.

AlinShin

Saturday, May 31, 2014

ပြည်သူနှင့် “ပြည်သူ့အမိ”

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၁၅)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၁၅)
   ̏ အမုန်းတရားကို ”
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
သြော်   ..  ဒဿနလေးတွေတောင် မရေးဖြစ်တာကြာလှပြီ။ 
အခုတာ့ ဒါလေးတွေးမိလို့ကောက်ကာငင်ကာ ရေးမိလိုက်တာပါ။ အမုန်းတရား
ဆိုတာ တရားကိုယ်ကောက်တော့ ဒေါသပဲကွဲ့။ တို့ဘုရားကတော့ ဒီအမုန်းတရား
တွေကိုလည်း ကုသိုလ်တရားအဖြစ်မဟောခဲ့ပါဘူး။ ဒါလေးကိုကိုယ်တိုင်တွေးပြီး
ကိုယ့်ရင်ဘတ်ထဲမှာများ အမုန်းတရားများရှိနေလားလို့ recover လုပ်ကြည့်မိတယ်။
ကိုယ်လည်းပုထုဇဉ်ရဟန်းမျှသာဆိုတော့ ဘယ်ကင်းပါ့မလဲသို့သော် မရှိသင့်မရှိထား
မထားအပ် မထားထိုက်သော ဒီအမုန်းတရားတွေကိုတော့ သတိပဋ္ဌာန်နဲ့လျှော်ဖွတ်
သင့်တယ်။ 
တို့များစာရေးနေတာ  . . တရုတ်ကိုမုန်းလို့ ၊ ကုလားကိုမုန်းလို့ ၊စစ်ခွေးနဲ့ခရိုနီကိုမုန်း
လို့  ..  စသည်ဖြင့် အမုန်းတရားများနဲ့ရေးတယ်မထင်နဲ့ ၊ ရောက်ရှိလာသောလူဘဝ
ရဟန်းဘ၀မှာ သစ္စာဝါဒီ သစ္စာဘူတသမားတစ်ယောက်အဖြစ် မျှဝေခံစားမိတာပါ။
ကမ္ဘာလောကကြီးမှာ ယေဘူယျအားဖြင့် လူဆိုးနဲ့လူကောင်း ဒီနှစ်မျိုးပဲရှိတာပါ။
အကုသိုလ်နဲ့ကုသိုလ်လို့ ထပ်ချဲ့ကားကြည့်ပါ။ ဒီတော့က မင်းတို့ငါတို့က ဘယ်လိုစာ
ရင်းမှာလက်မှတ်ထိုးကြမှာတုန်း။ လူဆိုးလား? လူကောင်းတလား ? ကုသိုလ်လား
အကုသိုလ်လား ဒါပဲ  .. ဒါပဲ။ 
ငါအားလပ်တိုင်းစာရေးတာ လူကောင်း.ကုသိုလ်စိတ်နဲ့သာစာရေးပညာအလင်းပါရ
မီမျှသာပါလို့ ဆိုပါရစေ . . . 
ဒါ့ကြောင့် အများသူငှာတွေကို နှိပ်စက်ကလူပြုနေတဲ့ စစ်ခွေးကြံ့ဖွတ်တွေ  . . 
နောက် အတ္တသမားတရုတ်ကြီးနဲ့ ခရိုနီတစ်သိုက် ဒီလူမိုက်တွေရှိနေသရွေ့မြန်မာ
တင်မကဘူး ကမ္ဘာကြီးပါ စိတ်ဆင်းရဲနေရမှာပါ။လက်တွေ့ကတော့ ရခိုင်ဒေသနဲ့
လက်ပတောင်းတောင်ဒေသခံပြည်သူတွေခမျာမှာ ဘုရားပုထိုးတွေအဖျက်ခံရ
သိမ်ကျောင်းတွေအဖျက်ခံရ ရွာတွေအဖျက်ခံရနဲ့ အတော်ကိုပဲအတိဒုက္ခအသွယ်
သွယ်ရောက်နေရပါတယ်။ အခုလက်ပတောင်းတောင်မှာ ညဘက် ရွာသားတွေ
ကင်းစောင့်နေရတယ်။ ကဲ  ..  ဒီဒုက္ခတွေကို ကျုပ်တို့တွေ မျှဝေခံစားနားလည်
တက်မယ်ဆိုရင် ဒီအကုသိုလ်တရုတ်ကြီးစစ်ခွေးခရိုနီတစ်သိုက်ကို ရိုက်သတ်ပစ်
ဖို့ပဲ စိတ်ကူးနေကြလိမ့်မယ်နဲ့တူတယ်။
█ ░ အလင်းရှင် ░ █
̏ အမုန်းတရားကို ”
◄►•••× •••× ◄►•••×•••×◄►
သြော် .. ဒဿနလေးတွေတောင် မရေးဖြစ်တာကြာလှပြီ။
အခုတာ့ ဒါလေးတွေးမိလို့ကောက်ကာငင်ကာ ရေးမိလိုက်တာပါ။ အမုန်းတရား
ဆိုတာ တရားကိုယ်ကောက်တော့ ဒေါသပဲကွဲ့။ တို့ဘုရားကတော့ ဒီအမုန်းတရား
တွေကိုလည်း ကုသိုလ်တရားအဖြစ်မဟောခဲ့ပါဘူး။ ဒါလေးကိုကိုယ်တိုင်တွေးပြီး
ကိုယ့်ရင်ဘတ်ထဲမှာများ အမုန်းတရားများရှိနေလားလို့ recover လုပ်ကြည့်မိတယ်။
ကိုယ်လည်းပုထုဇဉ်ရဟန်းမျှသာဆိုတော့ ဘယ်ကင်းပါ့မလဲသို့သော် မရှိသင့်မရှိထား
မထားအပ် မထားထိုက်သော ဒီအမုန်းတရားတွေကိုတော့ သတိပဋ္ဌာန်နဲ့လျှော်ဖွတ်
သင့်တယ်။
တို့များစာရေးနေတာ . . တရုတ်ကိုမုန်းလို့ ၊ ကုလားကိုမုန်းလို့ ၊စစ်ခွေးနဲ့ခရိုနီကိုမုန်း
လို့ .. စသည်ဖြင့် အမုန်းတရားများနဲ့ရေးတယ်မထင်နဲ့ ၊ ရောက်ရှိလာသောလူဘဝ
ရဟန်းဘ၀မှာ သစ္စာဝါဒီ သစ္စာဘူတသမားတစ်ယောက်အဖြစ် မျှဝေခံစားမိတာပါ။
ကမ္ဘာလောကကြီးမှာ ယေဘူယျအားဖြင့် လူဆိုးနဲ့လူကောင်း ဒီနှစ်မျိုးပဲရှိတာပါ။
အကုသိုလ်နဲ့ကုသိုလ်လို့ ထပ်ချဲ့ကားကြည့်ပါ။ ဒီတော့က မင်းတို့ငါတို့က ဘယ်လိုစာ
ရင်းမှာလက်မှတ်ထိုးကြမှာတုန်း။ လူဆိုးလား? လူကောင်းတလား ? ကုသိုလ်လား
အကုသိုလ်လား ဒါပဲ .. ဒါပဲ။
ငါအားလပ်တိုင်းစာရေးတာ လူကောင်း.ကုသိုလ်စိတ်နဲ့သာစာရေးပညာအလင်းပါရ
မီမျှသာပါလို့ ဆိုပါရစေ . . .
ဒါ့ကြောင့် အများသူငှာတွေကို နှိပ်စက်ကလူပြုနေတဲ့ စစ်ခွေးကြံ့ဖွတ်တွေ . .
နောက် အတ္တသမားတရုတ်ကြီးနဲ့ ခရိုနီတစ်သိုက် ဒီလူမိုက်တွေရှိနေသရွေ့မြန်မာ
တင်မကဘူး ကမ္ဘာကြီးပါ စိတ်ဆင်းရဲနေရမှာပါ။လက်တွေ့ကတော့ ရခိုင်ဒေသနဲ့
လက်ပတောင်းတောင်ဒေသခံပြည်သူတွေခမျာမှာ ဘုရားပုထိုးတွေအဖျက်ခံရ
သိမ်ကျောင်းတွေအဖျက်ခံရ ရွာတွေအဖျက်ခံရနဲ့ အတော်ကိုပဲအတိဒုက္ခအသွယ်
သွယ်ရောက်နေရပါတယ်။ အခုလက်ပတောင်းတောင်မှာ ညဘက် ရွာသားတွေ
ကင်းစောင့်နေရတယ်။ ကဲ .. ဒီဒုက္ခတွေကို ကျုပ်တို့တွေ မျှဝေခံစားနားလည်
တက်မယ်ဆိုရင် ဒီအကုသိုလ်တရုတ်ကြီးစစ်ခွေးခရိုနီတစ်သိုက်ကို ရိုက်သတ်ပစ်
ဖို့ပဲ စိတ်ကူးနေကြလိမ့်မယ်နဲ့တူတယ်။
█ ░ အလင်းရှင် ░ █

ကိုယ့်သမီးကိုပြန်မုဒိန်းကျင့်တဲ့ ကြံ့ဖွတ်စစ်ခွေးအုပ်စုထက်၊ ပထွေးကိုသာအဖေါ်ခေါ်လိုက်ချင်

Photo: ကိုယ့်သမီးကိုပြန်မုဒိန်းကျင့်တဲ့ ကြံ့ဖွတ်စစ်ခွေးအုပ်စုထက်၊ ပထွေးကိုသာအဖေါ်ခေါ်လိုက်ချင်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ ♥  ♥  ♥ 
https://www.facebook.com/tar.won.3?fref=nf
Tig Er ရေ  . . စေ့စေ့တွေးတော့ရေးရေးပေါ် ဆိုတဲ့စကားလိုပေါ့
တကယ်တွေးကြည့်တော့ မြန်မာဗမာဘယ်လိုပဲခေါ်စေကာမူ စစ်အာဏာရှင်တစ်စုတို့ရဲ့ ယုတ်မာပတ်စက်မှု့ကြောင့်  . .. 
အလင်းရှင်အလိုကိုပြောရပါမူကား ပညာရှိသူများတော့ လက်သင့်ခံကြပေ လိမ့်မည်။မျိုးချစ်ဖိုးချစ်ဆိုတဲ့နာမည် တပ်ငတုံးများကတော့လက်သင့်ခံမည်မဟုတ်။ သာဓကပြောမည်။ (၁)အင်္ဂလိပ်လက်ထက်တွင်ဘုန်းကြီးများထောင်ကျသော်သင်္ကန်းဝတ်ရုံခွင့်ရသည်။ ဗမာစစ်ခွေးလက်ထက်တွင်ရသလား? 
ဒီမေးခွန်းလေးတစ်ခွန်းနဲ့တင် အလင်းရှင်ပြောကြားသောကွန်မန်းရဲ့အဖြေသည်
လုံလောက်သောမှန်ကန်သည့်ဥပမေယျပင်ဖြစ်ပါသည်။ 
ရဟန်းသံဃာတော်တို့အား လိုလျှင် ပူဇော် မလိုလျှင် ထောင်ချ ရက်စက်လှသည့်
ဗမာစစ်ခွေးအယုတ်တမားများ ကြီးဆိုးနေခြင်းထက်  .. (၀ါ) လိုလျှင်ဘုရားတတည်ကျောင်းဆောက်သိမ်ဆောက်၊မလိုလျှင်ရှေးဟောင်းဘုရား
၊ရှေးဟောင်းသိမ်တို့ကိုပင်သမိုင်းဝင်အမွေအနှစ်ဖြင့်မထား မိုင်းခွဲဖျက်ဆီးတက်သော (၀ါ) ပြည်သူပြည်သားကို ဆင်းရဲနွမ်းပါးသူများပါတကားဟုကရုဏာမထား 
ရွာလုံးကျွတ် ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးတက်သော (၀ါ) ကိုယ့်သမီးကိုယ်ပြန်
မုဒိန်းကျင့်သော ဗမာစစ်ခွေးတွေထက် . . .တိုင်းတစ်ပါးသားကို သာပြေး၍ပထွေး
ခေါ်လိုက်ချင်တော့ .. သည်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမျြို့နယ် ၊ ရန်ကုန်
https://www.facebook.com/tar.won.3?fref=nf
Tig Er ရေ . . စေ့စေ့တွေးတော့ရေးရေးပေါ် ဆိုတဲ့စကားလိုပေါ့
တကယ်တွေးကြည့်တော့ မြန်မာဗမာဘယ်လိုပဲခေါ်စေကာမူ စစ်အာဏာရှင်တစ်စုတို့ရဲ့ ယုတ်မာပတ်စက်မှု့ကြောင့် . ..
အလင်းရှင်အလိုကိုပြောရပါမူကား ပညာရှိသူများတော့ လက်သင့်ခံကြပေ လိမ့်မည်။မျိုးချစ်ဖိုးချစ်ဆိုတဲ့နာမည် တပ်ငတုံးများကတော့လက်သင့်ခံမည်မဟုတ်။ သာဓကပြောမည်။ (၁)အင်္ဂလိပ်လက်ထက်တွင်ဘုန်းကြီးများထောင်ကျသော်သင်္ကန်းဝတ်ရုံခွင့်ရသည်။ ဗမာစစ်ခွေးလက်ထက်တွင်ရသလား?
ဒီမေးခွန်းလေးတစ်ခွန်းနဲ့တင် အလင်းရှင်ပြောကြားသောကွန်မန်းရဲ့အဖြေသည်
လုံလောက်သောမှန်ကန်သည့်ဥပမေယျပင်ဖြစ်ပါသည်။
ရဟန်းသံဃာတော်တို့အား လိုလျှင် ပူဇော် မလိုလျှင် ထောင်ချ ရက်စက်လှသည့်
ဗမာစစ်ခွေးအယုတ်တမားများ ကြီးဆိုးနေခြင်းထက် .. (၀ါ) လိုလျှင်ဘုရားတတည်ကျောင်းဆောက်သိမ်ဆောက်၊မလိုလျှင်ရှေးဟောင်းဘုရား
၊ရှေးဟောင်းသိမ်တို့ကိုပင်သမိုင်းဝင်အမွေအနှစ်ဖြင့်မထား မိုင်းခွဲဖျက်ဆီးတက်သော (၀ါ) ပြည်သူပြည်သားကို ဆင်းရဲနွမ်းပါးသူများပါတကားဟုကရုဏာမထား
ရွာလုံးကျွတ် ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးတက်သော (၀ါ) ကိုယ့်သမီးကိုယ်ပြန်
မုဒိန်းကျင့်သော ဗမာစစ်ခွေးတွေထက် . . .တိုင်းတစ်ပါးသားကို သာပြေး၍ပထွေး
ခေါ်လိုက်ချင်တော့ .. သည်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမျြို့နယ် ၊ ရန်ကုန်

Thursday, May 29, 2014

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ
၁။ ရဲတံခွန် ဆောက်လုပ်ရေး ။
လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။
ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် - ၂၈ နှစ်ခန့်  ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး ၅လ လောက်အတွင်းမှာ ကွဲသွားတယ်။လက်ဖွဲ့ ငွေသိန်း ၁,၂၀၀ ကျော်ကျော် ရတယ်။ လင်မယား ကွဲတဲ့အခါလက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ် ဆိုတဲ့ သူမျိုး ဖြစ် တယ် ။ Sunday Mart စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။

၂။ Sun Tac ပိုင်ရှင်က စစ်တိုင်းအောင် ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။
ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။
၃။ ဆန်းဒေးမတ် Sunday Mart ( အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်။ )
၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား။ )
၅။ Happy Noodel - ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် ယူထား ။
၆။ MICT မှာ အောင်စိုးသာအစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။
၇။ MMS Company - Super Market and Hotel Business က ကျော်မျိုးညွန့် နဲ့ ပတ်သက်တယ်။
အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့ သား)
ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း ( ဂျပန်) သမီးနဲ့ ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထား သေးတယ်၊၊
၈။ J & J မှာ ဗိုလ်ချုပ်သန်းရွှေသား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။
၉။ Herritage Golf Club က ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် ရှယ်ယာ ပါတယ်။ အသက် ၂၃ နှစ်ခန့်။
၁၀။ ထူုးထရိတ်ဒင်း ။ ပိုင်ရှင် ဦးတေဇ ။ ( သူနဲ့ပတ်သက်တဲ့ အချက်အလက်အများစု ကို လူတိုင်းသိပြီး ဖြစ်နေသဖြင့် မဖေါ်ပြသေးပါ။ )
၁၁၊ ပုဂံ လေကြောင်းလိုင်း ။ ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်။
၁၂၊ Pacific High Tech စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦးပါတယ်။ သူ့ အဖေက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူကို ကိုမင်းလို့ ခေါ်ကြတယ်။ လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။
၁၃ -တော်ဝင် လျှပ်စစ် လုပ်ငန်းကို ဇင့်မြင်မောင် (ခ) စိုးစိုး ( ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ ( ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။
၁၄၊ အမည်မသိသေးတဲ့ ဆေးခန်း ( ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ)
၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် ၄၀ နှစ်ခန့် ၊ သူက ဗိုလ်မှူးချုပ်ကျော်ဝင်း ( ပြုတ်သွားတဲ့ ထောက်လှမ်းရေး။ ) သူ မိန်းမက ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ လုပ်ခဲ့ဘူးတယ်။ အလုပ်ကပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။
၁၅၊ ဖြူစိန်ဆိုင်-
ဗိုလ်ချုပ်တင်ဦး ( သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး ( အဆိုတော်လုပ်တယ်။ ဖြူဆိုတဲ့နာမည်နဲ့ ဆိုတယ်။ ) ဗိုလ်ချုပ်ညွန့်တင်သား ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း သမီး ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။
ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် - ဖြူ - ဆိုတဲ့ စိန်ဆိုင် ကို ဗိုလ်ချုပ် ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။
သူ့  ယောက်ျား မောင်မောင်ကျော်က စသုံးလုံး ဒုတိယ - ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။
ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့က လေဆိပ်မှာ ဖမ်း တယ်။ ဒါပေမဲ့ ဖြူဖြူ ဦးကိုယ်စား သူရဲ့ တပည့်မက အဖမ်းခံလိုက်ရတယ်။ အခု ထိထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမ က မကွေး ဇာတိ ဖြစ်တယ်။ ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဘူးတယ်။ ဒီမိန်းမဟာ အိမ်ထောင်ရှိသူ ဖြစ်တယ်။
၁၆။ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက ပိုင်ရှင်ဖြစ်တယ်။
သူမက အသက် ၅၀ ခန့်။သူမ အရင် ယောက်ျားက ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော်
(ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။)
၁၇။ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော - အသက် ၄၅ နစ်ခန့် ရှိတယ်။ တရုပ်ကိုးကန့် လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။
တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ) စစ်အစိုးရ နဲ့  ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။
သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
၁၈။ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။
ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ ( တရိစ္ဆာန်ဖြစ်တယ်။)။
၁၉၊ ကမ္ဘောဇဘဏ် - ပိုင်ရှင်က ဦးအောင်ကိုဝင်း ( ဆရာကျောင်း။) မောင်အေးရဲ့ စီးပွာရေး လက်ရုံး။
၂၀။ ဗိုလ်ချုပ်ရွေမန်းအမျိုးများအကြောင်း ( မကြာမီ ဖေါ်ပြပါမည်။ )
၂၁။ ယဉ်ဝင်းသူ MNT (Myan New Technology )
အသက် ၃၀ကျော်။ပြည်ပမှာ အနေများ ။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။
နန္ဒာအေးနဲ့ အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော ကန်ထရိုက်တာဖြစ်တယ်။ အရမ်းကြွယ်ဝ ချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် ခန့်မှန်းရတယ်။
၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ အချစ်တော်ဖြစ်ခဲ့ဘူးတာကြောင့် မောင်အေးသမက် အောင်သောင်း သားက သူမကို ကြည့်မရ ဖြစ်နေတယ်။
ဆက်လက်ဖော်ပြပါမည်။
We Fight We Win
https://www.facebook.com/allnewsmyanmar

သွေးနဲ့မျက်နှာသစ်နေရသူများ

Photo: သွေးနဲ့မျက်နှာသစ်နေရသူများ
☀ ✂•••× ☀ ✂•••× ☀  
ရံခါမှာ  .. 
ငါ့ကိုယ်ငါ အိပ်မက်ဖြစ်ဖို့ကြိုးစားမိခဲ့သလို 
အာဏာရှင်စနစ်ဆိုးကြီးဟာ ငါနဲ့သန်းခြောက်ဆယ်အတွက် မပြောပလောက်တဲ့
ဗွီဒီယိုဇာတ်လမ်းလေးဖြစ်စေချင်ခဲ့ပါတယ်။
သို့သော်  . . 
သက်ပြင်းတွေကြားထဲက နံက်ခင်းရဲ့ မျက်နှာသစ်သံတွေထဲမှာ 
စစ်ခွေးတွေကြောင့် ခုတ်ထစ်ခံရဟန်းရှင်လူတွေရဲ့သွေးပေါက်တွေကိုမြင်ရတယ်။
သြော်  . . သွေးနဲ့မျက်နှာသစ်နေရတဲ့ ပြည်သူတွေပါလား 
ဗုဒ္ဓမြတ်စွာက “အနတ္တအစိုးအမရ”ပါဘူးလို့ဟောခဲ့တဲ့ ပိဋကတ်ကို 
စစ်ခွေးတွေက “အတ္တအစိုးရ” လို့ဘာသာပြန်ကာ ပြည်သူပိုင်သယံဇာတတွေကို
တရုတ်လက်ထဲကိုထိုးအပ်ခဲ့ပြီးသူကိုယ်တိုင်လည်းတရုတ်ပြည်မှာအိမ်ဝယ်ထားခဲ့တယ်။
နှစ်ပေါင်း(၆၀) ကျော်တိုင်တိုင် စာမတက်ခဲ့ သန်းခြောက်ဆယ်မှာ  .. 
ဓမ္မနဲ့အဓမ္မကို မသိခဲ့ရတဲ့အပြင်  .. . 
“ထမင်းတစ်နပ်လျှော့စား” ခိုင်းလိုခိုင်း  ..  “ပါးရိုက်ခံရမယ်လို့ကျိန်းလိုကျိန်း”
ဆန်ကြမ်းတစ်ပြည်တစ်ထောင်ကိုတောင်မ၀ယ်စားနိုင်တဲ့ပြည်သူကို 
“ ကျန်းမာရေးအတွက်နွားနို့သောက်ခိုင်းတဲ့ သိန်းစိန်ကတစ်မျိုး”
“ သုတစာပေတစ်အုပ်ကို တန်ဘိုးအနဲဆုံး ငွေကျပ် (၃၀၀၀)လောက်ပေးဝယ်နေရတဲ့
အခြေအနေမျိုးမှာ လူတစ်ယောက်ကို တစ်နေ့ (၂၀၀၀)ကျပ်ရှိရုံနဲ့လုံလောက်ပါတယ်လို့
ပြောတဲ့ ဉာဏ်ထွန်းဆိုတဲ့လဒကတစ်မျိုး။ 
ဒါနဲ့  .. .  အမျိုးသားရေးဆိုင်းဘုတ်တင် ဘာသာစွဲဆိုတာကို
ကြော်ငြာကပ်  . . အာဏာရှင်သရဏံ ဂစ္ဆာမိလုပ်နေကြတယ်။
အမျိုးဘာသာသာသနာအတွက်ပုံရပ်ယောင်ပြထားတဲ့ (မဘသ)နဲ့(၉၆၉)တို့ဟာ
အာဏာရှင်သရဏံတွေရဲ့ Games ပွဲမှာ မူးမှတ်မဲ့နေကြတယ်။
ရခိုင်ကို ဘင်္ဂါလီနဲ့တိုက် ။ ပြည်သူကို မွတ်ဆလင်နဲ့တိုက် ။
ဒိုင်ပွဲအနိုင်ပေးခံရတဲ့ ဘင်္ဂါလီနဲ့မွတ်ဆလင်တွေကြားမှာ အမှတ်သာအလဲထိုးနိုင်
တဲ့ ရခိုင်နဲ့ပြည်သူပြည်သားတွေဟာ  ..  “အာဏာရှင်သရဏံဂစ္ဆာမိ”တွေရဲ့
အမျိုးသားနိုင်ငံရေးမှာ တွားသွားသလိုသွားနေကြရရှာလေတော့  .. သည်။
█ ░ အလင်းရှင် ░ █
ရံခါမှာ ..
ငါ့ကိုယ်ငါ အိပ်မက်ဖြစ်ဖို့ကြိုးစားမိခဲ့သလို
အာဏာရှင်စနစ်ဆိုးကြီးဟာ ငါနဲ့သန်းခြောက်ဆယ်အတွက် မပြောပလောက်တဲ့
ဗွီဒီယိုဇာတ်လမ်းလေးဖြစ်စေချင်ခဲ့ပါတယ်။
သို့သော် . .
သက်ပြင်းတွေကြားထဲက နံက်ခင်းရဲ့ မျက်နှာသစ်သံတွေထဲမှာ
စစ်ခွေးတွေကြောင့် ခုတ်ထစ်ခံရဟန်းရှင်လူတွေရဲ့သွေးပေါက်တွေကိုမြင်ရတယ်။
သြော် . . သွေးနဲ့မျက်နှာသစ်နေရတဲ့ ပြည်သူတွေပါလား
ဗုဒ္ဓမြတ်စွာက “အနတ္တအစိုးအမရ”ပါဘူးလို့ဟောခဲ့တဲ့ ပိဋကတ်ကို
စစ်ခွေးတွေက “အတ္တအစိုးရ” လို့ဘာသာပြန်ကာ ပြည်သူပိုင်သယံဇာတတွေကို
တရုတ်လက်ထဲကိုထိုးအပ်ခဲ့ပြီးသူကိုယ်တိုင်လည်းတရုတ်ပြည်မှာအိမ်ဝယ်ထားခဲ့တယ်။
နှစ်ပေါင်း(၆၀) ကျော်တိုင်တိုင် စာမတက်ခဲ့ သန်းခြောက်ဆယ်မှာ ..
ဓမ္မနဲ့အဓမ္မကို မသိခဲ့ရတဲ့အပြင် .. .
“ထမင်းတစ်နပ်လျှော့စား” ခိုင်းလိုခိုင်း .. “ပါးရိုက်ခံရမယ်လို့ကျိန်းလိုကျိန်း”
ဆန်ကြမ်းတစ်ပြည်တစ်ထောင်ကိုတောင်မ၀ယ်စားနိုင်တဲ့ပြည်သူကို
“ ကျန်းမာရေးအတွက်နွားနို့သောက်ခိုင်းတဲ့ သိန်းစိန်ကတစ်မျိုး”
“ သုတစာပေတစ်အုပ်ကို တန်ဘိုးအနဲဆုံး ငွေကျပ် (၃၀၀၀)လောက်ပေးဝယ်နေရတဲ့
အခြေအနေမျိုးမှာ လူတစ်ယောက်ကို တစ်နေ့ (၂၀၀၀)ကျပ်ရှိရုံနဲ့လုံလောက်ပါတယ်လို့
ပြောတဲ့ ဉာဏ်ထွန်းဆိုတဲ့လဒကတစ်မျိုး။
ဒါနဲ့ .. . အမျိုးသားရေးဆိုင်းဘုတ်တင် ဘာသာစွဲဆိုတာကို
ကြော်ငြာကပ် . . အာဏာရှင်သရဏံ ဂစ္ဆာမိလုပ်နေကြတယ်။
အမျိုးဘာသာသာသနာအတွက်ပုံရပ်ယောင်ပြထားတဲ့ (မဘသ)နဲ့(၉၆၉)တို့ဟာ
အာဏာရှင်သရဏံတွေရဲ့ Games ပွဲမှာ မူးမှတ်မဲ့နေကြတယ်။
ရခိုင်ကို ဘင်္ဂါလီနဲ့တိုက် ။ ပြည်သူကို မွတ်ဆလင်နဲ့တိုက် ။
ဒိုင်ပွဲအနိုင်ပေးခံရတဲ့ ဘင်္ဂါလီနဲ့မွတ်ဆလင်တွေကြားမှာ အမှတ်သာအလဲထိုးနိုင်
တဲ့ ရခိုင်နဲ့ပြည်သူပြည်သားတွေဟာ .. “အာဏာရှင်သရဏံဂစ္ဆာမိ”တွေရဲ့
အမျိုးသားနိုင်ငံရေးမှာ တွားသွားသလိုသွားနေကြရရှာလေတော့ .. သည်။
█ ░ အလင်းရှင် ░ █
 

ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ

ဟ်ာလန်၊ မေ ၂၈

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ ဟော်လန်နိုင်ငံမှာ ဘောလုံး ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ပရိသတ်တွေလည်း တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် ပုရိသပရိသတ်တွေက ပိုပြီးစိတ်ဝင် စားခဲ့ကြပါတယ်။

တစ်သင်းမှာ လေးဦးစီပါဝင်ပြီး လှပတဲ့အမျိုးသမီးငယ်တွေက အတွင်းခံသာ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားအကြို ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့သူကတော့ ဟော်လန်ကစားသမားဟောင်းဗန်ဒါမေဒီပါ။ ဗန်ဒါမေဒီက ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်တွေနဲ့ စကားတွေပြော ဓာတ်ပုံတွေရိုက်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေခဲ့လို့ အားကျစရာတောင် ဖြစ်ခဲ့ရပါတယ်။

ဒီပြိုင်ပွဲကို ဘရာဇီး၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ရုရှတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသမီးငယ်တွေက သူတို့ရဲ့ နိုင်ငံအလံအရောင်အတွင်းခံတွေကို ၀တ်ဆင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ဟော်လန်အသင်းက ဘရာဇီးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဦးဆောင်တဲ့ ဟော်လန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုလာမလဲဆိုတာကိုတော့

ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail
အောင်ငြိမ်းသွေး
Mizzima - News in Burmese
သစ်ထူးလွင်။ အလင်းရှင်။




စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောကျာ်း ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ် လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

မစ္စတာ စနိုးဒန်း က သူ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရုပ်သိမ်း ခဲ့တဲ့ အမေရိကန် အစိုးရကြောင့် ရုရှမှာ ခိုလှုံခွင့် ယူခဲ့ရတာကို ပြစ်တင် ပြောကြား ခဲ့ပြီးနောက် ဂျွန်ကယ်ရီ က ဒီလို တုံ့ပြန် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

သူ့မူလ ရည်ရွယ်ချက်က တောင်အမေရိက ကို သွားဖို့ ဖြစ်တယ်လို့ အမေရိကန် ရုပ်သံ တခုနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ စနိုးဒန်း က ပြောဆို ခဲ့ပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း တွေကို မစ္စတာ စနိုးဒန်း က သတင်းစာတွေမှာ မနှစ်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အလင်းရှင်

အမေရိကန် အစိုးရကို စနိုးဒန်း အပြစ်တင်

Friday, May 23, 2014

ဝိနည်းတရားတော်အား မှတ်သားလွယ်ကူစေရန်ကောက်နှုတ်ချက်



“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်

“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။

အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုးး
၁။ ဂရုကအာပတ်    ၂မျိုးး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုးး
ဂရုကအာပတ် ၂မျိုးး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ  
    ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုးး
၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀                                

✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
၁။ ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ )
၂။ သံဃာဒိသိသ် ၁၃ ပါး
(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။ သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။ သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်   လွန်သောကျောင်းကို ဆောက်မှု)
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ )
ရဟန်း အချင်းချင်း ဒေသ နာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀န်ခံလျှင် ပြေပျောက်နိုင်သော အပြစ်များ

၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀ (စွန့်ပြစ်ရမည်)
(စီဝရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)
(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)
(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)
၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး
(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ် (မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)
(ဘူတဂါမ၀ါဂ်)
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)
(ဘိက္ခုနောဝါဒ၀ဂ်)
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု)
(ဘောဇန၀ဂ်)
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန် တိုက်တွန်းမှု)
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
(အစေလက၀ဂ်)၉၀။ အစေလက သိက္ခာပုဒ် ( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
(သုရာပါန၀ဂ်)၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
(သပ္ပါဏက၀ဂ်)
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
(သဟဓမ္မိက၀ဂ်)
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)
(ရတန၀င်္ဂ ရာဇ၀ဂ်)
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ် (အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ် (ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)
(ဥဇ္ဖ ဂ္လိက၀ဂ်)
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)
(ခမ္ဘကတ၀ဂ်)
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
(သက္ကစ္စ၀ဂ်)
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
(သုရုသုရုဝဂ်)
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
၂၀၁။ သသိတ္ထက သိက္ခာပုဒ် (ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ် (ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ် (ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ် (ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၈။ အဓိကရဏ သမထ ၇ ပါး
ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
၂၂၁။ သမ္မုခါဝိနယသမထ
၂၂၂။ သတိဝိနယသမထ
၂၂၃။ အမူဠ၀ိနယသမထ
၂၂၄။ ပဋိညာတကရဏသမထ
၂၂၅။ ယေဘုယျသိကာသမထ
၂၂၆။ တဿပါပိယသိကသမထ
၂၂၇။ တိဏ၀တ္ထာရကသမထ
ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)

  ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ   
သံဃာဒိသိသ် ၁၃ ပါး
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကျောင်းကို ဆောက်မှု)
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ
REFERENCES
ဘုရားဥပဒေတော်ကြီး၊(မဟာဂန္ဓာရုံ)

█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget