.

AlinShin

Wednesday, June 11, 2014

သန္တိသုခ အတ္ထုပ္မတ္တိ

Photo: သန္တိသုခ  . .. ။
သံဃာသံဃာခြင်းဖဲ့လိုက်ကြ။
ငါပြောတော့  
ငါ့ကို ၀ိုင်းဟောင်ကြတယ်။
ဘာတဲ့ ၊ ငါတို့သမ္မတကြီး ၊ 
ဘာတဲ့ ၊ ငါတို့ဘဘကြီး  . . တဲ့။
တွေ့လား စစ်ခွေးတွေလုပ်သွားတဲ့ ဗျူဟာကွက်။
မင်းတို့ မြဲမြဲမှတ်။
ဟောင်စမ်း  . . မျိုးချစ်ဆိုတဲ့ကောင်တွေ  . .
ကိုက်စမ်း  ..  သခင်ဆိုတဲ့ကောင်တွေ  . .
ထပ်ပြောလိုက်ဦးမယ်  . . .
စစ်ခွေးဆိုတာမှတ်ထား ချေးတွေ့ရင်ဝင်စားတယ်နော်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
သန္တိသုခ . .. ။

လောကအတွက် ကဗျာ ကဗျာ အတွက်လောက

Photo: လောကအတွက် ကဗျာ ♥  ကဗျာ အတွက်လောက
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖ ✿☭ ✖ ✿ 
ငါ ဒီကနေ့ ဆောင်းပါး သုံးပုဒ်တင်နိုင်ခဲ့တယ်။ 
ညက 
သန္တိသုခရဲ့ဖြစ်စဉ်ကို ကြိုတင်သပေးကာ ပြည်သူကိုအသိပေးခဲ့တယ်။
ကိုယ့်ကိုယ်ကို ဗုဒ္ဓရဲ့သားတစ်ယောက်အနေနဲ့ အလုပ်လုပ်တယ်
လို့ပဲသဘောထားတယ။်
ဘယ်ပါတီအတွက်မှအလုပ်မလုပ်ဘူး။ 
ဘယ်ဘာသာအတွက်မှအလုပ်မလုပ်ဘူး။ 
ဘယ်အရာကိုမှအစွဲမထားဘူး။
အေး  .. တစ်ခုတော့ရှိတယ်။
ကတညုတကတဝေဒီ တဲ့။ သူ့ကျေးဇူးကိုသိရင်ပြန်ဆပ်တက်ရတယ်
လို့ ဗုဒ္ဓမှာခဲ့တဲ့အတိုင်း  . .. စာရေး၍ ကျေးဇူးဆပ်ခြင်းသာဖြစ်တယ်။
ရေးခဲ့ပြီးသမျှကို  ဒီမှာ http://aungminkhoung.blogspot.com/
တင်ထားတယ်။ ဖတ်ချင်ဖတ်မဖတ်ချင်နေ  .. .
မိုးဆိုတာ  . ..
သောက်လိုသူ မသောက်လိုသူအတွက် . . 
ရွာတာမဟုတ်ဘူး။
ကမ္ဘာလောကသားတွေအားလုံးအေးမြဖို့အတွက် . . . 
ရွာတာ။
လဆိုတာ  . 
လင်းရိပ်လိုသူမလိုသူအတွက် . . 
သာတာမဟုတ်ဘူး။
ကမ္ဘာလောကကြီးအငြိမ်းဓာတ်လေးရအောင်  . .
သာတာ။
နေဆိုတာ . . .
အပူအလင်းလိုသူ မလိုသူအတွက် ထွက်ပြူတာမဟုတ်ဘူး။
ကမ္ဘာလောကဓာတ် အနွေးဓာတ်ပေးဖို့  .. 
ထွက်တာ။
သြော်  . . လောကရဲသဘောသသဘာဝတွေကိုက 
ငါဆိုတဲ့ကောင်အတွကတော့  . .ကဗျာပဲ။
█ ░ အလင်းရှင် ░ █

ဆရာမမသန္တာကဗျာ

https://www.facebook.com/ma.thandar.52?fref=nf

ဆရာမ . မသန္တာက ၊ ကဗျာတွေတင်နေတယ်။
သူတင်တဲ့ကဗျာဖတပြီး . .ငါကိုယ်တိုင်ကဗျာဖြစ်သွားတယ်။

ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

အမေ့ထသို့ပေးစာ

Photo: သို့/
အမေ  .. .
သားပဉ္စင်းရိုသေလေးစားစွာဖြင့်စာရေးလိုက်ပါတယ်။အဝေးကအမေ့ကို
သတိရသလို တမလွန်ဘ၀ကိုအရင်သွားနှင့်တဲ့အဖေ့ကိုလည်းတမ်းတ
မိတယ်။ အမေရော နေကောင်းကျန်းမာတော်မူပါစ။စိတ်ချမ်းသာကိုယ်
ကျန်းမာပါစေဟုသားပဉ္စင်း ဆုတောင်းမိပါတယ်။စာရေးရတဲ့အကြောင်း
ကတော့ အခြားအထွေအထူးမရှိပါဘူး။သားပဉ္စင်းလည်းနေကောင်း
ပါတယ်။ 
သို့သော် အင်တာနက်သုံးပြီး ဓမ္မအလင်းဝေငှရာမှာ ဒီတစ်လထဲတင်
ငွေနှစ်သောင်းလောက်ကုန်သွားတယ်အမေရယ်  . .။ 
ရောင်းစရာသင်္ကန်းလည်းမရှိတော့ဘူး။ ရှိတာရောင်းရင်လည်း ဆွမ်းခံ
ထွက်စရာသင်္ကန်းမရှိလို့အမေ့ သားပဉ္စင်း ကျီးချီစရာအကြောင်းသာရှိ
တော့တယ်။ 
အမေ့မှာလည်း ငွေပိုငွေလျှံမရှိလောက်ဘူးဆိုတာသားသိပါတယ်။ သို့
သော်လည်း  အမေပင်ပန်းစွာရှာထားတဲ့ လယ်ထွက်စပါးလေး(၁၀)တင်း
လောက်ရောင်းပြီး မန္တလာမင်းကားနဲ့ ပို့ပေးလိုက်ပါနော်  .. .။ အမေမွေး
တဲ့သားကို အမေမှမကယ်ရင်ဘယ်သူကယ်မှာတုန်းအမေရယ်။
Facebook ပေါ်မှာလည်း ဒကာဒကာမတွေအတော်များများနဲ့ရင်နှီးပါ
သော်လည်း တစ်ယောက်မျက်နှာတစ်ယောက်မမြင်ဘူးတဲ့ 
ဘ၀တွေမို့ မဖြစ်နိုင်ပါဘူးအမေရေ  . . .
လယ်သိမ်း မြေသိမ်း အိမ်သိမ်း စေတီဖျက်သိမ်ဖျက်နေတဲ့ စစ်ခွေးတွေ
ရဲ့အဓမ္မ၀ါဒကို အမေချွေးနဲစာစပါးရောင်းရငွေလေးနဲ့ တိုက်ထုတ်ပါရစေ
အမေရယ်  .. ။
အကယ်၍ အမေအခက်အခဲဖြစ်ရင်လည်း ရပါတယ်။ ရွာကဆရာတော်
ဘုရားကြီးဘဒ္ဒန္တသာသနထံသွားပြီး တောင်းရမှာပဲ။ သူကသူ့ရှိရင်ပေး
ပါသော်လည်း အမြဲတမ်းတောင်းနေရသလိုဖြစ်နေတော့အားနာတာထက်
ကိုယ့်ကိုယ်ကိုရှက်တယ်အမေရယ်  .. ။
စာသင်သားဘ၀တုန်းကလည်း နွမ်းပါးသလောက် အခုအချိန်အထိလည်း
ဒီအနွမ်းက မလောင်ကျွမ်းသေးဘူးအမေရေ  .. ။ဘုရားစကား သန္တုဋ္ဌိတာ
တရားကို ရင်ဝယ်ထားကာ ဘ၀ကိုရောင့်ရဲနေတက်ပါသော်လည်း အွန်
လိုင်းပေါ်မှာ ဆောင်းပါးတစ်ပုဒ်ရေးရင်အနဲဆုံးတစ်နာရီခန့်ကြာတယ်၊
ဓာတ်ပုံကိုပါ ပြင်ဆင်ပြီး တစ်နာရီကျော်တယ်အမေ။ တစ်နာရီကိုအင်တာ
နက်သုံးခက (၅၀၀)ကျပ်ပေးရတယ်။ ဟိုခွေးသားဉာဏ်ထွန်းပြောသလို
ငွေ(၂၀၀၀)ကျပ်က ဆောင်းပါးလေးပုဒ်စာတောင်မရဘူးအမေ။နောက်
စာသင်တိုက်ဆိုတော့ အာရုံဆွမ်းက ဟင်းပေါင်းပဲစားရတယ်အမေရယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော်သုံးဆယ်လောက်စားလာရတဲ့ဒီဟင်းပေါင်းနံ့ဟာ
သားကို မဆင်တွင်းထဲကျသလိုခံစားရတယ်အမေ၊ ဒါ့ကြောင့် ကျောင်း
ထိပ်က လက်ဖက်ရည်ဆိုင်က အီကြားကွေးနံပြား စတဲ့စိတ်လိုရာလေး
စားတာတောင် နံက်ခင်းတင် (၅၀၀)ကျပ်အနဲဆုံးကုန်တယ်အမေ။ ဒါ့
ကြောင့် ဉာဏ်ထွန်းခွေးမသားပြောတဲ့ (၂၀၀၀)ကျပ်ဟာ ဘယ်လိုလုပ်
လောက်မှာတုန်းအမေရယ်။
ဒါ့ကြောင့် ဒီခွေးသားစစ်ခွေးသူခိုးတွေကို မုန်းတီးတယ်။ နာကျည်းတယ်။
သူတို့ကြောင့်လည်း သားပဉ္စင်းတို့လယ်တွေ အသိမ်းခံလိုက်ရသလို အ-
ခြားတစ်နိုင်ငံလုံးမှာလည်း ဒီအတိုင်းပါပဲအမေရယ်။ (၂၀၁၅) မှာသာဒီ
စစ်ခွေးတွေတိုက်ပုံဆက်ဝတ်ခွင့်ရရင် အမေနေတဲ့အိမ်ကိုပါသိမ်းလေဦး
မယ်နဲ့တူတယ်အမေရေ  . .။
ဒါ့ကြောင့် ကြောက်မက်ဖွယ်ရာကောင်းတဲ့အာဏာရူးစစ်ဘီလူးခွေးဆိုး
ကြီးသန်းရွှေနဲ့တကွ လက်ပါးစေတွေကို သားတို့အမြစ်ပြတ်တိုက်ထုတ်
ရမယ်အမေ။ အမေလည်းရွာမှာ စစ်ခွေးကြံ့ဖွတ်တွေကို မဲမထည့်ဖို့ ဘ
ကြီးအေးမောင်တို့မိသားစုတွေကိုပြောဦးနော် ၊ သူတို့က စစ်ခွေးကြံ့ဖွတ်
နဲ့ ရင်းနှီးနေတော့ တော်နေကြာ မဲပေးနေမိဦးမယ်။
NLD ကိုထည့်ပါမထည့်ပါလို့တော့သားမတိုက်တွန်းပါဘူး။ သို့သော်ဒီ
ကနေ့မျက်မှောက်ခေတ်အခြေအနေမှာ မြန်မာပြည်သူအတွက် NLD
မှတစ်ပါး အခြားရွေးချယ်စရာမရှိသလောက်ရှားတယ်အမေ။ 
ကဲ  .. စာလည်းရှည်ပြီအမေ ၊ စပါးဈေးမကောင်းသေးရင်လည်းမ
ရောင်းပါနဲ့။ ငွေပို့နိုင်မပိုနိုင်အကျိုးအကြောင်းကိုတော့ ရွာကျောင်းက
ဆရာတော့တယ်လီဖုန်းနဲ့လှမ်းဆက်ဦးနော်  . . အမေ့အသံကြားရလည်း
ငွေရတာထက် သားစိတ်ချမ်းသာပါတယ်အမေရယ်   . .။
သားပဉ္စင်း
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး
သို့/

L A S T S U P P E R

အောက်ပါလင့်အဆက် အပိုင်း(၁) ကိုကလစ်ခေါက်၍ အရင်ဖတ်ပါ။
https://www.facebook.com/photo.php?fbid=521563177970547&set=a.153025728157629.30701.100003506093022&type=
1&relevant_count=1
သာဓကလေးတစ်ခုကိုငါပြောကြည့်မယ် ၊ ကမ္ဘာကျော်ပန်းချီဆရာကြီး
Leonardo da Vinci ဆွဲခဲ့တဲ့ ပန်ချီပုံကြီးကကမ္ဘာသာကျော်နေတာတကယ်
ေေေေ်ေေ တော့ အပြီးသတ်ရေးဆွဲထားတဲ့ပုံမဟုတ်ဘူး။ မပြီးသေးဘူးကွ။(၁၄၈၁)ခု
နှစ်လောက်မှာ သခင်ရေရှု့ဖွားတော်မူရာကိုဘုရားဖူးအဖြစ် အရှေ့တိုင်းပ-
ညာရှင်ကြီးတွေလာတော့ ̏ ခင်ကြီး˝ခေါ်ဘုန်းတော်ကြီးတစ်ပါးက အဲဒီ
Last Supper ညစာစာပွဲပန်ချီကားကို ရေးဆွဲပေးရန်ဆရာကြီး
Leonardo da Vinci ကိုအပ်ခဲ့တာ။ Leonardo da Vinci ကပုံကြမ်းတွေ
ရေးထားတာ အများကြီးပဲ သို့သော်လည်းပုံချောအဖြစ်မရေးနိုင်ခဲ့ပါဘူး။ 

ဆရာကြီးမှာ သူလုပ်ချင်တွေကသိပ့်များတယ်။ ငါ့လိုပဲ။ စာတွေသာရေး
တယ် ဘယ်စာမှနိဂုံးမသတ်နိုင်ဘူး။ ရှေ့စာတွေရေးရေးနေတာနဲ့နောက်
စာတွေအဆုံးသတ်ဖို့အချိန်မရဘူးဖြစ်နေတယ်။ ဆရာကြီးလည်းအဲဒီအ
တိုင်းနဲ့ပဲအသက်(၆၇)နှစ်မှာ သူ့တပည့် ဖရန်စက်စကိုမယ်လ်ဇီ ရဲ့လက်ထဲ
တင်ကွယ်လွန်ခဲ့တယ်။
ဆရာကြီးကစိတ်ဝင်စားတာတွေကများလွန်းတော့ အဲဒီ Last Supper 
(နောက်ဆုံးညစာစားပွဲ)ပုံဟာ မပြီးမသတ်နိုင်ခဲ့ဘူး။ သူကပုံတင်ဆွဲတာမ-
ဟုတ်နော်။သူရေးခဲ့တဲ့စာအုပ်ပေါင်း (၅၀၀၀) ကျော်ရှိတယ်။ အဲဒီစာအုပ်
တွေထဲမှာသိပ္ပံပညာ၊ အနုပညာ များနဲ့ပတ်သတ်တဲ့စာမူတွေလဲအများကြီး
ရှိတယ်လို့ဆိုတယ်။အဲဒီစာအုပ်တွေထဲမှာမှ အခန်းကဏ္ဍအလိုက်သင့်တော်
တဲ့ဆီလျှော်တဲ့ ပန်ချီပုံတွေကိုလည်းရေးဆွဲထားတာ။သမိုင်းမှတ်တမ်းအနေ
နဲ့ Leonardo da Vinci ရေးခဲ့တဲ့ စာမူ (၅၀) ဟာအခုအထိလက်ရာမပျက်ရှိ
သေးတယ်။ အဲဒီထဲကစာမူတစ်ခုမှာဆိုရင် သူဆွဲထားတဲ့ပန်ချီပုံပေါင်း . .
(၁၇၀၀)ရှိတယ်။ အဲဒီလောက်ကိုပန်ချီဆွဲ၊ စာရေးခဲ့တဲ့ Leonardo da Vinci
ဟာ Last Supper ပန်ချီပုံဟာ သေဆုံးသည့်အထိ အချောမသတ်နိုင်ခဲ့ပါ
ဘူး။ အဲဒီပုံကိုသူ(၁၄၉၅)မှစဆွဲတယ် (၁၄၉၈)အထိကြာတယ် ။လက်စမ-
သတ်နိုင်ခဲ့တဲ့ Last Supper ပုံကို အဟောင်းလေးအတိုင်းပဲထားတယ်နော်
ဒ့ါကြောင့် .. . အဟောင်းတွေကို အသစ်ပြန်လုပ်တယ်ဆိုတာ . . .
̏ သောက်ရူးတွေလုပ်ကြတာ။ စာမတက်တဲ့ကောင်တွေလုပ်ကြတာ။
သမိုင်းကိုဖျက်ဆီးချင်တဲ့ကောင်တွေလုပ်ကြတာ။ အနာဂတ်ကိုတာဝန်မယူရဲ
Photo: L   A   S   T                        S  U  P  P  E  R 
♥  ✿ ♥  ✿ ♥  ✿ ♥  ✿ ♥   ✿ ♥  ✿ ♥  ✿ ♥  ✿ ♥ 

အောက်ပါလင့်အဆက် အပိုင်း(၁) ကိုကလစ်ခေါက်၍ အရင်ဖတ်ပါ။ 
https://www.facebook.com/photo.php?fbid=521563177970547&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
သာဓကလေးတစ်ခုကိုငါပြောကြည့်မယ် ၊ ကမ္ဘာကျော်ပန်းချီဆရာကြီး 
Leonardo da Vinci ဆွဲခဲ့တဲ့ ပန်ချီပုံကြီးကကမ္ဘာသာကျော်နေတာတကယ်
တော့ အပြီးသတ်ရေးဆွဲထားတဲ့ပုံမဟုတ်ဘူး။ မပြီးသေးဘူးကွ။(၁၄၈၁)ခု
နှစ်လောက်မှာ သခင်ရေရှု့ဖွားတော်မူရာကိုဘုရားဖူးအဖြစ် အရှေ့တိုင်းပ-
ညာရှင်ကြီးတွေလာတော့ ̏ ခင်ကြီး˝ခေါ်ဘုန်းတော်ကြီးတစ်ပါးက အဲဒီ 
 Last Supper  ညစာစာပွဲပန်ချီကားကို ရေးဆွဲပေးရန်ဆရာကြီး
Leonardo da Vinci ကိုအပ်ခဲ့တာ။ Leonardo da Vinci  ကပုံကြမ်းတွေ
ရေးထားတာ အများကြီးပဲ သို့သော်လည်းပုံချောအဖြစ်မရေးနိုင်ခဲ့ပါဘူး။ 
ဆရာကြီးမှာ သူလုပ်ချင်တွေကသိပ့်များတယ်။ ငါ့လိုပဲ။ စာတွေသာရေး
တယ် ဘယ်စာမှနိဂုံးမသတ်နိုင်ဘူး။ ရှေ့စာတွေရေးရေးနေတာနဲ့နောက်
စာတွေအဆုံးသတ်ဖို့အချိန်မရဘူးဖြစ်နေတယ်။ ဆရာကြီးလည်းအဲဒီအ
တိုင်းနဲ့ပဲအသက်(၆၇)နှစ်မှာ သူ့တပည့် ဖရန်စက်စကိုမယ်လ်ဇီ ရဲ့လက်ထဲ
တင်ကွယ်လွန်ခဲ့တယ်။
ဆရာကြီးကစိတ်ဝင်စားတာတွေကများလွန်းတော့ အဲဒီ  Last Supper (နောက်ဆုံးညစာစားပွဲ)ပုံဟာ မပြီးမသတ်နိုင်ခဲ့ဘူး။ သူကပုံတင်ဆွဲတာမ-
ဟုတ်နော်။သူရေးခဲ့တဲ့စာအုပ်ပေါင်း (၅၀၀၀) ကျော်ရှိတယ်။ အဲဒီစာအုပ်
တွေထဲမှာသိပ္ပံပညာ၊ အနုပညာ များနဲ့ပတ်သတ်တဲ့စာမူတွေလဲအများကြီး
ရှိတယ်လို့ဆိုတယ်။အဲဒီစာအုပ်တွေထဲမှာမှ အခန်းကဏ္ဍအလိုက်သင့်တော်
တဲ့ဆီလျှော်တဲ့ ပန်ချီပုံတွေကိုလည်းရေးဆွဲထားတာ။သမိုင်းမှတ်တမ်းအနေ
နဲ့ Leonardo da Vinci ရေးခဲ့တဲ့ စာမူ (၅၀) ဟာအခုအထိလက်ရာမပျက်ရှိ
သေးတယ်။ အဲဒီထဲကစာမူတစ်ခုမှာဆိုရင် သူဆွဲထားတဲ့ပန်ချီပုံပေါင်း . .
(၁၇၀၀)ရှိတယ်။ အဲဒီလောက်ကိုပန်ချီဆွဲ၊ စာရေးခဲ့တဲ့ Leonardo da Vinci
ဟာ Last Supper ပန်ချီပုံဟာ သေဆုံးသည့်အထိ အချောမသတ်နိုင်ခဲ့ပါ
ဘူး။ အဲဒီပုံကိုသူ(၁၄၉၅)မှစဆွဲတယ် (၁၄၉၈)အထိကြာတယ် ။လက်စမ-
သတ်နိုင်ခဲ့တဲ့ Last Supper ပုံကို အဟောင်းလေးအတိုင်းပဲထားတယ်နော်
ဒ့ါကြောင့်  .. . အဟောင်းတွေကို အသစ်ပြန်လုပ်တယ်ဆိုတာ  . . . 
̏ သောက်ရူးတွေလုပ်ကြတာ။  စာမတက်တဲ့ကောင်တွေလုပ်ကြတာ။
သမိုင်းကိုဖျက်ဆီးချင်တဲ့ကောင်တွေလုပ်ကြတာ။ အနာဂတ်ကိုတာဝန်မယူရဲတဲ့ကောင်တွေလုပ်ကြတာ။
သမိုင်းကိုသစ္စာဖေါက်သူတွေလုပ်ကြတာ။လူမပီသတဲ့ကောင်တွေလုပ်ကြတာ˝ 
လို့ ငါပြောလိုက်တယ်။ 
အခုလည်း . . .
လယ်တီသိမ်ကို သူတို့လောကဇောတိုက်တာ မလွတ်လို့ဆိုပြီး ဖျက်ဆီးပစ်
တယ်။  ̏အခြားနေရာမှာပြောင်းပြီးသူထက်ကောင်းအောင်ရွှေ့ဆောက်ပေး
မှာပါ˝လို့သူတို့သောက်ပါးစပ်ကပြောတယ်။ ဒီလိုပြန်ဆောက်ပေးတာနဲ့ပဲ
မှန်ကန်သောလုပ်ရပ်ဖြစ်တယ်မဖြစ်ဘူးဆိုတာကို  စာဖတ်သူတွေ သုံးသပ်
နိုင်ဖို့ Last Supper ကိုဥပမာပေးပြောနေတာနော်။ အဲဒီLast Supper ပန်ချီ
ဟာ မပြီးသေးဘူးရေးလက်စကြီး။ နောက်ဆေးတွေကလည်းမှိန်နေပြီဖြစ်
သလို အခုခေတ်ဆေးတွေနောက်နည်းပညာမမီဘူး။ဒီတော့နောက်ပေါက်
ကမ္ဘာကျော်ပန်ချီဆရာကြီးတွေလည်းတစ်ပုံကြီးရှိတယ်။ ခေတ်မီတဲ့ဆီဆေး
တွေကလည်းတစ်ပုံကြီးရှိပေမယ့် ဘာလို့ပြန်ပြင်မဆွဲတာလဲ? ဆိုရင်၊သမိုင်း
လေးကို သိမ်းထားချင်လို့ပဲမဟုတ်လား။ သမိုင်းတွေကိုမဖျောက်ဖျက်ချင်
လို့ပဲမဟုတ်လား ။ နောက်လူတွေအတွက် နောက်ပေါက်ပန်ချီဆရာတွေ
အတွက်နည်းယူနိုင်ရန်တုပနိုင်ရန်ချန်လှပ်ထားတာပဲမဟုတ်လား။အဲဒီပန်းချီ
အဟောင်းလေးဟာ ဟောင်းနေလို့ကိုတန်ဘိုးကပိုပိုရှိနေတယ်။ အဲဒီပုံကို
ရေးဆွဲခဲ့တဲ့ပန်းချီဆရာကြီးရဲ့ဂုဏ်တွေကလည်းဟောင်းနေလေ ပိုတက်နေ
လေပဲမဟုတ်လား။ 
ဒါ့ကြောင့် ရှေးဟောင်းသမိုင်းဝင်တွေကို ဖျက်အသစ်လုပ်ကြတဲ့ကောင်တွေ
နေရာမလွတ်လို့ စေတီတွေသိမ်တွေဖျက်ကြတဲ့ကောင်တွေဟာ သမိုင်းအ
တွက် သူယုတ်မာအဖြစ် မှတ်တမ်းဝင်သွားကြမယ်ဆိုတာကို အနာဂါတ်
လူငယ်များက လက်ခံနေကြပါလိမ့်မယ်။ 
ကဲ  ..  စစ်ခွေးတွေ . .  ကြံ့ဖွတ်သူခိုးတွေ . ..
သခင်အယောင်ဆောင်တွေ  .. . 
အခုလို Refences အကိုးအကားနဲ့ပြောလိုက်တော့ အပေါက်တွေပိတ်လို့
Comment ရေးကြမယ်မထင်တော့ဘူး။ အဲဒီကောင်တွေ့လစ်ပြီ  .. .
ကိုးကား
National Geogaapic
Septmber -1977
█ ░ အလင်းရှင် ░ █
တဲ့ကောင်တွေလုပ်ကြတာ။

သန္တိသုခကျောင်းသံဃာများအဖမ်းခံရ

https://www.facebook.com/photo.php?fbid=521573901302808&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
မနက်(၂)ရီကတည်းက သန္တိသုခသတင်းကို ကမ္ဘာအေးကနေဆရာတော်
ဖုန်းလှမ်းဆက်ပြောလို့ သိရတယ်။ ဒါပေ့အခုအထိ ညကတင်ထားတဲ့လင့်ကို
ပြန်ချိတ်ပေးဖို့၇န် လိုင်းမတက်ဘူး။ အခုမှရတယ်။
ကမ္ဘာအေးမှာ ဖမ်းထားတယ်။ အင်းစိန်ထေင်ကိုမပို့သေးဘူး
ပီနန်ဆရာတော်ကြီးကတော့ ဂျပန်ကိုရောက်နေတယ်။
နိုင်ငံတော်သံဃမဟာနာယက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာ ၂၀/၉၀
ဆိုတဲ့ ဥပဒေအရ ဖမ်းလိုက်တယ်လို့သိရတယ်။
အလင်းရှင်

အထူးသတင်း (သန္တိသုခကျောင်း)

အထူးသတင်း
(၁၀-၆-၂၀၁၄) ၁၀း၂၄
အခုပဲစက္ကန့်အတွင်း ရန်ကုန် သန္တိသုခကို ၀ိုင်းဖို့၇န် စီစဉ်နေတယ်လို့
ငါ့ရဲ့ဆရာတော်ကြီးထံက သတင်းကြားတယ်။ ဆရာတော်ကိုတော့
မမေးကြနဲ့ (မဟန)ထဲကပဲ။
ဒါ့ကြောင့် သန္တိသုခရဲ့အနာဂါတ်ဘာဖြစ်မယ်ဆိုတာ သတင်းစွင့်ကြည့်
ကြပါ။ သတင်းထူးရင်သိရင် တင်ပေးကြပါ။
အလင်းရှင်
— 

Guys who sing karaoke in funeral

Photo: Guys who sing karaoke in funeral 
☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
ငါ နိုင်ငံတစ်ကာရဲ့ သတင်းစာမျက်နှာတွေကိုကြည့်မိရင်း သတိထားမိတာ
လေးတွေတွေ့ရတယ်၊အစိုးရတွေက ပြည်သူကိုဘယ်လိုအကာအကွယ်ပေး
ရမလဲလို့စဉ်းစားလုပ်ဆောင်တာကိုတွေ့ရတယ်။
ထမင်းငတ်နေတဲ့ပြည်သူကို ထမင်းမငတ်အောင်ဖန်တီးမှုတွေရှိသလိုနေစ
ရာမဲ့နေပြန်တော့လည်း နေစရာတွေကိုဖန်တီးပေးပြန်တယ်။
သို့သော်လည်း တရုတ်အစိုးရ၊မြောက်ကိုရီးရားအစိုးရနဲ့ တို့နိုင်ငံကစစ်ခွေး
တွေကတော့Opposite  ဖြစ်နေတယ်။
ပြည်သူကိုဘယ်လိုဒုက္ခရောက်အောင်ဖန်တီးရမလည်းဆိုသလိုဖြစ်နေတယ်
နားလည်လို့မရတော့တဲ့ ဒီလိုစစ်ခွေးတွေရဲ့လုပ်ရပ်ကိုဘယ်လိုဘာသာ စ-
ကားနဲ့ဘယ်လိုဘာသာပြန်ရမှာလဲ။ ပိုပြီးနားလည်ရခက်တာက တကယ့်အ
တိဒုက္ခရောက်နေတဲ့ ဆင်းရဲသားပြည်သူလူထုဘက်ကနေရပ်တည်ပြီးရေး
တဲ့အမှန်တရားပိုစ့်တွေရဲ့အောက်မှာ စစ်ခွေးအလိုကျခရိုနီအလိုကျ အာ-
ဏာရှင်တည်မြဲရေး comment တွေရေးနေကြတာကိုလည်းတွေ့ရတယ်။
ဒါကိုသုံးသပ်ရင် အွန်လိုင်းစာမျက်နှာပေါ်မှာ စစ်ခွေးတွေရှိတယ်။ ခရိုနီတွေ
ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်ကိုအတည်ပြုရမယ်။ Sea Games တုန်းက
ဆိုရင် ပိုဆိုးတာပေါ့။ သခင်နာမည်တပ်ကာ လော်ဘီလုပ်နေတဲ့ကောင်တွေ
ပျှော်နေကြတဲ့ ပိုစ့်တွေတွေ့ရတယ်။ အဲဒီမှာတင် ငါသဘောပေါက်သွား
တယ်။ သခင်နာမည်နဲ့ကောင်တွေကလည်း စစ်ခွေးအလိုတော်ရိတစ်ဖြစ်လဲ
ကောင်တွေပဲဆိုတာကို ̏ Guys who sing karaoke in funeral.˝ အဖြစ်ငါ
နားလည်လိုက်တယ်။ဒီကောင်တွေ ̏မသာအိမ်မှာ ကာရာအိုကေ၀ိုင်းဆိုနေ
ကြတာ˝ ̏ မသာအိမ်မှာကာရာအိုကေဆိုနေကြတဲ့ကောင်တွေ˝ ပဲ။တစ်နိုင်
ငံလုံးကို ခြုံကြည့်ရင် စစ်ဘေးဒါဏ်သင့်နေတဲ့ပြည်သူ။ ထမင်းငတ်နေတဲ့
ပြည်သူ ။ အိမ်မြေတွေအသိမ်းခံနေရတဲ့ပြည်သူ ။ လယ်ယာမြေတွေအ
သိမ်းခံရလို လယ်ယာမဲ့ပြည်သူ။ပြည်သူပြည်သားတွေကိုးကွယ်နေတဲ့ သံဃာတော်တွေကိုအပြစ်မဲ့သတ်ဖြတ်နေတယ်လေ ။ အခုတို့နိုင်ငံကြီးဟာ
ငိုသံ အော်သံ အတိဒုက္ခသံတွေနဲ့ ဆူညံနေတဲ့မသာအိမ်ကြီး။ အဲဒီမသာ
အိမ်ကြီးမှာ Sea Games ဆိုပြီးပျှော်နေကြတာဟာ တကယ်တွေးကြည့်ရင်
အတော်ကို ရင်နာဖွယ်ရာကောင်းတယ်။ တို့နိုင်ငံထက်ချမ်းသာတဲ့ ဗီယက်
နမ်မှာ တို့နိုင်ငံထက် ကြွယ်ဝတဲ့ဗီယက်နမ်မှာတောင် Sea Games လုပ်ရင်
ပြည်သူ့ဘဏ္ဍာတွေထိခိုက်လို့ မလုပ်ခဲ့ဘူးလေ။ 
ဒါတင်ဘယ်ကဦးမှာလည်း သံဃာတော်တွေကိုမီးလောင်ဗုံးနဲ့ပစ်သတ်တာ
တွေထက် ဆိုးဝါးတဲ့ အနိဋ္ဌာရုံရှိဦးမှာလား? သံဃာဆိုတာ ရတနာသုံးပါး
မှာဂိုဏ်းဝင်။ အဲဒီ ပူဇော်ရာအထွဋ်အမြတ်ပြုရာကို မီးလောင်ဗုံးနဲ့ပစ်သတ်
နေတဲ့ မသာအိမ်ကြီးမှာ Sae Games ဆိုတဲ့ ကာရာအိုကေပျှော်ပွဲကြီးလုပ်
တာကို အားပေးကြတဲ့ မျိုးချစ်တွေ သခင်တွေဟာ ဘာကောင်တွေဖြစ်နေ
သလဲဆိုတာ ဒီဆောင်းပါးမှာသက်သေခံနေတယ်နော်။ 
သံဃာတွေကိုသတ်တဲ့အပြင် သမိုင်းအတွက်သက်သေအဖြစ်ချန်လှပ်
ထားရှိခဲ့ရမယ့် ရှေးဟောင်းစေတီပုထိုးတွေကို ဖျက်ဆီးပစ်လိုက်တယ်။အ
သစ်ပြန်ဆောက်ပေးတယ်ဆိုတာဟာ သမိုင်းအတွက်အသုံးမ၀င်တော့ဘူး။
အဲလိုသာ အဟောင်းတွေဖျက်အသစ်ပြန်ဆောက်စတန်းဆိုရင် ပုဂံဘုရား
တွေဖျက်ပစ်လိုက်ကြပါတော့လား? ။ ဘာလို့မဖျက်တာလဲ ၊ သမိုင်းအတွက်
ချန်ထားတာ။ အဲလိုချန်လှပ်ထားခဲ့လို့ အနောရထာမင်းလက်ထက်မှာဗုဒ္ဓ
ဘာသာကြီးထွန်းကားခဲ့တယ်လို့ မင်းတို့ငါတို့သိနိုင်ခဲ့တာပေါ့။ ပုဂံသာသက်
သေမရှိခဲ့ရင် မင်းတုန်းမင်းလက်ထက်ကျမှဗုဒ္ဓဘာသာကြီးထွန်းကားလာပြီး
ဆဋ္ဌမသင်္ဂါယနာတင်သလိုဆိုတဲ့ အဓိပ္ပါယ်ယူဆချက်တွေပေါ်ပေါက်လာနိုင်
တယ်မဟုတ်လား။ ဒါ့ကြောင့် ရှေးဟောင်းတွေကို ဖျက်ချင်တိုင်းမဖျက်သင့်
ဘူး။ ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ယောက်က အခုလိုပြောဖူးတယ် ̏တိုက်အို
တိုက်ဟောင်းကြီးတွေဆိုပြီးမလေးမစားဖျက်ခဲ့လို့ ငါတို့နိုင်ငံမှာသမိုင်းတွေ
ပျောက်ကုန်တယ်˝ တဲ့။ ခင်ညွှန်ဆိုတဲ့ကောင်လည်းတန်ခိုးထွားစဉ်က ရွှေ
တိဂုံစေတီတော်ကြီးရဲ့ ရှေးဟောင်းအမွေတွေကို ဖျက်ဆီးပစ်ခဲ့တာပဲလေ 
အဟောင်းဆိုတဲ့နေရာမှာ အဟောင်းတိုင်းဖျက်လို့မရဘူး။ အချို့သောရုပ်
ဝတ္ထုပစ္စည်းတွေဟာ ဟောင်းနေပေမယ့် အဟောင်းအတိုင်းလေးကို နဂိုလ်
မူလမပျက်ထားရှိရတာပဲမဟုတ်လား။ 
ဆက်၇န်  .. .

်ပါးရိုက်ဋီကာကျော်အဖွဲ့

Photo:်ပါးရိုက်ဋီကာကျော်အဖွဲ့
☤✩☤✩☤✩☤✩☤✩☤✩☤✩☤
ပါးရိုက်တဲ့ခတ်က ၈ျပန်ကစတယ်ဆိုပေမယ့်
ဂျပန်အလွန်မှာ 
ထက်ထက်မိုးဦးကပြန်ပြီးတီထွင်လိုက်တာပါ။
အဲဒီနောက် 
ဖိုးလပြည့်က မော်တော်ပီကယ်ကို ပါးရိုက်ပြလိုက်တာမှာ
အုန်းမြင့်ကလည်းအားကျမခံ နယ်လှည့်ပြီးပါးရိုက်ပြတာပါ။
ဒါကိုပဲဘောလုံးအသင်းပိုင်ရှင်က ဘောလုံးမကန်တက်တာနဲ့
ပါးရိုက်ပြလိုက်တာပါ။ 
အဲဒီကနေ့ ဒီကနေ့အထိ စဉ်ဆက်မပျက်ဆိုသလို
ပါးရိုက်ခြင်းဋီကာကျော်အဖွဲ့တွေ နာမည်ရလာတော့တာပါပဲရ။

တုံးအောက်က ဖားတစ်ကောင်ရဲ့အော်သံ

Photo: တုံးအောက်က ဖားတစ်ကောင်ရဲ့အော်သံ
☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
ခေတ်သစ်လယ်သမားတွေရဲ့အကြောင်းများရေးရမယ်ဆိုရင်
ဒီလိုသာမှတ်ထား  ..  ငါလက်တွေ့ ထားခဲ့မယ်။
ရာသီမမှန်လို့ . လယ်မကောင်း။ 
လယ်ကောင်းမယ်ကြံတော့   ..  ပိုကောင်ကျ။
ပိုးမကျပြန်တော့ ၊ ရောင်းဈေးမပွင့်။ 
အဲလိုအဖြစ်နဲ့ နေခဲ့ရတဲ့ စစ်အာဏာရှင်အောက်ကလယ်သမား
ဘယ်လိုလုပ် ကြီးပွားမှာတုန်း။
ဟင်  .. 
̏ ကောင်းသောယာလုပ်ခြင်း ၊ ကောင်းသောကုန်သွယ်ခြင်း ˝
ဘုရားပြောခဲ့တဲ့စကား ဒင်းတို့ခေတ်ကြမှ ̏ ပါစင်အောင်လွဲ˝ ခဲ့တယ်။
ဒါတင်ဘယ်ကဦးမှာလည်း  . .. 
ကောင်းတဲ့လယ်မြေယာမြေကို  . 
စစ်ခွေးတွေကသိမ်းတယ်ခရိုနီနဲ့ချိန်းတယ်။
တွေ့လား  ..  မင်းတို့နားမျက်စေ့တွေမြင်လား
နိုင်ငံနဲ့အ၀ှမ်း  . .
လယ်ယာမြေပြန်လုပွဲတွေမှာ သွေးတွေပေးဆပ်လိုက်ရတာက
တို့တောင်သူဦးကြီးတွေပဲမဟုတ်လား။
တောက်  . .
အသဲနာနာနဲ့ ငါကဗျာရေးတာ ။ 
အကယ်၍ နျူကလီယားရမယ်ဆိုရင် . .
ငါကဗျာမရေးဘူး။
နေပြည်တော်ကို သုံးလုံးလောက်သွားကြဲပစ်မယ်။
သေကြစမ်း  ..  စစ်ခွေးတွေ  .. 
သေကြစမ်း  ..  ခရိုနီတွေ  .. 
သေကြစမ်း  .. ခြံစောင့်လော်ဘီတွေ
ငါ့ဘိုးငါ့ဘွားအတွက် ငါအဲလိုသွေးကြွေးဆပ်ချင်တယ်။

အဘိဓာန်ထဲက သစ္စာရှင်

သစ္စ(၀ါ)သစ္စာဆိုတဲ့စကားကိုတို့မြန်မာတွေတွင်တွင်ကျယ်ကျယ်သုံး
ကြတယ်။အရပ်စကားအဖြစ်လည်းသုံးသလို၊ ဈေးရောင်းဈေးဝယ်မှာ
လည်းသုံးကြတယ်။ကုန်ကုန်ပြောရရင် ပန်းခြံထဲကစုံတွဲလေးတွေလည်း
သုံးကြတာပဲမဟုတ်လား။
အခုဒီဆောင်းပါးလေးဖတ်နေသူကော ဒီလိုမျိုးသုံးဖူးလား။ ဟီ . . ဟိ ၊
̏လူကြီးရှက်တော့ရယ်တယ် ၊ ခလေးရှက်တော့ ငိုတယ်˝ ဆိုတဲ့စကားပုံ
လိုဖြစ်နေပြီ ဒီဆောင်းပါးရေးသူကိုယ်တိုင် တစ်ချိန်သောကာလဆီက
ထိုသစ္စာစကားကိုသုံးစွဲခဲ့ဖူးပါတယ်။
ကဲ . ဒီလောက်လူသုံးများတဲ့သစ္စာကို အဘိဓာန်တွေထဲလှန်ကြည့်
တော့ ̏သစ္စာ˝အဖြစ်တိုက်ရိုက်ဖွင့်ထားတာမတွေ့ရဘူး ̏ ဒုက္ခရဲ့နောက်
ဆက်ပုဒ်အဖြစ်သာ ˝ ̏ ဒုက္ခသစ္စာ˝ (nt.) the truth of misery. အဖြစ်
တွေ့ရသည်။ အခြားအဘိဓာန်များကိုကြည့်ပြန်တော့လည်း
̏သစ္စာယတိ˝ ̏ သစ္စာအဘိသမယန˝ ̏ သစ္စာသန္နေ˝ ̏သစ္စာယတိ ˝
̏သစ္စာနုပ္ပတ္တိ ˝ ̏ သစ္စာနုရက္ခမာန˝ ̏သစ္စာနုရက္ခီ ˝ ̏ သစ္စာနုရူပ ˝
̏ သစ္စာနုဗောဓ ˝ ̏သစ္စာပေသိ ˝ ̏ သစ္စာပန ˝ ̏သစ္စာပိတ ˝ ̏သစ္စာပေတိ˝
စသည်ဖြင့် စသည်ဖြင့်သာတွေ့ရပါသည်။ ဗုဒ္ဓအလောင်းတော်တို့ဖြည့်
ကျင့်ရသော . . . .
̏ ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ၀ီရိယေန ပဉ္စမံ။
ခန္တိသစ္စမဓိဋ္ဌာနံ ၊ မေတ္တုပေက္ခာတိ တေ ဒသ။ ။
ပါရမီ-၁၀-ပါးတွင်မူ ၆-ပါးမြောက်၌ ̏ သစ္စာပါရမီ˝ကိုတိုက်ရိုက်ဖွင့်ဆို
ထားသည်ကိုတွေ့ရသည်။ ထိုထက်အကျယ်ကိုမူစာ စာရေးသူမသိတော့
ပါ။ ပိဋကတ်ပါရဂူများတော့သိပါလိမ့်မည်.။
ယင်းသစ္စာကို ̏ မဟာဗုဒ္ဓ၀င်ကျမ်း˝ တွင် အကျယ်ဖေါ်ပြထားတာကိုဖတ်
ဖူးသည်။ မိမိကိုယ်တိုင်းလည်း စာစရေးစဉ်က ထိုသစ္စာအကြောင်းကို
စာအုပ်ငယ်လေးပြုလုပ်ရေးရေးဖူးသည်။
ထို့ကြောင့်ယနေ့ခေတ်သုံးစာကားဖြစ်သော ̏သစ္စာ˝သည်သာမညစကား
မဟုတ်ပါ။ ဂင်္ဂါသဲစု ပွင့်တော်မူခဲ့ကြသော ဗုဒ္ဓအဆူဆူတို့၏ လုပ်ရိုးကျင့်
ထုံးပါရမီတစ်ဆူပင်ဖြစ်သည်။ ထိုသစ္စာပါရမီအစရှိသော ပါရမီဆယ်ပါးကို
ဗုဒ္ဓအလောင်းတော် ရှင်ရသေ့သည် ဖြည့်ကျင့်ရန် သုံးသပ်ဆင်ခြင်တော်မူ
သောနေ့၌ မဟာပထ၀ီမြေကြီးသည် ကောင်းချီးပြုလှုပ်ခပ်တော်မူခဲ့ဖူးပါ
သေးသည်။ ထိုမျှမကသေး . . .
̏ အို ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသောအရှင်သုမေဓာ . ..
ဤလောက၌ ပန်းပွင့်ချိန် ရာသီတိုင်မြောက်ရောက်လတ်သည်ရှိသော်
ပွင့်လေ့ပွင့်ထရှိသော ပန်းပင်တို့ ပွင့်ကြသကဲ့သို့၊ ဤနည်းအတူ အရှင်
မြတ်သည်လည်း ခပ်သိမ်းသောဘုရားရှင်တို့၏ အသီးဥစ္စာဖြစ်သော
စတုဝေသာရဇ္ဇဉာဏ် ဆအသာဓာရဏဉာဏ် ဒသဗလစသောဉာဏ်
ကျေးဇူးဖြင့် ပွင့်တော်မူပါစေသတည်း . .။
̏ အရှင်ရသေ့သည် မြတ်သောဘုရားဆုကိုတောင်းတော်မူပေ၏ ၊ အလို
တော်ရှိတိုင်း ထိုတောင့်တအပ်သာ ဘုရားဆုကို ရတော်မူပါစေ˝
(ရမ္မာဝတီပြသည်သူပြည်သား)
များကပန်းမန်တို့ဖြင့် ပူဇော်ကာ အလောင်းတော်ရှင်ရသေ့အားတောင်း
ဆုချွေတော်မူခဲ့ကြပါသေးသည်။
ထို့ကြောင့်အရပ်သုံးသစ္စာစကားစကားဟုပြောနေကြသော ယင်းပါဠိ
သည် ရှေးသောသူတော်ကောင်းကြီးများရဲ့လက်နှက်တန်ဆာပလာ
ကရိယာပင်ဖြစ်သလို ယခုခေတ် နိုင်ငံရေးစီးပွားရေးလူ့မှုရေးနယ်ပယ်
တို့တွင်လည်း ̏ သစ္စာထိုက်သူ˝၏ ခရီးဆုံးသည် လူတို့၏ကောင်းသတင်း
သုမင်္ဂလာဖြင့်သာကျော်ကြားထင်ရှား၏ ။ ̏ သစ္စာမထိုက်သူ˝ ၏ ခရီးဆုံး
သည် လူတို့၏ နှုတ်ဖြားတွင် ̏ ဒုမင်္ဂလာ˝မကောင်းသောကျော်စောခြင်း
ဖြင့်ကျော်ကြားသည်ကို သင်တို့ မျက်ဝါးထင်ထင်တွေ့မြင်နေကြသည်
ကိုအထူးဖွင့်ပြရမလိုတော့ .. သာဓကဆောင်ရခြေမူ ..
ဦးနေ၀င်း ခေါ်တစ်ပါတီအာဏာရှင်ရူးကြီး ။ ယင်းမှမွေးဖွားတည်ထောင်
ပေးခဲ့သော ဦးသန်းရွှေ စစ်ဝတ်စစ်စားဖြင့် အာဏာရူးသွပ်ခဲ့သူကြီး။ ယင်း
မှမွေးဖွားတည်ထောင်ပေးခဲ့သော သမ္မတတစ်ဖြစ်လဲ စစ်ရေခွဲဝတ်သိန်း
စိန် ။ ထိုအနှီကောင်တို့ရဲ့ ခရီးသည် ကြမ်းလည်းကြမ်း၏ ရမ်းလည်းရမ်း
၏ ပြည်သူတို့သွေးချောင်းစီးခဲ့ကြသလို အရိုးတောင်လိုပုံခဲ့ကြခဲ့ရသည့်
အပြင် သံဃာတော်များ ပေတရာလမ်းမထက်နေ့ခင်းကြောင်တောင်သေ
နပ်နဲ့အပစ်သတ်ခံခဲ့ရသည်။ ကဲ .. အခုတိုင်အောင် ယင်းတို့ရဲ့အကုသ-
လလုပ်ရပ်တို့ကြောင့် ဒုမင်္ဂလာစကားများဖြင့် ကမ္ဘာကျော်ခဲ့သည်ကို
ဘယ်ကောင်က မဟုတ်ပါဘူးဟု ငြင်းရဲ ၊ ငြင်းနိုင် ၊ ငြင်းဝံ့ ပါသနည်း။
ထိုစစ်အာဏာရှင်လူ့မိစ္ဆာ လူ့ဘီလူးကြီးတွေရဲ့ oppsit ကတော့
ဗိုလ်ချုပ်အောင်ဆန်း နှင့်ယင်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်တို့ပါပဲ။
သူတို့နှစ်ဦးလည်း ကမ္ဘာကျော်ခဲ့တာပဲ သို့သော်သူတို့ကျော်ကြားပုံကလူ
တို့ပါးစပ်ဖြား၌ ̏ သုမင်္ဂလာစကားများ˝ ဖြင့်ကျော်ကြားခဲ့သည်။ ပါရမီခန်း
ကိုအရကောက်၍ ပြောရလျှင်မူ ̏ သစ္စာပါရမီ˝ ဖြင့်ကျော်ကြားခဲ့သောသူ
အဖြစ်မှတ်ယူနိုင်သည်။ သက်ရှိထင်ရှားရှိနေသေးသော ဒေါ်အောင်ဆန်း
စုကြည်ကိုမူ ချွင်းချက်အဖြစ်ချန်လှပ်ရပေဦးမည်။ ယင်းဒေါ်အောင်ဆန်းစု
ကြည်သည်လည်း အဘယ်မျှ မြန်မာနိုင်ငံနှင့်ပြည်သူလူထုအပေါ် ̏ သစ္စာ
ထိုက်မည် မထိုက်မည်ကို ˝ နိုင်ငံရေးလုပ်ငန်းစဉ်မပြီးဆုံးသေးသဖြင့်
ဒိဋ္ဌဓမ္မပြောရန် စာရေးသူမစွမ်းနိုင်သေးခြေ။
သို့သော်လည်း ̏ခြေရာကိုကြည့်၍ ဆင်၏အရွယ်ပဏကိုသိနိုင်သကဲ့သို့
̏ ကြာကိုကြည့်၍လည်း ရေကန်၏အတိမ်အနက်ကိုသိနိုင်သည်˝ ၏အ
ဖြစ်ကြောင့် . . . . .။
ထို့ကြောင့် သစ္စာစကားရပ်သည် လောကီခရီးတွင်လည်း အထူးလျှင်မြန်
ထိရောက်သော လက်နက်ဖြစ်သကဲ့သို့ လောကုတ္တရာခရီးတွင်လည်း
နိဗ္ဗာန်ထုတ်ချောက်ရောက်စေနိုင်ပါသည်။
သစ္စာမဲ့သော နိုင်ငံရေးသမားများကို ယင်းနိုင်ငံကမ္ဘာကြီးကကြာမြင့်စွာ
လက်မခံခြေ ။ လွန်ခဲ့သော နှစ်လခန့်က ကွယ်လွန်သွားရှာသော နိုင်ငံ
ရေးဗိသုကာကြီး၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်ကဲ့သို့သော
နိုင်ငံရေးသမားကြီးသည်ကား သစ္စာထိုက်ခဲ့သောကြောင့် ပြည်သူနှင့်နိုင်
ငံအပေါ်တွင် သစ္စာတည်ကြည်ခဲ့သောကြောင့် ထိုသူတော်ကောင်းကြီး၏
ခရီးဆုံးသည် အကြမ်းအတမ်းတွေကြားထဲက ပန်းပတန်းတွေပွင့်ဝေနေ
သကဲ့သို့ရှိပေသည်။ ထိုသူကြီးကွယ်လွန်စဉ်က ပြည်သူအချို့တို့ငိုကျွေး
မြည်တမ်းခဲ့ကြသည်။ တောက်တစ်ခေါက်ခေါက်ဖြင့် ရင်ထုမနာဖြစ်ကြ
သည်။ ထိုအဘကြီးသေမည့်အစား စစ်ခွေးဆိုးကြီးသန်းရွှေတို့အပေါင်း
အပါကိုသေစေချင်ခဲ့ကြသည်မဟုတ်ပါလား။
ဤမျှလောက်အရေးပါအရာရောက်သော ̏ သစ္စာ˝ သည် ပုထုဇဉ်ဓလေ့
ချစ်ခရီးတွင်မူလည်း အရေးပါအရာရောက်ပြန်သည်။ မိမိချစ်သူအပေါ်
၌သစ္စာတည်သော ချစ်သူအတွက် ချစ်ခရီးတွင်ငြိမ်းအေးမှုရနိုင်သကဲ့
သို့ အခြားဘာညာသာဓကာဆိုသော ရောဂါများလည်းမကပ်ရောက်နိုင်
ပြန်ပေ။ တစ်ပင်မှတစ်ပင်ကူးတက်သောအချစ်ငှက်သည် လေးထိ၍အ
သေမြန်သည်။ ထိုအချစ်ငှက်ပစ်ထားရက်၍ အလွမ်းဒါဏ်သင့်သောသူ
သည် အချိန်ကာလအပေါ်မူတည်၍ ထိုအလွမ်းရောဂါသည်ပျောက်ငြိမ်း
တက်သည်။ သစ္စာတည်ကြည်မှုမရှိသော အချစ်သည်သာ ယင်းဖေါက်
ပြန်ခဲ့သော သစ္စာ၏ကျေးကျွန်အဖြစ်ခံစားရတက်သည်။
ထို့ကြောင့် . ..
နိုင်ငံရေးတွင်လည်းကောင်း .. အချစ်ရေးတွင်လည်းကောင်း .. လူမှု
ရေးတွင်လည်းကောင်း . . .စီးပွားရေးတွင်လည်းကောင်း သစ္စာထိုက်သူ
သည်သာ သုမင်္ဂလာတရားကောင်းတို့ဖြင့်ကျော်ကြားသဖြင့် အဘိဓာန်
ထဲက ̏ သစ္စာ˝ဆိုသောစကားရပ်ကို ̏နှလုံးသားထဲကသစ္စာရှင်˝ အဖြစ်
တည်နိုင်အောင် ယနေ့ခေတ်လူငယ်များကိုလည်း တိုက်တွန်းသကဲ့သို့
နိုင်ငံရေးသမားများကိုလည်း တိုက်တွန်းပါသည်။
တစ်ဆက်တည်းပြောလိုသည်ကား . ..
အလင်းရှင်ကို နိုင်ငံရေးဘုန်းကြီးစသည်ဖြင့် လိုရာဆွဲ၍ သမုတ်ကြသော
သူများအတွက်ပါ။ အလင်းရှင်သည် ဘာသာရေးသမားသာဖြစ်သကဲ့သို့
ယင်းဘာသာရဲ့နူးညံ့သောအနှစ်သာရကိုဝေငှသူပါ။ ကျွဲကူးရေပါဆိုသကဲ့
သို့ ယင်းဘာသာရေးသစ္စာပါရမီကိုမိတ္တူကူးရင်းက သစ္စာတရားအား
ဖေါက်ဖျက်ကြသော လူတစ်စုအတွက် အလင်းရှင်သည်အမုန်းသင့်စရာ
အကြောင်းဖြစ်လာသည်။ သစ္စာကိုချစ်သောအလင်းရှင်အား သစ္စာကိုမုန်း
သောသူများမှ ယိုးမယ်ဖွဲ့လာတက်ကြသည်။
Photo: အဘိဓာန်ထဲက သစ္စာရှင်
☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥ 

ထိုအခါ သမ္ဖပလာပ၀ါစာစကားများပါလာတက်သည်။ သြော်  .. ကိုယ်
တိုင်ကလည်းပုထုဇဉ်ကိုး ။ ဒီတော့က ̏ သစ္စာမဲ့သူများအတွက်တော့ ˝ 
အလင်းရှင်ဟာ လူးဆိုးပေါ့။ ̏ သစ္စာတည်သူများအတွက်တော့˝ အလင်း
ရှင်ဟာ လူကောင်းပေါ့။ မည်သို့ပင်ဆိုစေကာမူ အလင်းရှင်ဆိုသောက
လောင်အမည်ကိုသုံးသောမိမိသည် အနတ္တ၀ါဒသမားသာဖြစ်ကြောင်း
သစ္စာမဲ့သူ  .. . သစ္စာမထိုက်သူ  .. သစ္စာနှင့်မတန်သူ  .. .စစ်ခွေးများ
ခရိုနီများ . . ယင်းတို့ရဲ့အခိုင်းအစေ လောဘီများအား အသိပေးလိုက်
ပါတော့သည်။ 
ကိုးကား
(၁)တိပိဋကပါဠိမြန်မာအဘိဓာန်
(၂)ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန်
(၃)မဟာဗုဒ္ဓ၀င်ကျမ်း ၊ ပဌမတွဲ၊ 
(၄)ပေါရာဏဒီပနီကျမ်း

ဗုဓ်အဆုံးမှာ ပြုတ်ပြုတ်ပြုန်းတော့တာပါပဲ

ဘယ်အရေးမဆို ဆရာကောင်းသမားကောင်းက အဓိကပဲကွ။ သူနာဟာ
လည်း သမားကောင်းတွေ့ရင်အထိုက်အလျှောက်အနာရောဂါသက်သာ
ရာရတာပဲ။ သေချိန်တန်လို့သေတာကတော့တစ်ပိုင်းပေါ့။လူသားကြီးပွား
တိုးတက်ရေးမှာလည်း ဒီတိုင်းပါပဲကွာ။ ဘာသာရေးကိုရောပြန်ကြည့်ဦး
မလား။ ဘယ်ဘာသာဖြစ်ဖြစ် အဲဒီဘာသာကို ကြီးပွားအောင်တိုးတက်
အောင် စောင့်ရှောက်မဲ့သူခေါင်းဆောင်တွေပေါ်လာရင် ထိုဘာသာဟာ
ကြီးပွားတာပဲ တိုးတက်တာပဲ။ အာရပ်ကမ္ဘာမှာ မွတ်ဆလင်ဘာသာကို
စောင့်ရှောက်ကြတဲ့ခေါင်းဆောင်တွေပေါ်ပေါက်နေတော့ မွတ်ဆလင်
ဘာသာဟာ ကြီးပွားတိုးတက်နေတယ်။ ကိုရ်အန်ကျမ်းစာထဲမှာပါတဲ့အ
တိုင်း ဥပဒေပြုပြီး မွတ်ဆလင်ဘာသာကိုကာကွယ်ကြတယ် ။ ကိုရ်အန်
ကျမ်းစာအဆုံးအမမှတည်ပြီးနေကြတယ်။
မြန်မာနိုင်ငံကိုကြည့်ရင်လည်း အနော်ရထာနဲ့ ရှင်အရဟံတို့ကစလိုက်
တာ မင်းတုန်းမင်းအထိကို ဗုဒ္ဓဘာသာသာသနာတော်ဟာ စည်ပင်ပျံ့
ပွားခဲ့တယ်။ ပြုလိုက်ကြတဲ့ ကျမ်းပြုအကျော်အမော်များဟာ ဒီကနေ့အ
ထိ တို့ဖတ်လို့မကုန်နိုင်သေးဘူး။အင်္ဂလိပ်လက်ထက်လောက်အထိကို
ပဲ ဗုဒ္ဓဘာသာကျမ်းပြုမထေရ်မြတ်များပေါ်ထွက်လာခဲ့တယ်မဟုတ်လား။
နောက်ဆုံး ̏ ဗုဓ်အစ ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး˝ ဆိုတဲ့တဘောင်ဟာ
အင်္ဂလိမ်ပြေးလို့ နေ၀င်းပေါ်ကာစအထိကို ခေတ်စားခဲ့တယ်လေ။
ရှင်မဟာဗုဒ္ဓဃောသ-ဗုဓ်အစ ။ နန်းမတော်မယ်နုခေတ် ဆရာတော်ဦးဗုဓ်
က ဗုဓ်အလယ်။ တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ကြီးက ဗုဓ်အဆုံးဆိုပြီး ။ ထင်ရှားခဲ့တာပဲမဟုတ်လား။
အဲဒီကနောက်ပိုင်း တစ်ပါတီအာဏာရှင်စနစ်ကိုနေ၀င်းကျင့်သုံးလာလိုက်
တာ (မဟန)ကိုဖွဲ့စည်းတယ်။ အဲဒီအဖွဲ့သံဃာတော်များကို သူလိုသလို
ခိုင်းတယ်။ အသိန်းမကသောသံဃာထုဟာ တစ်ပါတီအာဏာရှင်စနစ်ကို
မဆန့်ကျင်နိုင်အောင် ̏ ညွှန်ကြားလွှာ˝ ဆိုတဲ့အမိန့်တွေထုတ်တယ်။ ဆန့်
ကျင်တဲ့ရဟန်းသံဃာကိုထောင်ချတယ်။ ဒီလိုနဲ့ ဗုဒ္ဓသာသနာတော်မြတ်
ဟာ နေလိုထွန်း ၊ လလိုလင်းရာကတဖြေးဖြေ မှေးမှိန်လာတာနောက်ဆုံး
သန်းရွှေခေတ်လည်းရောက်ရော သေနပ်နဲ့ပါပစ်သတ်တော့တာပဲမဟုတ်
လား။ ဒ့ါကြောင့် မျိုးချစ်လူငယ်တွေရော မျိုးမချစ်လူငယ်တွေရော ဒါတွေ
မှတ်ထားကြပါ။ ရှေ့နောက်မီစကားများဟာ ကြားနာရခဲ့ပါတယ်။ တို့လဲ
အခုလိုပြောနိုင်တယ်ဆိုတာ ̏ ဦးခေါင်းသုံးလုံး˝ ကြီများကိုမှီဝဲဆည်းကပ်
ခွင့်သာခဲ့လို့ပါ။
ဒါ့ကြောင့် ပြည်သူလူထုနဲ့ ထေရ်ရှင်မြတ်သံဃာတော်များဘက်က ဘယ်
လောက်ပဲ ဗုဒ္ဓဘာသာသာသနာတော်ကြီးကို တိုးတက်ပြန့်ပွားစေချင်
သော်လည်း အာဏာရှင်စနစ်သူယုတ်တို့ ကောင်းစားလာတဲ့အခါမျိုးမှာ
သာသနာတော်ဟာ မှေးမှိန်တော့တာပါပဲ။ ၂၀၀၇ - စက်တင်ဘာမှာဆို
ရင် ရဟန်းပျိုလေးများနဲ့ရှင်သာမဏေလေးများ လူဝတ်ကြောင်တွေဖြစ်
ကုန်ကြတယ်လေ။ စစ်ခွေးက ၀ါဝါမြင်ရင် သတ်တယ်ထောင်ချတယ်
လေ။ ရန်ကုန်မှာခေတ်စားတယ် ̏ လိမ္မော်သီးတွေလိမ့်လာပြီ˝ တဲ့။
ကိုင်း ။ မျိုးချစ်တို့ရေ .. ဘုရားသားတော်သံဃာတော်များကို အဲလို
စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ဖြိုခွင်းသတ်ဖြတ်နေမှတော့ မြန်မာပြည်မှာ
ဗုဒ္ဓဘာသာဘယ်လိုလုပ်ပြန့်ပွားနိုင်မှာတုန်း။
ဒီနှစ်မှာဂိုဏ်းပေါင်းစုံသံဃာ့ညီလာခံကျင်းပတယ်။ ကဲ အဲဒီညီလာခံက
ဝိနယဓမ္မကိုဘာများသုံးသပ်သွားတုန်း။ တကယ်လုပ်ရမှာက ရဟန်းသံ
ဃာတော်များကို ၀တ္ထုငွေလုံးဝမကိုင်ရဆိုတဲ့ ပညတ်ချက်မချမှတ်ခဲ့ဘူး။
အဲလို လိုအပ်သောဝိနယဓမ္မကိုမချမှတ်ဘဲ မလိုအပ်သော အမိန့်ညွှန်
ကြားလွှာတွေထုတ်ပြီး သံဃာကိုဖမ်းဆီးနေတယ်ဆိုတာ တို့မျက်မြင်
ပဲလေ။ အထက်ကပြောခဲ့တဲ့ တောင်မြို့ဆရာတော်ကြီးလက်ထက်က
တဘောင်ပေါ်ခဲ့သေးတယ် ̏ ပျိုတို့မောင်ဝါ၀ါ ၀တ်ကို ဒေါင်းခွပ်ချည်လေး˝
တဲ့။ ဒေါင်းတံဆိပ်ငွေင်္ဒါးပြားတွေမြန်မာပြည်မှာစသုံးတော့ အဲဒီတဘောင်
ပေါ်ခဲ့တယ်လို့ တောင်မြို့ဆရာတော်ကရေးခဲ့တယ်လေ။
ဒီတော့က ဒီနေ့ခေတ်လုပ်နေတဲ့သံဃ့ာညီလာခံများဟာ ဗုဒ္ဓရှင်တော်ရဲ့
ဝိနယဓမ္မရဲ့အဓိကကျတာတွေကို မသုတ်သင်မထုတ်ပြန်ဘဲ ရဟန်း
တော်များ နိုင်ငံရေးမလုပ်ရစတဲ့ အဓိပ္ပါယ်မရှိတာတွေကို ညွှန်ကြားလွှာ
တစ်ဆောင်နဲ့ထုတ်ပြန်နေတာတွေဟာ သာသနာတော်အတွက်မဟုတ်
ဘဲ ̏ ငါအာဏာတည်မြဲရေး˝အတွက်ဆိုတာ စာတက်သူတိုင်းသိပါတယ်။
ဒ့ါကြောင့်မျိုးချစ်များကိုပြောချင်တာကတော့ ဘယ်အရာမှအစွန်းမထွက်
ကြမိပါစေနဲ့။ အစွန်းထွက်ရင် ပြုတ်ကျတက်တယ်။ မွတ်ဆလင်ဘာသာ
ရေးမှာလည်းပဲဒီအတိုင်းပါပဲ။ အာဖဂန်မှာ ဗုဒ္ဓရုပ်ပွားတော်ကြိးတွေကိုဖြို
ခဲ့တဲ့ ဘင်လာဒင် အသေဆိုးနဲ့ပဲသေရတာပဲလေ။ ဒါအစွန်းရောက်တွေပါ။
ဘယ်ဘာသာဖြစ်ဖြစ် အစွန်းရောက်သွားရင် အစမှာတော့ဟုတ်တော့မ
လိုလိုနဲ့နောက်ပိုင်း ဇာတ်သိမ်းမလှဘူးကွ။
အခုတို့အရှေ့က ဦးဝီရသူကိုနမူနာကြည့်။ နောက်ဆုံးမှာ သူ့ရဲ့အစွန်း
ရောက်မှုဟာသူ့ကိုပဲ ဒါဏ်ခပ်လိမ့်မယ်။ သူလည်းအစကနဦး နအဖ၊
တို န၀တတို့ခေတ်မှာ မွတ်ဆလင်ဆန့်ကျင်ရေးတရားတွေဟောခဲ့တယ်
တို့လည်းသူ့တရားကြိုက်သင့်သလောက်ကြိုက်ပါတယ်။ နောက်ပိုင်းလဲ
ကြရော ကြံ့ဖွတ်အသုံးချခံဖြစ်သွားတယ်။ တရုတ်ကြီးအသုံးချခံဖြစ်သွား
တယ်။ ဘာလည်းဆိုတော့ အာဏာရှင်ရဲ့စည်းရုံးခြင်းကိုခံလိုက်ရတာပဲ။
အာဏာရှင်ကသူ့ထက်လည်တယ် အာဏာရှင်မှာ အဖွဲ့အစည်းအင်အား
ငွေအင်အား အာဏာအင်အားရှိတယ်။ ဒါနဲ့သူ့ကို စည်းရုံးလိုက်တယ်။
တို့လည်းအစကရိပ်စားမိပေမယ့် သတိထားစောင့်ကြည့်နေတာပါ။လယ်
တီသိမ်ကြမှ သူ့ဇာတ်ရုပ်ကိုတို့ပီပြင်စွာမြင်လိုက်ရတယ်။
ဗုဒ္ဓဘာသာမှာနေလိုလလိုထင်ရှားတဲ့အဓိပတိဆရာတော်ကြီးဖြစ်တဲ့ဒီပနီ
ကျမ်းပေါင်းများစွာကိုလက်ချိုးရေလို့မရအာင်ရေးသွားတဲ့ လယ်တီသိမ်နဲ့
စေတီတော်ကို မသိကျိုးကျွံပြုခဲ့တယ်။ သူ့မှာအာဏာမရှိဘူးဆိုပေမယ့်
သတင်းမီဒီယာကနေထုတ်ပြပိုင်ခွင့်ရှိတယ်။ သူကြွေးကြော်နေတဲ့စကား
လုံးတွေအများကြီးပဲ။ ̏ သံဃာငါးသိန်းထုကိုတောင်သူ့လက်သုံးစကား
အဖြစ်ထုတ်သုံးသွားတယ်။ ˝
သို့သော် တရုတ်ကြီးနဲ့စစ်ခွေးကသိမ်နဲ့စေတီကိုဖျက်မယ်လည်းဆိုရောသူ့
ရဲ့ ̏လေဖေါင်းထားတာတွေအားလုံး˝ ပူစီပေါင်းကိုအပ်နဲ့အဖေါက်ခံရသ
လို ပေါက်ကုန်တယ် အကုန်တယ် ကွဲကုန်တယ်လေ။
(၁၁-၆-၂၀၁၄) နံက် (၂)နာရီလောက်မှာ ရန်ကုန်တိုင်း၊တာမွေမြို့နယ်ရှိ
မဟာသန္တိသုခကျောင်းတိုက်ကိုစစ်ခွေးတွေဝင်သိမ်းတယ်။ကဲ . .ဒီလို
လုပ်နေတဲ့ သိန်းစိန်ဟာ သူတော်ကောင်းတဲ့လားကွ။ ပြောစမ်း စစ်ခွေး
လော်ဘီတွေ ၊ သခင်ယောင်ဆောင်တွေ . . သာသနာ့အရေတောအား
ကိုးပြီးမဟုတ်တရုတ်တွေလှော်နေတဲ့ မျိုးချစ်ဆိုတဲ့အကောင်တွေ . .။
အေး . .ဒါ့ကြောင့်သာသနာတော်ကိုခုတုန်းလုပ်ကြတဲ့ အာဏာရှင်နဲ့ 
Photo: ဗုဓ်အဆုံးမှာ ပြုတ်ပြုတ်ပြုန်းတော့တာပါပဲ

အေး  . .ဒါ့ကြောင့်သာသနာတော်ကိုခုတုန်းလုပ်ကြတဲ့ အာဏာရှင်နဲ့ ရဟန်းတစ်ချို့ကြောင့် ဒီကနေ့မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ ဗုဓ်အဆုံး
မှာပဲ ပြုတ်ပြုတ်ပြုန်းနေပြီလားဆိုတာ  . .. .  
ဟောင်စမ်း  . . ကြံ့ဖွတ်စစ်ခွေတွေ  . .
ကိုက်စမ်း  .. . မျိုးချစ်လော်ဘီအတုတွေ . . 
ဟောက်စမ်း  . .  ခရိုနီခြံစောင်ခွေးတွေ  .. 
█ ░ အလင်းရှင် ░ █
ရဟန်းတစ်ချို့ကြောင့် ဒီကနေ့မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ ဗုဓ်အဆုံး
မှာပဲ ပြုတ်ပြုတ်ပြုန်းနေပြီလားဆိုတာ . .. .
ဟောင်စမ်း . . ကြံ့ဖွတ်စစ်ခွေတွေ . .
ကိုက်စမ်း .. . မျိုးချစ်လော်ဘီအတုတွေ . .
ဟောက်စမ်း . . ခရိုနီခြံစောင်ခွေးတွေ ..
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget