ဓာတ်ပုံ−ထိန်လင်း
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့အလယ်မှာ
တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား
ဦးသန့် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း(၄၀)ပြည့်ခဲ့ပါပြီ။ ဦးသန့်ကွယ်လွန်ပြီး
နောက်ပိုင်း ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ
ပြန်လည်သယ်ဆောင်ရာမှာ ရန်ကုန်မြို့ကို ၁၉၇၄ခုနှစ် ဒီဇင်ဘာလ ၁ရက်မှာ
ရောက်ရှိလာပါတယ်။ ဦးနေ၀င်းအစိုးရက ရန်ကုန်မင်္ဂလာဒုံလေ ဆိပ်ကနေ
မြင်းပြိုင်ကွင်းဟောင်း (ကျိုက္ကဆံကွင်း)မှာ ရုပ်ကလာပ်ထားရှိပြီး ကြံတော
သုသာန်မှာ ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်ဖို့ စီစဉ်ပါတယ်။
ဦးသန့်လို ပုဂ္ဂိုလ်တစ်ဦးကို သာမန်လူလို သဂြုင်္ိဟ်မယ့် ဒီအစီအစဉ်ကို မကျေနပ်တဲ့
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ဒီဇင်ဘာ ၅ ရက် နံနက်မှာ
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးပြီး လွမ်းသူ့ပန်းခွေတွေ
ကိုင်ဆောင်ကာ ကျိုက္ကဆံကွင်းဆီ ချီတက်ကြပါတယ်။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို
သဂြုင်္ိဟ်ဖို့ ကြံတောသုသာန်ဆီ သယ်ဖို့အလုပ်မှာ ကျောင်းသားထုက လက်မခံဘဲ
ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ တိုင်ပင်ပြီး ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်ဆီ
ဂျစ်ကားနဲ့ သယ်ဆောင်ကာ ဘွဲ့နှင်းသဘင်ခန်းမရှေ့ စင်မြင့်မှာ တင်ဆောင်ထား
ပါတယ်။ အဲဒီကနေစပြီး အာဏာပိုင်တွေနဲ့ အချင်းများကာ နာမည်ကျော် ဦးသန့်
အရေးအခင်းဆိုတာ ပေါ် ပေါက်လာတာပါ။ ဒီဇင်ဘာ၁၁၊ ၁၂ရက်တွေမှာ စစ်အစိုး
ရဟာ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ယနေ့ဟာ ဦးသန့်အရေး
အခင်း နှစ်(၄၀)ပြည့် အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် ဦးသန့်ရဲ့ အတ္ထုပ္ပတ္တိအ
ကျဉ်းကို ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။
- ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် မြေပိုင်ရှင်၊ ဆန်စက်ပိုင်ရှင် ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်၌ မွေးဖွားခဲ့သည်။
- မွေးချင်း လေးဦးရှိသည်။
- အသက် (၅)နှစ်အရွယ်တွင် ပန်းတနော်မြို့ ဆရာကြီး ဦးဘဟန် မြန်မာကျောင်း၌
ပညာစတင်သင်ယူခဲ့သည်။
- ၁၉၂၆ ခုနှစ်တွင် ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့သည်။
- ၁၉၂၈ခုနှစ် ဥပစာတန်းပြီးချိန် ကျောင်းထွက်လိုက်ပြီး ပန်းတနော်အမျိုးသားကျောင်းတွင်
ကျောင်းဆရာအဖြစ်ဆောင်ရွက်သည်။
အသက် ၂၂ နှစ်အရွယ်တွင် ပန်းတနော်အမျိုးသားကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သည်။
- ၁၉၄၇တွင် ဖဆပလအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိ
- ၁၉၄၈တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်
- ၁၉၄၉တွင် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်
- ၁၉၅၄တွင် ၀န်ကြီးချုပ် ဦးနု၏ အတွင်းဝန်အဖြစ် တာဝန် အသီးသီး ထမ်းဆောင်ခဲ့သည်။
- ၁၉၅၇ မှ ၁၉၆၁ ခုနှစ်ထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်သည်။
- ၁၉၆၁ နိုဝင်ဘာ ၃ ရက်တွင် ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးနေရာ၌
လုံခြုံရေးကောင်စီထောက်ခံချက်ဖြင့် ခန့်အပ်၊ နိုဝင်ဘာ ၃၀ ရက်တွင်
ကုလသမဂ္ဂအထွေထွေအစည်းအဝေးကြီးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်
အများသဘောတူခန့်အပ်သည်။
- ၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်တွင် ရာထူးမှ အနားယူသည်။
- ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့ မက်ဟန်တန်ဆေးရုံ ၌ ကွယ်လွန်သည်။
- ကွယ်လွန်ချိန်တွင် အသက်(၆၅)နှစ်ရှိပြီဖြစ်သည်။

ကျိုက္ကဆံကွင်းအတွင်းသို့ လာရောက်ဂါရ၀ပြုကြသော ပြည်သူလူထု

ရဟန်းရှင်လူကျောင်းသားပြည်သူများအား ဖမ်းဆီးလာစဉ်

ဦးသန့် ဈာပနပြင်ဆင်ထားစဉ်

ဦးသန့်အုတ်ဂူဆောက်လုပ်ရန် ကျောင်းသားများအုတ်စီနေကြစဉ်
No comments :
Post a Comment