.

AlinShin

Tuesday, July 29, 2014

ဆရာဦးဆန်းလွင်၏ စာအုပ်များစုစည်းမှု

ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း(ဦးဆန်းလွင်).DownLoadhare 

 ဖြစ်တည်ခြင်းပဓာနနှင့်လူသားပဓာန. Download here

အ၀ိုင်းလည်ဝဋကျွေး(၁)ရက်နေ့ကစပြီးလွတ်ပါပြီ

ဟား . . ဟား . . ဟား . .
Mpt ရဲ့ဝဋ်ကို လာမဲ့ (၁)ရက်နေ့ကစပြီးလွတ်ပါတော့မယ်လို့
ဒကာဒကာမများအားအသိပေးပါတယ်။
ဘာလို့လည်းဆိုတော့ အော်ရိဒူးက (၁)ရက်နေ့ရောင်းချမယ်လို့
DvB သတင်းမှာကြည့်လိုက်ရတယ်။
Photo: အ၀ိုင်းလည်ဝဋကျွေး(၁)ရက်နေ့ကစပြီးလွတ်ပါပြီ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
ဟား . . ဟား . .  ဟား  . .
Mpt ရဲ့ဝဋ်ကို လာမဲ့ (၁)ရက်နေ့ကစပြီးလွတ်ပါတော့မယ်လို့
ဒကာဒကာမများအားအသိပေးပါတယ်။
ဘာလို့လည်းဆိုတော့ အော်ရိဒူးက (၁)ရက်နေ့ရောင်းချမယ်လို့
DvB သတင်းမှာကြည့်လိုက်ရတယ်။
သိန်းသုံးဆယ်နဲ့ဝယ်ခဲ့ရတဲ့ ဆင်းကဒ်ဟာ လိပ်သွားနှုန်းနဲ့အပြိုင်
လည်နေတဲ့ အ၀ိုင်းဝဋ်ကျွေးကို ဦးကောဝိဒတို့လွတ်ပြီ  . ကျွတ်ပြီ ဗျို့  . . 
မှတ်ချက်။
အခုပိုစ့်လေးတင်တာ မိနစ် သုံးဆယ်ကျော်ကြာပါတယ်။
တစ်ကြိမ်နဲ့မရလို့ လိုင်းပိတ်ထားပြီးမှနောက်တစ်ကြိမ်ပြန်
တင်ရတာပါ။ အဲလိုဒုက္ခတွေအလီလီပေးခဲ့တဲ့ ခွေးမသား
Mpt အာဏာရူးကိုစိတ်နာပါတယ်။
█ ░ အလင်းရှင် ░ █

တရုတ်ဝမ်ပေါင်နှင့်ကြံ့ဖွတ်စစ်ခွေးတို့ကို ဒေသခံတွေကျိန်စာတိုက်ပွဲပြုလုပ် (ဓာတ်ပုံများ)

ဆင်းရဲသားပြည်သူတွေအတွက် နျူကလီးယားကိုမဆိုထားနဲ့ ဓားတစ်
ချောင်းကို ကိုင်မိသည်နှင့် စစ်ခွေးတို့သည် (၁၉ / င ) ပုဒ်မတပ်ကာမ
လိုရင်မလိုသလိုအရေးယူတက်ပါတယ်။
တကယ်တန်းရန်ကုန်မြို့လူကုံတန်ရပ်ကွက်တွင် နေ့ခင်းကြီး (၅)လောင်း
ပြိုင်လူသတ်မှုကိုတော့ (မသိဟန်ဆောင်နေကြပါတယ်)
Photo: တရုတ်ဝမ်ပေါင်နှင့်ကြံ့ဖွတ်စစ်ခွေးတို့ကို
♥  ♥  ♥  ♥  ♥  ♥ ဒေသခံတွေကျိန်စာတိုက်ပွဲပြုလုပ်  
ဆင်းရဲသားပြည်သူတွေအတွက် နျူကလီးယားကိုမဆိုထားနဲ့ ဓားတစ်
ချောင်းကို ကိုင်မိသည်နှင့် စစ်ခွေးတို့သည် (၁၉ / င ) ပုဒ်မတပ်ကာမ
လိုရင်မလိုသလိုအရေးယူတက်ပါတယ်။
တကယ်တန်းရန်ကုန်မြို့လူကုံတန်ရပ်ကွက်တွင် နေ့ခင်းကြီး (၅)လောင်း
ပြိုင်လူသတ်မှုကိုတော့ (မသိဟန်ဆောင်နေကြပါတယ်)
ဆိုလိုတာကတော့ ပြည်သူမှာ အာဏာရူးအစိုးရစစ်ခွေးကြံ့ဖွံတ်တို့ကို 
အနိုင်တိုက်နိုင်ရန် လက်နက်ဆိုလို့ သစ္စာ/ကျိန်စာ တို့သာဖြစ်ပါတယ်။
ယင်းသို့ ပြည်သူများမှ ကျိန်စာတိုက်ခြင်းသစ္စာပြုခြင်းသည် ဗုဒ္ဓ၀ါဒပိဋ
ကတ်တော်တွင် “အပြင်းအထန်သက်ရောက်မှုရှိကြောင်း” မဟာဗုဒ္ဓ၀င်
ကျမ်းတော်ကြီးက သက်သေခံပါသည်။ ယင်းကျမ်းများအား ဖတ်ရှု့လို
ပါက ဒီလင့်တွင် . . . 
http://aungminkhoung.blogspot.com/2014/07/29-mb.html
မှတ်ချက်။
{အလင်းရှင်မှ ဓမ္မဒါနပြုထားပါတည်။ မိမိတို့ကွန်ပျူတာ/ဖုန်း/စသည်
တို့တွင် ကြည့်ရှု့နိုင်ရန် ၀င်ရောက် download ဆွဲယူနိုင်ပါသည်။}
အခုလည်း . . . .
ဒေသခံပြည်သူတွေက တရုတ်နှင့်စစ်ခွေးကြံ့ဖွတ်တို့အားကျိန်စာတိုက်ပွဲ
များကို စီမံပြုလုပ်လျှက်ရှိကြောင်းကို  .. .ဒီလင့်တွင်ဖတ်ရှု့နိုင်ပါသည်
http://aungminkhoung.blogspot.com/2014/07/blog-post_71.html

ဘဒ္ဒ န္တကောဝိဒ █ ░ အလင်းရှင် ░ █

Mpt ကို ..

Photo: Mpt ကို  ..  
သိန်းသုံးဆယ်ပေးခဲ့ရတာကတကြောင်း  .. . 
လိုင်းမကောင်းအောင် အနှောက်အယှက်ပေးတာကတကြောင်း  .. . 
စစ်အာဏာရှင်အဆက်ဆက်ကို နာကျည်းမုန်းတီးတာကတကြောင်း  .. 
စသည့်အကြောင်းအကြောင်းများကြောင့်  .. . 
အလင်းရှင်ဆရာတော်သည် (၁)ရက်နေ့မှစ၍ mpt ဖုန်းစုတ်ကြီးကို
လုံးဝ  .. လုံးဝ  .. သုံးစွဲမည်မဟုတ်တော့ကြောင်း  .. နှင့် . .
ဖုန်းနံပါတ်ပေးထားသူများအား အော်ရီဒူးနံပါတ်ရလျှင် ချက်ဘေက်မှ
တစ်ဆင့်ပေးလိုက်ပါ့မယ်လို့  .. . အသိပေးလိုက်ပါသည်။
အထူးမှတ်ချက်ကတော့ တယ်ရီနော့ ၀င်လာရင် အော်ရီဒူးကိုမသုံး
စွဲတော့ပါဘူးဆိုတာပါပဲ . . ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက် 
စမ်းချောင်းမြို့နယ်၊ရန်ကုန်

4LikeLike · · Stop Notificatio

Mpt ဆိုတာ . . .

MPT ဆိုတာ စစ်ခွေးပြုတ်သိန်းစိန်ရဲ့လက်ဝေခံ
ဒီတော့ ဘယ်လိုလုပ်ကျုပ်တို့က အဲဒီကောင်တွေကို ယုံကြည်ရမှာလည်း . .
(မိဘပြည်သူများခင်ဗျာ) . . .. ဆိုပြီး ..
ပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်နေတာ မျက်စေ့ပါနားကြားသူတိုင်း
သိပါတယ်။
ဒီနေ့အထိငြိမ်းချမ်းရေးမပြီးသေးလို့ အတိဒုက္ခရောက်နေတဲ့ပြည်သူတွေ
သိန်းနဲ့ချီရှိသလို . .လယ်ယာမြေတွေဆုံးရှုံးထောင်ကျနေတဲ့ပြည်သူတွေ
ရော .. အောတိုက်ပဲမဟုတ်လား .. 

ဒီတော့ဒီမိစ္ဆာကြံ့ဖွတ်စစ်ခွေးတွေက ပြည်သူတွေတင်သတ်တာလားဆိုရင်
မဟုတ်ပါဘူး မဟုတ်ပါဘူး  . .ပြည်သူတို့ကိုးကွယ်တည်ထား
တဲ့ စေတီ၊ပုထိုး၊သိမ်၊ကျော်းဂူစတာတွေကိုလည်းပဲ ယင်းတို့ရဲ့အတ္တကိုယ်
ကျိုးစီးပွားအတွက် ဖျက်ဆီးခဲ့တယ်ဆိုတာ  .. . 
မျိုးချစ်အမည်ခံလော်ဘီများ  .. . . 
သခင်အမည်ခံလော်ဘီများ  . . .
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအမည်ခံများ  .. .(၀ါ)
တစ်ချိန်က ရဟန်းသံဃာများကိုသတ်ခဲ့သော စွမ်းအားရှင်ကြံ့ဖွတ်အရောင်
ပြောင်းများ  .. . . 
သိစေချင်ပါသည် . . . .
ယင်းတို့ကို အမြင်မှန်ရစေချင်ပါသည် . . ရလည်းရမည်မထင်ပါ။

မဟာဗုဒ္ဓ၀င်ကျမ်းစာအုပ်များစုစည်းတင်ဆက်မှု

 1 -A မဟာဗုဒ္ဓ၀င် ( ပဌမတွဲ- ပဌမပိုင်း)  Download here 

2 -B မဟာဗုဒ္ဓ၀င် ( ပဌမတွဲ- ဒုတိယပိုင်း).Download here   

3-မဟာဗုဒ္ဓ၀င် ( ဒုတိယတွဲ ).Download here  
 
 4-မဟာဗုဒ္ဓ၀င် ( တတိယတွဲ) Download here  

5-မဟာဗုဒ္ဓ၀င် ( စတုတ္ထတွဲ).Download here  

6-မဟာဗုဒ္ဓ၀င် (ပဉ္စမတွဲ).Download here  

7- A မဟာဗုဒ္ဓ၀င် (ဆဋ္ဌမတွဲ၊ ပထမပိုင်း).Download here  
  
8-Bမဟာဗုဒ္ဓ၀င် (ဆဋ္ဌမတွဲ၊ ဒုတိယပိုင်း).Download here  

သင်သူတော်ကောင်းအပေါင်းတို့အတွက် အခုလို အပင်ပန်းခံက
ကျမ်းစာအုပ်များအားစုစည်းတင်ဆက်ပေးခြင်းသည်
ပညာပါရမီအလိုငှာဖြစ်ပါသည်  သင်သူတော်ကောင်းအပေါင်းတို့သည်လည်း
ကိလေသာကုန်ခမ်းကြောင်းဖြစ်သော ဗုဒ္ဓဓမ္မတို့အား ဆက်လက်အားထုတ်
နိုင်ကြပါစေဟု ဆုတောင်းမိပါသည်။
ဒီဘလော့လေးတွင် Like အဖြစ်ကလစ်ခေါက်ခြင်းဖြင့် မျှဝေဒါနပြုနိုင်ကြပါစေ
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်

တရုတ်နှင့်စစ်ခွေးကြံဖွတ်တို့အား ကျိန်စာတိုက်ပြန်လေပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာသိမ်းခံရသည့် ဒေသခံ ၁၀၀ ဝန်းကျင်သည် ယနေ့ နံနက်ပိုင်းက ကျိန်စာတိုက်ပွဲတစ်ခုပြုလုပ်ခဲ့သည် ဟု သိရသည်။

 ကျေးရွာပေါင်း ၃ရွာမှ ဒေသခံများသည် ကံတောရွာဟောင်းအနီး နတ်ကတောင်ခြေ တွင် ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း၊
သက်ဆိုင်ရာမှ လာရောက်တားဆီခြင်းမရှိခဲ့ကြောင်း၊ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း လယ်ယာသိမ်းခံရသည့် ဒေသခံ ကိုဝင်းကျော် က ဧရာဝတီသို့ပြောသည်။

“ကျနော်တို့ မကျေနပ်တာတွေကိုသက်ဆိုင်ရာ ကသိအောင်ပြတာပါ။ ကျနော်တို့တွေက လျော်ကြေး ငွေတကျပ်မှ မယူရသေးပါဘူး။
စီမံကိန်းဟာ ကျနော်တို့ ဒေသခံတွေအတွက် ဘာအကျိုးခံစားခွင့်မှလည်း မရှိပါဘူး” ဟု ကိုဝင်းကျော်က ဆိုသည်။

  •   လက်ပံတောင်းတောင် ဒေသ မေ၂၄ရက်နေ့   စတုထ္ထအကြိမ်မြောက် ကျိန်စာတိုက်ပွဲ လုပ်ခဲ့စဉ်က  (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဒေသခံပြည်သူများသည် လ ၏ ၂၉ ရက်ကို ရောက်တိုင်း လှုပ်ရှားမှုများပြုလုပ်ကြကြောင်း၊ အဆိုပါ ပြုလုပ်ခြင်းသည်လည်း ဒေသခံများ၏ စည်းလုံးစည်ညွတ်မှုကို ပြခြင်းဖြစ်ကြောင်းနှင့် သိမ်းခံရသည့်လယ်မြေကိစ္စ  ကို မကျေနပ်မှုကို ပြသခြင်း တို့ကြောင်း လုပ်ဆောင်ရခြင်းဖြစ်သည် ဟု လက်ပံတောင်းတောင် စီမံကိန်းတွင် လယ်ယာမြေ သိမ်းခံရသည့် ပြည်သူများကို လိုက်ပါးကူညီဆောင်ရွက်ပေးနေသည့်
ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ပြောသည်။

“ ကျနော်တို့ လယ်ယာမြေစသိမ်းခံရကတည်းက စပြီး ကျိန်စာတိုက်ပွဲတွေလုပ်လာတာ ၈၀ နီးပါးတော့ ရှိတော့မယ်။
ဒါပေမယ့် အခုထိ စီမံကိန်းနယ်မြေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာက ဒေသခံတွေနဲ့တွေ့ဆုံတာတွေဘာမှ မရှိသေးဘူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ခြံစည်းရိုး ခတ်ထားသည့် လယ်မြေထဲသို့ နွားကျောင်းရန်သွားသည့် ဒေသခံများနှင့် လုံခြုံရေးရဲများတို့ ဇူလိုင် ၂၆ ရက်နေ့က အပြန်အလှန်
 တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာ စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်၊ တရုတ် အစိုးရနှင့် တရုတ်နိုင်ငံ ကုမ္ပဏီတခု ဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့က
အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်း ဖြစ်သည်။

Miss Universe Myanmar 2014 Winner ဆုရှင် သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံခြင်း

Miss Universe Myanmar 2014 Winner ဆုရှင် သျှားထွဋ်အိန္ဒြာ
 (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
Miss Universe Myanmar 2014 အပြီးသတ် ပြိုင်ပွဲကြီးကို ဇူလိုင်လ ၂၆ ရက်နေ့က
ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်းများစွာက အလှမယ်များစွာ
 ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ်ကို ရွေးချယ်ခဲ့ပါတယ်။ သူကတော့ သျှားထွဋ်အိန္ဒြာလို့ အမည်ရပြီး Camp သွင်း ရွေးချယ်ထားတဲ့အလှမယ် ၂၀ ထဲကနေ Miss Universe Myanmar 2014 Winner
ဆုကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံပြီး ဧရာဝတီက သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ပရိသတ်သိစေဖို့ မေးမြန်း ခဲ့ပါတယ်။
မေး။     ။ ညီမရဲ့မိသားစုအကြောင်း အရင်ဟြေပြပေးပါ။
ဖြေ။     ။ ညီမမှာ မိသားစုလေးယောက် ရှိပါတယ်၊ ညီမရယ်၊ ဖေဖေရယ်၊ မေမေရယ်၊
ညီမရဲ့ ညီမလေးရယ်ပါ။
မေး။     ။ ပညာအရည်အချင်း ကရော …။
သျှားထွဋ်အိန္ဒြာ, Miss Universe Myanmar 2014 Winner
ဖြေ။     ။ ဟုတ်ကဲ့ ညီမအခု Second Year Philosophy တက်နေပါတယ်၊ ဒဂုံတက္ကသိုလ်မှာပါ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှာလည်း Marketing Management  ပညာရပ် တက်နေပါတယ်ရှင့်။
မေး။     ။ အခုလို Winner ဆုရခဲ့တဲ့ အတွက် ဘယ်လိုခံစားရလဲ။
ဖြေ။     ။ လုံးဝ မမျှော်မှန်းထားခဲ့ပါဘူး၊ အခုလိုရတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ အမှန်အတိုင်းဝန်ခံတာပါ၊ ဒါပေမဲ့ ညီမကြိုးစားတယ်၊ အတတ်နိုင်ဆုံး ညီမကိုယ်ညီမ ယုံကြည်ချက်အပြည့်အ၀ ထည့်ထားတယ်။
ညီမမိသားစုရဲ့ အားပေးမှု၊ Organization ရဲ့အားပေးမှု၊ အားလုံးရဲ့ အားပေးမှုကြောင့် ဒီလို ယုံကြည်မှုတွေရခဲ့တာပါ။
မေး။     ။ ညီမမှာ ဘယ်လိုမျိုး အားသာချက်တွေကြောင့် ဒီလို ရွေးချယ်ခံခဲ့ရတာလို့ ထင်လဲ။
ဖြေ။     ။ ညီမမှာ အားသာချက်က ညီမက လုံးဝ စိတ်မဆိုးတတ်ဘူး၊ ညီမမျက်နှာမှာ စိတ်ဆိုးတဲ့ အမူအရာဆိုတာ မရှိခဲ့ဘူး၊ အမြဲတမ်း ပြုံးရွှင်နေနိုင်တယ်ပေါ့နော်။ အဲ့ဒါကို Organization ကလည်း ဟြေတယ်၊ ဖူးခက်က ဆရာတွေကလည်း အဲဒီတခုကို အရမ်းသဘောကျ ကြတယ်ရှင့်။
မေး။     ။ Miss တယောက်က စိတ်ဓာတ်ရော၊ အရည်အချင်းရော အားလုံး ကောင်းမွန် ပြည့်စုံနေရမှာဆိုတော့ ညီမ အဲဒီအချက်တွေ အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။
ဖြေ။     ။ ညီမရဲ့ စိတ်ဓာတ်ကို ဟြေပြချင်တာက ညီမမှာ မနာလိုတဲ့ စိတ်မျိုး လုံးဝမရှိပါဘူး၊ နောက်တခုက ညီမ စိတ်မဆိုးတတ်ဘူး။ တကယ်လို့ ဒီဆုကို ညီမမရဘဲ တခြားညီအစ်မ တယောက် ရသွားမယ်ဆိုရင်လည်း ညီမ မုဒိတာပွားပြီး လက်ခုပ်တီးပြီး အားပေးမှာပါ။ သူလိုအပ်တာကို ညီမ နောက်ကနေပြီး ပံ့ပိုးပေးမယ်။ နောက်ပြီး အလှအပနဲ့ ပတ်သက်လို့ ညီမ Perfect မဖြစ်သေးဘူး၊ ဒါပေမယ့် တခြားနိုင်ငံက အလှမယ်တွေနဲ့ ယှဉ်ပြီ ညီမ အစစ အရာရာ အဆင်ပြေအောင် ကြိုးစားသွားမှာပါ။
မေး။     ။ Organization အပေါ်မှာရော ညီမ ဘယ်လိုစိတ်မျိုးထားလဲ။
ဖြေ။     ။ Organization က ညီမရဲ့ ကျေးဇူးရှင်တွေပါ၊ ညီမ အတတ်နိုင်ဆုံး ကျေးဇူး ဆပ်သွားမှာပါ။
မေး။     ။ Miss Universe ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ကိုရော ဘယ်လိုတွေ စဉ်းစားထားလဲ။
ဖြေ။     ။ ညီမတို့မြန်မာနိုင်ငံရဲ့ သယံဇာတတွေ၊ Traditional Dance တွေ၊ ညီမတို့ နိုင်ငံက ဘယ်လောက်အထိ ယဉ်ကျေးမှု ထွန်းကားတယ်ဆိုတာကို သူများနိုင်ငံတွေထက် လုပ်ပြသွားမယ်လို့ ညီမကတိပေးပါတယ်။
ညီမ တကယ်ကို ဒီမှာ ကြိုးကြိုးစားစား ပြင်ဆင်သွားပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားကျ ကျေနပ်နိုင်တဲ့ အနေအထား တခုအထိ ကြိုးစားသွားပါ့မယ်ရှင့်။
http://burma.irrawaddy.org/entertainment/2014/07/29/62528.html
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget