.

AlinShin

Thursday, July 17, 2014

မိုးကောင်းတုန်းရွာထားဦးပေါ့ .. စစ်ခွေးကြံ့ဖွတ်တို့ရေ (ရထားလမ်း)

“ပြန်ပြောရင် သံယောဇဉ်တွေဖြစ်တော့မည်” မပြောပြန်ရင်လည်း ပြည်သူ
ထဲကပြည်သူတွေ “အရာနရာ”ရောက်မည်။ ထို့ကြောင့်ပြောလိုက်ရသည်
ဟုမှတ်ပါလေ။
ကိုယ့်နောက်မှ လွတ်လပ်ရေးရခဲ့သော အိန္ဒိယလိုနိုင်ငံမျိုးတောင် လျှပ်စစ်
ရထားများဖြင့် လွယ်ကူစွာသွားလာနိုင်သည်။ တကယ်ဆို အိန္ဒိယသည် လူ
မျိုးရေးပြဿနာများဖြင့် ရှုပ်ထွေးနေသောနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ သို့
သော်လည်း ခေါင်းဆောင်များရဲ့ ထိုက်သင့်သောအရည်အချင်းများကြောင့်
အိန္ဒိယတွင်လျှပ်စစ်ရထားများဖြင့် ပြည်သူများသွားလာရေးလွယ်ကူသည်။
စင်ကာပူကိုကြည့်ပါဦး။ အာဏာရှင်နေ၀င်းလက်ထက်မှာ ရန်ကုန်မြို့ရဲ့အ
လှကို တုပခဲ့ရသောနိုင်ငံဖြစ်သော်လည်း ယခုအခါ စာဖွဲ့၍မကုန်နိုင်
လောက်အောင်ပင်တည်း။
Photo: မိုးကောင်းတုန်းရွာထားဦးပေါ့  .. စစ်ခွေးကြံ့ဖွတ်တို့ရေ (ရထားလမ်း)
☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤
 “ပြန်ပြောရင် သံယောဇဉ်တွေဖြစ်တော့မည်” မပြောပြန်ရင်လည်း ပြည်သူ
ထဲကပြည်သူတွေ “အရာနရာ”ရောက်မည်။ ထို့ကြောင့်ပြောလိုက်ရသည်
ဟုမှတ်ပါလေ။
ကိုယ့်နောက်မှ လွတ်လပ်ရေးရခဲ့သော အိန္ဒိယလိုနိုင်ငံမျိုးတောင် လျှပ်စစ်
ရထားများဖြင့် လွယ်ကူစွာသွားလာနိုင်သည်။ တကယ်ဆို အိန္ဒိယသည် လူ
မျိုးရေးပြဿနာများဖြင့် ရှုပ်ထွေးနေသောနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ သို့
သော်လည်း ခေါင်းဆောင်များရဲ့ ထိုက်သင့်သောအရည်အချင်းများကြောင့်
အိန္ဒိယတွင်လျှပ်စစ်ရထားများဖြင့် ပြည်သူများသွားလာရေးလွယ်ကူသည်။
စင်ကာပူကိုကြည့်ပါဦး။ အာဏာရှင်နေ၀င်းလက်ထက်မှာ ရန်ကုန်မြို့ရဲ့အ
လှကို တုပခဲ့ရသောနိုင်ငံဖြစ်သော်လည်း ယခုအခါ စာဖွဲ့၍မကုန်နိုင်
လောက်အောင်ပင်တည်း။
ကဲ  ..  မြန်မာပြည်ကြည့်စမ်း။ (၁၇-၇-၂၀၁၄) ရဲ့ ရထားဘူတာရဲ့ဓာတ်ပုံ
• ထွက်ချိန်ကမမှန်၊ လာပြန်တော့အစုတ်၊
• သံလမ်းက ဒယီးဒယိုင် ၊ ဘူတာထိုင်ပြည်သူတွေပုံက ၊
• ရင်ထဲမချိစရာ။
“မိုးကောင်းတုန်းရွာထားကြဦးပေါ့ ကြံ့ဖွတ်စစ်ခွေးတွေရေ  . . .”
“ တို့ပြည်သူတွေ မိုးကောင်းတဲ့အလှည့်မှာတော့ မင်းတို့နေပြည်တော်ကို”
“ ပြာမှုန်ဘ၀ရောက်စေရမယ်”
ဒီလိုကြုံးဝါးရင်းနဲ့ စာရေးသူတို့အသက်တွေသည် သေမင်းကိုထက်ဝက်
ခွဲပေးထားခဲ့ရလေတော့သတည်း။ 
ဝေမျှshareခြင်းဖြင့် ဓမ္မဒါနထပ်ဆင့်ကုသိုလ်ယူပါ။
█ ░ အလင်းရှင် ░ █

နံက်ခင်းကိုမှ . . ခပ်သောက်ရက်သူ

တောက် . . .
နာနေတဲ့အသဲကြားက ၊ ပွင့်ထွက်လာတဲ့အသံဟာ
ပန်းတစ်ပွင့်လိုတော့ လှနေမှာမဟုတ်ဘူး။
ငါတို့ ပိုင်တဲ့ သယံဇာတတွေ .. .
ငါတို့ ဆိုင်တဲ့ လွပ်လပ်မှု့တွေ .. .
နောက် . . .
ငါတို့ရဲ့ သတ်တည်ခွင့် ..
အားလုံး အားလုံးကို
ဒီကောင်တွေခပ်သောက်ပစ်ခဲ့ကြတယ်။

တောက် . . .
ဘယ်သူမှမကြားဘူး . ဘယ်သူမှလည်းမသိဘူး .
ငါတစ်ယောက်တည်း . .
ကမ္ဘာ့သတင်းမီဒီယာတွေကိုကြည့်ရင်း
လူ့အခွင့်အရေးကို သွားရည်ကျခဲ့ရတယ်။

တောက် . . .
ဆရာဇော်ဂျီ . . ဆရာမင်းသုဝဏ် .. တရာမင်းဝေဆိုတဲ့
ကဗျာ့ဆရာကြီးတွေ .. . ။
ရေးလိုက်စမ်းပါဗျာ .. ။
အာဏာရှင်စစ်ဖိနပ်အောက်က ကျနော်တို့ပြည်သူရဲ့ဘ၀ကို
ဘယ်အမေရိကန်ကမှလည်း မကယ်တင်နိုင်ခဲ့ဘူး . . . ။
ဘယ်ကုလသမဂ္ဂကမှလည်း မဆယ်ယူနိုင်ခဲ့ဘူး . . . .။

တောက် . . .
ဆရာဇော်ဂျီရေးခဲ့တဲ့ ထုံးဖြူဖြူစေတီတွေ . .
အခုတော့ တရုတ်နဲ့စစ်ခွေးတွေ ဒိုဇာနဲ့ထိုးလိုက်ကြတယ်မဟုတ်လား။
“ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖန်မနက် ကျောင်းတက်စရာ”
ဘုန်းကြီးကျောင်းသိမ်တွေကိုလည်း . .
ဒင်းတရုတ်နဲ့စစ်ခွေးကြံ့ဖွတ်တို့ ဘက်ဖိုးနဲ့ ထိုးကော်လိုက်တယ်လေ။
ကဲ . .. ဘယ်လိုလည်း ဆရာကြီးမင်းသုဝဏ်
ဆရာကြီးရဲ့ ဆွမ်းအုပ်နီနီလည်း ဘယ်ကျောင်းကိုပို့မှာလဲ?
Photo: နံက်ခင်းကိုမှ . . ခပ်သောက်ရက်သူ 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

မိုက်မဲ့ချင်တိုင်းမိုက်မဲနေတဲ့ တရုတ်ကြီးရေ   . .
မင်းနဲ့စစ်ခွေးပူးပေါင်းပြီး မြန်မာပြည်ကြီးကိုသေကြောင်းကြံစည်ခဲ့တာကို
ငါတစ်ယောက်တည်းသိတယ်မထင်နဲ့ 
ကမ္ဘာကြီးကတောင် သိတယ်။

တောက်  . . .
ခွေးတရုတ်ကြီး  . . . 
“တကယ့်မျိုးချစ်တွေရှိတဲ့” ဗီယက်နမ်ကိုတော့ “ ကြောက်လိုက်တာ”
ဗီယက်နမ်တွေဆန္ဒပြလို့ . .
ရေနံစင်တွေကိုတောင်ဖျက်ပေးခဲ့ပြီဆိုပဲ။
ဟား  ..  ဟား  ..  ဟား  ..  ဟား  ..  
တို့မြန်မာပြည်မှာ 
ဗီယက်နမ်လိုသာ “မျိုးချစ်သခင်အစစ်”တွေရှိမယ်ဆိုရင် 
“ငါ”ဆိုတဲ့အလင်းရှင်  .. 
အခုလိုတောင်ကဗျာရေးနေစရာမလိုဘူး။
မှတ်ချက်။
အသိဉာဏ်သွေးစက်ဖြင့်ရေးခဲ့ရသော ဒီကဗျာကို အသိဉာဏ်ရှိသူများ
Share ခြင်းဖြင့် ဓမ္မဒါနပြုနိုင်ကြပါလိမ့်မည်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget