.

AlinShin

Monday, August 18, 2014

အချစ်၏အပိုင်းအစများ

ဒီဆောင်းပါးလေးက မင်းတို့ငါတို့ရဲ့ ဆယ်ကျော်သက်အရွယ် ရင်ခုံ
ခဲ့ဖူးတဲ့ အချစ်စိတ်ကိုဘာသာပြန်ပေးလိုက်တာပါပဲ။ အသည်းပေါက်
အောင်ချစ်ခဲ့ဖူးတဲ့ကောင်လေးတွေလည်းဖတ်လို့ရသလို . .
“ရှင်ကြီးက လူဆိုးကြီး” ရယ်လို့ အသဲတစ်ခြမ်းဖဲ့ပေးခဲ့ရဖူးတဲ့ကောင်
မလေးတွေလည်း ဖတ်လို့ရတယ်။ ခရစ်ယာန်လည်းဖတ်လို့ရသလို
မွတ်ဆလင်လည်းဖတ်လို့ရတာပဲ။
ဘာဖြစ်လို့လည်းဆိုတော့က တို့အားလုံးဟာ ဘုရားတွေကိုတော့
ကွဲပြားစွာလက်ခံယုံကြည်ထားကြသော်လည်း “ချစ်ခြင်း” ကိုတော့ တညီတညွတ်တည်းတူညီသောပုံစံခွက်နဲ့ လက်ခံထားကြတယ်။
ခရစ်ယာန်ကောင်လေးလည်း ကောင်မလေးတစ်ယောက်ကိုချစ်တက်
တာပဲမဟုတ်လား . . ..။
မွတ်ဆလင်ကောင်လေးလည်း ကောင်မလေးတစ်ယောက်ကိုတော့
ချစ်တက်တာပဲမဟုတ်လား .. . ။
တူနေတယ် ၊ အချစ်တွေကတော့ တူညီနေတယ်။ စွန့်စားမဲ့အချစ်တွေ
ကတော့ဖြင့် ပုံသဏ္ဍာန်မကွဲပြားဘူးကွ။ ဘယ်ကောင်မလေးပဲဖြစ်ဖြစ်
ဘယ်ကောင်လေးပဲဖြစ်ဖြစ် ချစ်သူကိုချစ်ဖို့အတွက် ပြင်ဆင်မှုတွေက
တော့ဖြစ်အတူတူပဲနော်။
ဒါကို “ရင်ခုံမိတာအချစ်လား” တဲ့။
ဟုတ်တယ် . . . တို့တွေ . .
အသားအရောင်တွေ ကွဲပြားနေတယ် . . .
နိုင်ငံနဲ့လူမျိုးတွေ ခြားနားနေတယ် .. .
ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေ သဟဇာတမဖြစ်ဘူး .. ။
သို့သော် . .. တို့တွေ . . .
ချစ်ခြင်းကိုတော့ဖြင့် မိုလောင်းထားတဲ့ အရုပ်တစ်ရုပ်လို တစ်ထပ်
တည်း တစ်သားတည်းပဲ .. တူနေတယ်။

ဟုတ်ပြီ .. ဒါဆို ကမ္ဘာမှာ မတူညီမှုတွေ သန်းပေါင်းကုဋေကုဋာမက
ရှိချင်ရှိလိမ့်မယ်။ ချစ်ခြင်းကတော့ဖြစ် ချွင်းချက်မရှိတူညီနေတယ်။
ကဲ . .လက်ခံသွားပြီဆိုရင် “ချစ်ခြင်း”ကို ဆက်လက်ဖွင့်ဆိုပြမယ်။
အချစ်ဟာ မင်းတို့ငါတို့ နှလုံးသားထဲကလာတာလို့လက်ခံကြသလို
“စိတ်”ကနေဖြစ်လာတာတဲ့။
အဲဒီ “စိတ်”ကလေးက ဘာလေး?
ကောင်လေးက ကောင်မလေးကို ၊ ကောင်မလေးကကောင်လေးကို
“ချစ်မိတာ” ကိုပဲ တို့တွေက မသိလိုက်ဘူး ချစ်မိတဲ့အရာလေးကို
စိတ်ကလေးကဖြစ်တာလို့မသိမိလိုက်ဘူး။ “ချစ်တာလေးကိုသိတာစိတ်”
ဒီလိုလေးမှတ်ပါ။
• ယံပိယဇာတံ -အကြင်ချစ်တက်သော သဘောသည်။ စိန္တေတိ-
• သိတက်၏။ ဣတိ- ဤသို့သိတက်ခြင်းကြောင့် ။ တံ ပိယဇာတံ-
• ကောင်မလေးကိုကောင်လေးကချစ်တက်သော-ကောင်မလေး
• ကကောင်လေးကိုချစ်တက်သောသဘောသည်။ စိတ္တံ- စိတ်လို့
• ခေါ်၏။
ကောင်လေးက ကောင်မလေးကိုချစ်မိတာ ၊ ဒီလိုပဲ ကောင်မလေးက
လည်းပဲကောင်လေးကိုချစ်မိတာ အဲဒီသဘောလေးဟာ“စိတ်”တဲ့။
• “၀ိသယ၀ိဇာနနလက္ခဏံ စိတ္တံ ”
• စိတ္တံ၊ စိတ်သည်။ ၀ိသယ၀ိဇာနနလက္ခဏံ- အာရုံကိုတစ်မျိုး
• တစ်ဖုံသိခြင်းလက္ခာရှိတယ်။ တဲ့။
အာရုံဆိုတာလေးကအထူးမဟုတ်ဘူး၊ ပြောခဲ့တဲ့ ကောင်လေးက
ကောင်မလေးကိုချစ်တဲ့သဘောကိုပြောတာပါ။Facebook စာမျက်နှာ
ပေါ်မှာ ကောင်မလေးတွေ ဒီဇိုင်းအမျိုးမျိုးနဲ့သူတို့ပုံလေးတွေကိုရိုက်
ပြထားတယ်။
အဲဒီဓာတ်ပုံလေးတွေကို ကိုယ်ကကြည့်နေရင်း သဘောကြမိတဲ့ကောင်
မလေးတစ်ယောက်လောက်တော့ရှိတက်တယ်။ အဲဒီအခါ ထိုကောင်မ
လေးဓာတ်ပုံအောက်မှာ Like ကလေးတစ်ချက်နှိပ်လိုက်တယ်။ တစ်ချို့
ဆိုရင် ဘာညာသာဓကာအာပလာ comment လေးတွေရေးတက်။
အဲဒါကောင်လေးစိတ်ထဲမှာ ကောင်မလေးဓာတ်ပုံကိုကြည့်ပြီး ဖြစ်ပေါ်
လာတဲ့အာရုံလေးပေါ့။ အဲဒီအာရုံလေးကို လှစ်လှပ်ဖေါ်ပြလိုက်တာက
Like နဲ့ comment တို့ကသက်သေပဲ။
ဒါကကောင်လေးကနေကောင်မလေးတင်ပြတဲ့ဓာတ်ပုံကိုမြင်ပြီးဖြစ်လာ
တဲ့သဘောတရား(စိတ်)။
တစ်ဖန် ကောင်မလေးကလည်းပဲ ကောင်လေးရဲ့ Like နဲ့ comment
လေးကိုဖတ်ပြီး သဘောတွေကြသွားတယ်။ ကောင်လေးရဲ့ comment
က “ ဓါတ်ပုံထဲမှာတောင် ဒီလောက်လှနေရင် အပြင်မှာသာဆိုရင် ဘယ်
လောက်များလှလိုက်မလဲ . .ဟင် ” ဒီလိုလေးရေးထားတာ။
ဒီ comment လေးကို ကောင်မလေးကဖတ်ပြီး ပီတိတွေအီအီးတွေဖြစ်
သွားတဲ့ သဘောတရား(စိတ်)။ နောက်ထပ်ပြောမကုန်နိုင်လောက်
အောင်ကိုပင် ကောင်မလေးရဲ့စိတ်ထဲမှာ ခံစားချက်တွေဖြစ်နိုင်သလို
Comment ရေးတဲ့ကောင်လေးရဲ့ရင်ထဲမှာလည်း ကောင်မလေးအပေါ်
ကို ဖြစ်နိုင်တာမဖြစ်နိုင်တာ ဖြစ်သင့်တာမဖြစ်သင့်တာတွေမစဉ်းစားဘဲ
ကောင်မလေးကို ချစ်လိုတဲ့တွေ့ထိသာယာလိုတဲ့သဘောတရားတွေ
ကလည်း စာဖွဲ့မကုန်နိုင်တာကလည်း (စိတ်)။
အခုလိုဆောင်းပါးတွေရေးပြီးဓမ္မဒါနဝေငှနေသူတွေရဲ့ပိုစ့်တွေကိုတော့
ဖြင့် comment ရေးဖို့နေနေသာသာ Like လုပ်ဖို့တောင်ဝေလာဝေးတာ
လည်း အာရုံလေးတစ်ခု (စိတ်)ပဲ။
ဒီပိုစ့်ရေးတဲ့ အလင်းရှင်က “ဘာကောင်လဲ ညာကောင်လဲ” ဆိုတဲ့သ
ဘောတရားလေးကလည်း(စိတ်)ပဲ။
• “၀ိစိတ္တကရဏာ”
• ၀ိစိတ္တကရဏာ-ဆန်းကျယ်သော ကွန်ပျူတာ၊လက်ကိုင်ဖုန်း၊
• မှအစပြု၍ မြေသျှိုးမိုးပျံနိုင်သော စက်မှုပစ္စည်းများ၊ ပန်းချီပန်း
• ပုအစရှိသောအနုပညာလက်ရာပစ္စည်းများကို ပြုလုပ်တက်
• သောကြောင့်။ စိတ္တံ - စိတ်မည်၏
စိတ်ဆိုတာ ကောင်လေးကောင်မလေးကိုချစ်တာတင်မကဘူးနော် 

အရာအားလုံးကို ဖန်တီးနိုင်တယ်။
ကမ္ဘာလောကကြီးဟာ ဒြပ်စင်တို့ရဲ့သဘောတရားကြောင့်ဖြစ်လာ
တာမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ဖန်တီးမှုကြောင့်ဖြစ်လာတာလို့ လက်ခံ
ယုံကြည်နေတယ်ဆိုတာလည်း (စိတ်)ပဲ။
အိုး . . ကမ္ဘာကြီးဟာ ကြယ်လနက္ခတာရာတွေဟာ . . ဘယ်ဘုရား
သခင်ကမှဖန်ဆင်းတာမဟုတ်ပါဘူး ။ မီးမြေလေရေ အစရှိတဲ့ဒြပ်စင်
သဘာဝတရားတွေကြောင့်ဖြစ်လာတာပါလို့ လက်ခံယုံကြည်တာလည်း
(စိတ်)ပဲ။
မိမိကိုးကွယ်ယုံကြည်သောဘာသာတရားမှအပအခြားဘာသာတရား
တွေကို ဖျက်ဆီးမယ် ခြေမှုန်းမယ် အဲဒီလူတွေကို သတ်ဖြတ်မယ်ဆို
တာလည်း(စိတ်)ပဲ။ (အကုသိုလ်စိတ်)
ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် သတ်ဖြတ်ခြင်းညှင်းဆဲခြင်းအလျှဉ်း
မရှိဘဲ အားလုံးသောသတ္တ၀ါတွေကျန်းမာချမ်းသာကြပါစေ . . ကြီးနိုင်
ငယ်ညှင်းဆဲဆိုသော တရိစ္ဆာန်ဝါဒတွေ ကင်းစိတ်ပါစေ . . . အတ္တကြီး
စိုး ပြည်သူပြည်သားတွေကို ညှင်းဆဲသတ်ဖြတ်တဲ့ မင်းအစိုးရတို့ မဖြစ်
မပေါ်ပါစေနဲ့ . .. ပြည်သူပိုင်ပစ္စည်းများကို ငါပိုင်စီးပြီး လယ်သိမ်းယာ
သိမ်းအိမ်သိမ်း အစရှိတဲ့ အဓမ္မ၀ါဒီမင်းအစိုးရတို့ မြန်မာမြေပေါ်မှာမဖြစ်
မပေါ်ပါစေနဲ ..စတဲ့သဘောတရားတွေကလည်း (စိတ်)ပဲ။(ကုသိုလ်)။
အဲလို ဖြစ်ပေါ်တက်တဲ့စိတ်အမျိုးပေါင်း . ..
အကျဉ်း (၈၉)ပါး အကျယ်(၁၂၁) ပါးရှိတယ်။
ဒီလိုလေး မှတ်ပေါ့။

• ကာမ၀စရစိတ် (၅၄)ပါး
◄►•••× •••× ◄►◄►•••× •••× ◄►
ကာမာဝစရစိတ်ဆိုတာ . . . . မင်းတို့ငါတို့အပါအ၀င် ကာမ(၁၁)ဘုံ
မှာရှိကြတဲ့ သူတွေဖြစ်ပေါ်တဲ့ စိတ်ကိုပြောတာပါ။ အထက်ကပြောခဲ့
တဲ့ချစ်ခြင်းမုန်းခြင်းစတာတွေအပါအ၀င်ပေါ့ကွာ။ တို့တွေမင်းတို့တွေ
ရဲ့နိစ္စဓူဝ ဖြစ်နေပေါ်နေတဲ့အာရုံတွေပေါ့။ အဲဒါတွေကို ကာမ၀စရာစိတ်
လို့ခေါ်တယ်။ ယင်းကာမ၀စရာစိတ်ကလည်းပဲ (၅၄)မျိုးရှိတယ်လို့
အောက်ပါအတိုင်းမှတ်သားနိုင်တယ်။
• ကုသိုလ်စိတ် - ၁၂ -ပါး
• မကောင်းသောစိတ်ကိုခေါ်တာပါ။ ယင်း(၁၂)ပါးတို့မှာ
• လောဘမူစိတ် . . . . . ၈ ပါး
• ဒေသမူစိတ် . . . . . . . ၂ ပါး
• မောဟမူစိတ် . . . . . . ၂ ပါး တို့ဖြစ်ပါတယ်။

• အဟိတ်စိတ် - ၁၈ -ပါး
• လောဘ၊ဒေါသ၊မောဟ၊ စသော ဟိတ်များမပါသည့်စိတ်ကို
အဟိတ်စိတ်လို့ ခေါ်တာပါ။ အဟိတ်စိတ် (၁၈)ပါးရှိပါတယ်။
ယင်းတို့မှာ . . .
• အကုသလ၀ိပါက်စိတ် . . . . . . . . . . ၇ ပါး
• အဟိတ်ကုသလ၀ိပါက်စိတ် . . . . . . ၈ ပါး
• အဟိတ်ကြိယာစိတ် . . . . . . . . . . ၃ပါး တို့ဖြစ်ပါတယ်။

• ကာမသောဘဏစိတ် -၂၄ - ပါး
• ကာမဘုံမှာဖြစ်သော တင့်တယ်ကောင်းမြတ်သောစိတ်ကို
• ကာမသောဘဏစိတ်လို့ ခေါ်ပြီး ကာမသောဘဏစိတ်
• ၂၄ ပါးရှိပြီး ယင်းတို့မှာ . . . .
• မဟာကုသိုလ်စိတ် . . . . ၈ ပါး
• မဟာဝိပါက်စိတ် . . . . . ၈ ပါး
• မဟာကြိယာစိတ် . . . . ၈ ပါး တို့ဖြစ်ပါတယ်။
ကဲ .. ကာမ၀စရာစိတ် (၅၄)ပါးဆိုတာ သိပြီနော်
အတိုချုံ့မှတ်ရင် .. .
(က) အကုသိုလ်စိတ် . . . . . . . ၁၂ ပါး
(ခ) အဟိတ်စိတ် . . . . . . . . . ၁၈ ပါး
(ဂ) ကာမသောဘဏစိတ် . . . . ၂၄ ပါး တို့ပါပဲ။

• ရူပါဝစရစိတ် (၁၅)ပါး
◄►✂•••× ✂•••× ◄►◄►✂•••× ✂•••× ◄►
ရူပါဝစရစိတ်ဆိုတာ . . . . ရူပဘုံ(၁၅)ဘုံမှာရှိတဲ့ ရူပဗြဟ္မာကြီးတွေရဲ့
သဏ္ဍာန်မှာ ဖြစ်ပေါ်တက်တဲ့စိတ်ကို ရူပစိတ်လို့ခေါ်တာပါ။ ရူပါဝစရစိတ်
(၁၅)ပါးတို့မှာ . . . .
• ရူပါဝစရကုသိုလ်စိတ် . . . . . ၅ ပါး
• ရူပါဝစရာဝိပါက်စိတ်. . . . . . ၅ ပါး
• ရူပါဝစရာကြိယာစိတ် . . . . ၅ ပါး ဟူ၍ (၁၅)ပါးဖြစ်ပါတယ်။

• ☀ အရူပါဝစရစိတ် (၁၂)ပါး ☀
◄►✂•••× ✂•••× ◄►◄►✂•••× ✂•••× ◄►
အရူပါဝစရစိတ်ဆိုတာ . . . . အရူပဘုံ(၄)ဘုံမှာရှိတဲ့ အရူပဗြဟ္မာ
ကြီးတွေရဲ့သဏ္ဍာန်မှာ ဖြစ်ပေါ်တက်တဲ့စိတ်ကို အရူပါဝစရစိတ်လို့
ခေါ်တာပါ။ အရူပါဝစရစိတ်(၁၂)ပါးတို့မှာ . . . .
• အရူပါဝစရကုသိုလ်စိတ် . . . . . ၄ ပါး
• အရူပါဝစရာဝိပါက်စိတ်. . . . . . ၄ ပါး
• အရူပါဝစရာကြိယာစိတ် . . . . ၄ ပါး ဟူ၍ (၁၂)ပါးဖြစ်ပါတယ်။

• ☀ လောကုတ္တရာစိတ်အကျဉ်း (၈)ပါး အကျယ် (၄၀) ပါး ☀
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•◄►
လောကုတ္တရာစိတ်ဆိုတာ . . . . မင်းတို့ငါတို့အစရှိတဲ့(၃၁)ဘုံလောက
ကြီးကနေ လွန်မြောက်သွားတဲ့စိတ်ကိုခေါ်တာပါ။ ဒီလိုစိတ်မျိုးဟာ
အရိယာပုဂ္ဂိုလ် ၈ - ယောက်တို့ရဲ့သဏ္ဍာန်မှာ ဖြစ်ပေါ်တာပါ။
ထိုစိတ်တို့မှာ . . . . .
အကျဉ်းအားဖြင့် . . . .
• မဂ်စိတ် . . . . . ၄ ပါး
• ဖိုလ်စိတ်. . . . . .၄ ပါး ဟူ၍ (၈)ပါး
အကျယ်အားဖြင့် . . . .
• မဂ်စိတ် . . . . . ၂၀ ပါး
• ဖိုလ်စိတ်. . . . . .၂၀ ပါး ဟူ၍ (၄၀)ပါးတို့ဖြစ်သည်။
ကဲ .. စိတ်တွေကို အစဉ်တိုင်းအခုလို မှတ်သားရမှာဖြစ်ပါတယ်။
ပြောခဲ့ပြီးတဲ့ စိတ်များကို အောက်ပါအတိုင်းခြုံငုံမှတ်သားနိုင်ပါတယ်။

• ☀ စိတ်အကျဉ်း (၈၉)ပါး အကျယ် (၁၂၁) ပါး ☀
အကျဉ်းအားဖြင့် . . . .
• (က)
• ကာမာဝစရစိတ် . . . . . . . . . . ၅၄ ပါး
• ရူပါဝစရစိတ် . . . . . . . . . ၁၅ ပါး
• အရူပါဝစရစိတ် . . . . . . . . . ၁၂ ပါး
• လောကုတ္တရာစိတ်အကျဉ်း . . . ၈ ပါး
• ဟူ၍ စိတ်အကျဉ်း . . . . . . . . (၈၉) ပါးဖြစ်တယ်။
အကျယ်အားဖြင့် . . . .
• (ခ)
• ကာမာဝစရစိတ် . . . . . . . . . . ၅၄ ပါး
• ရူပါဝစရစိတ် . . . . . . . . . ၁၅ ပါး
• အရူပါဝစရစိတ် . . . . . . . . . ၁၂ ပါး
• လောကုတ္တရာစိတ်အကျယ် . . . ၄၀ ပါး
• ဟူ၍ စိတ်အကျယ် . . . . . . . . (၁၂၁) ပါးဖြစ်တယ်။
အခု မှတ်သားခဲ့တဲ့ စိတ်အကျဉ်း(၈၉)ပါး စိတ်အကျယ်အားဖြင့်(၁၂၁)
ပါးတို့ဟာ ဘယ်သူကမှဖန်ဆင်းပေးထားခဲ့တာမျိုးမဟုတ်ပါဘူး။ သတ္တ၀ါ
တို့ရဲ့ကိုယ်စီသဏ္ဍာန်မှာ သဘောအားဖြင့်ဖြစ်ပေါ်လာခဲ့တာတွေပါ။
ချစ်တယ်ဆိုတဲ့လောဘ၊ မချစ်ဘူး မုန်းတယ်ဆိုတဲ့ဒေါသ ၊ ဆိုတဲ့သရုပ်
သဏ္ဍာန်ကိုမသိဘဲ သူငါတစ်ပါးယောက်ျားမိန်းမကျွဲနွားစတဲ့အမှတ်မှား
အထင်မှားတွေကို အမှန်ထင်အဟုတ်ထင်ပြီး . . .
တို့တွေ . . . .
ချစ်ခဲ့ကြသလို မုန်းခဲ့ကြတယ် . .။
တို့တွေ . . .
လွမ်းခဲ့ကြသလို ကြေကွဲဆွေးမြေ့ခဲ့ကြတယ် . .။
ထင်ကျန်ခဲ့တဲ့ . .
အတိတ်ကို တို့တွေ . ..
မမေ့ခဲ့ မမူးခဲ့ .. . မမုန်းခဲ့။
နောင်မဖြစ်သေးခဲ့တဲ့ . . .
အနာဂါတ်ကာလကို တို့တွေ ..
တောင့်တခဲ့ မျှော်လင့်ခဲ့ သာယာနေမိခဲ့ ။
ဟော . . ကြည့်စမ်း
ပစ္စုပ္ပန်အခု ဖြစ်ဆဲအခိုက်မှာရော . . . .တို့တွေ . . .
ဘာတွေလုပ်နေကြသလဲ?
တို့သန်းခြောက်ဆယ်ရဲ့ ပိုင်ဆိုင်မှုတွေကို ငါပိုင်လုပ်နေတဲ့ စစ်ခွေး
ကြံ့ဖွတ်တွေကို မုန်းတီးနေမိတယ် . . ။
အဲလို အတ္တကောင် စစ်ခွေးကြံ့ဖွတ်ခရိုနီတွေကို ရွံရှာစက်စုပ်နေမိ
ပြန်တယ် . . ။ အဲလို ဒေါသတရားတွေကို ဆင်ခြင်ဉာဏ်ပွားများပြီး
ဘ၀သံသရာအဆက်ဆက် အဲလိုစစ်ခွေးကြံ့ဖွတ်ခရိုနီမိစ္ဆာများကဲ့သို့
ဘာသာတရားကို ဖျက်ဆီးခဲ့ခြင်း . . ။
ရဟန်းသံဃာစေတီပုထိုးများကို ဖျက်ဆီးသတ်ဖြတ်ခဲ့ခြင်း .. ။
လူမျိုးစုများကို ဖျက်ဆီးသတ်ဖြတ်ခဲ့ခြင်း . .။
ပြည်သူပိုင်သယံဇာတများကို ခိုးယူသုံးစွဲခြင်း .. ။
အစရှိတဲ့ ဘုရားအဆူဆူကျွတ်လို့မကျွတ်တော့မည့် . . .
“ မဟာအကုသိုလ်ဆိုးကြီးများကို” . .
ကာယကံ ၊ ၀စီကံ ၊ မနောကံတို့ဖြင့် မလုပ်မီမမှားမိစေရန် အပ္ပမာဒ
တရားလက်ကိုင်ထားနိုင်ကြပါစေဟု . . .
ဤဓမ္မဒါနကုသိုလ်ကို ကျေးဇူးကြီးတော်မူခဲ့သော ခမည်းတော်ကြီး
ဆရာစံနှင့် (၃၁)ဘုံသားများအား ဝေငှပါသည်။
Refenerces
ဋီကာကျော်နိဿယ (မဟာဂန္ဓာရုံ)
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget