အင်း ..
အချိန်ကာလာ နရီစည်းဝါးတို့သည်ကား . .
ပုံမှန်ပင်ရွေ့လျှားသွားနေကြသော်လည်း ..
မြန်မာနိုင်ငံရှိ Mpt ကတော့ ပုံမှန်လည်ရုံလှုပ်ရုံမျှဖြင့် . .
ပြည်သူကို . .
ဘေတက်အောင်လုပ်နေသည် . . ။
ပြည်သူကို . .
အင်တာနက်စာမျက်နှာများငတ်မွတ်အောင်လုပ်နေသည်။
ဝိဇ္ဇာသိပ္ပ ဟူသမျှသည် လောကီလောကုတ္တရာအတွက် အမရှိမဖြစ်သော
အဟာရပင်ဖြစ်သည်။ ထိုစာပေများကို အင်တာနက်စာမျက်နှာများတွင်
ရှာဖွေပါက သောင်းချီပြီးပေးဝယ်ရသောစာအုပ်များအား လွယ်ကူစွာပင်
Pdf ဖိုင်များဖြင့် ဖတ်ရှု့သိမ်းဆည်းနိုင်သလို သွားလေရာသယ်ယူလို့ရ
သည်။ ဒီလိုဖြင့် ပြည်သူများ မျက်စေ့အမြင် နားအကြား ပွင်းလင်ဉာဏ်
ရွှင်လာမည်ကို စိုးရွံ့ကြသော စစ်အာဏာရှင်အရေခွံကျွတ်သမား .
မောင်သိန်းစိန်တို့ကလည်း ခေါင်းပေါင်းလေးညာချကာတိုက်ပုံလေးဝတ်
လျှက် ပြည်သူကို ဒီမိုကရေစီခြေယောင်ပြကာ ငါမိုကရေစီသရုပ်ဖေါ်
ဆောင်နေကြသည်။
ယင်းကို စာပေမနှံစပ်သူများက အဟုတ်ထင်အထင်ဟုတ်ကာ ဒီမိုကရေ
စီဘဘကြီးဟုပင် ကင်ပွန်းတပ်လိုက်ကြသေးသည်။ အင်း .. ဒါလည်း
စာမတက်ခြင်းရဲ့ သက်သေခံပစ္စည်းတစ်ခုပါပဲ။
ကျောင်းသားလူငယ်များကို “တက်အောင်သင်၊အောင်အောင်စစ်’’စနစ်
ကိုကျင့်သုံးသကဲ့သို့ .. သံဃတော်များစာမေးပွဲတွင်လည်း မသမာမှု
များရှိသည်ကို သံဃာမှန်သမျှသိနေကြသည်။ ဒါတွေဟာ လောကီပညာ
ရေးနှင့် လောကုတ္တရာပညာရေးခေါ် ဗုဒ္ဓဘာသာအားပျက်ဆီးရန်ဖျက်ဆီး
သော နည်းစနစ်တစ်ခုဆိုတာကို ဉာဏ်အမျှော်အမြင်ရှိသူမှအပ မသိနိုင်။
ဤသို့ဖြင့် အလင်းရှင်သည် . . စစ်အာဏာရှင်ရဲ့ အမွေဆိုးများကိုတွေး
နေရင်း . ..
“ ဒေါက် . .ဒေါက် ..’’
“ဟေ့ . . ဘယ်သူများတုန်း’’
“ဆရာတော် ဒကာမင်းစံတို့အဖွဲ့ပါဘုရား’’
“သြော် ..’’
“ကိုမင်းစံတို့ပျောက်ချက်သားကောင်းနေတယ်လို့စဉ်းစားမိပါရဲ့’’
ကဲ .. ကဲ .. လာကြ . . လာကြ။
“ဒီဆေးက တိုင်းရင်းဆေးအမှတ် (၁၂) ပါဘုရား။’’ အညောင်းအညာပြေသလိုမျက်စေ့ကိုလည်းအထောက်အကူပြုတယ်
တဲ့ဘုရား။ကုန်ဈေးတန်းလမ်းက စေတနာဆေးဆိုင်က၀ယ်လာတာဘုရား။
“သြော် .. ’’
“ အင်းအင်း . . အဲဒီနားထားလိုက်ဒကာ’’
“မှန်ပါ့ဘုရား’’
တပည့်တော်တို့လည်း မအားတာနဲ့မရောက်ဖြစ်ဘူးဘုရား။ ဒါပေမယ့်
ဆရာတောဆောင်းပါးတွေတော့ ဖေ့ဘွတ်မှာဖတ်ဖြစ်ပါတယ်ဘုရား။
“အေးလေ . .’’
တို့လည်း ရောက်တဲ့နေရာ ကျတဲ့တာဝန်ကိုထမ်းရမယ်ဆိုတဲ့ အသိနဲ့
ရေးနေတာပါပဲဒကာရယ် . .။ ဘယ်သူ့သာစေ ဘယ်သူ့ကိုနာစေရယ်
လို့မဆိုလိုပါဘူး။ ဓမ္မကိုကြည့် ဓမ္မကိုငဲ့ပြီး ရေးတာပါပဲ။ အခုလည်း
အနိစ္စ၀တသဘောကိုတွေးနေတာ .. တို့များအသက်တွေကြီးရင့်ပြီး
လာပြီ .. .သားဖွားဆေးရုံမှာလည်း လူတွေတစ်ပြွတ်ပြွတ်မွေးဖွားကြ
သလို .. သုဿာန်မှာလည်းပဲ နေ့တိုင် တစ်ဖုတ်ဖုတ်သေနေကြတာ
ပဲမဟုတ်လား ?
“မှန်ပါ့ဘုရား’’
တွေးကြည့်ရင် အခုချက်ခြင်းပင်
ဘုန်းကြီးဝတ်ချင်စိတ်ပေါက်မိတယ်ဘုရား။
“သြော် ..’’ “ကဲ . . ကဲ . .’’
ဒါဆို ၀တ်လိုက်ကြ၇အောင်လေ
သင်္ကန်းများအဆင်သင့်ရှိပ ဒကာကိုမင်းစံ ..
“မဟုတ်ပါဘူးဘုရား’’
“တပည့်တော်ကသံဝေဃဉာဏ်လေးကိုတွေးမိတယ်ဆိုတဲ့
သဘောကိုလျှောက်ထားမိတာပါဘုရား’’
“ အို .. ဒကာ သံဝေဃဉာဏ်ကလည်း’’
Mpt internet connection အတိုင်းပဲ ..
အခုချိပ်လိုက် အခုလွတ်လိုက်နဲ့နော် . .
“ဟား .. ဟား .. ဟား .. ’’
ဆရာတော်ကတော့ ဥပမာပေးလိုက်ရင်
ဒီမိစ္ဆာများနဲ့ လွတ်ကိုမလွတ်ပါလားဘုရား။
“သြော်’’ “ဒကာရယ်’’
မလွတ်ဆိုလည်းအခုချိန်အထိကို တို့ပြည်သူများဘ၀မပြောင်းလဲသေးဘဲ
လွှတ်တော်ကြီးနဲ့ လွှတ်တော်အမတ်များနဲ့ ၅၉ လား ၉၅ စလုံးလား အဲဒါ
နဲ့ပဲ နပန်းလုံးနေကြတာပဲမဟုတ်လား .. ။
ဒါတွေဟာ ဓမ္မကို မသိကြလို့ .. သိပြန်သော်လည်း မငဲ့ကြလို့ပေါ့ဒကာရာ။
ဒါ့ကြောင့်ဘုရားရှင်ရဲ့ လေးဆယ့်ငါးနှစ်သောကာလခရီးတစ်လျှောက်မှာ
တို့သူငှာတွေကို အကြိမ်ပေါင်း တစ်ထောင်ကျော်ပြောခဲ့တာပဲ . .။
“မှန်ပါ့ဘုရား ’’ “အမိန့်ရှိပါဘုရား’’
တပည့်တော်များ ဆရာထံမှ အဲလိုတရားသံများနားကြာချင်လို့ တမင်
ရောက်လာကြရတာပါဘုရား။
“အေး . . သဓုပါဒကာ’’
“ဘုရားရှင်ဟာ ကမ္ဘာသူကမ္ဘာသားများ လောကဇောတွေတိုက်လို့
ငရဲဝဋ်ကမလွတ်မှာစိုးရိမ်တော်မူလို့ တို့ရဟန်းတော်များအား
အကြိမ်တစ်ထောင်ကျော်တောင်မှာခဲ့တယ်ဆိုပဲ .. ဒကာမင်းစံရဲ့’’
“သြော်’’ “မနဲပါလားဘုရား’’
ဆက်၍မိန့်တော်မူပါဦးဘုရား။
“မာ ပမာဒတ္ထ ဘိက္ခဝေ ၊ ပစ္ဆာ ၀ိပ္ပဋိသာရိနော။
မာ အဟုဝတ္ထ အယံခေါ ၊ အှာကံ အနုသာသနီ။ ’’
“ဘိက္ခဝေ၊ ’’
သံသရာထွက်ရပ်လမ်းကို မြော်မှန်းကားထားကြကုန်သော
အို . . ချစ်သားတို့ ။
“မာပမာဒတ္ထ၊’’
သံယောဇဉ်ငွေ့ ပျော်ရွှင်တွေ့၍မေ့လျှော့ကာမနေကြပါနဲ့။’’
“တွေ့လား’’ “ဒကာကိုမင်းစံ ’’
ဘုရားရှင်ဟာ တို့သူငှာတွေကို သံယောဇဉ်တွေကြောင့် မတော်လောဘ
တွေနဲ့ အတော်မတရားတာတွေလုပ်မိမှာစိုးလို့ .. မာပမာဒတ္ထလို့ပြော
လိုက်တာပဲ။ ဒီလိုသမုဒယသံယောဇဉ်တွေ အမျှင်တန်းလာပြီဆိုရင်
လောဘောကြောင့်ဒေါသောတွေဖြစ်တော့တာပေါ့။
ပြည်သူပိုင်ကိုလည်း ငါပိုင်လုပ်လာတယ် .. ပြည်သူတွေဆိုင်တာကို
လည်း .. ငါဆိုင်လုပ်ချင်လာတယ် .. ဟော ..နောက်ဆုံးတော့ လုပ်
ချင်ရာကနေ လုပ်ကိုလုပ်ဖြစ်သွားတယ်။
“ကြည့်စမ်း ’’
“ပြည်သူပိုင်တဲ့ ဒေါ်လာဘီလျှံနာပေါင်းများစွာဟာ . .
အခုဘယ်သူပိုင်ဖြစ်သွားသလဲ? ။
သံယောဇနဆိုတဲ့ ချစ်ခြင်းတွယ်တာခြင်းတွေကြောင့် . .
ငါ့မယား .. အကြိုင် လေးချမ်းသာဖို့ .. အခြားသူတွေကိုချမ်းသာခွင့်
မပေးတော့ဘူးနော် . . ။ ငါ့မယားနဲ့ ငါ့သားသမီးမြေးမြစ်တွေချမ်းသာ
ဖို့ပဲ ကြည့်တော့တယ်။ ဟော .. ကြည့်တဲ့အတိုင်း ဘာဖြစ်လည်း
လုပ်လိုက်တယ် . .နော် . . ဒါ့ကြောင့်မြတ်စွာဘုရားရှင်က
‘မင်းတို့တွေဒီအတိုင်းဖြစ်တည်နေမှာမဟုတ်ဘူး’
ဒါ့ကြောင့် မာပမာဒတ္ထ သားသမီးတွေနဲ့ ပြည်သူပိုင်တွေကိုငါပိုင်ကြီးလုပ်
မနေနဲ့ .. လို့ ပြောနေတာ။ ဟော .ဘုရားရှင်က ဆက်မိန့်တယ် . .
“ပစ္ဆာ’’
မင်းတို့တွေသေရာညောင်စောင်း လှဲလျှောင်း၍ ၊ခွေးနက်ကြီးတွေမြင်
ငရဲအိုးငရဲမီးတွေထင်တဲ့အခါကျမှ။’’
“ ၀ိပ္ပဋိသာရိနော ’’
သြော် .. ငါတို့ ငယ်ရွယ်စဉ်က အဓမ္မကိုဓမ္မလုပ်ခဲ့ကာဖြစ်ပျက်မမြင်
တရားနှလုံးမသွင်းမိတာမှားလေးပြီဟု နှလုံးမသာယာခြင်းတို့သည်။
“ မာ အဟုဝတ္ထ ’’
မဖြစ်ကြကုန်နှင့်။
“ အယံ ’’ ဤသို့ သြ၀ါဒရေး သတိပေးခြင်းသည်။
“ဝေါ တုမှာကံ’’ သင်ချစ်သားတို့အား ။
“အမှာကံ’’ ငါဘုရားတို့၏ ။
“ အနုသာသနီ’’ မမေမှတ်ဆွဲ ဆုံးမအပ်သောတရားပေသတည်း။
“သာဓု . . သာဓု . . သာဓု .ပါဘုရား။’’
“ ကဲ ..ဒကာ ကိုမင်းစံ’’
တို့ဘုရားများ အလွန်ကိုတာဝန်ကျေတယ်နော်။
“မှန်ပါဘုရား ’’
အရှင်ဘုရားများလည်း တာဝန်ကျေကြပါတယ်ဘုရား။
တာဝန်မကျေတာကတော့ တပည့်တော်တို့ ဒကာဒကာမတွေပါဘုရား။
ကျောင်းကိုတောင် ဝေယျာဝစ္စလုပ်ပေးဖို့နေနေသာသာ လာဖို့တောင်
အမြဲကြိုးစားနေရတဲ့ ဘ၀အခြေအနေတွေဖြစ်နေပါတယ်ဘုရား။
“အေးပေါ့ ’’
“ဒကာကိုမင်းစံရယ်’’
Mpt လို .. အ၀ိုင်းလည်တဲ့ကြားထဲကနေ ရုန်းကန်ပြီးထွက်ကြရမှာပေါ့
ဒကာရေ . .
“မှန်ပါ့ဘုရား ’’
ဆရာတော်ပြောတာက ငိုအားထက်ရယ်အားသန်ဖြစ်နေပါပြီဘုရား။
တပည့်တော်များလည်း ရှိခိုးဦးချပြန်ခွင့်ပြုပါဦးဘုရား။
“ကောင်းပါပြီ . .ဒကာရေ’’
“သာဓု . သာဓု .. သာဓု . .’’
█ ░ အလင်းရှင် ░ █ —

![ဟိုး . တုန်း . .က . .ထေရ်သံဃာ
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞❝ ❞ ❝ ❞
(၁) လောက၀တ်ကို ငဲ့ကွက်ခြင်းမရှိ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဆွမ်းစားဝိုင်းတွင် ဆွမ်းစားရင်း . . .
“သြော် . . ’’
“ဟိုးတုန်းကဆတော်ကြီးတွေများ တယ်လည်း
ဝိနယဓမ္မကိုသာ ငဲ့ကွက်တော်မူကြတာကိုး . . ။’’
► မှတ်ချက် ◄
(ဆတော်ကြီး) လို့ခေါ်ခြင်းသည် ဘုန်းတော်ကြီးများမှ သက်တော်
ထေရ်ရဆရာတော်ဘုရားကြီးများအား ကြည်ညိုစံပြ ရိုသေသော
စကားကို သုံးတော်မူရာက(ဆရာတော်ကြီး)ဟုခေါ်ရမည်အစား
(ဆတော်ကြီး)ဟု လျှာဖြားလေးဖြင့် ရိုသေစွာခေါ်သောဓလေ့ဖြစ်၏။
ယခုလိုဆွမ်းဝိုင်းတွင် ဆွမ်းစားရင်း စကားချီးစလိုက်ပုံကိုထောက်]
ခြင်းအားဖြင့် ဆရာတော်သည် သံဃာများဝိနည်းဓမ္မနဲ့ပက်သက်ရာ
ကိုသာ မိန့်တော့မည်ဆိုတာကို ‘ချက်ဆို နားကွက်ကမီးတောက်’
သည့် အလင်းရှင်က သိလိုက်သည်။ ဒါ့ကြောင့် ဆရာတော်အား
“ မှန်ပါ့ . . အမိန့်ရှိပါဘုရား ’’
ဟု စကားထောက်ပြုလိုက်သည်နှင့် . .။
“ သြော် .. ’’ “အခြားဟုတ်ရိုးလားကိုယ်တော် ’’
“လယ်တီဆရာတော်ဘုရားကြီးတို့က ကျောင်းမှာဆိုရင် သပိတ်နဲ့
သာဘုဉ်းပေးသုံးဆောင်တာဘုရား ’’ “နောက် ’’ သာမှုနာမှုရှိလို့
ရပ်ထဲရွာထဲ ဆွမ်းစားကြွရပြန်တော့လည်း နီးစပ်ရာဆွမ်းဟင်းကို
သာ နှိုက်ယူဘုဉ်းပေးတာ ကိုယ်တော် . . ရဲ့။
“မှန်ပါ့ဘုရား’’
“တပည့်တော်များက ရဟန်းငယ်များဆိုလေတော့ အဲဒီခေတ်ကိုမမီ
တော့ မသိဘူးဘုရား။’’
“ဆရာတော်အခုလိုမိန့်မှပဲ သိရာတာပါဘုရား။’’ “ဒ့ါကြောင့် ’’
“သက်ကြီးစကားသက်ငယ်ကြားဆိုတဲ့ အတိုင်းမိန့်ပါဦးဘုရား’’
“ အင်း’’
လယ်တီဆတော်ကြီးက ရပ်ထဲရွာထဲဆွမ်းစားကြွရလို့ ဆွမ်းစားနေ
ရင်း ဆွမ်းကပ်သူဒကာက
“ ဒီ . . ဟင်းလေးက ကောင်းပါ့ဘုရား’’
“ ဟို . . ဟင်းလေးက ကောင်းပါ့ဘုရား ’’ လို့သာပြောလိုက်ရင် အဲဒီ
ဟင်းခွက်တွေ ဆရာတော်မဘုဉ်းပေးတော့ဘူး .. ဗျ။
ဣဏပရိဘောဂကို လွတ်စေခြင်းငှာ အမြဲဆင်ခြင်သုံးသပ်ပြီး
မှ သုံးဆောင်တော်မူတာ . . ကွ။
“တို့ခေတ်ကတော့’’ “ပဋိကူလသညာအားဖြင့်’’
ဆိုင်ရာဝတ္ထုကိုစိမ့်စိမ့်ရှုဆင်ခြင်တော်မူသော်လည်းပဲ . .
“ဆွမ်းဒကာငဲ့ပြီး အားနာနာနဲ့ နှုက်ဘုဉ်းရတဲ့အပြင်. .’’
“ ဟ . . ဒကာပြောတာ ဟုတ်သား’’
“ဘယ်သူချက်တုန်းဗျ’’ “ကောင်းပါ့ဗျာ’’ လို့ဆိုကာ လောက၀တ်
ကိုငဲ့ရပြန်သကိုး . . ။
“အချို့ထင်ကြတယ် ’’
‘မိစ္ဆာဇီဝ’ ဆိုတာ စစ်ခွေးဆိုးတွေ လက်ပန်း တောင်းတောင်ကြီးကို
တရုတ်ရောင်းစားလိုက်တာ . . .ပြည်သူပိုင် ဂစ်တွေ ကိုရောင်းစား
ပြီး ရတဲ့ဒေါ်လာတွေ ကိုယ့်ဘဏ်ထဲထည့်လိုက်တာ . . နောက်
စစ်ခွေးတွေနဲ့ပေါင်းပြီး စားနေတဲ့ ခရိုနီကောင်တွေ ပြည်သူပိုင်လယ်
ယာမြေတွေ သိမ်းဆည်းမတရားလုပ်တာကိုမှ . ‘မိစ္ဆာဇီ’၀လိုထင်
တာကိုး .. ။ စာအရပြောရင် .. အခုလိုဒကာဒကာမတွေကိုငဲ့ကာ
အကြိုက်လိုက်ပြောရတာကလည်း . . .
“ ကုဟန လပန ကုလဒူသက အာပါထကဇ္ဈာယီ မိစ္ဆာဇီဝ ’’ ပဲ
ဗျ။ ဒါ့ကြောင့် ရှေးဆတော်ဘုရားကြီးများ အင်မတန် ကင်းအောင်
နေကြတာက အတော်ကိုပဲ ကြည်ညိုဖွယ်ရာပါ ကိုယ်တော်တို့ . . ’’
“ဆွမ်းဝိုင်းလေးမှာ ’’
“အခုလို ဆရာတော် မိန့်ကြားတော်မူတာက’’
တပည့်တော်တို့လို ရဟန်းငယ်များအတွက် သတိပြုဖွယ်ရာမို့
အပ္ပမာဒမို့ ဆက်လက်မိန့်တော်မူပါဘုရား ’’
“အေးလေ . .ကွ’’
“အခုငါပြောတာလည်း မင်းတို့ လည်းသင်ထားပြီးသားပဲလေကွာ’’
“မှန်တော့မှန်ပါတယ်ဘုရား’’
လက်ဝှေ့သင်ပြီး ကြိုးဝိုင်းထဲမ၀င်ဘူးသေးတဲ့ တပည့်တော်တို့အ
တွက်တော့ ဆရာတော်မိန့်မှပဲ Shortcut Key လေးတွေမို့ အဖိုး
တန်ပါတယ်ဘုရား ’’
“ကိုယ်တော်တို့ ကြားဖူးပါတယ်လေ ’’
“ တတိယနံမော်ဆရာတော်ကြီး’’ ဆိုတာ။
“မှန်ပါ့ဘုရား’’
“ကြားတာဖူးတာဘုရား ထဲထဲဝင်ဝင်တော့မသိလို့ ဆရာတော်ဆက်
လက်မိန့်ကြားပါဦးဘုရား။’’
“အေး . .’’
“အဲဒီ နံမော်ဆတောဘုရကြီးက ’’
(သူတော်ကောင်းရဟန်းတို့မည်သည် သီလစသော ရဟန်းတရား ချွတ်ယွင်းမည်ကိုသာစိုးသည် လောက၀တ်ချွတ်မည်ကို တစ်စိုး
တစီမျှမရှိ) လို့ကို “သီလ၀ိသောဓနီကျမ်း’’ မှာမိန့်ကြားခဲ့တယ်ကွ။
ဒါ့ကြောင့် တို့လယ်တီဆတော်ကြီးကလည်း သူ့လယ်တီတောရ
ကျောင်းထဲကိုလာတဲ့ ဒကာဒကာမတိုင်း ချဉ်းကပ်ခွင့်ရတာမဟုတ်
ဘူးကွ။ သာမှုနာမှုအကြောင်းရှိလို့ လျှောက်ထားရာမှာလည်း
တို့ခေတ်လို . လောကွတ်စကားပြောရဖို့နေနေသာသာ လိုရင်းကို
အမြန်လျှောက်ပြီး ပြန်ရတာ .. ကွ။
“ကျောင်းကန်ဒကာ’’ ရယ်လို့လည်း ငဲ့ကွက်ခြင်းမရှိဘူးနော် ..မျက်
နှာထားကတော့ ခပ်တင်းတင်းဗျ။ အေး .. သို့သော်လည်း သံဃာ
ငယ်များမနာမကျန်းဖြစ်ရင် သူကိုယ်တိုင်မရွံမရှာပြုစုတာနော် . .။
“ အင်း ’’
ဒီအကြောင်းများပြောရတာ ဆတော်ပုံကိုမျက်စေ့ထဲမြင်ရသလိုပါ
ပဲ ..ကွာ။ “နို့’’ နံက်မိုးမလင်းခင် လယ်တီဆတော်ဟာ သံဃာတော်
များသောက်သုံးရေ၀တ်နဲ့ အခြားဝေယျာဝစ္စများကို ကိုယ်တိုင်လုပ်
တာ . ဗျ။
“ သြော် .. မှန်ပါ့ဘုရား’’
“ဆရာတော်ကတပည့်တော်တို့ကိုနောက်ကြောင်းပြန်ပြေးနေသော်
လည်းပဲ တပည့်တော်ကတော့ ရုပ်ရှင်ပိတ်ကားထဲမှာ ကြည့်မြင်ရ
သလို ပူဇော်ကြည်ညိုမိပါတယ်ဘုရား။’’
“အေး ’’ ဒါ့ကြောင့် “ ဟိုတလောဆီက’’
(ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာ ကျုပ်ရှိတယ်)
“လို့ပြောတဲ့ဆရာတော်များ .. ’’
“ဘယ်လိုများ လောက၀တ်ကို ငဲ့ရပါသလဲလို့ ’’ တွေးမိရာက ဒီစ
ကားများပြောမိတာပါကွာ။
“ ကဲ . .ကဲ . . ဘုန်းပေးကြ . .ဘုန်းပေးကြ .. . ’’
အချိန်လင့်ကုန်ပြီ . . . .
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဤဓမ္မ၀တ္ထုဖြင့်မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
█ ░ အလင်းရှင် ░ █](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc3/t1/p261x260/1796417_454107214716144_1337319545_n.jpg)