.

AlinShin

Thursday, May 16, 2013

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

Mim Min shared Myawady News's photo.
မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။

" အချိုး.."

လားဗီးဂတ်စ်ဆိုတဲ့ လောင်းကစားမြို့မှာ ဒေါ်လာတစ်သန်း ရှုံးသွားတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သစ်တောပြန်းတီးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။

စားလိုက်တဲ့ မြေထဲပင်လယ် ငါးဥတွေကြား

ထောက်ခနဲ စိန်ပွင့်ပါလာတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သယံဇာတပြုန်းတီးမှု့ နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။

ဒစကိုမီးတွေကြား ခန္တာငါးပါးကို

ငွေကြေးနဲ့ လဲလှယ်နေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။

၂၅မှတ်တန် ဆန်ကိုမစားဖူးဆိုတဲ့

သိုးဆောင်းနိုင်ငံက အိမ်မွေးတိရစ္ဆာန်လေးတွေ ငြင်းဆန်နေချိန်
ငါ့နိုင်ငံရဲ့ လယ်မဲ့၊ယာမဲ့ လယ်သမားနဲ့တိုက်ရိုက်သက်ဆိုင်တယ
်။

ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို

အိမ်ဖြူတော်မှာ ခေါင်းငုံ့ပြီး ပြောနေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူအခွင့်အရေး ဆုံးရှုံးမှု့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။

-----------------------------------------------------------------------
Mya Mya Win shared ဆရာ ဆယ်'s status.

မြန်မာပြည်မှရဟန်းတော်များ ဆင်ခြင်ဖွယ်ရာ

ယခုနာရီအနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံ မြို့တော်ရန်ကုန်ကနေပြီး ဦးဇင်းနေထိုင်ရာ အိန္ဒိယကို သတင်းဓာတ်ပုံတစ်ပုံပေးပို့လာပါတယ်။ အကြောင်းအရာကတော့ . . . .ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးအချို့ဟာ (၉၆၉) လုပ်ရပ်ကို နားမလည် နိုင်ကြသေးဘဲ မွတ်ဆလင်ဆိုင်များမှာ ဈေးဝယ်နေကြပါတယ် . .တဲ့။ ဒါကို သတင်းဓာတ်ပုံရိုက်ပြီး သက်သေခံအဖြစ်ပေးပို့လာပါတယ်။
 
 ဓာတ်ပုံအပြင် (၉၆၉)လူငယ်အဖွဲ့က ဒီလိုရဟန်းသံဃာတော်များကို အရှင်ဘုရားတို့နေနဲ့ ရဟန်း-ရဟန်းခြင်း ပြောဆိုဆုံးမသင့်ကြောင်းကိုလည်း အကျယ်တ၀ံ့ရေးသားတင်ပြလာပါတယ်။ ဦးဇင်းအ နေနဲ့ မြန်မာပြည်က (၉၆၉)လူငယ်အဖွဲ့ကိုပြောပါရစေ . . .  ဦးဇင်းတို့ရဟန်းခြင်းသာလျှင် ဆုံးမသင့် ဆုံးမထိုက်တာမဟုတ်ပါဘူး . . . လူပုဂ္ဂိုလ်များအနေနဲ့လည်း ဦးဇင်းတို့ရဟန်းသံဃာများအမြင်မတော် မှုရှိရင် တွေ့ရင် ပြောဆိုလျှောက်ထားနိုင်ပါတယ်။
ဘုရားလက်ထက်တော်အခါက စိတ္တသူကြွယ်ကဲ့သို့သော လူသူတော်ကောင်းများဟာ ဒီကနေ့ဗုဒ္ဓဘာ သာနိုင်ငံများအပြင် ကမ္ဘာအရပ်ရပ်မှာ သူ့နည်းသူ့ဟန်နဲ့ရှိနေကြမှာပါ။ စိတ္တသူကြွယ်ဟာ ရဟန်းသံဃာ တော်များကို အပြုသဘောဆောင်ကုသိုလ်စိတ်နဲ့ပြောဆိုလျှောက်ထားခဲ့သလို မြန်မာနိုင်ငံနဲ့ကမ္ဘာအ ရပ်ရပ်က (၉၆၉) သာသနာပြုအဖွဲ့မှ ပြောဆိုလျှောက်ထားခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။
အချို့ရဟန်းတော်များဟာ အတိက်ကုသိုလ်စိတ်နဲ့ ရဟန်းဖြစ်လာသော်လည်း ပစ္စပ္ပန်သတိစိတ်များ နဲပါးမှုရှိတက်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာသူတော်စဉ်လူပုဂ္ဂိုလ်များအနေနဲ့ လက်အုပ်ချီမိုးပြီးရိုသေစွာ လျှောက်ထားနိုင်ပါတယ်။
ကဲ . . .
မြန်မာနိုင်ငံအ၀ှမ်းလုံးမှာ နေထိုင်သီတင်းသုံးတော်မူကြကုန်သော . . .  .ဆရာတော်သံဃာတော်အ ရှင်မြတ်တို့ဘုရား . . . . တပည့်တော် (၉၆၉)လူငယ်များကိုယ်စား ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘု ရားကြီးရဲ့ကိုယ်စား . . . လျှောက်ထားတောင်းပန်ပါရစေ . . .
ဈေးဝယ်ထွက်လျှင် မွတ်ဆင်ဆိုင်များကို အထူးသတိထားပါ။ သူတို့က ဆိုင်မှာ အရောင်းဝန်ထမ်းများ  ကို မြန်မာမချောချောလေးတွေထားပြီး မြန်မာဆိုင်အဖြစ် ဖန်တည်းပုံဖေါ်ထားပါတယ်။ သို့ပါသော ကြောင့် အရှင်မြတ်တို့အနေဖြင့် မည်သည့်ကုန်ပစ္စည်းကိုမဆို မြန်မာဆိုင်များမှာသာဝယ်ယူသုံးစွဲသင့် ပါတယ်။ အထူးသဖြင့် ဈေးဆိုင်များမှာ ယုတ်စွအဆုံး မြန်မာပြည်ဖွားတရုတ်ဆိုင်များမှာတောင် ဘုရား ကျောင်းတော်စင်လေးတွေရှိတက်ပါတယ်။ ဒါကိုသတိထားပြီး ၀ယ်ယူကြပါရန် . . . အမျိုးဘာသာကို ကာကွယ်စောက်ရှောက်ပေးပါရန် ဘုရားတပည့်တော် ရိုသေလေးစားစွာလျှောက်ထားအပ်ပါတယ် ဘုရား။
                                                                                                          အရှင်ကောဝိဒ
                                                                                                          ခေတ္တ။ နာလန္ဒ

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget