.

AlinShin

Friday, August 17, 2012

ကျွန်တော်ဘယ်သို့ ဖြေ ရမယ်


ကြာခဲ့ပါပြီ၊ ကြာခဲ့ပါပြီလို့ ပြောလို့မရနိုင်တဲ့ . . .မေ့ပျောက်ခဲ့ ပါပြီ၊ မေ့ပျောက်ခဲ့ ပါပြီလို့ ပြောလို့မရနိုင်တဲ့ . . . . .။ကျွန်တော်တို့ြ မန် မာနိုင်ငံသူနိုင် ငံသားတွေရဲ့ အနာတွေ သွေး စိမ်းတို့ကဒီနေ့တိုင် လမ်းေ လျှာက်နေဆဲ။ (၂၀၀၇)ခုနှစ် စက်တင်ဘာ၊ရွှေဝါရောင်အပြီး တစ်ခုသောနေ့ညမှာ ကျွန်တော်အဖမ်း ခံခဲ့ရ ပါတယ်။ ကျွန်တော့လှုပ်ရှားမှု့မပီပြင်လို့မဟုတ်ပါဘူး။ နီးရာဓားရဲ့ အတွက်မှာ ကျွန်တော်မရှု့ မလှနဲ့ လက်ထိပ် ခပ်ခံလိုက်ရတာပါ။ ရဲဖမ်းတဲ့အချိန်မှာ ကျွန်တော့မှာ လက်ပူးလပ်ကျပ်မိတာဆိုတာဆိုလို့ ဘာတစ်ခုမှ မယ်မယ် ရရမမိပါဘူး။ ကျွန်တော်သံတိုင်ကြားထဲရောက်မှ နီးရာဓားတွေက ကျွန်တော့ရဲ့ လက်ရာလက်ချက်တွေကို ရှာ တွေ့သွားကြပြီး ရဲကိုအပ်တယ်လေ။
ရဲဖမ်းစဉ်ရှာဖွေပုံစံမှာ အဲဒီစာရွက်စာတမ်းဓာတ်ပုံတွေမပါတဲ့အတွက် ဥပဒေအရ ကျွန်ေ တာ့ ဘက်ကလွတ်သွားပေမယ့် ထိုအချိန်(မယက) ယခုမြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အစည်း အဝေးမှာ ထောင်သုံးနှစ်ချရန် (အန်ဂျင်နာ)တားကအမိန့်ထုတ်ခဲ့တယ်လို့ မြို့နယ်တရားရုံးကပြောေ ရးဆို ခွင့်ရှိသူထံမှ ကျွန်တော် သိရပါတယ်။
ဒီလိုနဲ့နောက်ဆုံးတော့လည်း ကျွန်တော်ဟာ အာဏာရှင်တို့ရဲ့ ဥပဒေအောက်မှာထောင် ကျခဲ့ရတော့တာပါပဲ။ထောင်ထဲရောက်တော့ထောင်ရဲ့ကြမ်းတမ်းတဲ့လောကဓံကို ရင်ဆိုင်ရင်း မြန်မာနိုင် ငံအတွက် စိတ်ဆင်းရဲစရာ၊မြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့ အဓိကဘိုးစဉ်ဘောင်ဆက်ကိုး ကွယ်ကြတယ် ဆိုတဲ့ ဗုဒ္ဓဘာသာ အတွက်ရတက်မအေးစရာတွေကို နေ့စဉ်မြင်တွေ့ရပါတော့တယ်။ ကျွန်တော်ထောင် မကျခင်ကတော့ နိုင်ငံရေးဆိုတဲ့ စစ်အာဏာရှင်တွေကို အမြစ်မကျန်တွန်းလှန်ချေမှုန်းဖို့ဆိုတဲ့ ရည်ရွယ် ချက်ဟာ ထောင်ကျလို့ ထောင်ထဲ မှာ ဗုဒ္ဓဘာသာဘုန်းကြီးဆိုသူတွေကို ကတုံးတွေနဲ့ တွေ့လိုက် ရတော့မှ ̏ သြော် . . . ဗုဒ္ဓဘာသာသာတောင်ထောင်ထဲရောက်နေပါရောလား˝ ဆိုတဲ့ သတိသံဝေဃ တစ်ခုထပ်ရလိုက်တာနဲ့ အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့ နိုင်ငံရေးကနေ အာဏာရှင်တွေ အလိုတော် ကျလုပ်နေရတဲ့ မြန်မာနိုင်ငံကအာဏာရှင်သာသနာဆန့်ကျင်ရေးဆို တဲ့ သာသနာပြုစိတ်ဟာ ကျွန်တော့် ရင်ဘတ်ကို ဆောင့်ကန်ဝင်လာပါတယ်။
စစ်အာဏာရူးများရဲ့ မိုက်ကန်းချက်က ဂေါတမဗုဒ္ဓမရှိလို့သာတော်တော့တယ်။ အကယ် ၍များ ဂေါတမသာရှိလို့ကတော့ စိန္ဇမာနကသူနဲ့ကိုယ်ဝန်ရကြောင်းစွပ်စွဲတုန်းကသာဆိုရင် အခုခေတ် စစ်အာ ဏာရူးသန်းရွှေတို့အဖွဲက သာသနာတော်ညှိုးနွမ်းမှုပုဒ်မ(၂၉၅) နဲ့ဖမ်းပြီး အင်းစိန်ထောင်ကို ပိုပမှာသေချာတယ်နော်၊ အခုထောင်ထဲကလွတ်လာတာတောင် အာဏာရှင် သာသနာပြု ဘုန်းကြီးတွေ ကျွန်တော့မျက်စေ့ရှေ့ရောက်လာရင် ̏ထောင်းကနဲဆို . . . ဒေါသမီးတောက်မီးလျှံ ကြီး လောင် မြိုက်ေ စပါတယ်။ ဆရာသိန်းဖေမြင့်ရေးတဲ့ ̏တက်ဘုန်းကြီး˝၀တ္ထုကို မိတ်ဆွေတ စ်ယောက်ရဲ့ အကူအညီနဲ့ ဖတ် ဖြစ်မိပြန်တော့ . . . . .။
 မြန်မာနိုင်ငံမှာ ̏ဗုဒ္ဓသာသနာတော်အစစ်ဆိုတာ ဟုတ်မှဟုတ် ပါရဲ့လား ?˝ ̏ နိုင် ငံတော် သံဃ မဟာနာယကဘုန်းကြီးတွေကရော ဗုဒ္ဓသာသနာတော်တစ်ရပ်လုံးအတွက် ဘာတွေလုပ်ေ နတာ လဲ?˝ ̏ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လို့ (ဗုဒ္ဓခေတ်ကဝေသာလီပြည်မှာ အစာရေစာငတ်မွတ်ခေါင်းပါးပြီး ၊ ရောဂါဘယတွေထူပြော၊ စစ် ဘေးဆိုတဲ့ လက်နက်ဒါဏ်သင့်ခြင်းစတဲ့ ဆင်းရဲဒုက္ခပေါင်းစုံေ ကြာင့် မြတ် ဗုဒ္ဓဟာ အရှင်အာနန္ဒာကိုခေါင်းဆောင်ပြီး လမ်းမထက်ပ၇ိတ်ရွတ်ခိုင်းခဲ့သလို) မြန်မာနိုင်ငံရှိ ရဟန်း သံဃာငယ်လေးများက ငယ်ရွယ်သူပီပီဖျက်ဖျက် လတ်လတ်နဲ့ ရန်ကုန်မြို့ကိုပတ်ကာ ပရိတ်ရွတ် ခဲ့တာကို စစ်အာဏာရှင်သန်းရွှေက ဒုတ်နဲ့ရိုက်သေနပ်နဲ့ပစ် သတ်ခဲ့တယ်။ မသေမရှင်တွေကို မီးသဂြိုလ် စက်ထဲထည့်မီးရှို့ပစ်လိုက်တယ်။ ရှင်လျှက် ထွက်ပြေးသွားတဲ့ ရဟန်းတွေကိုတော့ လိုက်လံဖမ်းဆီး ပြီး ထောင်ချလိုက်တယ်။
ဝေသာလီမှာ လမ်းထွက်ပ၇ိတ်ရွတ်ခဲ့တဲ့ ညီတော်အာနန္ဒာတို့ အဖွဲ့ သန်းရွှေနဲ့မတွေ့လိုက် တာကာ ကံကောင်းသွားတာပေါ့။ နောက်မို့ဆို အာနန္ဒာခမျာ ရဟန္တာတောင်ဖြစ်သွားရှာမှာမဟုတ်တော့ ဘူး၊ထောင်ထဲမှာ အလုပ်လက်မဲ့ကျွန်တော်ဟာ ဒီဖြစ်စဉ်တွေကို ကောက်ကြောင်းလိုက်ကြည့်ရင်း ဗုဒ္ဓသာ သနာတော်အတွက် ရင်နာခဲ့ရပါတယ်။ ပိဋကတ်တော်လာ ဗုဒ္ဓသာသနာကို ဖျက်ဆီးခဲ့သော  (အက္ကာဘာ ဘုရင်)အစရှိတဲ့ မိစ္ဆာရှင်ဘုရင်တွေရဲ့အကြောင်းကို ကျွန်တော်သမိုင်းဘာသာရပ်မှာသင်ဖူးပါတယ်။ အဲဒီ တုန်းကတော့ သင်တာသင်တယ်ကျက်တာကျက်တယ် အဓိပ္ပါယ်နားမလည်ခဲ့ပါဘူး (၂၀၀၇)စက်တင် ဘာကြမှ ဘုရားနှုတ်ထွက် ဓမ္မစက်ပရိတ်များကို ရွတ်ဖတ်ကြတဲ့ ဘုန်းကြီးတွေကို သေနပ် နဲ့အပစ် ခံရေ တာ့မှပဲ တစ်ချိန်က အိန္ဒိယနိုင်ငံတော်ကြီးမှာ ဘုန်းမီးနေလတောက်ခဲ့သော အက္ကဘာဘုရင်တို့ ဗုဒ္ဓသားေ တ်ာများကိုသတ်ဖြတ် ကျောင်းများကိုမီးရှို့တဲ့ အကြောင်းအရာတွေကို နားလည်ခဲ့ရပါတော့တယ်။
ဒါ့ကြောင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်သူတော်စဉ်များကိုပြောပါရစေ။ မြန်မာနိုင်ငံမှာ ဗုဒ္ဓပ ရိတ် များရွတ်ရန်မသင့်တော့ပါဘူး အကယ်၍ရွတ်မယ်ဆိုရင် . . သို့တည်းမဟုတ် ပရိတ်ကအစွမ်း ထက် မယ်ဆိုရင် . . သို့တည်းမဟုတ် မြန်မာပြည်မှာ ဗုဒ္ဓသာသနာထွန်းကားနေတယ်ဆိုရင် (၂၀၀၇)စက်တင် ဘာတုန်းကပရိတ်ရွတ် တဲ့ဘုန်းကြီးတွေ ဘာဖြစ်လို့အသတ်ခံရတာလဲ?
ကျွန်တော်ရိုးရိုးလေးမေးတာပါနော်၊ ဘာသာရေးကိုထိခိုက်တာမျိုးမဟုတ်ပါ။ ဗုဒ္ဓကိုယ်တော် တိုင်သည်ပင်လျှင် မသိနားမလည်ရင်မေးကောင်းမေးသင့်ကြောင်းကို ပရိနိဗ္ဗာနသုတ်တော်မှာ သုဘဒ္ဒကို မိန့် ကြားတဲ့ စကားဟာ ထင်ရှားလှတာမို့ ကျွန်တော့အမေး သံသယများကိုလည်း မေးခွင့်ရှိပါတယ်။

စက်တင်ဘာတုန်းက ဘုန်းကြီးတွေရွတ်တဲ့ပ၇ိတ်ကမှားလို့လား? ရွတ်တဲ့ဘုန်းကြီးတွေမှာ သီလတွေငြိုးနွမ်းနေလို့လား? သို့တည်းမဟုတ် သန်းရွှေအပါအ၀င်သိန်းစိန်သို့တိုင်အောင် အခုစစ်ဘောင်း ဘီချွတ်များက ဗုဒ္ဓဘာသာဝင်မဟုတ်လို့လား? ဗုဒ္ဓဘာသာဝင်အမည်ခံဗမာပြည်သူပြည်သားတွေကပဲ ဗုဒ္ဓဘာ သာ ၀င်မဟုတ်ကြလို့လား? ဗမာပြည်မှာ ဗုဒ္ဓဘာသာမထွန်းကားတော့ဘူးဆိုတဲ့ အတိတ်နိမိတ်အဓိ ပ္ပါယ်များလား? စသည်ဖြင့် စက်တင်ဘာအရေးအခင်းအပြီးမှာ ကျွန်တော်ခေါင်းချာချာလည်အောင် စဉ်းစား ရပါသော်လည်း . . . ယနေ့တိုင်အောင် . . . . .  .ပင်   . . . .  တည်း ။

လန်ဒန်ဘုန်းကြီးဦးဥတ္တရသို့ မေတ္တာကထာ


အင်္ဂလန်က လန်ဒန်သင်္ကြန် ဘုန်းကြီးဦးဥတ္တတို့ သူတော်ကောင်းစိတ်ထားရန်၊ အများအကျိုးကြည့်ရန်အတွက်
မြန်မာပြည်မှမေတ္တာကထာ
Facebook မှာ အခုလိုအချိန်အကုန်ခံငွေကုန်ခံပြီးစာရေးနေတယ်ဆိုတာ လက်အားလက်ယားလို့မဟုတ် ပါဘူး၊ အာဏာရှင်သန်းရွှေရဲ့တပည့်စစ်ဘောင်းဘီချွတ်တွေရဲ့ မတရားလုပ်ရပ်တွေကို ပြည်သူတွေကို သိစေချင်တဲ့ အပြင် ဒီအဓမ္မမိစ္ဆာတွေကို ပံ့ပိုးပေးနေတဲ့ (၁)မဟနခေါ်ဘုန်းကြီးပရိတ်သတ်၊ (၂)သူတို့နဲ့ အတူပု လင်းတူဘူးစို့ ခရိုနီစီး ပွားရေးသမားတွေ(၃)ဗဟုသုတချို့ငဲ့နေတဲ့သူတွေအတွက်ပါ။ အထူးသဖြ င့်တော့ ပြန်ကြားရေးကျော်ဆန်းက မီဒီယာကိုမီဒီယာနဲ့တိုက်ရမယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု မှာ ပြောခဲ့သလို ကျွန်တော်တို့ရဲ့ မီဒီယာစာမျက် နှာမှာ အယောင်ဆောင်တွေရဲ့ လက်ရာတွေရောက်နေ လို့ ခွဲခြားသိရှိနိုင်ရန် အခုလိုအပင်ပန်းခံရတာပါ။ သင်္ကြန် မှာ လန်ဒန်ဘုန်းကြီးဦးဥတ္တရက သိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးလိုက်တယ်တဲ့ ။ ဒီသတင်းဟာ အမှန်အဟုတ် ပဲဆိုတာတော့ ခိုင်မာနေပြီလေ၊ ဒါဆိုရင် ဒီဘုန်းကြီးဟာ အပ်ဘုန်းကြီးပေါ့ဗျာ။ ဒါကိုကျွန်တော်တို့လို ထောင်ပြန် သမားတွေကသိ တယ်လေ၊ လူနည်းစုလောက်သာသိတဲ့ကိစ္စတွေကို ကျွန်တော်တို့က အခုလိုအပင်ပန်းခံမရေး ရင် ဒီမြန်မာနိုင်ငံကြီးရဲ့ အနာဂါတ်ဟာ ရင်လေးစရာပေါ့ဗျာ ။
ကဲ . . . . လန်ဒန်သင်္ကြန်က ဘုန်းကြီးဦးဥတ္တရရေ . . .
မြန်မာပြည်က ပြည်သူလူထုတွေတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးတစ်စိတ်တစ်ဒေသကိုကြည့်လိုက်ပါဦး ။ ကြည်ပြီးရင် အရှင်ဘုရားရဲ့ တကာထိန်ပြောင်သိန်းစိန်ကို အကျဉ်းသားတွေအမြန်လွှတ်ပေးဖို့ ကချင်ပြည် နယ်မှာ စစ်ပွဲတွေရပ်ဖို့ပြောလိုက်ပါဦးခင်ဗျာ။

လန်ဒန်ကဘုန်းဘုန်းမင်းဦးဥတ္တရယ်မင်းဘယ်လိုလုပ်လိုက်တာလဲ


ပစ္စုပ္ပန်တည့်တည်ဆိုတဲ့ ဒီကနေ့ (၀ါ) အခုအကြောင်းအခြေအနေအရပ်ရပ်တို့ရဲ အရာတွေ ကို ပြောဆိုသုံးသပ်တော့မယ်ဆိုရင် အတိက်(၀ါ) အရင်အခါဆီက(၀ါ) မနေ့ကဖြစ်ခဲ့ရာရာ အကြောင်းေ တွ ကိုလုံးဝ မေ့ထားလို့မရနိုင်ပါ။ ယင်းကဲ့သို့ အစအလယ်အဆုံးသုံးပါးလုံးကို   စစ်ပြီးကာမှ ဖြူရင်ဖြူတဲ့ အကြောင်း မည်းရင်မည်းတဲ့အကြောင်း တင်ပြရမှာပါ။ အဲလိုမှမဟုတ်ဘဲ ဖြစ်စဉ် တစ်ခုကို ပြီးစလွယ်သုံး သပ် ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ . . . . . 
အောက်မလေး .. . . . . .
လန်ဒန်ရောက် ဘုန်းဘုန်းတို့ရယ် . . .မင်းဘယ်လိုလုပ်လိုက်တာလဲ?
ဆိုတဲ့ ကိန်းဆိုက်မှာသေချာပါတယ်။ ကျွန်တော်ကအညာသားဆိုတော့ အညာဒေ သဟာ ဇာတ်ပွဲအလွန်ပေါပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မမြစိမ်းအမည်ရှိ နောက်ပိုင်းဇာတ် ထုတ်ရဲ့ လွမ်းခန်းတစ်ခုမှာ မင်းသားက ဥစ္စာစောင့်ဖြစ်တဲ့မမြစိမ်းဟာ လူ့ဘ၀ကနေ သူ့မူရင်း ဥစ္စာစောင့်ဘ ၀ကို ပြန်ရောက်သွားတဲ့အခန်းမှာ  ဇာတ်လိုက်ဖြစ်သူလင်က မမြစိမ်းနဲ့ပေါင်းသင်းလို့ ရထားတဲ့သား ငယ် မောင်ရင်လောင်းလေးကိုပွေ့ဖက်ရင်း . . . . တောင်ရှည်ပုဆိုးစလေးကို မျက်ရည် သုတ်ကာအော်ငိုလိုက်ပုံက . .  .
အောက်မလေး . . . .  .မမြစိမ်းရယ်  . . . . မင်းဘယ်လိုလုပ်လိုက်တာလဲ? တဲ့။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်း တိုက်ဆရာတော် ဦးဥတ္တရက ရဲ့စကားကိုကြားသိလိုက်ရလို့ မမြစိမ်းရဲ့ယောက်ျားငိုသလို ကျွန်တော် ခဗျာ . . .  facebook မှာအခုလိုငိုပြလိုက်ရတာပါ။ ကျွန်တော့်အဖြစ်ကတော့ မမြစိမ်းရဲ့နေရာမှာ အခုပြောတဲ့ လန်ဒန်ကဘုန်းဘုန်း ဦးဥတ္တရရဲ့ ဘွဲ့နာမည်ကိုတပ်ကာ ….
အောက်မလေး . . . . .
ဦးဥတ္တရရယ် . . .   မင်းဘယ်လို ပြောလိုက်တာလဲ?
(မှတ်ချက်) နာမ်စားပုဒ်များကို မင်း ဟုသုံးရာတွင် မူရင်းစာပေရသမပျောက်ပျက်ချင် တာမို့ပါ။
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။တဲ့။ ဦးဥတ္တရရဲ့ စကား အ ပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲခင်ဗျာ။
ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအား ဖြင့် ဘုန်းကြီးတို့ငြိမ်းချမ်းရေးဆုကိုပေးပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်း ငြိမ်းချမ်း ချင်ကြ တယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွ က်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပို လုပ်လာနိုင်အောင်ဆိုပြီးတော့ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ပါတယ်"လန်ဒန်သင်္ကြန်ကနေငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ် လို့သိရပါ တယ်။မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပ ရာမှာ မနက်ပိုင်း မှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းတွေကို . . .
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။ 
ဟုတ်ကဲ့ပါ . . . ကမ္ဘာ့နိုင်ငံအသီးသီးမှာ တာဝန်ယူထမ်းဆောင်နေတဲ့ သံအမတ်တို့ခင်ဗျား အခုလိုမျိုးအာဏာရူးတွေကိုဂုဏ်ပြုတာမျိုးကိုတော့ မပင်မပန်းရွှင်လန်းစွာနဲ့ လုပ်ပေးတယ်နော် . .  ကျုပ် တို့ပြည်သူတွေ နိုင်ငံအသီးသီးမှာ အကြောင်းမညီညွတ်လို့ ဒုက္ခရောက်ရင် ခင်ဗျားတို့ လည့်တောင်မ ကြည့်ကြဘူးဆိုတာ သတင်းမီဒီယာတွေမှာ ကြားမြင်ရစမြဲပါလို့ပြောပါရစေ။
လူတစ်ယောက်ကို လူတစ်ယောက်က ချီးမြှောက်တာကို ကျွန်တော်တို့မကန့်ကွက်လို ပါဘူး။ ကုသိုလ်ဖြစ်စဉ်မျိုးဆိုရင် သာပြီးတော့တောင်မကန့်ကွက်တဲ့အပြင် ကိုယ်တိုင်ရှေ့ဆုံးကမရပ် တည်နိုင်ရင်တောင်နှုတ်၏ဆောင်မခြင်းမျိုးနဲ့တော့ကူညီရမှာပါပဲ။ အခုလည်းလန်ဒန်သင်္ကြန်ခေါင်းဆောင် ဆိုတဲ့ ဘုန်းကြီးဦးဥတ္တရရဲ့ လိုလားချက်မျှော်မြင်မှုမှာ . . .  .
ဟုတ်သလိုလိုနဲ့ . . .  .မဟုတ်ခဲ့။
ကောင်းသလိုလိုနဲ့ . . . .  မကောင်းခဲ့။
မှန်သလိုလိုနဲ့ . . .  . . မမှန်ခဲ့။
ဒါဘာ့ကြောင့်လဲလို့ စီစစ်လိုက်ရင် . . . . . အဖြေက (၅)မျိုးထွက်သွားတယ်။
 (၁)“သူက မြန်မာပြည်တွင်းမှာ နေတာမှမဟုတ်တာ↔
(၂)“သူက မြန်မာပြည်သူတွေရဲ့ ဒုက္ခကို နှစ်ဖူးတွေ့ဒူးတွေ့ မတွေ့ရတော့ ကိုယ်ချင်းမစာနာတက်၊ (ကိုယ်လက်မပူတော့မပူတက်)
(၃)သူက အဲလိုပြည်သူ့ဘ၀ကို တကယ့်လက်တွေ့မတွေ့ရတော့ မစာနာတက်၊ မစာနာတက်တော့၊သူကိုယ်တိုင် အာဏာရှင်များကို ဆန္ဒပြ၀တ်ပြုပရိတ်ရွတ်ပွဲတွေမှာ မပါဝင်ခဲ့။
(၄) အဲလိုမပါတော့ ဦးဥတ္တရဆိုသူဟာ ဆရာတော်ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)နဲ့ ဆရာတော်အရှင်ဂမ္ဘီရအစရှိတဲ့ သံဃာတော်အရှင်သူမြတ်များလို့  ထောင်နန်းမစံမြန်း ရဘဲ၊ လန်ဒန် ကရေပေါ်လွှာများကို နို့ချိုတရားလေးတိုက်ကျွေးရင်း ပါစိတ်အာပါတ် သင့်တဲ့ငွေတွေကို ကိုင်ရင်း . . . ဒီငွေဂုဏ်တွေအပေါ်မှာ သာယာရင်း . . .  . အာဏာရှင်ရဲ့ ထောင်ထား ခြားနားမှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ဖြစ်ကြတဲ့ဆရာတော်သံဃာတော်၊ကျောင်းသား အစရှိတဲ့ပြည်သူလူထုတို့ရဲ့ နေ့စဉ် ခံစားနေရတဲ့ ကာယိကဒုက္ခစေ တသိကဒုက္ခကိုမသိခဲ့။
(၅)သူက နာမည်ကြီးချင်၊ထင်ပေါ်ချင်၊(သို့) ယင်းအာဏာရှင်များနဲ့ ထောင်ပြောပြော ရင် (ပက်သက်ဆက်ယှက်) ဖြစ်နေတာမို့(သို့)ဖြစ်ချင်လွန်းလို့။
ဆိုတဲ့ ကောက်ချက်တွေကြောင့် လန်ဒန်သင်္ကြန်အမြောက်နဲ့ ကျွန်တော်တို့မြန်မာပြည် သူ ပြည်သားများကိုပစ်လိုက်တာပါ။
ကျွန်တော်ကတော့ အညာသားလည်းဖြစ်၊စစ်အာဏာရှင်တို့ရဲ့ထောင်ထားခြားနားမှုကို ခံစားလာခဲ့ရတဲ့ အကောင်ဆိုတော့က ကိုယ့်မျက်စေ့ရှေ့မှာ မဟုတ်တရုပ်တွေတွေ့ရင် စကားလုံးကို ခပ်ကြမ်းကြမ်းသုံးတက်တယ်။ အဲဒီတော့က “အမိယုတ်သောသား နှုတ်အမူအရာကြမ်းတယ်↔လို့ မသွပ်သွင်းကြပါနဲ့။
လန်ဒန်ဘုန်းကြီးဦးဥတ္တရရေ. . . . 
စစ်ဘောင်းဘီချွတ်သိန်းစိန်ကို လန်ဒန်ကနေ မြောက်မပေးပါနဲ့လို့၊ မြန်မာပြည်သူပြည် သားတွေရဲ့ကိုယ်စား ခြေတော်ဦးခိုက် တောင်းပန်ပါရစေ . . . အရှင်ဘုရားလည်း ထိုက်သင့်သလော က်တော့ စာပေလေလာမှာပဲလေ  အဲဒီတော့ အာဏာရှင်ဆိုတာ ကို ကြောက်စရာကောင်းကြောင်း ပိဋကတ်စာမျက်နှာမှာ ဖတ်ဖူးမှာပါ။
အရှင်ဘုရား မေးကြည့်မယ်နော်၊ သတ္တ၀ါတွေရဲ့ စရိုက်အကြောင်းကို စာပေမှာလေ့ လာဖူးပါလျှက်နဲ့၊ ဘာ့ကြောင့် စစ်ဘောင်းဘီချွတ်ယုံတင်မက မြန်မာပြည်သူပြည်သား ဘုရားသားေ တာ် တွေကိုပါ သတ်ဖြတ်နေတဲ့ ဒီအကောင်တွေကို ဘယ်လိုများ ယုံလိုက်တာပါလဲ? လောဘေ ကြာင့် လား? မောဟကြောင့်လား?
မြန်မာပြည်က သင်ပုန်းကြီးလောက်သင်ဖူးထားရင် သတ္တ၀ါတို့ရဲ့ စရိုက်ဗီဇကိုေ ကာင်း ကောင်းနားလည်တက်ပါတယ်။ အရှင်ဘုရား . . .  ဦးပေါ်ဦးပြောတာလေးကြားဖူးမှာပါ။ ဗီဇမစွန့်ဘူး ဆိုတာလေ . . ။ အကျယ်တော့ မရှင်းပြချင်တော့ပါဘူး၊ စာရေးရတာလက်ညောင်းတယ်လေ . . .။ ဘုရင်ရဲ့ရင်ခွင်ထဲကကြောင်လဲ ကြွက်မြင်ရင်ခုတ်တာပဲဆိုတာကို အမတ်ပညာရှိကြီးဦးပေါ်ဦးက လက် တွေ့ပြဘုရင်ကိုဆုံးမလိုက်တာကို ဦးပေါ်ဦးလျှောက်ထုံးမှာ ဖတ်ဖူးကြမှာပါ။
ဒါ့ကြောင့် သတ္တ၀ါအမျိုးအစားထဲမှာပါတဲ့၊ နာမည်ဆိုးနာမည်ပျက်ရုံတင်မက ပြည်သူလူ ထုကြီးကပါ သောက်မြင်ကပ်နေတဲ့ .. . . ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များကပါ၊ ဘုရားသားတော် များကိုသေနပ်နဲ့ပစ်သတ်လို့ ရွှံရှာစက်ဆုပ်ပါတယ်ဆိုတဲ့ ဒီစစ်ဘောင်းဘီချွတ်ကို လန်ဒန်သင်္ကြန်ငြိမ်း ချမ်းရေးဆုပေးရတယ်ဆိုတာကို ဒီသတင်းကြားကြားချင်း မြန်မာပြည်က စာပေဗဟုသုတရှိသူများက လန်ဒန်သင်္ကြန်ကို ရွှံသွားကြပြီဆိုတာကိုရော နားလည်သဘောပေါက်မိပါသလား?
ကျွန်တော်ဟာ စစ်အာဏာရှင်တွေရဲ့ မတရားနှိပ်စက်မှုကြောင့် မိုက်ရိုင်းတယ်ဆိုရင် ဆို ပါစေတော့၊ ကျွန်တော့်အမေကိုတော့ ဆွဲမထည့်ကြပါနဲ့။ နောက်တစ်ခုက ခင်ဗျားတို့ကြားဖူးကြ မယ် တော့မထင်ဘူးအာဏာရှင်နေ၀င်းလက်ထက်ကပေါ့ ။ရွှေတိဂုံဘုရားထီးတော်ကြီးကို ပြင်မယ် လုပ်တော့ ရွှေတိဂုံဘုရားရင်ပြင်တော်မှာ . . . .  .
 “ရွှေတိဂုံဘုရား ထီးတော်ကြီးကိုဘယ်သူတင် . . .  မင်းတုန်းမင်းကြီးတင်၊ ထီးတော်ကြီးကို . . .  ဘယ်သူချ . . .  မအေလိုးတွေ . . . ချ။
လို့ တရားဟောသွားတဲ့ ခမုံ ဆရာတော်ဘုရားကြီးဆိုတာ ကျွန်တော့်အဘိုးပါခင်ဗျာ။ ဒါ့ကြောင့် ကျွန်တော့ဇ က နဲနဲတော့ ပြင်းတယ်။
“ဟေ့ . . . ဂါထာပေါင်းသုံးထောင်ကျော်ကို ဗိုက်ထဲထည့်ထားတဲ့ ခမုံဆရာတော်ကွ၊ ပါဠိတော်၊အထကဋ္ဌာ ဘယ်ဋီကာနဲ့တိုက်တိုက် ဒီကောင်တွေဟာ မင်းမဟုတ်ဘူး၊ ဓမြတွေ . . .
အဲလို . . . မှန်ရာကို ခပ်ကြမ်းကြမ်းပြောတက်လေတော့  . . .  ဦးဥတ္တရဆိုသူက ဘုန်းကြီးဆိုတော့ ကျွန်တော်ရာနှုန်းပြည့်စကားလုံးတွေသော့ခပ်ထားရပါတယ်။ ဘုရားသားတော်အစစ် ဆိုရင်တော့ ဦးဥတ္တရကို သံဃာ့ဂုဏ်ထိုက်လို့ ပူဇော်လိုက်ပါတယ်။ ဆရာတော်ဦးဗုဒ်ပြောသလို ဘုရား စကားနားမထောင်ဘဲ၊ မင်းစကားနားထောင်နေတဲ့ မင်းသားဆိုရင်တော့ (သိန်းစိန်စကားနားထောင်ေ နတဲ့ သိန်းစိန်သားဆိုရင်တော့) သနားလေစွ။
မာန်လည်ပြောပြောရင် ပိဋကတ်ခေါင်ထိ ရှင်ကပိလတောင် အ၀ီစိသွားရှာရလေသူမို့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများဟာ ၀ါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်တက်ကြောင်းကိုလည်း ဦးဥတ္တရ သိဖို့ကောင်းပါတယ်။ အဲ . . . သိစရာလေးထပ်ပြောလိုက်ဦးမယ်။ ဒီနေ့ခေတ်က ပိဋကတ် တော်တွေကို ဘီဒိုထဲကနေ ဆွဲထုတ်ပြီးမှ ဖတ်လို့ရတဲ့ခေတ်မဟုတ်တော့က ဦးဥတ္တရ ဆိုသူ လည်း ကိုးချင်တဲ့ကျမ်းကိုဆွဲထုတ်ကာ ကိုးလိုက်စမ်းပါ။ ကျွန်တော်ကတော့ ခမုံမြေးမို့ . . . . ဇနဲ့အကောင်မို့ ဒီမိုကရေစီခေတ်မို့ ကိုးလိုက်စမ်းပါစေတော့ . . . .  .
ဒါ့ကြောင့်
ဘုန်းဘုန်းဦးဥတ္တရယ် . . . 
မင်းဘယ်လိုလုပ်လိုက်တာတုန်း . . .ရယ်လို့ ရင်နှစ်လွှာပေါ်လက်ဝါးတင်. . .
ပါးပြင်မှမျက်ရေတွေလည်းတို့ပြည်သူတွေအတွက် မြစ်မင်းဧရာထဲ စီးဝင်နေပါပြီ။
အာဏာရှင်စစ်ဘောင်းဘီချွတ်၊
ငယ်စင်ကာကို တိုက်ပုံအင်္ကျီပေးဝတ်၊
ဘင်လာဒင်ကို သင်္ကန်းချုံ ပေးသလိုပ . . .
သံဃာသတ်တကယ့်လူမိုက်များခေါင်းဆောင် သိန်းစိန်ဆိုသူကို
ငြိမ်းချမ်းရေးအစဉ်လိုလားစေဖို့ . . .
ဉာဏ်ကြီးရှင် ပုစွန်ဆိတ်ခေါင်းလိုပ . . .
တွေးမှ . . .  တွေး . . .  .
ပြောမှ . . . . ပြောတက်ပါလေတယ်။
ဒို့ . . . . သာသနာ                              
ဒို့ . . . . . ဘာသာ
ဒို့ . . . . . လူမျိုး
ကျွန်ဇာတ်ကိုသွင်း . . . .
တရုပ်ဆီကို . . .  ဖင်ခံ . . .
ကုလားဆီကို . . .  ဖင်ပေး . . .  .
တို့မြန်မာသမီးပျိုတွေ . . .
ခေါင်းမီးတွေချုံ . . . . တစ်ရုပ်လိုနှစ်ကူးလို့
လူမျိုလို့ ပြုတ်ပြုတ်ပြုံန်းပြုန်းနေပြီ . . . ကိုဥတ္တရရေ . . . .
ဒင်း . . . .က အင်္ဂလန်မှာနေ . . .
အင်္ဂလန်ရေကိုသောက် . . .
အင်္ဂလန်မှာ ဘယ်လိုမှောက်မှား၍ . . .
သိန်းစိန်ကို ငြိမ်းချမ်းရေးဆိုတဲ့ လူသတ်တံဆိပ်ပေးလိုက်တာလဲ?
ငါသာ
ဦးဥတ္တရလို . . . .   ဘုန်းကြီးဖြစ်ခဲ့မယ်
သူ့ထက် . . . . . တစ်နာရီလောက်သာကြီးမယ်
သူ့နဲ့သာ . . . . . ဆွမ်းစားရင်းဆုံဖြစ်ရင် . . . .
ငါတို့ပြည်သူတွေရဲ့ မစင်ချေးကို . . .  ငါကော်ပြလိုက်ချင်တယ်။
အဟာရမဲ့တဲ့ တို့ပြည်သူတွေရဲ့ ချေးကို . . .
ခုခေတ်ခွေးတွေ . . . . .  . မစားချင်တော့ဘူးရယ်တဲ့။   

အထူးမှတ်ချက် ။     
ဒီစာနဲ့ပတ်သလို့
ဦးဥတ္တရနဲ့တကွ၊ ဘယ်သူမဆို ကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ကျွန်တော်မှား ကြောင်း ကန့်ကွက်ပြောဆိုနိုင်ပါတယ်၊ ထိုသို့ပြောဆိုရာမှာ သာဓကယုတ္တိ၊ ဒေသနာ ယုတ္တိ၊ အစရှိတဲ့ ယုတ္တိတရားအစားအစားတို့နဲလျှော်ညီအောင်သာပြောမယ် ဆိုပါက.. . . . . .  .  ကျွန်တော်ဘက်က ပညာအရာမျာ ဧတဒဂ်ရသော မထေရ်မြတ် သာရိပုတ္တ ရာကဲ့သို့ ဦးညွှတ်ရန်ဝန်မလေးကြောင်း အသိပေးရင်း နိဂုံးခါးပတ်အဆုံး သတ်လို က်ပါသည်။

ကျွန့်တော့ရင်ဘတ်လမ်း ခင်ဗျားတို့ နင်းသွားကြစမ်းပါ။

ကျွန်တောနဲ့ဆုံခဲ့မလေသမျှဆိုတဲ့ နာမည်လေးနဲ့ ဓာတ်ပုံဆောင်းပါတွေရေးနေဦးမှာပါ။ အဲလိုအာမခံခပ်ရဲရဲပေး ရတာကတော့ ကိုယ့်အနာဂါတ်ကို အရမ်းကြိုသိနေလို့မဟုတ်ပါဘူး။ ကျွန်တော်အ သည်းက ထိလွယ်ရှလွယ်တက်သလို ထိမိရှမိပြန်ရင်လည်း အနာကကျက်ခဲ့ပါရဲ့။ ဒါ့ကြောင့် ဘယ် လိုလောကဓံနဲ့ပဲ ကျွန်တောကို ပွတ်တိုက်ထိခိုက်ပါစေ လောကအတွက် ကျွန်တော်ပိုင် အချိန်တွေ ကို ပေးဆပ်သွားမှာပါ။ အမေစု ကတော့ “ပြည်သူလူထုအတွက် ကျွန်မအသက်စတေးဝံ့ပါတယ်↔တဲ့။
ကျွန်တော်ကိုတိုင်လည်းထောင်ထဲမှာပြည်သူအတွက်ပေးဆပ်ခဲ့ရပြီးပါပြီ။ဒါကြောင့်နောက် ထပ်တစ်ခါ ထောင်ထဲပြန်မနေရရင်၊ကျွန်တော့်လက်ချောင်းတွေ ကီးဘုတ်ပေါ်ကစားနိုင်သေးရင် ကျွန်ေ တာ် စာပဲရေးနေမှာပါ။ ကျွန်တော့ခန္ဓာဗေဒကတော့ ဒေါင်ဒေါင်မြည်မို့ အင်းစိန်ထောင်ဗူးဝကိုပဲ စိတ်ပူရမှာ။ ဒါ့ကြောင့် အင်းစိန်ထောင်ဘူးဝထဲ ပြန်မ၀င်ရသေးသရွှေ့ ကျွန်တော့ရင်ဘတ်ဟာ ပြည်သူေ တွနင်းလို့ရ မယ့် ပြည်ပကနိုင် လွန်ကတ္တရာလမ်းကောင်းကောင်းအဖြစ်ရှိနေမှာပါ။
(၂၁-၃-၂၀၁၂)ဒီနေ့ကျွန်တောနဲ့ဆုံခဲ့တာကNLDဆိုတဲ့အမေစုရဲ့ အင်အားစုပါ ။ကြားဖြ တ်ရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒမှာ အမကြီးမဖြူဖြူသင်း ၀င်ရောက်ရှင်ပြိုင်မ ယ်ေ လ၊ ကျွန်တော် မင်္ဂလာဈေးကနေ(၁၀၅)လိုင်းကားစီး လာရင်း မြန်မာ့ဂုဏ်ရည်လမ်းမ ထက်မှာဆုံ ခဲ့တာပါ။ ဒါနဲ့အသင့် ပါလာတဲ့ ကင်မရာနဲ့ အခုလိုဓာတ်ပုံရိုက်ပြီးဂုဏ်ယူလိုက်တာပါ။
ဟိုး ..  အရင်တုန်းကဆို ကျွန်တော်တို့ပြည်သူတွေဟာ NLD အတွက် ရဲရဲဝံ့ဝံ့မလုပ် ရဲခဲ့ရဘူး။ လုပ်ရင်မပြောနဲ့ အရိပ်အယောင်တွေ့တာနဲ့ ဖမ်းစရာပုဒ်မတပ်ပြီး အင်းစိန်ထောင်ထဲပို့ လိုက်တာပဲ။ ကျွန်တော် လည်း အဲဒီလမ်းအတိုင်း ထောင်ဘူးဝထဲရောက်ခဲ့ရတာပါပဲ။ ကျွန်တော်တိုပြည် သူတွေဟာ အာဏာရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ထောင်သွင်းအကျဉ်းချခြင်းကိုခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် သံတိုင်ကြားထဲမှာ ရှိနေစ တရားရုံးမှာ အမှုရင်ဆိုင်နေရစဉ် မခံစားနိုင်လွန်းလို့ NLD ထဲက ရှေ့နေလေးတစ်ယောက်ကို လူ့ငရဲ ဆိုတဲ့ခေါင်း စဉ်နဲ့ ပြည်ပမီဒီယာဆီပို့ပေးပါဆိုပြီး . . . . . .
လူ့ငရဲ
ငါ့အရင် . . .
ထုဆစ်ခံခဲ့ကြတဲ့ လူရုပ်တွေ
မြန်မာနိုင်ငံကို
ကိုက်ဖဲ့စားသောက်လိုက်ကြပုံက
ခွေးဘီးလူးကြီးတွေအတိုင်းပဲ။    ။ 
လို့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ်သောကြာကြယ်ကြီးကို လဖေါက်ခဲ့ပြီးက တည်းကကျွန်တော်တို့ပြည် သူ တွေရဲ့ ဘ၀ဟာ လင်းလုစပြုခဲ့ရပါပြီ။ သောကြာကြယ်ကြီးလကိုစီး ပြည်ကြီးပျက်လတ္တံ့။ လို့ ရှေး သူတော်ကောင်းကြီး များကအဆိုရှိခဲ့တာကို၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ မာယာဆို တဲ့ ခေါင်းစဉ်အောက်ကနေ့ မြန်မာ့အရေးအခင်းနှင့်တဘောင် ဆိုပြီးရေးထားပါတယ်။ အခန်းဆ က်ဆောင်းပါးလေးတွေ ဆက်ဖြည့်ရေးသွား မှာပါ။ အခုကတော့ အရေးပေါ်ခံစားချက်လေးတွေကို အမြန် Post လုပ်လိုက်တာမို့ . . . .
အို . . .  ပြည်သူတို့ ကျွန်တော့ရင်ဘတ်ပေါ်က ဆက်သာနင်းသွားကြပါ ကျွန်တော် Facebook လမ်းမကြီးထက်မှာ ရှိနေပါတယ်ခင်ဗျာ။
ရိုသေလေးစားစွာဖြင့်

အောင်မင်းခေါင်




အဆိုတော်ရဲလေးနဲ့ ရန်ကုန်မြို့လည်ခေါင်ကလမ်းဘေးဈေးသည်တွေအဖြစ်က (၂)နာရီပဲခြားပါတယ်။

                    ပြောလည်းမပြောချင်ပါဘူး . . . .
နားလည်းမထောင်ချင်တော့ဘူး . . . . .
နေလည်မနေချင်တော့ဘူး . . . . .
ကဲ့ . . . .  မိတ်ဆွေတို့ရေ . . . . ဒီစကားတွေဟာ မြန်မာနိုင်ငံ သူနိုင်ငံသားတွေ ရဲ့ နေ့စဉ်ငြည်းတွားနေကြတဲ့ စကားလုံးတွေပါပဲ။ အဲဒီလို မတစ်လုံးဆောင်ကြပေသော်လည်း မြန်မာနိုင်ငံ သူနိုင်ငံသားတွေခမျာ လူခြင်းတွေ့အကြောင်းဆုံလာပြီရင် မပြောချင်တာတွေကိုပဲ ထပ်ခါတစ်လဲ လဲ ပြောရတာပါပဲ။ နားမထောင်ချင်ပါသော်လည်း အကြိမ်ကြိမ်နားထောင်နေမိတာပါပဲ။ ကမ္ဘာမှာမြန် မာနိုင်ငံဆိုတဲ့မြေပုံလေးကလှသယောင်ယောင်ရှိပေမယ့်မြန်မာနိုင်ငံသူနိုင်ငံသားတွေခမျာမြန်မာနိုင်ငံကြီး မှာ မနေချင်ကြတော့ဘူး။
ဒါ ဘာဖြစ်လို့လဲ . . . .  ဘာ့ကြောင့်လဲ . . . .
မြန်မာနိုင်ငံကို ခေတ်အဆက်ဆက် တာဝန်ယူအုပ်ချုပ်လာခဲ့ကြတဲ့သူတွေ အရည်အချင်း မရှိလိုပဲပေါ့။ ဒီလောက်ပဲဝေဖန်တာကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့က အဲလိုအုပ်ချုပ် လာသူတွေကလည်း ကိုယ့်မြန်မာနိုင်ငံသားဆွေမျိုးများပဲမဟုတ်ပါလား။ ဒါ့ကြောင့် ဘယ်သူမကောင်း ဘူး . . . ဘယ်ဝါမကောင်းဘူး . . . လို့ ပြောမနေချင်တော့ပါဘူး။
အဲ . . .  ဒါပေမယ့် မပြောလို့မဖြစ်တော့တာက စားဝတ်နေရေးဒုက္ခဘေးဖြစ်တဲ့ ရန် ကုန်မြို့လည်ခေါင်ကအကြောင်းပါပဲ။ဖတ်ကြည့်ပါ။နားထောင်ကြည့်ပါ။မယုံရင်ကိုယ်တိုင်လာရောက်လေ့ လာကြည့်ပါ။ အခုပြောသလိုတကယ့်လက်တွေ့မှာ မဟုတ်ဘူးဆိုရင် ပါးသာလာရိုက်လိုက်၊ လက် နဲ့မရိုက်နဲ့ ခင်ဗျားတို့လက်ညောင်းလိမ့်မယ်။ စီးထားတဲ့ ဖိနပ်နဲ့သာဘယ်ပြန်ညာပြန်ရိုက်လိုက်ပါတော့။
ဖြစ်ပျက်ပုံက အဆိုတော်ရဲလေးနဲ့ ရန်ကုန်မြို့လည်ခေါင်ကလမ်းဘေးဈေးသည်တွေရဲက ဘ၀ဖြစ်ပုံက နှစ်နာရီပဲခြားပါတယ်။ ̏အဖေ . . . . ခြောက်နာရီဆို အိမ်ပြန်လာခဲ့ပါ˝ ဆိုတဲ့ စာသားလေးကို ရဲလေးက ̏အိမ်˝ သူ့စီးရီးမှာဆိုတယ် အခုရန်ကုန်မြို့လည်ခေါင်လမ်းဘေးဈေးသည်များကတော့ ညရဲ့ ဒုက္ခစီးရီးခွေသီးချင်းရဲ့စာသားကတော့  ̏ စည်ပင်ရဲတွေ  . . . . .  ကိုးနာရီမှ ဒီကိုလာခဲ့ပါ˝ တဲ့ခင်ဗျာ။
သြော် . . .  မြန်မာပြည်သူရှိ ဆင်းရဲနွမ်းပါးကြတဲ့ လူကောင်းသူကောင်းများဟာ ဘ၀ ၀မ်းစာရေးအတွက် ရိုးသားတဲ့နည်းလမ်း ဈေးပန်းများချက လမ်းဘေးမှာ ၀ယ်သူမျှော်ရောင်းရသော် လည်း၊ စည်ပင်ဆိုတဲ့ရဲ့က ညရှစ်နာရီကျော်ကျော်ဆိုရင်(Te) ကားတစ်စီးအပြည့်ရှိုယူနီဖောင်းဝတ်ကာ လမ်းနဘေးမှာ အင်အားပြကြပါပြီ။ ဒါမှ ညကိုးနာရီဆိုတာနဲ့ လမ်းဘေးဈေးသည်တွေတစ်ယောက်မှမ ရှိတော့မှာကို။
ကဲ . .  ဒီလောက်တောင်ဖမ်းချင်နေတဲ့စည်ပင်ရဲတွေ မင်းတို့ပထွေး တေဇတို့တတွေ မြန် မာ့ပြည်သူပိုင်ကျွန်းသစ်တွေ ခုတ်နေတာ သွားဖမ်းပါလား။ ရန်ကုန်ဆိပ် ကမ်းပင်လယ်ဝမှာ နိုင်ငံခြား သင်္ဘောပေါ်ကသစ်လုံးတွေထဲမှာ ဘိန်းဖြူတွေပါနေတာကြတော့ မသိကြဘူး ဘ၀အကျိုးပေးမကောင်းလို့ /အာဏာရှင်စနစ်ကြောင့် လူတွေအလုပ်လက်မဲ့ဖြစ်မှု/ ကောင်းမွန်စွာပညာ သင်ကြားနိုင်မှုမရခဲ့လို့/စတဲ့ ချိုငဲ့မှုတွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲနွမ်းပါးသူများ သမ္မာအာဇီဝနဲ့ ဈေးရောင်းစာတာကိုတော့ လိုက်ဖမ်းကြတာ သူတို့ကိုယ်သူတို့ သူရဲကောင်းတွေအတိုင်းပါပဲ . . . ကမ္ဘာသူတော်ကောင်းသမ္မတများ ခင်ဗျာ ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကယ်တင်စောင့်ရှောက်တော့မူပါခင်ဗျာ။ ဘိုးဘိုးအောင်နဲ့ရှင်အဇ္ဖေ၈ါနတို့ကလည်း တေဇတို့ ခင်ရွှေတို့ ဇောဇော်တို့ စတဲ့ ခရိုနီတွေကိုပဲ မစနေရော့ လားမသိပါဘူး ခင်ဗျာ။
ဈေးရောင်းစားတာ ဒီလိုနည်းနဲ့ ၀မ်းစာရှာတာကို စည်ပင်ရဲတွေက ဖမ်းလို့ရလား? ကျွ န်တော်ဟာ ဥပဒေပညာရှင်မဟုတ်လို့ မသိသော်လည်း  ညကိုးနာရီတိတိဈေးဗန်းတွေ သိမ်းလို့ မပြီး သေးတဲ့ ဈေးသူဈေးသား လူ့နွမ်းပါးများကို မဖမ်းသင့်ပါဘူး။ ဒီလိုဖမ်းလို့ရတယ်ဆိုတဲ့ စည်ပင်ဥပဒေရှိ တယ်ဆိုရင်လည်း ပြင်ပေးပါလားခင်ဗျာ။
ကဲ . . . . ရဲလေးရေ . . . . ညဆယ်နာရီမှပဲ မင်းအဖေကို အိမ်ပြန်လာခိုင်းလိုက်ပါ လားကွာ။

အမှား ထံသို့ အမှန်

     အမှားထံသို့ အမှန် ဆိုတော့ အမှန်ဆိုသူက အမှားဆိုသူထံသို့ပေးစာပဲဖြစ်ပါတယ်။ ဒါဆို အမှန်ဆို သူက အမှန်ဆိုတာကဘာလဲ? ဘယ်သူလဲ? အမှန်တင်ပြသူဆိုတာက ဘယ်သူလဲ? အဘယ်သို့သော အမှန်များကို တင်ပြတာလဲ? စတဲ့မေးခွန်းတွေဟာ တစ်သီတစ်သန်းနဲ့။ နားလည်ပါဗျာ။ ဒီလိုနေရာမှာ စာရေးရတယ်ဆိုကတည်း က စာပေလွတ်လပ်မှုမရှိ ထောင်သွင်းအကျဉ်းချနေတဲ့ တိရစ္ဆာန်သာသာသာရှိတဲ့ကျော်ဆန်း ရဲ့ မြန် မာစာနယ်ဇင်း နယ် ပယ်မှာ ရေးလို့မရကတည်းက AUNG MIN KHOUNG ဆိုသူရဲ့ real name ကိုလည်း ပြောဝံ့ပါ့မလားခင်ဗျာ။
ဒီတော့က အမှားဆိုသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ ဖေါ်ကောင်မလုပ်တော့သလို အမှန် တင်ပြတဲ့ ကျွန်တော်ရဲ့ AUNG MIN KHOUNG ဆိုတဲ့  nickname လေးပဲမှတ်ထားလိုက်ပေါ့ဗျာ။
မြန်မာပြည်မှာက အားလုံးဟာ ပြောင်းပြန်တွေခြည်းပဲဗျ။ အိုဟောင်းဆွေးမြေ့နေတဲ့အရာတွေဟာ တန် ဘိုးဖြစ်သွားတယ်။ အိုဟောင်းဆိုတဲ့နေရာမှာ antique ပစ္စည်းတွေကိုမဆိုလိုဘူးနော်။ လူစီးလို့မရတဲ့ကားအို ကြီးတွေက သိန်းရာကျော်တန်သွားတယ်။ အဲလိုပဲဗျ။ မြန်မာနိုင်ငံမှာရှိတဲ့ တရားဟောဓမ္မကထိကနဲ့ တရားပြကမ္မ ဋ္ဌာနာစရိယတို့ဟာ ပြောင်းပြန်တွေချည်းပဲဗျ။ ရန်ကုန်မြို့ ရပ်ကွက်တိုင်း လမ်းတိုင်းလမ်းတိုင်းမှာ တရားပွဲတွေဆိုတာ ကြာနီကန်ဆရာ တော်ကြီးပြောပြောရင် ဗွက်ပေါက်လို့ပေါ့၊ ဟောတဲ့ ဆရာတော်များမှာလဲ ဘွဲ့တံဆိပ်တွေရဲ့ရှေ့ မှာ ဒေါက်တာဆိုတာ တွေကလဲပွလို့ပေါ့ဝမ်းသာပါဗျာ။ ပီတိသောမနဿများလည်း ကျွန်တော့ရင်ဘတ်ထဲ မှာ အောတိုက်ပါပဲ။ ဒါပေမယ့် လည်း ကျွန်တော်မြင်တာကတော့ ပြောင်းပြန်တွေများဖြစ်နေသလား? ဘာဖြစ်လို့ လည်းဆိုတော့ မြန်မာပြည်သူ တွေခမျာ မ-ဆ-လ ခေါ် နေ၀င်းအစိုးရလက်ထက်ကတည်းက ဒုက္ခသစ္စာကိုသိမြင်ခံ စားနေရတာပါ အဲဒီကတည်းက အခုထိပ်ပြောင်ဘောင်းဘီချွတ်တိုက်ပုံဝတ်ခေါင်းပေါင်းစတစ်ထောင်ထောင်လုပ်နေ တဲ့ သိန်းစိန်တို့တိုင်အောင် ပါပဲ။
နည်းအမျိုးမျိုးနဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဝေစားမျှစားလုပ်ခဲ့ကြတဲ့အပြင် ဒါတွေကိုသိတဲ့ ကျွန်တော် တို့လိုလူတွေက လူထုပညာပေးရေးကဏ္ဍတွေလုပ်တယ်၊ လုပ်တော့သူတို့က ပုဒ်မအမျိုးမျိုးတပ် ပြီးထောင်ချ တယ်။ထောင်ချတော့လည်း သူတော်ကောင်းစိတ်ကြီးမားကြတဲ့ ကျွန်တော်တို့လိုလူတွေက အခုလိုပြည်သူတွေသိရှိ နားလည် အောင်ဆက်လက်အားထုတ်ကြတယ်။ အဲဒီတော့ သူတို့ကလည်း ကျွန်တော်တို့လိုအလင်းရောင်လက်တွေ ကို ဆက် လက်ချိုးဖဲ့ဖို့အတွက် ထောင်ချပြန်လေတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူတွေခမျာ ဒင်းတို့နှိပ်စက်ခံရပါများလာတော့ ဒုက္ခသစ္စာအပေါ်နား လည်လွန်းလို့  အရာအား လုံးဟာ ဖြစ်ပြီးရင်ပျက်စမြဲဆိုတာ ကိုလည်းသိပါပေ့။ ဒါ့ကြောင့်ပဲ ခပ်ပါးပါးသံသရာ ဆိုပြီး
မိုးလင်းတာနဲ့
ဆန္ဒကိုမျက်နှာသစ်ပြီး
လောကဓံကို မျက်နှာလုပ်ဖို့အတွက်
အရောင်မျိုးစုံကို ခေါင်းငုံ့ရင်း
ပြုံးပြခဲ့ရတယ်။
နေ၀င်ချိန်မှာ
ပဲ့ရွဲ့ဆန္ဒကို တို့ပတ်ရိုက်ပြီး
နောက်ကျနေတဲ့ အိမ်ပြန်ခြေလှမ်းနဲ့
မနက်ဖန်ဆိုတဲ့အာရုံသစ်အတွက်
ခဏခဏသက်ပြင်းရာတွေ။      ။ လို့ အော်မိတယ်ဗျာ။        

အချစ်သီအိုရီကိုစားသုံးခြင်း


ကျွန်တော့ကို လူတွေက ဂွတစ်ခုနဲ့တူတယ်လို့ သတ်မှတ်ထွေးထုတ်ခဲ့ကြတယ်။
တကယ်တော့
ကျွန်တော်ဟာ . . . . . . .               
ခံစားမှုရိပ်က လှည့်ထွက်တက်တဲ့ ခြေရာလို . . . . . . 
အတောင်လေဟုန်မစီးဘဲ လိုရာသွားတက်တဲ့ စွန်ရဲလို . . . . .။
ငါးစိမ်းကိုမြင် ငါးကင်ကိုပစ်တဲ့အပြင် ၀ါးမျိုခြင်းတွေကိုပါ ထွေးထုတ်တက်တဲ့ သတ္တ၀ါလို . . . . ။ သံပတ်တင်းတိုင်း စကားပြောတက်တဲ့ စက်ရုပ်လို . . . . . ။
တိမ်ညွန့်တွေထဲကနေ ပျံသန်းခြင်းကိုဖမ်းယူမယ်လုပ်တိုင်း ကိုက်ဖြတ်တက်တဲ့ စက္ကူစွန်လို . . . . . ။
ချုံငုံသုံးသပ်ပြရင်  . . .
ကျွန်တော်ဟာ အနတ္တတစ်ကောင်ထက်မပိုတဲ့ လူစစ်စစ်တစ်ယောက် . . . . ။
မိတ္တူကူးဆွဲလို့မရတဲ့ ပန်းချီကားတစ်ချပ် . . . . .။
ကျွန်တော်ကို ထိုးနှက်လိုက်တိုင်း . . . . . .
မာကြောခြင်း၊ ပြောအိကျွံထွက်ခြင်း၊ နာကျင်ခြင်းမတဲ့ အောက်ဆီ ဂျင်တစ်ထု . . . . ။
အဲလိုနဲ့
လူလယ်ခေါင်မှာ
လူဘောင်ကောင်းစားရေးစကားလုံးကို ခဏခဏ၀တ်ဆင်ရင်း မြေကြီးကို ကုတ်ခြစ်တွက်ဆကြည့်ခဲ့တယ်။
တုတ်တံတွေတောင် ပါးရှားကုန်ကြပြီ။
ဒါ့ကြောင့် ကမ္ဘာ့အသွင်အပြင်တွေဟာ လွန်လွန်ကျူးကျူး ကူးပြောင်းနေကြတာကို။
အဲဒီအထဲကမှ ဂွမကျ ဂွင်မတိုဘဲ ကန့်လန့်ကြီးနဲ့ ကျွန်တော့ဟာ ကိုယ့်ဘ၀ကို အချွန်တက်ပေးတဲ့ ကောင်မ လေးအိမ်ကို ခြေတော်ကျူးခဲ့ပါတယ်၊ အဲဒီကအပြန် နေခပ်ပြူးပြူးမှာ ကိုယ့်လက်ကိုင်ဖုန်းက Voice recorder ထဲကို အခုလို မှုတ်ထုတ်ခဲ့ရတယ်။
ကောင်မလေးရေ . . . . .
တို့ဟာ ကမ္ဘာမှာ ပူပူတစ်ခွက်ကို မှုတ်သောက်နေကြတာမျိုး
ပင်ရိပ်ကိုင်းတွေကို ခုတ်ပစ်နေကြတာမျိုးအလှမ်းမမြင်ကို ကူးခပ်နေကြတာမျိုး လိုပေါ့ . . . . ။
ကောင်မလေးရေ . . . .
တကယ်ကတို့တစ်တွေဟာပူပူလောင်လောင်တွေဆို မှုတ်သောက်ကြရမှာ
ပင်ရိပ်ကို ရေကူရင်းမမြင်ရတဲ့ကမ်းကို လုံ့လမပြုသင့်။
ကောင်မလေးရေ . . . .
မင်းတို့နှစ်ယောက်ဟာ
ကုန်းကမူလေးပေါ်မှာ
ခပ်နွဲ့နွဲ့
ခပ်သွဲ့သွဲ့စကားလုံးတွေကို ခြုံလွှမ်းရင်း
အချစ်သီအိုရီကိုတွက်ချက်စားသုံးကြရမှာ။
                                                                                                                   မောင်ဇရာ
ကျေးဇူးတင်သင့်တဲ့ ညီမငယ်တစ်ယောက်အတွက် ပြုစုပျိုးထောင်ခဲ့ရင်းက ဖြစ်လာရသော . . .. . . . . .. . …  


နိုင်ငံတော်သမ္မတဆိုတာဘာလဲ?

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget