.

AlinShin

Saturday, January 4, 2014

ဗိုလ်ချုပ်အောင်ဆန်းအင်တာဗျူး ရုပ်သံ

ကဲ . . ဒကာတော်များ ဒကာတော်မများရေ . .
မလွတ်လပ်သော လွတ်လပ်ရေးနေ့ကတော့ ပြီးသွားပြီ . .
လွတ်လပ်ရေးကိုပေးခဲ့တဲ့အင်္ဂလိပ်က တို့ပြည်သူတွေအတွက်ပေးခဲ့တာမဟုတ်ဘဲ
စစ်ခွေးဆိုးကြီးဗိုလ်နေ၀င်းဗိုလ်သန်းရွှေတို
့မိသားတစ်စုနဲ့ လက်ဝေခံစစ်ခွေးသား
ပေါက်လေးများအပြင် တေဇ၊ ခင်ရွှေအစရှိတဲ့ ခရိုနီတို့အတွက်ပေးခဲ့သလိုဖြစ်နေ
တယ်။ ရအောင် တိုက်ခဲ့တောင်းခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ စတေးမှုတွေဟာ
အခုတော့ နိုင်ငံတော်ဆင်းရဲမွဲတေမှုဆိုတဲ့ ရလဒ်ဆိုးတွေပဲ ခံစားခွင့်ရခဲ့တယ်။
ကဲ . . ကဲ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်တာဗျူး လေးကိုကြည့်
ြံပီး . . . အနိစ္စ၀တသင်္ခါရကို ခံစားကြရအောင် ။ ဖေ့ဘွတ်မှာ ဒေါင်းလို့မရတဲ့သူ
တွေအတွက် ဒေါင်းလို့ရအောင် ဘလော့မှာပဲတင်ထားလိုက်တယ် ၀င်သာဒေါင်း
လိုက်ကြပေတော့။

Download
http://aungminkhoung.blogspot.com/2014/01/blog-post_7454.html#.UsjxT_XnVdk
အလင်းရှင် 
Photo: ဗိုလ်ချုပ်အောင်ဆန်းအင်တာဗျူး ရုပ်သံ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
ကဲ . . ဒကာတော်များ ဒကာတော်မများရေ . . 
မလွတ်လပ်သော လွတ်လပ်ရေးနေ့ကတော့ ပြီးသွားပြီ . .
လွတ်လပ်ရေးကိုပေးခဲ့တဲ့အင်္ဂလိပ်က တို့ပြည်သူတွေအတွက်ပေးခဲ့တာမဟုတ်ဘဲ
စစ်ခွေးဆိုးကြီးဗိုလ်နေ၀င်းဗိုလ်သန်းရွှေတို့မိသားတစ်စုနဲ့ လက်ဝေခံစစ်ခွေးသား
ပေါက်လေးများအပြင် တေဇ၊ ခင်ရွှေအစရှိတဲ့ ခရိုနီတို့အတွက်ပေးခဲ့သလိုဖြစ်နေ
တယ်။ ရအောင် တိုက်ခဲ့တောင်းခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ စတေးမှုတွေဟာ
အခုတော့ နိုင်ငံတော်ဆင်းရဲမွဲတေမှုဆိုတဲ့ ရလဒ်ဆိုးတွေပဲ ခံစားခွင့်ရခဲ့တယ်။
ကဲ . .  ကဲ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်တာဗျူး လေးကိုကြည့်
ြံပီး . . . အနိစ္စ၀တသင်္ခါရကို ခံစားကြရအောင် ။ ဖေ့ဘွတ်မှာ ဒေါင်းလို့မရတဲ့သူ
တွေအတွက် ဒေါင်းလို့ရအောင် ဘလော့မှာပဲတင်ထားလိုက်တယ် ၀င်သာဒေါင်း
လိုက်ကြပေတော့။
Download 
http://aungminkhoung.blogspot.com/2014/01/blog-post_7454.html#.UsjxT_XnVdk
☀ အလင်းရှင် ☀

ကာတွန့်တွေကို မမေ့နဲ့ကဏ္ဍ (၁)

ကာတွန့်ဆရာတို့ရဲ့ ပြည်သူချစ်သောစိတ်ဓာတ်သည်၊ မြန်မာနိုင်ငံ
ခေတ်သမိုင်းအဆက်ဆက်မှာ ပေါ်ပေါက်နေမြဲဖြစ်သည်။ အညတရ
ကာတွန့်ဆရာများနှင့် အလင်းရှင်တို့ကဲ့သို့သော အညတရာစာရေး

ဆရာများရဲ့ နှလုံးသားသည် . ..
ဖြူ ၏ . . စင် ၏ . . နူးညံ့သိမ်မွေ့၏။ ။
မာ ၏ . . ကြော ၏ . . ခပ်ထန်တောင့်တင်း၏ ။
ထို့ကြောင့် ခေတ်အဆက်ဆက်တွင်ပေါ်ထွက်လာခဲ့သော ကာတွန့်
လက်ရာများသည်လည်းကောင်း ဆောင်းပါးကဗျာလက်ရာများသည်
လည်းကောင်း အာဏာရှင်ကို တွန်းလှန်ခဲ့သည်ကများသည်။ (အချစ်
ဝတ္ထုလိုင်းကိုမဆိုလိုအထင်မကြီးပါ) ဟာသသရုပ်သကန်များရေးသည့်
ဆရာအီကြာကွေး(ဓနုဖြူ) စသည်တို့သည်သလည်း တကယ်ကို တန်
ဘိုးရှိသော မြန်မာပြည်ရဲ့ ရတနာများပင်ဖြစ်သည်။ သည့်အတွက်
ကြောင့် ကျနုပ်တို့သည် သန်း(၆၀)ကိုကိုယ်စားပြုရေးသားနေကြသော
ကာတွန့်ဆရာစာရေးဆရာများကို နှလုံးသားတွင် ပူဇော်သင့်ပူဇော်
ထိုက်ပေသည်။ သည့်အတွက်ကြောင့် အလင်းရှင်သည် ခွင့်သာခိုက်
များရှီပါက ယခုကဲ့သို့ ကာတွန့်ဆရာတွေကို မမေ့နဲ့ကဏ္ဍ သစ်တစ်
ရပ်ကို တင်ပြသွားမည်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အင်တာဗျူး

ဗိုလ်ချုပ်အောင်ဆန်းနှင့်အင်တာဗျူး

QUESTION ONE ? (၂) Tatoo (သို့) သေရာပါကုသိုလ်

ဗုဒ္ဓမြတ်စွာက လူ့တန်ဘိုးကို သတိပဋ္ဌာန်နဲ့ ဖေါ်ပြထားတာ။ ရာထူး
အာဏာတွေနဲ့ တင်စားထားတာမဟုတ်ဘူး။ ဒါ့ကြောင့် ဦးဇင်းပြော
တဲ့မေးခွန်းတွေကို လူသားဖြစ်ခွင့်မှာကျိုးရှိဖို့ မေးကိုမေးရမယ်။ တစ်
နေ့ထဲ တစ်ရက်ထဲမေးရမှာမျိုး မဟုတ်ဘူး။ အချိန်ရရရလို မေးပေး
နေရမယ်။ မေးတယ်ဆိုတဲ့သူဟာ အဖြေမရသေးရင်နေ မေးခွန်းမေး
ဖို့ Carefulness ဖြစ်နေတယ် နောက်တစ်မျိုး  Thoughtfulness
တယ်လို့လည်းပြောလို့ရတယ်။ ဗုဒ္ဓစာပေကတော့ အပ္ပမာဒတရား
လို့သုံးတယ်။ တော်တော်ကိုအရေးကြီးတဲ့ သတိပဲ။ အရေးကြီးလွန်း
လို့ကိုဗုဒ္ဓမြတ်စွာက သူနောက်ဆုံးလူ့ဘ၀ကို စွန့်ခါနီးလေးမှာတောင်
အခြားအထွေအထူးမပြောခဲ့ဘူး။ ဒီအပ္ပမာဒကိုပဲ ပြောခဲ့တာ။ ဒါကို
တထာဂတပစ္ဆိမ၀ါစာဆိုပြီး မဟာပရိနိဗ္ဗာနသုတ္တန်မှာရှိတယ်။ ဒီပါ
ဠိတော်လေးဟာ တို့တွေမင်းတို့တွေအတွက် အလွန်ကိုနှုတ်ထဲ
ဆောင်ထားရမယ့် ပါဠိတော်ပဲကွ။ တိုတိုလေးပါ ခဏလေးကျက်ရုံ
နဲ့ရပါတယ်။ ခဏနဲ့မရတော့လည်း စက္ကူလေးပေါ်ချရေးပြီး အိပ်
ကပ်ထဲဆောင်ထား အားရင်ဖတ်နောက်ရသွားတာပါပဲ။ တို့လည်း
စာသင်သားဘ၀တုန်းက ကိုကျက်ရမယ့် ပါဠိတော်ဂါထာလေး
တွေကို စာရွက်ဖြူလေးပေါ်ရေးပြီး ဆွမ်းခံသွားတဲ့အခါ သပိတ်ဖုံး
ပေါ်တင် လမ်းလျှောက်ရင်း ကျက်ခဲ့ရတာပဲ ။  ကဲ ဒါ့ကြောင့် သေရာ
ပါအောင် လိုက်မှတ်လိုက်ကြဟေ့ . .။ တို့ ကိုစစ်အစိုးရကထောင်ထဲ
ထည့်ထားတုန်းက လူဆိုးသူခိုးဂျပိုးတွေနဲ့ ပေါင်းဖူးတယ်။ သူတို့က
ငွေကုန်ခံပြီး Tattoo ထိုးကြတယ်။ ဘာလို့ထိုးတာလဲလို့ ဦးဇင်းက
မေးတဲ့အခါ “ကိုယ်သေတဲ့အထိယူသွားလို့ရတယ် ’’ တဲ့။ ဦးဇင်းကို
လည်း ထိုးပါလားတဲ့ ။ သူပိုက်ဆံစိုက်ပေးမယ် တဲ့။  ထိုလူဆိုးကြီး
ပြောတဲ့စကားကြောင့် “သေရာပါတဲ့ကုသိုလ်’’  ဆိုတဲ့Thinking
လေးတစ်ခု ထောင်ထဲကရလာခဲ့တယ်။
ဒါ့ကြောင့်မင်းတို့တွေ သေရာပါသွားအောင် အရေပြားပေါ်မှာ Tattoo
မထိုးဘဲ နှလုံးသားအတွင်းခန်းလေးမှာ ဓမ္မဂါထာတော်လေးထိုးထား
လိုက်ကွ။ ကဲ . .  လိုက်ရေးလိုက်ကြပေတော့ . .။
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟန္ဒဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။
ဝေါ၊သင်တို့အား။ အာမန္တယာမိ၊ သိစေအပ်၏။ ကိံအာမန္တယာမိ၊ အ
ဘယ်ကိုသိစေအပ်သနည်းဟူမူကား။ ဘိက္ခဝေ၊ရဟန်းတို့။ သင်္ခါရ၊
ရုပ်နာမ်ဟုဆိုအပ်တဲ့သင်္ခါရတရားတို့သည်။ ၀ယဓမ္မာ၊ ပျက်ခြင်းသဘော
ရှိကုန်၏။ တေသင်္ခါရေ။ ထိုမမြဲတဲ့ရုပ်၊နာမ်ဓမ္မဤလောကတို့ကို။ တုမှေ၊
သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့သောသတိတရားဖြင့်။
သမ္ပာဒေထ၊ ပြည့်စုံအောင်စောင့်ထိမ်းကြကုန်လော။
တန်ဘိုးရှိလိုက်တာကွာ။ ငါတို့ မင်းတို့တွေ ဒီနေ့ညချမ်းဟာဖြင့် ဘုရားတစ်
ဆူတစ်ဆူပွင့်တိုင်း နောက်ဆုံးမှာတမ်းတော်လေးကို တို့တွေ ရေးကြဖတ်
ကြရတယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀ကိုတဒင်္ဂကိုရလိုက်တာပဲ။
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █

Photo: QUESTION ONE ?
♥  ♥  ♥  ♥  ♥  ♥  ♥  
(၂) Tatoo (သို့) သေရာပါကုသိုလ်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀
ဗုဒ္ဓမြတ်စွာက လူ့တန်ဘိုးကို သတိပဋ္ဌာန်နဲ့ ဖေါ်ပြထားတာ။ ရာထူး
အာဏာတွေနဲ့ တင်စားထားတာမဟုတ်ဘူး။ ဒါ့ကြောင့် ဦးဇင်းပြော
တဲ့မေးခွန်းတွေကို လူသားဖြစ်ခွင့်မှာကျိုးရှိဖို့ မေးကိုမေးရမယ်။ တစ်
နေ့ထဲ တစ်ရက်ထဲမေးရမှာမျိုး မဟုတ်ဘူး။ အချိန်ရရရလို မေးပေး
နေရမယ်။ မေးတယ်ဆိုတဲ့သူဟာ အဖြေမရသေးရင်နေ မေးခွန်းမေး
ဖို့ Carefulness ဖြစ်နေတယ် နောက်တစ်မျိုး  Thoughtfulness 
တယ်လို့လည်းပြောလို့ရတယ်။ ဗုဒ္ဓစာပေကတော့ အပ္ပမာဒတရား
လို့သုံးတယ်။ တော်တော်ကိုအရေးကြီးတဲ့ သတိပဲ။ အရေးကြီးလွန်း
လို့ကိုဗုဒ္ဓမြတ်စွာက သူနောက်ဆုံးလူ့ဘ၀ကို စွန့်ခါနီးလေးမှာတောင်
အခြားအထွေအထူးမပြောခဲ့ဘူး။ ဒီအပ္ပမာဒကိုပဲ ပြောခဲ့တာ။ ဒါကို
တထာဂတပစ္ဆိမ၀ါစာဆိုပြီး မဟာပရိနိဗ္ဗာနသုတ္တန်မှာရှိတယ်။ ဒီပါ
ဠိတော်လေးဟာ တို့တွေမင်းတို့တွေအတွက် အလွန်ကိုနှုတ်ထဲ
ဆောင်ထားရမယ့် ပါဠိတော်ပဲကွ။ တိုတိုလေးပါ ခဏလေးကျက်ရုံ
နဲ့ရပါတယ်။ ခဏနဲ့မရတော့လည်း စက္ကူလေးပေါ်ချရေးပြီး အိပ်
ကပ်ထဲဆောင်ထား အားရင်ဖတ်နောက်ရသွားတာပါပဲ။ တို့လည်း
စာသင်သားဘ၀တုန်းက ကိုကျက်ရမယ့် ပါဠိတော်ဂါထာလေး
တွေကို စာရွက်ဖြူလေးပေါ်ရေးပြီး ဆွမ်းခံသွားတဲ့အခါ သပိတ်ဖုံး
ပေါ်တင် လမ်းလျှောက်ရင်း ကျက်ခဲ့ရတာပဲ ။  ကဲ ဒါ့ကြောင့် သေရာ
ပါအောင် လိုက်မှတ်လိုက်ကြဟေ့ . .။ တို့ ကိုစစ်အစိုးရကထောင်ထဲ
ထည့်ထားတုန်းက လူဆိုးသူခိုးဂျပိုးတွေနဲ့ ပေါင်းဖူးတယ်။ သူတို့က 
ငွေကုန်ခံပြီး Tattoo ထိုးကြတယ်။ ဘာလို့ထိုးတာလဲလို့ ဦးဇင်းက
မေးတဲ့အခါ “ကိုယ်သေတဲ့အထိယူသွားလို့ရတယ် ’’ တဲ့။ ဦးဇင်းကို
လည်း ထိုးပါလားတဲ့ ။ သူပိုက်ဆံစိုက်ပေးမယ် တဲ့။  ထိုလူဆိုးကြီး
ပြောတဲ့စကားကြောင့် “သေရာပါတဲ့ကုသိုလ်’’  ဆိုတဲ့Thinking 
လေးတစ်ခု ထောင်ထဲကရလာခဲ့တယ်။
ဒါ့ကြောင့်မင်းတို့တွေ သေရာပါသွားအောင် အရေပြားပေါ်မှာ Tattoo 
မထိုးဘဲ နှလုံးသားအတွင်းခန်းလေးမှာ ဓမ္မဂါထာတော်လေးထိုးထား
လိုက်ကွ။ ကဲ . .  လိုက်ရေးလိုက်ကြပေတော့ . .။
► ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ 
► ၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။ 
►ဘိက္ခဝေ၊ ရဟန်းတို့။ ဟန္ဒဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။
►ဝေါ၊သင်တို့အား။ အာမန္တယာမိ၊ သိစေအပ်၏။ ကိံအာမန္တယာမိ၊ အ
►ဘယ်ကိုသိစေအပ်သနည်းဟူမူကား။ ဘိက္ခဝေ၊ရဟန်းတို့။ သင်္ခါရ၊
►ရုပ်နာမ်ဟုဆိုအပ်တဲ့သင်္ခါရတရားတို့သည်။ ၀ယဓမ္မာ၊ ပျက်ခြင်းသဘော
►ရှိကုန်၏။ တေသင်္ခါရေ။ ထိုမမြဲတဲ့ရုပ်၊နာမ်ဓမ္မဤလောကတို့ကို။ တုမှေ၊
►သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့သောသတိတရားဖြင့်။ 
►သမ္ပာဒေထ၊ ပြည့်စုံအောင်စောင့်ထိမ်းကြကုန်လော။ 
တန်ဘိုးရှိလိုက်တာကွာ။ ငါတို့ မင်းတို့တွေ ဒီနေ့ညချမ်းဟာဖြင့် ဘုရားတစ်
ဆူတစ်ဆူပွင့်တိုင်း နောက်ဆုံးမှာတမ်းတော်လေးကို တို့တွေ ရေးကြဖတ်
ကြရတယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀ကိုတဒင်္ဂကိုရလိုက်တာပဲ။ 
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █

QUESTION ONE ? (၁) သတိပဋ္ဌာန်ဝါဒီ

တို့လူ့ဘ၀ကိုရောက်လာခဲ့ကြပြီ . .
ဘယ်လိုနည်းနဲ့ရောက်လာခဲ့တယ်ဆိုတာတော့ ထားလိုက်ပါတော့ ။
အေး . . ဒါပေမယ့် ထားလို့မရတဲ့ မေးခွန်းလေးတစ်ခုတော့ တို့
မဖြစ်မနေမေးကြရမယ့်။ ကိုယ့်ကိုယ်ကိုယ်တိုင်ပြန်မေးရမှာမျိုး။
ကဲ ဦးဇင်းမေးသလိုလေးလိုက်မေးကြည့်။
မေးခွန်း . ☛
လူ့ဘ၀ကိုရောက်လာခဲ့ပြီ ဒီလူဘ၀မှာ ပေးဖို့လာတာလား ?
ယူဖို့လာတာလား ?
အခုဒီမေးခွန်းလေးတော့ တို့မေးကိုမေးရမယ်။ တစ်ခါဒီမေးခွန်းရဲ့
နောက်ကွယ်မှာ မေးခွန်းလေးတစ်ခုစီလောက်ထပ်ပွားလာတက်တယ်။
ပေးခြင်းနဲ့ယူခြင်းရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ ? ။ ကဲ ဒါလေးကိုတို့တွေခံ
စားကြည့်ရအောင်။
တိုတောင်းလှပါသော လူ့ဘ၀တွင် တို့တွေဟာ ပုံစံခွက်တစ်ခုထဲမှာ
လှုပ်ရှားနေရသလိုမျိုးပါ။ ဒီလိုတွေးမိရမယ်။ အဲလိုတွေးနိုင်ဖို့အတွက်
ဓမ္မသဘာဝကိုသိထားရမယ်။ ဒီတော့က သတ်တမ်းတိုတိုလေးမှာ
တို့တွေ အတ္တဆန်နေမယ့်အစား . . ပရဆန်ကြည့်လိုက်ပါလား ? ။
တကယ်ထင်မှတ်နေတဲ့ အထည်ဒြပ်ကိုယ်ဆိုတာ တို့စိတ်ကူးယဉ်တွေ
ပါနော် . . ။ အမှန်ရှိနေတာက ဓာတ်သဘောတွေပါ။ ဒြပ်စင်တွေရဲ့
ပြောင်းလဲမှုနိယာမလို လူသည်လည်း ရုပ်နမ်ခန္ဓာရဲ့ သမုတ်သညာပါ။
ဒါ့ကြောင့် တို့တွေဟာ ခဏလေး . . .တဒင်္ဂလေး . . . ။ တကယ်တွေး
မိလေ တကယ်ကိုခဏလေးပဲဆိုတာ ပိုသိမြင်လာတယ်။ ကိုယ်နဲ့အတူ
ဘ၀တစ်ကွေ့မှာ ဆုံခဲ့ကြသူတွေ အချို့ လူ့ဘ၀ကို ထားခဲ့ကြပြီး ဘုံဘ၀တစ်စီကို
 ရောက်သွားနှင့်ကြပြီ။ ကဲ . . ကဲ .. တို့တွေသက်ရှင်
နေတုန်း ထိုထိုသူတွေထားခဲ့တဲ့ လူ့ဘ၀လေးမှာ စားနေ၀တ်အတွက်
အဓမ္မ၀ါဒကိုကျင့်သုံးခြင်းဟာ သင့်လျှော်ပါ့မလား ? အဲဒါကိုထပ်မေးရ
မယ် ။ မေးကိုမေးရမယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးခွန်းမျိုးမမေးမိရင်
သစ္စာဝါဒီအဖြစ် ပုံဖေါ်ဆောင်နိုင်မှာမဟုတ်ဘူး။ နောက်ဗုဒ္ဓစာ ပေအရ
ပြောရရင် သတိပဋ္ဌာန်ဝါဒီအဖြစ်သတ်မှတ်ခွင့်ရမှာမဟုတ်ဘူး။
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █
 
2

ရူးသွပ်ခြင်းနှင်းဆီ

အလင်းရှင်ဆိုတဲ့ ရဟန်းတစ်ပါးက . .
အရာရာကို ယောနိသောမနသိကာရနဲ့ ရှု့မြင်သုံးသပ်တက်တယ်။
ပြောမယ်ဆိုရင် . .
အတ္တကို လျှော်ဖွတ်လို့ . .

အနတ္တကို ခေါင်ထွဋ်တင်တက်တဲ့သူပေါ့။
အေး . . လောကကို အခုလိုမျက်လုံးမျိုးနဲ့သာကြည့်လိုက် ..
အားလုံးဟာ ကဗျာတွေချည်းပဲ ..
ဟော .. မယုံရင် ပလက်ဖေါင်းမှတ်တိုင်းနားကိုကြည့်လိုက်
အမှိုက်ထဲက ငွေရှာနေတဲ့ ခလေးသူငယ်လေးတွေ . .
သိမ်းထောင်ကျော်တန်ကားပေါ်ကိုကြည့်လိုက်
လက်ကိုင်ဖုန်းအသံလှိုင်းထဲကနေ ဒေါ်လာရှာနေတဲ့သူတွေ . .
ကြည့်လိုက် . . ကြည့်လိုက် . .
မြင်လိုက် . . မြင်လိုက် . .
အားလုံးဟာ . .
ရူးသွပ်ခြင်းနှင်းဆီတစ်ပွင့်ကို ပိုင်ဆိုင်ဖို့အတွက် အိပ်မက်မက်နေကြတာပါပဲ။

█ ░ အလင်းရှင် ░ █
— with Kula Rakkhita and 19 others.
Photo: ရူးသွပ်ခြင်းနှင်းဆီ
♥  ♥  ♥  ♥  ♥  ♥  
အလင်းရှင်ဆိုတဲ့ ရဟန်းတစ်ပါးက . .
အရာရာကို ယောနိသောမနသိကာရနဲ့ ရှု့မြင်သုံးသပ်တက်တယ်။
ပြောမယ်ဆိုရင် . . 
အတ္တကို လျှော်ဖွတ်လို့  . .
အနတ္တကို ခေါင်ထွဋ်တင်တက်တဲ့သူပေါ့။
အေး . .  လောကကို အခုလိုမျက်လုံးမျိုးနဲ့သာကြည့်လိုက်  .. 
အားလုံးဟာ ကဗျာတွေချည်းပဲ  .. 
ဟော  ..  မယုံရင် ပလက်ဖေါင်းမှတ်တိုင်းနားကိုကြည့်လိုက်
အမှိုက်ထဲက ငွေရှာနေတဲ့ ခလေးသူငယ်လေးတွေ . . 
သိမ်းထောင်ကျော်တန်ကားပေါ်ကိုကြည့်လိုက် 
လက်ကိုင်ဖုန်းအသံလှိုင်းထဲကနေ ဒေါ်လာရှာနေတဲ့သူတွေ  . . 
ကြည့်လိုက်  . . ကြည့်လိုက် . .
မြင်လိုက်  . . မြင်လိုက် . . 
အားလုံးဟာ  . . 
ရူးသွပ်ခြင်းနှင်းဆီတစ်ပွင့်ကို ပိုင်ဆိုင်ဖို့အတွက် အိပ်မက်မက်နေကြတာပါပဲ။
█ ░ အလင်းရှင် ░ █

ကြက်ဆူပင် နှင့် အလင်းရှင်

အလင်းရှင်ဆိုတာ . .
ထောင်ကထွက်မှ အခုလိုစာရေးခဲ့သည်မဟုတ် ရဟန်းဝါ (၃)အရကတည်းကရေးခဲ့
တာ။ထောင်မကျခင်ကတည်းက စစ်ခွေးဆိုးကြီးရဲ့ ကြက်ဆူပင်အကြောင်းကိုရေးတုန်း
အခါကဂျာနယ်အယ်ဒီတာကို စီစစ်ရေးက ဗိုလ်မှူးဆို
တဲ့ကောင်က ကောင်းကောင်း
ကောလွှတ်လိုက်တယ်။ နောက်တစ်ခါဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကိုပိတ်မယ်တဲ့။
ဟေဟေ့ . . အလင်းရှင်ဆိုတာ အဲလိုကို အမှန်အလင်းပေးရေးခဲ့တာ . . ဟ။
အချို့ စာပေနားမလည်တဲ့ ခလေးတွေက အလင်းရှင်ကို ဖေ့ဘွတ်ပေါ်မှာ လက်ကမြင်း
ကြောထတဲ့ ငချွတ်လေးလို့ ထင်နေကြတယ် . . ဟေ ဟေ့ . .။
ကံကောင်းလို့ နော် .. နောက်မို့ဆို အလင်းရှင်ဟာ ကြက်ဆူပင်ကတည်းက ထောင်
နန်းစံရမှာ . .။ ဒါ့ကြောင့် တို့ စာရေးတယ်ဆိုတာ အခုမှရေးတာမဟုတ်သလို ဗလိုင်း
ထီးဆိုင်ရေးတာလည်းမဟုတ်ပါဘူးကွယ် . . ။ ကိုယ်တိုင်ပိဋကတ်ကိုနားဒေါင်းမပန်
နိုင်ပေမယ့်၊ အဋ္ဌကထာ ဋီကာဆရာတော်များရဲ့ အားကိုးနဲ့ မတိမ်းမစောင်းအောင်
နေ့စဉ်အားရင်အားသလို ရေးနေတာပါ။
ဘာပဲဖြစ်ဖြစ် ကြက်ဆူပင်ကိုတော့ အလင်းရှင်ကျေးဇူးတင်ပါတယ်။ အင်း . .မှတ်
မိသေးတယ် . . စစ်ခွေးဆိုးကြီးက" ခြံစည်းရိုးကြက်ဆူ " ဆိုပြီး ဒေါ်စုကြည်ကို
ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာဆိုပဲ။ သို့သော်လည် မကြာခင်မှာပဲ
" ကြက်စူဆီထွက် စုကြည်တက်" ဆိုတဲ့တဘောင်ပေါ်လာလို့ ကြက်ဆူပင်ကိုလှည့်
မကြည့်တာ အခုအအထိပဲတဲ့ ဒကာတို့ရေ . . အေးတို့လည်း အဲဒီတဘောင်လံလိုက်
လို့လား ကြက်ဆူးပင်အကြော်းရေးမိတာ ဂျေးထဲမရောက်လိုက်တာနဲ့တူပါရဲ့ . .. ။

█ ░ အလင်းရှင် ░ █
 
Photo: ကြက်ဆူပင် နှင့် အလင်းရှင်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
အလင်းရှင်ဆိုတာ . .
ထောင်ကထွက်မှ အခုလိုစာရေးခဲ့သည်မဟုတ် ရဟန်းဝါ (၃)အရကတည်းကရေးခဲ့
တာ။ထောင်မကျခင်ကတည်းက စစ်ခွေးဆိုးကြီးရဲ့ ကြက်ဆူပင်အကြောင်းကိုရေးတုန်း
အခါကဂျာနယ်အယ်ဒီတာကို စီစစ်ရေးက ဗိုလ်မှူးဆိုတဲ့ကောင်က ကောင်းကောင်း
ကောလွှတ်လိုက်တယ်။ နောက်တစ်ခါဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကိုပိတ်မယ်တဲ့။
ဟေဟေ့ . .  အလင်းရှင်ဆိုတာ အဲလိုကို အမှန်အလင်းပေးရေးခဲ့တာ . . ဟ။ 
အချို့ စာပေနားမလည်တဲ့ ခလေးတွေက အလင်းရှင်ကို ဖေ့ဘွတ်ပေါ်မှာ လက်ကမြင်း
ကြောထတဲ့ ငချွတ်လေးလို့ ထင်နေကြတယ် . .  ဟေ ဟေ့ . .။ 
ကံကောင်းလို့ နော်  .. နောက်မို့ဆို အလင်းရှင်ဟာ ကြက်ဆူပင်ကတည်းက ထောင်
နန်းစံရမှာ . .။ ဒါ့ကြောင့် တို့ စာရေးတယ်ဆိုတာ အခုမှရေးတာမဟုတ်သလို ဗလိုင်း
ထီးဆိုင်ရေးတာလည်းမဟုတ်ပါဘူးကွယ် . . ။ ကိုယ်တိုင်ပိဋကတ်ကိုနားဒေါင်းမပန်
နိုင်ပေမယ့်၊ အဋ္ဌကထာ ဋီကာဆရာတော်များရဲ့ အားကိုးနဲ့ မတိမ်းမစောင်းအောင်
နေ့စဉ်အားရင်အားသလို ရေးနေတာပါ။ 
ဘာပဲဖြစ်ဖြစ် ကြက်ဆူပင်ကိုတော့ အလင်းရှင်ကျေးဇူးတင်ပါတယ်။ အင်း . .မှတ်
မိသေးတယ် . . စစ်ခွေးဆိုးကြီးက" ခြံစည်းရိုးကြက်ဆူ " ဆိုပြီး ဒေါ်စုကြည်ကို 
ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာဆိုပဲ။ သို့သော်လည် မကြာခင်မှာပဲ 
 " ကြက်စူဆီထွက် စုကြည်တက်" ဆိုတဲ့တဘောင်ပေါ်လာလို့ ကြက်ဆူပင်ကိုလှည့်
မကြည့်တာ အခုအအထိပဲတဲ့ ဒကာတို့ရေ . .  အေးတို့လည်း အဲဒီတဘောင်လံလိုက်
လို့လား ကြက်ဆူးပင်အကြော်းရေးမိတာ ဂျေးထဲမရောက်လိုက်တာနဲ့တူပါရဲ့  . .. ။

█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget