ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြရင် "ကျွန်မကို ပြကြပါ" ဆိုတာမှာ ... အစီရင်ခံစာကို မကျေနပ်လို့ ဆန္ဒပြတာမှာ သူ့ကို ပြရမှာ ဖြစ်ပြီ ... လက်ပံတောင်း ကိစ္စအတွက် မျှတမှုတွေ ရဖို့ကတော့ ... ပြသင့်တဲ့နေရာ၊ ပြသင့်တဲ့ လူတွေကို ရွေးချယ်ရာမှာတော့ ... ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြတာထက် ပြသင့်တဲ့လူတွေကို တိတိကျကျ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ (သူပြောတိုင်း လိုက်လုပ်စရာ မလိုပါ။)
စကားလုံးတွေ၊ ရှုပ်ထွေးမှုတွေကြားမှာ .... အဓိက လိုအပ်ချက်ကို လမ်းမလွဲသွားစေအောင် ဂရုပြုမိဖို့ လိုမယ်။ အဓိက အချက်တွေက ...
၁။ လက်ပံတောင်း ရပ်ဖို့ (သို့) မရပ်ဖို့ စဉ်းစား ဆုံးဖြတ် လုပ်ဆောင်ရမှာက .. "ပြည်သူလူထုနဲ့ အစိုးရ" ပဲ။ ဒေါ်အောင်ဆန်းစုကြည်က မဆုံးဖြတ်ပေးနိုင်ဘူး။ သူ့အဖွဲ့ အကြံပြူတာကို မနှစ်သက်လို့ ဆန္ဒပြတာမှာ သူ့ကို ဆန္ဒပြတာ ကိစ္စမရှိဘူး။ သူ့ကို ဆန္ဒပြနေရာကနေ ပြည်သူတွေ လိုချင်တဲ့ "ရလဒ်ကောင်း" ထွက်လာဖို့ .. "အလုပ်ဖြစ်ဖို့" တော့ မရှိဘူး။ ကျောက်ခဲ ရေညှစ်သလိုပဲ .. ဘာမှ ရမှာ မဟုတ်ဘူး။
၂။ ဦးပိုင်နဲ့ ဝမ်ပေါင် ... လုပ်တဲ့ မတရားလုပ်ခဲ့မှုတွေကို ဖြေရှင်းပေးဖို့ "ဦးပိုင်၊ ဝမ်ပေါင်၊ အစိုးရနဲ့ ပြည်သူ" တွေ ရှင်းရမှာ ဖြစ်တယ်။ ဒေါ်အောင်ဆဆန်းစုကြည်က ရှင်းပေးနိုင်တာ မဟုတ်ဘူး။
၃။ အကြမ်းဖက်မှုတွေအတွက် ... အစိုးရနဲ့ ပြည်သူက ရှင်းရမှာ ဖြစ်တယ်။
၎။ တကယ်လို့ ဆက်လုပ်မယ်ရမယ် .... ထားဦး။ အကျိုးအမြတ်အတွက် ဘယ်လိုရမလဲ၊ ဘယ်သူက ဘယ်လောက်ရမလဲ၊ ရလာတဲ့ ငွေကို ဘယ်နေရာမှာသုံးမှာလည်း၊ ..... စတဲ့ အကျိုးအမြတ်ဆိုင်ရာတွေ သိနိုင်ဖို့အတွက် ... "ဦးပိုင်၊ ဝမ်ပေါင်၊ အစိုးရနဲ့ ပြည်သူ" တွေက ဖြေရှင်းရမှာ ဖြစ်တယ်။
ဒါကို လမ်းမလွဲသွားဖို့ သတိပြုမိစေလိုပါတယ်။ လွဲသွားရင် ... လိုတာမရဘဲ ... ဦးပိုင် နဲ့ တရုတ် အလိုကျ ဖြစ်သွားလိမ့်မယ်။
သတိရှိကြပါ။
(ကိုထိုက်)Chit Paing shared New MyanmarFoundation's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

![မတ်လ ၁၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၀မ်ပေါင်ကုမ္မဏီရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သတင်းထောက်များအား သတင်းယူခွင့်မပေးပဲး ကုမ္မဏီရှေ့တွင် ပိတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲးသတင်းအား လိုက်ပါယူငင်နေသော သတင်းထောက်တစ်ဦးမှ ပြောသည်။
____________________________________
Reference and Credit to -သတင်းနှင့်ဓာတ်ပုံ-ငြိမ်းသူမင်း
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/s480x480/67094_555589184462566_1246344966_n.jpg)
![မုံရွာမြို့သို့ ရောက်ရှိ နေသော လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းနှင့် ဆန္ဒပြအဖွဲ့တို့ မတ်လ ၁၃ရက်နေ့ ညနေ ၄နာရီ ၂၃မိနစ် ခန့်က ဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းအနီးတွင် တွေ့ဆုံမိကြစဉ်။
____________________________________
Reference and Credit to -The Voice Weekly
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/s480x480/544578_555589631129188_879578696_n.jpg)



