.

AlinShin

Monday, March 11, 2013

ထိုနေ့က အဲလိုဗိုလ်ရှုတ်တွေကားပိတ်ရပ်ထားလို့ ပြည်သူများဒုက္ခရောက်ခဲ့ရပါတယ်။

Min San added 4 photos.
www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။ မှကူးယူဖေါ်ပြပါသည်
မြန်မာပြည်မှဗိုလ်လုပ်အာဏာကိုသေထိဆုပ်ကိုင်ချင်တဲ့ သန်းရွှေတောင် အာဏာမရူးနိုင်တော့ဘူး ။ သို့သော်လည်း စစ်တပ်တည်းဟူသော တပ်မတော်ထဲမှာ ပုခုံးပေါ်ကအပွင့်လေးနှစ်ပွင့်သုံးပွင့်လောက်ရှိတဲ့ ဗိုလ်တွေက မဖြစ်စလောက်အာဏာလေးနဲ့
ဘာ့ကြောင့်ရူးချင်နေကြတာတုန်း . . ..
အခုပုံပါအတိုင်း စစ်တပ်ကကားဟာ လူစည်ကားချိန်ရန်ကုန်မြို့မဂိုလမ်းမထက်သူများကားတွေ စည်းကမ်းရှိရှိရပ်ထားစဉ် ဘာ့ကြောင့် ကန်လန့်ဖြတ်ကြီးရပ်ထားရတာလည်း။ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတော့ ဒီလိုဗိုလ်ချုပ်တွေမဟုတ်တဲ့ ဗိုလ်ရှုတ်တွေကို တပ်မတော်တည်းဟူ သောအမိအဖတို့က မဆုံးမထားဘူးလား ဒါဆိုရင် တပ်မတော်ရဲ့မိမဆုံးမဖမဆုံးမသားသမီးတွေလား။ စစ်သင်တန်းမတပ်ရတဲ့ ပြည်သူတွေဟာ စည်းကမ်းရှိစွာ ကားများကို ရပ်ထားပါသော်လည်း စစ်စည်းကမ်းကောင်းတွေကိုသင်ထားပါတယ်ဆိုသော ဗိုလ်ရှုတ်များက . . . ကဲ . . . မြန်မာနိုင်ငံက ပြည်သူလူထုကြီးခင်ဗျာ။ မိမဆုံးမဖမဆုံးမစစ်ဗိုလ်များကို ဆုံးမကြပါစို့လား ခင်ဗျာ။
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget