.

AlinShin

Monday, June 16, 2014

လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ

စာကြည့်နုတဲ့သူတွေဟာ အတ္တအနတ္တကို သိဖို့ခဲယဉ်းလှသလိုအကြောင်း
အကျိုးလည်းသိဖို့ဝေးပြီပေါ့ ။ တို့များဒါ့ကြောင့် စာများဖတ်ကြပါလို့တိုက်
တွန်းရတယ်နော်။ စာဖတ်ပြန်တော့လည်း ကိုယ်ဖတ်တဲ့စာက အကြောင်း
နဲ့အကျိုးကိုသုံးသပ်နိုင်တဲ့စာမျိုးဖြစ်ဦးမှ။ ဗုဒ္ဓ၀ါဒဆိုတာ အစွန်းလွတ်တယ်
ဘာကိုဖြစ်စေ ၊ action ကြောင့် reaction ဖြစ်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာ
ကမ္ဘာကိုဦးဆုံးချပြနိုင်ခဲ့ပါတယ်။ အိုင်ဆက်နယူတန်တို့ ပြောခဲ့တယ်ဆို
တာနှစ်နှစ်ရာကဏန်းပဲနော် ၊ ဗုဒ္ဓက ထောင်ကဏန်းတော်ကျော်ခဲ့ပြီ။
ဒါ့ကြောင့် ဥဒါန်းပါဠိတော်ကိုကြည့်ရင် အာသဝေါကုန်ခမ်းသွားတဲ့ရဟန္တာ
မထေရ်မြတ်များ ကျူးရစ်တော်မူခဲ့တဲ့ ပါဠိတော်များ ဖတ်လေမှတ်လေ
စိတ်ထဲ ကြည်ညိုစရာကောင်းလေပဲ။ ဘယ်အရာမှ အကြောင်းလွတ်တဲ့
အကျိုးရယ်လို့ ဘုရားဟောခဲ့ဘူး။ သာဓကလေးတစ်ခု စိတ်ထဲပေါ်လာ
တာလေးထောက်ရရင် .. . .။
Photo: လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ
☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤

ရှင်ဒေ၀ဒတ်က ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ကျောက်တုံးကြီးကိုအနေအ
အထားချိန်စပြီး ဗုဒ္ဓရှင်တော်ဆွမ်းခံထွက်ရင် ဒဲ့ကြဖို့ ဒဲ့ထိဖို့ ဒဲ့သေဖို့ ဖန်
တီးပြင်ဆင်ထားတယ်။ ဗုဒ္ဓရှင်တော်ဆွမ်းခံကြွလာတဲ့အခါ အနေတော်
လောက်မှာ သူတွက်ချက်ချိန်ကိုက်ထားတဲ့ကျောက်တုံးကိုလှိမ့်ချလိုက်
တယ်။ ကံကောင်းခြင်တော့က သူချလိုက်တဲ့ကျောက်တုံးရဲ့လမ်းမှာ အ
ခြားကြီးတဲ့ကျောက်တုံးကြီးကခံနေတယ်။ အဲဒီမှာတင်ကျောက်တုံးနှစ်ခု
တို့ တိုက်မိကြပြီး အစိတ်စိတ်အမွှာမွှာကွဲသွားတယ်။ ကွဲသွားတဲ့ကျောက်
တုံးအစိတ်အမွှာလေးတွေထဲက ကျောက်တစ်စဟာ ဘုရားရှင်ရဲ့ခြေ
တော်ဖျားကို ထိသွားတယ်။ စာထဲမှာတော့ အတော်ကိုဒါဏ်ရာဟာပြင်း
ထန်သွားတယ်လို့ဆိုတယ်။ အဲဒီညမှာပဲ နတ်တွေရောက်လာကြတယ်။
ဒါပေမယ့် ဘယ်နတ်ကမှဆေးကုပေးတယ်ဆိုတာ မပါဘူး။ ဒါပိဋကတ်ကို
ဖတ်ရင် အခုလိုဂရုတစိုက်လေး သတိထားမိရတယ်။ ဒါ့ကြောင့်တို့ ပတ်
ဝန်းကျင်မှာလူတွေ အစွန်းထွက်တဲ့စကားတွေပြောကြတယ်နော်။ နတ်က
ဖန်တီးပေးတယ်။ နတ်ကမဖန်တီးပေးဘူး။ ဒါနှစ်ခုစလုံးဟာ အစွန်းတစ်
ဘက်ဆီကပဲနော်။ ကဲ ၊ အခုဘုရားရှင်ကို ခံစားနေရတဲ့ ဝေဒနာ ၊ဘယ်
နတ်က နတ်တန်ခိုးနဲ့ ကုသပေးသလဲ။ မပေးဘူးနော်။ ပေးတယ်လို့ စာမှာ
မပါဘူး။ စာမှာက . . .
★ “ အာဇာနေယော ၀တ ဘော သမဏော ဂေါတမော” ★
►❝ ရဟန်းဂေါတမသည် တကဲ့အာဇာနည် ယောက်ျားပါတကား၊
အာဇာနည်ယောက်ျားဖြစ်သောကြောင့်သာ ဤမျှလောက်ပြင်းပြ
သောဝေဒနာကို ဣနြေ္ဒမပျက် ခံနိုင်ပါပေသည်❞◄လို့ပဲပါတယ်နော်။
 “နတ်တွေကတော့ဖြင့် ဘုရားရှင်ခံစားနေရသော ကာယိကဒုက္ခဝေဒနာ
ကို ပျောက်ကင်းအောင်ကုသပေးသွားသည်” ဆိုတဲ့ပါဠိမပါဘူးဒါကိုအချို့
က မသိတော့ နတ်တွေကိုတင်မြောက်ပသတိုင်း ကိုယ့်ဘ၀ဒုက္ခငြိမ်းလိမ့်
မယ်လို့အထင်ရောက်နေတဲ့သူရှိသလို တင်မြောက်စရာမလိုဘူးဒီနတ်ဆို
တဲ့ကောင်တွေဘာမှမလုပ်ပေးနိုင်ဘူး ၊ ဒီအစွန်းနှစ်ဘက်မှာပဲရပ်နေကြ
တယ်။ အလယ်မှမရပ်မိကြဘူးနော်။ 
ဒါ့ကြောင့် စာဖတ်နုရင်ဖြစ်စေ ၊ ကိုယ်ဖတ်တဲ့စာကိုယ်တိုင်ကိုယ်ကအစွန်း
တစ်ဘက်ဘက် ကပ်နေတဲ့စာဆိုရင် ကိုယ်လည်းအစွန်းကပ်တက်တယ်။
(၁) နတ်တွေဟာကိုယ့်အတွက်ကောင်းကျိုးမဆောင်ရွက်နိုင်ဘူး။
(၂) ဆောင်ရွက်နိုင်တယ်။ 
ဒီအစွန်းနှစ်ဘက်ကနေ အလယ်ကိုလျှောက်နိုင်ရပ်နိုင်ဖို့ရန်အတွက် ဒီ
ဆောင်းပါးလေးဖတ်ရုံလောက်နဲ့မရဘူး။ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။
အခြားကျမ်းတွေဖတ်ရမယ်။ ကျမ်းညွှန်းပေးလိုက်မယ် ။ အဲဒီကျမ်း
စာအုပ်ရှိတဲ့နေရာကိုပါ အတိအကျပေးမယ်။ ကိုယ်ဘက်က Download
ဆွဲရုံပဲ။ အဲဒါမှမဆွဲခြင်ရင်တော့ မဖတ်ရုံပေါ့ကွာ။ အခုဖတ်လက်စဆောင်း
ပါးပါ ဖတ်မနေနဲ့ အကျိုးမရှိနိုင်တော့ဘူး။ အကယ်၍ ကိုယ်က အလယ်
လမ်းကိုလိုက်လိုတယ် ရပ်လိုတယ် ဆိုရင် . . .
http://ungminkhoun.blogspot.com မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က  .. 
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ်  .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့  ..  တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

http://ungminkhoun.blogspot.com/ မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က ..
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ် .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့ .. တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget