.

AlinShin

Friday, March 28, 2014

ဟိတ်ကောင် .. စစ်ခွေး ..

Photo: ဟိတ်ကောင်  ..  စစ်ခွေး  .. 
မင်းလုပ်ရပ်တွေဟာ အဓမ္မသရဖူဆောင်းနေပြီ။
ဟိတ်ကောင် . .  စစ်ခွေး  .. 
အပြစ်မဲ့ရဟန်းရှင်လူပြည်သူတွေဟာ မင်းတို့မိသားစုအတွက် 
စတေးခဲ့ရပေါင်းများနေပြီ။
ဟိတ်ကောင်  . .. စစ်ခွေး  ..  
မင်းတို့ရဲ့ ဇာတ်သိမ်းခန်းက 
ကဒါဖီလိုသိမ်းချင်သလား 
ဆဒန်ဟူစိန်လို သိမ်းလိုသလား 
အေးသေချာတာကတော့ 
မင်းတိုရယ်  ..  
တရုတ်ရယ်ကို  . 
]ပြည်သူကတော့ကျိန်စာတိုက်နေပြီနော်  .. 
အာဏာရှင်နေ၀င်းရဲ့ ဇာတ်သိမ်းမလှတဲ့ 
မသာအသုဘထက် မင်းဘ၀ဟာ ပိုလို့ဆိုးမယ်ဆိုတာ
မြဲမြဲသာမှတ်ထားလိုက်တော . .  စစ်ခွေးဆိုးကြီးသန်းရွှေတို့ေ၇  .. ။
█ ░ အလင်းရှင် ░ █

ပဋိသန္ဓေအလွမ်း

Photo: ပဋိသန္ဓေအလွမ်း
☀ ✂•••× ☀ 
မနေ့ကတုန်းက အလင်းရှင်နဲ့အတူ ဘလော့ရေးဖေါ်ရေးဘက် ကောင်းလေးတစ်ယောက်နဲ့ 
အွန်လိုင်းပေါ်မှာစကားစမြည်ပြောဖြစ်ကြရင်း အဲဒီကောင်လေးက . . . 

“ အရှင်ဘုရားရဲ့ဘလော့မှာ ပိုစ့်ပေါင်း (၁၆၀၀) ကျော်နေပြီ ” 
“စာရေးတာကိုဘယ်အချိန်ထဲက၀ါသနာပါတာလဲ”

“ ဟ ”  “ ငါစာရေးတာ ၀ါသနာပါလို့မဟုတ်ဘူး”
“ လွမ်းတက်လွန်းလို့ရေးတာပါ”

“ အရှင်ဘုရားမနောက်ပါနဲ့ဘုရား”
“ တပည့်တော်က အရှင်ဘုရားရဲ့ ဆောင်းပါးတွေ ကဗျာတွေ ၀တ္ထုတိုလေးတွေ”
“ ဒီလောက်တောင်များတာ ၀ါသနာပါလို့ရေးတာပဲမဟုတ်ဘူးလားဘုရား”

“ ငထွန်းရယ် ”
“ မဟုတ်ပါဘူး လွမ်းတက်လို့ရေးတာပါပြောတော့ မင်းကမယုံပြန်ဘူး”
“ လောကဟာ အမှန်တရားကို တင်ပြလို့ကိုလက်မခံခြင်းဘူးနော်”

“ မဟုတ်ဘူးလေဘုရား ”
“ အရှင်ဘုရားက အသက်အရွယ်ကလည်းရနေပြီ ”
“ နောက်ရဟန်းလည်းဖြစ်တော့ အဲဒီလောက်တောင်လွမ်းစရာတွေပေါလို့လား”
“ သြော် ”  “ ငထွန်းရယ် ”
“ လွမ်းစရာဆိုလေ ” 
“ ငါ့ရင်ဘတ်ထဲမှာပြည့်ပြည့်နေလို့ ဘလော့စာမျက်နှာပေါ်ကိုငါသွန်ချသိမ်းနေရတာကွ”
“ငါမင်းကို ရှင်းအောင်ပြောပြမယ် ”
“ငါ့ဘ၀အတွက် လွမ်းစရာအကောင်းဆုံးက အဖေနဲ့အမေပဲ”
“ နောက်ထပ်တူလွမ်းစရာအကောင်းဆုံးက ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒပဲ”

“ မှန်ပါ့ဆရာတော် ”
“ထူးဆန်းတဲ့စကားလေးများပါလာတယ်ဘုရား ” 
“ ရှင်းအောင်မိန့်ကြားတော်မူပါနော်”

“ အေးပါကွာ”  
“ ငါကလည်းပဲ သွန်ချစရာတစ်နေရာအဖြစ်သဘောထားပြီးမင်းကိုပြောမှာပါ။”

“သြော် ” “ ဟုတ်လိုက်တာဘုရား ”
“အရှင်ဘုရားရဲ့စကားလုံးများသည်ပင် လွမ်းစရာအငွေ့အသက်လေးတောင်ပါလာပြီဘုရား”

“ အင်း ”
“ ဒီအတိုင်းဆို မင်းက ငါ့ထက်တောင် လွမ်းနေဦးမှာလားမသိဘူးကွာ”

“ ဟား . .  ဟား  . .  ဟား . . ”
“မဟုတ်ပါဘူးဘုရား ” 
“ကဲ ကဲ  .. ငါပြောပြမယ် ”
“ပြောရာမှလည်းအတိုဆုံးရွေးပြောရမှာကွ”
“အနှစ်(၄၀) လောက်လွမ်းထားတာတွေကို 
(ဆယ်မိနစ်လောက်)နဲ့ပြီးအောင်လွမ်းပြရမှာဆိုတော့ ခက်တော့ခက်တယ်ကွာ”

“မှန်ပါ့ဘုရား ”
“ဒီလိုကွ ” 
“ ငါကိုရင်အ၀တ်ခင်ကတည်းက ညဘက်အချိန်ရရင် လက်ဖက်ရည်ဝိုင်းလေးတည်ပြီး
ရပ်ကွက်ထဲက ၀ါသနာတူ အဘဦးရွှေဝနဲ့ဘာသာေ၇းစကားတွေပြောကြတယ်” အဲဒီမှာ
ဘာမှမမြဲဘူးဆိုတာကို ငါခေါင်းထဲမှသိရတယ်။ နောက်စားထားပြီးတဲ့ထမင်းဟာ နောက်
တစ်နေ့အတွက် မစင်ဖြစ်သွားတယ်။ ဒါ့ကြောင့် အိပ်သာတက်ရင်လည်းပဲ မမြဲတဲ့သဘော
ကိုဆင်ခြင်ပြီးတက်ရမယ်လို့ ” သူတို့ပြောတာကိုငါသိရပြီး အဲဒီအရွယ်ကတည်းက မမြဲတဲ့
သဘောကို ငါရိပ်စားမိလာတယ်။ တို့တွေအားလုံးဟာ ခဏတာဒီအိပ်ဒီဘ၀လေးမှာလာဆုံ
ကြရတာ ပြီးရင် ဘ၀နိဂုံးသေခြင်းမှာဆုံးတာပဲ ” ဒါတွေကိုငါ ဘာသာပြန်တက်လာတယ်။
အဲဒီကနေစပြီး ငါသိပ်ချစ်တဲ့ အဖေနဲ့အမေ့ရဲ့ဇာတိဇရာမဏကို ငါတွက်ဆစ်ခဲ့သလို ငါရဲ့
ဇာတိဇရာမဏကိုလည်း ခေါင်းညိတ်တက်လာတယ်။ အဲဒီတုန်းကတော့ အခုလို ပါဠိစကား
ဘယ်သိပါ့မလည်းကွာ ၊ 
ကဲ  ..  ငါ့ရဲ့အလွမ်းဟာ အဲဒီကစခဲ့တာပဲကွာ။ 
ဒီလို အလွမ်းပဋိသန္ဓေစိတ်နဲ့ ငါဆယ်ကျော်သက်ဘ၀ကိုဖြတ်သန်းခဲ့ရာက ဗုဒ္ဓစာပေကိုလေ့
လာသင်ယူခဲ့ရင်း အရမ်းကိုကျေးဇူးတင်သင့်တဲ့ ဗုဒ္ဓကိုလွမ်းတက်သွားတယ်။ ကြည်ညိုတက်
သွားတယ်။ ငါ့ဘ၀မှာလွမ်းစရာဆိုလို့ အဖေရယ်အမေရယ် ဗုဒ္ဓရယ်ပေါ့။ သူများတွေက ချစ်သူ
ရည်းစားကိုလွမ်းတက်နေတဲ့အရွယ်မှာ ငါကတော့ ဗုဒ္ဓကိုလွမ်းနေလေရဲ့။
မင်းအခု ကြည့်လိုက်စမ်း ဒီဓာတ်ပုံလေးကို  . .
ဘယ်လောက်တောင်လွမ်းစရာကောင်းသလဲ  .. . အိုရင့်နေတဲ့ အုတ်ညိုရောင်တွေဟာ 
ငါ့အတွက်တော့အလွမ်းအသစ်ချက်ချွတ်တွေဖြစ်ခဲ့တယ်။ ဒီနေရာဟာ ဟိုးလွန်ခဲ့သောနှစ်ပေါင်း
ထောင်ချီစဉ်က ဗုဒ္ဓဘာသာကို ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ဖြူးခဲ့တဲ့ နေရာပဲ။ အသောကာရာမင်း
ကြီးရဲ့ ကျောင်းတော်ရာပေါ့ကွာ။ နိုင်ငံအင်ပါယာကြီးကြီးကျယ်ဖို့အတွက် လူပေါင်းများစွာကို
ကိုယ်တိုင်သတ်ခဲ့တဲ့ မင်းကြီးဟာ (၇)နှစ်သားသာမဏေလေးရဲ့အမူအ၇ာကြောင့် ကမ္ဘာကြီး
တစ်ခုလုံးကို ဗုဒ္ဓဘာသာတွေလွှမ်းသွားခဲ့ဖူးတယ်။ ကြည့်စမ်း ။ ဘာမဟုတ်တဲ့ ကိုယ်ရင်လေး
နော် . . (အသက်ကိုပြောတာပါ) အသိတရားကိုမဆိုလိုပါဘူး။ 
ကဲ  ..  ဒီနေရာလေးဟာ အိုခဲ့တယ် . . ဟောင်းခဲ့တယ်  . . ဆွေးခဲ့တယ် . . မြေ့ခဲ့တယ် . .။
ဒီလို နေရာအိုလေးမှာ တတိယသင်္ဂါယနာတင်ခဲ့တယ် . . .ကွာ။ ကိုးတိုင်းကိုးဌာနာကိုသာသနာ
ပြုရဟန်းတော်များကိုစေလွှတ်ခဲ့တယ်ကွာ။ ဒါ့ကြောင့် မင်းတို့ငါတို့ အခုဗုဒ္ဓဘာသာရယ်လို့ ကိုး
ကွယ်ခွင့်ရခဲ့တာလေ  .. ။ 
“သုဝဏ္ဏဘူမိံ ဂန္တွာန ၊ သောဏုတ္တရာ မဟိဒ္ဓိကာ။” 
 သုဝဏ္ဏဘူမိံ ဆိုတဲ့ သထုံကနေ ပြန့်လာခဲ့တာပေါ့။ ကဲ အဟောင်းလေးက လွမ်းစရာနော်။
ဟိုးတုန်းကတော့ ပါဋလိပုတ်နေပြည်တော်ဆိုပြီး ကြီးကျယ်ခန်းနားခဲ့တဲ့ ရွှေမြို့တော်ကြီး
ဟာ အခုတော့ အုတ်ကျိုးအုတ်ပဲလေးတွေကပဲ သက်သေအရာတည်တော့တယ်။

“ မှန်လှပါဘုရား ” 
“အရှင်ဘုရားက မင်းသမီးသမီးလည်းမပါ ပုဏ္ဏားလည်းမပါဘဲ လွမ်းတက်တာကိုးဘုရား ”

“ ဟာ ”  “ မင်းကလည်းကွာ”
“ မင်းသမီးပါမှာတော့ ဘယ်လွမ်းစရာလိုပါ့မလဲကွာ ”  “ ချစ်စရာပဲရှိမှာပေါ့”
“ဟား . .  ဟား . .  ဟား . .”

“မှန်ပါ့” 
“ ဆရာတော်ဆက်ပြောပါဦးဘုရား တပည့်တော်လည်းအချိန်ရပါတယ်ဘုရား ”

“သြော် ”
“မင်းက ငါ့အလွမ်းလေးတွေကို နားထောင်ချင်တာပေါ့ဟုတ်လား ”

“ဆရာတော်ပဲ သွန်ချမယ့်နေရာတစ်နေရာဆို ”

“ သြော် ”
“ အေး  .ေ အး ”  “ ဟုတ်သားပဲ ကိုယ်ပြောတဲ့စကားကိုယ်ပြန်မေ့သွားတယ် ”
“ ငါလည်းမြန်မာပြည်က မိစ္ဆာစစ်ခွေးတွေလိုပဲ ”
“ပြောပြီးရင်စကားမတည်သလိုဖြစ်နေတယ်နော် ”

“ အဲဒါတွေ မပါကြေးပါဘုရား ”

“ ဟား  ..  ဟား  ..  ဟား ”

“ဘာလည်းမင်းက ပါးရိုက်ခံရမှာကြောက်လို့လား ”
“နွားနို့သောက်ချင်လို့လား ”
“သို့တည်းမဟုတ် ဗိုက်လှန်ပြချင်တာလား ”
“ ဟား  . . ဟား  ..  ဟား ”
“မလွမ်းချင်တော့ပါဘူးကွာ။”
 “ တော်ပါတော့ ”  “ နောက်အချိန်ရမှ ငါဆက်လွမ်းပြတာပေါ့”

“ မှန်လှပါဘုရား ”
“တပည့်တော်ဦးတင်ပါတယ်ဘုရားပြန်ခွင့်ပြုတော်မူပါဦးဘုရား ”

“အေး  .. အေး  . . ”
“ကုသိုလ်စိတ်နဲ့မင်းလည်းငါ့လို့ လွမ်းတက်ပါစေကွာ။”

“ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား ”

ရည်ရွယ်ချက်တွေ လွဲမှားနေတယ် (ဘုရားဟောင်းပြင်ကြပါ)

Photo: ရည်ရွယ်ချက်တွေ လွဲမှားနေတယ်
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀
မြန်မာတွေ ဘုရားစေတီတွေသိပ်တည်ကြတယ်။ ကုလိုလ်ရတယ်ဆိုတာတော့
အသိဉာဏ်ရှိသူများသိပါတယ်။ သို့သော် တကယ်ပိုကုသိုလ်လိုချင်ရင်တော့
အဟောင်းကိုပြင်ရတယ်အဟောင်းတွေအများကြီးကိုမပြုပြင်ဘဲအသစ်တွေ
တည်နေတာဟာဟန်မကျဘူနော်  . .။ အဟောင်းပြင်တယ်ဆိုတာလောကီ
နည်းအရကြည့်ရင်တောင် ကောင်းသကွ။ ကံဟောင်းကံဆိုးတွေပပျောက်
တယ်  .. ကွ။ ဘယ်သူတည်တဲ့ဘုရား ဘယ်ဝါတည်တဲ့ဘုရားဆိုတဲ့ ဂုဏ်အတွက်
ရည်းစူးပြီးတည်တယ်ဆိုရင်တော့ မပြောလိုပါဘူး။
အဲလိုမဟုတ်ဘူးဆိုရင် မြန်မာပြည်မှာရှိတဲ့ဘုရားဟောင်းတွေကို ပြုပြင်တာ
မကောင်းဘူးလား  .. ။ 
ဒီစကားကျုပ်ပြောတာမဟုတ်ဘူးနော်  .. 
သာသနာမှာအဓိပတိကြီးပြောတာ ၊ ကျုပ်ပြောရင် (အလင်းရှင်ဆိုတဲ့ကတုံး
ဘာသောက်ဆင့်ရှိလိုတုန်း) လို့ ဆဲမှာ။
အေးမှတ်ထားကြ  .. ။
အခုပြောတဲ့စကားက မဟာန္ဓာရုံဆရာတော်ဘုရားကြီးပြောသွားတဲ့စကားပဲ။
ကျုပ်တို့က ဒါကိုတစ်ဆင့်ပြန်ပြီးဖေါက်သည်မချရင် သာသနာအတွက်ရင်လေး
လို့ပြောနေတာ။ လူရှင်ရဟန်း လုပ်ပုံတွေလွဲနေရင် သေချာတယ်  . .
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတာ ဘာကိုပြောတာလည်းဆိုတဲ့စကားကြီးကျန်
ရစ်နေမယ်။ ပြောပြန်တော့လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းနေသလိုဖြစ်တယ်။
မပြောပြန်တော့လည်း တာဝန်မဲ့ရာရောက်တယ်။ ဒါ့ကြောင့်ပြောနေတာပါ။
ဘုရားအသစ်တစ်ဆူတည်မဲ့ငွေကို ဘုရားအဟောင်း ငါးဆူစာလောက်ပြင်လို့
ရတယ် ငါးဆူမရရင်တောင် သုံးဆူလောက်တော့ရတာပေါ့။ 
ဒီတော့ ဘုရားသုံးဆူမြန်မာနိုင်ငံမှာမတိုးသွားဘူးလား ? ကိုယ်ကဒီလိုနားမ
လည်တော့ အသစ်တည်တယ်။အသစ်တည်တော့မြန်မာမနိုင်ငံမှာ ဘုရား
တစ်ဆူပဲတိုးတာပေါ့  .. ကွာ။ 
အခုလိုရေးနေတာတွေဟာ သာသနာအတွက်ြုပုပြင်သင့်တာတွေကိုပြုပြင်
နိုင်ဖို့ အတုယူသင့်တာတွေကို အတုယူနိုင်ဖို့နော်  ..  ဟိုလူ့ကိုစောင်းဒီလူကို
ရွဲ့ပြီးရေးနေတာမဟုတ်ဘူး ။ တိုက်ဆိုင်တာကတော့ သူ့သဘောသူဆောင်
တာပဲ။ တို့က တည့်မတ်ပေးတာ။ တိုးတက်အောင်ညွှန်ကြားတာ။ နောက်
ဒီလိုညွှန်ကြားရာမှာလည်း အတ္တနော်မတိနဲ့ပြောနေတာမဟုတ်ဘူး။ ရှေး
ဆရာတော်ဘုရားကြီးများမိန့်မှတ်သွားတာကို ပြန်ပြောတာ။ တစ်ယောက်
နဲ့တစ်ယောက် ဒီလိုလေးတွေသိကြရင် ထိမ်းမတ်ပေးကြရင် ဗုဒ္ဓမြတ်စွာ
သာသနာတော်အတွက်လည်းအကျိုးရှိသလို ကိုယ့်ဘ၀သံသာရာခရီးအ
တွက်လည်း အကျိုးမယုတ်ဘူး  . . ကွ။
ဒီအထိအောင်မင်းတို့ကို ဈေးတွက်တွေတွက်ပြနေတာနော်  . . လူတွင်ကျယ်
လူတက် လုပ်နေတာမဟုတ်ဘူး။ သိမီခဲ့လို့ဖေါက်သည်ပြန်ချတာ။
ဒါ့ကြောင့် ဘုရားသစ်တစ်ဆူတည်ရင် မြန်မာနိုင်ငံမှာ တစ်ဆူပဲတိုးတယ်
ကုသိုလ်ကလည်းတစ်ဆူစာပဲရမယ်။ ဘုရားဟောင်းသုံးဆူလောက်ပြင်နိုင်ရင်
မြန်မာပြည်မှာ စေတီသုံးဆူတိုးတာပေါ့။ကုသိုလ်လည်းသုံးဆူစာရမသွားဘူးလား
ငါပြောတာမှားတယ်လို့ comment ရေးရဲတဲ့သူရှိရင်ရေးလိုက်စမ်းပါ။ 
ငါဖတ်ချင်လို့။ အခုလိုညွှန်ကြားရတာလည်းပဲ ဘယ်သူ့ကိုမှမရည်ရွယ်ဘူးကွ
အမြင်မတော်တာတွေတွေ့နေလို့ ပြောတာပါ

သမဒသိန်းစိန်ဆိုတာ လူ့စကားနားလည်ရဲ့လား

Photo: သမဒသိန်းစိန်ဆိုတာ လူ့စကားနားလည်ရဲ့လား 
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ ✂•••×✂•••× ☀ 
အေးကွာ ၊ ငါ့ News Feed ကိုကြည့်လိုက်ရင် 
ို-ဟိုရွာကလူကို ဘယ်ကုမ္မဏီက ၀င်ေ၇ာက်စီးနင်းလိုက်ပြန်ပြီ
ဒီရွာကို ဘယ်သူက သိမ်းလိုက်ပြန်ပြီ . .
ပြည်သူအတွက် မီတာဈေးတက်လို့ဆန္ဒထုတ်ဖေါ်တဲ့သူကိုဖမ်းလိုက်ပြန်ပြ၊ီ
ဘယ်ရွာမှာတော့ ထွန်တုန်းတိုက်ပွဲနွဲနေပြီ
စသည်ဖြင့် ဒါတွေကိုမြင်ရတော့ စိတ်ဓာတ်တောင်ကျပါတယ်ကွာ။
မင်းတို့နိုင်ငံရဲခေါင်းဆောင်ဆိုတဲ့ကောင်တွေဟာ လူစစ်စစ်တွေရောဟုတ်ရဲလား
လူ့စကားရောနားလည်ရဲ့လား ၊ လူစင်စစ်ကနေ တရိစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်
တွေလား  .. . ကွာ။  နောက်ပြီးတော့  . .
မင်းတို့ နိုင်ငံမှာ ပြည်သူ့အတွက်တရားဥပဒေဆိုတာ စာအုပ်တောင်ရှိရဲ့လား
လို့ ငါစဉ်းစားမိတယ်။ 
တရားရုံးဆိုတာ . . 
ပြည်သူကိုဖမ်းဆီးဖို့လား  .. ကွာ။
ထောင်ဆိုတာ . . 
ပြည်သူကိုသာချု့ပ်နှောင်ဖို့လား  .. ကွာ။
လယ်သိမ်းယာသိမ်းမြေသိမ်းတဲ့ ခရိုနီသူခိုးတွေအတွက်တော့
ဟိုတယ်ကြီးတွေတဲ့လား  .. ကွာ။ 
အေး  . .အေး  . .
အဲဒီအဓမ္မမှုတွေဟာ  . ..တစ်နေ့တော့ချုပ်ငြိမ်းရပါလိမ့်မယ်။
အာဏာရှင် နေ၀င်းလို ချုပ်ငြိမ်းမှာလား  ၊
အာဏာရှင် စဒန်ဟူစိန်လို ဇာတ်သိမ်းမှာလား 
နံပြားခြောက်လေးစားပြီး ဇာတ်သိမ်းသွားတဲ့ ကဒါဖီလိုလား 
စသည်ဖြင့်  . ..  စသည်ဖြင့်  ..  
ငါတွေးတောနေမိပါ  .. . . .  တယ်။

လူမွှေကြီးအံ့မောင်နှင့်(မဟန)အရှုတ်တော်ပုံများ

Photo: လူမွှေကြီးအံ့မောင်နှင့်(မဟန)အရှုတ်တော်ပုံများ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ ✂•••×✂•••× ☀ 
သူခိုးက လူပြန်ဟစ် ၊ ဓမြက ဘုရားလူကြီးလုပ်၊
(မဟန)က ကျောင်းပြန်ခိုး၊ စေတီတော်တွေကိုဖျက်၊
ကဲ  .. . ဒီလောက်တောင် သင်္ကန်းကြီးဝတ်ပြီး အသက်ကလည်းသေလုလု
ကြီတွေတောင်  ..  မဟန ဥက္ကဌဆိုတဲ့ ရာထူးကြီးကို မစွန့်ချင်  .. 
ဆိုက်ကနက် အ၀ါရောင်နံပါတ်ကားကြီးကို မစွန့်ချင်  .. 
ဒီတော့က တို့နိုင်ငံမှာ ဒီလိုရှေ့သွားခေါင်းဆောင်များကိုတိုင် လောကဇောတိုက်
နေပြီဆိုရင်တော့  .. . 
စစ်ခွေးတွေ  .. .  ခရိုနီကောင်တွေ  . .. စသည်ဖြင့်အခြားသူတွေလောကဇော
တိုက်တာ မထူးဆန်းတော့ဘူးနော်  .. 
ကဲ  .. 
ကျောင်းသူခိုး(မဟန) က  ကျောင်းပိုင်ဘုန်းကြီးကို နှင်ထုတ်တယ်တဲ့အမိန့်စာ
တဲ့ကွာ။ ဖတ်သာကြည့်ကြတတော့။ မြန်မာပြည်သာသနာမှာ အဲလိုအရှုတ်ထုတ်
တွေ ကမ္ဘာအေးမှာအောတိုက်ပဲ။
ခေါင်းဆောင်ကတော့  ..  လူမွှေကြီးအံ့မောင်ပေါ့ကွာ။

သို/သူရိယနေ၀န်း - မှ/ အလင်းရှင်

သို့ /
သူရိယနေ၀န်းသို့
မှ/
အလင်းရှင်
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
မိုးဟိန်းက အသဲနာနာနဲ့ ခရိုနီတေဇတို့ကို သူရိယနေ၀င်းစာစောင်ကနေဖြဲတယ်။
အဲဒီအခါ ခရိုနီတေဇက မိုးဟိန်းကို ဥပဒေဘောင်အတွင်းကနေရင်ဆိုင်သွားမယ်
ဆိုပြီးတုန့်ပြန်တယ်။
ကဲ  ..  တို့ပြောချင်တာကတော့  .. .
သန်းခြောက်ဆယ်ပိုင်သယံဇာတတွေကို ခိုးထုတ်သုံးစွဲနေတဲ့ ခရိုနီတေဇကို စာ
စောင်နဲ့ရေးနေယုံနဲ့ဘာမှဖြစ်မလာပါဘူး။ (ပြည်သူပိုသိရုံကလွဲ၍ )ပေါ့။ နောက် 
ဒီ ခရိုနီကောင်တွေဆိုတာ စောက်ရှက်ရှိတဲ့ကောင်တွေမဟုတ်ဘူးလေ  .. 
စောက်ရှက်မရှိလို့ ပြည်သူပိုင်တွေကို ငါပိုင်လုပ်ပြီး အင်းယားလမ်းထဲမှာ သန်း
ပေါင်းများစွာတန်တဲ့ကားတွေကိုစိးနေတာပေါ့။
အရှက်ရားအကြောက်တရားဆိုတဲ့ ဟိရိသြတ္တပတရားများ ခရိုနီနဲ့စစ်ခွေးတွေမှာ
မရှီပါဘူး။ ဒီလိုပဲ ကမ္ဘာကိုမျက်နှာပြောင်တိုက်ပြီး စောက်ရှက်မရှိဘဲ ပြည်သူပိုင်
ဘီလျှံနာတွေနဲ့ ယစ်မူးနေကြတာမို့   . . . 
မိုးဟိန်းရေ  .. . 
မင်းက ခရိုနီတွေကို ဘင်္ဂါလားပင်လယ်အော်ထဲကိုမြောရုံမြောချင်တာပါကွာ
ငါက  ..  ပြည်သူသန်းခြောက်ဆယ်နဲ့ ဗုဒ္ဓဘာသာအတွက်အသက်တောင်စတေး
ပစ်ရဲတယ်လို့  . .  ပြောလိုက်ချင်တာပါပဲ။
နောက်ဆုံးပြောချင်တာကတော့ မိုးဟိန်းရေ  . . မင်းသာငါ့ကို နျူကလီယားဗုံး
သုံးလုံးလောက်ရှာလာပေး  .. ငါ နေပြည်တော်ကို သွားခွဲရယ်တယ်ကွ။
ဒီလောက် ဗုဒ္ဓ၀ါဒကြီးကို ဖျက်ဆီးမင်းမူနေတဲ့ မိစ္ဆာကောင်တွေကို ဘင်္ဂါလာပင်
လယ်အော်ထဲမြောလိုက်ရင် ငါးလိမ်မကန်းတွေပါ မိစ္ဆာစိတ်ပေါက်ကုန်လိမ့်မယ်။
ဒါ့ကြောင့် နျူကလိယားများရှိရင် ဖေ့ဘွတ်ပေါ်ကနေသတင်းလွှင့်လိုက်စမ်းပါကွာ
ငါ  . .. ကြဲလိုက်ချင်စမ်းပါဘိ

မဟာဗုဒ္ဓ၀င် ကျမ်းစာအုပ် (မင်းကွန်းဆရာတော်ပြုစုေ၇းသားသည်)

 ဗုဒ္ဓဘာသာမှန်ရင်တော့ ဗုဒ္ဓအကြောင်းကိုသိထားသင့်သည်။
ဗုဒ္ဓအကြောင်းကို ထမင်းစာရေသောက်လောက်သိရုံနှင့်ဗုဒ္ဓဘာသာဝင်စစ်စစ်
ဟုမခေါ်ဆိုနိုင်ပါဘူး။
ဒါ့ကြောင့် လူငယ်များရဲ့အနာဂါတ်မှာ ဗုဒ္ဓဘာသာဆိုသည်မှာအဘယ်နည်း
ဆိုတဲ့မေးခွန်းကိုသိရန် ဒီကျမ်းစာအုပ်ကိုတော့ ဆောင်ထားသင့်သည်။
အလင်းရှင်တို့ ငယ်စဉ်က ထိုကျမ်းစာအုပ်ကို တစ်အုပ်လျှင် (၃၀၀၀) ကျပ်
ဖြင့် ၀ယ်ရသည်။ ထိုကျမ်းစာအုပ်များရဖို့ သင်္ကန်းရောင်းရသောငွေဖြင့်
ဝယ်ရသည်။ ဤမျှလောက်ခက်ခဲ့သော ထိုကျမ်းစာအုပ်များကိုအခုအခါတွင်
မိမိတို့ရဲ့လက်ကိုင်ဖုံးထဲမှာပင် ဖတ်၍ရနေပေသည်။
ဒီလောက်နည်းပညာကံကောင်းသောခေတ်တွင် သင်တို့သည်ထိုဗုဒ္ဓ၀ါဒများ
ကိုမသိမမီလိုက်ပါက လူဖြစ်ကျိုးနပ်မည်မဟုတ်ပါ။
မင်းတုန်းမင်းကြီးသည်ပင် နည်းပညာခေတ်ကိုမမီလိုက်သောကြောင့်လည်းကောင်း
လယ်တီဒီပနီကျမ်းများကို မဖတ်ခဲ့ရပါ။ ထိုသည်ကို ကင်းဝန်မင်းကြီးဦးကောင်းမှ
ငို၍ လယ်တီဆရာတော်ဘုရားအားလျှောက်ထားဖူးပါသည်။
ထို့ကြေင့် ညီငယ်ညီမငယ် ဒကာဒကာမများအနေဖြင့် ဗုဒ္ဓ၀ါဒများကို ထဲထဲဝင်ဝင်
သိရှိနိုင်ရန်အပင်ပန်းခံတင်ပေးလိုက်ရပေသတည်း  ..
ကျေးဇူးတင်ခြင်းမတင်ခြင်း Share ခြင်းမ Share ခြင်းတို့သည် သာမညသာဖြစ်သည်
အဓိကမူကား မိမိ၏စိတ္တာဝိသုဒ္ဓိသာလျှင်ပဓာနကြပေ၏ . . ။

█ ░ အလင်းရှင် ░ █

 Download hrer  V  မင်းကွန်းမဟာဗုဒ္ဓ၀င်  V
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget