.

AlinShin

Monday, June 30, 2014

တရုတ်အတွက်တော့သိန်းလေးထောင်နှင့်

Photo: တရုတ်အတွက်တော့သိန်းလေးထောင်နှင့်
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
ဖြစ်မှဖြစ်ရလေဟုသာ စိတ်မှ ရေရွတ်နေမိသည်။
အကြောင်းမူကား ၊ စစ်ခွေးကြံ့ဖွတ်သိန်းစိန်သည် တရုတ်ဘုန်းကြီးကို
သိန်းပေါင်း(၄၀၀၀)လှူ၍ ဗမာဘုန်းတော်ကြီးများကိုတော့
သင်္ကန်းချွတ်ထောင်ချခြင်း ပစ်သတ်ခြင်းများကြောင့်သာပါ။
အင်း  . . အနာဂါတ်ကာလကြီးအတွက် ဗုဒ္ဓဘာသာနှင့်သန်းခြောက်ဆယ်
တို့အတွက် ရင်လေးဖွယ်ရာများသာပါကလားဟု  . . .
မုံရွာမှာတော့ မီးလောင်ဗုံးသံဃာတော်များ (၁၉)လအမှတ်တရားများ
ပြုလုပ်နေချိန်တွင် ၊ သိန်းစိန်ကတော့ တရုတ်ပြည်တွင် သိန်းလေး
ထောင်လှူဒါန်းနေသည်။ 
သြော်  . .
ဟုတ်ပလေနှုတ်ချွေကာ ဟရမှာဖြင့်  . .ပုဗ္ဗေစထင်ရဲ့ လေ . . 
█ ░ အလင်းရှင် ░ █

ခင်ရွှေဆင်စီး ငါပေါ့ကြီး

ခေတ်ကို . . က ၊
မြေသူခိုး ယာသခိုး လယ်သူခိုးတွေ မင်းမူကြီးစိုးတဲ့ခေတ်။
ခေတ်ကို .. .က ၊
သူခိုးက လူပြန်ဟစ်တဲ့ ခေတ်။
ကြည့်လေ ..
ပြည်သူပိုင်ပစ္စည်းခိုးစားတဲ့သူခိုးက ပိဋကတ်သုံးပုံနဲ့ show ထုတ်တဲ့ခေတ်။
█ ░ အလင်းရှင် ░ █
— with သား စိုး and 22 others.

လောကဓံသို့ ခရီးထွက်ခြင်း

ရှေးက ဆရာတော်သမားတော်ကြီးများသည် ဒီခေတ်ပေါက်ရဟန်းတော်
များနှင့်ဒကာဒကာမများအတွက် လွန်စွာပင်တုယူအာကျထိုက်ပါတယ်။
မျက်မှောက်ခေတ်၊အာဏာရှင်စစ်ခွေးကြီးများကဲ့သို့ ခေတ်အဆိုးခေတ်
အပျက်တွေကြားထဲမှာ ဆင်းရဲဒုက္ခများစွာကို သည်းခံတော်မူခဲ့ကြပုံက
သူတို့ရေးသားခဲ့သောကျမ်းစာအုပ်များကသက်သေခံလျှက်ရှိကြပါတယ်။
ဖတ်ကြည့်ပါဦးကွာ။ ဒီကဗျာလေး .. .
• ရွှေနန်းရှင် သဗ္ဗညုသို့ ၊ ကပ်ဝင်လုခါတွင်၊
• နတ်တွင်လူ့ ပရာသခင်တောင် ၊ တစ်ခါစဉ်ဆီက၊
• ဆွမ်းအတွက် ပဏ္ဍာဝါပေါ်မှာ ၊ ကြံရှာတော် ဖူးခဲ့သဖျ ။
• ရှေးဝဋ်ကြောင့် နေစံရှာ ၊ ဝေရံဇာ ပြည်မ၊
• ခြွေရံပါ မကြည်မြအောင်ပ ၊ ထွီစရာ့ ဘောဇဉ်၊
• မုယောဆန် သုံးဆောင်မွေ့ခဲ့ရ ၊ ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်၊
• သုံးဆောင်၍နှောက်မဲ့ယှဉ်သော၊ကြောက်ဖွယ့်အင်ဘာမရှိဘူး၊
• ပါကဋိ - မဟုတ်ကြလူမှာ၊ နုပ်စွသူငါ ။
• အစာအတွက်ကြောင့် လျှာမထွက်ပါတယ် ၊
• ဘာ့အတွက်တာ ပူရပါချိမ့်လေး ။
ဒီကဗျာလေးကို ပိဋကတ်အကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ အာဇာနည်ကြီး ရေးသားခဲ့တာလေးပါ။ အကယ်၍
ဆရာတော်ဘုရားကြီးသည် သည်နေ့တိုင် ရှိနေသေးပါမူ၊ သံဃာထုအား
ရက်စက်စွာပစ်သတ်ခဲ့ကြသော စစ်ခွေးသန်းရွှေတို့ကြံ့ဖွတ်အုပ်စုကြီးကို
အဘယ်မျှ ရွံရှာ်တော်မူမည်နည်း။
Photo: လောကဓံသို့ ခရီးထွက်ခြင်း
☭ ♥ ✖ ♥ ✿ ♥ ☭ ♥ ✖ ♥ ✿ ♥ ☭ 

ထို့ကြောင့်  ၂၀၁၅တွင် ၊စစ်ခွေးကြံ့ဖွတ်အုပ်စုကြီးကို ကျိုးစင်ချည်တိုင်
မှာအသေချည်နိုင်ပါမှ သံဃအရေး ပြည်သူ့အရေး ဘာသာရေးတို့သည်
သက်သာဖွယ်ရာရှိသည်။သို့မဟုတ်ပါက သံဃာထုအား သွေးကွဲအောင်
သွေးခွဲလေဦးမည်။ သန်းပေါင်းများစွာသောပြည်သူတို့ ဆထက်တိုးသော
အတိဒုက္ခအဖုံဖုံတို့ခံစားရပေဦးမည်။
အထက်ပါကဗျာကိုရေးစပ်ခဲ့သော မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးများ
သက်တော်ထင်ရှားရှိစဉ်ကအင်္ဂလိပ်အစိုးရလက်ထက်တွင် ရဟန်းသံဃာ
တော်များနိုင်ငံရေးလုပ်ပါက ထောင်ကျသော်လည်း “သင်္ကန်းဝတ်ရုံခွင့်”
ရသည်။ ဥပုသ်ပြုခွင့်အထိကို ရခဲ့သေးသည်။ 
ဟောဒီနေ့ခေတ်၊ကိုယ့်ဘာသာတူစစ်ခွေးတွေမင်းမူကြီးဆိုးသောအခါမှာ
တော့ ၊ “သင်္ကန်းဝတ်ခွင့်ရဖို့နေနေသာသာ. ဖင်လိုးခံရဦးမယ်” ဟုပင်
မိုက်မဲ့စွာ ပြောဆိုလဲ့ကြပါသည်။ 
ဟင်  ..။ ဒါ့ကြောင့် အသဲနာနာနှင့် “ အလင်းရှင်စာရေးနေတာပါ” ဘယ်
ပါတီကောင်းစားရေးအတွက် ရေးနေတာမဟုတ်ဘူးနော်။ စစ်မှန်သော
အမျိုးဘာသာသာသနာအတွက်စာရေးနေတာပါ။ အင်္ဂလိပ်မင်းထက်ပင်
အပြန်အဆအရာအထောင်သာအောင်ဆိုးသော စစ်ခွေးနေ၀င်းသန်းရွှေ
အခုသိန်းစိန်တိုင်အောင် ဗုဒ္ဓဘာသာကြီးဟာညှိုးခြောက်ခဲ့ရပါပြီ။ ရဟန်း
တော်အများစုဟာ “ဘုရားဥပဒေတော်ကြီး” ထက် ၊ စစ်ခွေးလက်ကိုင်
တုတ်(မဟန)ကြီးများထုတ်ပြန်သော “ညွှန်ကြားလွှာ”တို့ကိုသာလိုက်နာ
နေခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကာရဟန်းပြုကြ
ကုန်သော ပါရမီရှင်တို့သည် (မဟန)ရဲ့အမိန့်သြဇာကို ချေးကဲ့သို့စက်
ဆုပ်ရွံရှာရင်း စစ်ခွေးဆိုးတို့ရဲ့ ထောင်သံတိုင်တွေကြားထဲကို မသိမသာ
ရောက်ခဲ့ရပါတယ်။ 
ဤမျှသောစစ်ခွေးဆိုးကြီးသန်းရွှေတို့ကြံ့ဖွတ်အုပ်စုကြီးရဲ့ရဟန်းသံဃာထု
အပေါ်သတ်ဖြတ်ညှင်းဆဲခဲ့သောလောကဓံဆိုးတွေကို ကျမ်းပြုအကျော်
ပိဋကတ်အမော် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးများသိမီခဲ့ပါကဘယ်
သို့သောကဗျာများရေး၍ လောကဓံကို ခရီးနှင်ဦးမှာလည်းဆိုတာမတွေး
ဝံ့အောင်ရှိခဲ့သည်။ 
စစ်ခွေးဆိုးသန်းရွှေတို့ကြံ့ဖွတ်အုပ်စုကြီးက  .. ဘုရားဟောင်းစေတီလည်း
ဖျက်လိုကဖျက်သည်၊ သိမ်းကျောင်းဂူလည်း ဒိုဇာနှင့်ထိုးလိုကထိုးသည်။
ယင်းကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးတို့များ ရှိခဲ့ပါမူကား၊အဘယ်မျှ
ရေးလိုက်ဟောလိုက်ပြောလိုက်မည်နည်း။
(မဟန)ဥက္ကဌကြီးခေါ် ဦးကုမာရာဘိဝံသကြီးကတော့ဖြင့် ရှေးဟောင်းစေ
တီသိမ်ဖြစ်သော လယ်တီသိမ်ကို ဖျက်ရင် “ဖျက်ကောင်းတယ်” “ဘဏ္ဍာ
စာပေးရင် ဖျက်လို့ရတယ်” လို့ပင် သြ၀ါဒပေးပုံကိုလည်း မဟာဂန္ဓာရုံဆ
ရာတော်ဘုရားကြီးရှိပါက ၊ “ ပြိတ္တာကြီး” ဟုပင် သမုတ်ပေဦးမည်။
• ကိုယ်တော်တို့ ကောင်းကောင်းနေကြ၊ရှင်ဘုရင်လက်ထက်က ရာဇ
• ဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအချို့တောင် သေတော့ပြိတ္တာ
• ဘုံဘ၀ရောက်နေကြတယ်။
ဟူ၍ ဆုံးမခဲ့ဖူးပါသည်။ဘုရားကျောင်းကန်မဖျက်ဆီးသော ဘွဲ့တံဆိပ်ရ
ဆရာတော်ကြီးတွေပင်သေတော့ ပြိတ္တာဖြစ်နေသေးရင်  .. . ဒီနေ့ခေတ်
“ဘုရားစေတီသိမ်တွေကို ဖျက်လို့ရတယ်” “ ဖျက်ကောင်းတယ်” လို့သြ
ဝါဒပေးသော (မဟန)ကြီးများနှင့် နောက်လိုက်အလိုတူအလိုပါရဟန်းသံ
ဃာတော်များသည် ပြိတ္တာဘ၀ထက်ပင်ဆိုးသောအခြေအနေသို့ရောက်
မည်ဟု အတက်သေချာဟောကိန်းထုတ်လို့ရသလို  ..  ဖျက်ခိုင်းတဲ့ စစ်
ခွေးသန်းရွှေ၊သိန်းစိန်အစရှိသော ကြံ့ဖွတ်အုပ်စုကြီးဟာလည်း မဟာအ၀ီ
စိသည် နီးသာလားဟုပင်  .. .။
ဘုရားရှင်သည်၊ကာလမတို့ကိုမှာခဲ့တာ ရှင်းနေတာပါပဲ ။အချက်ဆယ်
ချက်မှာခဲ့တာပဲမဟုတ်လား။ နံပါတ်(၁၀)ကိုဖတ်ကြည့်စမ်း  .. 
• ဤရဟန်းကား ငါတို့ကိုးကွယ်အပ်သော ဆရာဖြစ်သည်၊
• ငါ့ဆရာ၏ စကားကို ငါ မှတ်သားသင့်သည်ဟု စွဲစွဲမြဲမြဲ
• မှတ်ယူ၍မထားနှင့်။ 
ကဲ ၊ ဒီလောက်ရှင်းတဲ့ဗုဒ္ဓသြ၀ါဒတွေကို မင်းတို့တွေ မျက်ကွယ်ပြုပြီး
ဘုရားစေတီဖျက်သော (မဟန)အုပ်စုကြီးကို ရဟန်းသံဃာအဖြစ်ကိုး
ကွယ်ဆည်းကပ်ခြင်းဟာ အပ်သလား၊မအပ်ဘူးလားဆိုတာ ငါအထူး
ပြောရန်မလိုအပ်တော့ဘူးနော်။ 
ကြည့်စမ်း၊ (မဟန)ကြီးတွေ သေခါနီးကြီးတွေ သန္တိသုခကျောင်းကိုလု
နေကြတာ မင်းတို့မျက်လုံးတွေနားတွေကြားသလား? ကြားရင် ဒီအိုနာ
ကျိုးကန်းကြီးတွေရဲ့သြ၀ါဒဟာ ဘုရားရှင်အလိုတော်ကျဖြစ်မလား၊မဖြစ်
နိုင်ဘူးလားဆိုတာကိုရော ငါအထူးရှင်းပြဖို့လိုသေးသလား?။ ဒီနိုင်ငံမှာ
ဒီလို စစ်ခွေးကြံ့ဖွတ်အုပ်စုကြီးနဲ့ လက်ကိုင်တုတ်(မဟန)အုပ်စုကြီးရှိနေ
သရွေ့ ဗုဒ္ဓမြတ်စွာသာသနာတော်ရော ရဟန်းရှင်လူပြည်သူတွေဘယ်
မှာချမ်းသာဖွယ်ရာရှိပါတော့မှာလည်း။ 
ဒါ့ကြောင့် မျက်မှောက်ခေတ်အခြေအနေသည်၊ ဗုဒ္ဓဘာသာစေတီ
ပုထိုးကျောင်းကန်များအတွက်လည်း အဆိုးလောကဓံများနှင့်ကြုံဆုံ
နေရသကဲ့သို့ ရဟန်းစစ်ရဟန်းမှန်များသည်လည်း ထောင်နန်းစံနေ
ရှာသည်မှာ . . ထေရ်ဆရာအဆူဆူတို့ရဲ့ ကဗျာများဖြင့်ပင် လောက
ဓံဆိုသောခရီးခဲမှ “အလင်းရှင် ” တစ်ယောက်ထဲ တိုးထွက်လမ်း
လျှောက်နေ . မိ . ပြန်. ပါ. တော့ . သတည်း ။
ဓမ္မအလင်းကုသိုလ်ကိုခမည်းတော်ကြီးဆရာစံနှင့်ဒုက္ခိတသတ္တ၀ါ
အပေါင်းတို့အားဝေငှမိပါသည်။
REFERENCES
သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊ 
တိကနိပါတ် ၊ ဒုတိယပဏ္ဍသက၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်
အနာသာသနာရေး(မဟာဂန္ဓာရုံ)

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget