ်စ်ရဲ့ ကောင်းကင်ထဲ
အမှန်တရားမြားတွေ ကျိုးပဲ့
တစ်သွေးတစ်သံ တစ်မိန့် ကျည်ဆန်တွေ ပလူပျံခဲ့
စစ်ဖိနပ်သံတွေကြားမှာ
ဖရိုဖရဲ မိုးရေစက်တွေ ပြိုဆင်းသွားခဲ့
အနီရောင် မျက်ရည်စတွေ စတေးလုက်ရတာ
ပါလား . . . .။

တင်းမာခြင်း၊ ချုပ်ကိုင်ခြင်း ခံပြင်းခြင်း ပုံရိပ်တွေနဲ့
ကြိတ်မနိုင ခဲမရ သံစဉ်တွေကို ၀ါးမျိုညပီး
ကြေကြေကွဲကွဲ ရပ်ပြနေတဲ့ အဲဒီရှစ်ဂဏန်းလေးခု
ကြည့်စမ်း . . .
မိုးရာသီပေါင်း နှစ်ဆယ်လေးကြိမ်တိုင်ခဲ့ပြီ
နီနေတုန်း ရဲနေတုန်း လွင့်နေတုန်းပါလား .. . ။

ဟောဒီ . . . သြဂတ်စ်ကောင်းကင်ထဲမှာပဲ
အနီရောင် နှတလုံးသားမဲ့ ကြယ်ဖြူတစ်ပွင့်
မားမားမတ်မတ် ပျံသန်းလို့လာခဲ့
(ဒီမိုကရေစီအလင်းရောင် . . .)
အရင်းအနှီးတွေ တောင်လို ပုံခဲ့တယ်။


တံတား
မောင်စိန်ဝင်းပုတီးကုန်း
နေရာသစ်ကို သွားဖို့
တံတာတစ်ခုလိုနေစဉ် . . .

သူရဲကောင်းတို့ရဲ့သွေး
မီးသတ်ပိုက်နဲ့ ပက်ပြီး ဆေးလည်းမစင်
ဝိဉာဉ်တွေပူးကပ်
စိတ်ဓာတ်တွေရင့်ကျက်
တစ်ယောက်ကျလျှင် တစ်ယောက်တက်
ဘက်နက်နဲ့အထိုးခံ
ကျည်ဆန်ကိုအန်တု
ပြည်သူတွေနဲ့ ပြည်သူ့ရင်သွေး
အသက်များစွာ စတေးခံ
သွေးလျှံတဲ့ အဖြစ်အပျက်
ခေတ်အဆက်အဆက် မနေို့င်စရာ . . . .

အဲဒီလက်တွေနဲ့ တည်ဆောက်ထားတဲ့
မရဏတံတားပေါ်ကိုနင်း
အလင်းရှိတဲ့နေရာသစ်
ကျန်ရစ်သူတွေဦးတည်လျှောက်
ပန်းတိုင်ရှိရာ မရာက်မချင်း . . . .။


၈.၈.၈.၈
မောင်စိမ်းနီ
ဓနရှင်အလို မရှိသည်ကအစ
မြင်းခွာပေါက်သံတဖြောင်းဖြောင်း
ဟောင်းနွမ်းနေတဲ့ အလံတော်
အိုးဝေသံတွန်ကျူးလို့
အသစ်အသစ်တို့ မော်ဖူး အရုဏ်ဦးမှာ။


ရဲသော် မသေ
အောင်ညိုအေးပန်းတော
ကြယ်တွေကြွေသလို ပန်းတွေ ကြွေသလို
အာဏာရှင်ရဲ့ ပလ္လင်ခြေမှာ
အညတြတွေ သွေးချောင်းစီးခဲ့ . . . .

၁၃၀၀ ပြည့်အရေးတော်ပုံမှာ
အရွယ်စုံ အသွေးစုံတို့ရဲ့မာန်
ခွပ်ဒေါင်းအလံတော်မှာ စုဝေး
ကမ္ဘာမကြေ တေးကိုသံပြိုင်ဆိုရင်း
ဘရင်းကယ်ရီယာနဲ့ လှံစွပ်တွေကြား
အကြောက်တရားကို မြေမြှုပ်ခဲ့ကြ . . . .

အဲလို . . .  အာဏာရှင် ခြေတော်တင်ခဲ့ရတဲ့
ကမ္ဘာမကြေ . . . မြန်မာပြည်မှာ
အနေမြင့် . . . သရေတင့်စေဖို့
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
တိုက်ပွဲညီလို့ ရောင်နီသမ်း
(၂၄)နှစ်တာ လမ်းမပေါ်မှာတော့
(ကျဆုံးသူများရဲ့ . . . .)
ဝိဉာဉ်ပန်းတွေ ပွင့်ခဲ့ကြတယ်။













Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget