.

AlinShin

Friday, October 24, 2014

ဒီလို Sex ကိစ္စ မျိုးတွေကို မြန်မာ့သားပျိုသမီးပျိုများလည်း သတိပြုမိဖို့လိုပြီထင်တယ်

အသက် ၂၄ နှစ်အရွယ် Daniel Decu ရဲ့ ဈာပန အခမ်းအနားကို သူ့ရဲ့ 
ချစ်သူဟောင်း မိန်းကလေး တော် တော်များများ တက်ရောက်
 လာခဲ့ကြတယ်။ အဲဒီမိန်းကလေးတွေလည်း Daniel Decu သေဆုံး
သွားတာဟာ AIDS ရောဂါ ကြောင့် ဆို တာ သိလိုက်ကြတဲ့အခါ သူတို့ 
အားလုံး တုန်လှုပ်ခြောက်ခြား ကုန်ကြပါတော့ တယ်။ 


 AIDS ရောဂါကြောင့် ကွယ်လွန်သူ ဒန်နီယယ်နဲ့ အမျိုးသမီးတဦး၊ ဓာတ်ပုံ- The Mirror

ဒါနဲ့ပဲ ဒန်နီယယ်ရဲ့ ချစ်သူမိန်းကလေးတွေလည်း အပြေးအလွှား HIV 
စစ်ဆေးကြပြီး ထွက်လာမယ့် စစ်ဆေးချက် ရလာဒ်ကို ရင် တမမ နဲ့
 စောင့်နေကြရတော့တယ်လို့ ဗြိတိန်အခြေစိုက် The Mirror ရဲ့ 
အောက်တိုဘာ ၂၄ ရက်နေ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဒန်နီယယ် နေထိုင်ခဲ့တာက ရိုမေးနီးယားနိုင်ငံ အရှေ့တောင်းပိုင်း 
Dolj County နယ်က Segarcea ဆိုတဲ့ မြို့မှာပါ။ 
သူ့ရဲ့ မိသားစု ဆရာဝန်ကလည်း ဒန်နီယယ်မှာ HIV ဗိုင်းရပ်စ်ပိုး 
ရှိနေတာကို သတိပေးဖို့ ကြိုးစားခဲ့ပါ တယ်တဲ့။ အဲဒါကလည်း သူ့ 
သမီးနဲ့ ဒန်နီယယ်တို့လည်း ချစ်သူတွေဖြစ်နေတာ သိပြီးမှပါဘဲ။
ဒန်နီယယ်ရဲ့ချစ်သူ မိန်းကလေးတွေကလည်း ဒီကိစ္စ ကို ဂရု 
မစိုက်ခဲ့ကြပုံမရပါဘူး။
ဒန်နီယယ်မှာ မိန်းကလေး ချစ်သူ ၄ဝ ကျော်တောင် ရှိခဲ့တာပါတဲ့။ 
AIDS ရောဂါနဲ့  သူ သေဆုံးပြီးတဲ့နောက်မှာ HIV လာစစ်ဆေးတဲ့ 
မိန်းကလေး စုစုပေါင်း ၄ဝ ကျော် ရှိပါ တယ် တဲ့။ 
ဒန်နီယယ်ရဲ့ ချစ်သူ မိန်းကလေးတွေထဲက တချို့ကလည်း ဒီကိစ္စ
ကြိုသိခဲ့လို့ HIV သွားစစ်ဆေးတဲ့အခါ သူတို့မှာလည်း Positive
 ဖြစ်နေတာ ဝမ်းနည်းစွာပဲ သိခဲ့ရပါတယ်တဲ့။
ရိုမေးနီးယား ဥပဒေထဲမှာတော့ လူတဦးဟာ သူ့မှာ AIDS ရောဂါ 
သိလျှက်နဲ့ တခြားသူတွေကို ပြန့် ပွားအောင် လုပ်ဆောင် ခဲ့မယ်ဆိုရင်
 ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။
ဒီသတင်းဖြစ်ရပ်ပေါ်ကနေ ဧရာဝတီပရိသတ်တွေလည်း ကျန်းမာရေး 
သင်ခန်းစာတွေ အများကြီး ရနိုင် မယ်လို့ မျှော်လင့်ပါတယ်။

အိမ့်သံစဉ် ~ 
http://blog.irrawaddy.org/2014/10/aids.html

ကိုပါကြီး (သတင်းထောက်)သေဆုံးမှုအား စစ်တပ်အားတိုင်ကြားမည်ဟု ဇနီးသည်မသန္တာမှပြော

တလ နီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးမှာ သေဆုံးသွားပြီဟု ထုတ်ပြန်ချက်ကြောင့် မြန်မာစစ်တပ်အား ကျန်ရစ်သူ မိသားစုက တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။
ကိုပါကြီးအား မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ပါ။
ယင်းသတင်းကို ယနေ့ ပထမဦးစွာ ပုံနှိပ်ဖော်ပြခဲ့သော The Voice Daily သတင်းစာကမူ “တပ်မတော်”မှ ထုတ်ပြန်ကြောင်း ရေးသားဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနသို့ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ သဘောထားမေးမြန်းရာ ရုံးအဖွဲ့မှူး ဒု ဗိုလ်မှူးကြီး ကျော်သူက “လုံးဝ” မသိရှိကြောင်း ဖြေဆိုသည်။

သို့ရာတွင် စာနယ်ဇင်းကောင်စီမှ တဆင့် ရရှိသော ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အ၀င်/အထွက်များအား မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈)ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊
ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ သို့သော် အသေးစိတ် ရှင်းလင်းမှု မရှိပေ။
ကိုပါကြီး၏ ဇနီး ဒေါ်သန္တာက ကိုပါကြီး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် မီဒီယာ များနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး ထိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်အပြီး ၂ ရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော ကိုပါကြီး၏ ဇနီး ဖြစ်သူ ဒေါ်သန္တာက မြန်မာနိုင်ငံသို့ ပြန်လာပြီး ခင်ပွန်းဖြစ်သူ ကိုပါကြီးအား စစ်တပ်က မတရား ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲသွားမည့် အပြင် ကိုပါကြီး၏ အလောင်းအား ပြန်လည် တောင်းယူမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ အခု ဒီသတင်းက သေချာတယ်ဆိုရင် ကျမ ခင်ပွန်းသည်ရဲ့အလောင်းကို ကျမ ပြန်တောင်းမယ်။ ဘယ်လို ပုံစံမျိုးပဲ ရှိရှိ ကျမ ပြန်တောင်းမယ်။ ပြီးရင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုနဲ့ ဆက်ပြီး တရားစွဲမယ် ။  ကျမ ဒီလောက်ပဲဖြေချင်ပါတယ် ” ဟု ဒေါ်သန္တာက ဧရာဝတီသို့ ဖြေဆိုသည်။
သေဆုံးသွားသူ ကိုပါကြီးမှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး သမီးအရင်း တယောက်နှင့် မွေးစားသား ၂ ဦး ကျန်ရစ်ခဲ့သည်။
ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ၏ အဆိုအရ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်း ဓာတ်ပုံများ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး အဆက်အသွယ် မရသည်မှာ တလခန့် ရှိလာသဖြင့် လိုက်လံ စုံစမ်းကြည့်ရာ ကျိုက်မရော မြို့နယ် အစိုးရ စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
“တပ်မတော်” မှ ထုတ်ပြန်သည်ဟု ဆိုသော ကြေညာချက်တွင်မူ ကိုပါကြီး၏ အလောင်းကို ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုဟ်ထားပြီးဖြစ်ကြောင်း၊ သေဆုံးသူ၏ မိန်းမဖြစ်သူကို အသိပေးပြီး ကူညီထောက်ပံ့မှုများ ပေးအပ်မည်ဟု ဆိုသည်။
DKBA ၏ နိုင်ငံရေးအဖွဲ့ခွဲ ဖြစ်သော KKO ၏ အတွင်းရေးမှူး စောလုံ့လုံကမူ ကိုပါကြီးသည် KKO အဖွဲ့ဝင် မဟုတ်သလို KKO အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူလည်း လုံးဝ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ သူက သတင်းထောက် သက်သက်ပါ။ ကျနော်တို့က သူ သတင်း လာယူတဲ့အခါ ကူညီပေးပါတယ်။ ဒီလောက်ပါပဲ ” ဟု စောလုံ့လုံက ပြောဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကမူ ကိုပါကြီးမှာ မည်သူဖြစ်ကြောင်း “မရှင်းလင်းသေး”သဖြင့်  ယခုကိစ္စနှင့် ပတ်သက်၍ သဘောထား မှတ်ချက် ပေးရန် “စောလွန်း”နေသည် ဟု ပြောဆိုသော်လည်း  အမေရိကန် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ)၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က “သတင်းထောက် အောင်ကျော်နိုင်ကို တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ ရှေ့ပြေးသတင်းပေးပို့ချက်တွေအပေါ် ကျနော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီသတင်းတွေကို စုံစမ်း စစ်ဆေးရမယ်။ သူ့သေဆုံးမှု နောက်ကွယ်က အကျိုးအကြောင်း တွေ့ရှိချက်တွေကိုလည်း အများပြည်သူသိအောင် ထုတ်ပြန်ပေးရမှာ ဖြစ်တယ်” ဟု  ဧရာဝတီသို့ ပြောဆိုသည်။
ကိုပါကြီးကိစ္စမှာ ထူးခြားဖြစ်စဉ် ဖြစ်သဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြလာပါက စုံးစမ်းစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကလည်း ဧရာဝတီသို့ ပြောသည်။
“ ကော်မရှင်က မတင်ပြတဲ့ တချို့ကိစ္စတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် ဒီလို ထူးခြားတဲ့ ဖြစ်စဉ်ဆိုရင်တော့ ကာယကံရှင် မိသားစု ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတခုခုက တင်ပြလာရင် ပိုကောင်းပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးပေးလို့ ရပါတယ် ” ဟု ဦးစစ်မြိုင်က ပြောသည်။
ကိုပါကြီး မှာ ၂၀၁၀ခုနှစ် ၀န်းကျင်တွင် အလွတ်တန်း သတင်းထောက် အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် အောင်ကြီးနာမည်ဖြင့် သတင်းများ ဖော်ပြခံရဖူးကြောင်း၊  အလဲဗင်း သတင်းစာကိုလည်း နာမည်မပါဘဲ သတင်း ရောင်းဖူးကြောင်း၊ စစ်တပ်က ထုတ်ပြန်သလို DKBA နှင့် ဆက်စပ်မှု မရှိဘဲ DKBA မှ ဗိုလ်မှူး စောဆန်းအောင်နှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှုသာ ရှိကြောင်း  ကိုပါကြီး၏ မိတ်ဆွေ ယမုံနာက ပြောသည်။
မော်လမြိုင်ဒေသခံ သတင်းထောက် တဦးကလည်း ကိုပါကြီးသည် ထိုင်း-မြန်မာ နယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်းမီဒီယာများသို့ ပေးပို့သူ ဖြစ်ပြီး အောင်ကြီး၊ ပါကြီး စသည့်ကလောင်အမည်များဖြင့် ရေးသားသူ တဦးဖြစ်ကြောင်း ပြောသည်။
ကိုပါကြီး၏ မိတ်ဆွေ ဦးဘမြင့်ကလည်း “ ပါကြီးရဲ့ သဘောထားက ပျော့ပျော့ ပြောင်းပြောင်းရှိပါတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ နိုင်ငံရေး လုပ်ခဲ့တာမိုလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးလည်း လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာနေတဲ့ အချိန်တုန်းကလည်း တော်တော်လေး အပင်ပန်းခံပြီး ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ နေရာလိုက်တဲ့ လူငယ်တယောက်ပဲ။ သူတို့ လင်မယားက နိုင်ငံရေးဆိုရင် ထဲထဲဝင်ဝင် လုပ်တယ်။ သူတို့ကို သုံးရောင်ခြယ် ဆိုပြီး သိထားကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုပါကြီးသည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလ အထိ တာဝန်ယူခဲ့သူဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း ၎င်းနှင့်
နီးစပ်သူများထံမှ သိရှိရသည်။
ယခု ကိုပါကြီး သေဆုံးမှုသည် သတင်းသမားများကို အစိုးရက ဖမ်းဆီး အရေးယူထောင်ချမှုများ ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
http://burma.irrawaddy.org/news/2014/10/24/66282.html

မျက်နှာချေမွေ့လှပစေမယ့်လွယ်ကူသောနည်းလမ်း

ယနေ့ခေတ် ပျိုမယ်တွေအတွက် အလှအပနဲ့ ပတ်သက်ပြီး လှပချောမွေ့အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
ကောင်း တွေ့ရှိထားပါတယ်။  




အခုပြောပြမယ့် အကြောင်းအရာကတော့ ပျိုမယ်တွေ မျက်နှာပေါ်မှာ ၀က်ခြံပေါက်လို့ ညှစ်မိလိုက်တဲ့အခါ မျက်နှာပေါ်မှာ ကျန်ခဲ့တဲ့ အမာရွတ်၊ မျက်နှာမှာ အမည်းစက်၊ အနီစက် အစရှိတဲ့ သူတွေအတွက် ပိုက်ဆံ မကုန် လွယ်ကူပြီး လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 



လုပ်ပုံ လုပ်နည်းကတော့... 


မုန့်ဖုတ်တဲ့အခါ သုံးတဲ့  ဆော်ဒါ လက်ဖက်ရည်ဇွန်း တ၀က်ကို ခွက်သန့် ထည့်ကိုထည့်လိုက်ပါ။ 

ပြီးတဲ့အခါ ပေါင်းခံထားတဲ့ ရေ လက်ဖက်ရည်ဇွန်းတ၀က်ကို အဲဒီ ဆော်ဒါ ထည့်ထားတဲ့ ခွက်ထဲ ထည့်ပြီး  အဲဒီနှစ်ခုကို ရော်မွှေပေးလိုက်ပါ။ 

မျက်နှာကို ဆော်ဒါရည် မလိမ်းခင် သန့်စင်အောင် မျက်နှာကို ဆေးကြောထားဖို့ လိုပါတယ်။ 

ပြီးရင် မျက်နှာပေါ်ကို ဆော်ဒါရည် လိမ်းပါ။ ၅ မီနစ် ၁၀ မီနစ် လောက်ထားရပါမယ်။ ပြီးရင်တော့ မျက်နှာ သစ်ရမယ်။ ၀ါဂွမ်းနုနုလေးနဲ့ ရေကိုသုတ်ပါ။ 

အားလုံးပြီးရင်တော့ ပျိုမယ်တိုရဲ့ မျက်နှာလေးဟာ ချော်မွှေ နူးညံ့သွားတာ အံ့သြစွာ တွေ့ရပါလိမ့်မယ်။ 

ဒီလိုမျိုး အနည်းဆုံး တပတ်တကြိမ်လောက် လုပ်ပေးနိုင်ရင်တော့ မျက်နှာမှာ ရှိတဲ့ အမာရွတ်၊ အမည်း စက်တွေဟာ သိသိသာသာ ပျောက်ကင်းသွားပါလိမ်မယ်။ 

လုပ်ရတာလွယ်ကူပြီး အချိန်မကြာတဲ့နည်းလမ်းလေးမို့ မျှဝေပေးလိုက်ပါတယ်။ 

အိမ့်သံစဉ် 
http://blog.irrawaddy.org/2014/10/blog-post_738.html

ကိုယ်လုံးတီးဓာတ်မော်ဒယ်ဖြစ်လာရသော . .. မြန်မာမလေးတစ်ယောက်၏ကံကြမ္မာ


နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ 


“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…”
===== ===== =====
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း
Sexy ဓါတ်ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင်
ဆီမှာသင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာ
များကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး
ကျောင်းဆက်တက်ခဲ့ပါတယ်။
၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့်
အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့
Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင်
ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့
မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာနာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့
ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ
ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်
လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရ
တာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။
ဒါတွေကို ဇာ ဘယ်လိုမှမခံစားရဘူး။ ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ
မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင်
ဘယ်သူက ဘယ်လိုလှတာ…
ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့
ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်
သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့
တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင်
ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။ သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့
ဘယ်လိုမှထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး
ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ
ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စား
လစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက
နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။


MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget