.

AlinShin

Wednesday, February 13, 2013

ထမင်းတစ်နပ် မြင့်လှိုင်(သို့)ထမင်းပြိတ္တာဝန်ကြီး


 
ဟေ့ကောင် . . . မြင့်လှိုင်
မင်းပြောချက်က ပိုင်လှချည်လား။
ထမင်းငတ်နေတဲ့ပြည်သူကို
ထမင်းတစ်နပ်လျှော့စားရမယ် . . . ဟုတ်လား။
မင်းတို့ စစ်ဘောင်းဘီကျွတ်တွေ
ပြည်သူပိုင်တွေကို မောင်ပိုင်စီး
အပြီးသတ်တော့ မြန်မာနိုင်ငံကြီးကကျွေးတင်
မင်းအမေရဲ့ . . .  လင်ကို ဆပ်ခိုင်းပါလား
တို့ပြည်သူ တောင်သူဦးကြီးတွေက
မြေတစ်တောင်မှာ တစ်ထွာတူး
မျိုးစပါးကို နွားနဲ့ထွန်
ကိုယ်တိုင်လည်း နွားလိုရုန်း
ဘ၀ကံရှုံးနေတာကိုတောင် မင်းကမသနား
ထမင်းတစ်လျှော့စားခိုင်းတယ်တဲ့လား။
အေး . . . အဲဒီတော့
မင်းကို လည်ဆည်ဝန်ကြီးရာထူးနဲ့မထိုက်တန်ဘူး
ထမင်းတစ်နပ်လျှော့စားခိုင်းတာမို့
မင်းဟာ . . .. 
ထမင်းပြိတ္တာဝန်ကြီးပဲဖြစ်သင့်တယ်။
by အလင်း ရှင် on Wednesday, 13 February 2013 at 21:11 ·
By:အလင်းရှင် http://aungminkhoung.blogspot.com
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget