.

AlinShin

Sunday, January 26, 2014

ပိဋကတ်ထဲက ရှင်ဘုရင်

ဟိုး . .တုန်း . .. ကို . . . လွမ်းမိတယ် ..
လွမ်းလည်းလွမ်းစရာကောင်းပါရဲ့
ဘုရားသာသနာမှာ ဘုရားသားတော်တွေတင်မက

မင်းအမတ်များကပါ သာသာနာကိုကြည်ညိုကာကွယ်ခဲ့ကြတယ်
တို့အများသိကြတဲ့ .
ဒုဋ္ဌဂါမဏိအဘယမင်းကြီးဆို . .
သူလှံထိပ်ဖြားဌာပနာတည်ထားတာကဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်
ဒါတင်မက .. သာသာနာကိုစော်ကားသူကိုစစ်ထွက်တိုက်တော့
အရွယ်ကောင်းတဲ့သံဃာငါးရာကိုပါ ပင့်ဆောင်ကြည်ညိုမူသတဲ့။
သီဟစစ်သူကြီးဆို သောတပန်ဖြစ်သော်လည်း
စစ်သေနာပတိအဖြစ် သာသနာကိုဖျက်တဲ့ ဒီနေ့ခေတ်ခွေးကုလား
တွေလို . . နှိမ်နင်းခဲ့တာ ရာဇ၀င်မှာစတင်ထားတယ်. . ။
အင်း ဒီစာ. . ရေးနေရင်း ငါရီဝေလွမ်းမိတယ် ..
လွမ်းပါရစေ မင်းကြီးရယ် ..
လွမ်းပါရစေတော့ .. သီဟစစ်သူကြီးရယ်
မင်းကြီးတို့လိုသူတော်ကောင်းမင်းများ ကျောင်းနံရံအထက်နား
ဓာတ်ပုံလေးများရှိရင် ပူဇော်ထားချင်ပါရဲ့ . .။
လွမ်းမိတယ် .. မင်းကြီးရယ် . . .
လွမ်းပါရစေ . . စစ်သူကြီးရယ်
ဒီနေ့ခေတ်မှာတော့ . .
လူတွေမကိုမဆိုထားနဲ့ ဘုရားသားတော်အချို့တောင်
သံဃာရှေ့မရပ်ဘဲ .. မာတုဂါမှရှေ့မှာရပ်မယ် . .တဲ့
အဲဒီဂျာနယ်ဖတ်မိတော့ . .မြင်ရတော့ . .
မင်းကြီးကိုသာ ရော်ရီရော်ရမ်း မှန်းဆလို့ လွမ်းမိပါသည်
အို .. သာနာပြုအရှင်မင်းကြီးနှင့်စစ်သူကြီးတို့
နတ်ရွာသုဂတိဆီကနေ မြန်မာနိုင်ငံကိုငဲ့လင့်ကြည့်လှည့်ပါ။

█ ░ အလင်းရှင် ░ █
ပိဋကတ်ထဲက ရှင်ဘုရင်
✂ ✂ ✂ ✂ ✂ ✂ 

Like · · · A few seconds ago ·

သံဃအားဘုရားမလွန်သာ

သံဃအား ဘုရားမလွန်သာ .. တဲ့ ဒီစကားပုံလေးက
ပိဋကတ်ထဲကထွက်လာတာပါ။ ဒါကိုလူတွေကအလွယ်ကြားနေတော့
သူပြောကိုယ်ပြောစကားပုံလို့ထင်ကြတာ။ မဟုတ်ပါဘူး။
ဒီစကားဟာ ကောသမ္ဗီပြည်မှာသံဃာ့အရေးအခင်းကြီးဖြစ်တော့

သံဃာနှစ်ခြမ်းကွဲသွားတယ် ..
(၁) သုတ္တန်ဆောင်အဖွဲ့နဲ့ (၂)၀ိနည်းဆောင်အဖွဲ့ဆိုပြီးသံဃအုပ်စုကြီး
ဟာ နှစ်ခုပြိုကွဲသွားတယ်။ အဲဒီ ဇာတ်လမ်းကနေစပြီး (သံဃအားဘုရား
ဘုရားမလွန်သာ) ဆိုတဲ့ စကားပုံကပေါ်လာတာ။ ဒီအကြောင်းကိုပြောရင်
သုတ္တန်တစ်ခုလုံးကိုထုတ်ရမှာမို့ ချန်ထားပါရစေဟုတောင်းပန်ပါတယ်။
ဒီတော့က သံဃအားကို ဘုရားက မလွန်ဆန်နိုင်တာမျိုးမဟုတ်ဘူး
သံဃာကိုဘုရားနိုင်တယ် . . သူဖွဲ့စည်းပေးခဲ့တဲ့ သံဃကိုဘုရားရှင်ဟာ
ကောင်းစွာအုပ်ချုပ်နိုင်တယ် . . သို့သော် နောက်နောင်နောက်နောင်လူ
တွေအတွက် နည်းဥပဒေသများကို ရစေချင်လို့ တမင်ပဲကောသမ္ဗီအရေး
အခင်းကို ဘုရားရှင်မျက်နှာလွဲခဲ့တယ်လို့ . . အလင်းရှင်သုံးသပါတယ်။
နောက်တစ်ခုက အဲဒီသုတ်ကိုဖတ်ရင် . .
ဘုရားရှင်ဟာ သူ့သားသံဃာတော်တွေကို အလိုလိုက်တယ်ဆိုတာထင်
ရှားတယ် . . ။ သားဆိုးကိုပိုချစ်တယ်ဆိုတဲ့ ဥပဒေသက အဲဒီသုတ်မှာ
တွေ့ရတယ်။ နောက်တစ်ခုက .
(သံဃာကို ဘယ်သူမှမထိနဲ့ရ) ဆိုတဲ့ ဥပဒေသကိုဖေါ်ပြချင်တာလို့လဲ
အလင်းရှင်ယူဆတယ်။ ဒါ့ကြောင့်သံဃအားကိုဘုရားမလွန်သာ ဆိုတာ
ဘုရားရှင်မနိုင်နင်းတာမျိုးမဟုတ်ဘူး .. ချစ်လို့ အလိုလိုက်တာပါ။
နောက် .. ဒီနေ့ခေတ်သံဃာခေါင်းဆောင်ဆိုသူထေရ်ကြီးဝါကြီးများကို
လည်း ဘုရားရှင်က (ငါတောင်သံဃာကို အနှိပ်ကွပ်ဘူး . . မင်းတို့လည်း
မနှိပ်ကွပ်နဲ့) ဆိုတဲ့ Lesson ပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်များသည် . ..
ပုဂ္ဂလမျက်နှာကိုမကြည့်ကြပါနဲ့ . . ဓမ္မမျက်နှာကိုသာကြည့်ပါလို့
အပ္ပမာဒစကားဆိုလိုက်ပါတော့သည် .. ။

█ ░ အလင်းရှင် ░ █
 
Photo: သံဃအားဘုရားမလွန်သာ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 

ဘုရားသားတော်ဖြစ်ပါစေ . .

သံဃအဖွဲ့အစည်းကြီးဖြစ်ပေါ်လာဖို့ဆိုရာမှာ ဗုဒ္ဓဟာ အတော်ကို
ကြိုးစားခဲ့ရတာပါ။ ဘုရားဖြစ်ခြင်းခြင်းမှာတောင် သံဃာရတနာ
ဆိုတာ မပေါ်သေးပါဘူး။ ဘုရားဖြစ်ပြီးဝါဆိုတော့မှ ပဉ္စ၀ဂ္ဂီငါးပါး
ပေါ်လာတယ် နောက်ဝါထွက်တော့မှ
ာပဲ သံဃာရတနာဆိုတာ
အထင်အရှားပေါ်ခဲ့ရတာပါ . . .။
ပိဋကတ်ကိုလေ့လာရင် ဗုဒ္ဓဟာ သူတည်ထောင်ခဲ့တဲ့ သံဃာကို
ဘယ်လောက်အထိမျှော်လင့်ခဲ့တယ် . .
ဘယ်မျှ အလိုလိုက်ခဲ့တယ် . .
ဝိနည်းဥပဒေသတွေမှာ ဒီလိုတင်းထားသော်လည်း ဟိုလိုပြန်လျှော့
ပေးထားတာတွေကို တွေ့ရတာဟာ .. သူ့သားသံဃာတွေကိုချစ်လို့ပေါ့။
ဥပမာကွာ .. မင်းတို့သိနေတာလေးထုတ်ပြောမယ်
နေ့လွဲညစာစားလို့မရဘူး .. သို့သော် အစာအိမ်ရောဂါတယ်ကယ်ရှိရင်
စားလို့ရပါတယ် . .။ အဲလိုလေးတွေ အရှော့အတင်းလေးတွေနဲ့သူ့
သားသံဃာရတနာများကို အလိုလိုက်ခဲ့တဲ့ ဖခင်ပါ။
တကယ်ကိုပဲ သံယောဇဉ်ထားခင်တွယ်ခဲ့တယ်ဆိုတာသိပါလိမ့်မယ်။
အခြားဘယ်သုတ်ကိုမှမကြည့်နဲ့ . .
ကောသမ္ဗိသုတ်ကိုပဲ ဖတ်ကြည့်ပါ .. ။
သံဃရတာကိုဗုဒ္ဓဘယ်လောက်အလိုလိုက်တယ်ဆိုတာ တွေ့ပါလိမ့်မည်။
တို့တွေ ဒီနေ့အထိ ဗုဒ္ဓကိုချစ်နေတယ်ဆိုတာ . ဗုဒ္ဓကိုတိုင် တို့ရဟန်းတွေကို
ချစ်ခဲ့လို့ပါပဲ။
လိုရင်းပြောရရင် . .
သံဃာဆိုတာ ဗုဒ္ဓမျက်နှာပဲငဲ့ရမယ် . . ပါတီမျက်နှာမငဲ့ရဘူး
မာတုဂါမမျက်နှာမငဲ့ရဘူး . . သံဃရှေ့မှ အသေခံရဲတဲ့သတ္တိမျိုးရှိမှ
ဘုရားကိုချစ်သော . . ဘုရားရှင်ရဲ့အလိုတော်ကိုငဲ့ကွက်သော . .
ဘုရားသားတော်စစ်စစ်ဖြစ်မှာပါ ..
အဲလိုမှမဟုတ်ဘဲ .. .
ပါတီမျက်နှာငဲ့ရင်တော့ . .အဲဒီရဟန်းဟာ သက်တော်ဝါတော်ဘယ်လောက်
ပဲရရ . . ပါတီသားပါ . .။
မာတုဂါမမျက်နှာငဲ့ကွက်ရင်တော့ အဲဒီရဟန်းဟာ . .သက်တော်ဝါတော်
ဘယ်လောက်ပဲရရ .. မာတုဂါမသားပါ။
ဒါ့ကြောင့် ဒီနေ့ခေတ် ဘုရားသားတော်ရဟန်းတော်များသည် ဆရာတော်
ဘုရားကြီးဦးဗုဓ်မိန့်မှတ်တော်မူသကဲ့သို့ . .
ဘုရားသားတော်များဖြစ်ကြပါစေ .. ဟု ဆန္ဒပြုမိပါတော့သည်။

█ ░ အလင်းရှင် ░ █
 
Photo: ဘုရားသားတော်ဖြစ်ပါစေ . . 
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
သံဃအဖွဲ့အစည်းကြီးဖြစ်ပေါ်လာဖို့ဆိုရာမှာ ဗုဒ္ဓဟာ အတော်ကို
ကြိုးစားခဲ့ရတာပါ။ ဘုရားဖြစ်ခြင်းခြင်းမှာတောင် သံဃာရတနာ
ဆိုတာ မပေါ်သေးပါဘူး။ ဘုရားဖြစ်ပြီးဝါဆိုတော့မှ ပဉ္စ၀ဂ္ဂီငါးပါး
ပေါ်လာတယ် နောက်ဝါထွက်တော့မှာပဲ သံဃာရတနာဆိုတာ
အထင်အရှားပေါ်ခဲ့ရတာပါ . . .။
ပိဋကတ်ကိုလေ့လာရင် ဗုဒ္ဓဟာ သူတည်ထောင်ခဲ့တဲ့ သံဃာကို 
ဘယ်လောက်အထိမျှော်လင့်ခဲ့တယ် . . 
ဘယ်မျှ အလိုလိုက်ခဲ့တယ် . . 
ဝိနည်းဥပဒေသတွေမှာ ဒီလိုတင်းထားသော်လည်း ဟိုလိုပြန်လျှော့
ပေးထားတာတွေကို တွေ့ရတာဟာ  ..  သူ့သားသံဃာတွေကိုချစ်လို့ပေါ့။
ဥပမာကွာ  .. မင်းတို့သိနေတာလေးထုတ်ပြောမယ်
နေ့လွဲညစာစားလို့မရဘူး  ..  သို့သော် အစာအိမ်ရောဂါတယ်ကယ်ရှိရင်
စားလို့ရပါတယ် . .။ အဲလိုလေးတွေ  အရှော့အတင်းလေးတွေနဲ့သူ့
သားသံဃာရတနာများကို အလိုလိုက်ခဲ့တဲ့ ဖခင်ပါ။
တကယ်ကိုပဲ သံယောဇဉ်ထားခင်တွယ်ခဲ့တယ်ဆိုတာသိပါလိမ့်မယ်။
အခြားဘယ်သုတ်ကိုမှမကြည့်နဲ့  . .
ကောသမ္ဗိသုတ်ကိုပဲ ဖတ်ကြည့်ပါ  .. ။
သံဃရတာကိုဗုဒ္ဓဘယ်လောက်အလိုလိုက်တယ်ဆိုတာ တွေ့ပါလိမ့်မည်။
တို့တွေ ဒီနေ့အထိ ဗုဒ္ဓကိုချစ်နေတယ်ဆိုတာ  . ဗုဒ္ဓကိုတိုင် တို့ရဟန်းတွေကို
ချစ်ခဲ့လို့ပါပဲ။ 
လိုရင်းပြောရရင်  . .
သံဃာဆိုတာ ဗုဒ္ဓမျက်နှာပဲငဲ့ရမယ်  . . ပါတီမျက်နှာမငဲ့ရဘူး 
မာတုဂါမမျက်နှာမငဲ့ရဘူး  . . သံဃရှေ့မှ အသေခံရဲတဲ့သတ္တိမျိုးရှိမှ
ဘုရားကိုချစ်သော  . . ဘုရားရှင်ရဲ့အလိုတော်ကိုငဲ့ကွက်သော . .
ဘုရားသားတော်စစ်စစ်ဖြစ်မှာပါ  .. 
အဲလိုမှမဟုတ်ဘဲ  .. .
ပါတီမျက်နှာငဲ့ရင်တော့  . .အဲဒီရဟန်းဟာ သက်တော်ဝါတော်ဘယ်လောက်
ပဲရရ  . . ပါတီသားပါ . .။
မာတုဂါမမျက်နှာငဲ့ကွက်ရင်တော့ အဲဒီရဟန်းဟာ  . .သက်တော်ဝါတော်
ဘယ်လောက်ပဲရရ  ..  မာတုဂါမသားပါ။
ဒါ့ကြောင့် ဒီနေ့ခေတ် ဘုရားသားတော်ရဟန်းတော်များသည် ဆရာတော်
ဘုရားကြီးဦးဗုဓ်မိန့်မှတ်တော်မူသကဲ့သို့  . .
ဘုရားသားတော်များဖြစ်ကြပါစေ  ..  ဟု ဆန္ဒပြုမိပါတော့သည်။
█ ░ အလင်းရှင် ░ █

ငါမပြောမိလို့တော်သေးသည်

တော်သေးတာပေါ့ကွာ . .
အလင်းရှင်သာ
( ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်)
လို့ပြောမိရင် . .

သောက်သုးံမကျတဲ့ရဟန်းစုတ် .. ရဟန်းယုတ် . .
မာတုဂါမရှေ့မှာများ နေမယ်လို့ပြောသလား ?
ဟင် . . စာတွေဒီလောက်သင်ထားပြီး . .
မာတုဂါမရှေ့မှာကျုပ်ရှိတယ်လို့ပြောရအောင်ဒီလောက်တောင်ပဲ နှုတ်ထွက်ရဲလိုက်ပါလား?
အရှေ့က ဘယ်လိုအရှေ့လည်း ..
ဆိတ်ကွယ်ရာအရှေ့လား ?
ပလ္လင်အရှေ့လား ?
ကျောင်းရှေ့လား ?
ခြင်ထောင်ရှေ့လား ?
အခန်းရှေ့လား ?
နှစ်ယောက်ထဲရဲ့ တစ်မျက်နှာခြင်းဆိုင်ရှေ့လား ?
အေး . . အလင်းရှင်ရှေ ..
(ရှေ့တင်မကဘူး မင်းကုတင်ပေါ်မှာပါ တက်နေချင်သပဆိုလည်း တက်နေဟ)
လို့ .. စသည်ဖြင့် စသည်ဖြင့်
ပြစ်တင်ဝေဖန် ပြောဆိုကြမည်မှာ မလွဲဧကန်ပင်ဖြစ်ပေတော့သည်။

█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 19 others.
Photo: ငါမပြောမိလို့တော်သေးသည်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 

ဘုရားခိုင်းတာလုပ်လို့ရအောင် ဘုရားရှေ့မှာပဲနေမယ်

ဆရာတော်ဦးဗုဓ်ကတော့ပြောတယ်ကွ . .
ဘုရားခိုင်းတာလုပ်မှ ဘုရားသားတဲ့ . .။
ဘုရားရှေ့မှနေမှ ဘုရားရဲ့ရှေ့နေဖြစ်မှာ
ဒေါ်အောင်ဆန်းစုကြည့်ရှေ့မှာနေရင်တော့ . . ဒေါ်စုရဲ့ရှေ့နေပေါ့ကွာ။

ဟား .. ဟား . .ဟား .
တို့ကတော့ကွာ . .
မနုဿတ္တဘဝေါ ဒုလ္လဘောမှာတော့ . .
ဘုရားရှေ့မှာမှာပဲနေပြီး ..
ဘုရားကိုအာရုံပြီးပြီး . . အသေခံသွားမယ်ကွာ . .
ရခဲတဲ့ လူ့ဘ၀ . . ပို၍ရခဲတဲ့ ဘိက္ခုဘ၀မှာတော့ဖြင့်
ဒေါ်စုကြည်ရှေ့မှာတော့မနေဘူးဟေ့ . .
မာတုဂါမတစ်ယောက်ရဲ့ရှေ့မှာနေပြီးတော့တော့အသေမခံဘူးဟေ့ .
ဆရာတော်ဦးဗုဓ်ပြောသလို . .
ဘုရားခိုင်းတာလုပ်ခွင့်ရအောင် ဘုရားခိုင်းတာလုပ်မှ ဘုရားသားဖြစ်မှာမို့
ဘုရားရှေ့မှာသေတစ်ဖန်သတ်တစ်ဆုံးနေမည့် .. အလင်းရှင် ပါ။

█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 20 others.
Photo: ဘုရားခိုင်းတာလုပ်လို့ရအောင် ဘုရားရှေ့မှာပဲနေမယ်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
ဆရာတော်ဦးဗုဓ်ကတော့ပြောတယ်ကွ . . 
ဘုရားခိုင်းတာလုပ်မှ ဘုရားသားတဲ့ . .။
ဘုရားရှေ့မှနေမှ ဘုရားရဲ့ရှေ့နေဖြစ်မှာ
ဒေါ်အောင်ဆန်းစုကြည့်ရှေ့မှာနေရင်တော့ . . ဒေါ်စုရဲ့ရှေ့နေပေါ့ကွာ။
ဟား  ..  ဟား . .ဟား  .
တို့ကတော့ကွာ . . 
မနုဿတ္တဘဝေါ ဒုလ္လဘောမှာတော့  . .
ဘုရားရှေ့မှာမှာပဲနေပြီး  .. 
ဘုရားကိုအာရုံပြီးပြီး . . အသေခံသွားမယ်ကွာ . .
ရခဲတဲ့ လူ့ဘ၀ . .  ပို၍ရခဲတဲ့ ဘိက္ခုဘ၀မှာတော့ဖြင့်
ဒေါ်စုကြည်ရှေ့မှာတော့မနေဘူးဟေ့  . .
မာတုဂါမတစ်ယောက်ရဲ့ရှေ့မှာနေပြီးတော့တော့အသေမခံဘူးဟေ့  . 
ဆရာတော်ဦးဗုဓ်ပြောသလို . . 
ဘုရားခိုင်းတာလုပ်ခွင့်ရအောင် ဘုရားခိုင်းတာလုပ်မှ ဘုရားသားဖြစ်မှာမို့
ဘုရားရှေ့မှာသေတစ်ဖန်သတ်တစ်ဆုံးနေမည့်  ..  အလင်းရှင် ပါ။
█ ░ အလင်းရှင် ░ █

ကြာလေချစ်လေ .. တွေးလေ လွမ်းလေ

အလင်းရှင်ရဲ့ ဆောင်းပါးတွေက မင်းတို့အာရုံဆွမ်းအငတ်ခံပြီး
ရေးပေးတာက Like လုပ်ဖို့မဟုတ်ဘူး .. မင်းတို့တွေသိပြီး
မျှဝေနားလည်ကာ သာသနာတော်အတွက် ပြုပြင်ပေးနိုင်အောင်ရေးတာ
တို့ရဲ့ .. ခမည်းတော်ကြီးဆိုရင်
..
တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးကိုအသဲစွဲပဲ .. တို့ကိုလည်း
စာကိုအထူးအတွေဖေါက်နိုင်ရင်နေ ၀ိနည်းတော့ တက်ကိုတက်ရမယ်
တက်တဲ့အတိုင်းကျင့်မရမယ် မကျင့်နိုင်ရင် လူထွက်တဲ့ . . အဲလိုကို
ပြတ်သားတယ်။ တို့ရဲ့ခမည်းတော်ကြီးသေခဲ့တာ ဆယ်နှစ်ကျော်
သွားပြီ တို့ကိုသေသည့်အထိ ငွေမလှူခဲ့မပေးခဲ့ဘူးဘူး။ ငါ့သားအတွက်
လို့ ငဲ့ကာ ပိုက်ဆံလေးတစ်ကျပ်မပေးအပ်ခဲ့ဘူးပါဘူး။
အင်း ထိုအဖေမျိုးကိုတော့ ..
ကြာလေချစ်လေ .. တွေးလေ လွမ်းလေပါပဲ . . အဖေရယ် . .

█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 18 others.
Photo: ကြာလေချစ်လေ  ..  တွေးလေ လွမ်းလေ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
အလင်းရှင်ရဲ့ ဆောင်းပါးတွေက မင်းတို့အာရုံဆွမ်းအငတ်ခံပြီး
ရေးပေးတာက Like လုပ်ဖို့မဟုတ်ဘူး  .. မင်းတို့တွေသိပြီး
မျှဝေနားလည်ကာ သာသနာတော်အတွက် ပြုပြင်ပေးနိုင်အောင်ရေးတာ
တို့ရဲ့  .. ခမည်းတော်ကြီးဆိုရင်  .. 
တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးကိုအသဲစွဲပဲ  ..  တို့ကိုလည်း
စာကိုအထူးအတွေဖေါက်နိုင်ရင်နေ ၀ိနည်းတော့ တက်ကိုတက်ရမယ်
တက်တဲ့အတိုင်းကျင့်မရမယ် မကျင့်နိုင်ရင် လူထွက်တဲ့  . . အဲလိုကို
ပြတ်သားတယ်။ တို့ရဲ့ခမည်းတော်ကြီးသေခဲ့တာ ဆယ်နှစ်ကျော်
သွားပြီ တို့ကိုသေသည့်အထိ ငွေမလှူခဲ့မပေးခဲ့ဘူးဘူး။ ငါ့သားအတွက်
လို့ ငဲ့ကာ ပိုက်ဆံလေးတစ်ကျပ်မပေးအပ်ခဲ့ဘူးပါဘူး။ 
အင်း ထိုအဖေမျိုးကိုတော့  .. 
ကြာလေချစ်လေ  ..  တွေးလေ လွမ်းလေပါပဲ  . . အဖေရယ် . .
█ ░ အလင်းရှင် ░ █

ပျိုတို့မောင် ၀ါဝါ ၀တ်ကို ဒေါင်းခွပ်ချီလေး

ဗုဒ္ဓဘုရားရှင်၏ရွှေမျက်နှာတော်ကို ငဲ့ကြည့်လိုပါက ..
ဤဆောင်းပါးကိုအများသိရန် ဝေငှတော်မူကြပါ .. ။
ပြောမယ်ဆိုရင် ငွေကိုင်နေတာကစပြီး သာသနာမှာပြဿနာတက်
နေတာပါ။ ဒါ့ကြောင့်ဒေါင်းဒဂ
င်္ါးတွေပေါ်တော့မြန်မာပြည်မှာတဘောင်
ပေါ်ခဲ့တယ်။ (ပျိုတို့မောင်ဝါ၀ါ ၀တ်ကို ဒေါင်းခွပ်ချီးလေး) တဲ့ ဒါကို သာသနာအတွက်ရင်လေးတော်မူသောကြောင့် ဒီအကြောင်းကို
မဟာဂန္ဓရုံဆရာတော်ကြီးက အဂါတ်သာသနာရေးကျမ်းစာအုပ်
မှာ သြ၀ါဒမှတ်ချက်ပေးထားခဲ့ပါတယ်။ (ခြင်္သေ့မင်းတန်ခိုးကြွယ်
တိုးလို့သာကွယ်) ဆိုတဲ့တဘောင်အရ ခြင်္သေ့ခေါ်ကြံ့ဖွတ်စစ်အစိုး
ရသတ်လို့(ခြင်္သေ့ကိုက်လို့) သံဃာတွေပျံလွန်တော်မူ အချို့လည်း
ထောင်ကျ နောက်ဆုံးမထွက်မဖြစ်ထွက်ကြရတယ်။
အခုတစ်ခါ မွတ်ဒေါင်းဆိုတဲ့ စကားကပေါ်လာတော့
“ ပျိုတို့မောင်ဝါ၀ါဝတ်ကိုဒေါင်းခွပ်ချီလေး’’ ဆိုတဲ့တဘောင်အတိုင်း
ရဟန်းသံဃာများဟာ ကုလားသတ်လို့သေရလေဦးမှာလား ?ဆိုတာ
တွေးမိတယ်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ လေ့လာတွေရှိချက်
အရ ဒေါင်းတံဆိပ်ပုံပါသောငွေများသည် သံဃာတော်တို့အားခွပ်
နေသည်ဟု အခွပ်ခံနေရသည်ဟုဆိုသည်။ တစ်ဆင့်ထပ်တွေးမိသည်
မှာ. . ငွေသည်လည်းရဟန်းတော်နှင့်မအပ်စပ်သလို . . အခုခွပ်ဒေါင်း
သည်လည်း ရဟန်းတော်များအား ခွပ်ပိတ်သတ်လည်လှီးရန် တ
ဘောင်ပေလော ဟု .. ငါအလင်းရှင်ဆရာတော်တွေးဆမိသည်နှင့်
အောက်ပါအတိုင်း . . သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော်။ ၁၀ -
မဏိစူဠကသုတ်၊ ဂါမဏိသံယုတ်၊ ရေးချမိပါတော့သတည်း . .. ။
☛“ရွှေငွေကိုအပ်လျှင်သားမယားကာမဂုဏ်ငါးပါးလည်းအပ်ကုန်၏’’☚
ဒီစကားသည် ဗုဒ္ဓမှ မဏိစူ၏ဠကရွာသားကြီးကိုပြောခဲ့သောစကား
ပါ။ ဒီဇာတ်ကြောင်းလေးကိုပြန်ပြောင်းပြောရမည်ဆိုသော် . .
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို
အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်
မူ၏၊ ထိုအခါ နန်းတော်တွင် အညီအညွတ် စုဝေးထိုင်နေသော မင်းပ
ရိသတ်တို့အသိုင်းအ၀ိုင်းကြားတွင် . . .
☛ “သာကီဝင်မင်းသား မြတ်စွာ ဘုရား၏ တပည့်သား ရဟန်းတို့အား
ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုသာယာကုန်၏၊ သာကီဝင်မင်းသားမြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏’’☚
ဟူသော အကြားစကားသည် ဖြစ်ပေါ်၏။
အဲဒီအခါမှာ မဏိစူဠကရွာသူကြီးတစ်ယောက်ဟာလည်းပဲ ပြောဆို
နေတဲ့ ပရိသတ်၌ ထိုင်လျက်ရှိနေတယ်။ ဒါနဲ့ အဲဒီ မဏိစူဠကရွာသူ
ကြီးက ပရိတ်သတ်တွေအားလုံးကြားမြင်ရအောင်အခုလိုပြောလိုက်
တယ် ။
☛ “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေသည်
မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမသာယာကုန်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို
မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့ သည် ကျောက်မျက်နှင့် ရွှေငွေကိုပယ်ထားကုန်၏၊
ရွှေငွေမှ ကင်းကုန်၏ ’’ ☚
လို့ပြောလိုက်တယ် ။ အဲလိုသူအတွေးနဲ့သူပြောလာတဲ့ဒီစကားရပ်
ကို မှန်သည်မှားသည် အတည်ရှိသိရအောင်ဆိုပြီး ဘုရားရှင်ထံ
သွားရောက်ပြီး အဆိုပါဖြစ်စဉ်တစ်ခုလုံးကို မြတ်စွာဘုရားရှင်အား
အခုလိုပြန်လည်လျှောက်ထားတယ် ..
☛ “မြတ်စွာဘုရား ယခု နန်းတော်တွင်းဝယ်စုဝေးထိုင်နေသော
မင်းပရိသတ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းများတို့သည် ရွှေငွေကို သာယာ
ကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်း
တို့သည် ရွှေငွေကို ခံယူကုန်၏’’ ☚
ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်၏။
အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် ထိုပရိသတ်ကို.
☛ “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေသည် မအပ်၊သာကီဝင်
မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို
မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့် သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို
ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်း ကုန်၏’’ ☚
ဟု ပြောဆိုခဲ့၏၊
အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့ဆိုသော် မြတ်စွာဘုရား၏ စကား
တော်အတိုင်း ဆိုသည်လည်း ဖြစ်ပါ၏လော၊မြတ်စွာဘုရားကို မဟုတ်
မမှန် မစွပ်စွဲသည် မည်ပါ၏လော၊ တရားတော်အားသင့်လျော်မှန်ကန်
သောတရားကိုလည်း ဆိုသည် မည်ပါ၏ လော၊ မြတ်စွာဘုရား၏ ၀ါဒကို
အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍အကဲ့ရဲ့
ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်၏။
ရွာသူကြီးက အဲလိုလျှောက်ထားလိုက်တဲ့အခါမှာမြတ်စွာဘုရားရှင်က
☛ “ရွာသူကြီး စင်စစ် သင်သည် ဤသို့ ဆိုသော် ငါ၏
စကားအတိုင်း ဆိုသည်လည်း ဖြစ်၏၊ ငါ့ကို မဟုတ်မှန် မစွပ်စွဲသည်လည်း
ဖြစ်၏၊ တရားတော် အားလျော်သောတရားကို ဆိုသည်လည်း မည်၏၊
ငါ၏ ၀ါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့်တကွဖြစ်၍ အကဲ့ရဲ့
ခံရခြင်းသို့ အနည်းငယ်မျှ မရောက်။’’☚
☛ “ရွာသူကြီး မှန်လှပေ၏...
သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား
ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်း တို့သည် ကျောက်မျက်နှင့် ရွှေငွေကို
ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။ ရွာသူကြီးရွှေငွေကိုအပ်သောသူ
အား (သားမယား) ကာမဂုဏ် ငါးပါးတို့သည်အပ်ကုန်၏၊ ကာမဂုဏ်ငါးပါး
အပ်သောသူကို စင်စစ်အားဖြင့်ရဟန်းသဘော မရှိ၊ သာကီ ၀င်မင်းသား
မြတ်စွာဘုရား၏ တပည့်သား သဘောမရှိ’’ ☚
ဟု မှတ်လေလော့။
☛ “ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏ . . .
မြက်ကိုအလိုရှိသော သူသည် မြက်ကို ရှာသင့်၏၊
သစ်သားကိုအလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊
လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ (အလုပ်သမား)
ယောက်ျားကို အလိုရှိသော သူသည်
(အလုပ်သမား) ယောက်ျားကို ရှာသင့်၏’’☚
“ရွာသူကြီး {{အဘယ်နည်းနှင့်မျှ ရွှေငွေကို သာယာသင့်၏၊ ရှာသင့်၏}}
ဟူ၍ ငါဘုရား မဟော ’’ ☚
လို့မြတ်စွာဘုရားရှင်ဟာ ရွာသူကြီးကို သေချာစွာဟောကြားခဲပြီး
ရွာသူကြီးမှနေ၍ မင်းပရိတ်သတ်တို့ထံမှာပြောကြားလာခဲ့တဲ့စကား
ရပ်တွေဟာ အမှန်ပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သို အများပင်
သိမြင်လွယ်ကူနိုင်သော ဥပမာစကားရပ်ဖြင့်လည်း ပြောကြားခဲ့သည်။
ဒါ့ကြောင့် မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝန်ထမ်းရှင်ရဟန်းများသည်
တရားတော်နှင့်မလျှော်ကန်သော ၀တ္ထုငွေကြေးများကိုကိုင်ဆောင်
ကာ သာသနာပြုနေသည်ဟုပြောဆိုခြင်းသည် “ သာသနာဖျက်နေ
သည်နှင့်တူနေလား ? မတူဘူးလား? ဆိုတာ အထူးပြောနေရန်မလို
ပါ။ ဒါ့ကြောင့် သံဃခေါင်းဆောင်ဆိုသူများသည် သက်တော်ရွယ်
တော်များလည်းကြီးရင်နေကြပြီဖြစ်ရာကား .. ဒီသိက္ခာပုဒ်တော်ကို
လိုက်နာပြီး . . .
ခေါင်ထွဋ်အမိုးလုံခြုံပါက . .
တံစက်မြိတ်များသည်လည်း လုံဖွယ်ရာရှိကြောင်း . . .
ခေါင်းဆောင်ရှေ့နွားအဖြောင့်သွားလျှင် . .
နောက်လိုက်နွားတို့သည်လည်း အဖြောင့်သွားဖွယ်ရာရှိကြောင်း ..
ခေါင်ရေစီးဆင်းရာမြစ်ချောင်းရေမြောင်းနောက်သို့ . ..
နောက်ပါရေတို့သည်လည်း ထပ်ချပ်မကွာစီးဆင်းဖွယ်ရာရှိကြောင်း .
အလင်းရှင်ဟုသမုတ်သော ဘဒ္ဒန္တကောဝိဒ အမည်ရှိအညတရရ
ဟန်းတစ်ပါးသည် .. အသိပေးအပ်ပါသည်။
ဗုဒ္ဓမြတ်စွာသာသနာတော်သည် အပြောကောင်းအဟောကောင်း
နေရုံနှင့်မပြီး ၀ိနည်းအတိုင်းကျင့်ကြံ့နိုင်ဖို့သည်လည်း ပဓာနကျသည်
ဒီနေရာမှာ အလင်းရှင်အနည်းငယ်ဝေဖန်ပေးပါဦးမယ် ..
အချို့ကိစ္စလေးတွေဟာ ၀ိနည်တော်အရ သေးငယ်သောအာပတ်လို့
ပြောဆိုလို့ရသော်လည်း ယင်းသေးငယ်သောအာပတ်လေးက မဖြစ်
စလောက်ပင်ဖြစ်ငြားသော်လည်း ယင်းကိုမှီပြီးကြီးမားသော ပြဿ
နာရပ်သောင်းခြောက်ထောင်ဝင်လာပါသည်။ ဥပမာမော်တော်ကား
ဘရိတ်သည် နဲနဲလေးမိမိတာပါ။ အဲဒီနဲနဲလေးမမိတဲ့ ဘရိတ်ဟာ
အရှိုန်နှင့်ခရီးနှင်နေချိန်တွင် ယင်းကားအား အန္တရာယ်ချောက်ထဲသို့
ကျပေတော့မည်။
ရှေးကလူကြီးသူမများစကားပုံလေးကလည်း အဆင်သင့်နိုင်လှသည်
“ပေါက်ပင်ဘာ့ကြောင့်ကိုင်းရတယ် ဗျိုင်းနားလို့ကိုင်းရတယ်။ ဗျိုင်း
ဘာ့ကြောင့်နားရတယ် ငါးပေါ်လို့နားရတယ်။ ငါးဘာ့ကြောင့်ပေါ်ရ
တယ် ကျွဲလူးလို့ပေါ်ရတယ်။ ကျွဲဘာ့ကြောင့်လူရတယ် ဖြုတ်ခြင်
ကိုက်လို့လူးရတယ်။ ဖြုတ်ချင်ဘာ့ကြောင့်ကိုက်ရတယ် မိုးရွာလို့
ကိုက်ရတယ်။ မိုးဘာ့ကြောင့်ရွာရတယ် ဖားအော်လို့ရွာရတယ်။
ဖားဘာ့ကြောင့်ပေါ်ရတယ် မြွေကိုက်လို့အော်ရတယ်။ မြွေဘာ
ကြောင့်ကိုက်ရတယ် ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ် .. ’’
တဲ့ . . ကဲ ဒီစကားပုံကိုစစ်ကြောဝေဖန်ကြည့်မယ်ဆိုရင် ‘ပေါက်
ပင်လေးကိုင်းညွတ်’ ပြဿနာဟာ အစဉ်တစ်စိုက်မီးခိုးတန်းလျှောက်
လိုက်သွားတယ်။ ပေါက်ပင်ကိုင်းရခြင်းရဲ ပြဿနာကိုကြည့်ရင် ကြား
ထဲမှာ ဆင်းပွားပြဿနာများလည်းမြောက်များစွာရှိကြောင်းသိနိုင်ပါ
တယ်။ ဒါ့ကြောင့် ပေါရဏခေါ်ရှေးပညာရှိများက ပဋိစ္စသမုဒ်ပါဒ် အ
ကြောင်းအကျိုးကို စီစစ်သုံးသပ်ဝေဖန်နိုင်ရန် ဒီစကားပုံဥပမာကို
ဥဒါန်းတွင်ရစ်စေတာပါ။
ဒါ့ကြောင့် သေးငယ်သောအာပတ်မှတိုင် အလိုလားအပ်သောအခြား
သော ပါရာဇိကကျလောက်သည့် ဂရုကအာပတ်များမဖြစ်ပေါ်စေရန်
တားမြစ်သင့်သည်။
“ပေါက်ပင်ကိုင်းညွတ်ရတာ ၊ ကျွဲလူးတာ ၊
ဖြုတ်ချင်ကိုက်တာ၊ ဗျိုင်းနားတာ’’
ဆိုတဲ့ စတဲ့ဖြစ်ကျိုးဟာ တကယ်တော့ မြွေတစ်ကောင်ရဲ့
ဆင့်ပွားဖြစ်စဉ်တွေလို့သိနိုင်ပါတယ်။ ဒါ့ကြောင့် မူလဘူတအကြောင်း
သေးငယ်သောအာပတ်မှဆီ . . ကျေကွဲဖွယ်ရာ ဂရုကအာပတ်များဆီ
သို့မကျရောက်စေရန် . . . ဗုဒ္ဓရှင်တော်၏ရွှေမျက်နှာတော်ကိုသာငဲ့
ကြည့်ရင်း . .ရေးသားအသိပေးလိုက်ရပေတော့သည်။

█ ░ အလင်းရှင် ░ █
ကျမ်းကိုး . .
၁၀ - မဏိစူဠကသုတ်၊ ၈- ဂါမဏိသံယုတ်၊
သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။
ပါဠိတော်စာမျက်နှာ -၅၀၉၊
မိုးထိမူနိဿစာမျက်နှာ - ၇၄၅
— with သု ဓမ္မ and 25 others.
Photo: ပျိုတို့မောင် ၀ါဝါ ၀တ်ကို ဒေါင်းခွပ်ချီလေး 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
ဗုဒ္ဓဘုရားရှင်၏ရွှေမျက်နှာတော်ကို ငဲ့ကြည့်လိုပါက  .. 
ဤဆောင်းပါးကိုအများသိရန် ဝေငှတော်မူကြပါ  .. ။
ပြောမယ်ဆိုရင် ငွေကိုင်နေတာကစပြီး သာသနာမှာပြဿနာတက်
နေတာပါ။ ဒါ့ကြောင့်ဒေါင်းဒင်္ဂါးတွေပေါ်တော့မြန်မာပြည်မှာတဘောင်

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget