.

AlinShin

Thursday, June 26, 2014

ရင်မခုံပါ သို့သော်

Photo: ရင်မခုံပါ သို့သော် ♥  ♥  ♥  ♥  ♥
လည်းခိုးယူတက်သောမြန်မာ့အလေ့အထကိုပြင်စေချင်လို့ပြောတာပါ။
ပူးတွဲဖေါ်ပြပါဓာတ်ပုံကဗျာသည် အလင်းရှင်ကိုယ်ပိုင်စကားလုံးများ
ဖြင့် ပိုတိုရှောကိုသုံးကာ ဖန်တီးထားသောလက်ယာပါ။
ဒါကို ခိုးယူသူများက ရေးသူနာမည်ကိုဖျက်ပြီးသုံးစွဲထားတာကိုတွေ့
ရတာ ကြာနေပါပြီ။ 
မပြောချင်ပါဘူး။ သို့သော်  မြန်မာတွေအခုအထိ ဒီလိုအောက်တန်း
ကျတဲ့လုပ်ရပ်များကို ရပ်တန်းကမရပ်ကြရင် ဗိုလ်ချုပ်ပြောတဲ့ဖာနိုင်
ငံထက်ဆိုးနေဦးမယ်။ 
ထိုခိုးယူသုံးစွဲသူရဲ့ လင့်ကိုအလင်းရှင်သိမ်းဆည်းထားပါတယ်။
အကယ်၍ သိလိုပါက ချက်ဘောက်စ်ကနေ တောင်းပါ။ပေးပါ့မယ်။
ဒါ့ကြောင့်   .. 
မြန်မာတွေ ခိုးတဲ့အကျင့်လေးတွေဖျောက်ကြပါလို့ အသိပေးချင်ပါတယ်။
█ ░ အလင်းရှင် ░ █

မြတ်စွာဘုရားကယ်တော်မူပါ

မင်းတို့ပြောတဲ့ ကြံဖွတ်ဆိုတာ .. တစ်ချိန်ကစစ်ခွေးနော် ..
စက်တင်ဘာမှာ သံဃာတွေကိုပစ်သတ်ခဲ့တာ ..
သမိုင်းကငုတ်တုတ်ကြီးထိုင်နေသေးတယ်။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်ကို ဒိုဇာနဲထိုးပစ်တာ ..
ငါ့ရှေ့တင်နော် .. . ။
ဒါကို .. ဒါနဲ့ . .(၂၀၁၅) မှာထပ်ပြီးခေါင်းပေါင်းဝတ်နေရဦးမယ်ဆိုရင် . .
ငါ .. မြန်မာပြည်မှာ မနေတော့ဘူး .. ကွာ။
ရဟန်းမို့ . .
တောမှီရဟန်းအဖြစ်နဲ့နေဖို့ကလည်း . . 

တော့မရှိ ၊ တောင်ပျောက် 
နောက်  သံဃနာယကလက်မှတ်ပါမှ။
မြို့ပေါ်နေပြန်တော့လည်း ..

မြတ်စွာဘုရားကယ်တော်မူပါ 
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ 
မင်းတို့ပြောတဲ့ ကြံဖွတ်ဆိုတာ  .. တစ်ချိန်ကစစ်ခွေးနော်  .. 
စက်တင်ဘာမှာ သံဃာတွေကိုပစ်သတ်ခဲ့တာ  .. 
သမိုင်းကငုတ်တုတ်ကြီးထိုင်နေသေးတယ်။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်ကို ဒိုဇာနဲထိုးပစ်တာ  .. 
ငါ့ရှေ့တင်နော်  .. . ။
ဒါကို  ..  ဒါနဲ့  . .(၂၀၁၅) မှာထပ်ပြီးခေါင်းပေါင်းဝတ်နေရဦးမယ်ဆိုရင် . . 
ငါ  .. မြန်မာပြည်မှာ မနေတော့ဘူး  .. ကွာ။ 
ရဟန်းမို့  . .
တောမှီရဟန်းအဖြစ်နဲ့နေဖို့ကလည်း ၊ သံဃနာယကလက်မှတ်ပါမှ။
မြို့ပေါ်နေပြန်တော့လည်း  ..  ကျောင်းမရှိ။
ဒီတော့က  . . ရှေ့ဆက်လို့  .. 
(မဟန)ကြီး (မဘသ) ကြီး (၉၆၉)ကြီးတို့စိုးမိုးနေဦးမယ်ဆိုရင်  . .
ဆုတောင်းစရာတစ်ဆုပဲရှိတော့တယ်  . .
ဖြစ်လေရာဘ၀အဆက်ဆက်  . . . . 
(မဟန) (မဘသ) (၉၆၉)၀ါဒတို့ကြီးဆိုးသောခေတ်တွင်  . .
ရှင်ရဟန်းမဖြစ်ရပါလို၏။
█ ░ အလင်းရှင် ░ █
ကျောင်းမရှိ၊ ရှိတဲ့ကျောင်းကို (မဟန)ကသိမ်းကာချိပ်ပိတ်ထားတယ်။
ဒီတော့က . . ရှေ့ဆက်လို့ ..
(မဟန)ကြီး (မဘသ) ကြီး (၉၆၉)ကြီးတို့စိုးမိုးနေဦးမယ်ဆိုရင် . .
ဆုတောင်းစရာတစ်ဆုပဲရှိတော့တယ် . .
ဖြစ်လေရာဘ၀အဆက်ဆက် . . . .
(မဟန) (မဘသ) (၉၆၉)၀ါဒတို့ကြီးဆိုးသောခေတ်တွင် . .
ရှင်ရဟန်းမဖြစ်ရပါလို၏။
█ ░ အလင်းရှင် ░ █

စာဖတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲတွေမှာ အမြဲပြောတက်တဲ့စကား
လေးတစ်ခွန်းရှိတယ် . . .
“ စာဖတ်ပါ ” တဲ့။
ဟုတ်တယ်ဒကာတို့ရေ . . စာမဖတ်တော့ စာငတ်တယ်လေ ၊ စာငတ်
တော့ အမှားအမှန်အကြောင်းအကျိုးအကောင်းအဆိုးကို ၀ိဘဇ္ဇမလုပ်နိုင်
တော့ဘူး။ မင်းတို့ နဲနဲလောက် ကောက်ယူတွေးဆကြည့်ပါဦး .. ။
မြန်မာပြည်ကို ခေတ်အဆက်ဆက် နှိပ်စက်ကျွန်ပြုလာတဲ့အာဏာရှင်
အုပ်စုကြီးဖြစ်တဲ့ စစ်ခွေးတွေ . . .။ စစ်ရေခွံဝတ်ပြီးဆက်လက်အုပ်ချုပ်
ရင် “ကဒါဖီ” အသေဆိုးနဲ့သေမှာကြောက်တော့ အရေခွံလဲပြီးတိုက်ပုံဝတ်
ကာ ပြည်သူကိုဆက်လက်နှိပ်စက်နေတယ်။ အဲဒါကိုပဲ . . အဲဒီစစ်ခွေး
အုပ်စုကြံ့ဖွတ်သာသာနာရေးဝန်ကြီးလုပ်တဲ့ဆန့်ဆင့်ကို ဧရာဝတီတိုင်းက
လူအချို့က “သူတော်ကောင်းဝန်ကြီး” တဲ့။

စာဖတ်ပါ။
♥  ♥  ♥  ♥  ♥  ♥  

ကဲ  . . အဲဒီလောက်ကို စာငတ်နေကြတယ်နော်  .. ။
ဒီပုတ်ထဲက ဒီပဲပုတ်ကိုပဲ  ..  ပဲကောင်းလုပ်နေကြတယ်ဆိုတော့က ၊ ဒီ
လောက်စာမတက်တဲ့ကောင်တွေကို ၊ ဒေါ်အောင်ဆန်းစုကြည့်အကြိမ်
ကြိမ်ပြောနေတဲ့ “ စာဖတ်ပါ” ဆိုတဲ့စကားနဲ့ ထိရောက်ပါ့မလား? ဆိုတာ
ငါတွေးမိတယ် ။
ဒါ့ကြောင့် ဆန်းဆင့်ကို သူတော်ကောင်းလို့သမုတ်ကြတဲ့ကောင်တွေကို
လည်ဆည်- မြင့်လှိုင်ပြောသလို ထမင်းတစ်နပ်လျှော့စားခိုင်ပြီး ၊ အုန်း
မြင့်လို့ ပါးရိုက်ပစ်တာပဲကောင်းမယ်နဲ့  .. တူပါတယ်။ နောက်မှ ပြန်ချော့
တဲ့အနေနဲ့ သလဒ သိန်းစိန်ပြောသလို နွားနို့လေးတစ်ခွက်ဝယ်တိုက်
လိုက်မယ်  .. ။

သို့ / ဦးပေါ်ဦးရေ . . .

Photo: သို့ / ဦးပေါ်ဦးရေ  . . .
♥  ♥  ♥  ♥  ♥  ♥  
တော်တော်ရူးတဲ့ လော်ဘီ သခင်တွေ  .. 
တော်တော်တုဏ်းတဲ့ လော်ဘီ မျိုးချစ်တွေ  .. 
ဆန်းဆင့်ကိုများ ဧရာဝတီတိုင်းရဲ့အကျိုးပြုတဲ့ . . . .
မှတ်တောင်ထားရဦးမယ်။
စစ်ခွေးထဲက စစ်ဝန်ခွေးတစ်ကိုများ ချေးမစားတဲ့ ခွေးတဲ့ . . . 
မှတ်တောင်ထားရဦးမယ် ။
မင်းတို့စာမတက်ရင် ငါ့ကဗျာတွေဖတ်သွား  .. 
ကြောင်မှန်ရင် မင်းပဲမွေးမွေး၊သူဆင်းရဲပဲမွေးမွေး  .. 
ကြွက်တွေ့ရင်တော့ခုတ်တက်တယ်  .. တဲ့။
ဒီသမိုင်းဝင်စကားကို လူပညာရှိကြီးဦးပေါ်ဦးဖေါ်ကောင်လုပ်သွားတာ။
ဒီတော့က 
မင်းတို့ခေတ်ကြမှ သံဃာသတ်တဲ့ စစ်ခွေးမျိုးယုတ်တွေထဲက 
ဆန်းဆင့်က သူတော်ကောင်းကြီးပါဆိုတော့  .. .  .. 
လူပညာရှိကြီးဦးပေါ်ဦးရဲ့စကားကိုပဲပြင်ရတော့မလိုဖြစ်နေပြီ။
ဦးပေါ်ဦးကလည်းမရှိလေတော့  . .
ငါကိုတိုင်းပဲအခုလိုပြင်ပေးလိုက်ပါတယ်  .. ကွာ။ 
သို့ / 
ဦးပေါ်ဦးရေ  .. .
“ ကြောင်တိုင်းတော့ကြွက်ခုတ်ပါသည်၊ သို့သော် ၊ ဆန်းဆင့်မပါ ” 

— with သား စိုး and 7 others.

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget