.

AlinShin

Tuesday, June 24, 2014

Get out FIFA & Get out Myanmar Constitution 2008

အီဂျစ်လူငယ်လေးများရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဟိုတစ်နေ့က
ရေးတင်ပြီးပြီ၊ အခုလည်း အီဂျစ်လူငယ်လေးတွေရဲ့ ပြည်သူအပေါ်
ချပြတင်ဆက်မှုအနုပညာဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်လူငယ်တွေအ
တွက် အတုယူဖွယ်ရာဖြစ်ပါတယ်။
“ FIFA ဘောလုံးအဖွဲ့ချုပ်မှ ကမ္ဘာ့ဖလားအတွက် အီဂျစ်နိုင်ငံမှဒေါ်လာ
သန်းပေါင်းများစွာကို ရယူသွားနိုင်ခဲ့တာကို” အီဂျစ်အမျိုးသားရေးဝါဒီ
လူငယ်လေးများက မြင်အောင်ကြည့်နိုင်သည်။
Photo: Get out FIFA & Get out Myanmar Constitution 2008
☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥
အီဂျစ်လူငယ်လေးများရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဟိုတစ်နေ့က
ရေးတင်ပြီးပြီ၊ အခုလည်း အီဂျစ်လူငယ်လေးတွေရဲ့ ပြည်သူအပေါ်
ချပြတင်ဆက်မှုအနုပညာဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်လူငယ်တွေအ
တွက် အတုယူဖွယ်ရာဖြစ်ပါတယ်။ 
“ FIFA ဘောလုံးအဖွဲ့ချုပ်မှ ကမ္ဘာ့ဖလားအတွက် အီဂျစ်နိုင်ငံမှဒေါ်လာ
သန်းပေါင်းများစွာကို ရယူသွားနိုင်ခဲ့တာကို” အီဂျစ်အမျိုးသားရေးဝါဒီ
လူငယ်လေးများက မြင်အောင်ကြည့်နိုင်သည်။
ဒီလိုမျိုးအသိအမြင်ကြွယ်ဝမှုကို မြန်မာမျိုးချစ်လူငယ်များ သိရှိနားလည်
စေချင်သော ဆန္ဒသည် အလင်းရှင်၌ အားကြီးခဲ့သည်။ ထို့ကြောင့်လည်း
စာများရေးသားနေခြင်းဖြစ်သည်။  အီဂျစ်လူငယ်တို့သည် “ အားကစား
နှင့်ကျန်းမာရေးကိုသိသလို အမျိုးသားရေးနှင့် အားကစားကိုလည်းခွဲခြား
နားလည်နိုင်သော အသိဉာဏ်ကာရကတို့အားကောင်းကြသည်။ 
မြန်မာပြည်၌ ပြည်သူတွေ  . . . .
ထမင်းနပ်မမှန် .  
ရွာလုံးကျွတ်ဘော်ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးခံရသော အတိဒုက္ခရောက်
နေသည်၊ စစ်ဘေးဒုက္ခကြောင့်စစ်ဒါဏ်သင့်နေကြသလို ပြည်မထဲတွင်
လည်း အိပ်ယာလယ်မြေများကို စစ်ခွေးတွေမှမတရားသိမ်းယူနေကြ
သည်။ ခရိုနီတွေဆိုရင်လည်း အင်္ဂလိပ်ကုလားဖြူလက်ထက်က ချစ်တီ
ကုလားကြီးများထက်ပင် အရာအဆအထောင်အသန်းသာလွန်အောင်
ဆင်းရဲသားပြည်သူများအပေါ် လယ်ယာအိမ်ခြံမြေများကို မောင်ပိုင်စီး
နိုင်ခွင့်အာဏာရထားသည်။ 
ကဲ  . .. မြန်မာလူငယ်ဟုဆိုသော မျိုးချစ် သခင်ချစ် ဘာသာချစ် စသော
နာမည်များဖြင့် အွန်လိုင်းပေါ်တွင် ကြီးဆိုးနေသော အနှီကောင်သဘော
က်တွေ မျက်စေ့ကန်းနေကြသည် ။ အမျိုးသားရေးမျက်စေ့အမြင်မှန်မရှိ
ခဲ့ကြပေ။ 
ဒါကို အလင်းရှင်က လှစ်လှပ်ဖေါ်ပြ ပေးခြင်းသာဖြစ်သည်။ 
အီဂျစ်အမျိုးချစ်လူငယ်လေးများသည် fifr ကြောင့်ကုန်သွားသော (၁၁)
ဘီလျှံဒေါ်လာများကို ပညာရေးနှင့်ကျန်းမာရေးစသော အဓိပ္ပါယ်ရှိသော
အခန်းကဏ္ဍတွင် အစားထိုးစေချင်သည်။ သို့သော် အီဂျစ်အစိုးရက fIFA
တွင် ကုန်ကျခံလိုက်သည်။ ဒါကို အီဂျစ်မျိုးချစ်လူငယ်လေးများကအပြင်း
အထန်ဆန့်ကျင်ခဲ့ကြသည်။
ဒီလို အီဂျစ်လူငယ်လေးများရဲ့အတွေးအမြင်မျိုးကို မြန်မာလူငယ်လေး
များအား မျက်လုံးဖွင့်ပေးရမည်။ သို့မှာသာ မြန်မာပြည်ရဲ့အနာဂါတ်သည်
အာဏာရှင်စနစ်ခရိုနီစစ်နစ်ဆိုးမှလွတ်မည်ဖြစ်သည်။
စစ်ခွေးတွေအလိုကျရေးဆွဲထားသော ခြေဥကြီးသည် စစ်ခွေးနဲ့ခရိုနီတို့အ
တွက် ရည်ရှည်တည်တံ့ရေးသာဖြစ်သည်။ ဒါကို မျိုးချစ်လူငယ်လေးများ
သိစေချင်သည်။ စစ်ရေခွံကနေတိုက်ပုံပြောင်းဝတ်လိုက်ရုံနဲ့ “ ဘဘကြီး”
ဟုခေါ်တက်သော လူငယ်လေးများရဲ့အသိဉာဏ်ကာရကဂြိုလ်တို့ ချို့ငဲ့
မှုကို အလင်းရှင်စိတ်မကောင်းဖြစ်ရသည်။ “ယင်းဘဘကြီးသည်တစ်ချိန်
က ရဟန်းရှင်လူမျိုးချစ်ကျောင်းသားလူငယ်လေးများအား စစ်ဖိနပ်နှင့်
နင်းခဲ့သည် ပြည်သူ့ငွေဖြင့်ဝယ်ယူထားသော ပြည်သူပိုင်သေနပ်ဖြင့်သတ်
ခဲ့သည်”  ဒီလိုအသိအမြင်မှန်မျိုးကို မျိုးချစ်လူငယ်လေးများသိစေချင်
သည်။ “ စစ်ရေခွံပြောင်းပြီး ”  “ မိဘပြည်သူများခင်ဗျား” လို့ခေါ်ကာ  .. 
ယင်းမိဘပြည်သူများကိုးကွယ်အားထားသော ရှေးဟောင်းစေတီပုထိုး
များကို စီမံကိန်းမလွတ်လျှင်ဖျက်ဆီးသည်။ ရဟန်းသံဃာတော်တို့အား
ထောင်သွင်းအကျဉ်းချသည်။ ဒါဟာ “ အစိုးရကောင်းတစ်ရပ်လို့” ခေါ်
တွင်ထိုက်သလား ? “ ဒီလိုအယုတ္တမာကောင်တွေရေးထားတဲ့ ခြေဥ
ကြီးဟာ တို့ပြည်သူတွေအတွက်အကျိုးစီးပွားရှိသောဥပဒေဟုတ်ပါရဲ့
လား?  စသည့်အတွေးအခေါ်စဉ်းစားဆင်ခြင်တုံတရားများ မြန်မာလူထု
မြန်မာလူငယ်တွေတွင် ရှိသင့်သည်သိသင့်သည် ထို့ကြောင့် အီဂျစ်နိုင်
ငံသားများကဲ့သို့ အသိဉာဏ်ပညာမှန်ဖြင့်အစိုးရလုပ်သမျှကို ဆန်ကျင့်
နိုင်သော နှလုံးရည်များ မြန်မာနိုင်ငံသားတိုင်းတွင်ရှိထိုက်သည်။ မရှိသ
ရွေ့ စစ်ခွေးအရေခွံတစ်ဖြစ်လဲ ကြံ့ဖွတ်တို့က ကြီးစိုးနေဦးမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် တင်ပြရပါမူ  . .
အီဂျစ်မျိုးချစ်များက FIFA ကို မောင်းထုတ်သကဲ့သို့  ..  စစ်ခွေးတွေရေး
ဆွဲထားသော ခြေဥကြီးကိုလည်း မြန်မာပြည်ကမောင်းထုတ်သင့်သည်။
ဒီခြေဥကြီးကိုပြင်ဆင်နိုင်မှသာလျှင် ပြည်သူတွေ ထမင်းနပ်မှန်မည်ဖြစ်
ကြောင်း . .  ။ ပြည်သူတွေ ပါးရိုက်မခံရမှာဖြစ်ကြောင်း  ..  ။ ပြည်သူ
တွေ လယ်ယာအိမ်ခြံမြေတွေအသိမ်းမခံရမှာဖြစ်ကြောင်း  .. ။ အသိ
ပေးလိုက်ပါသည်။ 
ဆက်လက် ဝေမျှခြင်းဖြင့် ဓမ္မအလင်းကုသိုလ်ယူနိုင်ပါသည်
█ ░ အလင်းရှင် ░ █

— with သား စိုး and 15 others.
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget