မလုံမခြုံဝတ်စား ၀တ်ဆင်မှုကြောင့် TV အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေစဉ်
ပရိတ်သက်တဦးက စင်ပေါ်တက်၍ ပါးရိုက်
ဘောလိဝုဒ်မင်းသမီး ဂွာရာခန်သည် မွန်ဘိုင်းမြို့ ဂေါ်ရာကုန်းတွင်ကျင်းပပြုလုပ်သော
Raw Star အဆိုပြိုင်ပွဲတွင် အခမ်းအနားမှူးအဖြစ်ဆောင်ရွက်နေစဉ် အသက် ၂၄နှစ်
အရွယ် အာကီးလ်မာလစ် ဆိုသူ ပွဲကြည့်ပရိတ်သက်တဦးက မလုံမခြုံဝတ်စားသည်
ဟုဆိုကာ စင်ပေါ်တတ်၍ ပါးရိုက်ခဲ့သည်။
အဆိုပါ TV အစီအစဉ်၏ နောက်ဆုံးအဆင့်ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့်နေစဉ်
အတွင်း ယင်းကဲ့သို့ ကိုယ်ထိလက်ရောက် စော်ကားခံရသည့်အတွက် ဂွာရာခန်သည်
သူမ၏ပါးပြင်အား လက်ဖ၀ါးဖြင့်အုပ်ကာ ချေက်ချားတုန်လှုပ်သွားခဲ့သည်ကို တွေ့ရသည်။
အာကီးလ်မာလစ်သည် ဂွာရာခန်ဝတ်ဆင်သည့် နောက်ကြောပေါ်ဂါဝန်ကြောင့် ဒေါသ
ထွက်၍ ကိုယ်ထိလက်ရောက် ကျုးလွန်သည်ဟု သိရသည်။
“မွတ်စလင်အမျိုးသမီးတယောက်ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဒီလို အ၀တ်အစားမျိုး
မ၀တ်သင့်ဘူး”ဟု မာလစ်ကပြောကြောင်း မွန်ဘိုင်းရဲတပ်ဖွဲ့က ပြောသည်။မာလစ်အား
အိန္ဒိယနိုင်ငံ ရာဇသတ်ကြီး အခန်း ၃၅၄ အရ ကာယိအိနြေ္ဒပျက်ပြားစေမှုဖြင့်
အရေးယူထားသည်။
ယင်းပြိုင်ပွဲအား ကြည့်ရှုသူ ပရိသက် ၂၅၀၀ ခန့်ရှိ၍ လုံခြုံရေးအင်အား ၂၅၀ ခန့်ချ
ထားသော်လည်း လက်ရောက်ကျုးလွန်သူမာလစ်သည် စင်ပေါ်သို့ မည်သို့မည်ပုံ
ရောက်ရှိသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဂွာရာခန်အား
လုံခြုံရေးအစောင့်အကြပ်များက ပြိုင်ပွဲခန်းမအတွင်းမှ ခေါ်ထုတ်သွားခဲ့ရပြီး
တနာရီခန့်ကြာပြီနောက်မှ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
စောင့်ကြည့်ဂျာနယ်။
ဒီမင်းသမီလည်း မမှားဘူး ၊သို့သော်မွတ်ဆလင်းကျမ်းအရတော့ မှားနေတယ်။
ထင်လင်းဦးလည်းမမှားဘူး၊သို့သော် လက်ရှိမြန်မာနိုင်ငံရေးနှင့်ရောယှက်နေသော
ဗုဒ္ဓဘာသာအရ မှားနေတယ်။
ဒါ့အပြင် . .
ငါဆိုသောအလင်းရှင်ကိုလည်းပဲ လက်ရှိသင်္ကန်းပတ်တွေက ဒိဋ္ဌသိလေသော်
ထင်လင်းဦးလိုပင် 295/က နဲ့ တရားစွဲစေဦးတော့မည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment