.

AlinShin

Saturday, May 3, 2014

ခေတ်မီဘွဲတံဆိပ်အတုအပများကြားထဲက ရေတိမ်နစ်ခဲ့ရသော . .ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာရဟန်းတော်များရဲ့ စာမေးပွဲစနစ်များမှာ အခုလိုမသမာမှုမားရှိ
နေခဲ့တာ ဆယ်စုနှစ်တစ်ခုစာမကတော့ပါဘူး။ဒီလိုဖြစ်ပေါ်လာခဲ့ရတဲ့အ
ကြောင်းအရာတွေကလည်းသာသနာပြုဒကာဒကာမတွေရဲ့ဗုဒ္ဓသာသာ
နာအပေါ်ကိုလွဲမှားစွာကိုးကွယ်မှုကြောင့်ပါပဲ။
 “ ဘွဲ့ရမှ ရဟန်းသံဃာ” ဟုထင်မြင်ယူဆ တက်သောသဒ္ဓါတရားလွဲချော်
ခြင်း၏ ဆိုးကျိုးပြယုဂ်တစ်ခုပါ။အဲဒီအခါမှာပုထုဇဉ်ရဟန်းတော်များအနေဖြင့်
ဒကာဒကာမများရဲ့အကြည်ညိုကိုပိုမိုရစေရန် “ ဘွဲ့တံဆိပ်”ကိုဓမ္မနည်းဖြင့်
အရမယူဘဲ၊ အဓမ္မနည်းများဖြင့် ရယူခဲ့ရာမှ သာသနာရေးဦးစီးဌာနရှိလူများ
ရဲ့ “စားပေါက် စားအိုး” ကြီးဖြစ်ခဲ့ရပါသည်။ စားမေးပွဲများသည်ထိုသာသနာ
ရေးဦးစီးဌာနရဲ့ “ အောက်ဆိုက်”ကောင်းတစ်ခုဖြစ်လာခဲ့သည်မှာနှစ်ထမ်း
အတော်အတန်ပင်ကြာခဲ့ပါပြီ.။ ထို့ကြောင့် ဒကာဒကာများသည်ရဟန်းသံ-
ဃာတော်များအားကိုးကွယ်ဆည်းကပ်ရာတွင် “ ဘွဲ့ထူးဂုဏ်ထူးဝိသေသ-
များ” ကိုအလေးပေးကြည်ညိုကိုးကွယ်ခြင်းထက် “ သံဃဂုဏ်ကျေးဇူး” ကို
သာကြည်ညိုတက်စေချင်ပါသည်။
ယင်းဖြစ်စဉ်ကို သာဓကတစ်ရပ်အနေဖြင့် ထောက်ပြရခြေသော်စူဠပန်
မထေရ်၏ဘ၀ဘဖြစ်စဉ်သည် သမိုင်းတည် သက်သေတစ်ရပ်ပင်ဖြစ်ပါ
သည်။ ထိုအရှင်မြတ်သည် ရဇောဟရဏကမ္မဋ္ဌာန်းကိုအားထုတ်တော်မူတဲ့
အတွက် အဘိဉာဉ်ရ၊ ရဟန္တာမထေရ် ဖြစ်ခဲ့တဲ့ စူဠပန္ထကဟာ ဂါထာလေး
တစ်ဂါထာမျှကိုပင် အလွတ် မကျက်နိုင်ပါ။ တစ်ဂါထာဆိုတာ ၊အက္ခရာ
(၃၂)လုံးပဲရှိတာပါ။ ဒါကိုသူမကျက်နိုင်ရှာပါဘူး ။ ဒါ့ကြောင့်ဗုဒ္ဓမြတ်စွာသာသနာတော်ကိုပစ္စည်းလေးဖြာဖြင့်ထောက်ပံ့ကြည်
ညိုပူဇော်တက်ကြသော ဒါယက ဒါယိကမတို့အနေဖြင့် သံဃဂုဏ်ရည်ကို
“ ခေတ်မီဘွဲ့တံဆိပ်များနဲ့အစားမထိုးမိကြ ပါစေနဲ့လို့ ” သိပေးလိုပါတယ်။
သင်္ကန်းတော်ရှားပါးလို့အညစ်အနွမ်းလေးဝတ်ထားတဲ့ရဟန်းထေရ်ကိုတွေ့
လို့ နှာခေါင်းမတွန့်မိကြပါစေနဲ့၊ ထိုအရှင်မြတ်မှာရှိသော သံဃဂုဏ်ရည်ကို
ကြည်ညိုတက်ဖို့လိုပါတယ်။
ကြည်ညိုတက်စေရန်လည်းအခုလိုအပင်ပန်းခံပြီးပြောပြနေတာပါ။“သံဃာရ
တနာအစစ်မှာ ခေတ်ပေါ်ဘွဲ့တံဆိပ်တွေမကပ်ထားပါဘူး”  သုပ္ပဋိပန္နော
ဘဂ၀တော သာဝကသံဃော အစရှိတဲ့ သံဃဂုဏ်ရည်မှာလည်းခေတ်ပေါ်
ဘွဲ့တံဆိပ်များမကပ်ထားပါဘူး။
ဒါ့ကြောင့် ဥပသကာ ဥပသိကာတို့ရဲ့လွဲမှားသောသဒ္ဓါတရားတွေကြောင့်
“ တစ်ဘက်ကမ်းပြို တစ်ဘက်သောင်ထွန်း” ဆိုတဲ့အဖြစ်ဆိုးတွေဟာ
ဒီနေ့ခေတ်မှာ ကြုံတွေ့နေရတယ်ဆိုတာအခုဖတ်ရှု့ရတဲ့သံတော်ဆင့်
ဂျာနယ်ပါ သာသနာရေးညွှန်ကြားမှူးချုပ် ဦးမိုးဇော်ရွှေကသက်သေခံနေပြီ
မဟုတ်ပါလား။ဒါအခုမှမဟုတ်ဘူးနော် ၊ အခုမှ “လက်ပူးလက်ကြပ်မိတာ”ပါ
ဒီလိုဖြစ်စဉ်မျိုးတွေဟာ သာသနာရေးလောကမှာ ကြာခဲ့ပါပြီယုတ်စွအဆုံး “
တိပိဋကစာမေးပွဲ” တွေမှာပါ အလားတူအဖြစ်မျိုးတွေရှိနေပါတယ်။
ဂုဏ်တုကိုမြင်ကာကိုးကွယ်တက်ကြတဲ့ ဒါယကဒါယိကမတို့ရဲစိတ်ကိုသိတဲ့
ပုထုဇဉ်ရဟန်းတော်အချို့ဟာလည်းပဲယင်းဂုဏ်တုကိုပင်မသမာသောနည်း
များဖြင့်ရရန်ကြိုးစားရာမှ ဗုဒ္ဓဘာသာစာမေးပွဲများတွင်မသမာသောနည်း
လမ်းအမျိုးမျိုးတို့သည် တစ်နေ့တစ်ခြားတိုးပွားလာခြင်းဖြစ်သည်ဟုသုံးသပ်
တင်တင်ပြလိုက်ပါသည်။
ဓမ္မအလင်းကုသိုလ်ကို ခမည်းတော်ဆရာစံနှင့်ရထိုက်သူများရယူနိုင်
ကြပါစေ။
Refercenes
သုတ္တာန်ပိဋကတ်၊ဒုဒ္ဒကနိကာယ်
ဓမ္မပဒပါဠိတော်၊အပ္ပမာဒ၀ဂ်၊
စူဠပန္ထက၀တ္ထု။
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget