အီဂျစ်နိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ ရှေးအကျဆုံး အစ္စလာမ်ဘာသာရေး
တက္ကသိုလ်ကြီးရဲ့ အကြီးအကဲက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ
အိုင်အက်စ်အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့က
ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ကိုင်ရိုမြို့က Al Azhar တက္ကသိုလ်ကြီးဟာ အစ္စလာမ္မစ်ဘာသာရေး
တက္ကသိုလ်ကြီးတွေထဲမှာ အလေးစားခံရဆုံး၊ ဂုဏ်သိက္ခာအကြီးဆုံး နဲ့
ရှေးအကျဆုံး ဘာသာရေး တက္ကသိုလ်ကြီးဖြစ်ပြီး တက္ကသိုလ်ကြီးရဲ့
အကြီးအကဲဟာလည်း ကမ္ဘာလုံးက ဆွန်နီမွတ်စလင်တွေအပေါ်မှာ
လွှမ်းမိုးမှုအရှိဆုံးလို့ ဆိုပါတယ်။
Al Azhar တက္ကသိုလ်အကြီးအကဲ Sheikh Ahmed al-Tayeb က
အိုင်အက်စ်အကြမ်းဖက်တွေဟာ အစ္စလာမ်ဘာသာကို ဂုဏ်သိဏ္ခာ
ညှိုနွမ်းအောင်၊ ညစ်စွန်းအောင် လုပ်ဆောင်နေတယ်၊ ဘာသာရေးအ
ကြောင်းပြပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေလုပ်နေတယ်ဆိုပြီး ပြစ်
တင်ရှုတ်ချခဲ့တာပါ။
ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကွန်ဖရင့်တခုမှာ
အခုလို ပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပြီး ကမ္ဘာတ၀န်းက မွတ်စလင်တွေက
အိုင်အက်စ်အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချနေတဲ့တချိန်တည်းမှာ
အခုလို ပြစ်တင်ရှုတ်ချခဲ့တာပါ။
http://burmese.dvb.no/archives/72829
ထိုသတင်းကို ကြည့်လိုက်ရ၍ အခုလိုချရေးမိပါသည်။
မည်သူပဲဖြစ်ဖြစ် မည်သည့်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်
အစွန်ထွက်သဒ္ဓါတရားဟာ အပြစ်များပါတယ်။ ဒီကနေ့ကမ္ဘာ
မှာ မွတ်ဆလင်ဘာသာဝင်တွေထဲက အစွန်းရောက် Is အဖွဲ့
ကိုပင်လျှင် ယင်းတို့ရဲ့ဘာသာရေးခေါင်းဆောင်များက ရှုတ်ချ
နေပါပြီ။
ဒါဟာ အမှန်တရားကိုဖုံးကွယ်၍ မရကြောင်းသက်သေပြယုဂ်
ဖြစ်တယ်လို့ မျက်မှောက်ခေတ်လူသားတွေသတိထားမိစေချင်
ပါတယ်။ သတိထားနိုင်အောင်လည်း အလင်းရှင်က သတိပေး
လိုက်ခြင်းဖြစ်ပါတယ်။
လောကဥပမာနဲ့ပုံသာဓကပြရပါမူ . ..
ကိုယ့်အိပ်ကို သူခိုးလာခိုးတယ်။ ယင်းသူခိုးကို အိမ်ရျင်ကကိုယ်
ထိလက်ရောက် သတ်လိုက်သည်ဆိုပါတော့ . .။
ခိုးခြင်းကို ခိုးသူကခံရမည်၊ သတ်ခြင်းကိုသတ်သူကခံရမည်။
ဒါဟာ လောကမျက်မှောက်ထင်ရှားသောသာဓကပင်တည်း။
ထို့ကြောင့် ဗုဒ္ဓဘာသာကိုအကြောင်းပြု၍ သွေးဇာတ်မခင်မိ
စေရန် အသိပေးနှိုးဆော်လိုက်ပါသတည်း။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :
Post a Comment