.

AlinShin

Thursday, June 5, 2014

ကဗျာ့ဋီကာ (အပိုင်း-၃-)

ဂျာနယ်ဖတ်ချင်လို့ Down မယ်ကြံ ၊ Mpt ကမမြန်မဆန် ၊
အ၀ိုင်းလည်တိုင်းပိုက်ဆံပေး ၊ ၀တ္ထုငွေတွေကုန်သပေး။
ရက်စက်လှတဲ့ စစ်ခွေးပြုတ်တွေရယ် ၊ တိုက်ပုံဝတ်ကာနှိပ်စက်တယ်၊
ဘင်္ဂါလီနဲ့ရန်တိုက်ပေး၊ ရခိုင်ပြည်သူတွေရဲ့ဒုက္ခဘေး။
ဓာတ်ငွေ့ရေနံအလျှံမယ် ၊ ရခိုင်ပြည်ကထွက်ပါတယ်၊
တရုတ်ကြီးကိုအကုန်ပေး ၊တို့ရခိုင်တွေအမှောင်ဘေး။
မျိုးချစ်အဖွဲ့တပ်ပေါင်းကာ ၊ စွမ်းအားရှင်နဲ့တွဲလိုက်ကာ၊
သံဃာတွေကိုသင်းကွဲရေး ၊ ခွေးသန်းရွှေရဲ့လုပ်ဇာတ်လေး။
(မဟန)ဟာ ထောက်ထိုးပါ ၊ စစ်ခွေးခိုင်းသမျှလုပ်ရတာ၊
ဒါကိုသိလို့လို့ တစ်ဖြစ်လဲ ၊ (မဘသ)နဲ့ပူးလို့တွဲ။
(၉၆၉)မှာ သံဃာတွေ၊ အယောင်ဆောင်ကြပလေ၊
သာသနာကိုဝင်ဖျက်ဆဲ ၊ စွမ်းအားရှင်တို့အဖွဲ့ပဲ။
ပလီချက်က ကန်းကုန်ကာ ၊ သိန်းစိန်ကြီးကပြောလိုက်တာ၊
သန်းရွှေခိုင်းရာအကုန်လုပ် ၊ မလုပ်ရင်အလုပ်ပြုတ်။
အွန်လိုင်းပေါ်ကလော်ဘီတွေ ၊ ရဟန်းသံဃာလည်းဆော်ကားနေ၊
အာဏာရှင်စနစ်တည်မြဲရေး ၊ စစ်ခွေးတွေရဲ့ခြံစောင့်လေး။
ဒီကြားထဲကခရိုနီတွေ ၊ နေရာရလို့ဗိုက်ပူနေ၊
ပြည်သူဘဏ္ဍာခိုးလို့စား ၊ စစ်ခွေးနဲ့တော့ပူးပေါင်းထား။
ဝမ်ပေါင်တရုတ်အမြတ်ထုတ်တာ ၊ လယ်တီသိမ်လည်းဖြိုခဲ့တာ၊
စေတီတော်လည်းမချန်ဘဲ ၊ တရုတ်မိုင်းခွဲဆဲ။
စစ်ခွေးသန်းရွှေမိုက်ပြစ်တွေ ၊ သာသာနာလည်းပျက်ပြီလေ၊
အယောင်ဆောင်တွေပေါလို့တွဲ ၊ ဗုဒ္ဓဘာသာပျက်ပြီပဲ။
အပြစ်မဲ့တဲ့ပြည်သူတွေ ၊ စားဝတ်နေရေးခက်ပြီလေ၊
တစ်နေ့ကိုတော့နှစ်ထောင်သုံး ၊ ၀န်ကြီးလူဖြစ်ရှုံး။
သောက်သုံးမကျတဲ့ စစ်ခွေးပြုတ်တွေ ၊ တိုက်ပုံဝတ်ကာဟန်ထုတ်နေ၊
ပြည်သူတွေကိုအမျိုးမျိုးဆဲ ၊ အပြောဆွဲနဲ့တွဲ။
လွှတ်တော် လှော်တွက်ဟန်ဆောင်ကာ ၊ သူတို့လုပ်ချင်ရာလုပ်ကာ၊
ဆန့်ကျင်သူကိုထောင်ချဆဲ ၊ စစ်ခွေးမိုက်တို့သရုပ်ပဲ။
“ထင်ကျော်”ကြီးလည်းထောင်ထဲမှာ ၊ “နေမျိုးဇင်”လည်းပါ၊
လက်ပတောင်းတောင်အရေး ဆန့်ကျင်တေး ၊ ပြုလုပ်သူကိုအပြစ်ပေး။
လယ်တီသိမ်အတွက်ကန့်ကွက်တာ ၊ “အောင်ကိုဦး”လည်းပါ၊
Traders ရှေ့မှာ“မီးပန်းလွှတ်” ၊ ချက်ချင်းထောင်ထဲသွပ်။
မျိုးချစ်ဆိုတဲ့အကောင်တွေ ၊ လယ်တီသိမ်အတွက်မပါပေ၊
မသိချင်ယောင်ဆောင်ကာပေး ၊ မွတ်ကုလားကိုတော့မုန်းလိုက်သေး။
တကယ်ဖျက်တဲ့တရုတ်ကို မျိုးချစ်တို့ကချစ်သကို၊
ချစ်ရုံနှင့်မျှမကဘဲ ၊ ကြောက်တောင်ကြေက်တယ်ဆိုသဖြဲ။
လွှတ်တော်ထဲက “ခင်ဝိုင်းကြည်” PR စနစ်ကိုတင်ပြသည်၊
ဒီတိုင်းဆိုရင်လွှတ်တော်ထဲ တရုတ်ကြီးပါရောက်လာမြဲ။
ကြံ့ဖွတ်ဖွတ်ကြံ့ပါတနာတွေ ၊ လွှတ်တော်ထဲမှာကောင်းစားနေ၊
သန်းခြောက်ဆယ်တော့ ဒုက္ခပဲ ၊ မွတ်ဆလင်တရုတ်နဲ့တွဲရပြီပဲ။
မိုက်ကြ ရိုင်းကြ စစ်ခွေးတွေ ၊ သန်းရွှေအတွက်ထောက်ခံနေ၊
ခရိုနီတွေဗိုက်ဆူပွဲ ၊သယံဇာတတွေကုန်ပြီပဲ။
ကမ္ဘာကျော်တဲ့အောင်ဆန်းဆို စုကြည်သမီးကို၊
အောက်တန်းစားတို့ အကြံမွဲ ၊ မျိုးစုံသမုတ်ဆဲ။
ဇာတကရဲ့ပိဋကတ်မှာ ၊ခြင်္သေ့မင်းကြီးဟာ၊
မြရွှေဂူမှာ တစ်ကောင်တည်း ၊ ကိန်းအောင်းမွေ့လျှော်မြဲ၊
တောဝက်ကြီးတို့ မကောင်းကြံ ၊ ရွှံညွှန်လူးလို့ပက်ကြပြန်၊
ပက်လေပက်လေ ပြောင်လိုမြဲ ၊ မြရွှေဂူမို့ပဲ။
သို့နည်းထုံးနာအဖြာဖြာ ၊ စစ်ခွေးဆိုးတို့ဟာ ၊
နာလိုဝန်တို ကောက်ကြံလည်း ၊ အောင်ဆန်းသမီးကမ္ဘာကျော်မြဲ။
█ ░ အလင်းရှင် ░ █
ကဗျာ့ဋီကာ (အပိုင်း-၃-)
✩ ✩ ✩ ✩ ✩ ✩ 

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget