.

AlinShin

Friday, October 31, 2014

စစ်ခွေးကြံ့ဖွတ်အောင်သောင်းကို အမေရိကန်က နာမည်ပျက်စရင်းထည့်သွင်းလိုက်သည်။


မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအတွင်း သြဇာ
ကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိ လွှတ်တော်
ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်
အစိုးရရဲ့ အရေးယူပိတ်ဆို့မှုချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ
ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက
သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင်
လုပ်ဆောင်လာတဲ့  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ
အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်
စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို  သူဟာ
အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေ     ကို နှိမ်နှင်းရာမှာ ပါဝင်
ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့
ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ
ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့
ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိ
ကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ
သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့
တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ
ဖေါ်ပြထားပါတယ်။
အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ
လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့
ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ်
လူသိများပါတယ်။
https://www.blogger.com/blogger.g?blogID=7183521177547611220#editor/target=post;postID=9139458692767937972

အငြင်းပွားဖွယ်ရာ လယ်မြေပေါ်တွင် ဇေကမ္ဘာကုမ္ပဏီက ခြံခတ်နေသည့်ကိစ္စ ဥပဒေအကြောင်းရ ဆောင်ရွက်သွားမည်ဟု ဒေသခံတို့ပြောကြား

မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး စံပြကျေးရွာရှိ အငြင်းပွားဖွယ်ရာ
ဖြစ်နေသည့် လယ်မြေပေါ်တွင် ဇေကမ္ဘာကုမ္ပဏီ က ခြံခတ်နေသည့်
ကိစ်္စကို ဥပဒေအကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု
ဒေသခံ လယ်သမားများဘက်မှ ဦးဆောင်သူ ဦးအေးနိုင်က 
News Watch ဂျာနယ်သို့ ပြောသည်။

ဇေကမ္ဘာကုမ္ပဏီက ဒီမြေကွက်မှ ခြံခတ်တဲ့ကိစ်္စကို အိုးအိမ်ဦးစီးဌာနက 
၂၀၁၃ ခုနှစ်က တားဆီးထားပါတယ်။ အခု ဒီကိစ္စကို ပြန်လုပ်တယ်ဆို
တော့ အိုးအိမ်ကို စာတင်တယ်။ ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ လယ်သမားတွေကလည်း ဒေါသဖြစ်နေပြီ။ အခု အိုးအိမ်ရုံးကိုသွားပြီး 
ဒီလိုကိစ္စကို ဘာကြောင့်ပြန်ခွင့်ပြတာလဲ မေးမယ်။ အိုးအိမ်က ဘာ
ကြောင့်ပြန်သလဲ ဆိုတာကို လယ်သမားတွေကို ပြန်ရှင်းပြ မယ်။ 
ဒီလိုရှင်းပြလို့မှ လယ်သမားတွေက လက်မခံကြရင် ကျွန်တော်
လည်းဘာမှ မပြောနိုင်ဘူး””ဟု ၎င်းက ပြောသည်။

၁၉၉၇ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) 
လက်ထက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှတဆင့် ဇေကမ္ဘာ
ကုမ္ပဏီက လယ်မြေဧက ၁၇၄၁ ဧက ရရှိခဲ့ပြီး ယင်းလယ်မြေများတွင် 
သင်္ကန်းကျွန်းကြီးစံပြ ကျေးရွာ လယ်သမား (၁၈၇)ဦး ပိုင်ဆိုင်သည့် 
လယ်ဧက (၁၁၆၁)ဧက ပါဝင်ကြောင်း သိရသည်။

““၁၉၉၇ က န၀တရဲ့အစီအမံနဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနကနေ ဇေကမ္ဘာ
ကုမ္ပဏီကို ချထားပေးတာ။ အဲဒီရဲ့ အကျိုး ဆက်ကို ဆက်လုပ်၊ ပိုင်ဆိုင်မှု 
အငြင်းပွား တဲ့မြေ မဟုတ်ပါဘူး။ အိုးအိမ်ကနေ တရားဝင်ခွင့်ပြုတဲ့ မြေပါ””
ဟု ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။

အောက်တိုဘာ ၂၄ ရက်နေ့က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး 
မှူးရုံးတွင် ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာ အပါအ၀င် ၃ ဦးနှင့် လယ်သမား
ဘက်မှ ဦးဆောင်မှု (၃) ဦးတို့ တွေ့ဆုံ၍လယ်ယာ မြေခြံခတ်သည့်ကိစ်္စများ
ဖြေရှင်းကြသော်လည်း ပြေလည်မှုမရှိသည့်အတွက် အထွေထွေအုပ်ချုပ်
ရေးမှူးမှ အိုးအိမ်ဦးစီးဌာနသို့ အကြောင်းကြားစာပို့ပေးထားကြောင်းသိရသည်။ 
https://www.facebook.com/NewsWatchJournal?hc_location=timeline

ကိုဗညား၊ လင်းလင်းအောင်
ပုံ-ခြံခတ်ရန်ရောက်ရှိလာသော ဇေကမ္ဘာကုမ္ဗဏီမှ ၀င်ထမ်းများအား တွေ့ရစဉ်
Photo: အငြင်းပွားဖွယ်ရာ လယ်မြေပေါ်တွင် ဇေကမ္ဘာကုမ္ပဏီက ခြံခတ်နေသည့်ကိစ္စ ဥပဒေအကြောင်းရ ဆောင်ရွက်သွားမည်ဟု ဒေသခံတို့ပြောကြား
==== ==== ====
မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး စံပြကျေးရွာရှိ အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် လယ်မြေပေါ်တွင် ဇေကမ္ဘာကုမ္ပဏီ က ခြံခတ်နေသည့်ကိစ်္စကို ဥပဒေအကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒေသခံ လယ်သမားများဘက်မှ ဦးဆောင်သူ ဦးအေးနိုင်က News Watch ဂျာနယ်သို့ ပြောသည်။ 

ဇေကမ္ဘာကုမ္ပဏီက ဒီမြေကွက်မှ ခြံခတ်တဲ့ကိစ်္စကို အိုးအိမ်ဦးစီးဌာနက ၂၀၁၃ ခုနှစ်က တားဆီးထားပါတယ်။ အခု ဒီကိစ္စကို ပြန်လုပ်တယ်ဆိုတော့ အိုးအိမ်ကို စာတင်တယ်။ ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ လယ်သမားတွေကလည်း ဒေါသဖြစ်နေပြီ။ အခု အိုးအိမ်ရုံးကိုသွားပြီး ဒီလိုကိစ္စကို ဘာကြောင့်ပြန်ခွင့်ပြတာလဲ မေးမယ်။ အိုးအိမ်က ဘာကြောင့်ပြန်သလဲ ဆိုတာကို လယ်သမားတွေကို ပြန်ရှင်းပြ မယ်။ ဒီလိုရှင်းပြလို့မှ လယ်သမားတွေက လက်မခံကြရင် ကျွန်တော်လည်းဘာမှ မပြောနိုင်ဘူး””ဟု ၎င်းက ပြောသည်။ 

၁၉၉၇ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှတဆင့် ဇေကမ္ဘာကုမ္ပဏီက လယ်မြေဧက ၁၇၄၁ ဧက ရရှိခဲ့ပြီး ယင်းလယ်မြေများတွင် သင်္ကန်းကျွန်းကြီးစံပြ ကျေးရွာ လယ်သမား (၁၈၇)ဦး ပိုင်ဆိုင်သည့် လယ်ဧက (၁၁၆၁)ဧက ပါဝင်ကြောင်း သိရသည်။
 
““၁၉၉၇ က န၀တရဲ့အစီအမံနဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနကနေ ဇေကမ္ဘာကုမ္ပဏီကို ချထားပေးတာ။ အဲဒီရဲ့ အကျိုး ဆက်ကို ဆက်လုပ်၊ ပိုင်ဆိုင်မှု အငြင်းပွား တဲ့မြေ မဟုတ်ပါဘူး။ အိုးအိမ်ကနေ တရားဝင်ခွင့်ပြုတဲ့ မြေပါ””ဟု ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။ 

အောက်တိုဘာ ၂၄ ရက်နေ့က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွင် ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာ အပါအ၀င် ၃ ဦးနှင့် လယ်သမားဘက်မှ ဦးဆောင်မှု (၃) ဦးတို့ တွေ့ဆုံ၍ လယ်ယာ မြေခြံခတ်သည့်ကိစ်္စများ ဖြေရှင်းကြသော်လည်း ပြေလည်မှုမရှိသည့်အတွက် အထွေထွေ အုပ်ချုပ်ရေးမှူးမှ အိုးအိမ်ဦးစီးဌာနသို့ အကြောင်းကြားစာပို့ပေးထားကြောင်း သိရသည်။ 

ကိုဗညား၊ လင်းလင်းအောင်
ပုံ-ခြံခတ်ရန်ရောက်ရှိလာသော ဇေကမ္ဘာကုမ္ဗဏီမှ ၀င်ထမ်းများအား တွေ့ရစဉ်

ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး

ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက်လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတ
ခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း 
အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic 
ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို
ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ 
လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အ
နေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ခန့်မှစ၍ လက်တင်ကဗျည်းအက္ခရာသည် 
အသုံးအများဆုံး အက္ခရာတခုဖြစ်ခဲ့ရာ တချိန်က ရိုမန်တို့၏ အုပ်စိုးခံ 
လူမျိုးများ၏ စာရေးသားပုံစနစ်တို့ကို လွှမ်းမိုးသွားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးနှင့် ကွယ်ပျောက်
မည်ကို စိုးရိမ်ရသော ကဗျည်းအက္ခရာ ၅ မျိုးကို အောက်တွင်
ဖော်ပြလိုက်ပါသည်။

၁-မြန်မာစာ

မြန်မာအက္ခရာသည် “၀”ကို အခြေခံ၍ ညာရစ်ဝိုင်း ရေးရသော ပုံသဏ္ဍာ
များဖြင့် ဖွဲ့စည်းထားသည်။ မြင်ရသူကို ညှိယူနိုင်စွမ်းရှိသည့် မြန်မာစာ
အက္ခရာသည် အလှသက်သက်အတွက် ထိုသို့ရေးသားခြင်းမဟုတ်ပါ။
“၀”အခြေခံရေးသားရခြင်းမှာ အကြောင်းရှိပါသည်။ ရှေးက ပေစာများ
ရေးသားကြရာ မျဉ်းဖြောင့်ဆွဲပါက ပေရွက် အလွယ်တကူ စုပ်ပြဲနိုင်
သောကြောင့် ဖြစ်သည်။

မြန်မာစာ ရေးသားနည်းစနစ်သည် ပျောက်ကွယ်သွာမည့်အန္တရာယ် 
မရှိလှသော်လည်း လက်တင်၊ ဟင်ဒီ စာရေးသားနည်းစနစ်များ လွှမ်းမိုးစ ပြုလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာသေးမီကာလ
အထိ နိုင်ငံခြားခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားခဲ့သေးရာမှ ယခုတွင်မူ 
တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး Coca Cola ကိုကာကိုလာဆိုင်းဘုတ် 
မတွေ့မမြင်ရသော မြောက်ကိုရီးယား၊ ကျုးဘားစသော အထီး
ကျန်နိုင်ငံများအုပ်စုမှ စွန့်ခွာခဲ့လေပြီ။

၂-စင်ဟာလိ(စ်)(သီရိလင်္ကာ)

စင်ဟာလိ(စ်)စာသည် လွန်စွာကျယ်ပျံ့သော ကဗျည်းအက္ခရာများဖြင့် 
ဖွဲ့စည်းထားပြီး သံတူကြောင်းကွဲပေါင်း ၅၀ခန့်ရှိ၍ ၃၈ခုမှာ ယနေ့ ခေတ်ပြိုင်စာအရေးအသားတွင် တွေ့မြင်ရလေ့ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ပထ၀ီမြေအနေအထားသည်ပင် ၎င်းတို့ ဘာသာ၊ 
စာရေးစနစ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေပေသည်။ 
ကျွန်းနိုင်ငံဖြစ်သောကြောင့် စင်ဟာလီ(စ်)စာသည် ပျံ့နှံ့မှု နည်းပါးပြီး
နေ့စဉ်နှင့်အမျှ အသုံးနည်းပါလာသော်ငြား အမြန်အဆန် ပျောက်ကွယ်မှုတော့
ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။

၃-ဂျော်ဂျီယန်(ဂျော်ဂျီယာ)

တူရကီနှင့်ရုရှား ၂နိုင်ငံအကြား၌ ညပ်နေသည့် ဂျော်ဂျီယာနိုင်ငံတွင် ကိုယ်ပိုင် 
ဘာသာစကားနှင့် ကိုယ်ပိုင် အက္ခရာများ ရှိပြီး ၎င်းတို့သည် ရုရှားလွှမ်းမိုး
လာခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ လွန်ခဲ့သော ရာစုနှစ်အတွင်း 
ရုရှား၏ နယ်ချဲ့ပေါ်လစီများကြောင့် ဂျော်ဂျီယာနိုင်ငံ မူလအကျယ်အ၀န်း၏ 
ထက်ဝက်ခန့်သည် ရုရှားနိုင်ငံတွင်းသို့ သွပ်သွင်းခံခဲ့ရသည်။ ထို့အပြင်
ဂျော်ဂျီယာနိုင်ငံအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ 
အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပိုင်နက်အချို့ ထပ်မံဆုံးရှုံးရမည့်အခြေအနေဖြစ်
လျက်ရှိရာ ယင်းဒေသများတွင်း ရုးရှားစာနှင့် စလဗ်စာများက ဂျော်ဂျီယန်ဘာ
သာနေရာကို ၀င်ယူလာသည်။ ၎င်းတို့၏ မိခင်ဘာသာစကား အသုံးပြုသော
ကောကေးရှန်းအရေအတွက် တစတစ နည်းပါးလာနေသည်။ ရုရှားသည်
ဂျော်ဂျီယာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားသော ရေနံပိုက်လိုင်များအား အပြည့်အ၀ချုပ်ကိုင်လိုမှုသည်ဖြစ်ရာ ဂျော်ဂျီယန်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု
များအတွက်ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။
ဂျော်ဂျီယန်အက္ခရာသည် လှပကြော့ရှင်းသည်။ မျဉ်းကွေများဖြင့် ရေးသားကြပြီး 
ကလေးငယ်တဦးကဲ့သို့ပင် ရိုးရှင်းသည်။

၎-တာဂါလော့ဂ်(ဖိလစ်ပိုင်)

အင်ဒို-ဥရောပစာရေးစနစ်မှ ဆင်းသက်လာသော တာဂါလော့ဂ်စာကို 
ဖိလစ်ပိုင်နိုင်ငံ စပိန်ကိုလိုနီဘ၀မရောက်ခင်ကာလအထိ အဓိက 
အသုံးပြုကြသည်။ စပိန်ကိုလိုနီဘ၀အစပိုင်းတွင် အောက်မှအထက်သို့
ရေးသားလေ့ရှိသော တာဂါလော့ဂ်အက္ခရာအား ၉၀ ဒီဂရီလှည့်၍ ၀ဲမှယာသို့
ရေးသားခြင်း စသည့် ပြောင်းလဲမှုမျိုးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် 
စပိန်ဘာသာစကားအား ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းလိုက်ရာ 
အင်မတန်အသုံးနည်းနေပြီဖြစ်သော တာဂါလော့ဂ်စာ၊ တာဂါလော့ဂ်စကား 
ကွယ်ပျောက်စေမည့် အကြောင်းရင်းတရပ် ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ရှိရင်းစွဲဘာသာစကားများနှင့် စပိန်ဘာသာစကားအာ
ပေါက်းစပ်ထားသော ဖိလစ်ပင်နိုအား ရုံးသုံးဘာသာအဖြစ်ပြဌာန်းခဲ့သော်လည်း လက်တင်အက္ခရာများဖြင့်သာ ရေးသားကြတော့သည်။ တာဝန်ရှိသူများ၏အဆိုအရ တာဂါလော့ဂ်ဘာသာစကား ရှင်သန်နေဆဲဖြစ်သော်လည်း တကယ့်လက်တွေ့တွင်မူ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်သော ဖိလစ်ပိုင်တိုင်ရင်းသားဘာသာစကား အမျိုးပေါင်း ၂၀၀ ကျော်တို့ကဲ့သို့ပင် ပျောက်ကွယ်နိုင်ခြေရှိနေသည်။

၅-ဟာနာကာရက(အင်ဒိုနီးရှား)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ စတင်ပေါ်ထွန်းခဲ့ပြီး နီးစပ်ရာကျွန်းများပေါ်သို့ 
တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့ရာ ဟာနာကာရက ဘာသာစကားသည် ဒေသ
အလိုက် အနည်းငယ်မျှကွဲပြားမှုရှိသည်။ ယင်းနောက် ၁၉ ရာစုနှင့် ၂၀ ရာစု
အတွင်း သတင်းစာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်လာခြင်းနှင့်အတူ ဟာနာကာရက
ဘာသာအား တပြေးညီစံတခုသတ်မှတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် 
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ကျရောက်ခဲ့စဉ်က ဟာနာကာရက
ဘာသာအသုံးပြုမှုကို တားမြစ်ထားခဲ့ရာ အဆိုပါကြိုးပမ်းမှုများသည်လည်း 
ရပ်ဆိုင်းသွားခဲ့သည်။
ထိုစဉ်က စ၍ ယာဉ်ကြောလမ်းညွှန်ဆိုင်းဘုတ်များတွင် ဟာနာကာရကဘာသာ
အသုံးပြုခြင်း၊ အစိုးရကျောင်းများတွင် ဟာနာကာရကဘာသာ သင်ကြားပေးရ
မည်ဆိုသော အာဏာပိုင်များ၏ ညွှန်ကြားမှုများရှိနေသော်လည်း လက်တင်အ
က္ခရာအသုံးပြုရေးသားသည့် စနစ်က နေရာယူလာခဲ့သည်။

Felipe Sant’ana Pereira ၏ 5 of the World’s most beautiful(and endangered) alphabets ကို ပြန်ဆိုသည်။
ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး
Photo: ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး
==== ==== ====
ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက်လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ခန့်မှစ၍ လက်တင်ကဗျည်းအက္ခရာသည် အသုံးအများဆုံး အက္ခရာတခုဖြစ်ခဲ့ရာ တချိန်က ရိုမန်တို့၏ အုပ်စိုးခံ လူမျိုးများ၏ စာရေးသားပုံစနစ်တို့ကို လွှမ်းမိုးသွားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးနှင့် ကွယ်ပျောက်မည်ကို စိုးရိမ်ရသော ကဗျည်းအက္ခရာ ၅ မျိုးကို အောက်တွင် ဖော်ပြလိုက်ပါသည်။

၁-မြန်မာစာ

မြန်မာအက္ခရာသည် “၀”ကို အခြေခံ၍ ညာရစ်ဝိုင်း ရေးရသော ပုံသဏ္ဍာများဖြင့် ဖွဲ့စည်းထားသည်။ မြင်ရသူကို ညှိယူနိုင်စွမ်းရှိသည့် မြန်မာစာအက္ခရာသည် အလှသက်သက်အတွက် ထိုသို့ရေးသားခြင်းမဟုတ်ပါ။
“၀”အခြေခံရေးသားရခြင်းမှာ အကြောင်းရှိပါသည်။ ရှေးက ပေစာများ ရေးသားကြရာ မျဉ်းဖြောင့်ဆွဲပါက ပေရွက် အလွယ်တကူ စုပ်ပြဲနိုင်သောကြောင့် ဖြစ်သည်။ 

မြန်မာစာ ရေးသားနည်းစနစ်သည် ပျောက်ကွယ်သွာမည့်အန္တရာယ် မရှိလှသော်လည်း လက်တင်၊ ဟင်ဒီ စာရေးသားနည်းစနစ်များ လွှမ်းမိုးစ ပြုလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာသေးမီကာလအထိ နိုင်ငံခြားခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားခဲ့သေးရာမှ ယခုတွင်မူ တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး Coca Cola ကိုကာကိုလာဆိုင်းဘုတ် မတွေ့မမြင်ရသော မြောက်ကိုရီးယား၊ ကျုးဘားစသော အထီးကျန်နိုင်ငံများအုပ်စုမှ စွန့်ခွာခဲ့လေပြီ။

၂-စင်ဟာလိ(စ်)(သီရိလင်္ကာ)

စင်ဟာလိ(စ်)စာသည် လွန်စွာကျယ်ပျံ့သော ကဗျည်းအက္ခရာများဖြင့် ဖွဲ့စည်းထားပြီး သံတူကြောင်းကွဲပေါင်း ၅၀ခန့်ရှိ၍ ၃၈ခုမှာ ယနေ့ ခေတ်ပြိုင်စာအရေးအသားတွင် တွေ့မြင်ရလေ့ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ပထ၀ီမြေအနေအထားသည်ပင် ၎င်းတို့ ဘာသာ၊ စာရေးစနစ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေပေသည်။ ကျွန်းနိုင်ငံဖြစ်သောကြောင့် စင်ဟာလီ(စ်)စာသည် ပျံ့နှံ့မှု နည်းပါးပြီး နေ့စဉ်နှင့်အမျှ အသုံးနည်းပါလာသော်ငြား အမြန်အဆန် ပျောက်ကွယ်မှုတော့ ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။

၃-ဂျော်ဂျီယန်(ဂျော်ဂျီယာ)

တူရကီနှင့်ရုရှား ၂နိုင်ငံအကြား၌ ညပ်နေသည့် ဂျော်ဂျီယာနိုင်ငံတွင် ကိုယ်ပိုင် ဘာသာစကားနှင့် ကိုယ်ပိုင် အက္ခရာများ ရှိပြီး ၎င်းတို့သည် ရုရှားလွှမ်းမိုးလာခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ လွန်ခဲ့သော ရာစုနှစ်အတွင်း ရုရှား၏ နယ်ချဲ့ပေါ်လစီများကြောင့် ဂျော်ဂျီယာနိုင်ငံ မူလအကျယ်အ၀န်း၏ ထက်ဝက်ခန့်သည် ရုရှားနိုင်ငံတွင်းသို့ သွပ်သွင်းခံခဲ့ရသည်။ ထို့အပြင် ဂျော်ဂျီယာနိုင်ငံအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပိုင်နက်အချို့ ထပ်မံဆုံးရှုံးရမည့်အခြေအနေဖြစ်လျက်ရှိရာ ယင်းဒေသများတွင်း ရုးရှားစာနှင့် စလဗ်စာများက ဂျော်ဂျီယန်ဘာသာနေရာကို ၀င်ယူလာသည်။ ၎င်းတို့၏ မိခင်ဘာသာစကား အသုံးပြုသော ကောကေးရှန်းအရေအတွက် တစတစ နည်းပါးလာနေသည်။ ရုရှားသည် ဂျော်ဂျီယာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားသော ရေနံပိုက်လိုင်များအား အပြည့်အ၀ချုပ်ကိုင်လိုမှုသည်ဖြစ်ရာ ဂျော်ဂျီယန်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအတွက်ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။
ဂျော်ဂျီယန်အက္ခရာသည် လှပကြော့ရှင်းသည်။ မျဉ်းကွေများဖြင့် ရေးသားကြပြီး ကလေးငယ်တဦးကဲ့သို့ပင် ရိုးရှင်းသည်။

၎-တာဂါလော့ဂ်(ဖိလစ်ပိုင်)

အင်ဒို-ဥရောပစာရေးစနစ်မှ ဆင်းသက်လာသော တာဂါလော့ဂ်စာကို ဖိလစ်ပိုင်နိုင်ငံ စပိန်ကိုလိုနီဘ၀မရောက်ခင်ကာလအထိ အဓိက အသုံးပြုကြသည်။ စပိန်ကိုလိုနီဘ၀အစပိုင်းတွင် အောက်မှအထက်သို့ ရေးသားလေ့ရှိသော တာဂါလော့ဂ်အက္ခရာအား ၉၀ ဒီဂရီလှည့်၍ ၀ဲမှယာသို့ ရေးသားခြင်း စသည့် ပြောင်းလဲမှုမျိုးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် စပိန်ဘာသာစကားအား ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းလိုက်ရာ အင်မတန်အသုံးနည်းနေပြီဖြစ်သော တာဂါလော့ဂ်စာ၊ တာဂါလော့ဂ်စကား ကွယ်ပျောက်စေမည့် အကြောင်းရင်းတရပ် ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ရှိရင်းစွဲဘာသာစကားများနှင့် စပိန်ဘာသာစကားအာ ပေါက်းစပ်ထားသော ဖိလစ်ပင်နိုအား ရုံးသုံးဘာသာအဖြစ်ပြဌာန်းခဲ့သော်လည်း လက်တင်အက္ခရာများဖြင့်သာ ရေးသားကြတော့သည်။ တာဝန်ရှိသူများ၏အဆိုအရ တာဂါလော့ဂ်ဘာသာစကား ရှင်သန်နေဆဲဖြစ်သော်လည်း တကယ့်လက်တွေ့တွင်မူ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်သော ဖိလစ်ပိုင်တိုင်ရင်းသားဘာသာစကား အမျိုးပေါင်း ၂၀၀ ကျော်တို့ကဲ့သို့ပင် ပျောက်ကွယ်နိုင်ခြေရှိနေသည်။

၅-ဟာနာကာရက(အင်ဒိုနီးရှား)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ စတင်ပေါ်ထွန်းခဲ့ပြီး နီးစပ်ရာကျွန်းများပေါ်သို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့ရာ ဟာနာကာရက ဘာသာစကားသည် ဒေသအလိုက် အနည်းငယ်မျှကွဲပြားမှုရှိသည်။ ယင်းနောက် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း သတင်းစာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်လာခြင်းနှင့်အတူ ဟာနာကာရကဘာသာအား တပြေးညီစံတခုသတ်မှတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ကျရောက်ခဲ့စဉ်က ဟာနာကာရကဘာသာအသုံးပြုမှုကို တားမြစ်ထားခဲ့ရာ အဆိုပါကြိုးပမ်းမှုများသည်လည်း ရပ်ဆိုင်းသွားခဲ့သည်။
ထိုစဉ်က စ၍ ယာဉ်ကြောလမ်းညွှန်ဆိုင်းဘုတ်များတွင် ဟာနာကာရကဘာသာအသုံးပြုခြင်း၊ အစိုးရကျောင်းများတွင် ဟာနာကာရကဘာသာ သင်ကြားပေးရမည်ဆိုသော အာဏာပိုင်များ၏ ညွှန်ကြားမှုများရှိနေသော်လည်း လက်တင်အက္ခရာအသုံးပြုရေးသားသည့် စနစ်က နေရာယူလာခဲ့သည်။ 

Felipe Sant’ana Pereira ၏ 5 of the World’s most beautiful(and endangered) alphabets ကို ပြန်ဆိုသည်။

Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို

Apple ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် 
မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား
ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

မိမိတို့၏ အခြေအနေအမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများအတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု 
တင်မ်ကွတ်က ဆိုသည်။

ယခုသီတင်းပတ်အတွင်း မစ္စတာတင်မ်ကွတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်
သည့် အလာဘားမားပြည်နယ်တွင် မိန်းမလျာများနှင့် လိင်ပြောင်းလဲထား
သူများ၏ အခွင့်အရေး ရရှိစေရန်လည်း စိန်ခေါ်မှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

တင်မ်ကွတ်သည် အလာဘားမားပြည်နယ်တွင် တစ်ချိန်က မာတင်လူသာကင်း 
မိန့်ခွန်းပြောစဉ်က လိင်သဘာဝအပေါ်မူတည်၍ တန်းတူအခွင့်အရေးများ ပေးရန်
တာင်းဆိုခဲ့မှုကိုလည်း ကိုးကားပြောဆိုခဲ့သည်။

ထို့ပြင်တင်မ်ကွတ်က ယူကေရှိ LGBT များအနေဖြင့် အလုပ်သို့ရောက်သည့်အခါ 
တွင် အလုံပိတ်ဗီရိုထဲ၌ ၀င်နေရသည်က သာ၍ ဘေးကင်းလုံခြုံလိမ့်မည်ဟု 
ခံစားနေကြရကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

**LGBT = lesbian, gay, bisexual and transgender

Ref:BBC
 စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/760496170654853/?type=1&relevant_count=1
Photo: Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို
---- ---- ----

Apple ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

မိမိတို့၏ အခြေအနေအမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများအတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု တင်မ်ကွတ်က ဆိုသည်။ 

ယခုသီတင်းပတ်အတွင်း မစ္စတာတင်မ်ကွတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သည့် အလာဘားမားပြည်နယ်တွင် မိန်းမလျာများနှင့် လိင်ပြောင်းလဲထားသူများ၏ အခွင့်အရေး ရရှိစေရန်လည်း စိန်ခေါ်မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တင်မ်ကွတ်သည် အလာဘားမားပြည်နယ်တွင် တစ်ချိန်က မာတင်လူသာကင်း မိန့်ခွန်းပြောစဉ်က လိင်သဘာဝအပေါ်မူတည်၍ တန်းတူအခွင့်အရေးများ ပေးရန် တောင်းဆိုခဲ့မှုကိုလည်း ကိုးကားပြောဆိုခဲ့သည်။ 

ထို့ပြင်တင်မ်ကွတ်က ယူကေရှိ LGBT များအနေဖြင့် အလုပ်သို့ရောက်သည့်အခါ တွင် အလုံပိတ်ဗီရိုထဲ၌ ၀င်နေရသည်က သာ၍ ဘေးကင်းလုံခြုံလိမ့်မည်ဟု ခံစားနေကြရကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

**LGBT = lesbian, gay, bisexual and transgender

Ref:BBC

စည်သူကျော်စွာ

ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါသင်္ဘောများအား ရန်ကုန်မြစ်အတွင်း ရေချရန် အလုပ်သမားများက
ကြီးမားသည့် ၀န်ချီစက်ကြီးများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။

ကူးတို့သင်္ဘောတစ်စီးလျှင် တန်ချိန် ၂၉၀ အလေးချိန်ရှိသည်။ အဆိုပါ 
သင်္ဘောများကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုး 
တက်မှုစီမံကိန်း တရားဝင် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့
ပးအပ်ခြင်း ဖြစ်ကြောင်း NHK တွင် ဆိုထားသည်။

အဆိုပါသင်္ဘောများအား လက်ရှိအသုံးပြုနေသည့် နှစ် ၇၀ သက်တမ်းရှိ 
သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဟု သိရသည်။

အဆိုပါသင်္ဘောသုံးစီးကို မြန်မာနိုင်ငံသို့မောင်းနှင်လာရန် စဉ်းစား
မိခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာသီကြောင့် သင်္ဘောကြီးတစ်စီးဖြင့် 
တင်ဆောင်လာရခြင်းဖြစ် ကြောင်း ဂျပန်သင်္ဘောကုမဏီမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။ ဂျပန်မှ မြန်မာသို့ရောက်ရှိရန် ရေကြောင်း ခရီးဖြင့် 
ကိုးရက်ကြာမြင့်ခဲ့ ကြောင်း သိရသည်။

Ref:NHK

photo credit>>myanmarinternationaltv

စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal?hc_location=timeline

(ဓာတ်ပုံတွင် ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိနေသော သင်္ဘောကြီးများကို တွေ့မြင်ရသည်)
Photo: ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ
---- ---- ----

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ 

အဆိုပါသင်္ဘောများအား ရန်ကုန်မြစ်အတွင်း ရေချရန် အလုပ်သမားများက ကြီးမားသည့် ၀န်ချီစက်ကြီးများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။ 

ကူးတို့သင်္ဘောတစ်စီးလျှင် တန်ချိန် ၂၉၀ အလေးချိန်ရှိသည်။ အဆိုပါ သင်္ဘောများကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း တရားဝင် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ပေးအပ်ခြင်း ဖြစ်ကြောင်း NHK တွင် ဆိုထားသည်။ 

အဆိုပါသင်္ဘောများအား လက်ရှိအသုံးပြုနေသည့် နှစ် ၇၀ သက်တမ်းရှိ သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဟု သိရသည်။ 

အဆိုပါသင်္ဘောသုံးစီးကို မြန်မာနိုင်ငံသို့မောင်းနှင်လာရန် စဉ်းစားမိခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာသီကြောင့် သင်္ဘောကြီးတစ်စီးဖြင့် တင်ဆောင်လာရခြင်းဖြစ် ကြောင်း ဂျပန်သင်္ဘောကုမဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဂျပန်မှ မြန်မာသို့ရောက်ရှိရန် ရေကြောင်း ခရီးဖြင့် ကိုးရက်ကြာမြင့်ခဲ့ ကြောင်း သိရသည်။ 

Ref:NHK 

photo credit>>myanmarinternationaltv

စည်သူကျော်စွာ

(ဓာတ်ပုံတွင် ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိနေသော သင်္ဘောကြီးများကို တွေ့မြင်ရသည်)

Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ

မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား 
 ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို 
မခံမရပ်နိုင်သောပြည်သူတဦးက Facebook စာမျက်နှာပေါ်
တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်နေသည့် အမျိုးသားက
Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း 
သိရသည်။

 
အသက်မပြည့်သေးသူမိန်းကလေးအား ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားမှုသတင်းကို အောက်တိုဘာလ (၂၈)ရက်နေ့ထုတ် အတွဲ(၉)၊ 
အမှတ်(၂၃) News Watch ဂျာနယ်စာ(၂၇)တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သ
လို မြ၀တီမြို့ နယ် တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေသည့်အမှုလည်
ဖြစ်သည်။ အဆိုပါအမှုတွင် မိန်းကလေးဘက်မှ မခံမရပ်နိုင်ဖြစ်သော ပြည်
သူတဦးကမြ၀တီမြို့၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း အမှတ်
(က/၃၈၆)နေ စာသင်ပြပေးနေသော ဦးဝင်းချိုဆိုသူ၏အမည်ဖြင့် Facebook 
စာမျက်နှာပေါ် တင်လိုက်ရာ ဆရာဦးဝင်းချိုမှာဘုမသိဘမသိဖြင့် ယခုအခါ
မြ၀တီမြို့နယ်တရားရုံးတွင် ပုဒ်မ(၅၀၀)ဖြင့် အမှုရင်ဆိုင်နေရသည်ဟု 
ဆိုသည်။

“ကျွန်တော်က (၁၀)တန်းကလေးတွေကို စာသင်ပြပေးနေတဲ့ 

ဆရာတဦးလည်းဖြစ်သလို ရပ်မိ/ရပ်ဖလည်းဖြစ် တော့ ကျွန်တော့်ကို
 လူသိများတယ်။ ဒါကြောင့် ကျွန်တော့်အမည်ကိုအသုံးပြုပြီး ပြည်သူ
တဦးက မှာတင်လိုက် တာဖြစ်ပါတယ်။ ကျွန်တော်တင်တာတော့ 
မဟုတ်ပါဘူး။ ဒါကို အဲဒီအမှုနဲ့ပတ်သက်နေသူက ကျွန်တော်တင်ပါတယ်
ဆိုပြီး အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတဲ့အတွက် 
ပုဒ်မ-၅၀၀နဲ့ အမှု ရင်ဆိုင်နေရတာပါ။ ဒီအမှုက လက်ရှိမြို့ နယ်တ
ရားရုံးမှာ တကယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တင်တဲ့လူကလည်း 
လုပ်ကြံ လိမ်လည်ပြီး Facebook စာမျက်နှာမှာ တင်လိုက်တာတော့ 
မဟုတ်ပါဘူး။ ဒါကို တရားသူကြီးက လက်ခံလိုက်တဲ့အတွက် စိတ်
မကောင်းဖြစ်မိတယ်”ဟု တရားရင်ဆိုင်နေရသူ ရပ်မိ/ရပ်ဖ ဆရာဦး
ဝင်းချိုက News Watch သို့ ပြောသည်။ သက်ဦးနိုင်(မြ၀တီ)
https://www.facebook.com/NewsWatchJournal?hc_location=timeline
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget