.

AlinShin

Saturday, October 18, 2014

ဆန္ဒ၀တော ကိံ နာမကမ္မံ နသိဇ္ဈ တိ

ဆန်းဆင့်ဆိုတဲ့ စစ်ခွေးကြံ့ဖွတ်တစ်ကောင်ကို ထောင်ချပစ်တာထက်
အပြစ်မဲ့ သတင်းသမားတစ်ယောက်ကို လုပ်ကြံနေတာတွေကပိုပြီး
အရေးပါတယ်။
ဒါကို ထမင်းစားကြီးတဲ့ ပြည်သူတွေသိပါတယ်။
ဒါ့ကြောင့် . . . .
အကျဉ်းခံ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်စေ
ရန် တို့ . .ဆန္ဒပြင်းပြတယ်။
နောက် .. ကိုပါကြီးကဲ့သို့သော စစ်ခွေးတွေကိုတိုက်ပွဲဝင်နေသော
သူရဲကောင်းများ အမြန်ဆုံးလွတ်မြောက်စေရန် တို့ ဆန္ဒပြင်းပြတယ်။
နောက်ဆုံးဆန္ဒကတော့ . ..
၂၀၁၅ မတိုင်ခင် . .
စစ်ခွေးတွေရဲ့ ငရဲခန်းဇာတ်သိမ်းကို တို့ .. ပြည်သူကိုယ်စား
ဆန္ဒအပြင်းပြဆုံးပါပဲ .. ။
သို့မှာသာ .. . .
ဗုဒ္ဓဘာသာစေတီပုထိုးများ .. သာသသနာတော်ကိုတကယ်ချစ်
မြတ်နိုးတော်မူသော ရဟန်းသံဃာတော်များ .. .စတဲ့ပြည်သူပြည်
သားတွေ ငြိမ်းချမ်းရေးရကြမှာဖြစ်ပါတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: ဆန္ဒ၀တော ကိံ နာမကမ္မံ နသိဇ္ဈ တိ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

စစ်ခွေးတရုတ် ဗိုလ်လုပ်နေသရွေ့

ကိုပါကြီးကို စစ်ခွေးတွေဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကြားရ ကတည်းက ရင်ထုမနာနဲ့ စာရေးပစ်ချင်တာကြာပါပြီ . . ။ သို့သော် အင်တာနက်လိုင်းတွေက ဘယ်လိုမှသုံးမရတာကြောင့် ကိုယ့်ရင်ထဲ မှာ စစ်ခွေးကြံဖွတ်တစ်သိုက်ရဲ့ မိုက်မဲမှုကို မျိုသိပ့်ခဲ့ရပါတယ်။
ကိုပါကြီးဆိုတာ ဆရာမမသန္တာ၏ ချစ်လှစွာသောခင်ပွန်းသည်ပါ။ ဆရာမမသန္တာဆိုတာကလည်း ခေသူမဟုတ်ပါ။ ပြည်သူအတွက် စစ်ခွေးတွေကို နှလုံးရည်ဖြင့်တိုက်ရင်း အင်းစိန်အကျဉ်းထောင်မှာ အတိဒုက္ခများကို အံကျိတ်ခံစားရင်း သန်းပေါင်းများစွာသော မြန်မာ ပြည်သူပြည်သား ရဟန်းရှင်လူတို့အတွက် နှလုံးရည်တိုက်ပွဲဆင်နွဲ ခဲ့သူပါ။
ဒါလိုရင်းကိုပြောတာနော် . 

Photo: စစ်ခွေးတရုတ် ဗိုလ်လုပ်နေသရွေ့
☤✩☤✩☤✩☤✩☤✩☤✩☤☤✩☤✩☤✩☤✩☤✩☤✩☤
ကိုပါကြီးကို စစ်ခွေးတွေဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကြားရ ကတည်းက ရင်ထုမနာနဲ့ စာရေးပစ်ချင်တာကြာပါပြီ . . ။ သို့သော် အင်တာနက်လိုင်းတွေက ဘယ်လိုမှသုံးမရတာကြောင့် ကိုယ့်ရင်ထဲ  မှာ စစ်ခွေးကြံဖွတ်တစ်သိုက်ရဲ့ မိုက်မဲမှုကို မျိုသိပ့်ခဲ့ရပါတယ်။
ကိုပါကြီးဆိုတာ ဆရာမမသန္တာ၏ ချစ်လှစွာသောခင်ပွန်းသည်ပါ။ ဆရာမမသန္တာဆိုတာကလည်း ခေသူမဟုတ်ပါ။ ပြည်သူအတွက် စစ်ခွေးတွေကို နှလုံးရည်ဖြင့်တိုက်ရင်း အင်းစိန်အကျဉ်းထောင်မှာ အတိဒုက္ခများကို အံကျိတ်ခံစားရင်း သန်းပေါင်းများစွာသော မြန်မာ ပြည်သူပြည်သား ရဟန်းရှင်လူတို့အတွက် နှလုံးရည်တိုက်ပွဲဆင်နွဲ ခဲ့သူပါ။ 
ဒါလိုရင်းကိုပြောတာနော်  . .. 
အဲလို သားတစ်ကွဲ မယားတစ်ကွဲဖြင့် ဘ၀ခရီးကိုဖြတ်သန်းနေရရှာ သော ထိုမိသားစုရဲ့ဘ၀ကို မိမိအနေဖြင့် စာတစ်ဆောင်ပေတစ်ဖွဲ့ ရေးနိုင်စွမ်းသော လက်မရှိပါ။
သို့သော်  . . .. 
အခုလို ဆရာမမသန္တာ၏ ခင်ပွန်းသည်ကိုပါကြီးအား စစ်ခွေးတွေက ဖမ်းဆီးလိုက်သည်ဟု သိရသောအခါ . . . .
ရရာလက်နက်စွဲကာ တိုက်ပွဲဝင်ခဲ့ကြသော ဆရာစံနှင့်ဂဠုန်တပ် ပေါင်းစုတို့ကို အားကျသည်  . . . .။
နျူကလီယားတစ်လုံးမျှသာ မိမိလက်ဝယ်ရှိခဲ့ပါမူ နေပြည်တော်ကို ပြာမှုန်ပြုလိုက်ချင်သည်  . .။
စစ်ခွေးချုပ်ကြီးသန်းရွှေမသေသရွေ့ ပြည်သူတွေအခုလိုခံစားနေ ရရှာသော အတိဒုက္ခအ၀၀ကို မိမိ မတွေ့လို မမြင်လို မခံစားလို ချင်တော့ပေ  . . . ။
ဒီစာဆုံးသည်နှင့်  . . . .
အဖမ်းခံနေရသော ကိုပါကြီးနှင့် အင်းစိန်အကျဉ်းထောင်ထဲရောက် ကိုထင်ကျော်တို့အစရှိသော သူရဲကောင်းများ အမြန်ဆုံးလွတ် မြောက်ကြပါစေဟု  ..  မိုးနတ်အာကာသို့ ဗဟိုပြုတိုင်တန်းလိုက်ပါ သတည်း  . . . ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

မိစ္ဆာစစ်ခွေးတစ်ကောင်ရဲ့ အတ္တ

ကိုယ့်ကိုယ်ကို အိပ်မက်ထဲမှာတောင်
သူရဲကောင်းမဆန်မိခဲ့ဘူး။
ဘယ်မှာရှာရမှန်းမသိတဲ့ ချစ်သူတစ်ယောက်ကို
စိတ်ကူးထဲမှာတော့ ပတ်ရှာခဲ့ဖူးတယ်။
စိတ်နာတယ် . . . .
မြန်မာပြည်မှာ လူဖြစ်ခွင့်နဲ့ ရဟန်းငယ်တစ်ပါးရဲ့ဘ၀ကိုပေါ့။
လူဖြစ်ခွင့်မှာ . ..
စစ်အာဏာရှင်အဆက်ဆက်ရဲ့စစ်ဖိနပ်အောက်မှာနေခဲ့ရသလို
ရဟန်းတစ်ပါးဖြစ်ခွင့်ကြပြန်တော့လည်း . . .
(မ-ဟ-န)ခေါ် စစ်အာဏာရှင်နေ၀င်း၏ လက်ကိုင်တုတ်တို့ရဲ့
ညွှန်ကြားလွှာတွေအောက်မှာ ရွှေဝါရောင်ဟစ်တိုင်ဝင်ခဲ့ရတယ်။
ကဲ . ..
ဘယ်မှာလည်း ..
လူ့အခွင့်အရေး .. . ရဟန်းအခွင့်အရေး . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: မိစ္ဆာစစ်ခွေးတစ်ကောင်ရဲ့ အတ္တ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀
ကိုယ့်ကိုယ်ကို အိပ်မက်ထဲမှာတောင် 
သူရဲကောင်းမဆန်မိခဲ့ဘူး။
ဘယ်မှာရှာရမှန်းမသိတဲ့ ချစ်သူတစ်ယောက်ကို
စိတ်ကူးထဲမှာတော့ ပတ်ရှာခဲ့ဖူးတယ်။
စိတ်နာတယ်  . . . .
မြန်မာပြည်မှာ လူဖြစ်ခွင့်နဲ့ ရဟန်းငယ်တစ်ပါးရဲ့ဘ၀ကိုပေါ့။
လူဖြစ်ခွင့်မှာ  . .. 
စစ်အာဏာရှင်အဆက်ဆက်ရဲ့စစ်ဖိနပ်အောက်မှာနေခဲ့ရသလို
ရဟန်းတစ်ပါးဖြစ်ခွင့်ကြပြန်တော့လည်း . . .
(မ-ဟ-န)ခေါ် စစ်အာဏာရှင်နေ၀င်း၏ လက်ကိုင်တုတ်တို့ရဲ့
ညွှန်ကြားလွှာတွေအောက်မှာ ရွှေဝါရောင်ဟစ်တိုင်ဝင်ခဲ့ရတယ်။
ကဲ  . ..  
ဘယ်မှာလည်း  .. 
လူ့အခွင့်အရေး  .. .  ရဟန်းအခွင့်အရေး  . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

ခြားနားခြင်း သီအိုရီ

U 20 ကမ္ဘာ့ ဖလားကို မြန်မာဝင်ခွင့်ရလို့ . ..
ဝမ်းသာသလို . . .။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်၊စေတီတော်ကို
တရုတ်နဲ့စစ်ခွေးကြံ့ဖွတ်တို့ ဖျက်ဆီးပစ်ခံရတာကိုလည်း . . 
ဝမ်းသာတယ် . . ။
U 20 အတွက်ဝမ်းသာတာက မြန်မာ့ဘောလုံးအသင်းအတွက်ပေါ့။
လယ်တီသိမ်စေတီကိုဖျက်ဆီးပစ်ခံရတာကိုဝမ်းသာရတာက
ဖျက်တဲ့ တရုတ်စစ်ခွေးကြံ့ဖွတ်တွေ မဟာအ၀ီစိအရောင်တင်သွားလို့ပါပဲ။
ဒီလိုနဲ့တူတယ် . . .
သရက်သီးစိမ်းတွေစားပြီး ဗိုက်နာတာနဲ့ ..
ပဋိသန္ဓေဖွားကာနီး ဗိုက်နာသလိုပေါ့။
သြော် . . .
နာတာတော့ . . . . နာတာပဲ ..
သာတာတော့ . . . သာတာပဲ
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

Photo: ခြားနားခြင်း သီအိုရီ
♥  ♥  ♥  ♥  ♥  ♥  ♥ 

ဘာသာရေး လေးခုစရင်း

DownLoad Here
ဘာသာရေး လေးခုစရင်း(အလင်းရှင်).pdf - 130 
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget