.

AlinShin

Saturday, April 19, 2014

မိစ္ဆာတစ်ကောင်ရဲ့ မွေးနေ့

ဒီကောင်အသက်ရှင်နေတယ်ဆိုတာ ..
ပြည်သူတွေရဲ့အိုးအိမ်လယ်ယာမြေတွေကိုသိမ်းဆည်းဖို့
ဒီကောင်အသက်ရှင်နေတယ်ဆိုတာ . .
လယ်တီသိမ်ဘုရားအစရှိတဲ့ဗုဒ္ဓအမွေအနှစ်တွေကို မိုင်းခွဲဖို့
ဒီကောင်အသက်ရှင်နေတယ်ဆိုတာ
ဆင်းရဲသားကျေူးရွာတွေကို မီးရှို့ ဒိုဇာနဲ့ထိုးဖို့
ဒါ့ကြောင့်
ဒီကောင်လိုမိစ္ဆာတစ်ကောင်အတွက်
ကမ္ဘာမြေကြီးဟာလေးလံထိုင်းမှိုင်းနေသလို . .
ဘာသာသာသနာလည်းကွယ်ပနေပြီ ..
ဒီအတွက်ကြောင့်
ဒီကောင့်ကို တို့ပြည်သူတွေဝိုင်းဝန်းကာ မေတ္တာပို့ကြပါစို့
share ခြင်းဖြင့်ဗုဒ္ဓသာသနာတော်နှင့်ပြည်သူ့တာဝန်ကိုထမ်းဆောင်ပါ။
█ ░ အလင်းရှင် ░ █

ငယ်ငယ်က ကဗျာ

(ပိုးဖလံမျိုး မီးကိုတိုး ၊ ကိုယ်ကျိုးနဲတက်သည်)
ဒီကဗျာငယ်ကကြားမိတော့ . .
ညအခါဆီမီးတောက်ထဲဝင်တိုးတဲ့ပိုးဖလံကောင်တွေကိုအံ့သြမိတယ်။
ဟော ဗျာ။
အခုလိုအရွယ်ရလာတော့ .. .
တို့လူသားတွေလည်း ပိုးဖလံကောင်နဲ့မခြားဘူးဆိုတာသဘောက်ပေါက်လာတယ်။
သေပါမယ်ဆိုတဲ့ .. ကာမဂုဏ်ကိုခံစားကြတယ်
သေပါတယ်ဆိုတဲ့ .. တောင်ပေါ်ကိုတက်ကြတယ်
သေလျှင်အပါယ်လမ်းကိုရောက်စေတဲ့ လောဘဒေါသအမှုတွေကိုပြုကြတယ်။
သြော် . .
ငယ်စဉ် အသိမလိမ္မာမကြွယ်ဝခင်က အပြစ်တင်မိတဲ့ ပိုးဖလံကောင်တွေနဲ့
ငါတို့လူသားတွေ . . ဘာများခြားနားကွဲပြားနေလို့လဲ?
ပိုးဖလံက မီးကိုတိုးလို့ကိုယ်ကျိုးနဲသကဲ့သို့
လူတွေက လောဘမီးဒေါသမီးကိုတိုးလို့ ကိုယ်ကျိုးနဲကြတာပဲမဟုတ်လား?
█ ░ အလင်းရှင် ░ █

ခရိုနီသင်္ကြန်နဲ့ ကာမအ၀တ်စလစ်ကကွက်များ

မင်းတို့မှာ
အသိဉာဏ်ကာရကတွေမပိတ်ဖုံးတဲ့မျက်လုံးတစ်စုံသာရှိခဲ့ရင် . . .။
မင်းတို့မှာ
အသိဉာဏ်ကာရကတွေမပိတ်ဆို့တဲ့ နားတစ်စုံသာရှိခဲ့ရင် . . .။
သလဒသိန်းစိန်ဆိုတာ . . .
သန်းရွှေစစ်ခွေးရဲ့အလိုတော်ကျရုပ်သေးရုပ်တစ်ရုပ်ဆိုတာသိလိမ့်မယ်။
သလဒသိန်းစိန်ဆိုတာ .. .
ခရိုနီတွေအရောင်ပြောင်းဖို့ ဆေးရေးမှန်ကူတစ်ကောင်ဆိုတာသိလိမ့်မယ်။
အေး .. အသိသေးရင်သိအောင် . .
အသိဉာဏ်မပိတ်ဖုံးတဲ့ . . အလင်းရှင်ရဲ့
www.alinshin.co.vu ၀က်ဆိုက်ကိုဝင်သာကြည့် . .။
ကဲ .. . အခုပဲ ကြည့်စမ်း
မြန်မာသင်္ကြန်ဆိုတာ . . . .
ခရိုနီတွေရဲ့ကာမဂုံဈေးကွက်စည်းပွားရေးဖြစ်နေပြီမဟုတ်လား။
အေးကွ .. ။
မင်းတို့လူငယ်တွေကို
ခရိုနီစစ်ခွေးတွေက တစ်နှစ်ကိုတစ်ခါ မာတုဂါမလိင်ခန်း
နဲ့သွေးဆောင်ဖျြားယောင်းကာ .. အ၀ီစလမ်းကိုညွှန်ပြနေတာဆိုတာသိအောင်လုပ်။
မဟာသင်္ကြန်ဆိုတာ ..
ကိလေသာတွေကိုဆေးကြောဖို့ရန် ရေလောင်းကြတာ
မဟာသင်္ကြန်ဆိုတာ ..
ကိလေသာအပူတွေကို အေးဖို့ရန်ရေလောင်းကြတာ
အခုတော့
မဟာသင်္ကြန်ဆိုတာ ခရိုနီမဏ္ဍပ်မှာတိုင်ငရဲခန်းဆီသို့ . . ဖြစ်နေပြီ
လာမဲ့နှစ်မှာလည်း ခရိုသင်္ကြန်ရဲ့ကာမအ၀တ်စလစ်ခန်းများကိုဘယ်လိုပြသဦးမယ်ဆိုတာ . .
မည်သူမဆို . . ဓမ္မသဘောဉာဏ်ဖြင့်လွတ်လပ်စွာ Share နိုင်သည်
█ ░ အလင်းရှင် ░ █

ကုန်ဈေးနှုန်းမြင့်တက်မှုကိုပြသော မြန်မာ့ပြည်သင်္ကြန်

တစ်နှစ်ထက်တစ်နှစ် မြန်မာပြည်မှာ ကုန်ဈေးနှုန်းမြင့်တက်နေတယ်ဆိုတာ
သိသာလာတယ်။ အ၀တ်အစားတန်ဘိုးများလည်းကြီးမားလာတဲ့အတွက်
မာတုဂါမလေးတွေကလည်း အတွင်းခံဘောင်းဘီပဲဝတ်တော့တယ်။
သြာ် .. သုက္ခ . . . သုက္ခ . .
တို့များလည်း ဘုန်းကြီးဖြစ်နေလို့သာတော်ပေတော့တယ်။ နောက်မို့ဆို
သင်္ကြန်နဲ့ကတော့ ပြဿ နာပဲ။
ဖြစ်မှဖြစ်ရလေကွယ် . . .နောက်နှစ်ခါသင်္ကြန်ဆိုရင် ကိုယ်လုံးသီးပုံတွေ
နဲ့ကကြတော့မယ်နဲ့တယ်တယ်။
ကဲ .. သလဒ သိန်းစိန်ရေ . . နွားနို့သောက်ခိုင်းရုံ့နဲ့မပြီးသေးဘူး
အ၀တ်ကလေးပါ လုံခြုံအောင်ဝတ်ခိုင်းပါဦး
█ ░ အလင်းရှင် ░ █
အလင်း ရှင်'s photo.

အလင်း ရှင်'s photo.

တို့တောရွာ

သြော် .. . ငယ်ငယ်ကတော့ (တို့တောရွာ)ဆိုတဲ့ကဗျာလေးကိုသိပ့်ကြိုက်ပေါ့
အခုလို အသိတရားများရင့်ကျက်လာတော့ . . (တို့တောရွာ)ကဗျာလေးဟာ
အလွန်ရုပ်ဆိုးအကျည်းတန်မှန်းသိလာတယ် . . ။
တောသူတောင်သားများရဲ့ ရိုးသားမှုတွေကို ခရိုနီစစ်ခွေးများကအမြတ်ထုတ်
သွားတယ်။ အင်္ဂလိပ်လက်ထက်က လယ်ပိုင်ယာပိုင်များဟာ စစ်ခွေးထက်ထက်
ကြမှ မူးလို့ရှုစရာမြေမရှိဘ၀ကိုရောက်ခဲ့ရတယ်။
ဒါ့ကြောင့် ငယ်ငယ်က ဖတ်ခဲ့ကြိုက်ခဲ့တဲ့ တို့တောရွာကဗျာလေးဟာ အခုတော့
ကျေကွဲဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ကျေးတောကအလင်းရှင်
တို့ရဲ့ ဆွေတော်မျိုးတော်အနန္တအတွေက် ရင်နာစိတ်ဖြေစရာအဖြစ် ဒီကဗျာလေးကို
ရေးမိပါတယ်။ ကုသိုလ်စိတ်ဖြင့် Share ကြပါလို့လည်းတိုက်တွန်းပါတယ်။
အမြန်ဆုံး မြန်မာနိုင်ငံအ၀ှမ်းလုံးရှိ ကျေးတောသူကျေးတောသား တိုင်းရင်းသားအား
လုံး လယ်ယာအိမ်မြေမဲ့ဘ၀၊ စစ်ဘေးဒါဏ်သင့်ဘ၀ ၊ အလင်းမဲ့အငတ်မဲ့ဘ၀မှ
အမြန်ဆုံးလွတ်မြောက်ပါစေလို့ နှစ်ဦးမင်္ဂလာဆုတောင်းပတ္ထနာပြုလိုက်ပါတော့သည်။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ ..
မီးမလာ ရေမရတယ် စိတ်ပျက်စရာဘေး . .။

ပျိုလေးတို့ရွာ ၊ သာပါစေမေး ။
မေးပါနဲ့အေ . . .
ခရိုနီတွေလယ်မြေသိမ်းလို့
စစ်ခွေးတွေအိပ်ခြံသိမ်းတယ် နေစရာမရှိသေး ..။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ . .
မြင့်လှိုင်လည်/ဆည်က ထမင်းတစ်နပ်လျှော့စားခိုင်းတယ်
ငတ်နေပေါ့လေး ။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ . .
ဘုရားကျောင်းကန် စေတီပုထိုးကို
တရုတ်တွေ မိုင်းနဲ့ခွဲတယ် ကိုးကွယ်ရာဘေး။

ပျိုလေးတို့ရွာ ၊ သာပါစမေး။
မေးပါနဲ့အေ .. .
နယ်လှည့်ကာပါးကိုရိုက်တယ် အုန်းမြင့်ရဲ့ဘေး ။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ ..
လက်ပတောင်းတောင်ဘာအသုံးကျလို့
ဘယ်လိုတွေအသုံးချမယ် ဒေါစုကြည်ကမေး။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ ..
သမဒသိန်းစိန်နွားနို့သောက်ခိုင်းလို့
နွားတွေမှာ စားစရာမြက်မရှိလို့နို့မထွက်တယ် ဒုက္ခသည်ဘေး။

ပျိုလေးတို့ရွာ ၊ သာပါစမေး။
မေးပါနဲ့အေ .. .
ဆင်းရဲသားပပျောက်အောင် ရွာတွေကိုမီးလှန်ရှို့တယ်
ဒိုဇာနဲ့ထိုးသေး။

ပျိုလေးတို့ရွာ ၊ သာပါစမေး ။
မေးပါနဲ့အေ ..
တို့ဆရာတော်ကို ရဲကဖမ်းတယ်
ကျူးကျော်မို့လေး
█ ░ အလင်းရှင် ░ █

သတိလေးနဲ့

ဖေ့ဘွတ်မှာစာမရေးရင် ..
တာဝန်တစ်ခုကိုပျက်ကွက်နေသလိုခံစားရတယ်။
ကိုယ့်နဲ့လိုလားသူညီငယ်ညီမငယ်များအား အမြဲပေးဆပ်လိုပါတယ်။
ဘာပဲဖြစ်ဖြစ် တို့တွေအားလုံးဟာ . . .
သတိလေးနဲ့
✩ ✩ ✩ ✩ ✩ ✩ ✩
မအိုခင်လေး .. .
ချစ်ကြရတာမို့ .. ချစ်သာချစ်ကြ
သို့သော် ကုသိုလ်ဖြစ်ပါစေ . .။
မနာခင်လေး ..
လွမ်းကြရတာမို့ .. လွမ်းသာလွမ်းကြ
သို့သော် ကုသိုလ်ဖြစ်ပါစေ . .။
မသေခင်လေး . .
ဆွေးကြရတာမို့ .. ဆွေးသာဆွေးကြ
ိသို့သော် ကုသိုလ်ဖြစ်ပါစေ။
သံသာရာတစ်ကွေ့မှာအချိန်ကာလအပိုင်းအခြားဆိုတဲ့
မရဏစည်းဝိုင်းထဲမှာနေရင်း ..
တို့တွေအားလုံး .
ကိုယ့်အမျိုး .. ကိုယ့်ဘာသာ .. ကိုယ့်သာသနာကိုချစ်ကြပါ။
ကိုယ့်တိုင်းရင်းသာညီအစ်ကိုမောင်နှမများကို ဖေးမပါ။
ဘာသာကိုအယောင်ပြ .. သင်္ကန်းကိုအရေခြုံ . .
သာသာနာကိုဖျက်ဆီးနေသူများကို ဆန့်ကျင်ကြ။
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
█ ░ အလင်းရှင် ░ █

█ ░ အလင်းရှင် ░ █

ဇီးတင်သာချဖင်ပြတဲ့ မြန်မာ့သင်္ကြန်

ကြည့်ပါ။ နိုင်ငံခြားသားစုံတွဲဝတ်ထားတာနဲ့
ဗမာမ၀တ်ထားတာ .. ဘယ်လိုကွာခြားနေလဲ ..
ဒီအတိုင်းသာလွှတ်ထားပါက
ဗမာမတွေရဲ့ရှေ့ရေးဟာဖြင့်မတွေးဝံ့စရာဖြစ်နေပြီ
သကြန်သည် ဇီးတင်သားချဖင်ပြတဲ့ပွဲဖြစ်နေပြီ
ဒီလိုပြောတော့ ပြောတဲ့သူကို သောက်တင်းပြောကြ
လေဦးမည်။ ပြောသူက . . ဖြစ်စဉ်ကိုတင်ပြတာပါ။
ရိုးရာဓလေ့ကိုတင်ပြတာပါ။ အဖြစ်သင့်တာမလုပ်သင့်
တာတွေလုပ်နေတဲ့ ဗမာမအချို့ရဲ့ သောက်ရှက်မရှိတာ
ိကိုပြောတာပါ။ အကြိုက်ရင်ဘလော့ပစ်လိုက်ပါ။
မှန်တယ်ထင်ရင် ရှဲပါ။
█ ░ အလင်းရှင် ░ █

မုန်းလိုက်ကြစမ်းပါ .. ခရိုနီနဲ့စစ်ခွေးလော်ဘီတို့ရယ် ..

ဒီနှစ်သင်္ကြန်အတွက်တော့ ကြေကွဲစရာကောင်းတဲ့ ကတွန့်လေးပါပဲ။
ဘ၀ကိုရိုးသားစွာလုပ်ကိုင်စားသောက်နေကြတဲ့ ကြောမွဲလူတမ်းစား
ရဲ့အဖြစ်ကို .. . စစ်ခွေးနဲ့လက်ပါးစေခရိုနီတွေမသိဟန်ဆောင်နေကြတယ်။
ဒါကို .. အလင်းရှင်က သိအောင်ဖွင့်ချတယ်။
ဒီတော့ .. ဘာဖြစ်လဲ သိလား ?
(၁) သခင်အယောင်ဆေင်တွေက မုန်းတယ်
(၃) ခရိုနီနဲ့စစ်ခွေးလော်ဘီတွေက မုန်းတယ် ။
အေး . . မုန်းကြ .. မုန်းကြ
မိုးကုတ်ဆရာတော်ဘုရားကြီးပြောခဲ့သလိုပါပဲ ..
( ဒီမယ် ဒကာမကြီး . .
သူတို့တွေက ဘုန်းကြီးကို အခုမှမုန်းနေကြတာပါ ။
ဘုန်းကြီးကကိုယ့်ကိုယ်ကိုမုန်းခဲ့တာ ကြာနေပါပြီ . .)
ဒီလိုပါပဲကွာ ..
တို့လည်း တို့ကိုယ်တို့မုန်းနေခဲ့တာ . .. ဆယ်စုနှစ်တစ်ခုမကတော့ပါဘူးကွာ။
█ ░ အလင်းရှင် ░ █

အမြန်လမ်းပေါ်ကားမေင်းလျှင် ဒေါသများလျှော့ချထားသင့်ပြီ

ကားကြီးတွေကလည်း ယဉ်ငယ်ကိုကျော်တက်ဖို့ လမ်းမပေးချင်ဘူး။
ဟော့ အခုကြည် အားလုံးမသာပေါ်ကုန်ပြီပေါ့။
ဒါ့ကြောင့်လမ်းမပေးချင်တဲ့ လောဘကြောင့် ဒေါသထွက်ကာလမ်းမပေး
ဘဲမလွတ်တလွတ်မောင်းတော့ ဟော . . အခုတာ့ မောဟောတွေဖြစ်ကုန်ကြလေပြီ။
ဒါကို ကားမောင်းသမားတိုင်း အတုယူပြုပြင်သင့်ပါတယ်။ ကျော်လိုသူကကျော်မယ်လို့ (အချက်ပေးမီးတောက်ရင်) ရှောင်တိမ်းဖို့လမ်းပေးသင့်ပါတယ်။ အထူးသဖြင့်မြန်မာပြည်မှာကားမောင်းကြတာ နှလုံးရည်မပြည့်ဝကြပါဘူး။
ကျော်တက်သွားရင် မခံချင်တဲ့လောဘဒေါသစိတ်ဟာ အလွန်မတက်အောက်တမ်း
ကျတယ်တယ်ဆိုတာကို ကားမောင်းသမားများအား အထူးပညာပေးသင်တန်းများပို့
ချသင့်နေပါပြီ။
ယခုဓာတ်ပုံပါဖြစ်စဉ်ကို သစ်ထူးလွင်သတင်းမှာအောက်ပါအတိုင်းတွေ့ရပါတယ်။
အမြန်လမ်းပေါ်က အဆိုးဝါးဆုံးယာဉ်တိုက်မှု
========================
ဧပြီ(၁၂)ရက်နေ့ ယနေ့ နံနက်(၂)နာရီခွဲခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း (ဖြူးမြို့နယ်)၊
မိုင် ၁၁၆/၂ နားမှာ တောင်တန်းပြာ ခရီးသည်တင်ကားနဲ့ ယာဉ်ငယ် တစ်စီး တိုက်မှု
ဖြစ်ပွားရာမှာ ခရီးသည် (၂၅)ဦး မီးလောင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ယာဉ်ငယ်တစ်စီးကို တောင်တန်ပြာ ခရီးသည်တင်ကားကြီးကကျော်တက်ရာမှာ ကားငယ်က
ချိတ်ပါသွားပြီး ကားငယ်ဆီတိုင်ကီပေါက်ကာ ၂ စီးလုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားငယ်က (၅)ဦးနဲ့ ကားကြီးက (၂၀)ဦး မီးလောင်
သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ တာဝန်ရှိသူတွေ
ဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။ ဒဏ်ရာရသူ တချို့ကိုတော့ ဖြူးဆေးရုံကို
ပို့ ဆောင် ကုသပေးနေပြီး အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါတယ်။
█ ░ အလင်းရှင် ░ █
6Like · ·

ဓမ္မသင်္ကြန်

သင်္ကြန်ကာလမှ ဓမ္မရသများနဲ့ပျှော်မွေ့ချင်သူများအတွက် ..
အလင်းရှင်ဆရာတော်မှ အပင်ပန်းခံ တင်ထားတဲ့ ပိဋကတ်သုံးပုံ
မြန်မာပြန်များ၊ ဘာသာပြန် ဒီပနီကျမ်းစာအုပ်များ ..
အခြား ထင်ရှားသော စာရေးဆရာဟောင်းကြီးများရဲ့လက်ရာများ
စတဲ့ စာအုပ်များကိုဖတ်ရှု့ရင်း . . နှစ်ဟောင်းကအညစ်အကြေးများ
ကို ဆေးကြောနိုင်ပါရန် .. အောက်ပါလင့်တွင်ဝင်ရောက်ဒေါင်းယူ
ဖတ်ရှု့နိုင်ကြပါသည်။
http://www.alinshin.co.vu/search/label/ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
█ ░ အလင်းရှင် ░ █

သင်္ကြန်မှာလာနှုတ်ဆက်တဲ့ စာကလေး

သြော် . .
ဘုံဘ၀မှာဖြင့် ဆုံရလေတယ်ပေါ့
အလင်းရှင်ရဲ့ ကွန်ပြုတာသုံးတဲ့ကျောင်းဆောင်လေးထဲကိ
စာကလေးငှက်တစ်ကောင်သူ့အလိုလိုဝင်လာတယ်
သူလည်း မဟာသင်္ကြန်မှာလာနှုတ်ဆက်တာနဲ့တူတယ်
တစ်နာရီလောက်အလင်းရှင်နဲ့အတူနေဖြစ်တယ်
သူလေး . . ကျောင်းပြူတင်းပေါက်ကနေ သွားခါနီး အစာကောက်ပုံစံနဲ့
အလင်းရှင်ကိုနှုတ်ဆက်သွားလေရဲ့ .. ။
သြော် ..
ငါ့စကားကို မင်းမသိသလို မင်းစကားကိုလည်းငါကမသိ
အလင်းရှင်ပြောမိတာကတော့
မင်းဘ၀လေး လွပ်လပ်စွာပျံသန်းနိုင်ပါစေ ..
ငှက်အာဏာရှင်များရဲ့ . . . ကျော့ကွင်းကလွတ်ပါစေ .
ငှက်ခရိုနီများရဲ့ . . .ဒုက္ခမှလွှ့တ်ကင်းပါစေ .. .
ငှက်ခက်မုဆိုးများရဲ့ .. လက်မှလွတ်ကင်းပါစေ ..
အဆုံးစွန်သောဘ၀မှာ ..
ဗုဒ္ဓဟောကြားသစ္စာအလင်းစကားများနားကြားလွတ်မြောက်နိုင်ပါစေ . .။
█ ░ အလင်းရှင် ░ █

ဇီးတင်သားချ မြန်မာ့မသင်္ကြန်အလှ

သင်္ကြန်ရဲ့
မူလအရာသာဟာ ..
ပူပြင်းလှတဲ့ရာသီကို အန်တုဖို့ . .
တစ်နှစ်တာရဲ့အကုသိုလ်တွေကို ကုသိုလ်စေတနာနဲ့ဆေးကြောဖို့ . .
ဂုဏ၀ုဍ္ဎိဝယ၀ုဍ္ဎိ ကုသိုလ်စည်းပွားအကျိုးများဖို့
အဘိုးအဖွားများကိုနံသာရေပေးကုသိုလ်ဆေးဖွဲ့တာပါ။
ဟော .. အခုတော့
သင်္ကြန်ဟာ . .
အချို့အ၀က်တွေအတွက်
တရားဝင် ဇီးတင်ပွဲဖြစ်သွားတယ် ..
သင်္ကြန်ဟာ
လူမသူတော်အချို့အတွက်
တရားဝင်အရက်သောက်ရမဲ့ရက်ဖြစ်သွားတယ်
သင်္ကြန်ဟာ . .
တရားဝင် ရိုက်ပွဲနှက်ပွဲဖြစ်သွားတယ်
သင်္ကြန်ဟာ . .
တရားဝင် ဖင်ပေါ်ပွဲဖြစ်သွားတယ် ..
သြော် ..
ဖိုးသကြားမင်းရယ် . .
ဒီလိုမြန်မာပြည်က ဒီလို ဇီးတင်သားချတဲ့ သင်္ကြန်မျိုးကို ဘာလို့များခွင့်ပြုခဲ့ရတာလဲ?
█ ░ အလင်းရှင် ░ █

ငါရယ် .. သူရယ် .. ဖေ့ဘွတ်ရယ်

အင်း ဖေ့ဘွတ်ပေါ်မှာလည်း အလင်းရှင်ရဲ့ ဒကာဒကာမများကို
မတွေ့ရတော့ပေ .. ။
သြော် ..
ဖေ့ဘွတ်ပေါ်အလာတုန်းကလည်း ငါတစ်ယောက်ထဲ
အခုတော့လည်း ငါတစ်ယောက်ထဲ ..
သင်္ကြန်ဟာ
ငါရယ် . .
ဖေ့ဘွတ်ရယ်
ငါ့ဒကာဒကာမတွေကို ရှင်ကွဲခွဲတဲ့သဘောပဲ။
မင်းတို့ကတော့ သင်္ကြန်ကိုချစ်ကြမှာပေါ့
ငါကတော့ သင်္ကြန်ကိုမုန်းတယ် ..
သင်္ကြန်မှာ ဒုလ္လဘတွေဝတ်တာမြင်ရတာအချိုးမပြေဘူးကွာ။
တက်တူးတွေနဲ့ .. သင်္ကန်းတော်အရိုအသေမဲ့သလိုခံစားရတယ်။
သင်္ကန်းလေးရုံလွှမ်းထားမယ်ဆိုရင်တော့ တော်သေးရဲ့။
အင်း . .
ကုသိုလ်တွေပဲအိပ်ကပ်ထဲထည့်နေကြတာလား
အကုသိုလ်တွေပဲ ဆင်နွဲနေကြသည်လား
အဘိဉာဉ်ရရဟန်းမဟုတ်လေတော့
သင်္ကြန်ပွဲမှာ
ငါ့ရဲ့ ဓမ္မမာမကတို့ ဘယ်များရောက်နေသည်ကို မှန်းဆ၍မသိနိုင်အောင်ပင်ရှိလှသည်။
ဘယ်လိုပဲဖြစ်ဖြစ် ..
သင်္ကြန်ပြီးရင်တော့
ဖေ့ဘွတ်ပေါ်အမောတကောတက်လာကြမှာတော့ သေချာသည်။
သြော် ..
မသေခင်လေး ဒီလိုအတွေးတွေနဲ့ ဒီလိုရေးရင်း
ဒီနှစ်သင်္ကြန်ကို အလင်းရှင်တစ်ယောက် လွမ်းမောတသဘယ်သူ့ကိုသတိရရပမလဲ။
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget