.

AlinShin

Saturday, February 8, 2014

ပိုးသာကုန်တယ် မောင်ပုံစောင်းမတက်

 

ဆိုရေးရှိက ဆိုအပ်ရာ၏ ၊ဆိုစများလျှား ၊
ထားပချေမိ ၊ ငါ့ဝန်ရှိအံ့။
(ရှင်မဟာရဋ္ဌသာရ)
ကဲ .. ကဗျာက၀ိ စာက၀ိကြီးမိန့်ဆိုခဲ့သလို . .
မေးလျှောက်ထားသူများရဲ့ အမေးစကားကို ဖြေကြားရမည်ကား အလင်းရှင်ရဲ့
တာဝန်ပင်ဖြစ်တော့သည်။ မေးလျှောက်ထားသူက . .
အလင်းရှင်ဆရာတော်ဘုရား .. .
စစ်အာဏာရှင်များခရိုနီများသ
ည် ယခုအခါတွင်မြန်မာနိုင်ငံရဲ့လိုအပ်သောလူမှု့
ရေးကိစ္စများတွင်လည်းကောင်း၊
ဘာသာရေးကိစ္စများတွင်လည်းကောင်း၊ အကူ
အညီပေးခြင်းလှူဒါန်းခြင်းမျ
ားကိုပြုလုပ်ကြသည်ဘုရား . . ။ ယင်းသို့ပြုလုပ်ရာ
တွင် ထိုပုဂ္ဂိုလ်တို့လှူအပ်သောအလ
ှူအကျိုးပေးကို ဒေသနာတော်အရသိလိုပါ
သည်ဘုရား။ ဘုရားတပည့်တော်များသည် အိမ်ရာတည်ထောင်လူတို့ဘောင်တ
ွင်
အမျိုးမျိုးသောကိစ္စမအားလပ်မ
ှုကြောင့် ဘာသာရေးစာပေများကိုမလေ့လာအာ
ပါ ထို့ကြောင့် ဆရာတော်တို့မှ အခွင့်အခါသင့်သောအချိန်တွင်
အများသိရန်ဖြေ
ကြားပေးပါရန် ရိုသေလေစားစွာလျှောက်ထားအပ်
ပါသည်ဘုရား။
လျှောက်ကြားသူ
ခင်စန္ဒီမျိုးမြင့်(ပညာရေး)
ကဲ . . ဒကာမ မခင်စန္ဒီမျိုးမြင့် ရေ . . .
ဖြေဆိုရမည့်ဝန်အကြွေးကို နေ့စဉ်ထမ်းပိုးနေရသလိုဖြစ်၍
ဖြေဆိုခြင်ပါသော်
လည်း “လယ်တီဆရာတော်နှင့်လက်ပတောင
်းတောင်’’ အကြောင်းအခန်းဆက်
ဝတ္ထုတိုရေးသားနေရ၍ မချိန်မပေးနိုင်ခဲ့၍ လအတန်ပင်ကြာခဲ့ပါပြီ။ အခုတော့ဖြေ
ကြားရပေတော့မည် သို့မှလည်း ၀န်တစ်ခုပေါ့သွားပေမည်။
ဗုဒ္ဓစာပေသမိုင်းတွင် မာန်လည်ဆရာတော်ကြီး၏ မဃဒေ၀ကျမ်းကို မသိသူဟူ၍
မရှိစလောက်ရှားသည်။ ဘာ့ကြောင့်သိရလည်းဟူမှုကား .. ယင်းအလင်္ကာကျမ်း
သည် ပိဋကတ်သုံးပုံတွင်အပါအ၀င်ဖြ
စ်သည့် စရိယာပိဋတက် မူလပဏ္ဏာသပါဠိ
တော်နှင့် ဧကနိပါတ် ၊ သုတ် ၊ ဇာတ်သုံးမျိုးတို့ကို ထုံးလိုချေရေလိုနှောက်ပြီးေ
ရး
သားထားသောကျမ်းကြီးပင် ကျမ်းရင်းပါဠိတော်တွင်ကိုးက
ားသည်မဟုတ်ဘဲ ၊
အဋ္ဌကထာ၊ ဋီကာကျမ်းများကိုပင်လက်မလွှတ
် မွှေနှောက်ကာရေးသားပြုစုထား
သောကျမ်းတစ်ဆူဖြစ်ပါသည်။ ဒါတင်ပဲလား လို့မေးခြေက . .
ဒါတင်မကပါဘူး၊ ဓာတ်ကျမ်း၊နက္ခတ်ကျမ်း၊အဂ္ဂိရ
တ်ကျမ်း၊အင်္ဂ၀ိဇ္ဇာကျမ်း၊အစရှ
သော လောကီကျမ်းများကိုလည်း အပိုင်ချေထားသော ကဗျာ့ကျမ်းကြီးဖြစ်သော
ကြောင့် . . . .
(၁) တရားဟောဓမ္မကထိကနှင့်စာရေးဆရ
ာမှန်သမျှ
(၂) ဆေးဆရာ၊မှန်သမျှ
(၃)ဗေဒင်ဆရာမှန်သမျှ
(၄)ယုတ်စွအဆုံး နတ်ကတော်ပင်လျှင် ယင်းမဃဒေ၀ကဗျာ့ကျမ်းကြီးကို
ပင် ဆိုင်
ရာကဗျာပိုဒ်တို့အားယူသုံးရေ
ပသည်။ ဘာ့ကြောင့်ယူသုံးရသလည်းဆိုရင် ယင်း
ကဗျာ့ကျမ်းမှပေးသော အလင်္ကာဥပမေယျများကား . . တိုသည်၊ ထိသည်၊ မိသိ၊
ဖတ်သူအတွက် လိပ်ပတ်လည်မှုစသောအကျိုးကျေး
ဇူးများကိုပေးသောကြောင့်
ဖြစ်ပါသည်။
ကဲ .. ဒီလောက်မွန်းရင် လုံလောက်ပါပြီးဘာ့ကြောင့်မွ
န်းရသလဲဆိုရင် အလင်း
ရှင်ဆရာတော်ကိုယ်တိုင် ဘ၀တစ်လျှောက်လုံးတွင် ယင်းမဃဒေ၀အလင်္ကာ
ကျမ်းကြီးဖြင့် ခရီးဆက်နေရသောကြောင့်ပင်ဖြစ
်သလို .. အခုလည်း . .
“ {ကလူနိုင်ထက် ၊ နှိပ်စက် လျှပ်ဝါး ၊ တစ်ပါးသူကို ၊ မျက်ရည်ယိုအောင် ၊
ထိုထိုဒဏ်မှု ၊ ပြု၍ ယူထ ၊ အဓမ္မဖြင့် ၊ ရသည့်ဥစ္စာ ၊ အသပြာကို၊ လှူပါသောသူ ၊
တစ်သိန်းလူ၏ ၊ အလှူ တို့ကား ၊ တရားညီမှု ၊ နည်းငယ်ပြုသည့် ၊ ထိုသူ့ဒါန ၊
တစ်ခုမျှကို ၊ ပုံချတွက်ဘွဲ့ ၊ စံနှိုင်းရှဲ့သော် ၊ တဆဲ့ခြောက်စိတ် ၊ ခွဲဝေစိတ်၍ ၊
တစ်စိတ်ကိုမျှ ၊ မမီစွဟု ၊ ရှေးကပဉ္စသီ ၊ ချိုအီသာမော ၊ နတ်မင်းဟော၏}’’
လို့ မဃဒေ၀ကဆိုပါတယ်။
မေးလျှောက်သူ မခင်စန္ဒီမျိုးမြင့်(ပညာရေး)
ဒကမလေးရေ .. .
ဦးဇင်းရေးပေးလိုက်တဲ့ ဒကာမလေးလည်းပဲ မဃဒေ၀လင်္ကာလေးကို ဖတ်ပြီး
လောက်ပြီဆိုရင် .. အထူးရှင်းလင်းစရာမလိုလောက်ပ
ါ။ နောက် မေးသူဒကမ
လေးကလည်းပဲ (ပညာရေး)လို့ဆိုထားတော့ စာပေအရာမှာ ဒီလောက်ဝေးမည်
မထင်ပါ။
ဒါ့ကြောင့် အထူးရှင်စရာမလိုတော့သော်လည်
း ယင်းကဗျာကိုအရကောက်သော်
အားမနာတမ်းပြောရချေသော် ..
ယနေ့ခေတ် နာမည်ဆိုးထွက်နေသော . .
စစ်ခွေးဆိုးကြီးဗိုလ်သန်းရေ
ွှတို့အုပ်စုနှင့် လက်ဝေခံ ခရိုနီတစ်သိုက်ဆိုတာသန်း
ပေါင်းးများစွာသော ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို
ဖျက်ဆီးနှိပ်
စစ်သတ်ဖြတ်ပြီးမှရလာတဲ့ ဓနဥစ္စာဆိုတာ အထူးရှင်းပြစရာမလိုပါ။ မကြာသေးမီ
ကလည်း (၁၁)ဘီလျံကိစ္စသည် နိုင်ငံအ၀ှမ်းသိကြသည်ဟုပြေ
ာလျှင်မှားမည်မ
ထင်ပါ။
ထို့ကြောင့် ဓမ္မိယလာဒ်မဟုတ်သော အဓမ္မိယလာဘ်များဖြင့် လှူဒါန်သောအလှူ
ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါသူ၏အနည်းငယ်မှ
ျသော ဆန်ကြမ်းမုန့်အလှူကို
(၁၆)ပိုင်းကိုမျှ (၁)ပိုင်းတောင်မရဘူးလို့ဆို
မှတော့ . .
စစ်ခွေးဆိုကြီးများခရိုနီမျ
ားလှူသောအလှူကြီးသည် ဘယ်လိုများကောင်းကျိုးပေး
နိုင်ပါလိမ့်မလည်းဆိုတာ .. မခင်စန္ဒီမျိုးမြင့် စဉ်းစားတက်လောက်ပါပြီ။
အခြားစာဖတ်သူများလည်းပဲ နားလည်သဘောပေါက်လောက်ပြီဟု ဦးဇင်းယုံ
ကြည်မိပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာသူတော်စဉ်များအနေဖြ
င့် စစ်အာဏာရှင်များအပေါင်းအပါ
ခရိုနီများကဲ့သို့ သန်းခြောက်ဆယ်မျက်ရည်ကြီးပေ
ါက်ကြမှရသောဓနဥစ္စာဖြင့်လှူ
သောအလှူဒါနအား ယောင်လို့မျှသာဓုမခေါ်မိကြစေ
နှင့် မသိလို့ခေါ်မိသည်ကား
တစ်မျိုးပေါ့။ ယောင်လို့မှအားမကျလေနှင့် ၊ သူဆင်းရဲတို့လှူအပ်သောတစ်
ယောင်းမျှလောက်သောဆွမ်းသည်မ
ည်မျှပင်နည်းစေကာမူ ဒေသနာတော်အ
ရ အလွန်အတုမဲ့မွန်မြတ်သောဒါနြ
ဖစ်သည်။ ထိုဆင်းရဲသူတော်ကောင်းတို့လှူ
အပ်သောအလှူကို သာဓုခေါ်ကောင်းသည် ၊ ခေါ်လျှင်လည်းအကျိုးပေးသည်။
ထို့ကြောင့် အဓမ္မနည်းဖြင့် ခိုးဝှက်လုယက် သူတစ်ပါးအတိဒုက္ခရောက်မှချမ်
းသာ
အပ်သော ဓနဥစ္စာဖြင့် လှူအပ်သောခရိုနီ/
စစ်ခွေးတို့၏အလှူသည် “ပိုးသာကုန်
တယ်မောင်ပုံစောင်းမတက်’’ သောအလှူသာဖြစ်သည်။
ရိုးသားသောဆိုက္ကားနင်း၍သော်
လည်းကောင်း၊ဈေးရောင်း၍သော်လည်းကောင်း
ရှာဖွေကာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအားတက
်စွမ်းနိုင်သလောက် လှူဒါန်းခြင်း
ဖြင့် . . သူတော်ကောင်းတို့၏ ဒါနပါရမီကိုသာကြိုးစား
နိုင်ကြပါစေဟု . .. တိုက်တွန်းအပ်ပါသည်။

█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget